873
Subscribers
No data24 hours
-37 days
-930 days
Posts Archive
873
ကုလကိုဆန္ဒပြတယ်။ကုလကိုဆန္ဒပြတယ်။ကုလကိုဆန္ဒပြတယ်။ကုလကိုဆန္ဒပြတယ်။ အမေရိကန်ကိုဆန္ဒပြတယ်။ ဘာကြောင့်လည်းဆိုတော့ မြန်မာရဲ့အခြေအနေမှန်တွေကိုမျက်ကွယ်ပြုပြီး တစ်ဖက်သတ်အစီရင်ခံစာရေးလို့ တိုင်းရင်းသားတွေ၊ ပါတီတွေက ပါတီဝင်တွေ ရဟန်းတွေ ဆရာတော်တွေ သတ်ခံနေရတာကို မသိကျိုးကျွန်ပြုထားလို့ပဲ ပြသင့်တယ်။ သိပ်ပြသင့်တာပေါ့။ အမေရိကန်သံရုံးကိုတောင် မြန်မာပြည်ကနှင်သင့်တာပေါ့။
ခုတလော အောင်တော့မယ် စောင့်နေတဲ့အချိန်ကိုရောက်ပြီ၊ ကျေးဇူးတင်စရာမလိုဘူး ဆိုတဲ့အသံတွေ နှစ်မှသည်အောင်ပွဲဆီသို့၊ ထပ်လွမ်းစရာမလိုတော့ဘူး၊ မိုးခါရေ စတဲ့စကားသံအဆန်းတွေနဲ့ နှပ်ကြောင်းပေးထားသလို အနီရပ်ကွက်ထဲမှာ နှး်သစ်မှာအမေလွတ်မယ် ဆိုတာစကားတွေလည်းကြားနေရတယ်။
စစ်ကောင်စီက မနိုင်တော့ဘူး နိုင်ငံတကာကဖိအားဝိုင်းပေးလို့အမေ့ကိုလွှတ်ပေးရတော့မယ်။ ကြိမ်းသေတယ်အမေလွတ်မှာ ပုဒက်တွေက သူတို့ထောင့်တိုင်တွေကိုတခုပြီးတစ်ခုချိုးနေလို့ ထောက်စရာတိုင်မရှိလို့လွှတ်ပေးရတော့မှ စသည်ဖြစ်ပေါ့။ အနီအုပ်စုတွေထဲမြင်မကောင်းဘူး။
အင်တာဗျူးတစ်ခုမှာ မြန်မာရဲ့နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့်ဆိုတဲ့စကားထပ်ခါထပ်ခါပြောသွားတဲ့သူတစ်ဦး နာမည်တော့မဖော်ပြတော့ဘူး။ သူပေသြွားတာက နည်းလမ်းရှာရမယ်။ နိုင်ငံရေးနည်းလမ်း အဲ့ဒါက အဖွားကြီးကိုလွှတ်ပေးဖို့ နိုင်ငံရေးဆွေးနွေးဖို့ဆိုပဲ။
အဲဒီနေရာ ကျုပ်သာဘေးမှာရှိရင် နိုင်ငံရေးမတည်ငြိမ်အောင်လုပ်တာဘယ်သူလဲလို့ မေးချင်တယ်။ ၂၀၂၀ ရွေးကောက်ပွဲ ပူပူနွေနွေးပဲရှိသေးတယ်။ စာရင်းဇယားတွေနဲ့မသမာမှုတွေရဲ့မှတ်တမ်းတွေရှိသေးတယ်။ ဘယ့သူ့လက်ချက်လည်း။ အကြိမ်ကြိမ်ရှင်းပေးဖို့ပြောဆိုခဲ့သလို လက်ရေးမူနဲ့လည်း ရှင်းပေးဖို့ပြောဆိုခဲ့တယ်။ ဘာကြောင့်မရှငပေးခဲ့သလဲ။
၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် တရားမဝင်လက်နက်တွေဘာကြောက့်စုဆောင်းထားလဲ။ ဒါတွေကဘယ်သူလုပ်တာလဲ။ အကြမ်းဖက်မှုတွေကို ဦးဆောင်နေတာဘယ်သူလည်း။ဘယ်ပါတီလည်း ဘယ်ပါတီဝင်တွေလည်း။ လူ Tတ်နေတာ ဘယ်ပါတီဝင်တွေလည်း နောက်ကွယ်ကနေပံ့ပိုးပြီး ခိုင်းနေတာဘယ်သူလည်း။
ဒါတွေကရှင်းနေတာကို ရှုပ်အောင်လုပ်လို့ရနေတာမဟုတ်ဘူး။ ပိတ်နေတဲ့ကောင်တွေနဲ့ ပုဒတ်တွေကတော့ သေတဲ့အထိငြင်းနေအုံးမှာပဲ။ ဘယ်တော့မှ ဝန်ခံသွားမှာမဟုတ်ဘူး။
အနီကြောင်တွေထဲမှာ ဖဝါးတော့ရင်း ခိုလှုံပြီး နေပြည်တော်မှာအေးအေးချမ်းချမ်းနေတဲ့အုပ်စုကတစ်အုပ်စု၊ ဖျက်မယ် စီးမယ် Tတ်မယ်ဖြတ်မယ် တိုက်မယ်ခိုက်မယ်ဆိုတာက တစ်အုပ်စု။ မတူညီကဘူးပဲ။ ခြေတော်ရင်းခိုလှုံသူတွေက အကြမ်းဖက်တာကိုအားမပေးသလို အနောက်အုပ်စုကိုလည်း သူတို့ မျက်မုန်းကျိုးကတယ်တဲ့။
သူတို့ အတွင်းစိတ်ကိုတော့မသိ။
အနောက်အုပ်စုရဲ့ တိုင်းပြည်ဖျက်စီးတဲ့လုပ်ရပ်တိုင်းကို ကန့်ကွက်ထောက်ပြ ပြောဆိုနေတာက အမျိုးသားရေးအုပ်စုနဲ့ ကြံ့ခိုင်ရေးပါတီ။ တိုင်းပြည်ကိုကယ်ရင်း အသက်တွေပေး ဘဝတွေပျက်နေကြရတာလည်း အဲ့ဒီအမျိုးသားရေးနဲ့ ကြံ့ခိုင်ရေးအုပ်စုပဲ။
နိုင်ငံရေးဆွေးနွေးလည်း သူတို့လုပ်သင့်တာလုပ်နေသလို တိုင်းပြည်ကောင်းစားလည်း သူတိုဘဝတွေ ကောင်းစားလာတာမရှိဘူး။ သူတို့ရဲ့စိတ်က နိုင်ငံသားတွေရဲ့အကျိုးစီးပွားပဲ။ ဒါကြောင့်လည်း သေသေကြေကြေ လုပ်နေကတြာပေါ့။
သူတို့လည်း စိတ်ဓာတ်ပါပဲ။
အနီအုပ်စုမှာတော့ သူတို့အကျိုးစီးပွား ပြီးတော့ ဘွားတော်ရဲ့အကျိုးစီးပွားပဲထည့်တွက်ကြဟန်တူလေရဲ့၊ဘွားတော့လွတ်ဖို့ သူတို့ကောင်းစားဖို့လောက်အာရုံထားကြ မဟုတ်ရင်ကလော်ကြ ကလတ်ကြ ဟုတ်ဟုတ်မဟုတ်ဟုတ် တိုင်းဆူပြည်ပျက်အောင် လုပ်ကြတော့တာပဲ။
ဘွားတော့က နိုင်ငံရေးဥပဒေလို့ဆိုရင်ရလောက်တဲ့ ရွေးကောက်ပွဲမသမာမှုကတစ်မှုထဲ ကျန်တာ ရာဇသတ်ကြီးဥပဒေတွေနဲ့အရေးယူထားတာ။ နိုင်ငံရေးဆွေးနွေးဖို့ ဖြေလျော့ချင်သပဆိုရင်လည်း အဲ့ဒီတစ်မှုသာဖြေပေးလိုက်ပေါ့ ကျန်တာကတော့ သူဒေါသနဲ့သူပဲလေ။
နိုင်ငံရေးဆွေးနွေးပွဲကို ထောင်ထဲမှာမလုပ်ရဘူးလို့ ဘယ်ဥပဒေမှာမှမပြဌာန်းထားဘူး။
#MonGyi
873
ချယ်ရီကို ဘယ်သူဖောက်သလဲ
မနေ့က ရန်ကုန်နဲ့ ဒလ ပြေးတဲ့ ချယ်ရီ ၁ ပေါ်မှာဗုံးပေါက်တယ် ဒါကအများသိတဲ့ဖြစ်စဥ်။ ဒါဆိုချယ်ရီကိုဘယ်သူဖောက်ခွဲသလဲဆိုတာမေးရမယ်။
တပ်ကအာဏာထိန်းပြီးတဲ့နောက်ပိုင်း အကြမ်းဖက်သူတွေဟာ မီဒီယာစိုးမိုးအားနဲ့ ရွာတွေကိုမီးရှို့သယောင် ပြည်သူတွေကိုပဲသတ်ဖြတ်နေသယောင် မိုက်းထောင်ဗုံးခွဲလုပ်နေတာ တပ်ကဆိုတဲ့ပုံစံ သတင်းမှားတွေနဲ့ ဖုံးလွှမ်းထားတယ်ဆိုတာကရှင်းတယ်။
ဒီကနေ့ လျှပ်စစ်တာဝါတိုင်တွေကိုဘယ်သူဖောက်ခွဲနေသလဲ၊ လမ်းတံတားတွေကိုဘယ်သူတွေဖောက်ခွဲဖျက်ဆီးနေသလဲ၊ အပြစ်မဲ့ပြည်သူတွေကို ဘယ်သးတွေက သတ်ဖြတ်နေသလဲ၊ သံဃာတွေကိုဘယ်သူတွေသတ်နေသလဲ ဒါတွေဟာ ကွက်ကွက်ကွင်းကွင်းတွေ့မြင်ရမယ့် သက်သေတွေပဲ ဖြစ်ပါတယ်။
ချယ်ရီဟာ ရန်ကုန်ကို အလုပ်တက်လုပ်တဲ့ လက်လုပ်လက်စားတွေအသုံးပြုတဲ့ ရေယာဥ်။ လက်လုပ်လက်စားတွေရဲ့ အားထားရာတစ်ခု ဗုံးပေါက်လို့ ၃၀ လောက်ထိတဲ့ ဖြစ်စဥ်နဲ့ပတ်သက်လို့ သေခြာတယ်တွက်ပြီးသား သူတို့မလုပ်ဘူး တပ်ကလုပ်တယ်လို့အော်မယ်ဆိုတာ။
ဘယ်လောက်ပဲ ဖုံးဖုံး ဘယ်သူလုပ်တယ်ဆိုတာကိုပြည်သူတွေသိပြီးသားပါ။ လက်နက်နဲ့အကြောက်တရားစိုးမိုးထားလို့သာမသက်သာပဲရှိနေကြတာ။
ဘယ်သူတွေက ဓမ္မ ဘယ်သူကအဓမ္မလည်း ပြည်သူတွေက ပြည်သူတွေကိုသတ်နေသလဲ သိနေကြပါပြီ။
#MonGyi
873
ပဒတ်တွေတော့ မျက်ခုံးလှုပ်နေတော့မှာပဲ ရရှားရဲ့ ချေမှုန်းရေးနဲ့သယ်ယူပို့ဆောင်ရေးမှာ ဘုရင်တစ်ဆူဖြစ်တဲ့ Ka 29 တွေ ဒီနေ့ တပ်တော်ဝင်ပါတယ်။ ဒီကောင်တွေဟာ တင့်ကားကိုတောင် အေးဆေးဖျက်ဆီးနိုင်တယ်ဆိုတော့ ပဒက်လေးတွေရေ ဘုရားတပေတော့
873
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်ဘက်အခြမ်း စစ်တောင်းတံတား(နတ်သံကွင်း)အားလုံခြုံရေးယူနေသော တပ်မတော်နှင့် ပြည်သူ့စစ်အဖွဲ့အား ကွင်းချောင်းအစပ်ရှိဖြူးမြို့နယ် ကွေ့တန်းရှည်ကျေးရွာအတွင်းမှ KNU.PDF အကြမ်းဖက်သူပုန်များမှ ယနေ့နံနက်တွင် စနိုက်ပါဖြင့်လှမ်းပစ်ခဲ့ရာ ပြည်သူစစ်တစ်ဦးဝမ်းဗိုက်ထိမှန်ခဲ့သဖြင့် တောင်ငူဆေးရုံသို့တင်ပို့ခဲ့ရသည်။ လက်ရှိတွင် လက်နက်ငယ်များဖြင့်အပြန်အလှန်ပစ်ခတ်နေပါသည် ။
873
MRDAခေါင်းဆောင် ပုလဲဗိုလ်နဂါးကို ပုလဲမြို့နယ်လွှတ်တော်အမတ်
ဇော်ထက်က စိန်ခေါ်လိုက်ပြီ။
ပဒက် အချင်းချင်း ချကုန်ပြီ။
873
စစ်ကိုင်းတိုင်း တမူးမြို့ လမ်းမကြီးပေါ်မှာ အမျိုးသမီးငယ်တစ်ဦးကို နှိပ်စက်ညှင်းပန်းပြီးလူမဆန်စွာ သတ်ဖြတ်ခံရတဲ့ ဗွီဒီယိုဖိုင် လူမှုကွန်ရက်ပေါ်မှာ ပြန့်နှံ့သွားပြီးနောက် ဒီအကြမ်းဖက်လုပ်ရပ်အတွက် ဝိုင်းဝန်းပြစ်တင်ရှုံ့ချ သံ တွေ ဆူညံသွားပါတယ်။
PDF တွေရဲ့ဥသျှောင်ဖြစ်တဲ့ NUGကိုယ်တိုင် အနေသာတော့ဘဲ စုံစမ်းစစ်ဆေးအရေးယူမယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ရပါတယ်။
နစက နဲ့တပ်မတော်ကို တူးတူးခါးခါးမုန်းပြီး NUG,PDF တွေဘက်က အစဥ်တစိုက်ရပ်တည်နေတဲ့ ရှေ့နေကြီးဦးကြီးမြင့်လိုလူမျိုးကတောင် ဒီလုပ်ရပ်မျိုးကို လုံးဝလက်မခံဘူး၊လုံးဝဆန့်ကျင်တယ် လို့ ပြောလာတဲ့အထိ ဖြစ်ခဲ့ပေမယ့် ဒီဖြစ်စဥ်ဟာထူးခြားတဲ့ဖြစ်စဥ်မဟုတ်ပါဘူး လို့ မှတ်ချက်ပြုတဲ့ ပြည်ခိုင်ဖြိုးအစိုးရလက်ထက် ပြည်ထောင်စုဝန်ကြီးတာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးရဲ့ထူးထူးခြားခြား မှတ်ချက် ကြောင့် ပိုပြီး ပွဲဆူသွားခဲ့ရပါတယ်။
"တမူး ဖြစ်စဥ်ဆိုတာ တစ်ခုထဲ ထူးထူးခြားခြား ဖြစ်တဲ့ ဖြစ်စဥ်မဟုတ်ဘူး။တစ်နိုင်ငံလုံး နီးပါး ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု တွေထဲက တစ်ခုပဲ ဖြစ်တယ်၊ဒါကြောင့် ဒီတစ်ခုထဲ ကိုပြောရင် ဘက်လိုက်သလို ဖြစ်မှာပေါ့ "လို့ တမူးဖြစ်စဥ်နဲ့ပတ်သက်ပြီး မှတ်ချက်ပြုတဲ့အတွက် တမူးမြို့ ကားလမ်းမကြီးပေါ် လူမြင်ကွင်းမှာ အမျိုးသမီးငယ်တစ်ဦး နှိပ်စက်ညှင်းပန်းအသတ်ခံရတဲ့ အကြမ်းဖက် မှုကို ဘာမှမထူးဆန်းတဲ့ သာမန်လူအခွင့်အရေးချိုးဖောက်မှုတစ်ခု အဖြစ် ရှုမြင်တာဖြစ်လို့ စုံစမ်းစစ်ဆေးမယ်ဆိုတဲ့NUGနဲ့ လုံးဝလက်မခံဘူး လုံးဝဆန့်ကျင်တယ်ဆိုတဲ့ ရှေ့နေကြီးဦးကြီးမြင့်တို့ထက် တောင်ဆိုးနေတဲ့ ရှုမြင်သုံးသပ်ချက် ဖြစ်နေပါတော့တယ်။
အကြမ်းဖက်သတ်ဖြတ်မှုကို လူ့အခွင့်အရေးချိုးဖောက်မှုလို့ အမှုပေါ့အောင် လုပ်လိုက် တဲ့အတွက် ဒီအကြမ်းဖက်သတ်ဖြတ်မှု ကျူးလွန်သူ တွေဘက်က ထောက်ခံရပ်တည်ကာကွယ်ပေးသလို လည်း ဖြစ်သွားရပါတယ်။
"ဒီတစ်ခုထဲကိုပြောရင် ဘက်လိုက်သလို ဖြစ်နေမှာပေါ့"လို့ ဆိုတဲ့အတွက် ဒီမှတ်ချက်အရတမူးဖြစ်စဥ်ကို ပြစ်တင်ရှုံ့ချ ဆန့်ကျင်သူတွေဟာ တရားမျှတသူတွေမဟုတ်ဘဲ ဘက် လိုက်သူတွေ ဖြစ်နေတဲ့အတွက် နောက်ထပ်အကြမ်းဖက်လူသတ်မှုတွေ တစ်ခုချင်းပေါ်ပေါက်လာတိုင်း" ဒီတစ်ခုထဲပြောလို့မရဘူး"ဆိုပြီး ဘာမှ ပြစ်တင်ရှုံ့ချမှုမပြုကြဘဲ ငြိမ်နေကြရမယ့်သဘောတောင် ဖြစ်နေပါတော့တယ်။
#TLH
#MonGyi
873
မလုပ်ဘူးလို့ပေးတဲ့ကတိကိုဖောက်ပြီးလုပ်ခဲ့ရင် နောက်ဆက်တွဲမှာဆိုးကျိုးတွေက ကပ်လိုက်လာတတ်တာကတော့ ထုံးစံပါပဲ။
NCA ကိုမလိုက်နာပဲ ကတိကဝတ်တွေဖြောင့်ဖျက်ရင်တော့ သူနထိုက်တန်တဲ့ ဆိုးကျိုးတော့ရမှာပါပဲ။
ရွှေလက်တွဲထားလို့ပဲရှိတာပါ။ လက်တွဲဖြုတ်လိုက်ရင်တော့ ကိုယ့်ဒေါသနဲ့ကိုယ်ပဲပေါ့။
၄၄ ကတော့ နည်းနည်းဆုံးမလိုက်တဲ့ပုံစံရှိတယ်။
873
ကောလဟာလပါ ဓာတ်ပုံ ဗီဒီယိုတွေထပ်ဖြန့်ရင် ကိုယ်ပိုင်အုပ်ခိုပ်ခွင့်ရဦးစီးအဖွဲ့က အရေးယူမယ်
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလူနေမှုအနှောက်အယှက်ဖြစ်စေသောလုပ်ရပ်အား စစ်ဆေးအရေးယူရန် သတိပေးချက်
လတ်တလောတွင် ကိုးကန့်ဒေသနှင့်စပ်လျဉ်း၍ အမျိုးမျိုးသောသတင်းမှားများနှင့် မဟုတ်မမှန်သောအချက်အလက်များ(ဗီဒီယို/စာတိုစသည့်) အများအပြားကိုအွန်လိုင်းပလက်ဖောင်းများ တွင်ပျံ့နှံ့စေခဲ့ပြီး ကျွန်ုပ်တို့ဒေသရှိ လူမှုအသိုက်အဝန်းနှင့် ပြည်သူများ၏ ထုတ်လုပ်မှုများနှင့် လူနေမှုဘဝများအပေါ် ထိခိုက်မှုများဖြစ်စေခဲ့ပါသည်။ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းရန်အတွက် မဟုတ်မမှန်သောသတင်းများဖြန့်ခြင်းကို တားမြစ်ရန်နှင့် မမှန်ကန်သောပုံရိပ်များ ကို ဖယ်ရှားရန်အတွက် အောက်ပါအတိုင်း ထုတ်ပြန်ကြေညာအပ်ပါသည်။
၁။ မြန်မာနိုင်ငံရှိ ကိုးကန့်လူမျိုးသည် ငြိမ်းချမ်းရေးကိုနှစ်သက်ကြပြီး ဒေသအတွင်းလက်ရှိအခြေအနေမှာ ပုံမှန်တည်ငြိမ်လျက်ရှိသည်။ နိုင်ငံတပ်မတော်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလက်နက်ကိုင်အဖွဲ့ အစည်းများသည် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးကို ကာကွယ်နိုင်သောအရည်အချင်း ရှိသည်။
၂။ ပြည်သူလူထုများအနေဖြင့် အွန်လိုင်ပေါ်က သတင်းမှားများကို မယုံမှားစေရန်နှင့် သတင်းမှားများကို မဖြန့်ရန် သတိပြုပါ။
၃။ အွန်လိုင်းပလက်ဖောင်းအသီးသီးတွင် ကျွန်ုပ်တို့ဒေသနှင့် သက်ဆိုင်သော အမျိုးမျိုးသော သတင်းမှားများနှင့် မဟုတ်မမှန်သောအချက်အလက်များ (ဗီဒီယို/စာတိုစသည့်)သတင်းဖြန့်သောသူများ ချက်ချင်းဖျက်ရန်။
၄။ ကြေညာချက်ထုတ်ပြန်သည့်နေမှစ၍ ကျွန်ုပ်တို့ဒေသတွင် အမျိုးမျိုးသောသတင်းမှားများနှင့် မဟုတ်မမှန်သောအချက်အလက်များ (ဗီဒီယို/စာတိုစသည့်) ဖြန့်ကာ ထိတ်လန့်တကြားဖြစ်အောင် ဆိုးရွားသောအပြုအမှုများပြုလုပ်မည်ဆိုပါက ဥပဒေနှင့်အညီစစ်ဆေးဖော်ထုတ်အရေးယူမည်ဖြစ်သည်။
ဤထုတ်ပြန်ချက်
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ရုံးခန်း
၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၆ ရက်
