en
Feedback
Thukumaa

Thukumaa

Open in Telegram
9 996
Subscribers
No data24 hours
-417 days
-14530 days
Posts Archive
"စုံထောက်ကြီးဒီးနှင့်အံ့ဖွယ်အဆိပ်သင့်အမှု" Detective Dee And The Burning Sky 2020 ဒီတစ်ခါ CM ကနေမိတ်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတေ
"စုံထောက်ကြီးဒီးနှင့်အံ့ဖွယ်အဆိပ်သင့်အမှု" Detective Dee And The Burning Sky 2020 ဒီတစ်ခါ CM ကနေမိတ်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့ detective Dee ရှေးဟောင်းစုံထောက် movie လေးဖြစ်ပါတယ် အေဒီ ၆၉၆ခုနှစ် ဝူကျယ်ထျန်းအုပ်စိုးစဉ်ကာလမှာ လူရိုင်းတပ်သားတွေက ဝေ့ကျိုးမြို့ကိုတိုက်ခိုက်စဥ် အဲ့ဒီမြို့ဟာ စစ်ဘေးနှင့် ရောဂါကပ်ဘေးကိုကြုံတွေ့ရတယ်။ ဒီးရန်ကျယ်ဟာ မင်းအမိန့်ဖြင့် ဝေ့ကျိုးမြို့ကို အုပ်ချုပ်ရေးမှူးအဖြစ် ရောက်လာတုန်းအခိုက်မှာ လူသတ်သမားတိုက်ခိုက်ခံရတယ်။ ဝေ့ကျိုးမြို့ရဲ့အရင်အုပ်ချုပ်ရေးမှူးဖြစ်တဲ့ တူကူစစ်ကျွမ်းဟာ အံ့ဩဖွယ် အဆိပ်သင့်ပြီးသေဆုံးနေပြီး ယင်းအမှုဟာ ဒီး‌ရန်ကျယ် ရောက်ရှိလာမှုနဲ့ ပတ်သက်နေမလား။ တပ်သား၅၀၀ သေဆုံးမှုနှင့် ငွေစ၅သိန်းပျောက်ဆုံးတဲ့ ထူးဆန်တဲ့ဖြစ်ရပ်ကို ဒီးရန်ကျယ်ကဘယ်လို ပြောင်မြောက်တဲ့နည်းလမ်းနဲ့ဖြေရှင်းမလဲ။ ဒီးရန်ကျယ်ဟာ ဤပဟေဠိဆန်တဲ့ဖြစ်ရပ်တွေကြား အမှန်တရားတွေဖော်ထုတ်နိုင်မလားဆိုတာ CMက‌နေ အားပေးစောင့်မျှော်ကြည့်ရှုကြပါရှင့် [ Reviewed By Mei Mei ]

Knights.of.Valour.2021.

Knights of Valour (2021)Green Dragon Crescent Bla ဟန်မင်းဆက် ကုန်ဆုံးခါနီးအချိန် တိုင်းပြည်တစ်ခုလုံး အုန်းအုန်းကြွက်ကြွက်ဖြစ်
Knights of Valour (2021)Green Dragon Crescent Bla ဟန်မင်းဆက် ကုန်ဆုံးခါနီးအချိန် တိုင်းပြည်တစ်ခုလုံး အုန်းအုန်းကြွက်ကြွက်ဖြစ်နေတဲ့ အချိန်ကိုပြန်လည်ရောက်ရှိသွားသလို ယူငင်ခေါ်ဆောင်သွားနိုင်မှာပါ။တောင်လိုပုံနေတဲ့ အလောင်းတွေ၊ သွေးချောင်းစီးမှုူတွေ၊ မီးတောက်တွေနဲ့ ပျက်စီးမှုတွေ ကြားထဲမှာအဖေဖြစ်သူ ကွမ်းယွီသေဆုံးမှုကို လက်စားချေနိုင်ဖို့နဲ့သူ့ရဲ့နာမည်ကျော် ကျောက်စိမ်းနဂါးဓားကို ပြန်လည်ရယူဖို့ ကြိုးစားနေတဲ့ ကွမ်းရှင်းကိုတွေ့ရမှာပါ

Man of Will (2017)

Man of Will (2017) IMDB (/10) ဧကရာဇ်အုပ်စိုးခွင့် ကုန်ဆုံးခါနီးတွင် ကိုရီးယားကို အုပ်စိုးချင်တဲ့ ရုရှားနဲ့ ဂျပန်တို့ကြား အငြင
Man of Will (2017) IMDB (/10) ဧကရာဇ်အုပ်စိုးခွင့် ကုန်ဆုံးခါနီးတွင် ကိုရီးယားကို အုပ်စိုးချင်တဲ့ ရုရှားနဲ့ ဂျပန်တို့ကြား အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ပါတယ် နောက်ဆုံးမှာတော့ ဂျပန်က အသာစီးရပြီး ကိုရီးယားဘက်က ဂျပန်နဲ့ သံတမန်ရေး အဆင်ပြေအောင် ကြိုးစားခဲ့တာကြောင့် ကိုရီးယားဟာ ဂျပန်တို့ ဩဇာညောင်းတဲ့ နိုင်ငံတစ်ခု ဖြစ်လာခဲ့တယ် မိဖုရားကြီး လုပ်ကြံခံလိုက်ရတာကြောင့် အမျက်ဒေါသထွက်နေတဲ့ ဂင်ချန်းဆူဟာ စိတ်ကိုမထိန်းနိုင်ဘဲ လုပ်ကြံမှုမှာပါဝင်ခဲ့တဲ့ ဂျပန်လူမျိုးတစ်ယောက်ကို သတ်လိုက်မိတဲ့အတွက် ပြစ်ဒဏ်ချမှတ်ခံရပြီး အင်ချွန်းထောင်ကို အပို့ခံလိုက်ရပါတယ် အင်ချွန်းထောင်ထဲကို ရောက်သွားတဲ့အခါမှတော့ ထောင်သားတွေကို စာသင်ပေးပုံ၊ ငုပ်လျှိုးနေတဲ့ မျိုးချစ်စိတ်ကို ပြန်လည်ဖော်ဆောင်ပေးပြီး ဂျပန်လက်အောက်မှ လွတ်မြောက်ရေးအတွက် စိတ်အားထက်သန်စွာ တော်လှန်ခဲ့ပုံတွေအကြောင်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးပါ ဒီဇာတ်ကားမှာ နာမည်ကြီးမင်းသားကြီး Cho Jin Woong အပြင် ဂျွန်စောအဖြစ် လူသိများတဲ့ Song Seung Heon တို့က ပါဝင် သရုပ်ဆောင်ထားတာကြောင့် မလွတ်တမ်းကြည့်ရှုရမဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်

My Tutor Friend (2003)

My Tutor Friend (2003) 2003 မှာထွက်ရှိခဲ့တဲ့ ဒီဇာတ်လမ်းလေးက နာမည်ကျော် မင်းသား Kwon Sangwoo နဲ့ နာမည်ကြီး အချောအလှ ထိပ်ခေါင်
My Tutor Friend (2003) 2003 မှာထွက်ရှိခဲ့တဲ့ ဒီဇာတ်လမ်းလေးက နာမည်ကျော် မင်းသား Kwon Sangwoo နဲ့ နာမည်ကြီး အချောအလှ ထိပ်ခေါင် မင်းသမီး Kim Haneul တို့မှ အဓိက ပါဝင်ထားပြီး CJ Entertainment ရဲ့ ရုပ်ရှင်ကားကောင်းတွေ ထဲက တစ်ကားဖြစ်ပါတယ် Comedy ရဲ့ အရသာ အပြည့်အဝပါဝင်တဲ့ ဒီဇာတ်ကားဟာ တောင်ကိုရီးယားရဲ့ တစ်ခေတ်တစ်ခါမှာ အောင်မြင်မှုပေါင်းများစွာ သိမ်းပိုက်နိုင်ခဲ့တာ အတော်အများ သိကြမှာပါ (မသိသေးရင် အခုပဲ ကြည့်လိုက်ပါ) အထက်တန်းကျောင်းမှ အလုပ်ပြုတ်လာတဲ့ ဆရာမလေး ချွဲဆူဝမ်ဟာ မိခင်ရဲ့ စေညွှန်းချက်အရ မိခင်ဖြစ်သူဧ။်ချမ်းသာသော သူငယ်ချင်းရဲ့ သားကို ဂိုက်လုပ်ပေးဖို့ ဖြစ်လာပါတယ် ဂျစ်ကန်ကန် အပေအတေ နှစ်ကျ ပြသာနာအိုး ကျောင်းသားနဲ့ ဆတ်ဆတ်ထိမခံ ငါဟဲ့ ဆရာမ ဆိုတဲ့ မာန်အပြည့်နဲ့ ကျူရှင်ဆရာမတို့ ဆုံစည်းကြတဲ့အခါမှာ ဘယ်လို ကတောက်ကဆတွေ ဘယ်လိုအလွဲလေးတွေ ဖြစ်မလဲ ဆိုတာကတော့…

Stealing Raden Saleh (2022)

Stealing Raden Saleh [2022] IMDB .7.5/10 ဇာတ်လမ်းအစမှာတော့ နိုင်ငံကျော်ပန်းချီဆရာတွေရဲ့ ပန်းချီကားတွေကိုပုံတူပွားဆွဲတဲ့ပီကိုန
Stealing Raden Saleh [2022] IMDB .7.5/10 ဇာတ်လမ်းအစမှာတော့ နိုင်ငံကျော်ပန်းချီဆရာတွေရဲ့ ပန်းချီကားတွေကိုပုံတူပွားဆွဲတဲ့ပီကိုနဲ့ စထားပါတယ် လေလံပွဲမှာ ပီကိုဆွဲထားတဲ့ ကောပီအပွားက သန်းကိုးရာနဲ့ရောင်းထွက်သွားခဲ့ပါတယ် ပီကို့ရဲ့အဖေကလည်း လုရက်မှု တစ်ခုနဲ့ထောင်ကျနေခဲ့ပြီး အဖေကို ထောင်မကျအောင် အမှုကို ပြန်လည်စစ်ဆေးပေးဖို့အတွက် ၂ ဘီလီယံလိုလာခဲ့ပါတော့တယ် အဲ့ဒါနဲ့ သူငယ်ချင်း အူးကျွတ်နဲ့ တိုင်ပင်ရင်း ဇာတ်ကားနာမည်ထဲက ပန်းချီ အကျော်အမော် ရာဒင် ဆာလက်ရဲ့ ပန်းချီကား တစ်ခုကို ပုံတူကူးဆွဲပြီး ရောင်းဖို့ အကြောင်းဖန်လာပါတော့တယ် ပီကိုကရော ပန်းချီအကျော်အမော် ရာဒင်ဆာလက်ရဲ့ ပန်းချီကားကို ပုံတူဆွဲပြီး အောင်အောင်မြင်မြင်နဲ့ရောင်းချနိုင်ပါ့မလား သူ့အဖေကိုကော အယူခံဝင်နိုင်အောင် လုပ်ပေးနိုင်ပါ့မလား ဆိုတာ ဇာတ်ကားလေးထဲမှာပဲ ဆက်လက်ကြည့်ရှုကြပါခင်ဗျာ စကားချပ်အနေနဲ့ကော့ အင်ဒိုနီးရှားဆိုတာ ကျွန်တော်တို့ရဲ့ ဒေသတွင်းအိမ်နီးချင်းနိုင်ငံဖြစ်ပေမဲ့ ရုပ်ရှင်အရည်အသွေးပိုင်းမှာတော့ အများကြီးတိုးတတ်ပါတယ်

Once Upon A Time … In Hollywood [2019] (MM Sub)

Once Upon A Time … In Hollywood [2019] (MM Sub)
Once Upon A Time … In Hollywood [2019] (MM Sub)

A Bittersweet Life [2005]

A Bittersweet Life [2005] အချစ်ကအရာအားလုံးကို စေခိုင်းစေနိုင်ပါသလား..? ကျနော်ကတော့အချစ်ကြောင့်ပြောင်းလဲသွားတဲကားလေးတစ်ကားနဲ့မ
A Bittersweet Life [2005] အချစ်ကအရာအားလုံးကို စေခိုင်းစေနိုင်ပါသလား..? ကျနော်ကတော့အချစ်ကြောင့်ပြောင်းလဲသွားတဲကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်… ၇ နှစ်ကျော်လောက်သူဌေးရဲ့လူယုံအဖြစ်တာဝန် ကျေစွာအမှူထမ်းလာတဲ့လက်မရွံ အတွင်းရေးမှူးလေးတယောက် တာဝန်တစ်ခုကိုထမ်းဆောင်ရင် ကောင်မလေးတစ်ယောက်အပေါ်သံယောဇဉ်ဖြစ်ပီသွားတဲ့အခါ … သူယုံကြည်ထားသူထံကနေ သစ္စာဖောက်ခြင်းကိုခံလိုက်ရတဲ့အခါ… ဘယ်လိုတွေဆက်ပီးဖြစ်လာမလဲ..? အချစ်ရေးထက် မေတ္တာဘွဲကိုအဓိကအခြေခံထားတဲ့ အက်ရှင်ကြမ်းကြမ်းကားကောင်းလေးတစ်ကားဖြစ်ပါတယ်… စိတ်မခိုင်သူသူများအဖို မျက်ရည်ကျလောက်သော ကားလေးတစ်ကားဆိုလည်းမမှားပါဘူး… အတိကျနားလည်ချင်တယ်ဆိုရင်တော့ ဒေါင်းပြီးကြည့်ရှုအားပေးနိုင်ပါတယ်..

Give Me Five (2022)

Give Me Five (2022) မိန်းမသေဆုံးသွားပြီးနောက် မုဆိုးဖိုဘဝနဲ့သားဖြစ်သူကို စောင့်ရှောက်ပြီးနေထိုင်လာခဲ့တဲ့အပြင် လွယ်လွယ်နဲ့ မှတ
Give Me Five (2022) မိန်းမသေဆုံးသွားပြီးနောက် မုဆိုးဖိုဘဝနဲ့သားဖြစ်သူကို စောင့်ရှောက်ပြီးနေထိုင်လာခဲ့တဲ့အပြင် လွယ်လွယ်နဲ့ မှတ်ဉာဏ်တွေကို မေ့ပျောက်တတ်သည့်အယ်ဇိုင်းမားရောဂါကို ခံစားနေရသူ – ဝူဟုန်ချီမိခင်သေဆုံးပြီတဲ့နောက် ဖခင်နှင့်အတူ သဘောထားကွဲလွဲမှုများစွာနဲ့နေထိုင်လာခဲ့ပြီးဖခင်ဖြစ်သူကို စောင့်ရှောက်လာခဲ့သူ – ရှောင်ဝူတစ်နေ့မှာတော့ အယ်ဇိုင်းမားရောဂါကို ခံစားနေရသူလောင်ဝူဟာ အသိစိတ်မဲ့ပြီး မြစ်ထဲကို ခုန်ချခဲ့ရာမှအစပြုကာ ဆေးရုံကို တင်လိုက်ရပါတော့တယ်ဖခင်ရဲ့ ဆေးရုံစရိတ်တွေကို ပေးဆောင်ဖိုဖခင်သိမ်းဆည်းထားတဲ့ ဘဏ်စာအုပ်ကို ရှာဖွေရင်းမတော်တဆ မိခင်ဖြစ်သူရဲ့ ဒိုင်ယာရီစာအုပ်ကိုတွေ့ရှိသွားခဲ့ပါတယ်အဲဒီအချိန်မှာပဲ ရှောင်ဝူတစ်ယောက် ထူးဆန်းစွာနဲ့၁၉၈၀ ခုနှစ် အချိန်ကို အချိန်ခရီးသွားခဲ့ပြီး ဖခင်ဖြစ်သူနဲ့မိခင်ဖြစ်သူတို ပထမဉီးဆုံးအကြိမ် တွေ့ဆုံမှုကို နှောင့်ယှက်မိခဲ့ပါတယ်သူနှောင့်ယှက်မိခဲ့တဲ့ လွဲမှားမှုကိုပြန်လည်ပြင်ဆင်ဖိုအတွက်အတိတ်ကိုပြန်သွားဖို ကြိုးစားတဲ့အခါမှာတော့ ...... Credit..

Backcountry [2014]

Backcountry (2014) -------------------------------- Backcountry ဆိုတဲ့ Survival Thriller ဇာတ်ကားလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပ
Backcountry (2014) -------------------------------- Backcountry ဆိုတဲ့ Survival Thriller ဇာတ်ကားလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ် မွန်းကျပ်လှတဲ့ နေ့စဉ်လူမှုဘဝထဲကနေ ရုန်းထွက်ပြီး တောတောင်ရေမြေ အလှအပကို ခံစားဖို့အတွက် တောတွင်းခရီးစဉ်တစ်ခု ထွက်လာခဲ့တဲ့ အဲလက်စ် နဲ့ ဂျန်းတို့စုံတွဲ.. မထင်မှတ်ဘဲ လူထူးဆန်း ဘရက်ဒ်နဲ့ စတင်တွေ့ဆုံရချိန်. အဲလက်စ် နဲ့ ဂျန်းကြားမှာ ကတောက်ကဆမီးပွားလေးများ စတင်ဖြစ်ပေါ်လာရင်း. လူသူမရောက်တဲ့နေရာမှာ မမျှော်လင့်ထားတဲ့အန္တရာယ်တွေ ကြုံလာရချိန် ဘယ်လိုတွေ ဖြေရှင်းကြမလဲ. လူသားနဲ့သားရဲကောင် ကြားက အသက်လုပွဲ. ၊ survival ဆိုတဲ့အတိုင်း အသက်ရှင်သန်ဖို့ ဘယ်လောက်ထိ ရုန်းကန်ရမလဲ၊ ကံ၊ ဉာဏ်၊ ဝီရိယ စိုက်ထုတ်ရမလဲ ဆိုတာကို ထင်ဟပ်ပြသထားတဲ့ ဇာတ်လမ်းလေး တစ်ပုဒ်ကို CM က ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်.

Interstellar (2014)

Interstellar (2014) ___ IMDB (8.6/10) 2014 Novemberမှာ ထွက်ရှိခဲ့ပြီး…IMDb ရဲ့ Rating အများဆုံးဇာတ်ကားများထဲမှာလည်း တစ်ကားအပါ
Interstellar (2014) ___ IMDB (8.6/10) 2014 Novemberမှာ ထွက်ရှိခဲ့ပြီး…IMDb ရဲ့ Rating အများဆုံးဇာတ်ကားများထဲမှာလည်း တစ်ကားအပါအဝင်ပါ..ဒါရိုက်တာကလည်း Christopher Nolan ဆိုမှတော့ အထွေအထူးညွှန်းနေစရာတောင် လိုမယ်မထင်မိပါဘူး Visual Effectsy ပိုင်းမှာ အော်စကာရရှိခဲ့ပြီး  အခြားဆု ၄၄ ဆုနဲ့ ဆန်ကာတင် ၁၄၄ ဆုစာရင်းဝင်ခဲ့ပါတယ်..2014ရဲ့အကောင်းဆုံး ၁၀ ကားထဲမှာ စာရင်းဝင်ခဲ့ပါတယ်..(Background Music တွေလည်း နားထောင်လို့ကောင်းလို့ နားထဲတောင်စွဲနေပါလိမ့်မယ်ဇာတ်လမ်းကတော့ 21 ရာစုလယ်လောက်မှာ ကမ္ဘာပျက်ကိန်းဆိုက်လုပြီဖြစ်တဲ့အတွက် နာဆာပိုင်းလော့ဟောင်း ကူးပါးခမျာခြံစိုက်နေရာကနေ လူတွေအတွက်နေစရာ ဂြိုဟ်အသစ် ရှာဖွေရေး စစ်ဆင်ရေးထဲ ပါဝင်လိုက်ရရှာတယ် ၁၀ နှစ်အရွယ် သမီးလေးမာ့ဖ်ကို တစ်နေ့ ပြန်လာပါ့မယ် ကတိအထပ်ထပ်ပေးရင်းပေါ့…ဒီလိုနဲ့ ပေးအပ်လိုက်တဲ့တာဝန်တွေကို ထမ်းဆောင်ရင်း အာကာသကြီးရဲ့ လှည့်ကွက် အမျိုးမျိုးကိုအန်တုရင်း ကူးပါးတစ်ယောက် မာ့ဖ်ဆီပြန်လာနိုင်ပါ့မလား..ကမ္ဘာကြီးကိုရော ကယ်တင်နိုင်ပါ့မလားဆိုတာကိုတော့Visual Effects ကောင်းကောင်းလေးနဲ့ ဒီကား အရမ်းမိုက်တယ်

Ghouls (2017)