en
Feedback
YANGON REVOLUTION FORCE - YRF

YANGON REVOLUTION FORCE - YRF

Open in Telegram

ရန်ကုန်တော်လှန်ရေးအင်အားစု

Show more
7 251
Subscribers
-224 hours
-267 days
-9630 days
Posts Archive
—— UG - 4 —— မေး - ခုနေ လိုချင်တာတခု ရမယ်ဆိုရင် ဘာလိုချင်လည်း? ဖြေ - ပြန်စရာမရှိတော့တဲ့ အိမ်ကို ပြန်ချင်တယ် မေး - ဒါကြီး ပြီးသွားရင် ဘာကို အရင်ဆုံးလုပ်မယ် တွေးထားလည်း? ဖြေ - မောင်ကျော်တွေ အများကြီးနဲ့ ဖက်ပြီးငိုချင်တယ်။

အာဏာရှင်ဆန့်ကျင်ရေးစာတန်းများ ရေးဆွဲထားသော ထမီ၊ ပုဆိုးများဝတ်ဆင်ကာ လူထုလှုံ့ဆော်မှု ပြုလုပ်ခြင်း (ရုပ်သံ) ၁၃ နိုဝင်ဘာလ ၂၀၂၂ ခုနှစ် ရန်ကုန်မြို့ရှိ နေရာအနှံ့အပြားတွင် အာဏာရှင်ဆန့်ကျင်ရေးစာတန်းများ ရေးဆွဲထားသော ထမီ၊ ပုဆိုးများဝတ်ဆင်ကာ ဆန္ဒပြလှုံ့ဆော်မှုတစ်ခုကို ပြုလုပ်ခဲ့ကြသည်။

အာဏာရှင်ဆန့်ကျင်ရေးစာတန်းများ ရေးဆွဲထားသော ထမီ၊ ပုဆိုးများဝတ်ဆင်ကာ လူထုလှုံ့ဆော်မှု ပြုလုပ်ခြင်း ၁၃ နိုဝင်ဘာလ ၂၀၂၂ ခုနှစ် ရန်
+9
အာဏာရှင်ဆန့်ကျင်ရေးစာတန်းများ ရေးဆွဲထားသော ထမီ၊ ပုဆိုးများဝတ်ဆင်ကာ လူထုလှုံ့ဆော်မှု ပြုလုပ်ခြင်း ၁၃ နိုဝင်ဘာလ ၂၀၂၂ ခုနှစ် ရန်ကုန်မြို့ရှိ နေရာအနှံ့အပြားတွင် အာဏာရှင်ဆန့်ကျင်ရေးစာတန်းများ ရေးဆွဲထားသော ထမီ၊ ပုဆိုးများဝတ်ဆင်ကာ ဆန္ဒပြလှုံ့ဆော်မှုတစ်ခုကို ပြုလုပ်ခဲ့ကြသည်။ ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံ မြို့ပြဒေသများရှိ အများပြည်သူအနေဖြင့် ၎င်းတို့အား နည်းမျိုးစုံဖြင့် ဖိနှိပ်ချုပ်ချယ်ကာ ရက်ရက်စက်စက် အနိုင်ကျင့်အုပ်ချုပ်ရန် ကြိုးပမ်းနေသော အကြမ်းဖက်စစ်တပ်အား အသွေးအသားထဲကပင် မုန်းတီးရွံရှာသောစိတ်များရှိနေကြသော်လည်း လုံခြုံရေးအခြေအနေများကြောင့် ထုတ်ဖော် ပြောဆို ပြသနိုင်ရန် အခက်အခဲရှိနေကြသည်။ ထိုသို့ ခံစားချက်များအပါအဝင် တော်လှန်ပြည်သူအချင်းချင်း အားပေးသည့် စာတန်းများအား ထမီ၊ ပုဆိုးများပေါ်တွင် ရေးဆွဲကာ သရုပ်ဖော်ခဲ့ကြခြင်းဖြစ်သည်။ https://m.facebook.com/story.php?story_fbid=pfbid02CfPLXRq814iqzwydNxXsoMRVEao5EUxeYMQuB4n5vLa7zrixqviHDFBo6rLY5G4nl&id=100071614389481

“ ဝမ်းနည်းမှုကို အမှောင်ထုနဲ့ဖော်ပြကြ “ ကချင့်မြေအတွက် နာကျည်းမှုကို တော်လှန်ရေး အင်အားအဖြစ် ဖော်ဆောင်ကြ ! ▪️ နေ့ရက် - ၂၈ ရက်
“ ဝမ်းနည်းမှုကို အမှောင်ထုနဲ့ဖော်ပြကြ “ ကချင့်မြေအတွက် နာကျည်းမှုကို တော်လှန်ရေး အင်အားအဖြစ် ဖော်ဆောင်ကြ ! ▪️ နေ့ရက် - ၂၈ ရက် အောက်တိုဘာ ၂၀၂၂ ခု (သောကြာနေ့) ▪️ အချိန် - ည (၈:၃၀) နာရီ (ဖားကန့်-အနန့်ပါ လေကြောင်း တိုက်ခိုက်ခံရသည့် အချိန်) ▪️ မီးပိတ်မှုကြာချိန် - ၁၀ မိနစ် လက်သည်းဆိတ်ရင် လက်ထိပ်ကနာဆိုသလို အားလုံးသွေးစည်းနေမှ ဖြစ်မယ့် အချိန်ကောင်းပဲ ။ အမှောင်ဆုံးပြီးရင် ကျရောက်လာမယ့် ရောင်နီအတွက် ရဟန်းရှင်ပြည်သူလူထုတစ်ရပ်လုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ‘ မီးပိတ်သပိတ် လူထုလှုပ်ရှားမှု ‘ ကို ဆင်နွှဲကြ ❗️ ဖက်ဆစ်စစ်တပ် အမြစ်ပြတ်ရမည် ။

ခွေးအတွေလို ကောက်ကျစ်စဉ်းလဲတဲ့ ရန်သူကို သွေးကြွေးတောင်းဖို့ ဓါးသွားတွေကို မြနေအောင် အမြဲသွေးထား။ “ ပုံရိပ်တွေကိုတော့ ဘယ်တော့မ
ခွေးအတွေလို ကောက်ကျစ်စဉ်းလဲတဲ့ ရန်သူကို သွေးကြွေးတောင်းဖို့ ဓါးသွားတွေကို မြနေအောင် အမြဲသွေးထား။ “ ပုံရိပ်တွေကိုတော့ ဘယ်တော့မှ မမေ့လိုက်နဲ့” Yangon Revolution Force - YRF (ရန်ကုန်တော်လှန်ရေးအင်အားစု)

ကန့်ကွက်ရှုံ့ချခြင်း ယနေ့နံနက်ပိုင်း ရန်ကုန်မြို့ရှိ အင်းစိန်ထောင်အတွင်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွါးခဲ့ကြောင်း သိရပါသည်။ ထိုပေါက
ကန့်ကွက်ရှုံ့ချခြင်း ယနေ့နံနက်ပိုင်း ရန်ကုန်မြို့ရှိ အင်းစိန်ထောင်အတွင်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွါးခဲ့ကြောင်း သိရပါသည်။ ထိုပေါက်ကွဲမှုဖြစ်စဉ်အပြီးတွင် စစ်ကောင်စီတပ်သားများ၏ ရမ်းကားပစ်ခတ်မှုများကြောင့် အရပ်သားပြည်သူများ ထပ်မံသေဆုံးခဲ့မှုများရှိခဲ့သည်ဟု ကြားသိရပါသည်။ ထိုသိုဖြစ်ပွါးမှုနှင့်ပတ်သတ်၍ ကျွန်ုပ်တို့အနေဖြင့် အထူးစိတ်မကောင်းဖြစ်ရကြောင်းနှင့် ထိုဖြစ်စဉ်တွင် ပါဝင်ပတ်သတ်သူ မည်သူမဆို ပြင်းထန်စွာဆန့်ကျင်ရှုံ့ချပါသည်။ Yangon Revolution Force - YRF (ရန်ကုန်တော်လှန်ရေးအင်အားစု)

UG - 3 ကိုယ်လုံးပေါ်မှန်ရှေ့မှာ ရပ်ပြီး ဘယ်နဲ့ညာကို ဘယ်ဟာအမှန်လည်း တွေးဖူးတယ် ပြောလိုက်တဲ့ စကားတိုင်းဟာ မှန်ထဲမှာ ပြောင်းပြန်တွေဖြစ်ပြီး အငြင်းအခုံတွေ ဖြစ်နေခဲ့ဖူးတယ် တစ်ယောက်တည်း နေတဲ့အချိန် ဘာလို့ တစ်ယောက်တည်း ဖြစ်နေရတာလည်းဆိုပြီး ကိုယ့်ကိုကိုယ် ပြန်ရှင်းပြလို့မရတဲ့ အချိန်တွေရှိခဲ့ဖူးတယ် ကိုယ့်အရေပြားကိုယ် အထူးအဆန်းသဖွယ် တို့ထိရင်း အတိတ်ကိုလည်း သတိရဖူးတယ် လူတွေအားလုံးဟာ နာကြင် ခံစားရဖို့ ထိုက်တန်သူချည်းပဲ အပြည့်စုံကြည့်ရန် https://youtu.be/5AtRNKbwwHU

လပြည့်ည၊ သီတင်းကျွတ်သလို လူထုတရပ်လုံး အာဏာာရှင် လက်အောက်မှ ကျွတ်ပါစေ။ ငါတို့ရဲဘော်၊ သူငယ်ချင်းများ လေးဖက်လေးလံ နံရံကြားမှ ငြိ
လပြည့်ည၊ သီတင်းကျွတ်သလို လူထုတရပ်လုံး အာဏာာရှင် လက်အောက်မှ ကျွတ်ပါစေ။ ငါတို့ရဲဘော်၊ သူငယ်ချင်းများ လေးဖက်လေးလံ နံရံကြားမှ ငြိမ်းချမ်းလွတ်မြောက်ပါစေ။ ထွန်းညှိသော ဆီမီးတိုင်း တရားမျှတမှုမီးတောက် အဖြစ် ဒီမြေမှာ ဆက်လက်လောင်ကျွမ်းကျန်ရစ်ပါစေ။ ပြည်သူများလည်း ဘေးရန်ကင်းစွာနဲ့ အာဏာရှင်စနစ်ကို အပြီးတိုင် တိုက်ထုတ်နိုင်ကြပါစေကြောင်း YRF မှ ရဲဘော်များမှ ဆုတောင်းပေးလိုက်ပါတယ်။ ပြည်သူ့အရေးတော်ပုံ အောင်ရမည် ✊🏻 Yangon Revolution Force - YRF (ရန်ကုန်တော်လှန်ရေးအင်အားစု)

ရွှေတိဂုံဘုရားရင်ပြင်တွင် “အရေးတော်ပုံအောင်ရမည်” စာသားပါဘန်နာဖြင့် လူထုလှုံ့ဆော်မှုပြုလုပ် ၉ အောက်တိုဘာ ၂၀၂၂ ယနေ့ အများပြည်သူ
+1
ရွှေတိဂုံဘုရားရင်ပြင်တွင် “အရေးတော်ပုံအောင်ရမည်” စာသားပါဘန်နာဖြင့် လူထုလှုံ့ဆော်မှုပြုလုပ် ၉ အောက်တိုဘာ ၂၀၂၂ ယနေ့ အများပြည်သူအားလုံး၏ မင်္ဂလာရက်မြတ်သီတင်းကျွတ်လပြည့်နေ့၌ ရန်ကုန်မြို့၏ ပြယုဂ်ဖြစ်သော ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်တွင် ဓမ္မဝါဒီအတွက် “ အရေးတော်ပုံ အောင်ရမည် “ ဟူသော လူထုလှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့ကြသည် ။ https://m.facebook.com/story.php?story_fbid=pfbid02wN9D8v3FsbYunTrWug8e6HZbACnVHSYQ2wHV9s6rKkQUrg9PSRBhxorL5Ky8FRpJl&id=100071614389481

-ငါတို့ဘယ်တော့မှ မကြောက်ဘူး- Day-7 Protest #Revotober #Inktober #WhatsHappeningInMyanmar
-ငါတို့ဘယ်တော့မှ မကြောက်ဘူး- Day-7 Protest #Revotober #Inktober #WhatsHappeningInMyanmar

“ ကတ္တရာလမ်းပေါ် ဒေါသတကြီး ပွင့်တဲ့ပန်းတွေ “ တော်လှန်ရေးသမားက တော်လှန်ရေးသမားပုံ မပေါက်အောင် ဟန်ဆောင်ရတာ ဘယ်လောက် ရင်နာစရာကောင်းလဲ။ တော်လှန်ရေးဟာ အမှန်တရား အတွက်ဆို ငါတို့က ဘာကြောင့် ရဲရဲဝံ့ဝံံ့ ခေါင်းဖော်လို့မရတာလဲ၊ ငါတို့ရဲ့ အမှန်တရားမှာ ထောက်ပြစရာ ဘာအားနည်းချက်ရှိလို့လဲ ။ ငါတို့ဘယ်တော့မှမကြောက်ဘူး။ ဘယ်တော့မှ အညံ့မခံဘူး ။ - သပိတ်ဆိုက်ပွဲကရဲဘော်တွေရဲ့ခံစားချက်တွေကို အဆင်ပြေမယ်ဆိုရင် YouTubeမှာ ကြည့်ပေးပါဦးခင်ဗျာ https://youtu.be/oWhuO9Ev6Uc

“ လက်ယက်ကုန်းက အော်ငိုသံဟာ ရန်ကုန်ရဲ့ ရင်မှာ ပဲ့တင်စေတယ် “ ၂၁၊ စက်တင်ဘာ ၂၀၂၂ စက်တင်ဘာ (၁၆) ရက်နေ့ လက်ယက်ကုန်းရွာရှိ ကလေးငယ်မျ
+4
“ လက်ယက်ကုန်းက အော်ငိုသံဟာ ရန်ကုန်ရဲ့ ရင်မှာ ပဲ့တင်စေတယ် “ ၂၁၊ စက်တင်ဘာ ၂၀၂၂ စက်တင်ဘာ (၁၆) ရက်နေ့ လက်ယက်ကုန်းရွာရှိ ကလေးငယ်များအား စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်နှင့် ပတ်သတ်၍ ရန်ကုန်လူထုကိုယ်စား Yangon Revolution Force-YRF မှ ယနေ့ စက်တင်ဘာလ ၂၁ ရက်နေ့ ညနေပိုင်းတွင် လှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ခဲ့ကြသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်ကိုင်းတိုင်း၊ ဒီပဲရင်းမြို့နယ်အရှေ့ခြမ်းရှိ စာသင်ကျောင်းအား PDF များရှိသည်ဟု စွပ်စွဲချက်ဖြင့် ရဟတ်ယာဉ် (၄) စီးဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပစ်ခတ်မှုကြောင့် ကလေးငယ် (၆)ဦး အပါအဝင် အပြစ်မဲ့ပြည်သူ (၁၃) ဦး သေဆုံးခဲ့သည်။ “ နာလွန်းလို့ မေမေရာ၊ သားသားကို သတ်လိုက်ပါ မေမေရာ “ စစ်ကောင်စီတပ်များ ပစ်ခတ်မှုကြောင့် ဒဏ်ရာဖြင့် ကြေမွနေသော ကလေးငယ်မှာ အထက်ပါအတိုင်း ငိုကြွေး သေဆုံးခဲ့ရသည်။ အဆိုပါ ငိုကြွေးသံသည် စစ်ကိုင်းတိုင်း၊ လက်ယက်ကုန်းမှာ ဖြစ်သော်လည်း ရန်ကုန်အထိ ပဲ့တင်လာရိုက်သည်။ ဤလှုပ်ရှားမှုသည် ကလေးငယ်၏ ငိုကြွေးသံကို လျစ်လျူရှူ့နေစိမ့်သော လူတန်းစားတစ်ရပ် “မျက်စိပွင့်၊ နားပွင့်” ဖြစ်စေရန်လည်းရည်ရွယ်ခဲ့သည်။

▪️အာဏာရှင်တွေ သက်ဆိုးရှည်နေသ၍ ဘယ်တော့မှမငြိမ်းချမ်းဘူး ▪️ ဤစကားရပ်ကို ယနေ့ကျရောက်သော ကမ္ဘာ့ငြိမ်းချမ်းရေးနေ့တွင် Yangon Revol
+3
▪️အာဏာရှင်တွေ သက်ဆိုးရှည်နေသ၍ ဘယ်တော့မှမငြိမ်းချမ်းဘူး ▪️ ဤစကားရပ်ကို ယနေ့ကျရောက်သော ကမ္ဘာ့ငြိမ်းချမ်းရေးနေ့တွင် Yangon Revolution Force - YRF (Soft Strike Community) မှ လူငယ်များက မြန်မာလူထု ကိုယ်စား ရန်ကုန်မြို့ တစ်နေရာတွင် လှုံ့ဆော်ပြသခဲ့ခြင်းဖြစ်သည် ။ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့တွင် မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်တပ်မှ နည်းလမ်းမျိုးစုံဖြင့် နေ့စဉ် အကြမ်းဖက်မှုများကျူးလွန်နေသောကြောင့် “ မြန်မာပြည်မှာမူ မငြိမ်းချမ်းနေကြောင်း “ နိုင်ငံအရပ်ရပ်ကို သိစေလိုခြင်းဖြစ်ပြီး “ မြန်မာပြည်သူလူထု တစ်ရပ်လုံးအနေဖြင့်လည်း ငြိမ်းချမ်းမှု စစ်စစ်ရယူရန်အတွက် အာဏာရှင်စနစ်ကို အမြစ်ဖြတ်မှရမည် “ ဖြစ်ကြောင်း အသိပေးစကားဆိုခြင်းပင်ဖြစ်သည်။ ကျွန်ုပ်တို့တော်လှန်လူငယ်များအဖို့ အာဏာရှင်ကို အသွေးအသားထဲမှရွံမုန်းသလောက် နေ့စဉ်ရက်ဆက် တိုက်ပွဲဝင်တော်လှန်နေကြသည် ။ သို့ဖြစ်ပါ၍ လူထုတစ်ရပ်လုံးအနေဖြင့်လည်း “ အာဏာရှင်တွေ သက်ဆိုးရှည်နေသ၍ ၊ ဘယ်တော့မှ မငြိမ်းချမ်းဘူး “ ဆိုသည့်စကားရပ်ကို သတိချပ်ကာ ဖက်ဆစ်အာဏာရှင်စနစ်ကို အဆုံးထိ တော်လှန်တိုက်ထုတ်ကြရန် ယခုလိုစစ်ခွေးအန္တရာယ်များကြားမှ သတိပေးအပ်လိုက်ရပါသည် ။

ဥက္ကာခဲကြွေကျတာမဟုတ်ဘူး။ တိုက်လေယာဉ်နဲ့ပစ်သွားတာ ။ မူလတန်းကျောင်းလေး တစ်ခုမှာ အသားစတွေ၊ အရိုးအကြေတွေ ပြည့်ကုန်တာ။ ဒါဘယ်သူ့လက်
ဥက္ကာခဲကြွေကျတာမဟုတ်ဘူး။ တိုက်လေယာဉ်နဲ့ပစ်သွားတာ ။ မူလတန်းကျောင်းလေး တစ်ခုမှာ အသားစတွေ၊ အရိုးအကြေတွေ ပြည့်ကုန်တာ။ ဒါဘယ်သူ့လက်ချက်လဲ မင်းရော၊ ငါရော သိတယ် ။ ဒါကို ဘယ်သူတွေ အသံထွက်ရမလဲ မင်းရော၊ ငါရောသိတယ် ။ လူသားချင်းစာနာထောက်ထားမှုဆိုတာ ဆေးစိမ်ခြင်ထောင် နဲ့ အာဟာရဘီစကစ် သပ်သပ် မဟုတ်ဘူး ။ နိုင်ငံပတ်ပြီး ပုံပြင်လိုက်ပြောရုံနဲ့ ကလေးသူငယ်အခွင့်အရေး ကာကွယ်တာ မဖြစ်သွားဘူး။ ဒို့လူထု အဲ့လောက်မနုံတော့တာ ကြာခဲ့ပြီ။ -ကယ်တင်ရှင်ဘယ်သောအခါမှမ Yangon Revolution Force - YRF (ရန်ကုန်တော်လှန်ရေးအင်အားစု)

UN ငါတို့ရဲ့ဆန္ဒတွေကိုလက်ခံဖို့ တွေဝေမနေစမ်းနဲ့ ! စက်တင်ဘာ ၁၇၊ ၂၀၂၂ ‘လူသားချင်းစာနာမှု’ ဆိုတာကို သက်သေပြစေရန် “ UN , Do Not Hesitate To Accept Our Will “ စာသားပါဘန်နာကို ရန်ကုန်မြို့တစ်နေရာတွင် Drone ဖြင့် ရိုက်ကူး၍ Yangon Revolution Force - YRF ( Soft Strike Community) မှ မြန်မာပြည်သူလူထု၏ကိုယ်စား စစ်ခွေးများဝိုင်းနေသည့် ရန်ကုန်မြို့တစ်နေရာတွင် လှုံ့ဆော်ပြသခဲ့ခြင်းဖြစ်သည် ။လူထုလှုံ့ဆော်မှုတစ်ခု ပြုလုပ်ခဲ့သည်။

UN ငါတို့ရဲ့ဆန္ဒတွေကိုလက်ခံဖို့ တွေဝေမနေစမ်းနဲ့ ! စက်တင်ဘာ ၁၇၊ ၂၀၂၂ ‘လူသားချင်းစာနာမှု’ ဆိုတာကို သက်သေပြစေရန် “ UN , Do Not H
+6
UN ငါတို့ရဲ့ဆန္ဒတွေကိုလက်ခံဖို့ တွေဝေမနေစမ်းနဲ့ ! စက်တင်ဘာ ၁၇၊ ၂၀၂၂ ‘လူသားချင်းစာနာမှု’ ဆိုတာကို သက်သေပြစေရန် “ UN , Do Not Hesitate To Accept Our Will “ စာသားပါဘန်နာကို ရန်ကုန်မြို့တစ်နေရာတွင် Drone ဖြင့် ရိုက်ကူး၍ Yangon Revolution Force - YRF ( Soft Strike Community) မှ မြန်မာပြည်သူလူထု၏ကိုယ်စား စစ်ခွေးများဝိုင်းနေသည့် ရန်ကုန်မြို့တစ်နေရာတွင် လှုံ့ဆော်ပြသခဲ့ခြင်းဖြစ်သည် ။လူထုလှုံ့ဆော်မှုတစ်ခု ပြုလုပ်ခဲ့သည်။

ဒရုန်းနဲ့တော်လှန်ဝမ်းမီလီယံ (Parody)Version အသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီသီချင်းလေးကိုနားထောင်ပြီး ဒရုန်းကိုသုံး ​​စစ်ခွေးမျိုးတုန်း​အောင် ဝုန်းမယ့် @Project Skywalk မှာ "ဒရုန်းနဲ့​တော်လှန် ဝမ်းမီလီယံ" ဖြစ်​ပြီး မြင့်မြင့်ပျံ များများကျဲနိုင်​ဖို့ အချိန်ရှိတုန်း​လေး လုံ့လစိုက်​ပေးကြပါဦး... ကိုယ့်လူတို့​ရေ။ ✊️ Play2Donate Fb Page၊ Nway Oo Video App နဲ့ Padaythar Pin YouTube Channel တွေမှာလည်း Clickရင်း နားဆင်လို့ရပါတယ်။ Song - ဒရုန်းနဲ့တော်လှန်ဝမ်းမီလီယံ [မင်းကြောင့် Parody] by YRF

Skywalker ​တွေကို ဟန်ကိုယ့်ဖို့နဲ့ 'ကြောက်ဖို့မလိုဘူး​' ​ပြော၊ ​ပြောပြီးပြီးချင်းပဲ 'မ​ကြောက်ဘဲလည်း မ​နေ​ကြစေချင်ဘူး' လို့ တု
Skywalker ​တွေကို ဟန်ကိုယ့်ဖို့နဲ့ 'ကြောက်ဖို့မလိုဘူး​' ​ပြော၊ ​ပြောပြီးပြီးချင်းပဲ 'မ​ကြောက်ဘဲလည်း မ​နေ​ကြစေချင်ဘူး' လို့ တုန်တုန်ရီရီနဲ့ ထပ်​ပြော​ပြန်ပါ​ရောလား...ကိုယ့်လူတို့​ရေ။ ​မအလတစ်​ယောက်ရဲ့ သွေးပျက်​နေချက်​တွေ၊ ​သွေးပျက်​နေချက်​​တွေ...။ 🤪🤣 မအလတို့ စစ်​ကောင်စီတပ်တစ်ခုလုံး ဒီလောက်ထိ ​​တွေးရင်းကို သွေးပျက်​​​နေတဲ့ ဒရုန်းနဲ့အတူ ဖိုက်တာ​တွေပျံဝဲ​မယ့် "Project Skywalk" မှာ​ရော ပါဆယ်​တွေ​ လူကြုံထည့်ပြီးကြပြီလားဗျို့...။ စက်တင်ဘာ ၁၅ ရက်​နေ့ ​​နောက်ဆုံးမို့ များများနဲ့ မြန်မြန်ကျဲနိုင်ဖို့ တူတူဝုန်းကြဦးစို့​နော်...။ ✊️ ​ဝေဟင်က​နေ ဒရုန်း​​​ကျောင်းရင်း စစ်​ခွေး​မောင်းမယ့် Project Skywalk အတွက် "ဒရုန်းနဲ့​တော်လှန် ဝမ်းမီလီယံ" Parody သီချင်း​ Version အသစ်​လေးကလည်း စက်တင်ဘာ ၁၃ ရက်​နေ့မှာ YRF Facebook Page၊ Padaythar Pin - ပ​ဒေသာပင်၊ Play2Donate ​တွေနဲ့ Nway Oo Video Application တို့က​နေ ပျံ့လွင့်လာဦးမှာမို့ နားဆင်ရင်း တိမ်​ပေါ်ခုန်တက် ကကြဦးစို့...။ Yangon Revolution Force - YRF (ရန်ကုန်တော်လှန်ရေးအင်အားစု)

ဒီနေ့က YRFမှ ရဲဘော် စိုးမိုးထွဋ်ရဲ့မွေးနေ့ပါ။ ရဲဘော် စိုးမိုးထွဋ်ဟာ လွန်ခဲ့တဲ့ ဇွန်လ (၁၀)ရက်နေ့ကတည်းက စစ်ကောင်စီတပ်သားတွေရဲ့ဖ
ဒီနေ့က YRFမှ ရဲဘော် စိုးမိုးထွဋ်ရဲ့မွေးနေ့ပါ။ ရဲဘော် စိုးမိုးထွဋ်ဟာ လွန်ခဲ့တဲ့ ဇွန်လ (၁၀)ရက်နေ့ကတည်းက စစ်ကောင်စီတပ်သားတွေရဲ့ဖမ်းဆီးထိန်းသိမ်းခြင်းကိုခံခဲ့ရပြီး ယနေ့အချိန်ထိ အဆက်အသွယ်မရ၊ သတင်းမကြားရပဲဖြစ်နေပါတယ်။ ဒီအတွက်ကိုလည်း မိသားစုဝင်များနဲ့ရဲဘော်များက စိတ်ပူလျက်ရှိနေကြပါတယ်။ စိုးမိုးထွဋ်ဟာ မတရားမှုကိုလက်မခံနိုင်လို့ စစ်အာဏာရှင်ကိုဆန့်ကျင်တော်လှန်ရင်းဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။ သူဟာ ရရှိလာတဲ့တာဝန်များကို အမြဲကြိုးစားလုပ်ဆောင်လေ့ရှိသူတစ်ယောက်ဖြစ်ပြီး ရဲဘော်ရဲဘက်များအပေါ်တွင်လည်း အနစ်နာခံလိုစိတ်အပြည့်ရှိတဲ့သူတစ်ယောက်ပါ။သူပြောနေကြစကားလေးဖြစ်တဲ့ “ကျွန်တော်တစ်ခုခုဖြစ်ရင်ဖြစ်ပါစေ၊ ကျွန်တော့်ညီတွေတော့ဘာမဖြစ်စေရဘူး” ဆိုတဲ့စကားလေးကို အောက်မေ့သတိရမိပါတယ်။ တော်လှန်သောမွေးနေ့ပါ။ ငါတို့ ပြန်ဆုံတွေ့ကြမယ် ✊🏻

“လူထုတေးသံကိုလေ ခံစား ဒေါသပြည့်လွှမ်းနေတဲ့တေးသံ ဖိနှိပ်မှုဒဏ်ကိုဆက်ပြီး သည်းမခံတော့မယ့် ဒို့ပြည်သူတွေအသံ” လူထုတေးသံသီချင်းလေး YRF YouTube Channel မှာလည်းတင်ထားပါတယ်ဗျ။ အဆင်ပြေရင် ဝင်ကြည့်ပေးကြပါဦးဗျ။ https://youtu.be/EL7k_7tJw-o