en
Feedback
YANGON REVOLUTION FORCE - YRF

YANGON REVOLUTION FORCE - YRF

Open in Telegram

ရန်ကုန်တော်လှန်ရေးအင်အားစု

Show more
7 251
Subscribers
-224 hours
-267 days
-9630 days
Posts Archive
ကြင်စိုးလေးရေ [Parody] ပုံစံမျိုးစုံနဲ့ အရေးနိမ့်ပြီး ရှက်စရာကောင်းနေတဲ့ မအလတို့အုပ်စုအကြောင်း သီချင်းတစ်ပုဒ်ဖန်တီးပြီး YRFက တင်ဆက်ပေးထားပါတယ်။ နားထောင်ရင်းနဲ့ Chorus နေရာလေးမှာ Mad A Loeရေ လို့ သံပြိုင် ဆိုကြည့်ရအောင်။ အဆုံးထိနားထောင်နော်😁 Song - ကြင်စိုးလေးရေ [ KoKoChit Parody] by YRF

“ဦးအောင်ဆန်းသမီး နေကောင်းကျန်းမာပါစေ” ယနေ့ကျရောက်သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၇၇)နှစ်ပြည့်မွေးနေ့တွင် “ဦးဆောင်ဆန်းသမီး နေကောင်းကျန်းမာပါစေ” ဟူသော စာသားနှင့်အတူ “ဖမ်းဆီးထားသော နိုင်/ကျဉ်းများ ချက်ချင်းလွှတ်” ဟူသောကြွေးကြော်သံများဖြင့် ဟစ်ကြွေးဟာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ချီတက်သပိတ်မှောက်ခဲ့ကြသည်။

“ဦးအောင်ဆန်းသမီး နေကောင်းကျန်းမာပါစေ” ယနေ့ကျရောက်သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၇၇)နှစ်ပြည့်မွေးနေ့တွင် “ဦးဆောင်ဆန
+9
“ဦးအောင်ဆန်းသမီး နေကောင်းကျန်းမာပါစေ” ယနေ့ကျရောက်သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၇၇)နှစ်ပြည့်မွေးနေ့တွင် “ဦးဆောင်ဆန်းသမီး နေကောင်းကျန်းမာပါစေ” ဟူသော စာသားနှင့်အတူ “ဖမ်းဆီးထားသော နိုင်/ကျဉ်းများ ချက်ချင်းလွှတ်” ဟူသောကြွေးကြော်သံများဖြင့် ဟစ်ကြွေးဟာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ချီတက်သပိတ်မှောက်ခဲ့ကြသည်။

“ရန်ကုန်က ပြည်သူပြည်သားများ စိတ်ဓာတ်မကျပါနဲ့။ ရန်ကုန်သူ ရန်ကုန်သားများက သတ္တိရှိတယ်လို့ အားလုံးကပြောကြပါတယ်။ အဲ့တော့ မှန်ကန်တဲ့နေရာမှာ သတ္တိရှိဖို့လိုပါတယ်” ယနေ့ကျရောက်သော အမေစု၏ (၇၇)နှစ်ပြည့် မွေးနေ့အမှတ်တရအဖြစ် ယခုVideoအား ဖော်ပြလိုက်ပါသည်။ Happy Birthday အမေစု ❤️ https://youtu.be/qzXVKKu9e-k

ပြည်သူများခင်ဗျား လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ (၇၇) ပြည့်မွေးနေ့ဖြစ်သော ၂၀၂၂ခုနှစ် ဇွန်လ (၁၉)ရက်နေ့တွင် ဒေါ်အောင်ဆန်းစ
ပြည်သူများခင်ဗျား လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ (၇၇) ပြည့်မွေးနေ့ဖြစ်သော ၂၀၂၂ခုနှစ် ဇွန်လ (၁၉)ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွမတရားဖမ်းဆီးခံထားရသူ အားလုံးလွတ်မြောက်ရန်နဲ့ စစ်အာဏာရှင်စနစ်အောက်မှတစ်နိုင်ငံလုံးလွတ်မြောက်ရန်အတွက် လူထုလှုပ်ရှားမှုများ လူပ်ဆောင်ကြမည်ဟုသိရပါသည်။ ကျွန်ုပ်တို့ YRF - Center Guerrilla Force အဖွဲ့ အနေဖြင့် ၄င်းနေ့တွင် ကျွန်ုပ်တို့၏ လှုပ်ရှားမှုများကို တစ်ရက်တာ ရပ်နားထားမည်ဖြစ်ကြောင်းလည်း လေးစားစွာ အသိပေးကြေညာအပ်ပါသည်။ Central Guerrilla Force Yangon Revolution Force - YRF

“၂၆ယောက်သတ်ဖူးတယ် “ “သတ်တဲ့နေရာမှာငါ Expert” “သတ်တာ သတ်တာ ငါကသွေးတွေဆိုရွံတယ်” “ကျတော်သတ်တာ ၅ယောက်လောက်”အဆိုပါစကားများသည် ပြည
“၂၆ယောက်သတ်ဖူးတယ် “ “သတ်တဲ့နေရာမှာငါ Expert” “သတ်တာ သတ်တာ ငါကသွေးတွေဆိုရွံတယ်” “ကျတော်သတ်တာ ၅ယောက်လောက်”အဆိုပါစကားများသည် ပြည်သူများကို လူမဆန်စွာရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြသော မင်းအောင်လှိုင်၏ လက်ပါးစေများဖြစ်သော စစ်ခွေးများ၏ အားရဝမ်းသာစွာဖြင့်ပြောဆိုနေသော စကားများဖြစ်သည်။ ထိုရုပ်သံတွင်ဖော်ပြထားသောအရာများကို ကြည့်ချင်းအားဖြင့်လည်း စစ်ခွေးများသည် အပြစ်မဲ့သော ပြည်သူများအား လူစိတ်ကင်းမဲ့စွာ သတ်ဖြတ်နေသည်ကိုအထင်းသားမြင်တွေ့နိုင်ပါသည်။ ၄င်းရုပ်သံထဲကအတိုင်း အပြစ်မဲ့သောပြည်သူများစွာသည် စစ်ခွေးများ၏ လူမဆန်စွာ သတ်ဖြတ်မှုများကို များစွားရင်ဆိုင်နေရသည်။ စစ်ခွေးခေါင်းဆောင်မင်းအောင်လှိုင်မှသည် အောက်ခြေစစ်ခွေးများအထိ ပြည်သူများ၏ ဓမ္မ၏ အန္တရာယ်များသာဖြစ်ပြီး ရှင်းလင်းသုတ်သင်ပြစ်ရမည်ဖြစ်ပြီး အသွင်ကူးပြောင်းမှု တရားမျှတရေး ရှာဖွေသည့်အချိန်တွင်လည်း သေဒဏ်ကျခံရမည်သာဖြစ်ပေသည်။

ရန်သူဟာ ဒီရက်ပိုင်းအတွင်းမှာ မြို့ပြက သပိတ်အင်အားစုတွေနဲ့ UGရဲဘော်တွေကို ပိုက်စိတ်တိုက်ရှာဖွေဖမ်းဆီးမှုတွေပြုလုပ်နေပါတယ်။ ဖမ်
ရန်သူဟာ ဒီရက်ပိုင်းအတွင်းမှာ မြို့ပြက သပိတ်အင်အားစုတွေနဲ့ UGရဲဘော်တွေကို ပိုက်စိတ်တိုက်ရှာဖွေဖမ်းဆီးမှုတွေပြုလုပ်နေပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ရဲဘော်အများအပြားရှိသလို လူမသိသူမသိ တိတ်တဆိတ်ကျဆုံးသွားရတဲ့ မြေအောက်ရဲဘော်များလည်းရှိပါတယ်။မြို့ပြကရဲဘော်တွေဟာ တမြေ့မြေ့နဲ့ အင်အားလျော့နည်းလာနေပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ရဲဘော်များရှိသလို နောက်ဆက်တွဲ လုံခြုံရေးအရရွှေ့ပြောင်းလိုက်ရတဲ့ ရဲဘော်တွေဆိုတာလည်းအများအပြားပါပဲ။ အခုတလော ဖမ်းဆီးခံရတဲ့သတင်းတွေကြားမိတဲ့အခါ်မှာ “ဟာ……ကုန်ပါပြီ” ဆိုပြီး သက်ပြင်းချရတဲ့အနေအထားထိဖြစ်လာပါတယ်။ https://www.facebook.com/104865695187532/posts/315308844143215/?d=n

ကိုမောင်ကျော်ကို လွမ်းတယ်ကွာ…… https://youtu.be/rHDp5rwafmQ

◾တိုင်းပြည်သေဒဏ်သင့်နေသဖြင့် ယနေ့ဘုရားပိတ်သည် Photo- ရန်ကုန်လူထုသပိတ်
+5
◾တိုင်းပြည်သေဒဏ်သင့်နေသဖြင့် ယနေ့ဘုရားပိတ်သည် Photo- ရန်ကုန်လူထုသပိတ်

◾တိုင်းပြည်သေဒဏ်သင့်နေသဖြင့် ယနေ့ဘုရားပိတ်သည် ယခုကျရောက်မည့် ၂၀၂၂ခုနှစ်၊ ဇွန်လ၊ ၁၃ရက်၊ နယုန်လပြည့်နေ့တွင် ဘုရားစေတီပုထိုးများ
◾တိုင်းပြည်သေဒဏ်သင့်နေသဖြင့် ယနေ့ဘုရားပိတ်သည် ယခုကျရောက်မည့် ၂၀၂၂ခုနှစ်၊ ဇွန်လ၊ ၁၃ရက်၊ နယုန်လပြည့်နေ့တွင် ဘုရားစေတီပုထိုးများသို့ သွားရောက်ဖူးမျှော်ခြင်းမပြုပဲ ဘုရားရင်ပြင်တော်ပေါ်၌ တိတ်ဆိတ်ခြောက်ခြား‌စေခြင်းဖြင့် သပိတ်မှောက်ဆန္ဒထုတ်ဖော်ကြရန် ရန်ကုန်လူထုသပိတ်မှ ပြည်သူတစ်ရပ်လုံးအား နှိုးဆော်မှုပြုအပ်သည်။ ဤလူထုလှုပ်ရှားမှု၏ရည်ရွယ်ချက်သည် နိုင်ငံတော်အာဏာကို မတရားသိမ်းယူခဲ့သည့် အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ဥပဒေမဲ့ကျူးလွန်မှုများဖြစ်သည့် လူမျိုးတုန်းသတ်ဖြတ်မှု၊ ထောင်တွင်းနှင့်စစ်ကြောရေးတွင် အသက်သေသည်အသိ ညှင်းပန်းနှိပ်ဆက်မှု၊ ဆန္ဒပြပြည်သူများအား လူမဆန်စွာ ပစ်ခက်သတ်ဖြတ်မှု၊ တရားမဝင်စစ်ခုံရုံးမှ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးများ ချိုးဖောက်ကာ တော်လှန်‌ပြည်သူများအား စွပ်စွဲချက်တင် ကြိုးမိန့်ပေးကွပ်မျက်ရန်ဖော်ဆောင်နေခြင်းများကြောင့် ကျွန်ုပ်တို့တိုင်းပြည်သည် ကြိမ်ဖန်များစွာ သေဒဏ်သင့်ခဲ့ရပြီဖြစ်သဖြင့် စစ်အာဏာရှင်စနစ်ဆိုးအား အလိုမရှိကြောင်း ပြည်သူဆန္ဒဖော်ထုတ်ခြင်းဖြစ်သည်။ https://www.facebook.com/104865695187532/posts/311670367840396/?d=n

YRF ၏ အမည်အားအသုံးပြု၍ အလှူငွေတောင်းခံခြင်းများပြုလုပ်နေပါသဖြင့် ပြည်သူများအနေဖြင့် အထူးသတိပြုနိုင်ရန် အသိပေးအပ်ပါသည်။ ကျွန်ု
YRF ၏ အမည်အားအသုံးပြု၍ အလှူငွေတောင်းခံခြင်းများပြုလုပ်နေပါသဖြင့် ပြည်သူများအနေဖြင့် အထူးသတိပြုနိုင်ရန် အသိပေးအပ်ပါသည်။ ကျွန်ုတို့ YRF၏ ချမှတ်ထားသော မူဝါဒများအရလည်း လိုအပ်သော ငွေကြေးဆိုင်ရာကိစ္စရပ်များ စီမံခန့်ခွဲခြင်းအားလည်း တာဝန်ပေးအပ်ခြင်းခံထားရသူမှအပ အခြားပြင်ပပုဂ္ဂိုလ်များမနေဖြင့်လည်း လုပ်ဆောင်ခွင့်မရှိပါ။ YRF ၏ ရဲဘော်ဝင်များလည်း YRF အဖွဲ့အစည်း၏ခွင့်ပြုချက်မရပဲ အလှူငွေတောင်ခံခြင်းများကို လုပ်ဆောင်ခွင့်မရှိသလို လုပ်ဆောင်ခြင်းများလည်းမရှိပါ။ ယခုအခါတွင် ကျွန်ုပ်တို့ YRF၏ အမည်အား အသုံးပြုကာ အချို့သော Fund Raiser များထံတွင် ငွေကြေးတောင်းခံခြင်းများလုပ်ဆောင်နေသည့်အကြောင်းများကို ကြားသိရ၍ လွဲမှားမှုများမရှိစေရန် အထူးသတိအေးအပ်ပါသည်။ ရဲဘော်ပြည်သူများအနေဖြင့်လည်း YRFနှင့် ငွေကြေးတောင်းခံမှုများရှိလာပါက YRF Facebook page Messenger တွင် လာရောက်အတည်ပြုမေးမြန်းနိုင်ပါသည်။ Yangon Revolution Force - YRF (ရန်ကုန်တော်လှန်ရေးအင်အားစု)

“ ရန်ကုန်မြို့ပြ သူပုန်ထကြွ “
+9
“ ရန်ကုန်မြို့ပြ သူပုန်ထကြွ “

“ ရန်ကုန်မြို့ပြ သူပုန်ထကြွ “ ၂၀၂၂ ခုနှစ်၊ ဇွန် ၅။ စနစ်တစ်ခုနှင့်ဖိနှိပ်မှုတစ်ခူကို လက်မခံပဲ တွန်းလှန်ပုန်ကန်နေသော ရန်ကုန်မြို့မှ ပုန်ကန်သောလူငယ်များစုပေါင်း၍ “ရန်ကုန်မြို့ပြ သူပုန်ထကြွ”ဟူသော စာသားအား ကိုင်ဆွဲကာ စစ်အာဏာရှင်ဆန့်ကျင်ရေးချီတက်သပိတ်မှောက်ခဲ့ကြသည်။

YRFတည်ထောင်ခြင်း (၁)နှစ်ပြည့်ပါပြီ။ ရန်ကုန်တော်လှန်ရေးအင်အားစု ( Yangon Revolution Force-YRF ) ဖွဲ့စည်းတည်ထောင်ခြင်းသည် ယနေ့ ဂျွန်လ ၅ ရက်နေ့တွင် တစ်နှစ်တင်းတင်းပြည့်မြောက်ခဲ့ပြီဖြစ်သည် ။ ကျွန်ုပ်တို့ ရန်ကုန်တော်လှန်ရေးအင်အားစုသည် အကြမ်းဖက်စစ်တပ်ကိုရွံမုန်းသောစိတ်တို့ဖြင့် ယမန်နှစ် ဒီလိုအချိန်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ကြပြီး ယခုအချိန်ထိ နိုင်ငံရေးဦးတည်ချက် (၃) ရပ်ကို အခြေပြုကာ မြေပေါ်မြေအောက် စုဖွဲ့မှကောင်းစွာဖြင့် တိုက်ပွဲဝင်နေကြဆဲပင်ဖြစ်သည် ။ အခက်အခဲများ ၊ အကျပ်အတည်းများကြားမှ ရုန်းကန်ရသည်မှာမလွယ်သော်ငြား ရန်ကုန်မြို့အတွက် ရန်ကုန်လူထုအတွက် သက်ဆုံးတိုင် ဆက်လက်တိုက်ပွဲဝင်နေမည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။ https://youtu.be/E4EaMJe2-IQ

"တောင်တန်းပြည်မ ညီညွတ်ကြသည်" ရန်ကုန်တွင်ရှိသော သပိတ် အင်အားစုများ ပူးပေါင်းကာ "တောင်တန်းပြည်မ ညီညွတ်ကြသည်"ဟူသောခေါင်းစဉ်ဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားဆန္ဒပြလှုပ်ရှားမှုတစ်ခုကို ဒီကနေ့မနက် ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။ တောင်တန်းပြည်မ လူထုတရပ်လုံးညီညွတ်မှုဖြင့်သာ အရေးတော်ပုံအောင်ပွဲဆီ ချီတက်နိုင်မှာဖြစ်ပါတယ်။

"အရှုံးမပေးမချင်း ငါတို့နိုင်တယ်" #နိုင်ငံပျောက်သူ
"အရှုံးမပေးမချင်း ငါတို့နိုင်တယ်" #နိုင်ငံပျောက်သူ

သတိထားရှောင်ကျဉ်နိုင်ရန် အသိပေးခြင်း ဖတ်ရန် - https://www.facebook.com/104865695187532/posts/302564168751016/?d=n
သတိထားရှောင်ကျဉ်နိုင်ရန် အသိပေးခြင်း ဖတ်ရန် - https://www.facebook.com/104865695187532/posts/302564168751016/?d=n

Urban Project ရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် To Comrades - ရဲဘော်များသို့ ကို YRFက မေးခွန်းတစ်ချို့ဖြေဆိုပေးထားပါတယ်။ Urban Projec
+5
Urban Project ရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် To Comrades - ရဲဘော်များသို့ ကို YRFက မေးခွန်းတစ်ချို့ဖြေဆိုပေးထားပါတယ်။ Urban Projectမှာ ပါဝင်ကူညီပြီးတော့ မြို့ပြက သပိတ်တိုက်ပွဲကရဲဘော်တွေ၊ မြို့ပြပြောက်ကျားရဲဘော်တွေ(UG)တွေကို ကူညီထောက်ပံ့ပေးထပ်မံတိုက်တွန်းလိုက်ပါတယ်။ https://www.facebook.com/108274398171698/posts/305553735110429/?d=n

—— UG ——(ကဗျာ) ငါဟာလူသားတစ်ယောက်ဖြစ်တယ် ပုံစံအတည်တကျမရှိဘူး အသံအတည်တကျမရှိဘူး နာမည်အတည်တကျမရှိဘူး ၂ ပါတ်တစ်ခါလောက် နာမည်ပြောင်းရတယ် အသံပြောင်းရတယ် ပုံစံပြောင်းရတယ် Yangon Revolution Force - YRF (ရန်ကုန်တော်လှန်ရေးအင်အားစု)

Yangon Revolution Force - YRF ၏ အဖွဲ့အစည်းနှစ်ခုဖြစ်သော Soft Strike Community နှင့် Central Guerrilla Force တို့သည် အောက်ပါ L
+1
Yangon Revolution Force - YRF ၏ အဖွဲ့အစည်းနှစ်ခုဖြစ်သော Soft Strike Community နှင့် Central Guerrilla Force တို့သည် အောက်ပါ Logoများအား အသုံးပြုသွားမည်ဖြစ်သည်။ ဗဟို Yangon Revolution Force - YRF (ရန်ကုန်တော်လှန်ရေးအင်အားစု)