en
Feedback
GED Science By Dr. WYMM

GED Science By Dr. WYMM

Open in Telegram
422
Subscribers
-124 hours
+47 days
+430 days
Posts Archive
มาเล่น #Lazland กัน สนุกไปกับเกมปลูกข้าว ถ้าชนะรับข้าวฟรีไปเลย! #ปลูกข้าวกัน #เกมปลูกข้าวลาซาด้า https://s.lazada.co.th/s.qJMCd

Specific Heat

22nd July 2024, Ecosystems

Repost from N/a
13th July 2024, Alleles and Traits, Enviornmental Altering of Alleles, Expression of Traits

Repost from N/a
13th July 2024, Heredity, DNA & Chromosomes

Repost from N/a
13th July 2024, Photosynthesis, Respiration, Fermentation

Repost from N/a
MC_Graw_Hill Science.pdf5.11 MB

၁၉၉၇-၁၉၉၈ ခုနှစ် အားအလွန်ကောင်းသော အယ်လ်နီညိုဖြစ်စဉ်တွင် တစ်နှစ်တာ ပျမ်းမျှအမြင့်ဆုံး အပူချိန်သည် ၃၂ ဒသမ ၁ ဒီဂရီဆဲလ်စီးယပ်သို့ လည်းကောင်း၊ ၂၀၀၉-၂၀၁၀ ပြည့်နှစ် အားအသင့် အတင့်ရှိသော အယ်လ်နီညိုဖြစ်စဉ်တွင် တစ်နှစ်တာ ပျမ်းမျှအမြင့်ဆုံး အပူချိန်သည် ၃၂ ဒသမ ၄ ဒီဂရီဆဲလ်စီးယပ်သို့ လည်းကောင်း၊ ၂၀၁၈-၂၀၁၉ ခုနှစ် အားအနည်းငယ်ရှိသော အယ်လ်နီညိုဖြစ်စဉ်တွင် တစ်နှစ်တာ ပျမ်းမျှအမြင့်ဆုံး အပူချိန်သည် ၃၂ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်သို့ လည်းကောင်း အသီးသီး ရောက်ရှိခဲ့ပါသည်။ အချုပ်အားဖြင့်ဆိုသော် အယ်လ်နီညို ဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံတွင် ကြုံတွေ့နိုင်ဖွယ်ရှိသော မိုးလေဝသနှင့် ရာသီဥတုဆိုင်ရာ အစွန်းရောက်လက္ခဏာများကို ပြည်သူလူထုအနေဖြင့် သိရှိနားလည်ပြီး ကြိုတင်သတိပြုသင့်ပါသည်။ ယခုလက်ရှိတွင်လည်း ကမ္ဘာ့မိုးလေဝသ အဖွဲ့ချုပ်နှင့်တကွ အခြားထင်ရှားသည့် ရက်ရှည်ရာသီဥတု ခန့်မှန်းရေးဌာနကြီးများ၏ သင်္ချာပုံစံပြုမော်ဒယ်များ၏ ခန့်မှန်းချက်များအရ၂၀၂၃ ခုနှစ် ဇွန်လသည် အားအနည်းငယ်ရှိသော အယ်လ်နီညိုအခြေအနေတွင်ရှိနေပြီး ၂၀၂၃ ခုနှစ် ဇူလိုင်လနှင့် သြဂုတ်လတို့တွင် အားအနည်းငယ်မှ အားအသင့်အတင့်ရှိသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားကြပါသည်။ သို့ဖြစ်ပါ၍ မိုးလေဝသ ရာသီဥတုနှင့် ဆက်စပ်ဆောင်ရွက်ရသော စိုက်ပျိုးရေးကဏ္ဍ၊ ရေသယံဇာတနှင့် စွမ်းအင်ထုတ်လုပ်မှု ကဏ္ဍစသည်တို့ကို ဆောင်ရွက်ကြရာတွင် လတ်တလောဖြစ်ပေါ်နေသော အယ်လ်နီညို၏ နောက်ဆက်တွဲအကျိုး ဆက်များကြောင့် ကမ္ဘာတစ်ဝန်းတွင် တဖြည်းဖြည်းချင်း ပြောင်းလဲလျက်ရှိသော ရာသီဥတု အခြေအနေများကို ပိုမိုအလေးထား စောင့်ကြည့်ပြီး ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်များကိုလည်း ထည့်သွင်းစဉ်းစားကာ ပြည်သူလူထုအနေဖြင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်လျက်ရှိသော အယ်လ်နီညိုအခြေအနေ သတင်းအပါအဝင် မိုးလေဝသသတင်းများ၊ သတိပေးချက်များနှင့် အကြံပြုချက်များကို စောင့်ကြည့်၍ မိမိတို့၏လုပ်ငန်း ကိစ္စရပ်များ ဆောင်ရွက်ကြရာတွင် ကြိုတင်သတိပြု ဆင်ခြင်၍ ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆန္ဒပြုတိုက်တွန်း လိုက်ရပါသည်။ ။ ဒေါက်တာမြင့်မြင့်အေး (မိုး/ဇလ) ဆောင်းပါး

အယ်လ်နီညိုဖြစ်စဉ်သည် ကမ္ဘာအရပ်ရပ်တွင် မိုးလေဝသနှင့် ရာသီဥတု ဖြစ်စဉ်များအပေါ် သက်ရောက်လေ့ရှိပါသည်။ အထူးသဖြင့် အီကွေတာနှင့်နီးသော ဒေသများတွင် ပိုမိုသက်ရောက်ခံစားရလေ့ ရှိပါသည်။ ဥပမာ၊ အယ်လ်နီညို၏ အကျိုးသက်ရောက်မှုကြောင့် တောင်အာဖရိကတိုက် အရှေ့ဘက်ကမ်းခြေတွင် မိုးခေါင်ရေရှားမှုဖြစ်စဉ်များ ဖြစ်ပေါ်တတ်ပြီး အာရှတိုက်တောင်ပိုင်းရှိ အနောက်တောင် မုတ်သုံရာသီလေနှင့်လည်း သွယ်ဝိုက်ဆက်စပ်လျက် ရှိနေပါသည်။ မုတ်သုံရာသီလေဆိုင်ရာ အဓိကအချက်တစ်ခုဖြစ်သော အပူပိုင်းဒေသ အရှေ့ဂျက်လေစီးကြောင်း (Tropical Easterly Jet-TEJဲ)များနှင့် အယ်လ်နီညိုသည် ပြောင်းပြန် ဆက်စပ်လျက်ရှိသဖြင့် အယ်လ်နီညို အားကောင်းပါက အရှေ့ဂျက်လေစီးကြောင်းများ သိသိသာသာ အားနည်းလေ့ရှိပြီး အနောက် တောင် မုတ်သုံရာသီ လေအားနည်းကာ မုတ်သုံမိုးရွာသွန်းမှုကိုလည်းလျော့နည်းစေပါသည်။ အယ်လ်နီညိုဖြစ်ပေါ်ခဲ့သော နှစ်များ အခြေအနေ ၁၉၅၀ ပြည့်နှစ် နောက်ပိုင်းမှစ၍ ၂၀၂၂ ခုနှစ်အထိ အယ်လ်နီညိုဖြစ်စဉ် စုစုပေါင်း ၂၆ ကြိမ်ဖြစ်ခဲ့ပြီး အားအလွန်ကောင်းခြင်း သုံးကြိမ်၊ အားကောင်းခြင်း ငါးကြိမ်၊ အားအသင့်အတင့်ရှိခြင်း ခုနစ်ကြိမ်နှင့် အားအနည်းငယ်ရှိခြင်း ၁၁ ကြိမ်တို့ဖြစ်ခဲ့ပါသည်။ အားအလွန်ကောင်းခဲ့သော အယ်လ်နီညိုနှစ်များမှာ ၁၉၈၂-၁၉၈၃၊ ၁၉၉၇-၁၉၉၈၊ ၂၀၁၅-၂၀၁၆ ခုနှစ်တို့ ဖြစ်ပါသည်။ အယ်လ်နီညိုနှစ်များကို ဇယား(၂)တွင် ဖော်ပြထားပါသည်။ Description: C:\Users\Administrator\Desktop\20-6-2023\206134.JPG ယခုလက်ရှိ ၂၀၂၃ ခုနှစ် ဇွန်လသည် အားအနည်းငယ်ရှိသော အယ်လ်နီညို အခြေအနေတွင် ရှိနေပါသည်။ မြန်မာနိုင်ငံနှင့်အယ်လ်နီညိုဖြစ်စဉ် မြန်မာနိုင်ငံတွင် အယ်လ်နီညိုဖြစ်ပေါ်သည့်နှစ်များတွင် တစ်နိုင်ငံလုံး၌ နွေကာလ ပူပြင်းခြောက်သွေ့ခြင်း၊ မိုးခေါင်၍ရေရှားပါးမှု ပြဿနာများကြုံတွေ့ရခြင်း၊ မုတ်သုံမိုးနည်းခြင်း၊ အနောက်တောင်မုတ်သုံလေ အဝင်နောက်ကျခြင်း၊ မုတ်သုံလေအင်အားနည်းခြင်း၊ မုတ်သုံလေအထွက်စောခြင်း၊ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပေါ်မှု ပုံမှန်အောက်လျော့နည်းခြင်း အစရှိသည့် မိုးလေဝသနှင့်ရာသီဥတုဆိုင်ရာပြဿနာများ ကြုံတွေ့ရလေ့ရှိပါသည်။ မုတ်သုံလေအဝင် နောက်ကျပြီး အထွက်စောခြင်းကြောင့် မုတ်သုံကာလကို တိုတောင်းစေပြီး မုတ်သုံမိုးကို မှီခိုရသော စိုက်ပျိုးရေးလုပ်ငန်းများကို များစွာထိခိုက်စေပါသည်။ ထို့ပြင် မုတ်သုံကာလ တိုတောင်းခြင်းသည် တစ်နည်းအားဖြင့် အပူချိန်မြင့်မားသော နွေကာလများကို ရှည်လျားစေသောကြောင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများ၊ သောက်သုံးရေအပါအဝင် စိုက်ပျိုးရေရှားပါးမှု ပြဿနာများကို ရင်ဆိုင်ကြရပါသည်။ ဥပမာဖော်ပြရလျှင် ၁၉၉၇-၁၉၉၈ အားအလွန်ကောင်းသော အယ်လ်နီညို ဖြစ်စဉ်ကြောင့် ၁၉၉၈ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး မိုးရေချိန်ပမာဏသည် ပုံမှန်နှစ်တစ်နှစ်၏ ရွာသွန်းမြဲ မိုးရေချိန်ပမာဏအောက် ၂၃ ရာခိုင်နှုန်းခန့်လျော့နည်း ရွာသွန်းခဲ့ပါသည်။ အားအလွန်ကောင်းသော အယ်လ်နီညိုဖြစ်စဉ်ကြောင့် ၁၉၉၈ခုနှစ် ဧပြီလနှင့် မေလအတွင်း စခန်းပေါင်း ၃၀ ကျော်တွင် အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး မိုးခေါင်မှုနှင့်သောက်သုံးရေ ပြတ်လပ်မှုများ ကြုံတွေ့ခဲ့ကြရပါသည်။ ၂၀၀၉-၂၀၁၀ ပြည့်နှစ် အားအသင့်အတင့်ရှိသော အယ်လ်နီညိုဖြစ်စဉ်ကြောင့် ၂၀၁၀ ပြည့်နှစ် မေလအတွင်းတွင်လည်း စခန်းပေါင်း ၂၀ သည် အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့တွင် အမြင့်ဆုံးအပူချိန် ၄၇ ဒသမ ၂ ဒီဂရီ ဆဲလ်စီးယပ်ဖြင့် စံချိန်သစ်တင်ခဲ့ရာ ၎င်းစံချိန်သစ်သည် ထိုအချိန်က မြန်မာနိုင်ငံ တစ်နိုင်ငံလုံး၏ အမြင့်ဆုံး အပူချိန်စံချိန်သစ်လည်း ဖြစ်ခဲ့ပါသည်။၂၀၁၀ ပြည့်နှစ်တွင် အားအသင့်အတင့်ရှိသော အယ်လ်နီညို ဖြစ်စဉ်ကြောင့် ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန်တွင် ရေခန်းခြောက်မှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံ မြေလတ်ဒေသများတွင်ပါ သောက်သုံးရေပြတ်လပ်မှုဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ကြောင်း တွေ့ရှိရပါသည်။၂၀၁၀ ပြည့်နှစ်အားအသင့်အတင့်ရှိသော အယ်လ်နီညိုဖြစ်စဉ်ကြောင့် ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန် ရေခန်းခြောက်မှုဖြစ်ပွားပုံကို ပုံ၃။(က)ဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံ မြေလတ်ဒေသများတွင်ပါ သောက်သုံးရေ ပြတ်လပ်မှုဖြစ်စဉ်ပြပုံကို ပုံ၃။(ခ)ဖြင့် လည်းကောင်း ဖော်ပြထားပါသည်။ Description: C:\Users\Administrator\Desktop\20-6-2023\206135.JPG အားအနည်းငယ်ရှိသော အယ်လ်နီညိုဖြစ်စဉ်ကြောင့် ၂၀၁၉ ခုနှစ် မေလအတွင်း စခန်းပေါင်း ၁၂ စခန်းသည် အမြင့်ဆုံး အပူချိန်စံချိန်သစ်တင်ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၀ ခုတွင် ပုံမှန်အပူချိန်ထက် ပိုပူခဲ့သည်ကိုလည်း တွေ့ရှိခဲ့ပါသည်။ မြန်မာနိုင်ငံ၏ ၁၉၈၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း နှစ်အလိုက် ပျမ်းမျှအမြင့်ဆုံးအပူချိန်များပြပုံကို ပုံ။၄ ဖြင့်လည်းကောင်း ဖော်ပြထားပါသည်။ Description: C:\Users\Administrator\Desktop\20-6-2023\206136.JPG

အယ်လ်နီညိုအကြောင်း သိကောင်းစရာ အယ်လ်နီညိုအကြောင်း သိကောင်းစရာ အယ်လ်နီညို(El Nino)ဆိုသည်မှာ ခရစ္စမတ်ကာလအနီးတွင် တောင်အမေရိကတိုက် အနောက်ဘက်ကမ်းခြေ မြောက်ပိုင်းဒေသများဖြစ်သည့် “ပီရူးနှင့်အီကွေဒေါ” ကမ်းခြေများရှိ မူလရေအေးစီးကြောင်းများတွင် ရေနွေးစီးကြောင်းများ အစားထိုးစီးဝင်လာခြင်းဖြစ်ရပ်ကို ခေါ်ဆိုခြင်းဖြစ်ပါသည်။ ခရစ္စမတ်ကာလဖြစ်သည့် ဒီဇင်ဘာလတွင် တွေ့ရလေ့ရှိပြီး ခရစ်တော်ကို ဂုဏ်ပြုသောအားဖြင့် “ခရစ်၏သားတော်” ဟူသော အနက်အဓိပ္ပာယ်ဖြင့် “အယ်လ်နီညို”ဟု အမည်ပေးထားခြင်းဖြစ်ပါသည်။ အယ်လ်နီညို(El Nino)ကို ပထမဆုံး စတင်တွေ့ရှိသူများမှာ ပီရူးနိုင်ငံနှင့် အီကွေဒေါနိုင်ငံရှိ ရေလုပ်သားကြီးများ ဖြစ်ကြသည်။ အဆိုပါနိုင်ငံများရှိ ငါးဖမ်းလုပ်ငန်းများတွင် မကြာခဏဆိုသလို ငါးဖမ်းရရှိမှု လျော့နည်းလာလေ့ ရှိကြောင်းကို သတိပြုမိရာမှ ရေအေးစီးကြောင်းများနေရာတွင် ရေပူစီးကြောင်းများ အစားထိုးဝင်ရောက်လာခြင်းကို စတင်တွေ့ရှိခဲ့ကြခြင်း ဖြစ်ပါသည်။ ထိုသို့ ပင်လယ်ရေစီးကြောင်းများ ပြောင်းလဲရာမှ တစ်ဆင့် ဆက်စပ်လေထုလွှာ အခြေအနေများ၊ မိုးလေဝသနှင့် ရာသီဥတု အခြေအနေများကိုပါ ပြောင်းလဲဖောက်ပြန်မှုများ ဖြစ်ပေါ်စေပါသည်။ အယ်လ်နီညိုနှစ်များတွင် အရှေ့ပစိဖိတ် သမုဒ္ဒရာအတွင်း ပင်လယ်ရေမျက်နှာပြင် အပူချိန်သည် ပြင်းအားအပေါ်မူတည်၍ ပုံမှန်ထက် ၁-ဒီဂရီဆဲလ်စီးယပ်မှ ၃-ဒီဂရီဆဲလ်စီးယပ်ခန့် မြင့်တက်နေနိုင်ပါသည်။ အယ်လ်နီညိုဖြစ်စဉ်များသည် အနည်းဆုံး သုံးနှစ်မှ အများဆုံးခုနစ်နှစ်လျှင် တစ်ကြိမ် ကျဖြစ်ပေါ်လေ့ရှိပြီး အနည်းဆုံး ကိုးလမှ နှစ်နှစ်အထိ ကြာမြင့်တတ်ပါသည်။ နှစ်တစ်နှစ်၏ နှစ်လယ်လများတွင် အစပျိုးဖြစ်ပေါ်လေ့ရှိသော အယ်လ်နီညိုဖြစ်စဉ် များသည် ခရစ္စမတ်ကာလတွင် အမြင့်ဆုံး အခြေအနေသို့ရောက်ရှိပြီး ဒုတိယနှစ်၏ ပထမနှစ်ဝက်ကာလများအတွင်း တဖြည်းဖြည်း အားလျော့သွားလေ့ ရှိပါသည်။ အယ်လ်နီညို(El Nino)သည် ရာသီဥတုကို ဖောက်လွဲဖောက်ပြန်ဖြစ်စေသည့် သဘာဝဖြစ်စဉ်ဖြစ်ပြီး ခရစ္စမတ်ကာလတွင် အမြင့်ဆုံး အခြေအနေ(Peak Condition) ကိုတွေ့ရလေ့ရှိကာ ပစိဖိတ်သမုဒ္ဒရာ အရှေ့ဘက်ကမ်းခြေဒေသများ၏ ရာသီဥတုကိုသာမက အာရှတိုက်တောင်ပိုင်း ကမ်းခြေဒေသများသို့တိုင် ဆက်စပ်၍ အစွန်းရောက် ရာသီဥတု အခြေအနေများကို ဖြစ်ပေါ်စေနိုင်ပါသည်။ မိုးရွာလေ့မရှိသောကန္တာရကဲ့သို့ ဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းတတ်ပြီး အမြဲစိမ်းသစ်တောကဲ့သို့ စွတ်စိုသောဒေသများတွင်လည်း မိုးခေါင်စေတတ်ပါသည်။ အယ်လ်နီညိုဖြစ်ပွားပုံ ပုံမှန်နှစ်များတွင် အီကွေတာအနီး ပစိဖိတ်သမုဒ္ဒရာ အရှေ့ဘက်ကမ်းခြေမှ တိုက်ခတ်လာသော အေးမြသည့် ကုန်သည်လေများသည် သြစတြေးလျတိုက်အနီးသို့ ရောက်ရှိသောအခါ ပူနွေးသည့် ပစိဖိတ်သမုဒ္ဒရာ အနောက်ဘက်ကမ်းခြေမှ တိုက်ခတ်လာသော လေများနှင့် စုဆုံပြီး လေထုမငြိမ်မသက်ဖြစ်၍ အထက်သို့တက်ကာ မိုးတိမ်တောင်များ ဖြစ်ပေါ်လာပါသည်။ ထိုမှတစ်ဆင့် အထက်လေထုလွှာတွင် အရှေ့လေစီးကြောင်းဖြင့် တောင်အမေရိကတိုက် အနောက်ဘက်ကမ်းခြေသို့ ရောက်သောအခါ စိုက်ဆင်းလေများအဖြစ် ပြန်လည် ရောက်ရှိလာလေ ့ရှိပါသည်။ အဆိုပါ လေလှည့်ပတ်မှုဖြစ်စဉ်ကို ''Walker Circulation'' ဟုခေါ်ဆိုပါသည်။ ထို့ကြောင့် ပုံမှန်နှစ်များတွင် တောင်အမေရိကတိုက် အနောက်ဘက်ကမ်းခြေ တစ်လျှောက်၌ ခရစ္စမတ်ကာလအတွင်း အေးမြခြောက်သွေ့သည့် မိုးလေဝသအခြေအနေကို ဖြစ်ပေါ်စေပါသည်။ အယ်လ်နီညိုနှစ်များတွင် အီကွေတာ အနီးပင်လယ်ရေမျက်နှာပြင် အပူချိန်သည် ပုံမှန်ထက် ပိုမိုပူနွေးလာကာ အီကွေတာ တစ်လျှောက်ရှိ ကုန်သည်လေများ အားလျော့သွားပြီး အထက်လေထုလွှာတွင် ''Walker Circulation''သည် ပုံသဏ္ဌာန်မမှန်တော့ဘဲ ဆဲလ်များ ကွဲထွက်သွားကာ တောင်အမေရိကတိုက် အနောက်ဘက် ကမ်းခြေတစ်လျှောက်၌ ပုံမှန်အေးမြ ခြောက်သွေ့သော မိုးလေဝသဖြစ်စဉ်များ အစား ပူနွေးစိုစွတ်သည့် ဖြစ်စဉ်များအစား ထိုးဝင်ရောက်လာပါသည်။ ပုံမှန်နှစ်တွင် ပစိဖိတ်သမုဒ္ဒရာနှင့် ဆက်စပ်နေသည့် လေထုအခြေအနေပြပုံကို ပုံ၁။(က)ဖြင့် လည်းကောင်း၊ အယ်လ်နီညိုနှစ်များတွင် ပစိဖိတ်သမုဒ္ဒရာနှင့် ဆက်စပ်နေသည့် လေထုအခြေအနေပြပုံကို ပုံ ၁။(ခ)ဖြင့်လည်းကောင်း ဖော်ပြထားသည်။ Description: C:\Users\Administrator\Desktop\20-6-2023\206132.JPG အယ်လ်နီညိုဖြစ်စဉ်၏ ပြင်းအားကို NINO ၃ ဒသမ ၄ ဧရိယာ(ပစိဖိတ်သမုဒ္ဒရာရှိ မြောက်လတ္တီတွဒ် ၅ ဒီဂရီမှ-တောင်လတ္တီတွဒ် ၅ ဒီဂရီအထိနှင့် အနောက်လောင်ဂျီတွဒ် ၁၂၀ ဒီဂရီမှ ၁၇၀ ဒီဂရီအထိ ဖြစ်သောဧရိယာ)၌ ဖြစ်ပေါ်နေသော ပင်လယ်ရေမျက်နှာပြင် အပူချိန်ဖြင့် သတ်မှတ်ရာ၌ နှစ် ၃၀ ပျမ်းမျှအပူချိန်ထက် (+သုည ဒသမ ၅)ဒီဂရီဆဲလ်စီးယပ်ပိုပါက အယ်လ်နီညိုဖြစ်စဉ်ဟု သတ်မှတ်ပါသည်။ NINOဧရိယာများပြပုံကို ပုံ(၂)ဖြင့် လည်းကောင်း၊ အယ်လ်နီညိုပြင်းအား အဆင့်ဆင့် သတ်မှတ်ပုံကို ဇယား(၁)ဖြင့် လည်းကောင်း ဖော်ပြထားပါသည်။ Description: C:\Users\Administrator\Desktop\20-6-2023\206133.JPG အယ်လ်နီညိုဖြစ်စဉ်၏သက်ရာက်မှု

Repost from N/a
Bhaṅgalā_̋Paṅʻ_layʻ_ʾoʻ_munʻ.pdf10.37 MB

Repost from N/a
photo content
+4