en
Feedback
Review For You

Review For You

Open in Telegram

Review For You Find your desired book here ! စာအုပ်စာပေ လူ့ မိတ်ဆွေ 📚📖👍🏻💪🏻💡

Show more

📈 Analytical overview of Telegram channel Review For You

Channel Review For You (@obbychanmin) in the Burmese language segment is an active participant. Currently, the community unites 21 741 subscribers, ranking 1 355 in the Books category and 4 834 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 21 741 subscribers.

According to the latest data from 02 December, 2024, the channel demonstrates stable activity. Although there has been a change in the number of participants by 0 over the last 30 days and by 0 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 0%. Within the first 24 hours after publication, content typically collects N/A% reactions from the total number of subscribers.
  • Post reach: On average, each post receives 0 views. Within the first day, a publication typically gains 0 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 0.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
“Review For You Find your desired book here ! စာအုပ်စာပေ လူ့ မိတ်ဆွေ 📚📖👍🏻💪🏻💡”

Thanks to the high frequency of updates (latest data received on 03 December, 2024), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Books category.

21 741
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
#ပြုံး၍လည်း ကန်တော့ခံတော်မှုပါ ရယ်၍လည်းကန်တော့ခံတော်မူပါ #ဆရာမနုနုရည်အင်းဝ မန္တလေးမှာရှိတဲ့ တောင်ပြုန်းပွဲလို့ပြောလိုက်ရင်မသိသူမရှိလောက်အောင် နှစ်စဉ်တောင်ပြုန်းရွာလေးဟာ ဝါခေါင်လဆန်း၈ရက်ကနေ လဆန်း၁၅ရက်နေ့အထိ တစ်ရွာလုံး ပွဲတော်ဖြစ်သွားပြီး မြန်မာနိုင်ငံရဲ့အနယ်နယ်အရပ်ရပ်မှာရှိတဲ့ နတ်ယုံကြည်သူပေါင်းများစွာ တစ်နှစ်တစ်ခါမဖြစ်မနေ လာလေ့ရှိကျတဲ့ ပွဲတော်မို့ သိပ်ကိုစည်ကားတာ။ တောင်ပြုန်းပွဲကြီးမှာ လူတွေပျော်ကြရသလို ပွဲကြီးကိုအမှီပြုပြီး စီးပွားဖြစ်ကြတဲ့ သူတွေလည်းများပြားလို့။ အဲ့ထဲမှာနတ်ကတော်ဒေစီဂျိန်း(ဦးဘစိ)လည်း အပါအဝင်ပင်။ ဦးဘစိတို့က ငယ်စဉ်ကချမ်းသာပြီး ဆွေမျိုးဂုဏ်လည်းရှိတော့ ဦးဘစိကို မိန်းမလျာမဖြစ်အောင်အမျိုးမျိုး တားဆီးပေမယ့် မရတဲ့အဆုံးမှာတော့ ဦးဘစိကိသူတို့မြေတောင်မြှောက်ပေး ကြရာကနေ နတ်ကတော်တချို့နဲ့ဦးဘစိတွေ့မိပြီး မန္တလေးရောက် တောင်ပြန်းပွဲကိုသဘောကျရာကနေ အိမ်ကြီးခမ်းနားရှိတဲ့ နတ်ကတော်ဖြစ်လာတာပါပဲ။ဒေစီဂျိန်းကအရှိန်အဝါရှိတဲ့အပြင် ဆွေမျိုးလည်းတောင့်တော့ တက်ပွဲတွေရ အောင်မြင်လာတယ်။ ဒေစီဂျိန်းမှာ ကောင်လေးတွေလည်းရှိတာပေါ့ ။ဒါမယ့်သိပ်မမြဲြဲကြ။ သူတို့‌လိုချင်တာယူပြီး ဒေစီဂျိန်းကို ပစ်သွားကြတာပဲ။ ဒေစီဂျိန်း ၄၆နှစ်အရောက်မှာတော့ ပွဲတစ်ခုမှာမင်းမင်းဆိုတဲ့ ကောင်လေးကို တွေ့တော့ သဘောကျပြီး မင်းမင်းကသူ့အမေ ပွဲအပြီးသန့်ရှင်းရေးလုပ်နေတော့ သူ့ကိုလိုက်နေမလားမေးပြီး သူ့အမေဆီကခွင့်တောင်း ပိုက်ဆံငါးရာနဲ့မင်းမင်းကိုအပိုင်သိမ်းလိုက်တယ်။ အစပိုင်း၃နှစ်လောက်ကကောင်းသလိုနဲ့ နောက်တော့မင်းမင်းလည်းအချိုးပြောင်းလာတော့ ဒေစီဂျိန်းမှာနတ်ကတော်လည်းလုပ်ရ မင်းမင်းကိုလည်းပါသွားမှာပူပန်ရနဲ့ အတော်ပင်ပန်းတာ။ တစ်နေ့ပန်းညိုဆိုတဲ့ သီချင်းဆိုတဲ့ကောင်မလေး ဒေစီဂျိန်းတို့အိမ်ရှေ့ရောက်လာတဲ့အခါမှာ မင်းမင်းက‌ေကာင်မ‌‌ေဘးစိတ်ဝင်စားလာတော့ ‌မင်းမင်းကိုပြတ်ဖို့ကြံတိုင်း မပျက်နိုင်ဖြစ်နေတဲ့ ဒေစီဂျိန်း ပူပန်ပြီး ပါမသွားအောင်လိုက်ထိန်းဖို့ကြိုးစားရတော့တယ်။ မိန်းကလေးအစစ်လေးတွေကိုမြင်တိုင်း စိတ်ဝင်စားတတ်တဲ့မင်းမင်းရဲ့ ပြောသမျှစကားတွေကို ပန်းညိုကလည်းယုံကြည်ခဲ့တယ်။ ဒီအထဲမှာသနားစရာအကောင်းဆုံးကတော့ဒေစီဂျိန်း‌ေပါ့။သူ့ကိုမိန်းမအစစ်လို့မမြင်တဲ့ သူကိုမှချစ်နေမိတဲ့အတွက် သူ့အတွက်ကတော့‌ေန့တိုင်းနာကျင်မှုတွေနဲ့ပဲဖြတ်သန်းနေခဲ့ရသူပါပဲ။ #reviewed by khing 🌼

5_6210764761487901647

photo content

#Little Women #Louis May Alcott Mr.March နဲ့Ms.Marchဇနီးမောင်နှံဟာ အမေရိကန်နိုင်ငံတောင်ပိုင်း Massachusetts ပြည်နယ်မှာရှိတဲ့ အိမ်ငယ်လေးတစ်လုံးမှာနေထိုင်ကြတယ်။Mr.Robert Marchကတော့စစ်သားတစ်ယောက်ဖြစ်ပြီးတော့ Ms.Margert Marchကတော့စိတ်သဘောထားဖြူစင်တဲ့အိမ်ရှင်မကောင်းတစ်ယောက်ပေါ့။သူတို့ဇနီးမောင်နှံမှာ Meg,Joe,Beth,Amy ဆိုပြီးသမီးလေးယောက်ထွန်းကားတယ်။ Meg ဆိုတဲ့သမီးကြီးကတော့၁၆နှစ်၊ Joeကကျတော့ ၁၅နှစ်၊ Bethက၁၃နှစ်နဲ့ အငယ်ဆုံးသမီးလေးAmyကတော့ ၁၂နှစ်ပေါ့။ သူတို့မိသားစုကိုဆင်းရဲ‌ေပမယ့် စိတ်သဘောထားဖြူစင်ပြီးလူတွေကိုကြင်နာတတ်တဲ့ ကောင်းတဲ့မိသားစု အဖြစ်အိမ်နီးချင်းတွေကအသိအမှတ်ပြုကြတယ်။ ချမ်းသာတဲ့Mr.Lauranceတို့အိမ်နဲ့ဆိုအိမ်ချင်းကပ်ရပ် ခင်မင်တဲ့အိမ်နီးချင်းတွေပေါ့။Mr.Laurance ရဲ့မြေး နဲ့Meg တို့ညီအစ်မတွေဆိုသူငယ်ချင်းတေွပေါ့။Mr.Marchကစစ်သားဖြစ်တာကြောင့် အိမ်မှာမိသားစုနဲ့အချိန်တူတူကုန်ဆုံးနိုင်ချိန်က အရမ်းနည်းပါးတယ်။ ဒါကြောင့်Ms.Marchကသမီးလေးယောက်ကို အိမ်မှာဦးဆောင်ထိန်းကြောင်းပြီးတော့ အိမ်ရဲ့လိုအပ်ချက်တွေဝေယျာဝိစ္စတွေကို စနစ်တကျစီမံခန့်ခွဲရတော့တာပေါ့။Meg တို့‌ည‌ီအစ်မတွေမှာ အိမ်မက်ကိုယ်စီရှိကြတယ်။Megကတော့ ချမ်းသာကြွယ်ဝပြည့်စုံပြီး ကြီးကျယ်ခမ်းနားတဲ့ အိမ်ကြီးကိုစီမံခန့်ခွဲနိုင်တဲ့ သခင်မလေးဖြစ်ချင်တယ်။ Joeကတော့ စာရေးရတာကိုကြိုက်နှစ်သက်ပြီးတော့ အောင်မြင်တဲ့စာရေးစရာမတစ်ယောက်ဖြစ်ချင်တာပေါ့ ။Begကတော့စိတ်နှလုံးသား နူးညံသိမ်မွေ့ပြီး သူရဲ့မိသားစုချစ်ခင်တတ်ပြီး အေး‌အေးဆေးဆေးနေတတ်တဲ့သူဖြစ်တာမို့ ရည်မှန်းချက်ကြီးကြီးမားမားမရှိဘူး။ Amy ကတော့ အောင်မြင်တဲ့ ပန်းချီဆရာမလေးဖြစ်ချင်တာပေါ့။ ဒီစာအုပ်လေးထဲမှာတော့ Ms.Marchနဲ့ သူ့သမီးတွေရဲ့စိတ်ထား ရုန်းကန်လှုပ်ရှားမှုတွေ အမျိုးသမီးတွေရဲ့စွမ်းရည်တေ‌ွကိုတွေ့ရမှာပါ။သူတို့ ညီအစ်မတတွေရဲ့ ငယ်ရွယ်စဉ်ကလေးဘဝအရွယ် ကနေ အိမ်ထောင်သည်အမျိုးသမီး ဘဝအထိဖြတ်သန်းခဲ့ရပုံတေ‌‌ွကို ရေးသားထားတာပါ။ ဒီစာအုပ်လေးကတစ်ဆင့်အမျိုးသမီးတွေရဲ့ စွမ်းအား၊ စိတ်ဓာတ်‌ေတွကို ‌ဖော်ပြထားတာကြောင့် အမျိုးသမီးတိုင်းဖတ်ရှုသင့်တဲ့စာအုပ်ကောင်းလေး ဖြစ်ပါကြောင်း... #reviewed by khing 🌼

photo content
+2

#အမှှတ်တရ #ဆရာမဂျူး ဒီစာအုပ်လေးကတော့ ဆရာမဂျူးရဲ့စာအုပ်တွေထဲက ထင်ရှားကျော်ကြားပြီး လူဖတ်များတဲ့စာအုပ်တစ်အုပ်ပါ။ဒီစာအုပ်လေးကလက်ကမချချင်လောက်အောင် ကောင်းလွန်းတဲ့စာအုပ်တစ်အုပ်ဆိုလည်းမမှားပါဘူး။ ဒီဝတ္ထုလေးရဲ့ ဇာတ်အိမ်တည်ရာကတော့ မန္တလေးတိုင်းဒေသကြီးမှာရှိတဲ့ ဆေးတက္ကသိုလ်မှာဖြစ်ပါတယ်။ အဝတ်အစားအလှအပ ပြင်ပြင်ဆင်ဆင်နေလေ့မရှိတဲ့ ဟန်ဆောင်မှုကင်းတဲ့ သူတစ်ယောက်၊ သူမကိုယ်တိုင်လည်း ဉာဏ်ရည်ထက်မြက်ပြီး ဉာဏ်ရည်ထက်မြက်ပြီးအရည်အချင်းရှိတဲ့သူကိုသာ ရည်စားလုပ်ဖို့‌ေရွးချယ်တဲ့တဲ့စုစုထွေးဆိုတဲ့ဆေးကျောင်းသူ၊ လှလှပပဝတ်စားဆင်ယင်တတ်တဲ့ မိမိကို ပခုံးချင်းမယှဉ်မယ့် ပညာတတ်ပြီး ပြင်ပြင်ဆင်ဆင်နဲ့လှပတဲ့ကောင်မလေး သူပြောသမျှလက်ခံယံုကြည်မယ့်‌ေကာင်မ‌ေလးမျိုးကိုသဘောကျတဲ့ ကောင်လေး၊ သူတို့နှစ်ယောက်ဒုတိယနှစ်စလောက်မှာသတိထားမိကြပြီး နှစ်ဆုံးလောက်မှာစပြီးချစ်သူတွေ ဖြစ်ခဲ့ကြတယ်။ တစ်ယောက်နဲ့တစ်ယောက်အကြိုက်တူတာချင်း စရိုက်တူတာချင်းနည်းပေမယ့်လို့ တစ်ယောက်ကိုတစ်ယောက်ချစ်ခဲ့ကြ ကြင်နာခဲ့ကြတာပေါ့။ တစ်ခုခုငြင်းစရာရှိပြီဆိုရင်လည်း တစ်ယောက်နဲ့တစ်ယောက် အားမနာတမ်း factကျကျငြင်းကြပြီးတော့ တစ်ယောက်ကိုတစ်ယောက်အားပေးဖော်အဖြစ် တစ်ယောက်နေမကောင်းရင်လည်းတစ်ယောက်ကပြုစုစောင့်ရှောက်ကြပြီး စိတ်ဆိုးရင်လည်း‌ ပြန်ချော့ကြနဲ့ သိပ်ကိုအဆင်ပြေခဲ့ကြတာ။ ဒါမယ့်စုစုထွေးတစ်‌ေယာက် ဆေးတက္ကသိုလ်နောက်ဆုံးနှစ်အပိုင်း(ခ) မှာတော့ အဏ္ဏဝါအ‌ေအးဆိုင် မိုးခိုရငါးသူမမြင်တွေ့ချင်တဲ့ မြင်ကွင်း သူမရဲ့ကောင်လေးနဲ့တခြားကောင်မလေးတစ်ယောက်တူတူ ထိုင်နေတာမြင်လိုက်ရချိန်မှာတော့.... စုစုထွေးနဲ့သူ့ကောင‌်လေးပြန်အဆင်ပြေနိုင်ပါ့မလား စုစုထွေးကောင်လေးရဲ့ အချစ်ဦးထိုကောင်မလေးက စုစုထွေးရဲ့ ဘဝထဲကနေ ဆွဲထုတ်သွားလေမလား စုစုထွေးနဲ့သူ့ကောင်လေးကွဲသွားခဲ့ရင်လည်း ကိုယ့်ကောင်လေးကို ကကြီးကနေ အ အထိနားလည်ပေးပြီး ချစ်ခဲ့တဲ့ စုစုထွေးက မခံမရပ်နိုင်လောကါအောက်နာကျင်ကြေကွဲ ခံစားရပြီး သူ့ကောင်လေးကတော့ နောင်တတွေရနေမှာအသေအချာပါပဲ။ ဒီစာအုပ်လေးက ဆရာမဂျူးရဲ့လက်ရာကောင်းတွေထဲကတစ်ခု ဖြစ်တာကြောင့် ညွှန်းစရာမလို‌ေလာက်‌ေအာင်‌ေကာင်းတဲ့ လူငယ်တို့လက်မလွှတ်ဘဲဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းလေးဖြစ်ပါကြောင်း... reviewed by khing 🌼

photo content

#ချည် #ဆရာမထက်မြတ်နိုင်ဇင် ချည်ဆိုတဲ့ နာမည်တစ်လုံးထဲနဲ့နာမည်ကြီးရုပ်ရှင်ကို သိကြမှာပါ။သာမန်အားဖြင့် ရုပ်ရှင်အဖြစ်မရိုက်ခင်မှာ စာအုပ်အရင်ထွက်ကြပေမယ့် ဒီစာအုပ်လေးက ရုပ်ရှင်အဖြစ်ရိုက်ကူးပြီးမှသာ စာအုပ်အနေနဲ့ထွက်ရှိလာတာပါ။ ခွန်းသနဲ့မူရာတို့ဇနီးမောင်နှံကသိပ်ကိုချစ်ခင်ပြီး တစ်ဦးအပေါ်တစ်ဦးအပြန်အလှန်နားလည်ကြတဲ့ သိပ်လိုက်ဖက်တဲ့ဇနီးမောင်နှံပေါ့။သူတို့မှာ ချစ်စရာကောင်းတဲ့ ၅နှစ်အရွယ်သမီးလေးတစ်ယောက်ရှိတော့သိပ်ကိုအေးချမ်း‌ေပျာ်ရွှင်စရာကောင်းတဲ့မိသားစုလေးလေ။ခွန်းဒအလုပ်က ကယားပြည်နာ်မော်ချီးသတ္တုတွင်းက သတ္တုတူးေဖာ်တဲ့ကုမ္ပဏီပိုင်ရှင်တစ်ဦးဖြစ်ပြီးတော့ အဲ့မြို့လေးမှာပဲ ကော်ဖီခြံလေးအိမ်လေးနဲ့ရှိပြီး ကလောကအိမ်‌ေလးကိုပြန်‌ေရာက်တဲ့အချိန်မှာတော့ ခွန်းဒရဲ့ရှိသမျှပင်ပန်းမှုတွေ မောပန်းမှုတွေပြေပျောက်အောင် လိုလေးသေးမရှိ မူရာက အကွက်ကျနေအောင် ပြင်ဆင်ထားတတ်တာကြောင့် ခွန်းဒအတွက်အမြဲအမောပြေလေးဖြစ်နေခဲ့တယ်။ ခွန်းဒေ‌ေကာ်ဖီခြံကို‌ေ‌စာင့်တဲ့ ဦးဗျားရယ်က နတ်ဖတ်တဲ့စုံတွဲဆိုပြီးပြောလေ့ရှိတာပေါ့။ဒါမယ့် တစ်နေ့မှာတော့လွိုင်ကော်ကို INGO က medical coordinator ငုရွှေဝါသွယ်နဲ့ သူ့အဖွဲ့ရောက်လာခဲ့တယ်။ ရွာရဲ့ဓလေ့တစ်ခုအရ ရွာကိုပိတ်ထားချိန်နဲ့ ကြုံနေခဲ့ရာက‌ ခွန်းဒနဲ့ရွာပြင်မှာတွေ့တော့ ခွန်းဒကကူညီပေးရင်းနဲ့ ငုရွှေဝါသွယ်နဲ့ခွန်းဒတို့သိလာကြတယ်။ နောက်ပိုင်းခွန်းဒကငုရွှေဝါသွယ်လွိုင်‌ေကာ်ကလေ့လာချင်တဲ့နေရာတွေကိုလိုက်ပို့ပေးရင်းနဲ့ ပိုရင်းနီးလာကြတာပေါ့။ငုကခွန်းဒကိုသ‌‌ေဘာကျ‌ေန‌ေလရဲ့။တစ်နေ့ ခွန်းဒနဲ့ငုတို့ လွိုင်ဟိုထားတောင်ရဲ့ အောက် ယင်းတလဲလူမျိုးတွေနေတဲ့ ဝမ်းအောင်းရွာကိုသွားလည်ကြရင်းကKNRPနဲ့ TPAတို့ရွာထဲမှာ တိုက်ပွဲဖြစ်နေတာနဲ့ကြုံလိုက်ရတော့တယ်။ ခွန်းဒနဲ့ငုတို့ ရွာထဲကပြေးနေရင်းနဲ့ တစ်နေရာအရောက် ခွန်းဒပေးတဲ့ ကင်မရာလေးသစ်ကိုင်းမှာညှိလို့သွားယူရာကနေ ကျားပါးစပ်ထောင်ချောက်ထဲငုခြေထောက်ညှပ်မိခဲ့လို့ ဒဏ်ရာရသွားတာပေါ့။ ခွန်းဒကငုရဲ့အဲ့ဖြစ်ရပ်လေးကြောင့်ခြေထာက်ထော့နင်း ထော့နင်းဖြစ်နေတာလေးကို သနားရာကပိုရင်းနှီးလာရင်း မူရာကအဲ့အကြောင်းတေ‌ွသိသွားတဲ့အခါမှာတော့... ဦးဗျားရယ်ပြောတဲ့ ခွန်းဒတို့စုံတွဲကနတ်ဖက်တဲ့စုံတွဲဆိုတာဖြစ်နိုင်ပါ့တော့မလား။ခွန်းဒနဲ့မူရာတို့ရဲ့ ၁၀နှစ်တာအိမ်ထောင်တစ်ခု ဆက်လက်ခိုင်မြဲနိုင်ပါ့မလား။ ခွန်းဒကိုသဘောကျနေတဲ့ငုက ခွန်းဒမှာအိမ်ထောင်နဲ့သမီးလေးတစ်ယောက်ရှိကြောင်း သိသွား‌ေသာ်လည်းနောက်ဆုတ်နိုင်ပါ့မလား... ဆိုတာကိုတော့ ဆက်လက်ဖတ်ရှုကြပါနော်။ဒီစာအုပ်လေးထဲမှာတော့ ကယားပြည်နယ်ရဲ့လှပတဲ့ရှုခင်းတွေ၊ သူတို့ရဲ့စိတ်ဝင်စားဖွယ်ရိုးရာဓလေ့တေ‌ွကိုတွေ့မြင်ရမှာပါ။ဒါ့အပြင်အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ အသိပညာလေးတွေလည်းပါတာကြောင့် လူငယ်လူရွယ်တွေနဲ့ အိမ်ထောင်ရှင်တို့ ဖတ်ရှုသင့်တဲ့စာအုပ်ကောင်းလေးတစ်အုပ်ဖြစ်ပါကြောင်း... #reviewed by khing 🌼

Repost from Self-Study Myanmar
English စာ လေ့လာရအောင် ✨✨✨ Let us guide you to find the most appropriate tools at every stage of your learning curve.
+5
English စာ လေ့လာရအောင် ✨✨✨ Let us guide you to find the most appropriate tools at every stage of your learning curve.

photo content

အချိန်ယူရတယ် ဆိုတာကိုတော့ ဂရုပြုပါ။ (၉) ဖတ်ထားတဲ့ စာအုပ်တွေကို စစ်ကြောမှု ပြုပါ။ ရှေးတုန်းကတကယ်ဖြစ်ခဲ့လို့ စာရေး ဆရာက တကယ်ရေးသားခဲ့တာပေါ့ ဆိုတဲ့ ဆင်ခြေတွေကို နားမယောင်မိပါစေနဲ့။ စာအုပ်တွေထဲမှာ ရေးသားထားတိုင်း အမှန် တရားတွေလို့ ဆိုလို့မရပါဘူး။ “စာရေးဆရာ က ဒီအကြောင်းကို ဘယ်လိုလုပ်သိသလဲ” ၊ “သူအမှန်အတိုင်း ပြောနေတာရော ဟုတ်ရဲ့လား” စသဖြင့် စစ်ကြောသင့်ပါတယ်။ ဒီကိစ္စအတွက် စာရေးဆရာတွေရဲ့ အတ္ထုပ္ပတ္တိ တွေက အထောက်အကူပြု ပေးနိုင်ပါတယ်။ (၁ဝ) ဖတ်ရမယ့် စာအုပ်စာရင်း၊ ဖတ်လို့ မပြီးသေးတဲ့ စာအုပ်စာရင်းတွေကို ချရေး ထားပါ။ အဆွေက တစ်ဝက် တစ်ပျက်ပဲ ဖတ်ရသေးတဲ့ စာအုပ် စာရင်းနဲ့ ဖတ်ကို ဖတ်မယ်လို့ ဆုံးဖြတ်ထားတဲ့ စာအုပ် စာရင်းတွေ ကို ချရေးပြီး ဆောင်ထားပါ။ ဒါမှမဟုတ် စာရေး ဆရာ စာရင်းကို ပေါ့လေ။ ဘာ ကြောင့်လဲဆိုတော့ အဲဒီ စာအုပ်တွေကို ဖတ်နိုင်ဖို့ အချိန်အခါ၊ အခွင့်အရေးဟာ ဘယ်အချိန် ဘယ်အခါမှ ပေါ်ပေါက်လာနိုင် တယ်ဆိုတာကို အဆွေ ကြိုသိနိုင်ဖို့ ခက်ခဲ လို့ပါပဲ။ သူငယ်ချင်း တစ်ယောက်ယောက်ကို ထိုင်စောင့်နေရတဲ့ အခါမျိုး၊ ခရီးရှည် တစ်ခု ကို ကား၊ ရထားစီးပြီး သွားရတဲ့ အခါမျိုး၊ ရုံးမှာ လုပ်စရာတွေ ပါးနေတဲ့ အချိန်မျိုး စသဖြင့်ပေါ့လေ။ သြော် - အရေးကြီးတာ တစ်ခု ကျန်သေးတယ်။ စာရေး ဆရာတွေက ဖတ်ဖို့ ထောက်ခံချက်ပေးထားတဲ့ စာအုပ် နာမည်တွေကိုလည်း စာရင်းထဲ ထည့်ရေးဖို့ မမေ့နဲ့နော် - အဆွေ။ (၁၁) ယခင်က မဖတ်ဖူးခဲ့တဲ့ စာပေ အမျိုး အစားတွေကို ရွေးချယ်ဖတ်ရှုကြည့်ပါ။ ပုံမှန်အားဖြင့် ဖတ်လေ့ ဖတ်ထ မရှိခဲ့ တဲ့ စာပေ အမျိုးအစားတွေကို အပြောင်း အလဲ လုပ်ပြီး ဖတ်ရှုကြည့်ပါ။ စာအုပ် အငှား ဆိုင်တွေ၊ စာအုပ် အရောင်းဆိုင်တွေနဲ့ စာကြည့်တိုက်တွေမှာ အရင်က အဆွေ ခြေမချခဲ့ဖူးတဲ့ စာအုပ်တန်းတွေဘက်ကို ခြေချကြည့်လိုက်ပါ။ လုံးဝ ဖတ်လို့ မကောင်း ပါဘူးဆိုတဲ့ စာအုပ် သတင်းတွေကို ဂရု မမူဘဲနဲ့ တကယ် ဖတ်ရှုထားတဲ့ အဆွေ့ သူငယ်ချင်းတွေဆီက မှတ်ချက်တွေကို တောင်းကြည့်ပါ။ အဆွေ့ရဲ့ ခံစားစိတ်က တကယ် လိုအပ် တောင့်တနေတဲ့ စာအုပ် တစ်အုပ်ကိုသာ ကောက်ဖတ်မိလိုက်လို့ ကတော့ ကြီးကျယ်တဲ့ အံ့သြပျော်ရွှင်မှုကို ပိုင်ဆိုင် ရရှိပြီပေါ့။ ဒါတင်မကသေးဘဲ ထူးမြတ် တဲ့ ဉာဏ်ပညာတွေကိုပါ ထပ်ဆောင်းရရှိ နိုင်သေးတယ် ဆိုတာကိုလည်း မမေ့လိုက်နဲ့ နော် - အဆွေ။ (၁၂) အဆွေ့ဉာဏ်က လိုက်မမီနိုင်မှုကို လက်ခံပါ။ အဆွေမြည်းစမ်းကြည့်တဲ့ စာအုပ်က အဆွေ့အတွက် အကျိုး မရှိ၊ အသုံး မဝင်ရင် ဆက်မဖတ်ဘဲ ချသာ ထားလိုက်ပါ။ စိတ် ဉာဏ် ကွန့်မြူးစရာထက် ပိုလွန်နေတဲ့ တချို့သော စာအုပ်ကောင်းတွေလည်း ရှိနိုင်ပါ သေးတယ်။ အဲဒီ စာအုပ်တွေကျတော့လည်း ဖတ်ရှုဖို့ အတွက် ဉာဏ်ပညာ အတိုင်း အဆ တစ်ခု အထိ ရောက်ထားဖို့ လိုပါတယ်။ ဒါကြောင့်မို့ အဆွေ့ကို စိတ်ပင်ပန်းလေးလံစွာ နဲ့ စာရွက် တစ်ရွက်ပြီး နောက်တစ်ရွက်ကို ဆက်လှန်ဖို့ သောကရောက်စေတဲ့ စာအုပ် မျိုးကိုလည်း အချိန် အတိုင်းအတာ တစ်ခု အထိ မဖတ်ဘဲ ချထားလိုက်ပါ။ နောင်တစ်ချိန်မှ ကြိုးစားပြီး ထပ်ဖတ်ကြည့်ပါ။ ဒါမှ မဟုတ်ရင်လည်း စာဖတ်သက်ဝါရင့်တဲ့ စာဖတ်သမားတစ်ဦး ဆီက ဘယ်လို ဖတ်သင့်ပါတယ် ဆိုတဲ့ အကြံဉာဏ်တွေကို တောင်းခံအသုံးချကြည့်ပါ။ ဘယ်လိုလဲ - အဆွေ။ ကျွန်တော်က ဒီနည်းလမ်း ၁၂ ချက်ကို ကိုယ်တိုင် အသုံး ချဖူးပြီး အကျိုးရှိတာကြောင့် ဝေမျှလိုက်တာ။ အဆွေ့အတွက် ဘယ်လိုနေမလဲ မသိဘူး။ ကျွန်တော့်စိတ် အထင်တော့ တချို့ အချက်တွေကို အဆွေ အသုံးချဖူးကောင်း ချဖူးပါလိမ့်မယ်။ ကျွန်တော်တို့တွေရဲ့ ဘဝမှာ အချိန်ဟာ အင်မတန် တန်ဖိုးရှိလှပါတယ်။ ဒီနေ့ ခေတ်ရဲ့ များမြောင်လှတဲ့ စာအုပ်တွေထဲမှာ ကျွန်တော်တို့ ဖတ်ရှုစရာမလိုတဲ့ စာအုပ်တွေ ကလည်း အများအပြားကို ရှိနေပါတယ်။ ဒီတော့ တန်ဖိုးရှိတဲ့ အချိန်တွေကို အကျိုး ရှိမယ့် စာအုပ်တွေနဲ့သာ အသုံးချသင့်ပါ တယ်။ ရသပိုင်းကိုရော သုတပိုင်းကိုပါ ပြောတာနော်။ ဒါက ပထမ အဆင့်ပေါ့။ ဒုတိယ အဆင့်ကတော့ စာအုပ်ကောင်းတွေ လက်ထဲရောက်နေရက်နဲ့ နည်းမှန် လမ်းမှန် မဖတ်တတ်ခဲ့ရင် အကျိုးမရှိနိုင်ပြန်ပါဘူး။ ဒီအတွက်တော့ အထက်မှာ ဖော်ပြခဲ့တဲ့ နည်းလမ်း ၁၂ ချက်ကို အသုံးပြုကြည့်ဖို့ အကြံပြုပါရစေ။ ကဲ ... ကျွန်တော့်ဆောင်းပါး လည်း အတန်အသင့် ရှည်လွန်းနေပြီမို့ အမေရိကန်ကဗျာဆရာ Wystan Hugh Auden (1907-1973) ရဲ့ စကားလေး တစ်ခွန်းနဲ့ အဆုံးသတ်လိုက် ပါရစေ။ Some books are undeservedly forgotten; none are underservedly remembered. တချို့သော စာအုပ်တွေကို မေ့ဖျောက်ဖို့ရာ မထိုက်တန်။ စာအုပ် မှန်သမျှ ကိုလည်း မှတ်သားဖို့ရာ မထိုက်တန်။

(၂) အဆွေ့စိတ်ထဲက တစ်ခုခုကို မျှော်လင့်ထားမိတဲ့ စာအုပ်မျိုးကို ရွေးချယ်ပါ။ ရောင်းကောင်းတယ်ဆိုတဲ့ စာအုပ်မျိုးတိုင်းကို ပြောတာ မဟုတ်ပါဘူး။ အထဲမှာ ပါဝင်တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ပြောတာပါ။ စာအုပ် တစ်အုပ်ကို မဖတ်ခင်မှာ အဆွေ့ကိုယ် အဆွေ ပြန်မေးကြည့်ပါ။ “ဒီ စာအုပ်ထဲကနေ ဘယ်လို အကြောင်း အရာမျိုး၊ ဘယ်လို အတွေးအခေါ်မျိုး ငါရရှိ နိုင်မှာလဲ”။ ကောင်းမွန် အကျိုးရှိမယ့် တစ်ခုခု ကို မျှော်လင့်မိတယ် ဆိုရင်တော့ အဲဒီလို စာအုပ်မျိုးကို ကောက်သာ ဖတ်လိုက်ပါတော့။ (၃) မှတ်စုထုတ်ခြင်း၊ တို့ထားခြင်း၊ တေးထားခြင်းများ ကျင့်သုံးပေးပါ။ စာအုပ် တစ်အုပ်ကို အဆွေဖတ်ပြီး တာနဲ့ အဲဒီစာအုပ်ရဲ့ ဆိုလိုရင်း အနှစ်ချုပ်ကို ချရေးတတ်တဲ့ အကျင့်ကို မွေးမြူပါ။ ဒါမှမဟုတ် ကိုးကားဖို့ အတွက် မျဉ်းသားထား တာမျိုး၊ ရောင်စုံ မင်တံနဲ့ ခြယ်သထားတာမျိုး လုပ်ကြည့်ပါ။ ဒါမှ မဟုတ်သေးရင်လည်း အခန်းစဉ် အလိုက် မှတ်စု ထုတ်တာမျိုး လုပ်ကြည့်ပါ။ အဆွေ့ရဲ့ ကိုယ်ပိုင် မှတ်စု စာအုပ်မှာ ချရေး ဒါမှမဟုတ် ဘလော့ဂ် တစ်ခုခုမှာ တင်လိုက်ပေါ့။ သူငယ်ချင်း မိတ်ဆွေတွေရဲ့ မှတ်ချက်တွေက အဆွေ့ရဲ့ လိုအပ်ချက်တွေကို ဖြည့်စွက် ပေးပါလိမ့်မယ်။ (၄) ဖတ်ထားတဲ့ စာအုပ်အကြောင်းကို ဆွေးနွေးပြောဆိုပါ။ အဆွေဖတ်မှတ် ထားမိတဲ့ လုပ်ငန်း လုပ်ကိုင်မှု မဟာဗျူဟာ ပုံစံသစ် အကြောင်း ကို အထက် အရာရှိနဲ့ ဆွေးနွေးပြောဆို ကြည့်ပါ။ အပေါင်းအသင်း တွေနဲ့ ဆုံတဲ့ အခါ စိတ်ဝင်စားဖို့ သိပ်ကောင်းတဲ့ အတိတ် သမိုင်း စာအုပ် တစ်အုပ် အကြောင်းကို ပြောဆို ဆွေးနွေးကြည့်ပါ။ စာဖတ်သူ မျိုးစုံဟာ သူတို့ရဲ့ ကြိုက်နှစ်သက်မှုတွေ အပေါ် မူတည်ပြီး ဖတ်တဲ့ စာအုပ်တွေ ကွဲပြားကြပါတယ်။ ဖတ်တဲ့ စာအုပ်တွေ အပေါ် မူတည်ပြီး ရရှိတဲ့ အတွေးအခေါ် တွေနဲ့ အယူအဆပိုင်းတွေပါ ကွဲပြားတတ်ကြ ပါတယ်။ ဒါကြောင့် ဆွေးနွေး ပြောဆိုခြင်းဟာ မတူညီတဲ့ အတွေးအခေါ် တွေရဲ့ ထိပ်တိုက်တွေ့ဆုံမှု တစ်ခု ဖြစ်ပါတယ်။ အဲဒီကနေ ဖြစ်ပေါ်လာနိုင်တဲ့ ရလဒ်ကြီး နှစ်ခုကတော့ လှပတဲ့ အတွေးအခေါ် အချိတ် အဆက်နဲ့ ကြီးမားကွဲပြားတဲ့ အတွေးအခေါ် အကွာအဟတို့ပဲ ဖြစ်ပါတယ်။ အဓိက သိထားရမှာကတော့ အယူမှား၊ အစွဲမှား တွေကို စာဖတ်ပြီး ဆွေးနွေးခြင်းနဲ့သာ ချေ ဖျက်နိုင်တယ် ဆိုတာကိုပါ။ ဒါပေမဲ့ စာဖတ် ခြင်းကနေပဲ အယူမှား၊ အစွဲမှားတွေကို ရရှိ နိုင်တာကိုလည်း မေ့မထားပါနဲ့ဦးနော် - အဆွေ။ (၅) အကြောင်းအရာ ကောင်းတွေကို သင်ပြလမ်းညွှန်ပေးပါ။ အဆွေ ဖတ်မှတ်ထားတဲ့ စာအုပ်ထဲက ကောင်းမွန်တဲ့ အကြောင်းအရာတွေကို အဆွေ့လို စာ မဖတ်နိုင်တဲ့ သူတွေဆီ ရောက်အောင် သင်ပြ လမ်းညွှန်ပေးသင့် ပါတယ်။ ဒီအတွက် အဆွေက စာသင်ကြားပေးဖူးတဲ့ ဆရာ တစ်ယောက်ယောက် ဖြစ်ဖို့ မလိုပါ ဘူး။ အဲဒီလို သင်ပြ လမ်းညွှန် လုပ်ပေးနိုင်တဲ့ အခွင့်အရေး တစ်ခုခု ရရှိလာရင်သာ လက် မလွှတ်ပစ်ဘဲ အဆွေ ကိုယ်တိုင် ကောက်သင်းကောက်လိုက်စုခဲ့ရတဲ့ သညာအသိ တွေကို ဖြန့်ဝေပေးပါ။ အဲဒီလို အခွင့်အရေး ကို အဆွေကိုယ်တိုင် ဖန်တီးယူလို့လည်း ရပါတယ်။ အလုပ်ခွင်မှာ အဆွေက ဦးဆောင်ပြီး စာပေဆွေးနွေးပွဲလေး လုပ်ပါ။ ရပ်ကွက် စာကြည့်တိုက်မှာ စာပေဆွေးနွေးပွဲ လေးလုပ်ပါ။ ဒီကိစ္စက စာဖတ်သမားတိုင်းနဲ့ တော့ မလိုက်ဖက်နိုင်ဘူးဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ အကြောင်းအရာတစ်ခု ကို ရွေးပြီး တခြားသူတွေကို သင်ပြပေးဖို့ အတွက် စာပေဆွေးနွေးပွဲတစ်ခု လုပ်တာဟာ အဆွေက အဲဒီအကြောင်းကို ဘယ်လောက် ကျေကျေညက်ညက် သိထားတယ် ဆိုတာကို ပြသရာရောက်တယ်ဆိုတာ မမေ့လိုက်ပါနဲ့။ (၆) ဝါကျဖွဲ့စည်းပုံတွေကို ဂရုတစိုက်ဖတ်ပါ။ စာရေးဆရာက သူပေးချင်တဲ့ အကြောင်းအရာ အချက်အလက်တွေကို သူကျွမ်းကျင်တဲ့ ဝါကျ တည်ဆောက်ပုံ သဏ္ဌာန် အတိုင်း ရေးသား ထားမှာပါ။ ဒါကြောင့် စာရေး ဆရာတွေဆီကနေ အချက်အလက် ချိတ်ဆက်ပုံတွေကို ရယူနိုင် ပါတယ်။ အဆွေ့ရဲ့ မှတ်ဉာဏ် အတွက် အထောက်အကူဖြစ်မှာပါ။ (၇) Google မှာ ရှာဖွေလေ့လာဖို့ မမေ့ပါနဲ့။ ဒီနေ့ခေတ်မှာ စာရေးဆရာတွေ အကြောင်းကို Website တွေမှာ ရှာဖွေ လေ့လာဖို့ဆိုတာ လွယ်မှလွယ်ပါပဲ။ ပုံနှိပ် ထုတ်ဝေပြီးသမျှ စာအုပ်တွေကိုလည်း e-book အဖြစ် ရှာဖို့ လွယ်ပါတယ်။ စာရေး ဆရာရဲ့ ကိုယ်ပိုင် Website မှာလည်း သူနဲ့ စကားပြောဆိုနိုင်ခွင့်ကို အဆွေ ရရှိနိုင်ပါ သေးတယ်။ ဝါသနာတူ မိတ်ဆွေတွေနဲ့လည်း အဲဒီ Website တွေမှာ ဆုံစည်းဆွေးနွေး နိုင်တယ်နော်။ Google ကို အသုံးချဖို့ မမေ့ပါနဲ့။ (၈) စာဖတ်ဖို့အတွက် အချိန်ယူပါ။ စာမြန်မြန် ဖတ်ချင်တဲ့သူဟာ စာမြန်မြန်ဖတ်လို့ ရကိုရတယ်။ ဒါကြောင့်လည်း ဒီနေ့ခေတ်မှာ "စာဖတ်ရှိန်မြှင့်တင်ရေး သင်တန်းတွေ" ကို လူကြိုက်များလာကြ တာပေါ့။ ဒါပေမဲ့ စာဖတ်တာ မြန်လွန်းလို့ အသိသညာတွေကို သူများထက်ပိုပြီး မြန်မြန်ရရှိနေတဲ့ သူတွေကိုတော့ အဆွေ တွေ့ဖူးဖို့ မလွယ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ စာဖတ်တာတို့၊ စာပေလေ့လာတာ တို့ဟာ ထိုက်သင့်တဲ့အချိန် ယူကိုယူရပါ တယ်။ စာဖတ်တာ၊ စာပေလေ့လာတာနဲ့ တစ်ဆက်တည်း တွဲနေလေ့ရှိတာက “ပြန် လှန်တွေးခေါ် စဉ်းစားခြင်း” ပါ။ မိနစ် ၂၀ စာဖတ်မယ့်အစား ၁၅ မိနစ်သာ စာဖတ်ပြီး ငါးမိနစ်ကို “ပြန်လှန်တွေးခေါ် စဉ်းစားခြင်း” ပြုပါ။ ဒါမှမဟုတ်ရင်လည်း အခန်းတစ်ခန်း ပြီးတိုင်း ပြန်လှန်တွေးခေါ် စဉ်းစားကျင့်ကို ပြုပါ။ စာဖတ်တာဟာ

ဘဝအတွက် အကျိုးရှိအောင် စာဖတ်နည်း ၁၂ ချက် 25 APRIL 2013 | BY THE VOICE JOURNAL အဆွေ စာဖတ်တတ်တယ် ဆိုတာကို ကျွန်တော် သိပါတယ်။ ဘာလို့ဆို ရှေ့က စာကြောင်းကိုဖတ်ခဲ့ပြီး အခု ဒီစာ ကြောင်းကိုပါ အဆုံးအထိ လိုက်ဖတ်နေ လို့လေ။ ဒါက ကျွန်တော် အဓိက သိချင်တာ မဟုတ်ပါဘူး။ အဓိက အနေနဲ့ အရေးတကြီး သိချင်တာက အဆွေဟာ ဘဝအတွက် အကျိုးရှိအောင် စာဖတ်တတ်တဲ့သူ ဟုတ်သလား ဆိုတာပါ။ ဒါနဲ့ တစ်ဆက်တည်း မေးစရာလေးတွေ ဆက်တိုက်ရှိပါ သေးတယ်။ အဆွေက ဖတ်ပြီးတဲ့စာကို ဘဝမှာ အသုံးဝင်အောင် သေသေချာချာ အသုံးချတတ်တဲ့ သူလား။ သေသေချာချာ မှတ်မှတ်သားသား မဖတ်ဘဲ "ခုဖတ်၊ တော်ကြာမေ့" ဖြစ်တတ်တဲ့ သူမျိုးလား။ အဆွေဖြင့် ဒါကို ဖတ်ပြီးပါပြီဆိုပြီး တခြား သူတွေကို အရသာခံ ဂုဏ်ယူပြောဆိုဖို့ အတွက် ဖတ်တဲ့သူမျိုးလား။ အပေါ်ယံလေးတွေ လျှပ်ဖတ် မှတ်သားပြီး လေလုံးထွား သုံးသပ်ပြတတ်တဲ့ စာဖတ်သူမျိုးလား။ အဆွေ့ ဦးနှောက်ရဲ့ ပျော်ရွှင်မှု ဧရိယာလေး အတွက် စကားလုံးတွေနဲ့ အယူအဆတွေကို ပျော်ရွှင်စရာ အသုံးအဆောင် ပစ္စည်းတွေ အဖြစ် အသုံးပြုရုံ စာဖတ်တဲ့ သူမျိုးလား။ အခုမေးလိုက်တဲ့ မေးခွန်းတွေထဲက ဘယ်မေးခွန်း မဆို "ဟုတ်ကဲ့ ကျွန်တော်/ ကျွန်မက အဲဒီလိုသူမျိုးပါ" လို့ ပြန်ဖြေဖြစ် ခဲ့မယ်ဆိုရင်တောင် အရေး မကြီးလှပါဘူး။ လူအများစုကိုက ပျော်ရွှင်မှု ရဖို့အတွက် စာဖတ်နေကြတာလေ။ ဒါမဆန်းပါဘူး။ စာအုပ်တွေ အများကြီးရှိတဲ့ အထဲကနေ လူအများစုက ဆွဲထုတ် ယူဖတ်နေကြတာ တွေဟာ ဝတ္ထုတွေ ဖြစ်နေတာကို အဆွေ ကိုယ်တိုင် တွေ့ကြုံဖူးပါလိမ့်မယ်။ ဒါဆန်း သလားဆိုတော့ ဒါလည်း မဆန်းပါဘူး။ ဆန်းတာက နှစ်ရှည်လများ စာတွေဖတ်ခဲ့ပြီး ဖတ်ခဲ့တဲ့စာတွေကို ဘဝအတွက် အကျိုးရှိ အောင် အသုံးမချတတ်ခဲ့ရင် ဒါမှမဟုတ် ဘဝအတွက် အကျိုးရှိအောင် စာအုပ်စာပေ တွေကို ရွေးချယ် မဖတ်တတ် ခဲ့ရင်ပေါ့လေ။ တစ်ခါတလေ တော့လည်း အရေးကြီးတဲ့ စာအုပ်တွေကို မထင်မှတ်ဘဲ ဖတ်ခဲ့ မိတာမျိုးတွေ ဘဝမှာ ရှိကောင်းရှိနိုင်ပါ တယ်။ ဘဝနေထိုင်နည်း လက်စွဲစာအုပ်၊ စီးပွားရေး လက်စွဲ စာအုပ်၊ တစ်ကိုယ်ရေ တစ်ကာယ တိုးတက်မှု လမ်းညွှန်စာအုပ်၊ သိပ္ပံရေးရာ စာအုပ်၊ လက်ရှိ နိုင်ငံတကာ အရေးအရာတွေကို ဝေဖန် သုံးသပ် ပြထားတဲ့ သုတေသနကျမ်း စတာတွေပေါ့လေ။ စာအုပ်ကောင်းတွေရဲ့ အဓိက အဆုံးသတ် အကြောင်းအရာ သညာတွေကတော့ တခြား သူတွေ ဘာလုပ်ခဲ့တယ် ဆိုတာနဲ့ ကျွန်တော် တို့ ဘာဆက်လုပ် သင့်ကြတယ် ဆိုတာကို ပြညွှန်းထားတာပါ။ နယ်ပယ် ကျယ်ကျယ် ဝယ်ဝယ်အထိ ထင်ရှားအောင်မြင်နေသူ တွေဟာလည်း ဒီလို စာအုပ်မျိုးတွေကိုသာ ရွေးချယ်ဖတ်ရှုလေ့ရှိကြတာပါ။ ဒီနေရာမှာ အလျဉ်းသင့်လို့ စီးပွားရေး လမ်းညွှန်စာအုပ်တွေကို အစဉ်တစိုက် ရေးသားနေတဲ့ စာရေး ဆရာ ဆသ်ဂေါ်ဒင်ရဲ့ "စီးပွားရေး စာအုပ်တွေကို ဘယ်လိုဖတ်မလဲ" စာအုပ်ထဲက အချက်သုံးချက်ကို အကျဉ်းချုံး ဆွဲထုတ် ပြသပါရစေ။ စီးပွားရေး လမ်းညွှန်စာအုပ် တွေကို ဖတ်ပြီးရင် - (၁) အဆွေ့ ဘဝမှာ အနည်းဆုံး အတွေ့အကြုံ အပြောင်းအလဲ သုံးခုရှိကို ရှိရမယ်။ (၂) စာအုပ်ကို ဖတ်ပြီး မှတ်စုတွေ ထုတ်မယ့်အစား "ဆက်လက် လုပ်ဆောင်ရန် စာရင်းတွေ" ကို ချရေးထား ရမယ်။ (၃) အဆွေ ဖတ်ပြီးသွားပြီဆိုရင် တခြားတစ်ယောက်ကို လက်ဆင့်ကမ်းနိုင်တဲ့ စာအုပ်မျိုး ဖြစ်ရမယ်။ ဒီသုံးချက်နဲ့ ညီမှသာ အဆွေဖတ်တဲ့ စီးပွားရေး လမ်းညွှန် စာအုပ်ဟာ စာအုပ်ကောင်းတစ်အုပ်ဖြစ် မယ်လို့ ဂေါ်ဒင်ကဆိုပါတယ်။ ဂေါ်ဒင်ရဲ့ အချက် သုံးချက်ကို ထုတ်နုတ်ပြရတဲ့ ရည်ရွယ်ချက်က ဘယ်လို နယ်ပယ် အမျိုး အစားကို ရည်ရွယ်ရေးသားထားတဲ့ စာအုပ် မျိုးမှာမဆို အခကြေးငွေ ရလိုမှု အတွက် ဖြစ်ကတတ်ဆန်း စာရေးသားသူတွေ ဒုနဲ့ ဒေး ရှိနေတတ်တာမို့ အနည်းဆုံး ဒီသုံးချက် လောက်နဲ့ တိုက်ဆိုင်မှသာ ဖတ်သူကို အကျိုးရှိစေတဲ့ စာအုပ်မျိုး ဖြစ်နိုင်ခြေ ရှိတယ်ဆိုတာကို ပြောပြချင်လို့ပါ။ စာအုပ် စာပေကို နည်းမှန် လမ်းမှန်နဲ့ အကျိုးရှိရှိ ဖတ်မှတ်တတ်အောင် ဒတ်စတင် ဝက်စ်က နည်းလမ်း ၁၂ ချက်တိတိ ရေးသား ခဲ့ဖူးတာလေး ရှိပါတယ်။ သူက ဝါရင့်စာဖတ် သမား တစ်ဦးသာမက အမေရိကန် စာရေး ဆရာ တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် ယဉ်ကျေးမှု ဆိုင်ရာ မနုဿဗေဒ ပညာရှင်၊ UNLV Barrick ပြတိုက်ရဲ့ ပစ္စည်း စုဆောင်းရေး မန်နေဂျာနဲ့ လက်ထောက် ပြတိုက်ရေးမှူးလည်း ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်ကနေ ယခုလက်ရှိ အထိ နီဗားဒါး တက္ကသိုလ်မှာ အချိန်ပိုင်း နည်းပြဆရာ တာဝန်ကို ထမ်းဆောင်နေသူလည်း ဖြစ်ပါ တယ်။ သူရေးသားထားတဲ့ ၁၂ ချက်ကို အဆွေ့အတွက် အကျိုးရှိမယ် ထင်လို့ ဖော်ပြ ပေးလိုက်ပါတယ်။ (၁) စာညှပ်ကြိုး၊ စာညှပ်ကတ်ပြားလိုမျိုး စာညွှန်းကတ်တွေကို အသုံးပြုပါ။ အဆွေ စာဖတ် နေစဉ်မှာ တစ်ခုခု ရေးမှတ်ချင်လာရင် ဒီနည်းလမ်းက အသုံးဝင် အကျိုးရှိပါတယ်။ ကူးစရာရှိတဲ့ စာမျက်နှာ ဒါမှမဟုတ် မှန်၊ မမှန်ကို ပြန်လည် ဆန်းစစ် လိုတဲ့ အချက်အလက်တွေ ပါတဲ့ စာမျက်နှာ မျိုးတွေကို အတိုကောက်လေး စာတို့ရေးပြီး စာညွှန်းကတ်လေးနဲ့ မှတ်ထားလိုက်ရင် စာဖတ်ရှိန် မပျက်ဘဲ ဆက်ဖတ်လို့ ရတယ်လေ။ စာ တစ်အုပ်လုံး ဆုံးအောင် ဖတ်ပြီး သွားရင်တော့ အဆွေ မှတ်သားထားခဲ့တဲ့ စာညွှန်းကတ်လေးတွေ အတိုင်း အဆွေ လုပ်ချင်တာကို စိတ်အေး လက်အေး လုပ်လို့ ရပြီပေါ့။

PDF File မတွေ့တာမို့ Facebook ကနေ audio books ကို link collection လုပ်ထားတာလေး linkချပေးလိုက်ပါတယ်။👇👇 https://m.facebook.com/story.php?story_fbid=pfbid02LnzMiGjMW9Qyceb2s1RnLSYmFHEZqgxjrmyPDugNsEyjrE3kpua1XUyaj6xwPaCsl&id=1043478751

photo content

#မှတစ်ပါးအခြားမရှိ #ဆရာမမိုးမိုးအင်းလျား မိဘများမရှိတော့သောတစ်ကောင်ကြွက် မမြအေး အဒေါ်များရဲ့ အုပ်ထိန်းမှုအောက်မှာနေထိုင်ရင်း စပါးအဝယ်တော်ပေါက်စကိုအောင်ထွန်းက မမြအေးကိုလာရောက်တောင်းရမ်းလာသည်။ ‌အဒေါ်များကကောင်းစားမည်ဟုတိုက်တွန်းသည်ကတစ်ကြောင်း ၊ လူကြီးမိဘတွေရဲ့အပြောအဆိုအမိန့်ကိုနာခံလျှင် တိုးတက်ကြီးပွားလိမ့်မည်ဟု မမြအေးကိုယ်တိုင်လည်းယုံကြည်တာကြောင့် သူ့ထက်အသက်၁၁နှစ်ကြီးတဲ့ ကိုအောင်ထွန်းကိုလက်ထပ်ဖြစ်ခဲ့တယ်။ ကိုအောင်ထွန်းကအစပိုင်းမှာတော့ ကောင်းပေမယ့် နောက်ပိုင်းအလုပ်မှာတိုးတက်လာတာနဲ့အမျှအားနာတတ်တဲ့ ကိုအောင်ထွန်းအရက်တွေသောက်ဖြစ် လာပြီး အရက်သမားလုံးလုံးဖြစ်သွားသော်လည်း သူ့ကိုကျေးဇူးရှင်အဖြစ်သက်မှတ်ထားသော မမြအေးတစ်ယောက် ထိုအဖြစ်ကိုမတားနိုင်ခဲ့။မမြြအေးတို့သားသမီး၅ယောက် (မျိုးထွန်း၊အောင်စိုး၊ခင်ကြိုင်၊အောင်တိုး၊မိသက်)တို့ထွန်းကားခဲ့တယ်။မျိုးထွန်းက‌ေတာ့အကြီးဆုံးဖြစ်ပြီးတော့ အောင်စိုးကခင်ကြိုင့်ထက်၂နှစ်ကြီးတယ်။ အောင်တိုးကခင်ကြိုင့်ထက်၁နှစ်ငယ်တာပေါ့။မိသက်ကတော့အငယ်ဆုံးလေး။ယခုကိုအောင်ထွန်းအရက်ကြောင့်သေသွားခဲ့ပြီမို့ မမြအေးတစ်ယောက်တည်းသားသမီး၅ယောက်ကိုစောင့်ရှောက်ရမယ့် ကြီးမားတဲ့တာဝန်တစ်ရပ်ဖြစ်လာခဲ့တော့တယ်။ ကလေးတစ်ယောက်ကိုပြုစုပျိုးထောင်ရတာတောင်မလွယ်ကူပါဘူး။မမြအေးတစ်ယောက်သူတို့တစ်တွေကိုခက်ခက်ခဲခဲနဲ့ ဘယ်လိုပြုစုပျိုးထောင်မလဲဆိုတာကိုခံစားဖတ်ရှုကြပါဦးနော်။သူတို့တစ်တွေရဲ့အဖေကဆုံးသွားပြီမို့ ကလေးတွေအားလုံးကိုသူ့ရဲ့စောင့်ရှောက်မှုအောက်မှာစည်းစည်းလုံးလုံး နဲ့ရှိစေချင်တဲ့ မမြအေးရဲ့ဆန္ဒတွေကောပြည့်ဝနိုင်ပါ့မလား။ ဆရာမမိုးမိုးအင်းလျားကဒီစာအုပ်လေးမှာ မိခင်တစ်ယောက်ရဲ့ မေတ္တာတရား၊စွန့်လွှတ်အနစ်အနာခံမှု ၊နားလည်ခွင့်လွှတ်သည်းခံတတ်မှု၊အကိုအကြီးဆံုးဖြစ်တဲ့ မျိုးထွန်းရဲ့ ညီအစ်ကိုမောင်မှတွေပေါ်ထားတဲ့မေတ္တာတရားတွေကို တွေးမိပြီးမြင်‌ေယာင်လာအောင် ရေးသားထားပါတယ်။လူငယ်တွေအနေနဲ့ဒီစာအုပ်လေးကိုဖတ်လိုက်ရမယ်ဆိုရင်တော့ဖြင့် အသိပညာဗဟုသုတတွေရရှိမှာပါ။ဒီစာအုပ်လေးကိုဖတ်ရတာadminလည်းကြိုက်နှစ်သက်တာကြောင့်reviewလေးရေးဖြစ်သွားတာပါ။ #reviewed by khing 🌼

photo content

မင်မင် ခုတလောအပျင်းတစ်နေလို့ စာအုပ်reviewတွေမတင်ဖြစ်ဘူး(TT) ခုတလောပုံမှန်လေးတင်ဖြစ်အောင်ကြိုးစားပါ့မယ်(^^) #Princess Diana #Anne Collins 1900ခုနှစ်နောက်ပိုင်းမှာကျော်ကြားလာခဲ့တဲ့ အင်္ဂလန်နိုင်ငံရဲ့ တော်ဝင်မင်းသမီး (Her Royal Highness)၊ဝေလမင်းသမီး(Wale princess)ဒိုင်ယာနာ(Diana)ဟာ စိတ်သဘောထားကောင်းမွန်မှု၊ ပရဟိတပေါင်းများစွာလုပ်ဆောင်မှုကြောင့် ကျော်ကြားလာခဲ့သူတစ်ဦးပါ။ Dianaကရှေးခေတ်ဗြိတိန်ဆွေကြီးမျိုးကြီးကဆင်းသက်လာတဲ့သူပေါ့။Dianaတို့ဆွေမျိုးတွေနဲ့ တော်ဝင်မိသားစုကသိပ်ကိုရင်းနီးကြတာ။Dianaတို့ကတော်ဝင်မိသားစုအိမ်ကိုကြိုက်သလိုဝင်ထွက်သွားလာနိုင်တယ်လေ။DianaမှာSarah(1955) Jane(1957)၊(John(1960) but die after only ten hours) Diana (1,6,1961)ရယ် Charles (1964)ဆိုရ )တို့ကအိမ်‌ေထာင်‌ေရးအဆင်‌မ‌ေပြကြ‌ေတာ့1969မှာကွာရှင်းဖို့ဖြစ်လာပြီပေါ့။Dianaရဲ့အမေ Frances ကJohnnieကိုထားပြီးLondonကိုပြောင်းသွားတယ်။ကလေးတွေကိုသူကခေါ်ထားချင်ပေမယ့်Johnnie(Diana အဖေ)ကခွင့်မပြုပဲသူနဲ့ပဲနေစေခဲ့တယ်။FrancesကPeter shandy kyddနဲ့လက်ထက်လိုက်ပြီး JohnnieကRaine Leggeနဲ့လက်ထပ်လိုက်ကြတယ်။ Prince Charles(Price of Wale)က(14,11,1948)ကQueen Elizabethရဲ့သားလေးယောက်ထဲကအကြီးဆုံးပေါ့။Cambridge Universityမှာတက်ခဲ့ပြီး Royal Navy မှာ officerဖြစ်တယ်။Pilotလည်းလုပ်လိုက်သေး။Camila Shand က Price Charlesရဲ့ first loveဖြစ်ပြီး Dianaရဲ့အမSarahနဲ့လည်း ချစ်ခဲ့ကြပါသေးတယ်။ Prince Charlesကplay boyအဖြစ်နာမည်ကြီးပါတယ်။Sarahနဲ့ပြတ်ပြီးနောက်ပိုင်းမှာတော့ Dianaနဲ့ရည်းစားဖြစ်ပြီး Earl Mountbatten (Charles 's father 's uncle)ကအိမ်ထောင်ပြုဖို့ပြောတဲ့အခါမှာတော့ Price Charles ကJanuary 1981မှာDianaဆီလက်ထပ်ခွင့်တောင်းခဲ့ပြီး Dianaကပျော်ရွှင်စွာလက်ခံခဲ့ပါတယ်။ လက်ထပ်ကြမယ့်သတင်းကိုတော်ဝင်နန်းတော်က(24,2,1981)မှာကြောညာခဲ့ပြီး (29,6,1981)မှာလက်ထပ်ခဲ့ကြပါတယ်။Dianaအနေနဲ့ Price Charlesကိုလက်ထပ်ပြီး Her Royal Highness, Princess of Whaleစသည်ဖြင့်ဘွဲ့တွေရရှိပြီးအခါမှာတော့ဘာတွေဆက်ဖြစ်လာမလဲ။ဆွေမျိုးကြီးသာမန်မိသားစုကနေ တော်ဝင်မိသားစုဖြစ်လာတဲ့အတွက် ဘယ်လိုအခက်ခဲတွေရင်ဆိုင်ရမလဲဆိုတာ...စာမျက်နှာထက်ဆက်လက်ဖတ်ရှုကြပါနော်။ Dianaရဲ့လူတွေနဲ့ဆက်ဆံရာမှာ ယဉ်ကျေးသိမ်မွေ့မှု၊လူတွေကိုအလေးထားမှု၊ပရဟိတ‌ေပါင်းများစွာလုပ်မှုတွေကြောင့် လူတွေရဲ့ချစ်ခင်မှုများစွာရရှိခဲ့ကြောင်း၊တော်ဝင်မင်းသမီးတစ်ယောက်ရဲ့ တိမ်မရောင်နဲ့နက်တဲ့ ဘဝအခက်အခဲပြဿနာတွေကိုလည်းတွေ့မြင်ကြရမှာပါ။ဒီစာအုပ်လေးကိုဖတ်ပြီးတဲ့အချိန်ဗဟုသုတတွေနဲ့ ခံစားမှုရသတချို့ကိုခံစားရမှာဖြစ်‌ေသာ‌ေကြာင့်ဖတ်ရှုသင့့်ပါကြောင်း...... #reviewed by khing 🌼

photo content