846
Subscribers
No data24 hours
-37 days
-830 days
Posts Archive
စားအုန်းဆီကို အိမ်တိုင်ရာရောက်စနစ်ဖြင့်ရောင်းချမည်
------------------
ဈေးကွက်အတွင်း ဝယ်ယူရခက်ခဲနေသည့် စားအုန်းဆီကို အိမ်တိုင်ရာရောက်စနစ်ဖြင့်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီအိမ်တိုင်ရာရောက်ဖြန့်ဖြူးရောင်းချရေးကော်မတီမှ အသိပေးကြေညာထားသည်။
အရောင်းဆိုင်များသို့ သွားရောက်ဝယ်ယူရန် အခက်အခဲရှိသော အိမ်ထောင်စုများအနေဖြင့် စားအုန်းဆီများကို မိသားစုတစ်စုတစ်လစာဝယ်ယူနိုင်ရန် ၊ လျင်မြန်လွယ်ကူစွာဖြင့် အိမ်အရောက်ဝယ်ယူနိုင်စေရန် ရည်ရွယ်ပြီး အိမ်ထောင်စုတစ်စုလျှင် တစ်လအတွက်တစ်ကြိမ်လျှင် နှစ်ပိဿာနှုန်းဖြင့်ဝယ်ယူနိုင်ရေးကို ရန်ကုန်တိုင်းဒေသကြီးစားအုန်းဆီအိမ်တိုင်ရာရောက်ဖြန့်ဖြူးရောင်းချရေးကော်မတီမှ စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
ထိုသို့ ဝယ်ယူနိုင်ရန်အတွက် Call Centre ဖွင့်လှစ်၍ မှာကြားချက်များကို မှာကြားနိုင်ရန် လက်ခံမှတ်သားသွားမည်ဖြစ်ပြီး ဇူလိုင် (၃၁) ရက်မှစ၍ နံနက် (၉) နာရီမှ ညနေ (၃) နာရီခွဲအတွင်း တနင်္လာနေ့မှ စနေနေ့အထိ (တနင်္ဂနွေနှင့်အစိုးရ ရုံးပိတ်ရက်မပါ)Call Centre ဖုန်းနံပါတ် ၀၁-၂၃၉၉ ၂၂၂ (လိုင်းခွဲ-၇ လိုင်း) သို့မှာကြားနိုင်ကြောင်း သိရသည်။
ဈေးနှုန်းအနေဖြင့် အပတ်စဉ်ထုတ်ပြန်ပေးနေသည့် လက်ကားရည်ညွှန်းဈေးနှုန်းကို အခြေခံ၍ အကျိုးအမြတ်ထည့်သွင်းထားခြင်းမရှိဘဲ ဘူးခွံဖိုးနှင့် ဘူးသွတ်ခကိုထည့်သွင်းတွက်ချက်ထားသည့် ဈေးနှုန်းဖြင့် ရောင်းချသွားမည်ဖြစ်ပြီး ပို့ဆောင်ခကို မှာကြားသည့်ဝယ်သူဘက်မှ ပေးချေရမည်ဖြစ်ကြောင်း သိရသည်။
ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကာ ဆီဖိုးကို ကြိုတင်ပေးချေရန်မလိုဘဲ မှာကြားမည့်ရက်နှင့် ပစ္စည်းရောက်မည့်ရက်မှာ သုံးရက်ခန့်ကွာခြားနိုင်ကြောင်း ကြေညာချက်အရ သိရသည်။
#သတင်းမှန်
#Popular
နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအတွက် အပိုထောက်ပံ့ကြေး ခံစားခွင့်ပြုခြင်းနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်။
ဇူလိုင် (၂၆)
#သတင်းမှန်
စဉ့်ကူးမြို့အတွင်း ဝင်ရောက်နေရာယူ၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသည့် PDF အမည်ခံအကြမ်းဖက်သမားများအား တိုက်ခိုက်ချေမှုန်း၊ မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
နေပြည်တော်၊ ဇူလိုင် - ၂၀
#သတင်းမှန်
+2
ပြည်တွင်းဆန်ဈေးကွက်တွင် သင့်တင့်မျှတသည့်ဈေးကွက်ဈေးနှုန်းထက်ပိုမို၍ ဈေးနှုန်းမြှင့်တင်ရောင်းဝယ်နေသူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူ
#သတင်းမှန်
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ပေါ်ဆန်းမွှေးဆန်မိားအား အိမ်အရောက်ပို့စနစ်ဖြင့် ဖြန့်ဖြူးရောင်းချမည့်အစီအစဉ် ကြေညာချက်
#သတင်းမှန်
ဆရာတော် ပျံလွန်တော်မူရတဲ့ ဖြစ်စဥ်အကြောင်း ဖွင့်ဟလာတဲ့ ယာဥ်မောင်းကိုကျော်ဝင်း
PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဝင်းနိမ္ဓိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်တော်မူ ၊ ကံသုံးဆင့် ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသနှင့် ယာဉ်မောင်းတို့ ထိခိုက်ဒဏ်ရာရရှိသည်။
#သတင်းမှန်
+8
သန်လျင်တံတားအမှတ်(၃)ဖွင့်ပွဲအခမ်းအနားအား ပစ်ခတ်တိုက်ခိုက်မည့် အကြမ်းဖက်သမားများအား ၁၀၇ မမ ရှော့တိုက်ဒုံးသီးများနှင့်အတူ ဖမ်းဆီးရမိကြောင်းထုတ်ပြန်ချက်
#သတင်းမှန်
သန်လျင်တံတားအမှတ်(၃)ဖွင့်ပွဲ အခမ်းအနားအား ပစ်ခတ်တိုက်ခိုက်မည့် အကြမ်းဖက်သမားများအား ၁၀၇ မမ ရှော့တိုက်ဒုံးသီးများနှင့်အတူ ဖမ်းဆီးရမိ
#သတင်းမှန်
■ ထားဝယ်မြို့ အိမ်ရှေ့ပြင် ရပ်ကွက်ရှိ မူလတန်းကျောင်းတွင် ပေါက်ကွဲမှု ဖြစ်ပွားရာ မူလတန်း အရွယ်ကလေးငယ်များ ထိခိုက် သေဆုံးမှုများရှိကြောင်း ကနဦး သိရ
ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ မူလတန်းကျောင်းတွင် ဇွန်လ ၄ ရက် (ယနေ့) မွန်းလွဲပိုင်းခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ မူလတန်းအရွယ် ကလေးငယ်များ ထိခိုက် ဒဏ်ရာရပြီး သေဆုံးမှုများရှိကြောင်း ကနဦး သတင်းများအရ သိရသည်။
အဆိုပါ အိမ်ရှေ့ပြင် မူလတန်းကျောင်းတွင် နေ့လယ်ပိုင်း ထမင်းစား ကျောင်းဆင်းချိန်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ထားဝယ်မြို့ခံတစ်ဦးကပြောကြားသည်။
"ကလေး (၂၀) ကျော် ထိခိုက်ဒဏ်ရာရသွားပြီး၊ သုံး ဦးက သေဆုံးသွားပြီလို့ ကြားသိရတယ်။ အသေးစိတ်ကိုတော့ တိတိကျကျ မသိရသေးဘူး" ဟု ၎င်း ဒေသခံက ဆက်လက် ပြောကြားသည်။
ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည့် မူလတန်းအရွယ် ကလေးငယ်များအား ဒေသခံလူမှုကူညီကယ်ဆယ်ရေးအသင်းများနှင့် မြို့ခံပြည်သူများက ထားဝယ်မြို့ရှိ ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးထားကြောင်း သိရသည်။
Credited : EMG
#သတင်းမှန်
+3
ပြည်တွင်းနိုင်ငံခြားငွေလဲလှယ်နှုန်းမြင့်တက်အောင်ပြုလုပ်နေသူများကို ဖော်ထုတ်ဖမ်းဆီးအရေးယူမှု သတင်းထုတ်ပြန်ချက်#သတင်းမှန်
+2
ပြည်တွင်းရွှေဈေးကွက်အတွင်း ဈေးနှုန်းမတည်မငြိမ်ဖြစ်အောင် ပြုလုပ်နေသူများကို ဖော်ထုတ်ဖမ်းဆီးအရေးယူ
နေပြည်တော်၊ ဇွန်လ ၂ ရက်
#သတင်းမှန်
၂။ သို့ဖြစ်ပါ၍ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “ရီမယ်(လ်)” (REMAL)၏ အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြို ခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြ သူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများ အနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
မိုးဇလ
#သတင်းမှန်
ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၀၈/၂၀၂၄)
------------------------------------------------
၂၀၂၄ ခုနှစ်၊ မေလ ၂၅ ရက်နေ့ မြန်မာစံတော်ချိန်(၂၁:၃၀)နာရီအချိန်တွင် ထုတ်ပြန်သည့် ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “ရီမယ်(လ်)” (REMAL)သတင်း
==========================================
(က) ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ
(၁) ယနေ့မြန်မာစံတော်ချိန် (၂၀:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် မြောက်ယွန်းယွန်းသို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတို့တွင် ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “ရီမယ်(လ်)” (REMAL)အဖြစ်သို့ ရောက်ရှိခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ဟိုင်းကြီးကျွန်းမြို့(Hainggyigyun)၏ အနောက်- အနောက်မြောက်ဘက် ရေမိုင် ၃၂၀ မိုင်ခန့်၊ သံတွဲမြို့(Thandwe)၏ အနောက် ဘက် ရေမိုင် ၂၇၅ မိုင်ခန့်၊ စစ်တွေမြို့(Sittwe)၏ အနောက်-အနောက်တောင် ဘက် ရေမိုင် ၂၁၀ မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့ (Khepupara) ၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၁၉၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ်၊ ဆာဂါကျွန်း(Sagar Island)၏ တောင်-အရှေ့တောင် ဘက် ရေမိုင် ၁၉၀ မိုင်ခန့်နှင့် ကန်နင်းမြို့(Canning) ၏ တောင်- အရှေ့ တောင်ဘက် ရေမိုင် ၂၁၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
(၂) ဆိုင်ကလုန်းမုန်တိုင်း “ရီမယ်(လ်)” (REMAL)၏ လက်ရှိအခြေအနေမှာ မြန်မာ နိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင် အဆင့်ဟု သတ်မှတ်ပါသည်။
(ခ) ဆိုင်ကလုန်းမုန်တိုင်း “ရီမယ်(လ်)”(REMAL) ၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ရီမယ်(လ်)” (REMAL)သည် မြန်မာစံတော်ချိန်(၂၀:၃၀) နာရီအချိန်တွင် မြောက်လတ္တီကျု ၁၈.၈ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၈၉.၅ ဒီဂရီတွင် ရှိပြီး၊ ဗဟိုချက်လေဖိအား ၉၈၆ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၄၀ နှုန်းခန့် ဖြစ်ပါသည်။
(ဂ) နောက်(၃၆)နာရီအတွင်းခန့်မှန်းချက်
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “ရီမယ်(လ်)” (REMAL)သည် မြောက် ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ ၂၆-၅-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ် လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းတို့တွင် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) အဖြစ်သို့ ရောက်ရှိနိုင်ပြီး၊ ၂၆-၅-၂၀၂၄ ရက်နေ့ ညပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့နှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေ ဆာဂါကျွန်း တို့အကြားမှ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။
(ဃ) သတိပေးနှိုးဆော်ချက်
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “ရီမယ်(လ်)” (REMAL)၏ အရှိန် ကြောင့် ယနေ့ညမှ ၂၇-၅-၂၀၂၄ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့နေရာများတွင် ဒေသ အလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင် ပါသည်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် ၂၅-၅-၂၀၂၄ ရက်နေ့မှ ၂၆-၅-၂၀၂၄ ရက်နေ့ အတွင်း တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး၊ လှိုင်းအမြင့်မှာ ၉ ပေမှ ၁၂ ပေခန့်ရှိနိုင်ပါသည်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ သည် ၂၅-၅-၂၀၂၄ ရက်နေ့မှ ၂၆-၅-၂၀၂၄ ရက်နေ့အတွင်း တစ်နာရီလျှင် မိုင် ၅၀ မှ မိုင် ၆၀ အထိ တိုက်ခတ်နိုင်ပြီး၊ လှိုင်းအမြင့်မှာ ၁၃ ပေမှ ၁၈ ပေခန့် ရှိနိုင်ပါသည်။
အကြံပြုချက်
+3
သထုံမြို့နယ် နှင့် ဘီးလင်းမြို့နယ်အစပ်ရှိ ကျုံအိတ်တံတားအား အကြမ်းဖက်သမားများမှထပ်မံ မိုင်းခွဲဖျက်ဆီးခံခဲ့ရပြီး တံတားတစ်စင်းလုံး ပြိုကျ ပျက်ဆီးသွားသည့်အတွက် ရန်ကုန် - မော်လမြိုင် ကားလမ်းအဆက်အသွယ်ပြတ်တောက်
ယနေ့မေလ (၁၁) ရက်နေ့ နံနက် (၂) နာရီအချိန်ခန့်က အဆိုပါ ကျုံအိတ်တံတားဘက်မှ ပစ်ခတ်သံများကြားရကြောင်း နှင့် နံနက် (၃) နာရီ (၁၄) မိနစ်အချိန်ခန့်တွင် ပေါက်ကွဲသံအကျယ်ကြီးကြားလိုက်ရကြောင်း ဒေသခံတစ်ဦး၏ပြောကြားချက်အရ သိရှိရသည်။
#သတင်းမှန်
+2
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမှုအခြေအနေထုတ်ပြန်ချက်
#သတင်းမှန်
