en
Feedback
Htut Khaung Lin

Htut Khaung Lin

Open in Telegram
459
Subscribers
-124 hours
-47 days
-930 days
Posts Archive
photo content

ပုဏ္ဏားကျွန်းမင်းတံတားကိုတပ်မတော်ကပြန်ထိန်းချုပ်နိုင်ပြီ AA တွေစပါးတာ.အောင်မြေ.ကွမ်းတောင်အထိတပ်ဆုတ်သွားပြီ။သူတို့ဘက်က ဗျူဟာမှူးအဆင့်နဲ့ရဲဘော်တော်တော်များများကျတယ်လေတပ်နဲ့ရေတပ်ဟန်ချက်ညီလို့တိုက်လို့ရသွားတာ..သတင်းဆက်စောင့်ပါ။ စစ်မင်း

photo content
+2

ဗိုလ်တစ်ထောင်မြို့နယ် ၄၁ လမ်းတွင် အသက်ကြီးပိုင်းအမျိုးသမီးတစ်ဦး အသတ်ခံရ ၈ စက်တင်ဘာ ၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ၄၁ လမ်းအပေါ်လမ်းရှိ နေအိမ်တိုက်ခန်းတစ်ခုတွင် အသက်ကြီးပိုင်းအမျိုးသမီးတစ်ဦး အသတ်ခံထားရသည်ကို တွေ့ရှိခဲ့ကြောင်း အနီးအနားနေထိုင်သူများထံမှ သိရသည်။သေဆုံးနေသည်ကို ယနေ့ စက်တင်ဘာ ၈ ရက် နံနက်ပိုင်းတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး မည်သည့်အချိန်ကတည်းက အသတ်ခံထားရသည်ကို မသိရသေးဘဲ သက်ဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးမှုများ ပြုလုပ်နေကြောင်း အနီးအနားနေထိုင်သူများက ပြောသည်။သေဆုံးသူ၏ ရုပ်အလောင်းကို အဖြူရောင်ကမ်းလက် လူမှုကူညီရေးအသင်းက ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း အသင်းက အသိပေးထားသည်။

photo content

Walk for Peace ဆရာတော် မြန်မာနိုင်ငံကို ကြွရောက်မယ် စက်တင်ဘာ ၈ မန္တလေးမြို့၊ ရန်ကင်းတောင် ငြိမ်းချမ်းရေးတက္ကသိုလ်ရဲ့ တတိယအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနားကို လာမယ့် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး Walk for Peace  ဦးဆောင် ဆရာတော်ပါ ကြွရောက်ချီးမြှင့်မယ်လို့ သိရပါတယ်။ အခုနှစ် ဘွဲ့နှင်းသဘင်မှာ ပါရဂူဘွဲ့  (Ph.D.) (၁) ပါး၊ မဟာဝိဇ္ဇာဘွဲ့ (M.A.) (၂၃) ပါးအပြင် အခြားဘွဲ့ကြိုနဲ့ ဒီပလိုမာဘွဲ့တွေကို သံဃာတော်တွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေကို အပ်နှင်းသွားမယ်ဖြစ်တယ်လို့လည်း သိရပါတယ်။ ကမ္ဘာကျော် ငြိမ်းချမ်းရေးလှုပ်ရှားမှုဖြစ်သော Walk_For Peace ရဲ့ ဦးဆောင် ရဟန်းတော် အရှင်ပညာကာရ ကို အခမ်းအနားမှာ အထူးဂုဏ်ပြုမယ်ဖြစ်ပါတယ်။ ဆရာတော်ကို ငြိမ်းချမ်းရေးအတွက် ထူးခြားစွာ ဆောင်ရွက်ခဲ့မှုတွေကို ဂုဏ်ပြုသော “Global Peace Award”နဲ့ ဗုဒ္ဓဘာသာအနှစ်သာရတွေ ကမ္ဘာတစ်ဝန်း ဖြန့်ဝေရာမှာ ကိုယ်ကျိုးစွန့်ဆောင်ရွက်မှုကို အသိအမှတ်ပြုတဲ့ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့တို့ကို ဆပ်ကပ်ချီးမြှင့်သွားမယ်ဖြစ်ပါတယ်။ ဆရာတော် အရှင်ပညာကာရဟာ အဆိုပါ ဂုဏ်ပြုဆုတွေကို ကိုယ်တိုင်လက်ခံဖို့အတွက် ပစ္စာသမဏနောက်လိုက်ရဟန်းတော် အရှင်ဓမ္မိကနဲ့အတူ မြန်မာနိုင်ငံကို ကြွရောက်လာမှာဖြစ်ပါတယ်။ ဘွဲ့ခံ သံဃာတော်တွေနဲ့အတူ ကမ္ဘာကျော် ငြိမ်းချမ်းရေးဆရာတော်ကြီးကို ဖူးမျှော်ကြည်ညိုလိုသူတွေအနေနဲ့ လာမယ့် နိုဝင်ဘာလ (၁၅) ရက်နေ့မှာ ရန်ကင်းတောင်၊ ငြိမ်းချမ်းရေးတက္ကသိုလ်ကို သွားရောက်နိုင်မှာဖြစ်ပါတယ်။

+3

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး ၂၀၂၆ ခုနှစ် စက်တင်ဘာ ၈ ရက် သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း သိုလှောင်ထားသည့် ယမ်းအိတ်များ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။အဆိုပါ ပေါက်ကွဲမှုပြင်းအားကြောင့် အနီးအနားရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းနှင့် နေအိမ်အချို့တွင် ပြတင်းပေါက်များ ပြုတ်ထွက်ခြင်း၊ အိမ်ခေါင်မိုးများ လန်ထွက်ခြင်းနှင့် ခြံစည်းရိုးများ အတန်းလိုက် ပြိုကျခြင်းများအထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။“အရမ်းပြင်းတယ်၊ မြို့ထဲမှာတောင် မြေကြီးတုန်သွားတာ။ တချို့အိမ်တွေဆို ပြတင်းပေါက်တွေပါ ပြုတ်ထွက်ကုန်တယ်။ ခြံစည်းရိုးတွေဆိုလည်း အတန်းလိုက်ကြီး ပြိုကျသွားတာ။ အခုဖြစ်တာက ရွာထဲမှာ မဟုတ်ဘူး၊ ရွာနောက်ဘက်က တောထဲမှာလို့ ပြောတယ်။ အဲ့ဒီနားက ဘုန်းကြီးကျောင်းလည်း ပျက်စီးသွားတယ်” ဟု သိန္နီဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။အဆိုပါ ပေါက်ကွဲမှုကြောင့် အရပ်သားများ ထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာ၌ ကိုးကန့်တပ်မတော် (MNDAA) တပ်ဖွဲ့ဝင်များ တပ်စွဲထားကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။“အရပ်သားတော့ ထိခိုက်တာ မကြားမိဘူး။ သူတို့လူတွေ (MNDAA) ထိခိုက်ရင်လည်း အပြင်ကို သတင်းပေါက်ကြားတာ သိပ်မရှိတတ်ဘူး” ဟု အဆိုပါ အမျိုးသမီးက ဆက်ပြောသည်။လက်ရှိတွင် ပေါက်ကွဲမှုဖြစ်ပွားရာ မန်မိုင်ရွာအနီးတစ်ဝိုက်နှင့် လမ်းပိုင်းများကို MNDAA က ပိတ်ဆို့ထားပြီး စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။သိန္နီမြို့ကို “၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်း စတင်ခဲ့ချိန် ၂၀၂၃ စက်တင်ဘာလကုန်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က ချင်းရွှေဟော်မြို့နည်းတူ ပထမဆုံး ထိန်းချုပ်နိုင်ခဲ့သည့် မြို့ဖြစ်ပြီး မြို့ပေါ်ရပ်ကွက်များကို မူလ (၄) ရပ်ကွက်မှ (၆) ရပ်ကွက်အဖြစ် ပြောင်းလဲသတ်မှတ်ပြီး အုပ်ချုပ်ရေးယန္တရား လည်ပတ်နေသည်။သျှမ်းပြည်မြောက်ပိုင်းတွင် ယခုကဲ့သို့ လက်နက်ကိုင်အဖွဲ့များ၏ ခဲယမ်းသိုလှောင်ရုံများ ပေါက်ကွဲမှုမှာ ယခုတစ်ကြိမ်တင်မကဘဲ ပြီးခဲ့သည့် မေလ (၃၁) ရက်နေ့ကလည်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ တအာင်းတပ်ဖွဲ့ (TNLA) ၏ စီးပွားရေးဌာနမှ သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု ပေါက်ကွဲမှု ဖြစ်ပွားခဲ့ဖူးသည်။နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာပေါက်ကွဲမှုတွင် သေဆုံးသူ (၄၃) ဦးနှင့် ထိခိုက်ဒဏ်ရာရသူ (၁၁၂) ဦး ရှိကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနမှ ထုတ်ပြန်ခဲ့သော်လည်း ကူညီကယ်ဆယ်ရေးအဖွဲ့များ၏ စာရင်းအရ သေဆုံးသူ (၆၀) ကျော်နှင့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားသူ (၆၀၀) ကျော်အထိ ရှိခဲ့ကြောင်း သိရသည်။ယခု သိန္နီမြို့နယ်အတွင်း ဖြစ်ပွားသည့် ပေါက်ကွဲမှုသည်လည်း လူနေကျေးရွာများနှင့် နီးကပ်သည့်နေရာတွင် ခဲယမ်းများ သိုလှောင်ထားခြင်းကြောင့် ဖြစ်နိုင်ကြောင်း ဒေသခံများက ယူဆနေကြပြီး ယင်းကဲ့သို့ လက်နက်ခဲယမ်းများ သိုလှောင်မှုအပေါ် ဒေသခံပြည်သူများက ၎င်းတို့၏ ဘေးကင်းလုံခြုံရေးအတွက် အထူးစိုးရိမ်နေကြသည်။ သျှမ်းသံတော်ဆင့်၊

photo content
+2

■ မြောင်းတကာစက်မှုဇုန်တွင် ဓာတ်အားခိုးယူသုံးစွဲနေသော SKY MAN သံရည်ကျိုလုပ်ငန်းကို အရေးယူပြီး နစ်နာခဲ့သည့် ကျပ် ၁၇ ဒသမ ၁၈၄ ဘီလျံအား ပြန်လည်ပေးသွင်းရမည် ■ သြဂုတ်လအတွင်း တရားမဝင် လျှပ်စစ်ဓာတ်အားရယူသုံးစွဲသူ ၉၅ ဦးကို အရေးယူခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ထုတ်ပြန်မြောင်းတကာစက်မှုဇုန်တွင် ဓာတ်အားခိုးယူသုံးစွဲနေသော SKY MAN သံရည်ကျိုလုပ်ငန်းကို အရေးယူပြီး နစ်နာခဲ့သည့် ကျပ် ၁၇ ဒသမ ၁၈၄ ဘီလျံအား ပြန်လည်ပေးသွင်းရမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ထုတ်ပြန်သည်။လျှပ်စစ်ဓာတ်အားသုံးစွဲသူပြည်သူများအနေဖြင့် မသမာသောနည်းလမ်းများကို အသုံးပြု၍ တရားမဝင်ဓာတ်အားရယူသုံးစွဲမှုများ ပြုလုပ်ထားပါက ၂၀၂၆ ခုနှစ် ဇူလိုင် ၃၁ ရက် နောက်ဆုံးထားပြီး သက်ဆိုင်ရာဌာနများသို့ ဆက်သွယ်အသိပေးကြပါရန်နှင့် ယင်းသို့အသိပေးလာပါက ဖြေလျှော့ပေးခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါကာလ ကျော်လွန်ပြီးချိန်တွင် တရားမဝင် ဓာတ်အားသုံးစွဲမှုများကို Control Center များမှ စစ်ဆေးတွေ့ရှိရပါက ပြဋ္ဌာန်းထားသည့် လျှပ်စစ် ဥပဒေများနှင့်အညီ ဒဏ်ကြေးငွေပေးဆောင်စေခြင်း၊ မီတာအသုံးပြုခွင့်ကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းနှင့် လုပ်ငန်းလိုင်စင် ပိတ်သိမ်းခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကို ပြည်သူသို့ အသိပေးပန်ကြားခဲ့ရာ ဆက်သွယ်အသိပေးလာသူများအားလုံးကို ဖြေလျှော့မှုများ အသီးသီးဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။၂၀၂၆ ခုနှစ် သြဂုတ်လအတွင်း တရားမဝင် လျှပ်စစ်ဓာတ်အားရယူသုံးစွဲမှုများကို ဝန်ကြီးဌာနမှ ဖွဲ့စည်းထားသည့် စစ်ဆေးရေးအဖွဲ့များဖြင့် စစ်ဆေးဖော်ထုတ်ခဲ့ရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ခုနစ်ဦး၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၁၂ ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် ၂၁ ဦး၊ မကွေးတိုင်းဒေသကြီးတွင် ၁၇ ဦး၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၃၂ ဦး၊ ကချင်ပြည်နယ်တွင် တစ်ဦး၊ မွန်ပြည်နယ်တွင် နှစ်ဦး၊ ရှမ်းပြည်နယ်တောင်ပိုင်းတွင် သုံးဦး၊ စုစုပေါင်း ၉၅ ဦးကို ဖော်ထုတ်ရရှိခဲ့ပြီး ဌာနမှသတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းနှင့်အညီ မီတာဖြုတ်သိမ်းခြင်း၊ လျော်ကြေးငွေအပြည့် အဝတောင်းခံခြင်းနှင့် အချို့ကို ဥပဒေအရ အမှုဖွင့်တရားစွဲဆိုခြင်းများ ဆောင်ရွက်ခြင်းဖြင့် ထိရောက်စွာအရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ထို့ပြင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် Control Center များမှ စောင့်ကြည့် စစ်ဆေးလျက်ရှိရာ စက်တင်ဘာ ၃ ရက်တွင် မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်၊ အကွက်အမှတ် (၃၂/၃၇)ရှိ SKY MAN သံရည်ကျိုလုပ်ငန်းတွင် သုံးစွဲနေသော မီတာအမှတ်(YN-17431) ၌ Alarm ပေါ်နေသဖြင့် တာဝန်ရှိသူများပါဝင်သောအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ပြီး မီတာကို ဖြုတ်ယူ၍ Test Lab ဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာ မီတာအား ပြုပြင်ပြီး ဓာတ်အားခိုးယူသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် စက်ရုံအား ချက်ချင်းပိတ်သိမ်းခဲ့ပြီး နိုင်ငံတော်အနေဖြင့် နစ်နာဆုံးရှုံးခဲ့သော လျှပ်စစ်ဓာတ်အား ယူနစ် ၂၃ ဒသမ ၃၆ သန်းအတွက် ကျသင့်လျော်ကြေးငွေကျပ် ၁၇ ဒသမ ၁၈၄ ဘီလျံအား ပြန်လည်ပေးသွင်းစေရေးနှင့် လျှပ်စစ်ဥပဒေနှင့်အညီ မှော်ဘီမြို့မရဲစခန်းတွင် အမှုဖွင့်လှစ်အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

photo content

နေပြည်တော်က ကားသမားကို သတ်ပြီး ကားလုခဲ့သူဟာ  လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ ဝင်ဖြစ်နေ စက်တင်ဘာ ၈၊ ၂၀၂၆ နေပြည်တော်က ကားအငှားဝန်ဆောင်မှုလုပ်ကိုင်သူကို  သတ်ပြီး ကားလုယက်ခဲ့သူဟာ နေပြည်တော်ရှိ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ ဝင် ရဲရင့်အောင်ဆိုသူ ဖြစ်တယ်လို့ သိရပါတယ်။ လူသတ်မှုကျူးလွန်သူ ရဲရင့်အောင်ဟာ တီးတိန်ကနေ နေပြည်တော်ကို ပြောင်းရွှေ့လာတာ တလကျော်လောက်သာရှိပြီး လက်ရှိ နေပြည်တော် ရုံးအမှတ် ၃၈ က ရဲတပ်ဖွဲ့ဝင်ဖြစ်တယ်လို့  သိရပါတယ်။ တရားခံဟာ လူသတ်မှုကျူးလွန်ပြီးနောက်မှာ အလောင်းကို မိတ္ထီလာမြို့နယ်အပိုင် အမြန်လမ်း ၂၇၉ မိုင် ၁ ဖာလုံမှာ စွန့်ပစ်ခဲ့ပြီး ကားကိုယူဆောင်ခဲ့ကြောင်း ၊ အဲဒီကားနဲ့ပဲ နေပြည်တော်လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရုံးကို ပြန်လာကာ မူးယစ်သောက်စားနေချိန် ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ " နေပြည်တော် လူကုန်ကူးတားဆီးရေးက ရဲတပ်သားပါ ။  သူက မိတ္ထီလာက သူ့ကောင်မလေးကို တွေ့ဖို့ ကားငှားလာတာ။ ပျော်ဘွယ်လောက်ရောက်တော့ သူ့အိမ်က ဖုန်းဆက်လာတယ်။ သူ့ညီမကဆေးရုံတက်ရမှာ ပိုက်ဆံလိုတယ် ပို့ပေးအုံးဘာညာဆိုတော့ သူ့လက်ထဲမှာက မရှိဘူး ။အဲဒီမှာ ကားသမားလက်မှာ လက်စွပ်ကြီးတွေ့တော့ သူကလိုချင်စိတ်ကပေါက်သွားတယ်။ အဲဒါနဲ့ သူဖုန်းပြောချင်တယ် ကားခဏရပ်ပေးပါဆိုပြီး ဖုန်းပြောရင်းသေးပေါက် ပြီးတော့ ကားပေါ်မတက်ပဲ ကားသမားကို သေနတ်နဲ့ချိန်ထားပြီး လက်စွပ်ဘယ်လောက်တန်လည်းမေးတော့ မတန်ပါဘူး ကားသမားကပြောရင်းရုန်းရင်းဆန်ခတ် နည်းနည်းပဲဖြစ်လိုက်ပြီး သူကချက်ခြင်းပစ်လိုက်တာ ။ ညာဘက်မျက်ခုံးနားကနေ ကျည်ထွက်သွားတယ်။လက်ဖဝါးတချက်ထိတယ်။ သေသွားတယ်။ အဲဒါနဲ့ သူကအလောင်းကို မိတ္ထီလာဘက်ရောက်တော့ လှည်းလမ်းကြောင်းတွေ့တော့ ချထားခဲ့လိုက်တယ်။ အဲဒါပြီးတော့ မိတ္ထီလာကို ဆက်လာတယ်။ ကောင်မလေးနဲ့မတွေ့တော့ အဲဒီကားကြီးနဲ့ပဲ သူ့ရုံးကိုပြန်သွားတယ်။သူ့သူငယ်ချင်းတွေကလည်း ကားပါလာတယ်ဆိုပြီး  ဘီယာသောက်မယ်ဆိုပြီး ထွက်လာပြီး ဂီတာတီးနေကြတာ။သူအပါအဝင် ရဲခြောက်ယောက်ပေါ့။အကုန်လုံးဖမ်းလိုက်တယ်။ ကျန်တဲ့ရဲငါးယောက်ကတော့ ပြန်လွှတ်မှာပါ ။သူတို့ကတော့ဘာမှမဆိုင်ဘူးကိုး ။  " လို့ လုံခြုံရေးတပ်ဖွဲ့ နီးစပ်သူက ပြောပါတယ် ။ လူသတ်မှုကျူးလွန်သူဟာ ကိုဝင်းကိုရဲ့ကားကို လေးသိန်းကျပ်နဲ့ ငှားရမ်းလာတာ ဖြစ်ကြောင်း ၊ ကားပိုင်ရှင်ကိုသတ်ပြီး အလောင်းပစ်ပြီးနောက်မှာ   ကားပေါ်ပါ ပစ္စည်းတွေကိုလည်း နေပြည်တော်  လှေခွင်းတောင်ဘက်မှာ အားလုံးလွှင့်ပစ်ခဲ့ပြီး ကားကိုဆက်လက်အသုံးပြုခဲ့တဲ့အတွက် ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။အသတ်ခံရသူဟာ ဇဗ္ဗူသီရိမြို့နယ် ၊ သုခတော်ဝင်အိမ်ရာမှာနေထိုင်တဲ့ အသက် ၃၄ နှစ်အရွယ် ကိုဝင်းကို ဖြစ်ပြီး အလောင်းကို အခင်းဖြစ်တဲ့ စက်တင်ဘာ ၆ ရက်နေ့  ညနေ ၅ နာရီခွဲလောက်မှာ တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိမှာ လူသတ်မှုကျူးလွန်သူ အသက် ၂၂ နှစ်အရွယ် ရဲရင့်အောင်ကို မိတ္ထီလာမြို့ရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ GG (VOM) ဓာတ်ပုံ - CJ#Voiceofmyanmar #VOM #နေပြည်တော် #လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့ #လူသတ်ကားလုယက်

photo content

မိစ္ဆာဒိဌိဆိုတာ ကိုယ်လုပ်တာ ကိုယ်နဲ့ဆိုင်တယ်လို့မတွေးဘူး။ ကောင်းတာလုပ်လည်း ကောင်းတာ မဖြစ်ပါဘူး။ မကောင်းတာလုပ်လည်း ကောင်းတာဖြစ်တာပဲ။ မကောင်းတဲ့လူတွေ ကြီးပွားနေတာ ရှိတာပဲ။ ကောင်းတဲ့လူတွေ ဒုက္ခရောက်နေကြတယ်စသည်ဖြင့် ကံကို မျက်စိလည်နေကြတယ်။ တကယ်တော့ မကောင်းတာလုပ်ပြီးကြီးပွားနေတာတွေဟာ တစ်ချိန်တုန်းကကောင်းတာလုပ်ခဲ့လို့ ကောင်းကျိုးကိုခံစားနေရတယ်လို့ ဒီလို တွက်ရမယ်။ ကိုယ်က အခုမှ ကောင်းတာတွေ လုပ်တာ။ အကျိုးမပေးသေးဘူး အခုမှ သရက်ပင်စိုက်တာသရက်သီး စားရပါ့မလား မစားရပါဘူး။ ကောင်းတာ အခုမှ လုပ်တာမကောင်းတာတွေ ကြုံနေရတယ်။ အတိတ်က မကောင်းတာတွေဘယ်လောက် လုပ်ခဲ့မှန်းမှ မသိတာ။ အဲဒါကြောင့် မှန်ကန်တဲ့အတွေးမှာကံဆိုတာ ရှိတယ်။ ကံကို ငြင်းပယ်တာ " အကိရိယဒိဌိ " လို့ ခေါ်တယ်။ ကုသိုလ်ဆိုတာ မရှိပါဘူး။ အကုသိုလ်ဆိုတာ မရှိပါဘူး ဆိုတဲ့ငြင်းပယ်တဲ့ ဝါဒကို "အကိရိယဝါဒ " လို့ ခေါ်တယ်။ အကိရိယဒိဌိဆိုတာ ကံကို လုံးဝ မယုံဘူးလေ။ နောက်"နတ္ထိကဒိဌိ"ဆိုတာကံရဲ့အကျိုးတရားကို လက်မခံဘူး။ မကောင်းတာလုပ်လည်း မကောင်းကျိုး မဖြစ်ဘူး။ ကောင်းတာလုပ်လည်း ကောင်းကျိုး မဖြစ်ဘူးလို့အကျိုးတရားကို ငြင်းပယ်တဲ့ဝါဒ။ နောက်တစ်ခုက"အဟေတုကဒိဌိ"အကြောင်းတရားကို ငြင်းပယ်တာ။ ပေါင်းလိုက်လို့ရှိရင် ကံနှင် ကံအကျိုးကိုငြင်းပယ်တဲ့ ပုဂ္ဂိုလ်ဟာမိစ္ဆာဒိဌိ အမြင်ရှိသူသာ ဖြစ်တယ်။ အဲဒီလို မိစ္ဆာဒိဌိအယူဝါဒရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ကောင်းရာသုဂတိတောင်မရောက်နိုင်ဘူးတဲ့။ သူသွားရမယ့်လမ်းကတော့ အပါယ်လေးဘုံပဲ။ #ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တ နန္ဒမာလာဘိဝံသ 🙏🙏🙏

photo content

မင်္ဂလာပါ 🙏🙏🙏 လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ 🌹

photo content
+1

လူငယ်တစ်ဦးကို ဆွဲခေါ်နေသည့် ဗွီဒီယိုမှာ ပစ္စည်းခိုးသူကို ဖမ်းခြင်း ဖြစ်ဟု ကာယကံရှင် ဖြေရှင်း စက်တင်ဘာ ၇ အင်တာနက်တွင် ပြန့်နေသော လူငယ်တစ်ဦးကို ဆွဲခေါ်နေသည့် ဗွီဒီယိုမှာ ပစ္စည်းခိုးသူကို ဖမ်းခြင်း ဖြစ်ကြောင်း ဗွီဒီယိုပါ အမျိုးသားက ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ထက်တွင် စာရေးသား ဖြေရှင်းထားကြောင်း တွေ့ရသည်။ ယင်းဗွီဒီယိုသည် အင်တာနက်တွင် ထွက်ပေါ်ခဲ့ရာ လူအများကြား စိတ်ဝင်စားခဲ့ကြပြီး မျှဝေမှုများစွာရှိခဲ့သည်။"ယခုလိုင်းပေါ်မှာ ​ဖြစ်ပေါ်နေတဲ့ပေါ်တာဆွဲနေတယ်ဆိုတာ သတင်းအမှန် မဟုတ်ပါဘူးဗျာ။ အင်္ကျီအမဲနဲ့ဆွဲနေတဲ့လူက ကျွန်တော်ပါ။ ဖြစ်စဥ်က မရမ်းကုန်းမြို့နယ်၊ ရွှေတဆုပ်လမ်း၊ မြေညီ အိမ်ရှေ့မှ ကျွန်တော့်စက်ဘီး ရပ်ထားတာပါ။ စက်ဘီးရှေ့ခြင်းထဲက လွယ်အိတ် အစိမ်းရောင်ကို ခိုးသွားတာမို့ လိုက်ဖမ်းရခြင်းဖြစ်ပါတယ် (အိတ်ထဲတွင်ဖုန်းနှင့်ပိုက်ဆံပါလို့ပါ)။ သူယူနှိုက်ပီးပြေးသွားတဲ့အချိန် ကွမ်းယာဆိုင်မှ အန်တီက သားရေနင့်အိတ်ပါသွားပြီပြောလို့ အပြေးလိုက်ဖမ်းတာပါ။ ဖမ်းမိခဲ့တဲ့လမ်းကရွှေဝါထွန်းလမ်းပါ။ ခိုးသူက အိတ်ကို လမ်းမတစ်နေရာ ပစ်ထားခဲ့တာပါ ရပ်ကွက်မှ လူများ ကူညီပေးမှုကြောင့် အိတ်ရော ဖုန်းရော ပိုက်ဆံတွေပါ ပြန်ရခဲ့ခြင်းပါတယ်" ဟု ရေးသားထားသည်။ သုတကျော် (NP News)

photo content
+4

ပျဉ်းမနားမြို့မရဲစခန်းတွင် ဖမ်းဆီးထားသည့် ဆိုင်ကယ်ခိုးယူသူ ၂ ဦးထံမှ ဆိုင်ကယ် ၁၉ စီး သိမ်းဆည်းရမိ ပျဉ်းမနား၊ စက်တင်ဘာ ၇ စက်တင်ဘာ ၁ ရက်တွင် ပျဉ်းမနားမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကိုကိုဦး ဦးစီးအဖွဲ့သည် ကံဦးကျေးရွာ ရာအိမ်မှူး ဦးဝင်းအောင်၊ ဆင်သေကျေးရွာ ရာအိမ်မှူး ဦးမိုးဝင်းတို့နှင့်အတူ ပျဉ်းမနားမြို့မရဲစခန်း (ပ)၁၄၅/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉(မဆ) အမှုဖြင့် လမင်းဇော်နှင့် ဇင်ရဲထွန်း(ခ)ရဲထွန်းတို့ ၂ ဦးအား မသင်္ကာသဖြင့် ခေါ်ယူစစ်ဆေးမေးမြန်းခဲ့ရာ ပျဉ်းမနားမြို့မရဲစခန်းနှင့် ရွာကောက်နယ်မြေရဲစခန်းအပိုင်အတွင်းမှ ဆိုင်ကယ်များ ခိုးယူထားကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။ထို့ကြောင့် ဒုရဲအုပ် ကိုကိုဦးနှင့်အဖွဲ့က သက်သေများနှင့်အတူ လိုက်လံသိမ်းဆည်းခဲ့ရာ စက်တင်ဘာ ၁ ရက်မှ ၇ ရက်အထိ သက်သေခံဆိုင်ကယ် ၁၉ စီး သိမ်းဆည်းရမိခဲ့သည်။အဆိုပါ ဆိုင်ကယ်များအနက် ၈ စီးနှင့်ပတ်သက်၍ ပျဉ်းမနားမြို့မရဲစခန်းတွင် ခိုးမှု ၈ မှု ဖွင့်လှစ်ထားရှိပြီးဖြစ်ကာ ရွာကောက်နယ်မြေရဲစခန်းတွင်လည်း အမှုများနှင့်သက်ဆိုင်သည့် သက်သေခံဆိုင်ကယ် ၅ စီး သိမ်းဆည်းထားရှိကြောင်း သိရသည်။ကျန်သိမ်းဆည်းရမိသည့် သက်သေခံဆိုင်ကယ် ၆ စီးနှင့်ပတ်သက်၍ အမှုဖွင့်လှစ်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။လမင်းဇော်နှင့် ဇင်ရဲထွန်း(ခ)ရဲထွန်းတို့ ၂ ဦးထံမှ သက်သေခံဆိုင်ကယ် ၁၉ စီး သိမ်းဆည်းရမိပြီး အမှုများနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ #Myanmagon