en
Feedback
Review For You

Review For You

Open in Telegram

Review For You Find your desired book here ! စာအုပ်စာပေ လူ့ မိတ်ဆွေ 📚📖👍🏻💪🏻💡

Show more

📈 Analytical overview of Telegram channel Review For You

Channel Review For You (@obbychanmin) in the Burmese language segment is an active participant. Currently, the community unites 21 741 subscribers, ranking 1 355 in the Books category and 4 834 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 21 741 subscribers.

According to the latest data from 02 December, 2024, the channel demonstrates stable activity. Although there has been a change in the number of participants by 0 over the last 30 days and by 0 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 0%. Within the first 24 hours after publication, content typically collects N/A% reactions from the total number of subscribers.
  • Post reach: On average, each post receives 0 views. Within the first day, a publication typically gains 0 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 0.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
“Review For You Find your desired book here ! စာအုပ်စာပေ လူ့ မိတ်ဆွေ 📚📖👍🏻💪🏻💡”

Thanks to the high frequency of updates (latest data received on 03 December, 2024), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Books category.

21 741
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
Comment တွင် တင်ပေးထားပါတယ်ဗျ
Comment တွင် တင်ပေးထားပါတယ်ဗျ

sticker.webp0.28 KB

သူငယ်ချင်းတစ်ယောက်အကြောင်း https://www.mediafire.com/download/xzxkck6do54xda7

photo content

photo content
+1

#သူငယ်ချင်းတစ်ယောက်အကြောင်း #ဆရာမင်းလူ ဒီတစ်ခေါက်reviewရေးမယ့်စာအုပ်လေးကတော့စီးပွားရေးအကြောင်းပါတဲ့စာအုပ်လေးပါ။စီးပွားရေးလုပ်တဲ့သူတစ်ယောက်အကြောင်းပါ။လူတစ်ယောက်အကြောင်းဆိုပေမယ့် ထင်ရှားကျော်ကြားတဲ့လူမဟုတ်တာကြောင့်အတ္ထုပတ္တိလို့မပြောနိုင်ပါဘူး။ဝတ္ထုတစ်ပုဒ်လည်းမဟုတ်ပေမယ့်လို့ ဝတ္ထုတစ်ပုဒ်လိုစိတ်ဝင်စားဖို့တော့ကောင်းပါတယ်။ စိန်ကြောင်နဲ့ဆရာမင်းလူတို့က၇တန်းတုန်းကစတွေ့ပြီးခင်ခဲ့ကြတာပေါ့။ဆရာကစိန်‌ေကြာင်တတ်တဲ့ကျောင်းကိုပြောင်းလာတဲ့ နှစ်မှာစခင်ကြတယ်လို့ဆိုရမည်။စိန်ကြောင့်အဖေကရွာမှာပဲစိန်ကြောင်တို့ကိုကျောင်းတက်ပြီးဘဝမပြီးစေချင်တာကြောင့် စိန်ကြောင်တို့မိသားစုအုန်းနှဲရွာကလေးကနေရန်ကုန်ကိုတတ်လာပြီးမြို့စွန်လေးမှာ‌‌ေမြ‌ေလးတစ်ကွက်ဝယ်ပြီး နွားမနှစ်ကောင်နဲ့နေကြတာပါ။စိန်‌ေကြာင်တို့ကနွားမနှစ်‌ေကာင်ကရတဲ့နို့ကိုရောင်းပြီးစီးပွားရေးလုပ်ကြတယ်။ကျောင်းမှာဆိုလည်း စိန်ကြောင်ကအလွန်ဗရုတ်ကျ‌ေသာ‌ေကြာင့်နာမည်ကြီးသည်။မကြာခဏလည်းကျောင်းပြေးဖူးသည်။ ဒါပေမယ့်သူရဲ့ဉာဏ်ပြေးမှု၊စီးပွားရေးနဲ့ပတ်သက်လာလျှင်အကွက်မြင်တတ်မှာ၊လက်လျင်မှုတွေကြောင့် စိန်ကြောင်တို့မိသားစု အစပိုင်းတွင်စီးပွားရေးအဆင်မပြေသောလည်းနောက်ပိုင်းတဖြည်းဖြည်းအဆင်ပြေလာကြတယ်။ပထမနွားနို့စစ်ကိုပို့ရာကနေနွားနို့ကိုရေရောပြီးပို့နောက်တော့လက်ဖက်ရည်ဆိုင်တွေကိုတိုက်ရိုက်ပို့ရာကနေ နွားတွေကိုရောင်းပြီးပုံနှိပ်လုပ်ငန်းဘက် ကူးပြောင်းလာခဲ့သည်။ပုံနှိပိလုပ်ငန်းကနေစိန်ကြောင်တစ်ယောက်ဆက်စပ်ပြီး ဘယ်လိုတွေလုပ်ငန်းခ‌‌ျဲ့ထွင်သွားသလဲဆိုတာတော့ စိတ်ဝင်စားစရာပင်။ စိန်ကြောင်သည်အများနဲ့ယှဉ်လှျင်ထူးခြားချက်တွေအများအပြားရှိတယ်။ "နာတာရှည် လူမမာတစ်ယောက် ဆုံးပြီဆိုရင် ဆေးကုတဲ့စရိတ် ထောင်းခဲ့လို့ ကျန်ရစ်တဲ့မိသားစုမှာ ဖြူခါပြာခါကျပြီး ကျန်ခဲ့တတ်တယ်၊ သင်္ဂြိုဟ်စရိတ်အခက်အခဲဖြစ်ဖို့ ကျိန်းသေပဲ။ လူနာဆုံးလို့ စိတ်မကောင်းဖြစ်ရတာက တစ်မျိုး၊ ငွေမရှိလို့ ရှာရတာက တစ်ဒုက္ခ၊ သိပ်စိတ်ဆင်းရဲရတယ်။ အဲဒီလိုအခါမျိုးမှာ ကူညီရတာမှ တကယ်ထိုက်တန်တာကွ”လို့ဆိုပြီးအသုဘရှုကိစ္စတွင်တတ်နိုင်သ၍ကူညီသည်။ “မင်္ဂလာဆောင်တယ်ဆိုတာ မိန်းမတစ်ယောက်ရဲ့ နဖားကြိုး အထိုးခံလိုက်ရကြောင်းကို လူပုံအလယ်မှာ အရှက်မရှိ ကြေငြာတာနဲ့ အတူတူပဲ၊ ငါက နာရေးကိစ္စသာ ကူညီချင်တာကွ၊ မင်္ဂလာဆောင်မှာ ကူညီရတာကျတော့ကျွန်ဝယ်ရာ အဆစ်ပါသလိုပဲ”ဆိုကာမင်္ဂလာဆောင်နဲ့ပတ်သက်လှျင်သိပ်မကူညီချင်။ "သွေးမတော်သားမစပ် သူများသားသမီးအိမ်ပေါ်ခေါ် တင်​ကျွေးထားရတာလောက်မိုက်လုံးကြီးတာမရှိဘူး "အဲ့လိုပြောလေ့ရှိတဲ့စိန်ကြောင်တစ်ယောက် မိန်းမရနိုင်ပါ့မလား။ မိန်းမရသွားခဲ့လျှင်လည်း ဘယ်လိုမိန်းမမျိုးဖြစ်မလဲ။သူရဲ့စီးပွားလောဘတွေကသူ့ကိုလွှမ်းမိုးလာတဲ့အခါမှာ ဘာတွေဆက်ဖြစ်လာမလဲ.... ဤစာအုပ်လေးထဲမှာစီးပွားရေးနဲ့ပတ်သက်ပြီး ဗဟုသုတတော်တော်များများရနိုင်သလို ဈေးဝယ်တာနဲ့ပတ်သက်တဲ့ဗဟုသုတတွေလည်းတော်တော်များများရနိုင်တဲ့အ့ြပင်ဆင်ခြင်စရာေတွလည်းရနိုင်တာမို့ လူကြီးလူငယ်မရွေးဖတ်ရှုသင့်တဲ့စာအုပ်ကောင်းလေးဖြစ်ပါကြောင်း.... #reviewed by khing 🌼

နန္ဒသိန်းဇံ ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း https://www.mediafire.com/download/i01d0d21c2p2475

photo content

#ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း #ဆရာနန္ဒသိိန်းဇံ သုတစာအုပ်၊သုတရသစာအုပ်တွေကိုreviewလုပ်ပြီးနောက်မှာတော့ ဒီတစ်ခေါက်စိတ်ဓာတ်ခွန်အားနဲ့ပတ်သက်တဲ့စာအုပ်လေးတစ်အုပ်အ‌ေကြာင်းကို reviewလုပ်ပေးမှာပါ။ ""ဒုက္ခနဲ့ဆုံဆည်းရပါလို၏။ဒုက္ခနဲ့မကွဲွဲမကွာွာနေရပါလို၏"လို့လဲဘယ်သူမှမြတ်မြတ်နိုးနိုးဆုမတောင်းဘူး။ဆုမတောင်းပေမယ့်ပြည့်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒုက္ခနဲ့ဆုံဆည်းနေရလို့ပဲ၊ဒုက္ခနဲ့ အစဉ်လိုလိုပေါင်းဖော်နေရလို့ပဲ။" လို့ဆိုတဲ့အတိုင်း လူ့လောကမှာ လူဖြစ်နေသ၍ဒုက္ခတွေကြုံဆုံရမှာပါပဲ။အခက်အခဲဒုက္ခတွေကိုဘယ်လိုမျိုးစိတ်ဓာတ်ကြံ့ခိုင်စွာရင်ဆိုင်သင့်တယ်။ "ဒီတော့ အခက်အခဲတွေ၊ဘေးအန္တရာယ်တွေကိုကြုံလာတဲ့အခါမှန်ကန်တဲ့သဘောထား၊အစွန်းမရောက်တဲ့အမြင်၊ပဓာနအကျဆုံးအကြောင်းတရားကိုသိတဲ့အသိနဲ့ရင်ဆိုင်ဖြေရှင်းတတ်ဖို့လိုမှာပဲ။"ဆိုတဲ့အသိတရားတွေနဲ့ပါရင်ဆိုင်ရမှာပါ။ ဘဝမှာအခက်အခဲတွေကိုရင်ဆိုင်ကြုံတွေ့လာရတဲ့အခါအခြေအနေကိုမှန်မှန်ကန်ကန်ရှုမြင်သုံးသပ်နိုင်ရမည်ဖြစ်ကြောင်းဉာဏ်ပညာအမြှော်အမြင်ဟာဘဝမှာအရေးကြီးကြောင်း ဇာတ်လမ်းများစွာနဲ့ဥပမာပေးပြီးရှင်းပြထားပါတယ်။ အကြောင်းအရာတစ်ခုခုက ကိုယ်မျှော်လင့်ထားသလို မဖြစ်လာရင်တောင်စိတ်ဓာတ်မကျသင့်ဘူးလို့လည်းရေးထားပါတယ်။ဒီစာအုပ်လေးဟာ ဆရာနန္ဒသိန်းဇံရဲ့ အထင်ရှားဆုံးစာအုပ်တစ်အုပ်ဖြစ်ပြီး တစ်ခေါက်ဖတ်ရုံနဲ့အသိပညာအများကြီးရနိုင်တဲ့ စာအုပ်လေးတစ်အုပ်ဖြစ်ပါတယ်။အတွေးအခေါ်ကောင်းများကိုသာမက ဘဝမှာစိန်ခေါ်မှာတွေကို ရင်ဆိုင်ဖို့ သတ္တိတွေရရှိချင်တဲ့လူတိုင်းအတွက်မလွတ်တမ်းဖတ်ရှုသင့်သောစာအုပ်ကောင်းလေးတစ်အုပ်ဖြစ်ပါကြောင်း.... #reviewed by khing 🌼

5_6181220703660934488

photo content

#မီ #ဆရာမကြည်အေး လူငယ်တစ်ယောက်ရဲ့ အရူးအမူးအချစ်မျိုးနဲ့ မီ့ကိုချစ်မိတဲ့ မောင်ကိုလေး "မီဟာ ကျွန်တော်မခံနိုင်ဆုံးစကားကိုသိပ်ပြောတတ်တယ်။'မုန်းလိုက် ..မုန်းလိုက်'တဲ့ရောဂါကြီးနဲ့ မိန်းကလေးတစ်ယောက်နေရတဲ့ မီ့ကိုဘယ်သူမုန်းနိုင်ပါမလဲ။ မီဟာသနားစရာသက်သက်ပါ'လို့ဆိုပြီး နောက်ဆုံးမီ့စိတ်နဲ့ပင် စစ်ထဲဝင်၍သေလေသောမောင်ကိုလေးပင်။ မောင်ကိုလေးရဲ့အ‌ေပြာကတစ်ဆင့်မိတ်ဆက်ပေးမှုဖြင့် မောင်ကိုလေးကိုသေစေခဲ့သောကြောင့်မ‌ီ့ကိုမုန်းကာတဖြည်းဖြည်းမသိစိတ်က မီ့ကိုစွဲလန်းသွားသော သော်ဆွေ "မီ့ကိုမုန်းသည်ဟုကျွန်တော်ပြောခဲ့ဘူးပေသည်။သိုသော်ကျွန်တော့်၏အမုန်းသည် မီကျွန်တော်တစ်ယောက်နားသာကပ်နေစေလိုသည့်အမုန်းမှန်း ခုသိရပါပြီ" "မီ..မီ..မီဟာ..မီမဟုတ်ဘူး။မီးပဲ..မီးပဲ၊ငါ့ကိုရှို့‌ေနတဲ့မီးပဲ..မီလေးရယ်"မီရဲ့ထူးခြားဆန်းြကယ်တဲ့အပြုအမှုနဲ့အတူ မီ့ကိုမြတ်မြတ်နိုးနိုးချစ်မိသွားကာ မီလုပ်သမျှပြဿနာတို့ကိုမီ့အနား‌ေနကာလိုက်ဖြေရှင်းတော့သည်။ "မီဟာ ကျားနာပဲ၊မီမြင်ရာလူကို ဒုက္ခပေးချင်တယ်၊သူတို့ကိုသနားစရာလား။မီ့ကိုမ‌ေကာင်းကြံနေတာတွေ သူတို့ဂျောက်ထဲကျရင် မီကတော့ဝမ်းသာလိုက်တာ"ဆိုတဲ့မီ။ မီတစ်ယောက်ကိုသော်ဆွေနဲ့တွေ့ပြီး ဘာတွေဆက်ဖြစ်လာမလဲ။ကိုသော်ဆွေကကောမီ့ကိုပြောင်းလဲနိုင်ပါ့မလား။ ဆရာမကြီးကြည်အေးရဲ့ လက်ရာကောင်းဖြစ်တဲ့မီ၊မနဲ့စပြီး မြန်မာစာပေလောကမှာထင်ရှားတဲ့စာအုပ်၅အုပ်ထဲက တစ်အုပ်အပါအဝင်ဖြစ်ပါတယ်။ဒီ၀တ္ထု‌ေလးကိုဖတ်ရင်းနဲ့ မီ့ကိုတော့သနားမိတယ်။မီကိုအဆုံးထိဖတ်ပြီးသည့်တိုင် မီဘာကြောင့်ဒီလိုထူးဆန်းတာတွေလုပ်ခဲ့သလဲဆိုတာစဉ်းစားမရအောင် ထူးဆန်းနေတယ်။မီ့ဘဝမှာ စိတ်ဒဏ်ရာတစ်ခုကြီးကြီးမားမားရှိခဲ့လိုသာ မီလုပ်ခဲ့တာလို့တွေးမိလေရဲ့။ #reviewed by khing 🌼

အ‌ေနာက်‌ေတာင်အရပ်မှလာခဲ့သူ

photo content

#အနောက်တောင်အရပ်မှလာခဲ့သူ #ဆရာမပုညခင် စာအုပ်ရဲ့အဖုံးကိုတွေ့လိုက်တော့ သမိုင်းနောက်ခံဖြစ်ရပ်မှန်ဝတ္ထုဆိုတာကိုတွေ့မိတယ်။ ကိုယ်ကလည်းသမိုင်းနောက်ခံဖြစ်ရပ်မှန်တွေကိုသိပ်စိတ်ဝင်စားတာကိုး။ဒါနဲ့ချက်ချင်းပဲကောက်ဖတ်လိုက်မိတယ်။ The Futureသတင်းစာရဲ့ အကြီးတန်းသတင်းထောက်တစ်ယောက်ဖြစ်တဲ့ မြတ်စောနှင်းတစ်ယောက် ရန်ကုန်သတင်းရုံးချုပ်ကနေ မန္တလေးရုံးကိုရောက်လာခဲ့တယ်။စောလာရတဲ့အကြောင်းကတော့ မန္တလေးရုံးကသတင်းထောက်မန္တ‌ေလးသူရွှေစင်က accidentဖြစ်ပြီးခြေထောက်ထိသွားတဲ့အပြင် နောက်သတင်းထောက်‌ေရွှဘိုသားနဲ့ စစ်ကိုင်းသားနှစ်ယောက်အနက် ရွှေဘိုသားသတင်းထောက်က သင်္ကြန်ရက် မွေးရပ်မြေပြန်လို့ မန္တလေးရုံးမှာသတင်းထောက်အင်အားနည်းသွား၍စောကရန်ကုန်ကနေ လာရောက်အားဖြည့်ပေးခြင်းပင်။ စောလိုချင်သည့် တောင်သမန်အင်းရဲ့သတင်းလေးယူပြီးရင်တော့စောပြန်ဖြစ်လိမ့်မည်ထင်သည်။ စောသတင်းယူရာတွင်လည်းမလွယ်ကူလှသလို စောရဲ့ဘဝသည်လည်းမလွယ်ကူလှ‌ပေ။ ၂၀၀၈ခုနှစ် မေလ၂ရက်နေ့ကတော့ စောဘဝရဲ့ ကြမ်းတမ်းခက်ခဲတဲ့နေ့တစ်ခုလို့ပြော၍ရနိုင်သည်။၂၀၀၈ခုနှစ်မှာ မြန်မာနိုင်ငံအတွက်ကြီးမားတဲ့သဘာဝဘေးအန္တရယ်တစ်ခုကြုံကြိုက်ခဲ့ပါတယ်။‌‌ေဘးအန္တရာယ်ကိုမဖြစ်ခင်တစ်ရက်အလိုည‌မှသာသိကြပြီးလူပေါင်းများစွာရဲ့အသက်ကိုတစ်စဆီပျက်စီးခဲ့ရသည်။ မိသားစုတွေတကွဲတပြားသေကြေပျက်စီးကြရပြီး စောတို့မိသားစုအသိုက်အမြံု‌ေလးလည်းပျက်စီးသွားခဲ့ရတယ်။စိတ်ဓာတ်‌ေတွလည်းရိုက်ချိုးဖျက်စီးခံခဲ့ရ‌တာ‌ေပါ့။ရက်အတိအကျမမှတ်မိကြရင်တောင် ၂၀၀၈ခုနှစ်ကိုလူအတော်များများမှတ်မိကြမှာပါ။ဒီဝတ္ထုထဲမှာတော့အဲ့သဘာဝဘေးအန္တရာယ်အကြောင်း၊ စောကြုံခဲ့ရတဲ့ ဆိုးရွားလှတဲ့အဖြစ်အပျက်တစ်ခုအကြောင်းကိုအ‌ေသးစိတ်ဝမ်းနည်းစွာဖတ်ရှုရမှာပါ။သတင်းထောက်တစ်ယောက်ရဲ့ ဘဝအကြောင်း၊ခံယူချက်တွေပါဖတ်ရှုရမှာမို့ စိတ်ဝင်စားဖို့ကောင်းလှပါတယ်။ဒါ့အပြင် ၂၀၁၅ရွေးကောက်ပွဲအကြောင်းပါဖတ်ရှူရမှာဖြစ်ပြီး နိုင်ငံရေးအကြောင်းလည်း ဗဟုသုတရရှိနိုင်ပါတယ်။ သုတကောရသပါရနိုင်တဲ့စာအုပ်ကောင်းလေးတစ်အုပ်ဖြစ်တဲ့အတွက်ဖတ်ရှုသင့်ပါကြောင်း...... #reviewed by khing 🌼

photo content

#ဂျီဟောသူ #ဆရာမမစန္ဒာ "တို့လေးယောက်မ‌ေတွ့ရတာကြာပြီ။တစ်‌ေနရာမှာစံုကြရ‌ေအာင်နော်။" လို့ သဉ္ဇာက‌ေပြာ‌ေတာ့"အင်း ကောင်းတာပေါ့ သဉ္ဇာ"လို့ပြန်ပြောဖြစ်တယ်။တိုက်တိုက်ဆိုင်ဆိုင်ပဲ သဉ္ဇာပြောတဲ့အချိန်မှာ ကိုယ်က ဆရာမစန္ဒာရဲ့ ဂျီ‌ေဟာသူစာအုပ်ကို ဖတ်နေတဲ့အချိန်ပဲ။ ဒါနဲ့ပဲဒီ reviewလေးရေးဖြစ်သွားတယ်။ ဒီစာအုပ်လေးထဲမှာ စက်မှုတက္ကသိုလ်က A,B,C,Dကနေ Gအထိအဆောင်တွေရှိတဲ့ထဲက Gအဆောင်မှာရှိကြတဲ့ ကျောင်းသူတွေကို ဂျီဟောသူလို့ခေါ်ကြတာပါပဲ။ ဂျီဟောဆောင်ထဲက ခင်ချို၊မမခင်၊ဝေဝေ၊မော်မော်၊ မဝါ၊ညို‌ေထွး၊ထွေး‌ေ‌ထွး တို့ သူငယ်ချင်းတစ်စုအကြောင်းဆိုပါတော့။ တစ်နေ့တော့မဝါတစ်ယောက် ဂျီဟောသူတွေကိုမလှဘူးဆိုတော့ သူဒေါကန်ပြီး ဂျီဟောသူတွေ စုကြတဲ့အဲ့နေ့ကလက်ဖက်ဝိုင်းလေးမှာ သူတို့ကိုမလှဘူးပြောတဲ့ ယောင်္ကျားလေးတွေအကြောင်း ပြောဖြစ်ကြတယ်။အဲ့ဝိုင်းလေးမှာ မဝါက"ဒါပေမယ့် ယောင်္ကျားမိန်းမ ပြိုင်ပြောကြစတမ်းဆိုရင် မိန်းကလေးကပဲ ရှုံးရမှာပေါ့"လို့အားငယ်ငယ်နဲ့ပြောတယ်။ ဒါမယ့် ညိုထွေးကတော့"ဘာလို့ရှုံးရမှာလဲ၊ မှတ်ထား မဝါရဲ့။ ယောင်္ကျား ဆိုတာဘာနဲ့ထုထားတာမို့လဲ၊ ယောင်္ကျားတိုင်း ယောင်္ကျားတိုင်းက မိန်းကလေးတိုင်းအတွက် ကစားစရာအရုပ်လေးတွေပဲ"လို့ ခပ်တင်းတင်းပြောတယ်။ဒါနဲ့ ဝေဝေ၊မော်မော်၊ မိဝါ၊ မဝါကတစ်ဖက် ညိုထွေးကတစ်ဖက်နဲ့ လက်ဖက်ဝိုင်းလေး အချေအတင် ဖြစ်လာပြီး အလောင်းအစားတွေပါပါလာကုန်တော့ နားထောင်သမားသက်သက် လုပ်နေတဲ့ဒိုင်လူကြီးခင်ချိုတောင် ရင်တုန်လာလို့ ဆေးသကြားဖျော်သောက်လိုက်ရသတဲ့။ ပစ်မှတ်က ကိုရင်မောင့်အသည်း၊ ပစ်မည့်မြားကား မညိုထွေး ပွဲကြည့်ပရိသတ်‌ေတွကား ဝေဝေ၊မော်‌ေမာ်၊မိနဲ့မဝါ ၊ တရားသူကြီးကတော့ ခင်ချိုပင်။အလောင်းအစသည်ကား‌ေကျာင်းပြီး အလုပ်လုပ်ကြတဲ့အခါ လခတစ်လခစာသတ်မှတ်ကြသည်။ရှုံးသည့်ဘက်မှ နိုင်သည့်ဘက်ကို လခတစ်လခစာပေးရမည့်သဘောပင်။ ဒီဝိုင်း‌ေလးမှာ မမခင်နဲ့ ထွေးထွေးတို့မပါခဲ့ပေ။ ခင်ချိုတို့သည်လက်ဖက်စားပြီး သစ္စာပြုခဲ့ကြရ‌ေသာ‌ေကြာင့်လက်ဖက်သစ္စာစူးမည်စိုးကြ၍ မည်သူ့ကုိမှ ပြန်မပြောဖြစ်ကြပေ။ ဒီပွဲမှာဘယ်သူတွေနိုင်သွားမလဲ။ ညိုထွေးနိုင်မလား၊ ဝေဝေတို့နိုင်မလား၊တရားသူကြီးခင်ချိုက‌ေကာဘယ်လိုဆံုးဖြတ်‌ေပးမလဲဆိုတာ စိတ်လှုပ်ရှား ပျော်ရွှင်ဝမ်းနည်းစွာ စောင့်ကြည့်ရမှာပါ။ ဒီဝတ္ထုလေးထဲမှာတော့ တက္ကသိုလ်ကျောင်းသား/သူဘဝကိုတွေ့ရမှာပါ။သူငယ်ချင်းတွေနဲ့ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရတဲ့ကျောင်းသား/သူဘဝလေးတွေကို ဖတ်ရှုခံစားရမှာပါ။ကိုယ်ကိုယ်တိုင် ကျောင်းသားဘဝပြန်ရောက်သွားသလို ခံစားရသွားရမယ့်အပြင် ဗဟုသုတတွေပါ ရရှိမှာပါ။ဒါနဲ့ဂျီ‌ေဟာသူရုပ်ရှင်ဇာတ်လမ်းတွဲ‌ေလးလည်း‌ေကာင်းတယ်လို့ကြားမိတယ်။ကိုယ်‌ေတာ့မကြည့်ရ‌ေသးလို့😁😁။ကျောင်းသား/သူဘဝကို ပြန်ခံစားချင်တဲ့သူတိုင်းအတွက် မလွတ်စတမ်းဖတ်ရှုသင့်ပါကြောင်း.... #Review by khing 🌼

Admin စောစောကဖြစ်သွားတဲ့ problemအတွက် အနူးအညွန့်တောင်းပန်ပါတယ်။ 😔😔 Adminအဲ့တစ်ယောက်ကို banပြီး Gpထဲကအပြီးထုတ်လိုက်ပါပြီ။ Admin ဒီနေ့အလုပ်များ‌ေနတာနဲ့အခုမှမြင်တာမို့ ခုချက်ချင်းပဲထုတ်လိုက်ပါပြီ။ ပို့တဲ့သူက တင်ထားတဲ့ profileပုံနဲ့မလိုက်အောင်ပါပဲ။ Channel ကို subscribeလုပ်ထားတဲ့သူတွေကော Group chatကို joinထားတဲ့သူတွေကော ထွက်သွားစရာမလိုအောင် သူ့ကိုထုတ်လိုက်ပါပြီ။ အားလုံးကိုစိတ်အနောက်အယှက်ဖြစ်စေမိလို့ တောင်းပန်ပါတယ်။ ချစ်ခင်လေးစားစွာဖြင့် #RFY admin team

Review for you channelမှာ 18+vedio တွေလာပို့ပါတယ် ။Cover လေးတောင်မပါပဲ HD‌ေတွလာပို့တာမို့‌ေတာ်‌ေတာ်‌ေဒါသဖြစ်ရပါတယ်။ဒီchannelမ
Review for you channelမှာ 18+vedio တွေလာပို့ပါတယ် ။Cover လေးတောင်မပါပဲ HD‌ေတွလာပို့တာမို့‌ေတာ်‌ေတာ်‌ေဒါသဖြစ်ရပါတယ်။ဒီchannelမှာ chatting group ဖွင့်ပေးထားတာက စာအုပ်တေံအကြောင်းဆွေးနွေးဖို့ စာအုပ်နဲ့ပတ်သက်တဲ့အခက်အခဲမျိုးတွေရှိရင် တစ်‌ေယာက်ကိုတစ်ယောက် ကူညီဖို့ ပညာဗဟုသုတတွေမျှဝေလို့ရအောင် ဖွင့်ထားပေးတာပါ။Admin teamအနေနဲ့ဒါမျိုးလုံးဝလက်မခံနိုင်ပါဘူး။အာ့တာကြောင့် နောက်တစ်ခါ ဒါမျိုးလုပ်တဲ့သူ ပို့တဲ့သူတွေထပ်တွေ့ခဲ့ရင် Adminတို့အနေနဲ့ သတိပေးတာမျိုးလုပ်မှာမဟုတ်ပဲ ပို့တဲ့ဟာတွေဖျက်ပြီး ပို့တဲ့သူကိုရာသက်ပန် banပစ်မှာပါ။ ပို့တဲ့သူကိုသိပေမယ့်လည်း ဒီတစ်ခါတော့သူ့ရဲ့ဂုဏ်သိက္ခာကိုသက်ညှာ‌ေပးသောအားဖြင့် ဖျောက်ထားပေးပါတယ် ။နောက်တစ်ခါတော့ရမှာမဟုတ်‌ေတာ့ပါဘူး။ ဒီ channel နဲ့မဆိုင်တဲ့အပြင်ဒီ channelကိုjoin ထားကြတဲ့သူတွေထဲမှာ ယောကျာ်း‌ေလး‌ေရာ မိန်းကလေးရော ရှိတာကြောင့်ဒါမျိုး‌ေတွကိုလံုးဝမပို့သင့်ပါဘူး။Founder ကတောင် တန်းbanဖို့ပြောပေမယ့် သတိပေးတဲ့အနေနဲ့အားလုံးသိအောင် ကြေညာလိုက်တာပါ။Admin တို့လည်း စိတ်ကသိကအောင့်ဖြစ်ရပါတယ်။RFY admin teamအနေနဲ့ နောက်ထပ်ဒါမျိုးမဖြစ်အောင်ကြိုးစားပါ့မယ်။ အားလုံးကိုလေးစားစွာဖြင့် #RFY admin team