en
Feedback
Ko Zin Zae ( Active English )

Ko Zin Zae ( Active English )

Open in Telegram

ကြယ်ငါးကောက်သူ တစ်ယောက်မျှသာ

Show more
4 350
Subscribers
No data24 hours
-137 days
-6230 days
Posts Archive
ဒီည အတွက် LWSR မှာ ခုလို ခက်ခဲတဲ့ အချိန်မျိုးမှာ စိတ် ကျန်းမာရေး အတွက် ဘယ်လို အချက်တွေ သတိထားသင့်တယ် ဆိုတဲ့ အကြံပေး ဆောင်းပါး တိုကို ဝေါဟာရ မှတ်စု တစ်ချို့နဲ့ တင်ပေးလိုက်ပါတယ် … ကို က-လစ်တို့ အိမ်ပြန်လမ်း App မှာလည်း တက်မယ် ထင်ပါတယ် … အဆင်ပြေသလို မျှကြည့်ပေးနိုင်ပါတယ်ဗျာ … 🟧🟧🟧 Website နာမည် Learn with Spring Reader ကို Search Engine တစ်ခုခုကနေ ရိုက်ထည့်ပြီး ရှာဖတ်တာ က ရေရှည် အတွက် ပိုကောင်းပါတယ် ။ ရှာလို့ အဆင်မပြေရင်တော့ ဒီလင့် ကနေ တိုက်ရိုက် ဝင်ဖတ်နိုင်ပါတယ်ဗျာ ။ 👉 https://learnwithspringreader.com/2024/02/06/post-156-nurturing-resilience-mental-health-in-hard-times-especially-war-time/

LWSR - Post 148 က Martin Luther King အကြောင်း တင်ပေးထားတဲ့ Post မှာ ပါတဲ့ စကားလုံး တစ်လုံး ကို ရှင်းပြ/နွှေးပေးချင်ပါတယ် … “U
LWSR - Post 148 က Martin Luther King အကြောင်း တင်ပေးထားတဲ့ Post မှာ ပါတဲ့ စကားလုံး တစ်လုံး ကို ရှင်းပြ/နွှေးပေးချင်ပါတယ် … “Unwavering” တဲ့ … “ မတွေဝေ ၊ မယိမ်းယိုင်သော “ လို့ ဆိုလိုချင်တဲ့ အခါမျိုးမှာ သုံးလို့ ရပါတယ် … ( Adjective အနေနဲ့ပေါ့ ) ဒီထဲက ဥပမာစာကြောင်းထဲက Phrase ( စကားစု ) လိုဆို Unwavering resolve = မယိမ်းယိုင်သော စိတ်ပိုင်းဖြတ်မှု / သန္နိဌာန် ပေါ့ ( ဒီနေရာမှာ တော့ resolve ကို အများစု မြင်နေကျလ်ို Verb အနေနဲ့ မဟုတ်ပဲ noun အနေနဲ့ သုံးထားတာပါ ) စာကြောင်း တစ်ကြောင်းလုံးဆိုရင်တော့ အခက်အခဲတွေ ၊ စိန်ခေါ်မှုတွေ ရင်ဆိုင်ရသော်ငြားလည်း ( သူ့ရဲ့ ) မယိမ်းယိုင်တဲ့ သန္နိဌာန်က လူပေါင်းများစွာကို စိတ်ခွန်အားတွေ ဖြစ်စေ ၊ တက်ကြွလာစေခဲ့တယ် … လို့ အဓိပ္ပာယ်ကောက်ယူနိင်ပါတယ် … 🟧 ဖတ် - မှတ် - လေ့လာ / ပြန်နွှေးဖြစ်ရင်း တလရ မှာ ပါဝင်ချင်ရင် ဒီလင့်ကနေ ဝင်ကြည့်နိုင်ပါတယ်ဗျာ … 👉 https://learnwithspringreader.com/2024/01/20/post-148-martin-luther-king-jr-a-legacy-of-equality-and-justice/ ~ ကိုဇင်ဇေ

ဒီနေ့ အတွက် … LWSR မှာ Getting things done ဆိုတဲ့ ( New York Times အရောင်းရဆုံး စာရင်းဝင် ) အလုပ် ပြီးမြောက်မှု အကြံပေး စာအုပ် ကိုလည်း အကျဉ်းချုံး တင်ပေးထားပါတယ် 💪 အလုပ် မပြီးသေးမယ့် အတူတူ ( စိတ် သက်သာအောင် ) သွား ဖတ်ကြပါ 🤭🤭🤭 👉 🟧🟧🟧 Website နာမည် Learn with Spring Reader ကို Search Engine တစ်ခုခုကနေ ရိုက်ထည့်ပြီး ရှာဖတ်တာ က ရေရှည် အတွက် ပိုကောင်းပါတယ် ။ ရှာလို့ အဆင်မပြေရင်တော့ ဒီလင့် ကနေ တိုက်ရိုက် ဝင်ဖတ်နိုင်ပါတယ်ဗျာ ။ 👉 https://learnwithspringreader.com/2024/01/29/post-154-mastering-time-management-key-lessons-from-getting-things-done-by-david-allen/

LWSR ကို က၊လ၊စ်ပေး ၊ ဝန်းရံပေးနေသူတွေ ဒီ Post ကို လုံးဝ ကျော်မသွားဖို့ တောင်းဆိုပါရစေ ။ တစ်ခုလောက် မေးကြည့် ၊ ခွင့်တောင်းချင်လို့ပါ … ( အငြင်းပွါးဖွယ် ကိစ္စ ပါ ၊ ငြင်းချင်ရင် ခုကတည်းက ငြင်းကြစေချင်လို့ တမင် တင်တာပါ ။ ) ဒီလင့်မှာ သွားဖတ်ပေးပါ ခင်ဗျာ 👉 https://m.facebook.com/story.php?story_fbid=pfbid035jjphSEFXBy1rSeck8aRMy1bnGgWikVgPWsNX9JURHp7q64u68U52sFTbe7N2q1Nl&id=100000576790914

LWSR မှာ စာအုပ် အကျဉ်းချုံ့ အသစ် ၂ ပုဒ် တင်ပေးထားပါတယ် … အားပေးကြပါဦး … မနေ့က လူနည်းနေတယ်ဆိုလို့ တကူးတက ဝင်ပေး ကြ ၊ ကူ ဆော်ဩပေးကြသူတွေကိုလည်း ( လူ ၅ ရာလောက်ကနေ ၁၅၀၀ လောက် ဖြစ်သွားလို့ ) ကျေးဇူးတင်ပါတယ် … ခုကတော့ ( ဒီစာတင်ချိန်မှာ ) လူ ၅၁၅ ဝင်ကြည့်ထားပါတယ် … နောက်ထပ် လူ ၃-၅ ရာ လောက်က ( တစ်ယောက် ကို ၃-၅ မျက်နှာ ၊ ၁ မျက်နှာကို ၁ မိနစ်ထပ် မပိုပဲ ) ဝင်ကြည့်ပေးရင်း … ၈ ရာ - ၁ ထောင်လောက်မှာ ထိန်းထားနိုင်ရင်ကို ကျေနပ်ပါပြီဗျာ … ကျေးဇူးပါ ~ ကိုဇင်ဇေ 🟧 ကြည့်ပြီးသူတွေလည်း ပြန် ဝင်ကြည့်လို့ ရပါတယ် ၊ အချိန်ခြားလိုက်ရင် လူသစ် အနေနဲ့ တွက်မယ် *ထင်ပါတယ် ၊ ၁။ History ရှင်းပေး ၂။ Browser မတူတာ သုံးပေး ၊ ၃။ VPN နိုင်ငံ ပြောင်းပေးရင်တော့ ( လူသစ်အနေနဲ့ တွက်ဖို့ ပို *သေချာပါတယ် ။ ( ၃ ချက်လုံး မလုပ်နိုင်လည်း နံပါတ် ၂ ကို လုပ်ပေးရင်ကို အကျိုးရှိပါတယ် … ၂-၃-၁ က ဦးစားပေး အစဉ်ပါပဲ ။ Device နောက်တစ်ခုက နေ ပြန် ဝင်ပေးတာကတော့ < လူသစ် အနေနဲ့ တွက်ဖို့ > အသေချာဆုံးပေါ့ဗျာ … အမာခံတွေ ကို ပဲ အလုပ်/အချိန်ပိုပေးဖို့ အပူမကပ်ရက်လို့ပါ )

ဒီနေ့ LWSR လူဝင်နှုန်း နည်းနေ … လူ ၃ ရာလောက် တစ်ယောက် ကို ၃ မျက်နှာလောက် ( ၁ မျက်နှာကို ၁ မိနစ်ထပ် ပိုစရာ မလို ) ဝင်/ထပ်ဝင်ပေးစေချင် … ဒီ Post ကို ( 👉 https://m.facebook.com/story.php?story_fbid=pfbid0iBHRcsmqHCbpLf4sHFFKEn3ZVegXvTxHSrfQHKJ4hDZz6n8jaPDpNf5XS55eEXsfl&id=100000576790914 ) S မဟုတ်တောင် RC အရင်လုပ်ပေးစေချင် … 💪 ••••• R = Reaction ပေး C = ကွန်းမန့်ပေး S = Share ပေး

ကိုယ့်နောက် လိုက်နေသူတိုင်း ကို ကိုယ့် ပရိသတ်လို့ … ထင် မနေနဲ့ …တဲ့ 😂😂 ~ ရယ်ပြီးရင် ဒီလင့်ကို ဝင် က၊လ-စ်ပေး … Data ထိုင်ကြည
ကိုယ့်နောက် လိုက်နေသူတိုင်း ကို ကိုယ့် ပရိသတ်လို့ … ထင် မနေနဲ့ …တဲ့ 😂😂 ~ ရယ်ပြီးရင် ဒီလင့်ကို ဝင် က၊လ-စ်ပေး … Data ထိုင်ကြည့်ထားမှာ 🤭 👉 http://learnwithspringreader.com/2023/11/10/post-114-natural-by-imagine-dragons-a-thunderous-anthem-of-resilience/ 👈

Team Members တွေကို တယ်လီ Group ကနေလည်း လုပ်စရာတွေ သီးသန့် ထပ်ပို့ပေးပါ့မယ် ။ သီးသန့် ပို့ထားတာ မရှိသေးရင် ၁။ LWSR website ကို တစ်နေ့ ၃-၅ မျက်နှာလောက် ( ၁ မျက်နှာကို ၁ မိနစ်ထက် ပိုစရာမလို ပဲ ) ဝင်ကြည့်နေပေးပါ ၂။ ကိုဇင်ဇေ တို့ ဆရာဖြိုးသီဟ တို့ က LWSR နဲ့ ပက်သက်တဲ့ Posts တွေ တင်ပေးတဲ့ အခါ RCS လေး ဝင်လုပ်ပေးနေပါ ။ ၃။ ကိုယ်တိုင်လည်း ကိုဇင်ဇေ တို့ ကို ဖြုးသီဟ တို့ ညွှန်ပေးနေတဲ့ ပုံစံမျိုးလေး ကြံဆ ရေးသားပြီး Post တင်ချင် တင်နိုင်ပါတယ် ။ ၄။ နိုင်ငံတကာကို ဖြန့်ဖို့ကို နည်းနည်းလေး ထပ် ပြင်ဆင်နေရသေးတာမို့ … ( နိုင်ငံတကာ က စာဖတ်သူ တစ်ချို့ ရလာဖို့ ရယ်ရွယ်ပြီး ) အစပျိုး ဖွဲ့ပေးထားတဲ့ L.LIT ဆိုတဲ့ Facebook Group ထဲကိုသာ စောင့် ကြည့်ပေးနေပါ ၊ Posts တွေကို RCS ဝင်လုပ်ပေးနေပါဗျာ ။ ( Group link 👉 https://www.facebook.com/share/r2Ep4uqVc3usxWr3/?mibextid=K35XfP )

🟧🟧🟧 Website နာမည် Learn with Spring Reader ကို Search Engine တစ်ခုခုကနေ ရိုက်ထည့်ပြီး ရှာဖတ်တာ က ရေရှည် အတွက် ပိုကောင်းပါတယ် ။ ရှာလို့ အဆင်မပြေရင်တော့ ဒီလင့် တွေ ကနေ တိုက်ရိုက် ဝင်ဖတ်နိုင်ပါတယ်ဗျာ ။ Che Guevara 👉 https://learnwithspringreader.com/2024/01/20/post-147-che-guevara-the-revolutionary-icon/ Martin Luther King Jr. 👉 https://learnwithspringreader.com/2024/01/20/post-148-martin-luther-king-jr-a-legacy-of-equality-and-justice/

ဒီနေ့ အတွက်တော့ LWRS Website မှာ Che Guevara အကြောင်း နဲ့ Martin Luther King Jr. အကြောင်း တင်ပေးထားပါတယ် … 🟧 ကို ကလ၊စ် တို့ရဲ့ အိမ်ပြန်လမ်း App မှာလည်း တက်လာမယ် ထင်ပါတယ် ။ ( အိမ်ပြန်လမ်း App မှာကတော့ ဝေါဟာရ မှတ်စု တွေ မပါ ပါဘူး … App မှာ ဖတ်တဲ့ အခါ စာ အရမ်း ရှည် မနေအောင်ရယ် ၊ LWSR မူရင်း Site ကိုပါ လာလည် ဖြစ်အောင်ရယ် လင့်လေး ပဲ ထည့်ပေးထားပါတယ် ) 🟧 LWSR Website စစချင်းမှာ သူတို့လို လူတွေ အကြောင်း တင်ထားရင် ကြော်ငြာ ကွန်ရက်တွေက ကြော်ငြာချပေးချင်ပါ့မလားလို့ တွေးမိလို့ မတင် ဖြစ်သေးတာပါ ၊ ခုမှ ( ကြော်ငြာလည်း အတော် ငြိမ်နေပြီ ထင်လို့ ) ထင်ပေး ဖြစ်တာပါ … ( ကြော်ငြာတက်နှုန်းကို ထွေထူး မထိခိုက်ရင် ) နောင်လည်း တော်၊လှန်၊ရေး နဲ့ ဆိုင်တဲ့ လူ ပုဂ္ဂိုလ်တွေ အကြောင်း နည်းနည်း နည်းနည်း တင်ပေးသွားပါ့မယ် … 🟧 ( LWSR Website ကနေတင်မက ) ကို က၊လ၊စ်တို့ရဲ့ အိမ်ပြန်လမ်း App ကနေ ပါ ဝင်ကြည့်ပေးပါ ၊ ( သူတို့ က App လည်းဖြစ် ၊ Video ကြော်ငြာတွေ လည်း ဖြစ်လို့ ဝင်ငွေ ပိုရမှာ မို့ပါ ) ကြည့်ဖြစ်တဲ့ အခါ ( ထုံးစံ အတိုင်း ) အခြေအနေလေးတွေ ပြောသွားနိုင်ပါတယ်ဗျာ … ~ ကိုဇင်ဇေ စာကြွင်း ။ အိမ်ပြန်လမ်း App က iPhone မှာတော့ ကြော်ငြာ အတော် အဆင်ပြေနေပါတယ် ။

တစ်နေ့တာ ဘာသတင်းတွေ ရှိလဲ စုစုစည်းစည်း လိုတိုရှင်း သိချင်ရင် ၊ ( အသေးစိတ် ဆက်ဖတ် ချင်လည်း မူရင်း လင့်တွေ ပေးထားတဲ့ ) Knowledge Warriors ရဲ့ သတင်းတို စုစည်းမှု အစီအစဉ်ကို သတိရနိုင်ပါတယ် ။ ဒီလင့် မှာ ဖတ်နိုင်ပါတယ် ။ 👉 https://m.facebook.com/story.php?story_fbid=pfbid08gsDXhTohwJ6g8BJGosCdgkToThydKxCS4J2CubFPxgCVUjLHA9pSRQ75CXXwr4El&id=100076207926523 👈 CDM ဝန်ထမ်း တစ်ယောက်ကို ထောက်ပံ့ကြေး ပေးပြီး နေ့စဉ် စုစည်း ခိုင်းထားတာပါ ။ ( နှစ်နဲ့ ချီပြီ ၊ တာဝန် အတော်ကို ကျေပါတယ် ။ ) အရင်ကတော့ ကျွန်တော် ပဲ အိတ်စိုက်ခဲ့တာ များပေမယ့် ( သိန်း ၂၀ ကျော် သွားပါပြီ ။ အကို တစ်ယောက် ဝင်ကူပေးခဲ့ဖူးသေးတဲ့ ငွေ တစ်ချို့လည်း ပါပါတယ် ။ ) ခုနောက်ပိုင်းတော့ တခြား သုံးစရာလေးတွေ ရှိလာလို့ … လူရင်း တစ်ချို့က ( လက်မှတ်မလို ၊ လနကိုင် ကိစ္စ မဟုတ်လည်းရ ) “ ဆရာ့ ဆီကနေ သင့်တော်တယ် ထင်တဲ့ သူ / နေရာ ကို ကူပေးလို့ရပါတယ် “ ဆိုပြီး ပေးတဲ့ ပိုက်ဆံ တစ်ချို့ကို အဲ့ အတွက် သုံးဖြစ်လာပါတယ် ။ ဒီလို Project လေး ဆက်ရှိနေသေးတယ် ထင်ရင် RCS လေးသာ လုပ်ပေးပါဗျာ … ကျန်တာ မလိုပါဘူး … လုပ်ပေးနေတဲ့ CDM ဝန်ထမ်း စိတ်ထဲ သူ လုပ်ပေးတာလေး လူတွေ ဖတ်ဖြစ်ကြတယ် ဆိုတဲ့ ခံစားချက်လေး ရနေရင် အဆင်ပြေပါပြီ ။ ( ငွေကြေး အထောက်အပံ့မယူပဲ ကဏ္ဍ ခွဲပေးနေတဲ့ လုပ်အားပေး တစ်ဦးလည်း ရှိပါသေးတယ် … ဒါကတော့ Public ကို ပြန်မထုတ်ပဲ တစ်ချို့ ကိစ္စတွေ အတွက်ပဲ သုံးဖြစ်နေသေးတာပါ ။ နောင်တော့ Public ကိုလည်း ထုတ်ပေးနေပါ့မယ် )

🟧 ကိုသာဒင်တို့ရဲ့ အရေးကြီး ကြေငြာချက်ပါ 🟧 👉👉👉 အရင်နေ့တွေက ခက်နေတဲ့ကြော်ငြာ ဒီနေ့မှာတော့ . . . ပိတ်သွားပါပြီ 😫😫 တခါမှမထိဖူးသေးတဲ့ Limit ထိသွားပါပြီခင်ဗျာ အခုက Unity အစားထိုးပြီး တရက်ကို အခု ၃၀ ပြဖို့ထည့်ထားပါတယ် ( ၃၀ ထက်ကျော်ပြီးရရင်တော့ ဂူဂူကြော်ငြာပါရနေလို့ပါ။ မေ့ဆေးပေး၊ Uninstall လုပ်ရင်လည်း ၃၀ ထက်ကျော်ပြီး Unity ကြော်ငြာ ပြနိုင်ပါတယ် ) Unity က ကြော်ငြာခနည်းတာမို့ ဂူဂူအမြန်ဆုံး ပြန်ရဖို့မျှော်လင့်တာပါပဲ Unity ရဲ့ကောင်းတာတခုကတော့ ကြော်ငြာသိပ်မခက်တာပါ အဲ့တော့ကြော်ငြာခက်လို့ မလုပ်ဖြစ်တော့တဲ့သူတွေ ပြန်ရောက်လာဖို့လဲ မျှော်လင့်ပါတယ် ဒီရက်ပိုင်းမှာ Version အသစ်လဲထွက်ပါမယ် Version အသစ်နဲ့ နေ့စဉ် သုံးတဲ့သူအရေအတွက်ကိုလည်း သုံးသောင်းလောက်ရောက်အောင် ကြိုးစားချင်ပါတယ် အဲ့ကြရင်လည်း ဝိုင်းကူရှယ်ကြပါဦးခင်ဗျာ •••••• ဒီလင့်မှာ မူရင်း Post ပါ ( အဆင်ပြေရင် RCS သွား လုပ်ပေးစေချင် ပါတယ် ) 👉 https://m.facebook.com/story.php?story_fbid=355500257118582&id=100079758311019

LWSR ကို ဝန်းရံ ပေးနေသူတွေ အတွက် LWSR ရဲ့ ငွေဝင်နှုန်း လေး ပြောပြတာပါ ။ 🟧 LWSR ( Learn with Spring Reader Website ) ကို လူ ၂ ရာ က စာ ၁ မျက်နှာ ဝင်ဖတ်တိုင်း ( ကြော်ငြာ ပုံ ၅ ပုံ တက်ရင် ) $0.3 ရတယ် … ၁ ရက်ကို လူ ၆-၇ ရာ ဝန်းကျင် ဝင်လာတဲ့ အခါ ( ၁ မျက်နှာပဲ ဖတ်ကြရင်တောင် ) ၁ ရက်ကို $1 တော့ ရတာပေါ့ ။ ဒါနဲ့ လူဝင်နှုန်းကို ၂ ဆ ဖြစ်အောင် လူ ၁၅၀၀ ဝန်းကျင် ဝင်အောင် ဖိတွန်းကြည့်တာပေါ့ … နဂိုနှုန်း အရသာဆို အနည်းဆုံး ၁ ရက် $၂ ဖြစ်သွားရမှာပေါ့ … ဖြစ်မသွားဘူးဗျာ … 😅 မောင်မင်းကြီးသား တွေက ငွေပေးနှုန်းကို $0.3 အစား $0.15 လောက်ထိ ပြန်ချပစ်လိုက်တယ် 🥴 ( အဲ့တော့ ဝင်တဲ့ လူသာ ၂ ဆ တိုးသွားပေမယ့် ဝင်ငွေက ဒုံရင်း ပဲ ပြန် ဖြစ်ရော 🥴 ) အမာခံ ဝန်းရံပေးနေသူတွေ ၊ ရံဖန်ရံခါ ဝင်ပေးနေသူတွေ စိတ်ဝင်စားရင် သေချာ သိရအောင် အရှိ - အရှိ အတိုင်း တင်ပေးတာပါဗျာ … 🟧 ခုနက တွက်ပြထားတာက ငွေပေးနှုန်းကို မြင်သာအောင် လူ ၁ ယောက်ကို ၁ မျက်နှာပဲ ဝင်ကြည့်တဲ့ နှုန်းနဲ့ တွက်ပြထားတာပါ ။ ( ၁ မျက်နှာမှာ ကြော်ငြာ ၅ ခု တက်ခဲ့ရင် ဆိုတာလည်း ထည့်တွက်တာပေါ့ ) လက်တွေ့မှာတော့ လူ ၁ ယောက်ချင်းစီက ၃-၅ မျက်နှာကနေ တစ်ချိူ့ဆို ၁၀ မျက်နှာလောက်ထိ ကြည့်ပေးနေကြလို့ တစ်ရက်ကို ( လူ ၈၀၀-၁၀၀၀ စာ ) စာမျက်နှာ ( Views ) ၃-၄ ထောင် ဝန်းကျင်လောက် လူဝင်နှုန်း ၊ စာဖတ်နှုန်း ဖြစ်လေ့ရှိပါတယ် ။ ဝင်ငွေက တစ်ရက် $3 လောက် ပျမ်းမျှ ဝင်ပါတယ် ( $2.5 to $4 ကြား ပါ ) ( တစ်ခါတလေ ကြော်ငြာမတက်တဲ့ လူတွေလည်း ရှိပေမယ့် ၊ တစ်ခါတလေ လူဝင် များတာတွေလည်း ရှိတတ်တော့ ) တစ်လ ဒေါ်လာ $100 လောက်တော့ LWSR Website အနေနဲ့ အငြိမ် ရနေပြီ လို့ ပြောလို့ ရပါတယ် … 🟧 အဲ့အတွက် ဝန်းရံ လိုသူတွေ လုပ်ပေးရမှာက စာမျက်နှာ ၃-၅ မျက်နှာ ( ၁ မျက်နှာကို ၁ မိနစ် အနည်းဆုံး ) ဖတ်ပေးနေရုံပါပဲ ။ လိုင်းကောင်း ၊ VPN အဆင်ပြေရင် ( ကြော်ငြာ ရှင်တွေ ဘက်ကလည်း ကြော်ငြာ ချပေးနေရင် ) ၁ မျက်နှာမှာ ၁ မိနစ်လောက် အပေါ်တက် - အောက်ဆင်း ဖတ်နေရုံနဲ့ ကြော်ငြာ ၅ ခု လောက်တော့ တက်လာ လေ့ရှိပါတယ် ။ ဒီတော့ တစ်နေ့ကို ၅-၁၀ မိနစ်ပေးရုံနဲ့ကို LWSR အတွက် တာဝန်ကျေတယ် ပြောရမှာပါ ။ ( စာ တကယ် ဖတ်/လေ့လာ ၊ သီချင်း တကယ် နားထောင် / ခံစားရင်တော့ ကိုယ် ကြိုက်သလောက် အချိန်ယူပေါ့ဗျာ ) 🟧 ပို အားစိုက်ပေးချင်ရင်တော့ … ၁။ စာမျက်နှာ ပို ဖတ်ပေးနိုင်ပါတယ် ( ၁ မိနစ်တောင် မနေပဲ နဲ့တော့ ကျော်မသွားပါနဲ့ ) ၂။ မနက် ၅-၁၀ မိနစ် ၊ ည ၅-၁၀ မိနစ် ခွဲ ဝင်ပေးနိုင်ပါတယ် ။ ၃။ Browser ပြောင်းသုံး ၊ VPN မှာ နိုင်ငံ ပြောင်းသုံးပြီး ထပ် ဝင်ပေးနိုင်ပါတယ် ။ ၄။ LWSR website အကြောင်းကို နဲ့ LWSR က တင်ပေးတဲ့ စာတွေကို ညွှန်ပေး ၊ မျှဝေပေးရင်း လူပိုသိအောင် ၊ ဝင်ဖတ်သူ ပိုများအောင် ကူပေးနိုင်ပါတယ်ဗျာ ။ ••••• ဝန်းရံပေးနေကြတာ ကျေးဇူးပါ … ကျွန်တော်တ်ို့ ရသလောက် ဆက်ဆွဲကြတာပေါ့ 💪 ~ ကိုဇင်ဇေ 🟧 စာကြွင်း ။ LWSR ရဲ့ အားနည်းချက်က ငွေဝင်နှုန်း ( တခြား တလရ Apps တွေထက် ) နည်းတာပါ ။ အားသာချက်တွေကတော့ … ၁။ ကြော်ငြာ ပိတ်ခံ ရတာ ( ခုချိန်ထိ ) မရှိပါ ၂။ ကြော်ငြာတွေကို တကူးတက နှိပ်ပေး ၊ ကြည့်ပေးစရာ လုံးဝ လုံးဝ မလိုပါ ။ ( ၁ ရက်လုံးမှ ၁ ခုလောက်ပဲ နှိပ်ရင် နှိပ်ပါ ) ၃။ Videos ကြော်ငြာတွေလည်း ပါလေ့မရှိပါ ၊ ကြားကနေ မျက်စိနောက်အောင် ဖြတ် ဖြတ်တက်လာတတ်တဲ့ ကြော်ငြာတွေလည်း မပါပါ ။ Virus လိုလို ဘာလိုလို ကြော်ငြာတွေလည်း တက်လာလေ့ မရှိပါ ဒါကြောင့် ကြည့်ပေးသူဘက်က အချိန်ကုန် ၊ ဘေလ်ကုန် ပိုသက်သာပါတယ် ။ ၄။ ဝင်လာတယ် လို့ ပြထားပြီးသား ပိုက်ဆံ ကို ပြန်နှုတ် ခံရတာ ( ခုချိန်ထိ ) မရှိပါ ။ ၅။ ရန်ပုံငွေ ကူရှာဖို့တင်မက အင်္ဂလိပ် ဘာသာစကား သင်ခန်းစာတွေ ၊ စိတ်ဝင်စားစရာ - တိုးတက်ရာ အကြောင်းအရာတွေကို တကယ် ဖတ်/မှတ်/လေ့လာ/လေ့ကျင့်နိုင်တာ … ရသပိုင်းအတွက် သီချင်းတွေ တင်ပေးရာမှာလည်း ခံစားလို့ တကယ် ကောင်းတာ ၊ ဂီတ အဆင့်အတန်း မနိမ့်လှတာတွေကို သေချာ ရွေးတင်ပေးနေတာပါ ။ ၆။ LWSR ရဲ့ စာတွေကို တခြား တလရ Apps တွေကိုပါ < Copyrights ညိစွန်းမှု လုံးဝ မရှိပဲ ) ခွဲဝေ သုံးစွဲခွင့် ပေးထားနိုင်တာပါ ။ နောက်ဆုံး နဲ့ အရေးအကြီးဆုံး အချက်ကတော့ ၇။ LWSR တည်ထောင်သူ ၊ စီစဉ်သူက အပြောကြမ်းတတ် ၊ ရစ်တတ်လွန်းပေမယ့် စေတနာ ပါပါ အလုပ်လုပ်ပေးတတ်တာပါ … လို့ 😝😝😝

LWSR မှာ တင်ထားတဲ့ ဒီ Posts လေးတွေ မဖတ်ရသေးရင် ဝင်ဖတ်နိုင်အောင် ပို့​ပေးလိုက်ပါတယ်ဗျာ … 🟧 ကျန်းမာ ကြံ့ခိုင်နေဖို့ အကြံပြုချက် တွေ ပါဝင်တဲ့ Post ပါ 👉 https://learnwithspringreader.com/2024/01/06/post-139-unlocking-the-secret-to-lifelong-fitness-your-guide-to-staying-fit-and-healthy/ Gym သွားလေ့ရှိသူတွေ အတွက် အကြုံပြုချက်တွေ ပါဝင်တဲ့ Post ပါ 👉 https://learnwithspringreader.com/2024/01/06/post-140-unlocking-your-gym-success-top-tips-for-gym-goers/

🟧 မနေ့က LWSR မှာ တင်ပေးလိုက်တဲ့ သူ တစ်ယောက် အကြောင်းကတော့ လူသိများသူ မဟုတ် ၊ ကျွန်တော် တင်ချင်လို့ကို တင်ပေးတာပါ … Suzanne Vega ဆိုတဲ့ သီချင်းရေး ဆရာမ ၊ သီချင်းဆိုသူ တစ်ယောက်အကြောင်း ပေါ့ … သီချင်းတွေကို ကဗျာ ဆန်ဆန် ရေးတတ်တယ် … နိုင်ငံတကာ ဂီတ လောကမှာ အတိုင်းအတာ တစ်ခုထိတော့ ပေါက်ခဲ့သေးပေမယ့် … အကြောင်းကြောင်းကြောင့် ( ထုတ်ဝေရေးတိုက် ကြီးတွေရဲ့ လွှမ်းမိုးမှုကနေ ရုန်းထွက်ကြည့်ချင်တာလည်း ပါမယ် ထင်ပါရဲ့ ) တိမ်မြုပ်သွားတဲ့ သူပေါ့ … Post 137 မှာ သူ(မ) အကြောင်း Biography ကို သူ စကားပြောရင်း သီချင်းဆိုပြတဲ့ Video နဲ့ တွဲ တင်ပေးထားပြီး Post 138 မှာတော့ သူ့ သီချင်း ( Tom’s Diner ) ကို Cover ပြန်ဆိုတဲ့ ဂီတ သမား တစ်ဖွဲ့ရဲ့ Video နဲ့ အဲ့ သီချင်း အကြောင်းကို တွဲပြီး တင်ပေးထားပါတယ် ။ ( အဲ့ထဲက အဆိုသမားတစ်ယောက် အသံက အတော်ကို မိုက်တော့ … မူရင်း သီချင်းထက်တောင် ခုခေတ်မှာ လူပြန်ကြည့်များကြပါတယ် … အဆိုနပ်ရုံတင် မက အသံ ကာလာကပါ ကောင်းတာမျိုး ဖြစ်နေတာ ) ဒီနေ့ အတွက်က LWSR ကို လူ ၉ ရာ နီးပါး ဝင် အားပေးကြထားပြီးပြီ ဆိုတော့ သီချင်း တကယ် နားထောင်ချင်မှ ဝင်ရင် ကို ရပါတယ် … 🟧 အဲ့ သီချင်းကလည်း ရိုးရိုး အေးအေးလေးနဲ့ လှတဲ့ ၊ ငြိမ့်တဲ့ သီချင်းမျိုး … ကျွန်တော့်အတွက်တော့ “ အော် … သီချင်းဆိုတာ … ဒီလိုလေး ရေးလိုက်လည်း ရတာပဲ … ရိုးပေမယ့် လှနိုင်တာပဲ “ ဆိုတဲ့ ခံစားချက်မျိုး ရစေခဲ့ဖူးတဲ့ သီချင်းပါ … အေးဆေးမှပဲ ခံစားကြည့်ပါဗျာ …. ( ထုံးစံအတိုင်း ဝေါဟာရ မှတ်စုလေးတွေလည်း သေချာ ထည့်ပေးထားပါတယ် ) ~ ကိုဇင်ဇေ 🟧🟧🟧 Website နာမည် Learn with Spring Reader ကို Search Engine တစ်ခုခုကနေ ရိုက်ထည့်ပြီး ရှာဖတ်တာ က ရေရှည် အတွက် ပိုကောင်းပါတယ် ။ ရှာလို့ အဆင်မပြေရင်တော့ ဒီလင့် တွေ ကနေ တိုက်ရိုက် ဝင်ဖတ်နိုင်ပါတယ်ဗျာ ။ 🟧 Post 137 👉 https://learnwithspringreader.com/2024/01/03/post-137-suzanne-vega-the-voice-of-folk-and-modern-songwriting/ Post 138 👉 https://learnwithspringreader.com/2024/01/03/post-138-toms-diner-by-suzanne-vega-a-timeless-musical-snapshot/

ဗုဒ္ဓဘာသာ ဘုန်းကြီး တွေ ဖြစ်ပြီး ကားကြွား ၊ ဖုန်းကြွား စသဖြင့် Social Media ပေါ် တင်ကြွားတတ်ကြတာကို နားကို မလည်ပေးနိုင်ဘူး … အမှန်ဆို အဲ့လို စိတ်တွေ ရှိနေရင် ဘုန်းကြီး မဝတ်ထားသင့်ပဲ လူဝတ်နဲ့ပဲ တရားဟောကြသင့်တယ် ထင်တာပဲ … ( ဝိနည်းတွေကို တိုက်ရိုက် စည်းကမ်း အနေနဲ့တင်မက အနှစ်သာရ အနေနဲ့ပါ သေချာ မလိုက်နာနိုင်ရင် သင်္ကန်း အရှိန်အဝါက်ိုလည်း အားမကိုးကြနဲ့ပေါ့ ) သူတို့ကတော့ ဆင်ခြေပေးမှာပေါ့လေ … သာဓုခေါ်ရအောင် လို့ ၊ သဒ္ဓါ တရား ပွါးများဖို့ ဆော်ဩချင်လို့ တင််ပေးတာပါ … ဘာညာပေါ့ … တကယ်ကတော့ … ( သာသနာ အတွက် အသုံးဝင်/အသုံးလိုတဲ့ ကိစ္စမျိုးကို ဦးစားပေး ပြောဆိုတင်ပြနေတာမျိူး မဟုတ်တဲ့ အတွက် ) ငါ့မှာ ဒါတွေ ရှိတယ် ကွ ဆိုပြီး ကြွယ်ချင် ၊ ကြွားချင်တာရယ် … ဒါမျိုးတွေ အားကျမခံ လာလှုလို့ ရတယ်နော်လို့ စျေးခေါ်နေတယ်ရယ် လို့ပဲ မြင်တယ် … အမေရိက မှာလည်း ခရစ်ယာန် ဘုန်းကြီးတွေထဲ ကိုယ်ပိုင် လေယာဉ်တောင် အလှုခံ စီး ၊ ခြံကြီး ဟီး ထနေအောင် နန်းတော်လို ဆောက်ပြီး နေတဲ့ ဘုန်းကြီးတွေ ရှိတယ် …. ဒါပေမယ့် ကောင်းတာ တစ်ခုက အဲ့လို ဘုန်းကြီးတွေကို ရုပ်သံ အစီအစဉ်တွေကနေကို ပေါ်တင် လှောင်ပြောင် ရှုံ့ချနေကြတာပဲ ။ အဲ့လို ရှုံ့ချနေလို့ ဆိုပြီး ခရစ်ယာန် အများစု ဝင်လောင်နေတာမျိုး သိပ် မတွေ့မိဘူး ။ ( ဒါကတော့ ပြောတဲ့သူက ချက်ကျလက်ကျရှိလွန်းတော့ ~ ရှက်တတ်တဲ့ သူတွေက ~ ရှက်ပြီး အကန် လာမပြောရဲကြတော့တာလည်း ဖြစ်နိုင်ပါတယ် ၊ လှုတဲ့ သူ မရှိပဲ ဒါတွေ ဝယ်နေနိုင်မှာမှ မဟုတ်တာ ) နိုင်ငံရေး ခေါင်းဆောင်တွေ နိုင်ငံရေး ကို ဘန်းပြပြီး ကိုယ်ကျိုးရှာတာတွေကို ( ချက်ကျလက်ကျ သက်သေနဲ့တကွ ) ဖော်ထုတ်ရှုံ့ချသလိုပဲ ဘာသာရေး ခေါင်းဆောင်တွေ ဘာသာရေးကို ဘန်းပြပြီး ကိုယ်ကျိုးရှာ ၊ ဇိမ်ခံနေကြတာတွေကိုလည်း ဖော်ထုတ် ရှုံ့ချနိုင်ဖို့ ( သာမန်ပြည်သူတွေ တင် မဟုတ်ပဲ မီဒီယာတွေ က ပါ လုပ်ရဲ ဖို့ ) အရေးကြီးတယ် ထင်တာပါပဲ ။ နိုင်ငံရေး သမား ၊ ဘာသာရေး သမား စစ်ရင် သူတို့ ကိုယ်တိုင်က လည်း ဒါမျိုးတွေကို လုပ်စေချင်မယ် ထင်တာပါပဲ ။ ဘာရယ်မဟုတ် … ခု မဟုတ်တောင် နောင် နိုင်ငံသစ်မှာ ဖြစ်စေချင်တာတစ်ခု ပြောကြည့်ထားရုံပါ … ~ ကိုဇင်ဇေ ••••• မူရင်း Post 👉 https://m.facebook.com/story.php?story_fbid=pfbid0pMUmJ6qPU9qWEQMJcaFbtdLYmvy7wBgYWZurLXK97oEW3Q2DJ6f69bo7ZxRyoQJ5l&id=100000576790914

LWSR မှာ အမေရိက သမ္မတ ဟောင်း အိုဘားမား အကြောင်း ( ဝေါဟာရ မှတ်စုတွေနဲ့ တကွ ) တင်ပေးထားပါတယ် Obama 👉 https://learnwithspringreader.com/2023/12/30/post-136-barack-obama-a-legacy-of-leadership-and-hope/

LWSR မှာ Facebook တည်ထောင်သူ ဇူဇူ့ အကြောင်း ( ဝေါဟာရ မှတ်စုတွေနဲ့ တကွ ) တင်ပေးထားပါတယ် 👉 https://learnwithspringreader.com/2023/12/29/post-132-mark-zuckerberg-a-visionary-innovator-who-changed-the-digital-landscape/