en
Feedback
Myanmar Labour News

Myanmar Labour News

Open in Telegram

အလုပ်သမားရေးရာသတင်းနှင့်လတ်တလောဖြစ်ပေါ်နေသော မြန်မာနိုင်ငံအခြေအနေများကို တိကျမှန်ကန်စွာဖော်ပြပေးနေသော သတင်းဌာနဖြစ်ပါသည်။https://my.wikipedia.org/wiki/Myanmar_Labor_News https://www.facebook.com/myanmarlabournews https://www.myanmarlabournews.com/en

Show more
2 974
Subscribers
No data24 hours
-77 days
-4230 days
Posts Archive
photo content
+1

မလေးရှားသွားမည့် လုပ်သား များ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး အသိပေးချက်များ လိုက်နာရန် အလုပ်သမားဝန်ကြီးဌာန အသိပေး မတ်လ ၂၃၊ ၂၀၂၆ မြန်မာနိုင်ငံမှ မလေးရှား နိုင်ငံသို့ သွားရောက်လုပ်ကိုင် မယ့် လုပ်သားတွေအနေနဲ့  မလေးရှားနိုင်ငံကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ အသက်ရှုလမ်းကြောင်း ဆိုင်ရာ ကျန်းမာရေးအသိပေးချက်တွေကို ဂရုပြုလိုက်နာကျရန် စစ်ကော်မရှင် လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက အသိပေး ထုတ်ပြန်ထားပါတယ်။ မလေးရှား နိုင်ငံအတွင်း  တီဘီရောဂါဖြစ်ပွားသည့်ဦးရေ ပိုမိုများပြားနေပြီး ထိရောက်တဲ့ ကုသမှုနှင့်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ကြရန် မလေးရှားနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာန (KKN) ၏ Facebook စာမျက်နှာမှာ သတင်းထုတ်ပြန်ထားပါတယ်။ ၎င်းထုတ်ပြန်မှုနဲ့ စပ်လျဉ်းပြီး  မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသို့ သွားရောက်မယ့် အလုပ်သမားများအားလုံး အနေဖြင့် တီဘီရောဂါကဲ့သို့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးအသိပေးချက်များကို ဂရုပြုလိုက်နာ ဆောင်ရွက်သွားဖို့ အကြံပြုထားခြင်းဖြစ်ပါတယ်။ မလေးရှားနိုင်ငံမှာ ၂၀၂၆ ခုနှစ်၊ နှစ်စအတွင်းမှာပဲ တီဘီရောဂါ (TB) အစုအဝေးသစ် ၁ဝ ခုနီးပါးကို စတင် ဖော်ထုတ်တွေ့ရှိထားပြီး ကူးစက်ပျံ့ပွားမှုတွေဖြစ်နေတယ်လို့ ကျန်းမာရေးဝန်ကြီး ဒါတက်ခ်ဆီရီဇူလ်ကီ ဖလိုင်အားမို့ က ပြောကြားပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ ပြည်နယ်အလိုက် ကူးစက်မှုနှုန်းတွေကတော့ ဆီလန်ဂေါမှာ အစုအဝေး အများဆုံးအဖြစ် ၄ ခုထိ တွေ့ရှိထားပြီး လူနာ ၁ဝ ဦးထိ ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဂျိုဟိုး မှာတော့ အစုအဝေး ၁ ခုသာ တွေ့ရှိရပေမယ့် လူနာပေါင်း ၃၇ ဦး အထိ ရှိကာ အကြီးမားဆုံး ကူးစက်မှုအဖြစ် မှတ်တမ်းတင် ထားပါတယ်။ ရောဂါလက္ခဏာတွေအနေနဲ့ ချောင်းဆိုး၊ ဖျားခြင်း၊ ကိုယ်အလေးချိန်ကျခြင်းတို့ဖြစ်နိုင်ပြီး ရင်ဘတ်ဓာတ်မှန် (X-ray) ရိုက်ခြင်း၊ သလိပ်စစ်ဆေးခြင်းနဲ့ အဏုကြည့်မှန် ပြောင်းနဲ့ ပိုးမွှားရှာဖွေခြင်းတို့မှ ရောဂါပိုးကို ရှာဖွေနိုင်တယ်လို့ သိရပါတယ်။ ပြည်သူတွေ အနေနဲ့ ချောင်းဆိုး၊ နှာချေတဲ့အခါ ပါးစပ်နဲ့ နှာခေါင်းကို စနစ်တကျ ဖုံးအုပ်ဖို့နဲ့ ရောဂါလက္ခဏာရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ အမြန်ဆုံးဆက်သွယ်ကြရန် မလေးရှား ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားပါတယ်။ Myanmar Labour News ရဲ့ အလုပ်သမားရေးရာ ၊ ရွှေ့ပြောင်းအလုပ်သမားအရေး သတင်း၊ ဒေသတွင်း သတင်း နဲ့ သတင်းဆောင်းပါး တွေကို  https://bit.ly/3oNDLga https://www.myanmarlabournews.com https://t.me/myanmarlabournews https://www.tiktok.com/@myanmarlabournews https://www.instagram.com/myanmarlabournews/ https://www.youtube.com/@MyanmarLabourNews တွေမှာလည်း ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။ #MyanmarLabourNews

ဒီအိမ်သာအခက်အခဲကြောင့်ပဲ ၂၀၂၃ ခုနှစ်ထဲမှာ အမျိုးသမီးအလုပ်သမားတစ်ယောက် အိမ်သာထဲပြုတ်ကျပြီး ဆေးရုံတက်ခဲ့ရကာ ၈ ရက်အကြာမှာ သေဆုံးသွားခဲ့ရတဲ့အထိ ဝမ်းနည်းစရာ ဖြစ်ရပ်မျိုး ရှိခဲ့ပါတယ်။ အိမ်သာရဲ့ အနံဆိုးတွေက နေတိုင်းရနေလို့ အလုပ်သမားများမှာ ကျန်းမာထိခိုက်လာကြပါတယ်။ ဒီစက်ရုံက အိမ်သာပြသာနာက အရမ်းဆိုးရွားလို့ အလုပ်သမားတွေ မိုးတွင်းရောက်မှာ ကြောက်နေရပါတယ်။ ဒါတင်မကသေးပါဘူး၊ လုပ်ငန်းခွင်ထဲမှာ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုတာ နာမည်ပဲရှိပါတယ်။ မီးဘေးအန္တရာယ်အတွက် အရေးပေါ်ထွက်ပေါက်တွေ မရှိတဲ့အပြင် ရှိတဲ့တံခါးတွေကိုလည်း အမြဲပိတ်ထား တတ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ဆီတိုင်ကီပေါက်ကွဲမှု ဖြစ်ဖူးတာကြောင့် အလုပ်သမားတွေဟာ နေ့တိုင်း အသက်ကို လက်ဖဝါးပေါ်တင်ပြီး အလုပ်လုပ်နေရတာပါ။ နေမကောင်းလို ဆေးခန်းပြချင်ရင်လည်း စက်ရုံထဲမှာ ဆေးပေးခန်းရော၊ သူနာပြုဆရာမရော မရှိပါဘူး။ ဆေးလည်း မရပါဘူး။ သောက်ရေဆိုရင်လည်း ရေသန့်ဘူးခွံထဲမှာ မသန့်ရှင်းတဲ့ရေတွေကို ထည့်ပြီး တိုက်နေတာမျိုးပါ။ အလုပ်ရှင်ဘက်က တောင်းဆိုတဲ့ အထည်စံချိန်တွေကလည်း လူသားချင်းမစာမနာနိုင်လောက်အောင်ပါပဲ။ အင်္ကျီဆို ၄၅ ထည်၊ ဘောင်းဘီဆို ၆၀ အထိ တောင်းပြီး မရရင် အောစူပါတွေက အော်ဟစ်ဆဲဆိုတာတွေ လုပ်ပါတယ်။ ပိုပြီး တုန်လှုပ်စရာကောင်းတာက စက်ရုံထဲမှာ အသက် ၁၃ နှစ်၊ ၁၄ နှစ်အရွယ် ကလေးအလုပ်သမားတွေကို လူကြီးတွေနဲ့တန်းတူ ခိုင်းစေနေတာပါ။ အောဒစ် (Audit) လာစစ်တဲ့အခါမျိုး ဆိုရင် ဒီကလေးတွေကို အပူခံ အခန်းထဲမှာ ဖွက်ထားပြီး ဖုံးကွယ်ထားတတ် ကြပါတယ်။ ဒီ့ထက်ပိုဆိုးတာက တရုတ်နိုင်ငံသား စက်ရုံမှူးကိုယ်တိုင်က အလုပ်သမားတွေကို ဆဲဆိုရုံတင်မကဘဲ အမျိုးသမီးငယ် လေးတွေကို ကိုယ်ထိလက်ရောက် ကျူးလွန်နှောင့်ယှက်တာတွေ ရှိနေတာပါပဲ။ ခွင့်ရက်တွေ အလုပ်သမားတွေမရ ကြပါဘူး ။ တကယ်နေမကောင်းလို ခွင့်တိုင်ရင်တောင် ခွင့်မပေးဘဲ ရက်ပျက် သွားရင်တော့ ဒေးကြေးနဲ့ ရက်မှန်ကြေး စုစုပေါင်း ငါးသောင်းကျော်လောက်အထိ ဖြတ်တောက်ခံရပါတယ်။ ဒီ Mengyue စက်ရုံဟာ အလုပ်သမားဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေရုံတင်မကဘဲ အလုပ်သမားတွေရဲ့ အသက်အန္တရာယ်နဲ့ ဂုဏ်သိက္ခာကိုပါ နင်းခြေနေတာ ဖြစ်လို့ အမြန်ဆုံးကာကွယ်ပေးဖို့ အလုပ်သမားတွေက တောင်းဆိုထားပါတယ်။

ရွှေလင်ဗန်း Mengyue စက်ရုံ လုပ်ငန်းခွင်နှင့် အသက်ပေးခဲ့ရသည့် အလုပ်သမားဘဝများ မတ် ၂၀ ၊ ၂၀၂၆ လှိုင်သာယာမြိုနယ်၊ ရွှေလင်ဗန်းစက်မ
+1
ရွှေလင်ဗန်း Mengyue စက်ရုံ လုပ်ငန်းခွင်နှင့် အသက်ပေးခဲ့ရသည့် အလုပ်သမားဘဝများ မတ် ၂၀ ၊ ၂၀၂၆ လှိုင်သာယာမြိုနယ်၊ ရွှေလင်ဗန်းစက်မှုဇုန်ထဲက Mengyue Garment ဆိုတဲ့ အထည်ချုပ်စက်ရုံ က အပြင်ပန်း ကြည့်ရင် အလုပ်အကိုင်အခွင့်အလမ်းလို ထင်ရပေမဲ့ လုပ်ငန်းခွင်က အလုပ်သမားတွေဟာ ငရဲခန်းလို အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီစက်ရုံက တရုတ်နိုင်ငံသားပိုင် အလုပ်သမား ၇၀၀ ကျော်က Sinsay တံဆိပ် အထည်တွေကို ချုပ်လုပ်ပေး နေရတာပါ။ ဒီလုပ်ငန်းခွင်မှာ အဆိုးရွားဆုံးကတော့ အိမ်သာသွားတာကိုတောင် ကတ်နဲ့သွားခိုင်းပြီး ကန့်သတ်ထားတာပါ။ ယောက်ျားလေး အလုပ်သမား ၂၂၀ ကျော်အတွက် အိမ်သာကတ်က မလုံလောက်တဲ့အပြင်၊ အိမ်သာရှေ့မှာ လုံခြုံရေးတွေ ထားပြီး တစ်မိနစ်ထက်ပိုကြာရင် အထဲကနေ အတင်းဆွဲထုတ်တဲ့အထိ လူမဆန်စွာ လုပ်ဆောင် ပါတယ်။

photo content

သို့သော် စက်မှုကဏ္ဍတစ်ခုလုံးအနေဖြင့် နိုင်ငံတကာမှ ကုန်ပစ္စည်းမဝယ်ယူရန် တိုက်တွန်းသည့် လှုပ်ရှားမှုများ၊ အလုပ်မလုပ်နိုင်သေးသော စက်ရုံအလုပ်ခုံ ၂၀၀,၀၀၀ ခန့်နှင့် အသုံးမချနိုင်သေးသည့် ယူရို ၁ ဘီလီယံကျော်တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုများကြောင့် ထုတ်လုပ်နိုင်စွမ်း ကျဆင်းနေဆဲဖြစ်ပြီး စိန်ခေါ်မှုများကို ဆက်လက်ကြုံတွေ့နေရကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်တွင် အထည်ချုပ်၊ အထည်အလိပ်နှင့် ဖိနပ်တင်ပို့မှု တန်ဖိုးသည် ဒေါ်လာ ၈–၉ ဘီလီယံခန့်သာ ရှိမည်ဟု ခန့်မှန်းထားပြီး၊ အာဏာသိမ်းမှုမတိုင်မီ အဆင့်များထက် အလွန်လျော့နည်းနေဆဲဖြစ်သည်။ လုံခြုံရေးအန္တရာယ်များနှင့် သွားလာခွင့်ကန့်သတ်ချက်များကြောင့် နိုင်ငံတကာဝယ်လက်များသည် မြန်မာနိုင်ငံသို့ ကိုယ်တိုင် လာရောက်စစ်ဆေးနိုင်ခြင်း မရှိသေးဘဲ ကဏ္ဍ၏ ပြန်လည်ထူထောင်ရေးသည် အချိန်ရှည် ကြာနိုင် ကြောင်း ဖော်ပြနေသည်။ စစ်အစိုးရထိန်းချုပ်နယ်မြေများတွင် ဒီဇင်ဘာလအဆုံးတွင် ရွေးကောက်ပွဲကျင်းပရန် စီမံထားသဖြင့် နိုင်ငံတကာဝယ်လက်အများစုသည် “စောင့်ကြည့်ကြမယ်” ဟု သဘောထားထားကြသည်။ Council on Foreign Relations (၂၀၂၅) အဆိုအရ စစ်တပ်သည် နိုင်ငံမြေ၏ ၂၁ ရာခိုင်နှုန်းသာ ထိန်းချုပ်ထားပြီး၊ တော်လှန်ရေးအဖွဲ့များနှင့် လူမျိုးရေးလက်နက်ကိုင်များက ၄၂ ရာခိုင်နှုန်းကို ထိန်းချုပ်ထားကာ ကျန်ဒေသများမှာ ပြိုင်ဆိုင်နေဆဲဖြစ်သည်။ သို့သော် စက်ရုံများသည် အနာဂတ်တွင်အမှာစာများ ပြန်လည်တက်လာနိုင်သည်ကို မျှော်လင့်ကာ စွမ်းရည်တိုးချဲ့ခြင်းနှင့် အလုပ်သမားလေ့ကျင့်ရေးများကို ကြိုတင်လုပ်ဆောင်နေကြသည်။ “ရွေးကောက်ပွဲပြီးနောက် ၂၀၂၆ အတွက် မျှော်မှန်းချက်ကို စက်ရုံခြောက်ခုကို မေးမြန်းခဲ့ရာ ငါးခုက အကောင်းမြင်ကြပြီး တစ်ခုက မကောင်းမြင်ခဲ့ပါသည်” ဟု Clere က ပြောသည်။ “ဒါက ကဏ္ဍရဲ့ စိတ်နေ သဘောထားကို ပြသနေပါတယ် မျှော်လင့်ချက်မြင့်မားပေမယ့် ယုံကြည်မှုကတော့ အားလုံး အတွက် မတူညီပါဘူး” ဟုဆိုသည်။ မြန်မာနိုင်ငံ တာဝန်ခံ စီးပွားရေးစင်တာ အကြီးအကဲဟောင်း ဖြစ်ပြီး Global Network Initiative (GNI) ၏ လက်ရှိဥက္ကဋ္ဌ ဖြစ်သူ Vicky Bowman က EU နှင့် ဂျပန် စျေးကွက်များရှိ လက်လီရောင်း ချသူများသည် နိုင်ငံရေးအခြေအနေနှင့် စစ်တပ်စီစဉ်သော ရွေးကောက်ပွဲများကို အနီးကပ် စောင့်ကြည့် နေကြောင်းပြောကြားခဲ့သည်။ အထူးသဖြင့် အလုပ်သမားသမဂ္ဂခေါင်းဆောင်များ သို့မဟုတ် အလုပ်သမား အခွင့်အရေး ကာကွယ်သူများကို ဖမ်းဆီးခြင်းများ ဖြစ်ပေါ်လာပါက စိုးရိမ်မှုများ ပိုမိုမြင့် တက်လာမည်ဟု သူမက ဆိုသည်။ ရွေးကောက်ပွဲပြီးနောက် ဥရောပမှ လက်လီရောင်းချသူများအနေဖြင့် လစာအနည်းဆုံးနှုန်း တိုးမြှင့်ပေးခြင်း၊ မဖြစ်မနေ စစ်မှုထမ်းစေမှုကို ရပ်တန့်ခြင်းနှင့် လျှပ်စစ်ထောက်ပံ့ရေးစနစ် ပိုမိုတိုး တက်ကောင်း မွန်လာခြင်းတို့ကို မျှော်လင့်နေကြောင်း Bowman က ထပ်မံ ပြောကြားခဲ့သည်။ လုံခြုံရေးအကြောင်းကြောင့် အမည်မဖော်ပြထားသည့် ပြည်တွင်းအခြေစိုက် ပို့ကုန်လုပ်ငန်းတစ်ခု၏ မန်နေဂျင်းဒါရိုက်တာတစ်ဦးမှ ရလာဒ်မည်သို့ပင်ဖြစ်စေ အပြောင်းအလဲနည်းပါးမည်ဟု ခန့်မှန်းခဲ့သည်။ “စစ်တပ်က အစိုးရအသစ်ကို ဆက်လက် ထိန်းချုပ်နေမယ်ဆိုရင်၊ သို့မဟုတ် မင်းအောင်လှိုင်က နောက်ထပ် အရပ်သားအစိုးရတစ်ခု ခန့်အပ်ခဲ့ရင် နိုင်ငံတကာအရေးယူပိတ်ဆို့မှုတွေ ဆက်ရှိနေဦးမှာပါ” ဟု ပြောသည်။ Just Style သည် မြန်မာအထည်ချုပ်ထုတ်လုပ်သူများအသင်း (MGMA) သို့ မှတ်ချက် တောင်းခံ ခဲ့သော်လည်း ပြောကြားရန် ငြင်းဆိုခဲ့သည်။ မြန်မာနိုင်ငံအတွင်းရှိ အလုပ်သမားအခွင့်အရေး လှုပ်ရှား သူများကလည်း လုံခြုံရေးအကြောင်းကြောင့် မှတ်ချက်မပေးခဲ့ကြပါ။ ဖြည့်စွက်ချက် Just Style (သတင်းဌာန) သည် ဖက်ရှင်၊ အဝတ်အထည်နှင့် အထည်ချုပ်လုပ်ငန်း (apparel & textile industry) ဆိုင်ရာ အကြောင်းအရာများကို အထူးပြုဖော်ပြသည့် သတင်းမီဒီယာ (trade news outlet) တစ်ခု ဖြစ်ပါသည်။ ဤဆောင်းပါးကို ရေးသားရာတွင် Just Style တွင် ဖော်ပြခဲ့သော ဆောင်းပါးကို ဆောင်းပါရှင်၏ ခွင့်ပြုချက်ဖြင့် ဘာသာပြန်ပြီး ကိုးကား ရေးသားထားခြင်း ဖြစ်ပါသည်။ မူရင်းဆောင်းပါးလင့် https://www.just-style.com/.../myanmar-garment-sector.../ Myanmar Labour News ရဲ့ အလုပ်သမားရေးရာ ၊ ရွှေ့ပြောင်းအလုပ်သမားအရေး သတင်း၊ ဒေသတွင်း သတင်း နဲ့ သတင်းဆောင်းပါး တွေကို https://bit.ly/3oNDLga https://www.myanmarlabournews.com https://t.me/myanmarlabournews https://www.tiktok.com/@myanmarlabournews https://www.instagram.com/myanmarlabournews/ https://www.youtube.com/@MyanmarLabourNews တွေမှာလည်း ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။ #MyanmarLabourNews

နိုင်ငံရေးမတည်ငြိမ်မှုများကြား ရုန်းကန်နေရဆဲ မြန်မာ့အထည်ချုပ်လုပ်ငန်း မြတ်နိုး ၊ သတင်းဆောင်းပါး ဇန်နဝါရီ ၂၊ ၂၀၂၆ မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းသည် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ၊ လုပ်ငန်းလည်ပတ်မှု မတည်ငြိမ်မှုများကို ဖြေရှင်းရန် နည်းပညာတိုးတက်မှုများနှင့် စွမ်းအင်အသုံးပြုမှုများကို ပိုအာရုံစိုက် လာခဲ့သည်။ သို့ရာတွင် နိုင်ငံရေးမသေချာမှုများကြောင့် ကဏ္ဍ၏ ရေရှည်အနာဂတ်တွင် အတွက် လမ်းပျောက်နေဆဲဖြစ်ပါသည်။ အထည်ချုပ်ကဏ္ဍသို့ ဝင်ရောက်ရင်းနှီးမြှုပ်နှံခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ တစ်ဝက်ခန့်သည် ၂၀၂၁ မတိုင်မီ ဆယ်စုနှစ်အတွင်း ဝင်ရောက်လာခဲ့ကြသည်။ ၂၀၁၆ မှ ၂၀၂၁ အထိ စစ်အာဏာသိမ်းမှုမတိုင်မီကာလအတွင်း စက်ပစ္စည်းများကို အကြီးစားအဆင့်မြှင့် တင်ခဲ့သော်လည်း၊ ကမ္ဘာလုံးဆိုင်ရာ စံနှုန်းအရ အမြင့်ဆုံးနည်းပညာများ မဟုတ်သေးကြောင်း သိရသည်။ လက်ရှိအချိန်တွင်စက်ရုံအများစုသည် သက်တမ်း ၅ နှစ်မှ ၆ နှစ်ခန့်သာရှိသော စက်ပစ္စည်းများကို ဆက်လက်အသုံးပြုနေကြသည်။ ပြည်တွင်းစစ်နှင့် နိုင်ငံတဝှမ်း ထိန်းချုပ်မှုအပြောင်းအလဲများကြောင့် လျှပ်စစ်ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုများ ပြတ်တောက်လာခဲ့ရာ အထည်ချုပ်နှင့် အထည်အလိပ်ကဏ္ဍသည် စွမ်းအင်ထောက်ပံ့မှု ဘက်တွင် ဒုတိယအကြိမ် ခေတ်မီပြုပြင်တိုးတက်မှုကို ကြုံတွေ့နေရသည်ဟု ကျွမ်းကျင်သူများက Just Style သို့ ပြောကြားခဲ့သည်။ ကမ္ဘာ့ဘဏ်၏ “In the Dark” (၂၀၂၃) အစီရင်ခံစာအရ မြို့ကြီးများနှင့် စက်မှုဇုန်များတွင် မကြာခဏ လျှပ်စစ်ပြတ်တောက်မှုများ ဖြစ်ပွားနေပြီး စက်ရုံများနှင့် စီးပွားရေး အဆောက်အအုံများသည် ဒီဇယ်မီးစက်များ သို့မဟုတ် အစိုးရလျှပ်စစ်ကွန်ယက်ကို မမှီခိုဘဲ ကိုယ်ပိုင် စနစ်ဖြင့် လျှပ်စစ်ထုတ်လုပ်အသုံးပြုနေရသဖြင့် လုပ်ငန်းလည်ပတ်မှုကုန်ကျစရိတ် မြင့်တက်ကာ အထည်ချုပ်လုပ်ငန်းကဏ္ဍ၏ ယှဉ်ပြိုင်နိုင်စွမ်းကို လျော့နည်းစေကြောင်း ဖော်ပြထားသည်။ EU ရန်ပုံငွေဖြင့် ထောက်ပံ့ထားသော MADE in Myanmar စီမံကိန်း၏ အဖွဲ့ခေါင်းဆောင် Jacob Andrew Clere က မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံများသည် ဒီဇယ်အသုံးပြုမှုကို လျော့ချရန် နေရောင်ခြည်စနစ်များ၊ လီသီယမ်အိုင်အုန် ဘက်ထရီသိုလှောင်စနစ်များနှင့် အင်ဗာတာများကို တပ်ဆင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ Clere က MADE in Myanmar သည် ပြန်လည်အသုံးပြုနိုင်သော စွမ်းအင်နည်းပညာများကို အားပေး ထောက်ခံပြီး ၂၀၂၅ ဒီဇင်ဘာ ၃၁ မတိုင်မီ ကျောက်မီးသွေးကို ဘွိုင်လာလောင်စာအဖြစ် အသုံးပြုမှုကို ၁၀၀ ရာခိုင်နှုန်း ရပ်ဆိုင်းရန် ရည်မှန်းထားကြောင်း အလေးပေးပြောကြားခဲ့သည်။ “ကျွန်ုပ်တို့အဖွဲ့သည် မြန်မာနိုင်ငံတွင် ပထမဆုံး ခေါင်မိုးပေါ် နေရောင်ခြည်စနစ် တပ်ဆင်သည့် စက်ရုံနှင့် ဝန်ဆောင်မှုပေး သူကို ချိတ်ဆက်ပေးခဲ့ပြီး၊ ခေါင်မိုးပေါ် နေရောင်ခြည်စနစ် တပ်ဆင်ထားသော စက်ရုံ ၂၀ ကျော်ကို စနစ်စွမ်းဆောင်ရည်နှင့် လုံခြုံရေး တိုးတက်စေရန် အကြံပေးခဲ့ပြီး။ ထိုအပြင် ကျောက်မီး သွေးနှင့် ထင်းအစား ပြန်လည်အသုံးချပြီး လောင်စာအဖြစ် ထုတ်လုပ်ထားတဲ့ ဇီဝလောင်စာ (biomass fuel) အသုံးပြုနိုင်ရန်လည်း အထူးအကြံပေးခဲ့ပါသည်” ဟု Just Style သို့ ပြောကြားခဲ့သည်။ Clere အဆိုအရ ယင်းရင်းနှီးမြှုပ်နှံမှုများကြောင့် လောင်စာကုန်ကျစရိတ် လျော့နည်းလာပြီး ထုတ်လုပ်မှု တည်ငြိမ်လာပြီး အလုပ်လုပ်သည့် ပတ်ဝန်းကျင်ကောင်းမွန်လာသည်။ ၂၀၂၆ တွင် မြန်မာ နိုင်ငံ၏ အကြီးဆုံး အထည်ချုပ်ထုတ်လုပ်သူများသည် ခေတ်မီစက်ပစ္စည်းများနှင့် နေရောင် ခြည်စွမ်းအင် ထုတ်လုပ်မှုကို ပေါင်းစပ်အသုံးပြုလာမည်ဖြစ်ပြီး ကာဗွန်ထုတ်လွှတ်မှု လျော့နည်း လာကာ နိုင်ငံတကာဝယ်လက်များအတွက် ပိုမိုဆွဲဆောင်မှုရှိလာမည်ဟု သူက ပြောသည်။ နိုင်ငံရေးအကျပ်အတည်းနှင့် စစ်ရေးပဋိပက္ခများကြားတွင်ပင် အနောက်နိုင်ငံဝယ်လက် ၁၀၀ ကျော်သည် ယနေ့အချိန်ထိ မြန်မာနိုင်ငံမှ ဆက်လက် ဝယ်ယူနေကြသည်။ ၂၀၂၁ အာဏာသိမ်းမှု နောက်ပိုင်း ထွက်ခွာသွားသော ကုမ္ပဏီအချို့သည် ပြန်လည်ဝင်ရောက်လာကြပြီး၊ ထွက်ခွါရန် စီစဉ်ထားသူ အချို့လည်း ဆုံးဖြတ်ချက် ပြန်လည်ပြင်ဆင်ခဲ့ကြသည်။ EU သည် အထည်ချုပ်တင်ပို့မှု၏ ၅၂ မှ ၅၄ ရာခိုင်နှုန်းအထိကို ကိုယ်စားပြုနေပြီး၊ တရုတ်နှင့် ရုရှားသည် တစ်ခုစီ ၂ ရာခိုင်နှုန်းခန့်သာ ရှိကြောင်း EuroCham Myanmar (၂၀၂၃)၊ ကမ္ဘာ့ဘဏ် (၂၀၂၃) နှင့် UNDP အချက်အလက်များအရ သိရသည်။ Clere က ယူကေ နှင့် ဂျာမနီမှ ဝယ်လက်များ အများစု ထွက်ခွာသွားခဲ့သော်လည်း အီတလီ၊ ပြင်သစ်၊ ချက်ကီးယား၊ ပိုလန်နှင့် တူရကီမှ ဝယ်လက်များဖြင့် တစ်စိတ်တစ်ပိုင်း အစားထိုးခံရကြောင်း ပြောကြားခဲ့သည်။ Germany သည် မြန်မာအတွက် အကြီးစွာသော စျေးကွက်အဖြစ် ဆက်လက်ရှိ နေပြီး ၂၀၂၅ ခုနှစ်တွင် အဝတ်အထည်၊ ဖိနပ်နှင့် လက်ကိုင်အိတ် တင်ပို့မှု တန်ဖိုး ယူရို ၁.၂ ဘီလီယံ ကျော်မည်ဟု ခန့်မှန်းထားသည်။

photo content

စားဖိုဆောင်သီးနှံတွေ အနေနဲ့ကတော့ ကြက်သွန်နီဟာ ဒီကာလအတွင်းမှာ ကုန်ချိန်အသစ်ပေါ်တဲ့အချိန်ဖြစ်လာလို့ ၂၅ပိဿာ တစ်အိတ်ကို ငွေကျပ် ၁၅၀၀၀ လောက်နဲ့ရောင်းချသူတွေရှိလာကာ ကြက်သွန်နီ လက်က္ကားဒိုင်ကြီးတွေမှာတော့ တစ်ပိဿာ ၅၅၀ နဲ့၃၅၀၀ကျပ်ကြားဈေးတွေရှိကာ ဈေးပြန်ကျလာရာ ရပ်ကွက်ဈေးထဲတော့ အရင်ထက်ဈေးပိုပိုသာသာကျမလာသေးပဲ တစ်ပိဿ ၃၀၀၀ ကျပ်နှုန်းကနေ ၄၀၀၀ကျပ်ကြားဈေးတွေရှိနေပါတယ်။ ကြက်သွန်ဖြူတစ်ပိဿာ ၁၆၀၀၀ ကျပ်နဲ့အထက်   အာလူးတစ်ပိဿာ ၇၀၀၀ကျပ်၊ ဂျင်းတစ်ပိဿာ ၃၃၀၀ကျပ်၊ လက်ဖက်စို တစ်ပိဿာ ၁၂၀၀၀ကျပ်၊ လက်ဖက်ခြောက်တစ်ပိဿာ၂၄၀၀၀ကျပ်၊ နှစ်ပြန်ကြော် တစ်ပိဿာ၁၄၀၀၀ကျပ် ဈေးတွေအတိုင်းပဲရှိနေပါတယ်။ ကြက်သားအရသာဟင်းခတ်မှုန့်၊ အချိုမှုန့် ၊ခရုဆီ၊ပဲငံပြာရည်၊ ငရုတ်ကောင်းစတဲ့ ကုန်ခြောက်အမျိုးအစားပစ္စည်းတွေ ဈေးခုန်တက်နေဆဲလို့ဆိုပါတယ်။ ခေါက်ဆွဲခြောက်၊ကြာဇံခြောက် လို အထုပ်တွေရဲ့ဈေးကတော့အရင်က ယမ်ယမ်၊ ဝါးလားခေါက်ဆွဲတထုပ်ဈေးမှာ ၇၀၀ကျပ်ပဲရှိရာကနေယခုအခါ ၁ ထုပ်ကိုငွေ ၁၀၀၀ကျပ်ရှိပြီး ရှင်းရှင်းကြာဇံခြောက်တထုပ်ဈေး က ယခင် ငွေ ၁၂၀၀ ကျပ်ကနေယခုအခါ ၁၈၀၀ကျပ်ဈေးအထိရှိလာနေပါတယ်။ ကြက်ဥ၊ဘဲဥ ဈေးတွေကတော့ ပုံမှန်အတိုင်း ကြက်ဥတစ်လုံး၄၅၀ကျပ်ကနေ၅၅၀ကျပ် နဲ့ ဘဲဥတစ်လုံး ၆၀၀ ၊ဆေးဘဲဥတစ်လုံး ၈၀၀ကျပ်နဲ့ ငုံးဥ ၁၀လုံးကို ‌၁၀၀၀ကျပ်ဈေးရှိနေပါတယ်။ မနက်ခင်း အဆာပြေစားသုံးနေကြတဲ့ ပဲပြုတ်ဈေးမှာလည်း၅၀၀ကျပ်အနည်းဆုံးဝယ်လို့ရနေကာ ၁၀သားကို ငွေကျပ်၁၂၀၀နဲ့ရောင်းပေးပြီး မုန့်ဟင်းခါး၊အသုပ်များက တစ်ပွဲကိုအနည်းဆုံး၁၅၀၀ကျပ် မှ အများဆုံး ၃၅၀၀ကျပ်အထိဈေးရှိနေပါတယ်။ အခြေခံဟင်းသီးဟင်းရွက်ဈေးနှုန်းတွေထဲမှာတော့   ချဉ်ပေါင်ရွက်တစ်စီးလျှင် ၅၀၀ ၊ ကန်စွန်းရွက်တစ်စီး ၁၀၀၀၊  ဗူးရွက်တစ်စီး ၇၀၀၊ စူးပုတ်ရွက်တစ်စီး ၇၀၀ကျပ်နဲ့  ခရမ်းချဉ်သီးတစ်ပိဿာလျှင်ကျပ် ၅၀၀၀ ကျပ် ၊ ပဲလွန်းတစ်စည်း ၁၂၀၀၊ ခရမ်းသီးတစ်လုံး ၅၀၀၊ မျှစ်တစ်ပိဿာ ၄၀၀၀ ၊ ခဝဲသီး တစ်လုံး ၇၀၀ ကျပ်၊ ငြုပ်သီးစိမ်းနဲ့ နံနံပင်၊ ရှမ်းနံနံစတာတွေကတော့ ၁၀၀၀ကျပ်အနည်းဆုံးပေး၀ယ်လာနေရတာဖြစ်ပါတယ်။ ဘုရားပန်းကပ်လှူဖို့ ပန်းစည်းတွေအနေနဲ့လည်း ဂန္ဓမာပန်းအမျိုးအစားလိုက်တစ်စည်းကို၆၀၀၀ကျပ်မှ ၃၀၀၀ကျပ်၊ နှင်းဆီအမျိုးအစားလိုက်တစ်စည်းကို၄၀၀၀ကျပ် မှ ၂၅၀၀ကျပ်၊သပြေတစ်ခက်ကိုအနည်းဆုံး၂၀၀၀ကျပ်မှ ၅၀၀၀ကျပ် အထိဈေးရှိနေပါတယ်။ ငါးဈေးနှုန်းတွေကတော့ ၂၀၀၀၀ မှ ၂၅၀၀၀ အထိရှိပြီး မည်သည့်ငါးမဆိုအနည်းဆုံး ၅၀၀၀ ဖိုး၀ယ်ယူမှသာ တစ်နပ်စာစားသုံးလို့ရနေတာဖြစ်ပါတယ်။ ရပ်ကွက်ဈေးများထဲ အစားအများဆုံးအသားဖြစ်တဲ့ကြက်သားက တော့ ငွေကျပ်  ၃၅၀၀၀ ကျပ်အထိကနေ ထပ်မံပြီး တစ်ပိဿာကိုငွေကျပ်၃၀၀၀၀ ကနေ ၄၀၀၀၀နှုန်းအထိ စံချိန်တင်မြင့်တက်နေပါတယ်။ အမဲသားနဲ့၀က်သားဈေးနှုန်းတွေဟာဆိုရင် ကျပ် ‌၈၀၀၀၀ ကျပ်မှ ၉၀၀၀၀ကျပ်ဈေးကိုရောက်ရှိနေပြီး ဆိတ်သားဈေးနှုန်းတွေဟာဆိုရင်  ကျပ် ၉၀၀၀၀ ဈေးအထိကိုရောက်ရှိမြင့်တက်‌ေနလို့ဆိတ်သားဈေးနှုန်းတွေဟာဆိုရင်အခြေခံအလုပ်သမားတွေအတွက်  စားသုံးနိုင်ဖို့ခက်ခဲလာတဲ့နှုန်းထားတွေဖြစ်တယ်လို့ သိရပါတယ်။ လူသုံးကုန်၊အလှကုန်တွေ အနေနဲ့ကတော့ ပြည်ပကဝယ်ယူတင်သွင်းရတဲ့ပစ္စည်းတွေမှာ ကုန်သယ်ယူခကြီးမားတဲ့နေရာဒေသအလိုက် ဈေးကွာခြားချက်တွေရှိနေတယ်လို့သိရပါတယ်။ ဆေးနဲ့ဆေးပစ္စည်း ဈေးတွေကတော့ တက်နေဆဲဖြစ်သလို သုံးစွဲသူတွေအနေနဲ့ မူလသုံးနေတဲ့ဆေးအမျိုးအစားနေရာမှာ အလားတူ၊အာနိသင်တူဆေးဝါးအမျိုးအစားတွေကိုပဲ အစားထိုးသုံးစွဲလာနေရကာ သွေးကျဆေး၊ ဆီးချိုဆေး နဲ့ အာရုံကြောဆေးအချို့ မူလတံဆိပ်အတိုင်းမရတော့ပဲ ဖြစ်နေတယ်လို့ သုံးစွဲသူအချို့ထံကသိရပြီးဆေးဈေးတွေကတော့ ဈေးသက်သာမှုရှိမနေဘူးလို့သိရပါတယ်။ တပတ်တာကုန်ဈေးနှုန်းတွေကို မုဒြာ က စုစည်းပေးထားတာပါ။

ရွှေဈေး စံချိန်တင်မြင့်တက် အခြေခံစားသောက်ကုန်တွေလည်း ထင်သလောက်ဈေးမကျ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း) ဒီဇင်ဘာ၂၆၊ ၂၀၂၅ တပတ်ကြာ Myanmar Labour News ရဲ့ကုန်ဈေး ကဏ္ဍမှာတော့  ဒီဇင်ဘာ၂၀ ရက်ကနေ ယနေ့၂၆ရက်အတွင်းမှာ မြန်မာ့ရွှေပြင်ပပေါက်ဈေးဟာ စနစ်ဟောင်းအနေနဲ့ ရွေ၁ကျပ်သားကို သိန်း ၉၃အထိပေါက်ဈေးဖြစ်ပေါ်သွားကာ အခြေခံကုန်ဈေးနှုန်း‌တွေကလည်း အခြေခံလစာရတဲ့ ပြည်သူတွေအတွက်တော့ ခက်ခဲနေဆဲဖြစ်ကာ ရာသီပေါ်လို့ ပေါများရမယ့် သီးနှံနဲ့ စားသောက်ကုန်တွေလည်း ထင်သလောက်ဈေးမကျဖြစ်နေပါတယ်။ ဒါကြောင့်ဒီဇင်ဘာရက်၂၀ရက်က စလို့ ယနေ့ ဒီဇင်ဘာ၂၆ရက်အတွင်း ပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့ ကုန်ဈေးနှုန်းတွေကို စုစည်းပြီး ဖော်ပြလိုက်ပါတယ်။ စက်သုံးဆီဈေးနှုန်း ယနေ့ ဒီဇင်ဘာ၂၆ရက်နေ့ ရန်ကုန်လက်ကားအထိုင်ဈေးအနေနဲ့  ရောင်းချ နေတဲ့ စက်သုံးဆီဈေးနှုန်းတွေက ၉၂တစ်လီတာ ၂၄၃၅ကျပ် ၊ ၉၅ တစ်လီတာ ၂၄၆၀ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၁၄၀ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၅၈၅ကျပ်ဖြစ်ပါတယ်။ အဲဒီမတိုင်မီ ဒီဇင်ဘာ၂၅ရက်နဲ့တစ်ပတ်အတွင်းက စက်သုံးဆီဈေးဟာ ၉၂တစ်လီတာ ၂၅၂၀ကျပ်၊ ၉၅ တစ်လီတာ ၂၅၇၀ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၂၃၀ကျပ်၊ ပရီမီယံဒီဇယ်တလီတာ ၂၆၉၀ကျပ် ဖြစ်ခဲ့တာကြောင့် စက်သုံးဆီဈေးဟာ တစ်ပတ်အတွင်း ဓာတ်ဆီဈေးက ၁၁၀ကျပ်နှုန်း‌ ဈေးတက်လာကာ ၊ ဒီဇယ်ဈေးက တော့၁၀၅ကျပ်နှုန်းဈေးတွေပြန်ကျလာပါတယ်။ ပြင်ပစက်သုံးဆီဈေးက တော့တစ်လီတာ ၃၀၀၀ နဲ့အထက် ပတ်ချာလည်‌ ဈေးနဲ့ရောင်းချတာကို တွေ့ရပါတယ်။ ရွှေဈေးနှုန်း ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များ အသင်းက သတ်မှတ်တဲ့ ရွှေ တကျပ်သားရဲ့ ဈေးနှုန်းက‌‌ ဒီကနေ့မှာ  ကျပ် ၆၀,၀၀၀၀၀ ကျပ် ဈေးရှိလာပြီး အဲ့ဒီ့ဈေးဟာ ယခင် တစ်ပတ်ကြာက၅၉,၉၀၀၀၀ကျပ်ဈေးထက်တော့ငွေကျပ်၁သောင်းနှုန်းဈေးပြန်တက်လာပါတယ်။ ရွှေအသင်းရဲ့ဈေး သတ်မှတ်ချက်ကဈေးတစ်ပတ်အတွင်းဈေးတက်သွားသလို ပြင်ပပေါက်ဈေးမှာလည်း၁၆ပဲရည်အခေါက်ရွှေတစ်ကျပ်သားကို ၉၃သိန်းပေါက်ဈေးမှာရှိလာလို့ ဒီဈေးဟာ အရင်တစ်ပတ်ဈေးထက် ပြင်ပဈေးပိုလာနေတယ်လို့သိရပါတယ်။ " ရွှေကဒီလောက်သိန်း၉၀ကျော်တဲ့အထိတောင်စံချိန်တင်တက်ရိပ်ပြနေတာ မကြာခင်ဒီနှစ်ကုန်တာနဲ့ ၁ကျပ်သားဈေး သိန်း၁၀၀ဖြစ်မယ်ဆိုပြီး အသံတွေထွက်နေတယ်၊ မဖြစ်နိုင်ဘူးလို့လည်းပြောမရဘူးပေါ့၊ ဝင်ငွေနည်းပြည်သူတွေအတွက်က ရွှေဈေးဘယ်လောက်ပဲတက်တက် သူတို့မဝယ်နိုင်တဲ့အနေအထားနဲ့ စားဝတ်နေရေးအတွက် ကုန်ဈေးနှုန်းကြီးတဲ့ဒဏ်ခံနေရတော့ ရွှေဈေးကိုစိတ်ဝင်စားတာမျိုးရှိမနေပါဘူး။ ရွှေဈေးကို စိတ်ဝင်စားမယ့်သူက တစ်နေ့ဝင်ငွေထားစရာမရှိအောင်ဝင်နေတဲ့သူမျိုးတွေဆိုရင်တော့မပြောတတ်ဖူးပေါ့၊အခုကတော့ပြည်သူတွေအနေနဲ့ကတော့ ရွှေဈေးအတက်ကြမ်းတဲ့ အပေါ်  ဘယ်လိုအမြင်မှရှိမနေတော့ဘူးလို့မှတ်ချက်ပြုနေကြပါပြီလို့ ရန်ကုန်မြို့နေပြည်သူတစ်ဦးကပြောပါတယ်။ ငွေလဲဈေးနှုန်း အခုတစ်ပတ်အတွင်း နိုင်ငံခြား ဒေါ်လာ ငွေလဲလှယ်နှုန်းတွေ ကတော့ ယခင်တစ်ပတ်ကြာဈေးနဲ့နှိုင်းယှဉ်ပါက ဒေါ်လာဈေး တန့်နေကာ စင်ကာပူဒေါ်လာဈေးနဲ့ ယန်းဈေး၊ယွမ်ဈေးတွေကလည်းပုံမှန်အတိုင်း‌ေစျးတန့်‌ေနဆဲဖြစ်နေပါတယ်။ အမေရိကန်ဒေါ်လာ၁‌ ဒေါ်လာဈေးက ဒီကနေ့ ဒီဇင်ဘာ၂၆ရက်မှာ ရောင်းဈေး ၃၉၈၀ကျပ်၊ ဝယ်ဈေး ၃၉၃၀ ကျပ်ဖြစ်ရာထိုင်းဘတ်ငွေကတော့ ရောင်းဈေး ၁၂၇ကျပ်ကျော်၊ ဝယ်ဈေး ၁၂၄ကျပ် ကျော်  ၊ ယွမ်ငွေကရောင်းဈေး၅၆၈ကျပ်၊ ဝယ်ဈေး ၅၅၄ကျပ်၊ ဂျပန်ယန်းဈေးက ရောင်းဈေး၂၅၀နဲ့ဝယ်ဈေး၂၄၀ကျပ်တွေမှာ ငွေလဲဈေးကွက်ဖြစ်ပေါ်နေတာပါ။ စင်ကာပူ ငွေလွှဲဈေးကလည်း အမြင့်ဆုံး စင်ကာပူတစ်ဒေါ်လာကိုရောင်းဈေး ၃၀၇၀ကျပ်အထိ ဈေးပေါက်ခဲ့ပြီး ဝယ်ဈေးကတော့၃၀၃၀ကျပ်ဈေးမှာတည်ရှိကာစင်ကာပူ‌ ဒေါ်လာက‌ဈေးလည်းယခင်တပတ်ကြာဈေးအတိုင်းဖြစ်ပါတယ်။ အခြေခံစားသောက်ကုန်ဈေးနှုန်းများ စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းကတော့ ဒီတစ်ပတ်မှာ ပြောင်းလဲထုတ်ပြန်ထားခြင်းမရှိပါဘူး။ ဒါ့ကြောင်းစားအုန်းဆီ ပြင်ပဈေးကွက် မှာ ယခင်တစ်ပတ်ကထုတ်ပြန်ခဲ့တဲ့ ဆီတစ်ပိဿာ ၆၀၅၀ကျပ်ဈေးကိုအခြေခံကာ  တစ်ပိဿာ ကျပ် ၁၀ဝ၀၀ ကျော် အထိပေါက်ဈေးနဲ့ရောင်းချနေကြပါတယ်။ ပဲဆီ၊ နေကြာဆီနဲ့ အခြားဆီဈေးနှုန်းတွေကတော့ ငွေကျပ်၂၀၀၀၀ ဝန်းကျင်မှာပဲ ဈေးအစားစားရှိနေတယ်လို့ဆိုပါတယ်။ ဆန်ဈေး ဆန်ဈေးနှုန်းတွေကတော့ ယခုလဟာ စပါးပေါ်ချိန်ကိုရောက်ရှိ‌ နေဆဲ ဖြစ်တဲ့အတွက် ကုန်သည်တွေက ဆန်ဈေးအကျကိုမျှော်လင့်ကြပေမယ့် ဆန်ဈေးမကျသလို စပါးဈေးဟာလည်း တင်း၁၀၀ကို ငွေကျပ်၁၁သိန်းပေါက်ဈေးပဲရှိကာ ရွာတွေမှာ စပါးဝယ်ယူသူမရှိပဲဖြစ်နေတယ်လို့လယ်သမား‌ေတွရဲ့‌ ပြောဆိုချက်အရသိရပါတယ်။ ဒါကြောင့် ဆန်ဈေးကပုံမှန်အတိုင်း ဈေးကွက်မှာရွှေဘိုပေါ်ဆန်းတစ်ပြည်ကို ၉၅၀၀ကျပ်မှ ၁၀၀၀၀ကျပ်အထိ ရှိပြီး အခြားဆန်တွေကတော့တောင်ပျံရှယ် တစ်ပြည် ၈၅၀၀၊ မြောင်းမြ ပေါ် ဆန်းတစ်ပြည် ၈၀၀၀၊ ဆင်းသွယ်တစ်ပြည် ၅၅၀၀၊ မနောသုခတစ်ပြည် ၄၅၀၀ စတဲ့ ပေါက်ဈေးအတိုင်း ရှိနေပါတယ်။

photo content

မနက်ခင်း အဆာပြေစားသုံးနေကြတဲ့ ပဲပြုတ်ဈေးမှာလည်း၅၀၀ကျပ်အနည်းဆုံးဝယ်လို့ရနေကာ ၁၀သားကို ငွေကျပ်၁၂၀၀နဲ့ရောင်းပေးပြီး မုန့်ဟင်းခါး၊အသုပ်များက တစ်ပွဲကိုအနည်းဆုံး၁၅၀၀ကျပ် မှ အများဆုံး ၃၅၀၀ကျပ်အထိဈေးရှိနေပါတယ်။ အခြေခံဟင်းသီးဟင်းရွက်ဈေးနှုန်းတွေထဲမှာတော့   ချဉ်ပေါင်ရွက်တစ်စီးလျှင် ၅၀၀ ၊ ကန်စွန်းရွက်တစ်စီး ၁၀၀၀၊  ဗူးရွက်တစ်စီး ၇၀၀၊ စူးပုတ်ရွက်တစ်စီး ၇၀၀ကျပ်နဲ့  ခရမ်းချဉ်သီးတစ်ပိဿာလျှင်ကျပ် ၅၀၀၀ ကျပ် ၊ ၊ ၊ ပဲလွန်းတစ်စည်း ၁၂၀၀၊ ခရမ်းသီးတစ်လုံး ၅၀၀၊ မျှစ်တစ်ပိဿာ ၄၀၀၀ ၊ ခဝဲသီး တစ်လုံး ၇၀၀ ကျပ်၊ ငြုပ်သီးစိမ်းနဲ့ နံနံပင်၊ ရှမ်းနံနံစတာတွေကတော့ ၁၀၀၀ကျပ်အနည်းဆုံးပေး၀ယ်လာနေရတာဖြစ်ပါတယ်။ ဘုရားပန်းကပ်လှူဖို့ ပန်းစည်းတွေအနေနဲ့လည်း ဂန္ဓမာပန်းအမျိုးအစားလိုက်တစ်စည်းကို၆၀၀၀ကျပ်မှ ၃၀၀၀ကျပ်၊ နှင်းဆီအမျိုးအစားလိုက်တစ်စည်းကို၄၀၀၀ကျပ် မှ ၂၅၀၀ကျပ်၊သပြေတစ်ခက်ကိုအနည်းဆုံး၂၀၀၀ကျပ်မှ ၅၀၀၀ကျပ် အထိဈေးရှိနေပါတယ်။ ငါးဈေးနှုန်းတွေကတော့ ၂၀၀၀၀ မှ ၂၅၀၀၀ အထိရှိပြီး မည်သည့်ငါးမဆိုအနည်းဆုံး ၅၀၀၀ ဖိုး၀ယ်ယူမှသာ တစ်နပ်စာစားသုံးလို့ရနေတာဖြစ်ပါတယ်။ ရပ်ကွက်ဈေးများထဲ အစားအများဆုံးအသားဖြစ်တဲ့ကြက်သားက တော့ ငွေကျပ်  ၃၅၀၀၀ ကျပ်အထိကနေ ထပ်မံပြီး တစ်ပိဿာကိုငွေကျပ်၃၀၀၀၀ ကနေ ၄၀၀၀၀နှုန်းအထိ စံချိန်တင်မြင့်တက်နေပါတယ်။ အမဲသားနဲ့၀က်သားဈေးနှုန်းတွေဟာဆိုရင် ကျပ် ‌၈၀၀၀၀ ကျပ်မှ ၉၀၀၀၀ကျပ်ဈေးကိုရောက်ရှိနေပြီး ဆိတ်သားဈေးနှုန်းတွေဟာဆိုရင်  ကျပ် ၉၀၀၀၀ ဈေးအထိကိုရောက်ရှိမြင့်တက်‌ေနလို့ဆိတ်သားဈေးနှုန်းတွေဟာဆိုရင်အခြေခံအလုပ်သမားတွေအတွက်  စားသုံးနိုင်ဖို့ခက်ခဲလာတဲ့နှုန်းထားတွေဖြစ်တယ်လို့ သိရပါတယ်။ လူသုံးကုန်၊အလှကုန်တွေ အနေနဲ့ကတော့ ပြည်ပကဝယ်ယူတင်သွင်းရတဲ့ပစ္စည်းတွေမှာ ကုန်သယ်ယူခကြီးမားတဲ့နေရာဒေသအလိုက် ဈေးကွာခြားချက်တွေရှိနေတယ်လို့သိရပါတယ်။ ဆေးနဲ့ဆေးပစ္စည်း ဈေးတွေကတော့ တက်နေဆဲဖြစ်သလို သုံးစွဲသူတွေအနေနဲ့ မူလသုံးနေတဲ့ဆေးအမျိုးအစားနေရာမှာ အလားတူ၊ အာနိသင်တူဆေးဝါးအမျိုးအစားတွေကိုပဲ အစားထိုးသုံးစွဲလာနေရကာဆေးဈေးတွေကတော့ ဈေးသက်သာမှုရှိမနေဘူးလို့သိရပါတယ်။ တပတ်တာကုန်ဈေးနှုန်းတွေကို မုဒြာ က စုစည်းပေးထားတာပါ။

ရွှေဈေး၊ စက်သုံးဆီဈေး ပြန်တက်လာ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း) ဒီဇင်ဘာ ၁၉၊ ၂၀၂၅ တပတ်ကြာ Myanmar Labour News ရဲ့ကုန်ဈေး ကဏ္ဍမှာတော့  ဒီဇင်ဘာ ၁၃ ရက်ကနေ ယနေ့ ၁၉ ရက်အတွင်းမှာ မြန်မာ့ရွှေပြင်ပပေါက်ဈေးဟာ စနစ်ဟောင်းအနေနဲ့ ရွေ၁ကျပ်သားကို သိန်း ၉၀အထိပေါက်ဈေးဖြစ်ပေါ်သွားကာ အခြေခံကုန်ဈေးနှုန်း‌တွေကလည်း အခြေခံလစာရတဲ့ပြည်သူတွေအတွက်တော့ ဝင်ငွေထွက်ငွေမမျှမတဖြစ်နေဆဲပါပဲ။ ဒါကြောင့်ဒီဇင်ဘာရက် ၁၃ ရက်က စလို့ ယနေ့ ဒီဇင်ဘာ၁‌၉ရက်အတွင်း ပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့ ကုန်ဈေးနှုန်းတွေကို စုစည်းပြီး ဖော်ပြလိုက်ပါတယ်။ စက်သုံးဆီဈေးနှုန်း ယနေ့ ဒီဇင်ဘာ၁၉ရက်နေ့ ရန်ကုန်လက်ကားအထိုင်ဈေးအနေနဲ့  ရောင်းချ နေတဲ့ စက်သုံးဆီဈေးနှုန်းတွေက ၉၂တစ်လီတာ ၂၅၂၀ကျပ် ၊ ၉၅ တစ်လီတာ ၂၅၇၀ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၂၃၀ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၆၉၀ကျပ်ဖြစ်ပါတယ်။ အဲဒီမတိုင်မီ ဒီဇင်ဘာ၁၈ရက်နဲ့တစ်ပတ်အတွင်းက စက်သုံးဆီဈေးဟာ ၉၂တစ်လီတာ ၂၄၉၀ကျပ်၊ ၉၅ တစ်လီတာ ၂၅၄၀ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၂၄၅ကျပ်၊ ပရီမီယံဒီဇယ်တလီတာ ၂၆၈၅ကျပ် ဖြစ်ခဲ့တာကြောင့် စက်သုံးဆီဈေးဟာ တစ်ပတ်အတွင်း ဓာတ်ဆီဈေးက ၃၀ကျပ်နှုန်း‌ ဈေးတက်လာကာ ၊ ဒီဇယ်ဈေးက တော့၅ကျပ်နှုန်းဈေးတက်သွားပါတယ်။ ပြင်ပစက်သုံးဆီဈေးက တော့တစ်လီတာ ၃၀၀၀ နဲ့အထက် ပတ်ချာလည်‌ ဈေးနဲ့ရောင်းချတာကို တွေ့ရပါတယ်။ ရွှေဈေးနှုန်း ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များ အသင်းက သတ်မှတ်တဲ့ ရွှေ တကျပ်သားရဲ့ ဈေးနှုန်းက‌‌ ဒီကနေ့မှာ  ကျပ် ၅၉,၉၀၀၀၀ ကျပ် ဈေးရှိလာပြီး အဲ့ဒီ့ဈေးဟာ ယခင် တစ်ပတ်ကြာက၅၉,၈၀၀၀၀ကျပ်ဈေးထက်တော့ငွေကျပ်၁သောင်းနှုန်းဈေးပြန်တက်လာပါတယ်။ ရွှေအသင်းရဲ့ဈေး သတ်မှတ်ချက်ကဈေးတစ်ပတ်အတွင်းဈေးတက်သွားသလို ပြင်ပပေါက်ဈေးမှာလည်း ၁၆ ပဲရည်အခေါက်ရွှေတစ်ကျပ်သားကို ၉၀ သိန်းပေါက်ဈေးမှာရှိလာလို့ ဒီဈေးဟာ အရင်တစ်ပတ်ဈေးထက် ပြင်ပဈေးပိုလာနေတယ်လို့သိရပါတယ်။ ငွေဈေးနှုန်း အခုတစ်ပတ်အတွင်း နိုင်ငံခြား ဒေါ်လာ ငွေလဲလှယ်နှုန်းတွေ ကတော့ ယခင်တစ်ပတ်ကြာဈေးနဲ့နှိုင်းယှဉ်ပါက ဒေါ်လာဈေး တန့်နေကာ စင်ကာပူဒေါ်လာဈေးနဲ့ ယန်းဈေး၊ယွမ်ဈေးတွေကလည်းပုံမှန်အတိုင်း‌ေစျးတန့်‌ေနဆဲဖြစ်နေပါတယ်။ အမေရိကန်ဒေါ်လာ၁‌ ဒေါ်လာဈေးက ဒီကနေ့ ဒီဇင်ဘာ၁၉ရက်မှာ ရောင်းဈေး ၃၉၈၀ကျပ်၊ ဝယ်ဈေး ၃၉၃၀ကျပ်ဖြစ်ရာထိုင်းဘတ်ငွေကတော့ ရောင်းဈေး ၁၂၇ကျပ်ကျော်၊ ဝယ်ဈေး ၁၂၄ကျပ် ကျော်  ၊ ယွမ်းငွေရောင်းဈေး၅၆၈ကျပ်၊ ဝယ်ဈေး ၅၅၄ကျပ်၊ ဂျပန်ယန်းဈေးက ရောင်းဈေး၂၅၀နဲ့ဝယ်ဈေး၂၄၀ကျပ်တွေမှာ ငွေလဲဈေးကွက်ဖြစ်ပေါ်နေတာပါ။ စင်ကာပူ ငွေလွှဲဈေးကလည်း အမြင့်ဆုံး စင်ကာပူတစ်ဒေါ်လာကိုရောင်းဈေး ၃၀၇၀ကျပ်အထိ ဈေးပေါက်ခဲ့ပြီး ဝယ်ဈေးကတော့၃၀၃၀ကျပ်ဈေးမှာတည်ရှိကာစင်ကာပူ‌ ဒေါ်လာက‌ဈေးလည်းယခင်တပတ်ကြာဈေးအတိုင်းဖြစ်ပါတယ်။ အခြေခံစားသောက်ကုန်ဈေးနှုန်းများ စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းကတော့ ဒီဇင်ဘာ၁၉ရက်ကနေ ဒီဇင်ဘာ၂၅ရက်အထိကို ၆၀၅၀ကျပ် ဖြစ်လို့အရင် တပတ်ကြာကဈေးထက်တော့ ငွေ၉၀ကျပ်နှုန်း ဈေးတက်လာပါတယ်။ ဆီဈေးကပြင်ပမှာအသင်းရဲ့သတ်မှတ်ဈေးကို အခြေခံပြီး ပြင်ပဈေးကွက်မှာလည်း တစ်ပိဿာ ကျပ် ၁၀ဝ၀၀ ကျော် အထိပေါက်ဈေးနဲ့ရောင်းချနေကြပါတယ်။ ပဲဆီ၊ နေကြာဆီနဲ့ အခြားဆီဈေးနှုန်းတွေကတော့ ငွေကျပ်၂၀၀၀၀ ဝန်းကျင်မှာပဲ ဈေးအစားစားရှိနေတယ်လို့ဆိုပါတယ်။ ဆန်ဈေး ဆန်ဈေးနှုန်းတွေကတော့ ယခုလဟာ စပါးပေါ်ချိန်ကိုရောက်ရှိ‌ နေဆဲ ဖြစ်တဲ့အတွက် ကုန်သည်တွေက ဆန်ဈေးအကျကိုမျှော်လင့်ကြပေမယ့် ဆန်ဈေးမကျသလို စပါးဈေးဟာလည်း တင်း၁၀၀ကို ငွေကျပ်၁၁သိန်းပေါက်ဈေးပဲရှိကာ ရွာတွေမှာ စပါးဝယ်ယူသူမရှိပဲဖြစ်နေတယ်လို့လယ်သမား‌ေတွရဲ့‌ ပြောဆိုချက်အရသိရပါတယ်။ ဒါကြောင့် ဆန်ဈေးကပုံမှန်အတိုင်း ဈေးကွက်မှာရွှေဘိုပေါ်ဆန်းတစ်ပြည်ကို ၉၅၀၀ကျပ်မှ ၁၀၀၀၀ကျပ်အထိ ရှိပြီး အခြားဆန်တွေကတော့တောင်ပျံရှယ် တစ်ပြည် ၈၅၀၀၊ မြောင်းမြ ပေါ် ဆန်းတစ်ပြည် ၈၀၀၀၊ ဆင်းသွယ်တစ်ပြည် ၅၅၀၀၊ မနောသုခတစ်ပြည် ၄၅၀၀ စတဲ့ ပေါက်ဈေးအတိုင်း ရှိနေပါတယ်။ စားဖိုဆောင်သီးနှံတွေ အနေနဲ့ကတော့ ကြက်သွန်နီတစ်ပိဿာ ၂၅၀၀ နဲ့၃၀၀၀ကျပ်၊ ကြက်သွန်ဖြူတစ်ပိဿာ ၁၆၀၀၀ ကျပ်နဲ့အထက်   အာလူးတစ်ပိဿာ ၇၀၀၀ကျပ်၊ ဂျင်းတစ်ပိဿာ ၃၃၀၀ကျပ်၊လက်ဖက်စို တစ်ပိဿာ ၁၂၀၀၀ကျပ်၊လက်ဖက်ခြောက်တစ်ပိဿာ၂၄၀၀၀ကျပ်၊ နှစ်ပြန်ကြော် တစ်ပိဿာ၁၄၀၀၀ကျပ် ဈေးတွေအတိုင်းပဲရှိနေပါတယ်။ ကြက်သားအရသာဟင်းခတ်မှုန့်၊ အချိုမှုန့် ၊ခရုဆီ၊ပဲငံပြာရည်၊ ငရုတ်ကောင်းစတဲ့ ကုန်ခြောက်အမျိုးအစားပစ္စည်းတွေ ဈေးခုန်တက်နေတယ်လို့ဆိုပါတယ်။ ခေါက်ဆွဲခြောက်၊ကြာဇံခြောက် လို အထုပ်တွေရဲ့ဈေးကတော့အရင်က ယမ်ယမ်၊ဝါးလားခေါက်ဆွဲတထုပ်ဈေးမှာ၇၀၀ကျပ်ပဲရှိရာကနေယခုအခါဆထုပ်ကိုငွေ၁၀၀၀ကျပ်ရှိပြီး ရှင်းရှင်းကြာဇံခြောက်တထုပ်ဈေး က ယခင် ငွေ၁၂၀၀ကျပ်ကနေယခုအခါ ၁၈၀၀ကျပ်ဈေးအထိရှိလာနေပါတယ်။ ကြက်ဥ၊ဘဲဥ ဈေးတွေကတော့ ပုံမှန်အတိုင်း ကြက်ဥတစ်လုံး၄၅၀ကျပ်ကနေ၅၅၀ကျပ် နဲ့ ဘဲဥတစ်လုံး ၆၀၀ ၊ဆေးဘဲဥတစ်လုံး ၈၀၀ကျပ်နဲ့ ငုံးဥ ၁၀လုံးကို ‌၁၀၀၀ကျပ်ဈေးရှိနေပါတယ်။

တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဒီဇင်ဘာ၁-ဒီဇင်ဘာ၇) ဒီဇင်ဘာ ၇၊ ၂၀၂၅ Myanmar Labour News မှာ ဒီဇင်ဘာ (‌၁) ရက်ကနေ ဒီဇင်ဘာ(၇) ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖော်ပြခဲ့တဲ့ သတင်းအချက်အလက်တွေကို အချိန်တိုတွင်း သိရှိနိုင်ဖို့ ပြည်တွင်း၊ ပြည်ပအလုပ်သမားရေးရာ၊ ပြည်ပရွှေ့ပြောင်းသတင်း၊ ဒေသတွင်းသတင်းတွေနဲ့ သတင်းဆောင်းပါးတွေကို အနှစ်ချုပ် ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၁ ထိုင်း‌နိုင်ငံ ရောက်ရှိနေတဲ့ မြန်မာလုပ်သားတွေအတွက် CIစာအုပ် သက်တမ်းတိုး လုပ်ငန်းစဉ် ဒီဇင်ဘာ ၂၁ ရက်တွင် ပိတ်သိမ်းမယ်လို့ စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးဌာနကနေသိရပါတယ်။ ထိုင်းနိုင်ငံ တောင်ပိုင်းမှာရေကြီးဘေးသင့်တဲ့ လူမှုဖူလုံရေး အာမခံလုပ်သားများ လုပ်ခ ၅၀ ရာခိုင်နှုန်း ၆လ ထောက်ပံ့မယ်လို့ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ၊ ၂၅ ရက်နေ့ မှ ဒီဇင်ဘာလ ၁၀ ရက်​နေ့အထိ ကျ​ရောက်တဲ့ “အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းကို ရပ်တန့်ရေး (၁၆) ရက်တာ လှုပ်ရှားမှု​အရမည်သည့်နေရာ၊ မည်သည့်လုပ်ငန်းခွင်အတွင်းမဆို အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းကို လုံးဝ လက်မခံပါ" ဓါတ်ပုံကမ်ပိန်းကို မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် - IWFM နဲ့ ပြည်တွင်း၊ ပြည်ပ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်​တွေ၊ အထည်ချုပ် လုပ်သား​တွေ နဲ့ မိဘ ပြည်သူ​တွေ ပူး​ပေါင်းပါ၀င်ခဲ့ကြပါတယ်။ ဒီဇင်ဘာ ၂ ရွှေပြည်သာမြို့နယ်၊သာဓုကန်စက်မှုဇုန် Myanmar gigi အထည်ချုပ်မှာအလုပ် သမားတွေကို အလုပ်ပိတ်ချိန်အားလပ်ရက်နဲ့ ညနက်တဲ့အထိဖိအားပေး အချိန်ပို ခိုင်းစေတာတွေရှိနေကြောင်း Myanmar Labour News ကိုစာပေးပို့ထားပါတယ်။ ဒီဇင်ဘာ ၃ လှိုင်သာယာ မြို့နယ် ၊ ရွှေသံလွင်စက်မူဇုန် ကDishang Fashion (Myanmar) Co.,L.td အထည်ချုပ်စက်ရုံမှာလုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုတွေရှိနေလို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် - IWFM မှ ကူညီဆောင်ရွက်ပေးပါရန် အလုပ်သမားတွေက ပေးစာပေးပို့တိုင်ကြားထားပါတယ်။ ဒီဇင်ဘာ ၄ မြန်မာအပါအဝင် ၂၀၂၆ခုနှစ်မှာ အလုပ်လုပ်ခွင့် သက်တမ်း ကုန်မယ့် ရွှေ့ပြောင်းလုပ်သားများအား သက်တမ်း တစ်နှစ်ထပ်တိုးပေးရန် ထိုင်းအစိုးရအတည်ပြုလိုက်ပါတယ်။ ထိုင်းနိုင်ငံ၊ ရာချ်ဘူရီခရိုင်မှာ မြန်မာလုပ်သားတွေလိုက်ပါလာတဲ့ မော်တော်ယာဉ် ဘီး ပေါက်ပြီး မြောင်းထဲ ထိုးကျခဲ့လို့ လိုက်ပါလာသူတွေထဲက မြန်မာလုပ်သား ၉ ဦး သေဆုံးခဲ့တယ်လို ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ ထိုင်းရေဘေးအတွင်း ရွှေ့ပြောင်းလုပ်သား ၅၀၀၀၀ ကျော် အထောက်အထားစာရွက်စာတမ်းများ ပျက်စီးဆုံးရှုံး တယ်လို့ရွှေ့ပြောင်း အလုပ်သမား ကွန်ရက်( MWG) ကသိရပါတယ်။ ထိုင်းနိုင်ငံ၊ ထရပ်ခရိုင် ၊ ဝမ်ကရာချေဒေသက ဒူးရင်းခြံမှာလျှပ်စစ်မီးတိုင် စိုက်ထူနေစဉ် ဗို့အားမြင့် ဝါယာကြိုးတစ်ချောင်းကို ထိမိပြီး မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦး ဓါတ်လိုက်သေဆုံးခဲ့တယ်လို ထိုင်း Khaosod သတင်းဌာနက ဖော်ပြထားပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆုန်ခလာခရိုင် ၊ ဟာယိုင် မြို့ က ရေဘေးသင့် မြန်မာလုပ်သား ညီအစ်ကိုနှစ်ဦးဟာ ဒီဇင်ဘာ ၁ရက်က ထွက်ရှိတဲ့ ထိုင်းအစိုးရထီ ဘတ် ၆သန်း နှစ်ဆောင်တွဲ ကံထူးတဲ့ အတွက် ဘတ် ၁၂သန်းရရှိခဲ့တယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီသူတွေဆီက သိရပါတယ်။ ဒီဇင်ဘာ ၅ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ၊ ၂၅ ရက်နေ့ မှ ဒီဇင်ဘာလ ၁၀ ရက်​နေ့အထိ ကျ​ရောက်တဲ့ “အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းကို ရပ်တန့်ရေး (၁၆) ရက်တာ လှုပ်ရှားမှု​အရမည်သည့်နေရာ၊ မည်သည့်လုပ်ငန်းခွင်အတွင်းမဆို အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းကို လုံးဝ လက်မခံပါ" ဓါတ်ပုံကမ်ပိန်းကို မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် - IWFM နဲ့ ပြည်တွင်း၊ ပြည်ပ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်​တွေ၊ အထည်ချုပ် လုပ်သား​တွေ နဲ့ မိဘ ပြည်သူ​တွေ ပူး​ပေါင်းပါ၀င်ခဲ့ကြပါတယ်။ ဒီဇင်ဘာ ၆ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန်က Hengrun Myanmar အထည်ချုပ်ဟာ ခွင့်ရက်နှင့် ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလစာဖြတ်တောက်နေတယ်လို့မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို အလုပ်သမားတွေက ပြောထားပါတယ်။ ဒီဇင်ဘာ ၇ ထိုင်းနိုင်ငံကို နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် (Border Pass)နဲ့ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို သတ်မှတ် ဒေသတွေမှာ တစ်ကြိမ်ကို အများဆုံး ၆လ အထိ အလုပ် လုပ်ကိုင်ခွင့်ပေးမယ်လို ထိုင်းအလုပ်အကိုင် ရှာဖွေရေးဌာနက ထုတ်ပြန်ပါတယ်။ တပတ်တာ သတင်းအနှစ်ချုပ်ကို မုဒြာက စုစည်းပေးထားတာပါ။ #MyanmarLabourNews #WeeklyHighlights

photo content

စားသုံးဆီ ဈေး မှာလည်း ပဲဆီ၊ နေကြာဆီ လို အမြင့်ဈေး ရှိတဲ့ဆီဈေးက ၁ပိဿာကို ငွေကျပ် ၂သောင်း ပတ်ဝန်းကျင်ရှိနေကာ အခြေခံ လူထုစားသုံးမှုများတဲ့ စားအုန်းဆီဈေးကတော့ စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ယနေ့ဒီဇင်ဘာလ၅ရက်က‌​နေ ၁၁ရက်အထိရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းကတော့ ဆီတစ်ပိဿာကို ငွေကျပ် ၆၁၄၀သတ်မှတ်ထားလို့ ဒါဟာ ပြီးခဲ့တဲ့ ဩဂုတ်လကုန်က ဆီတစ်ပိဿာသတ်မှတ်ဈေး ၆၃၀၀ ကျပ် နဲ့ နှိုင်းယှဉ်ပါက ငွေကျပ်၂၆၀ ကျပ်လောက် ဆီဈေးကျသွားတာလည်းဖြစ်ပါတယ်။ ကြက်ဥ၊ ဘဲဥ ဈေးတွေကတော့ ငွေကျပ် ၅၀၀ မှ ၄၅၀ကျပ်ဈေးနဲ့ ဩဂုတ်လကအတိုင်းအခုဒီဇင်ဘာမှာလည်း ဈေးပြောင်းလဲမှုမရှိပါဘူး။ အခြား ကြက်သွန်၊ ဂျင်း၊ ငရုတ် နဲ့ အားလူးစတဲ့ အခြေခံမီးဖိုချောင်းသုံးသီးနှံတွေရဲ့ဈေးတွေကတော့ ၃လအတွင်းမှာ အားလူးဈေးကလွဲပြီးအပြောင်းအလဲသိပ်မရှိဘူးလို့ ဆိုပါတယ်။ အာလူးဈေးက ဩဂုတ်လက တစ်ပိဿာကို ၅၀၀၀ ကျပ် ဝန်းကျင်ရှိခဲ့ရာက ၊ယခုဒီဇင်ဘာလမှာတစ်ပိဿာကို ၇၀‌၀၀ကျပ် ရှိလာလို့ငွေကျပ်၂၀၀၀ကျပ်လောက်ဈေးကွာဟလာပါတယ်။ ကြက်သွန်နီတစ်ပိဿာ ၂၅၀၀ နဲ့၃၀၀၀ကျပ်၊ ကြက်သွန်ဖြူတစ်ပိဿာ ၁၆၀၀၀ ကျပ်နဲ့အထက် ၊ ဂျင်းတစ်ပိဿာ ၃၃၀၀ကျပ်၊ လက်ဖက်စို တစ်ပိဿာ ၁၂၀၀၀ကျပ်၊လက်ဖက်ခြောက်တစ်ပိဿာ၂၄၀၀၀ကျပ်၊ နှစ်ပြန်ကြော် တစ်ပိဿာ၁၄၀၀၀ကျပ် ဈေးတွေအတိုင်းပဲ၃လအတွင်းသိပ်အ‌ေပြာင်းအလဲရှိမနေပါဘူး။ အသားငါး၊ ဈေးနှုန်းတွေကတော့ ၃လအတွင်း သိသိသာသာကြီးကြီးမားမားပြောင်းလဲလာနေရာ ဩဂုတ်လအတွင်းမှာ ဆိတ်သားဈေးက တစ်ဆယ်သား ၅၅၀၀ ကျပ်ဈေးနဲ့ အမဲသားဈေးမှာလည်း တစ်ဆယ်သား ၃၂၀၀ ကျပ်ဈေးတွေဖြစ်ခဲ့ရာ အခုဒီဇင်ဘာလ ပထမပတ်မှာတော့ ဆိတ်သားဈေးက တစ်ဆယ်သား၉၀၀၀ကျပ် နဲ့ အမဲသား တစ်ဆယ်သား၇၅၀၀ကျပ်ဈေးတွေဖြစ်ပေါ်လာလို့ အသားဈေးမြင့်တက်လာနေပါတယ်။ ငါးဈေးအနေနဲ့လည်း မည်သည့်ငါးမဆို ငွေကျပ် ၅၀၀၀ အနည်းဆုံးပေးဝယ်မှရတော့တာပဲဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်ဈေးတွေအနေနဲ့ကလည်း ဩဂုတ်လက ကန်စွန်းရွက်တစ်စည်း ငွေကျပ် ၈၀၀ က‌ ​နေ ယခု အခါ တစ်စည်းငွေကျပ် ၁၅၀၀ ဖြစ်လာသလို အခြားဟင်းသီးဟင်းရွက်တွေကလည်း အနည်းဆုံးငွေကျပ် ၁၀၀၀ နဲ့အထက် မှာ ဈေးတွေဖြစ်လာလို့ ပြီးခဲ့တဲ့ ၃လအတွင်းကထက် ဟင်းသီးဟင်းရွက်ဈေးတွေလည်း ငွေကျပ် ၇၀၀ ကနေ ၁၀၀၀ ကြားဈေးပိုတက်လာတာဖြစ်ပါတယ်။ လူသုံးကုန်တွေအနေနဲ့ကတော့ဩဂုတ်လမှာ ဆေးဝါးပစ္စည်းတွေကို ကြည့်ပါက ဈေးကွက်ထဲမှာအလွယ်ရနေတဲ့ အိမ်သုံးဆေးဝါး ပါရာစီတမောက အစ အရင်ထက်ဈေးတက်ကာ ဆေး၁ကတ် ၂၀၀၀ ကျပ်နီးပါးဈေးတခြားအကိုက်အခဲ ပျောက်ဆေးတွေက ဆေးအမျိုးအစားလိုက် တစ်ကတ် ၄၀၀၀ ပတ်ဝန်းကျင် အထိ ဈေးနှုန်းရှိနေပြီး အမူးပြေဆေး ၃၀၀၀ကျပ်၊ သွေးပေါင်ကျဆေးတစ်ကတ် ၃၈၀၀ ကျပ်၊ အစာကြေဆေး တစ်ကတ် ၄၀၀၀ကျပ်အထိ ဈေးကွက်ထဲဈေးရှိခဲ့ရာအခု ဒီဇင်ဘာလမှာတော့ ပါရာစီတမော တစ်ကတ်ကို ငွေကျပ် ၃၀၀၀နီးပါး၊ အကိုက်ခဲပျောက်ဆေးများငွေကျပ်၄၀၀၀ကနေ ၅‌၀၀၀ကျပ်ကြားနဲ့ ၊ သွေးပေါင်ကျဆေးတစ်ကတ် ‌၄၅၀၀ ကျပ်၊ အစာကြေဆေး တစ်ကတ် ၄၅၀၀ကျပ်အထိ ရှိလာလို့ ၃လအတွင်းဆေးဝါးဈေးတွေ ၁ကတ်ကို ငွေကျပ် ၅‌၀‌၀ မှ ၁၀၀၀ ကြားဈေးအပြောင်းအလဲတွေဖြစ်ပေါ်ခဲ့ပါတယ်။ ပြည်ပ ကတင်သွင်းလာတဲ့ လူသုံးကုန်‌တွေထဲမှာတော့ ဆပ်ပြာမှုန့်၊ ခေါင်းလျော်ရည် နဲ့ အလှကုန်များက အရင်ထက် ဈေး၅ဆလောက်ကွာဟသွားတယ်လို့သုံးစွဲသူတွေကပြောနေကြတာပါ။ " ဆပ်ပြာမှုန့်က ယိုးဒယားတံဆိပ် ‌ဝမ်းအိုအိပ်(108)တစ်မျိုးကိုပဲကြည့်ဦးပြီးခဲ့တဲ့၃လအတွင်းကဆိုရင် တစ်အိတ်ကို ၇၅‌၀၀ကျပ်လောက်ဆိုအေးဆေးရတယ် ၊အခုတော့ ၁၂၀၀၀ကျပ်လောက်တောင်ပစ္စည်းကပြတ်သွားတာနဲ့ ၊ ကလေးသုံးဒိုက်ဘာတွေဆိုလည်းအရင်က အခု၅‌၀ပါခရမ်းထိုးတစ်ဆွဲအိတ်ကို ၁၆၀၀၀ဈေးအခုတော့၂၇၅၀‌၀ဈေးဆိုတော့ ဈေးနှစ်ဆကျော်ကွာသွားပြီ ပစ္စည်းဘာကြောင့် ဒီလောက်ဈေးကြီးလဲမေးတော့ နယ်စပ်ကအဝင်မရှိတော့လို့ ပစ္စည်းရှားသွားလို့ဆိုတာတွေရောင်းတဲ့သူတွေကပြောကြတယ်လို့" ရန်ကုန်မြို့နေအိမ်ရှင်မတစ်ဦးကပြောပြထားပါတယ်။ ၃ လကြာကုန်ဈေးနှုန်း နှိုင်းယှဉ်ချက်တွေကို မုဒြာက စုစည်းပေးထားတာပါ။ #MyanmarLabourNews #WeeklyHighlights

၃ လအတွင်းအခြေခံစားသောက်ကုန်အချို့ဈေးတက်၊ ပြည်ပသွင်းကုန်ဟင်းချက်ပစ္စည်းအချို့ပြတ်လပ်ခဲ့ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း) ဒီဇင်ဘာ ၇၊ ၂၀၂၅ မြန်မာပြည်သူတွေ အနေနဲ့ တရိပ်ရိပ်တက်နေတဲ့ ကုန်ဈေးနှုန်းဒဏ်ကိုခံခဲ့ကြရတာဟာ နှစ်ပေါင်းကြာမြင့်နေပေမယ့် ပြီးခဲ့တဲ့ စက်တင်ဘာက စပြီး ယခု ဒီဇင်ဘာလပထမပတ်အထိ မှာတော့ ကုန်ဈေးနှုန်းအခြေအနေဟာ ယခင်ဈေးကြီးတာထက်ပိုတဲ့အခြေခံစားသောက်ကုန်စည်အချို့ ပစ္စည်းပြတ်လပ်မှုတွေပါကြုံတွေ့လာကြရတာပါ။ ဒါနဲ့ပတ်သက်ပြီးရန်ကုန်မြို့နေ အိမ်ရှင်မတစ်ဦးက" "ကုန်ဈေးနှုန်းတွေ တက်တက်နေလို့ ဈေးကို၂ပတ်လောက်မသွား လိုက်တာ တစ်ခါမှမကြားဖူးတဲ့ဈေး နဲ့ နံနံပင် ၁၀သားကို ၆၀၀၀ ကျပ် ဖြစ်နေတာ ရောင်းတဲ့သူက ၅ကျပ်သားအနည်းဆုံးယူပေးရမယ်တဲ့လေ၊ အရင်ကအလွယ်ဝယ်ရ‌တဲ့ တစ်ချို့ဟင်းချက်ဆော့စ်တွေ နဲ့ ဟင်းချက်ရင်သုံးတဲ့ ပြည်ပကတံဆိပ် ယိုးဒယားတံဆိပ် ပစ္စည်းတွေ အတော်များများလည်းမ‌တွေ့ရတော့ဘူး၊ ပစ္စည်ပြတ်အဝင်မရှိတော့ဘူးလို့တော့ဆိုင်တွေကပြောနေကြတယ်လို့" အိမ်ရှင်မတယောက်က ပြောပါတယ်။ စက်တင်ဘာလလယ်က စတင်တဲ့ ကုန်သွယ်ရေးပိတ်ပင်ခံရမှုတွေကြောင့် ပြည်ပကနေ စားသောက်ကုန်၊ လူသုံးကုန်တွေကို နယ်စပ်ကနေတင်သွင်းနေသူ‌တွေကြား ကုန်ပစ္စည်း မလုံလောက်မှု၊ ကုန်ပစ္စည်းပြတ်လပ်သွားမှုတွေရှိခဲ့တာပါ။ ဒါကြောင့် ဒီတစ်ပတ် Myanmar Labour News ရဲ့ကုန်ဈေးနှုန်းကဏ္ဍမှာတော့ ပြီးခဲ့တဲ့သြဂုတ်လကုန်ကနေ ယခုဒီဇင်ဘာလ ပထမတစ်ပတ်အထိ ၃လအတွင်းပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့ ကုန်ဈေးနှုန်းတွေကို စုစည်းပြီး ဖော်ပြလိုက်ပါတယ်။ ကုန်ဈေးနှုန်းကို နှိုင်းယှဉ်ရာမှာ စက်သုံးဆီ၊ ရွှေ၊‌ ​ငွေ၊ ဒေါ်လာဈေးတွေကလည်း အများပြည်သူသိရှိရမယ့် အချက်အလက်တွေဖြစ်ရာ ဩဂုတ်လကုန်ကနေ ယခု ဒီဇင်ဘာပထမတစ်ပတ်အထိ ၃ လအတွင်း မှာတော့ စက်သုံးဆီဈေးနဲ့စားသုံးဆီဈေးတွေက ကျလာနေပြီး ရွှေ၊ငွေ၊ ဒေါ်လာဈေးတွေက ထိုးတက်လာနေပါတယ်။ စက်သုံးဆီဈေးအနေနဲ့ ပြီးခဲ့တဲ့ဩဂုတ်လကုန်က ဓာတ်ဆီ ၉၂တစ်လီတာကို ငွေကျပ် ၂၉၃၅ကျပ်၊ ၉၅တစ်လီတာကို ငွေကျပ် ၃၀၂၅ကျပ်၊ ဒီဇယ်ရိုးရိုး တစ်လီတာကို ငွေကျပ်၂၅၃၅ကျပ်၊ ပရီမီယံ ဒီဇယ်တစ်လီတာကိုငွေကျပ် ၃၀၄၀ ကျပ် အထိဈေးရှိခဲ့ရာ ယနေ့ ဒီဇင်ဘာ ၅ရက် ရန်ကုန်အထိုင်လက်ကားဈေးကတော့ ဓာတ်ဆီ ၉၂ တစ်လီတာကို ၂၅၂၅ကျပ် ၊၉၅တစ်လီတာကို ၂၆၁၀ကျပ် ၊ဒီဇယ်ရိုးရိုးတစ်လီတာကို ၂၃၃၀ကျပ် ၊ပရီမီယံ ဒီဇယ်တစ်လီတာကို ၂၈၀၅ကျပ် ဖြစ်လို့ ၃လကြာအတွင်းမှာစက်သုံးဆီဈေးတွေဟာ ဓာတ်ဆီဈေး ကငွေကျပ် ၄၀၀ကျော် ဒီဇယ်ဈေးက ငွေကျပ်၂၀၀ကျော်ဈေးတွေကျဆင်းလာပါတယ်။ ပြင်ပဈေးကွက်မှာတော့ စက်သုံးဆီဈေးတွေက ငွေကျပ် ၃၀‌၀၀ နဲ့ဝန်းကျင်ဈေးတွေနဲ့အရောင်းအဝယ်ဖြစ်နေကြပါတယ်။ ရွှေဈေး ရွှေဈေးသတ်မှတ်ချက် အနေနဲ့ ၃လကြာ ဈေးကွာဟချက်က အပြောင်းအလဲအတော်ဖြစ်ပါတယ်။ ရွှေလုပ်ငန်းရှင်အသင်းရဲ့ ဈေးသတ်မှတ်ချက်ဟာ ပြီးခဲ့တဲ့ဩဂုတ်လကုန်မှာ တစ်ကျပ်သားကို ၅၉သိန်း ရှိခဲ့ရာ ယနေ့ဒီဇင်ဘာ ၅ ရက်မှာတော့ အသင်းသတ်မှတ်ဈေးက ၅၉သိန်း ၉ သောင်းဖြစ်လို့ ၃လကြာအတွင်း ရွှေအသင်းသတ်မှတ်ဈေးဟာ ၉သောင်း လောက်ဈေးထိုးတက်သွားပါတယ်။ ပြင်ပရွှေပေါက်ဈေးကတော့ ဩဂုတ်လက ရွှေတစ်ကျပ်သား ၇၇သိန်းပေါက်ဈေးရှိရာ ယခု ဒီဇင်ဘာမှာတော့ က ရွှေတစ်ကျပ်သားကို ၈၆သိန်းပေါက်ဈေးရှိလာလို့ ရွှေတစ်ကျပ်သားကို၃လအတွင်း၉သိန်းခန့် ဈေးပိုလာတာပါ။ နိုင်ငံခြားငွေကြေး နိုင်ငံခြားငွေဈေးကွက်ကတော့ ပြီးခဲ့တဲ့ဩဂုတ်လမှာ အမေရိကန် ၁ ဒေါ်လာဈေးက ငွေကျပ် ၄၀၀၀ ကျော် ဝန်းကျင်ဈေးမှာရှိခဲ့ရာ လက်ရှိ ယနေ့ဒီဇင်ဘာလ၅ရက်မှာလည်း ကန်၁ဒေါ်လာကို ရောင်းဈေး ငွေကျပ် ၄၀၂၀ ကျပ် ဝယ်ဈေး ၄၀၂၈ ကျပ်ဖြစ်တဲ့အတွက် ကန်ဒေါ်လာဈေးက အတက်ဈေးဖြစ်ပေမယ့်အနည်းငယ်သာဈေးကွာဟချက်ရှိနေပါတယ်။ တခြားနိုင်ငံခြားငွေတွေဖြစ်တဲ့ ယွမ်၊ယန်း၊ဘတ်ဈေးတွေကလည်း ယနေ့မှာ ထိုင်းဘတ်ငွေကတော့ ရောင်းဈေး ၁၂၅ကျပ်ကျော်၊ ဝယ်ဈေး ၁၂၇ကျပ် ကျော် ၊ ယွမ်းငွေကရောင်းဈေး၅၈၅ကျပ်၊ ဝယ်ဈေး ၅၇၀ကျပ်၊ ဂျပန်ယန်းဈေးက ရောင်းဈေး၂၈၀နဲ့ဝယ်ဈေး၂၅၀ကျပ်တွေမှာ ငွေလဲဈေးကွက်ဖြစ်ပေါ်နေလို့ ပြီးခဲ့တဲ့၃လအတွင်းက ထိုင်းဘတ်ငွေကတော့ ရောင်းဈေး ၁၃၃ကျပ်ကျော်၊ ဝယ်ဈေး ၁၃၅ကျပ် ကျော် ၊ယွမ်းငွေကရောင်းဈေး၅၉၂ကျပ်၊ဝယ်ဈေး ၆၀၅ကျပ်၊ဂျပန်ယန်းဈေးက ရောင်းဈေး၂၉၄နဲ့ဝယ်ဈေး၂၉၆ ကျပ်တွေမှာ ငွေလဲဈေးကွက်ဖြစ်ပေါ်နေလို့ အခြားနိုင်ငံခြားငွေဈေးတွေကအများကြီး တက်မသွားဘူးလို့သိရပါတယ်။ စားသောက်ကုန် နဲ့ လူသုံးကုန် နေ့စဉ်ဘဝအတွက် အခြေခံစားသောက်ကုန်တွေ ဖြစ်တဲ့ ဆန်၊ ဆီဈေးတွေအနေနဲ့ကတော့ ဆန်ဈေးကြည့်ပါက ဈေးကွက်မှာရွှေဘိုပေါ်ဆန်းတစ်ပြည်ကို ၉၅၀၀ ကျပ်မှ ၁၀၀၀၀ကျပ်အထိ ရှိပြီး အခြားဆန်တွေကတော့တောင်ပျံရှယ် တစ်ပြည် ၈၅၀၀၊ မြောင်းမြ ပေါ် ဆန်းတစ်ပြည် ၈၀၀၀၊ ဆင်းသွယ်တစ်ပြည် ၅၅၀၀၊ မနောသုခတစ်ပြည် ၄၅၀၀ စတဲ့ ပေါက်ဈေးအတိုင်း ရှိနေပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ၃ လအတွင်းဩဂုတ်လက ဆန်ပေါက်ဈေးတွေဖြစ်တဲ့ ဆန်ဈေးနှုန်းတွေကတော့ ရွှေဘိုပေါ်ဆန်းမွှေးတစ်ပြည် ၉၀၀၀၊ တောင်ပျံရှယ် တစ်ပြည် ၈၀၀၀၊ မြောင်းမြ ပေါ် ဆန်းတစ်ပြည် ၆၅၀၀၊ ဆင်းသွယ်တစ်ပြည် ၅၅၀၀၊ မနောသုခတစ်ပြည် ၄၅၀၀ စတဲ့ ပေါက်ဈေးအတိုင်းထက်တော့ ငွေကျပ် ၅၀‌၀ နဲ့၁၀၀၀ကျပ် ဝန်းကျင်ဈေးကွာဟမှုသာရှိနေပါတယ်။

photo content
+2