en
Feedback
Thang Deih Tuang

Thang Deih Tuang

Open in Telegram

Independent Journalist/Analyst from Myanmar🇲🇲. https://linktr.ee/thangdeihtuang

Show more
3 235
Subscribers
No data24 hours
-97 days
-2930 days
Posts Archive
ကိုယ့်ဘဝအနာဂတ်၊ အသက်နဲ့ ရင်းပြီး ခံနေရတဲ့ပြဿနာကို ဖန်တီးခဲ့ပြီး ကိုယ်ကကျူးလွန်သူလူဆိုးတစ်ယောက်လို ပတ်ရမ်းပြောဆိုနေတဲ့သူတွေရဲ့စကားကို ယုံကြည်ပြီး သနားပြနေတဲ့ အသိမိတ်ဆွေတွေနဲ့ ရှေ့ဆက် မဆက်သွယ်နိုင်တော့လို့ သူငယ်ချင်းမိတ်ဆွေဆုံးရှုံးတာက ဝမ်းနည်းစရာမဟုတ်ပဲ ဝမ်းသာစရာဖြစ်မှန်းပိုနားလည်လာတယ။ လောကမှာ မိတ်ဆွေဆိုတဲ့ သူငယ်ချင်းအများကြီး မလိုမှန်း အသက်ရလာတာနဲ့အမျှ တဖြည်းဖြည်းနားလည်လာတယ်။

Did you know that some plants are killed by overwatering?
Did you know that some plants are killed by overwatering?

aw...
aw...

ပညာသင်ဆုဟောပြောပွဲတွေ Motivation ဟောပြောပွဲတွေမှာ ပါဝင်ကူညီ ဟောပြောပေးဖို့ မကြာခဏ အဖိတ်ခံလေ့ရှိတယ်။ မလက်ခံဖူးတဲ့အကြောင်းရင်းက မာနကြီးလို့ လည်းမဟုတ် သလို သူများကို မကူညီချင်လို့လဲမဟုတ်ဘူး။ အသက်အရွယ်တစ်ခုရလာတာနဲ့အမျှ အထူးသဖြင့် လွန်ခဲ့တဲ့ ၂ နှစ်လောက်ကနေစပြီး ကိုယ့်အားနည်းချက် ကိုယ့်အားသာချက်တွေ တစ်ဖြည်းဖြည်းသိလာတယ်။ ဘယ်မှာမှ အားမသာမှန်းသိရှိပေမဲ့ Public speaking မှာ အထူးအားနည်းနေတယ်လို့ခံစားလာတယ်။ တစ်ခါတစ်လေ ကိုယ်က သိစေချင်လွန်းလို့ စကားလုံးလှလှလေး သုံးမဲ့အစား အသေးစိတ်ရှင်းပြ တာတွေ၊ အဟုတ်ကိုအဟုတ်တိုင်းပြောတတ်တဲ့အလေ့ရှိတော့ သူများအားရအောင် မပြောတတ်မှန်းကိုယ့်ကိုကိုယ်သိလာတယ်။ တစ်ခါတစ်လေ သေချာပြင်ဆင်သည့်တိုင် ပြောမှားဆိုမှားတာဖြစ်တာ ရှိတတ်လို့ မပါဝင်ဖြစ်တော့တာပါလို့။ ဖိတ်ကြားပေးတဲ့သူတွေကို ကျေးဇူးလည်းတင်သလို နည်းလည်ပေးဖို့လည်း မေတ္တာရပ်ခံချင်တာပါ။ ကိုယ့် Facebook, Youtube မှာ ပြောချင်ရာပြောတာတော့ ကိစ္စမရှိပေမဲ့ အဖွဲ့အစည်းတွေမှာ ဟောကြားဖို့ လောလောဆယ် အဆင်သင့်မဖြစ်သေးတာတော့ အမှန်ပဲ။

Oppa တို့ရဲ့ခေါ်သံ https://www.facebook.com/share/p/1BjbXxEf69/
Oppa တို့ရဲ့ခေါ်သံ https://www.facebook.com/share/p/1BjbXxEf69/

photo content

photo content

မေးခွန်းက
မေးခွန်းက

NGL ကနေ မေးမြန်း ပြောပြတာ​အားလုံးကို ဖတ်ရှုပါတယ်။ အားလုံးပြန်မဖြေနိုင်သေးပမေဲ့ ဒီမေးခွန်းက အသက်၂၀ -၂၅ ဝန်းကျင် လူငယ် တွေအတွက် ကိုယ့်ရဲ့အတွေ့အကြုံလေးပြောပြချင်တယ်။ ကိုယ်တိုင်က အဆင်ပြေ အောင်မြင်နေတဲ့ သူမဟုတ်လို့ instructions ပေးတာမဟုတ်ဘဲ မအောင်မြင်/ကျရှုံးသူကနေ သင်ခန်းစာယူလို့အောင် မျှဝေခြင်း သက်သက်ဖြစ်တယ်လို့ မှတ်ယူစေချင်တယ်။ Knock School ဆိုတဲ့အဖွဲ့ က US မှာ ရှိတဲ့ သူဌေးတွေဆီ လူငယ်တွေအတွက် ဘဝအကြံညဏ်တစ်ခုပေးမယ်ဆိုရင် ဘာဖြစ်မလဲလို့ မေးကြည့်တယ်။ တစ်ယောက် ချင်းစီတိုင်းရဲ့ အဖြေမတူညီနိုင်ပေမဲ့ အများဆုံး တူတဲ့အဖြေတစ်ခုရှိတယ်။ အဲ့တာက ကိုယ့်ရဲ့ ဘဝလက်တွဲဖော်ကို သေသေချာချာရွေးပါ ဒါက ခင်ဗျားတို့ရဲကျန်ရှိနေတဲ့ဘဝရဲ့ အဆိုးကောင်း အားလုံးကို အဆုံးအဖြတ်ပေးလိမ့်မယ်လို့ အများဆုံး ဖြေကြတယ်။ ကိုယ်တိုင်က အိမ်ထောင်ရေး ကို Serious ဖြစ်တယ် သစ္စာလည်းရှိတယ် ရှုပ်ရှုပ်မနေဘူးဆိုရင် ပိုတောင် အရေးကြီးပါတယ်။ ကိုယ်တိုင် moral values မရှိဘဲနဲ့ သူများကိုတော့မျှောင်လင့်လို့မရဘူး။ မရှိတဲ့ သူတွေကို values judgement လုပ်တာမဟုတ်ဘူး။ သူတို့မှာလဲ အကြောင်းပြချက် ကိုယ်စီရှိကြတယ်။ ဒါပေမဲ့ ကိုယ်တိုင်က တန်ဖိုးထားတယ် ဆိုရင် ကိုယ်ယူမဲ့ ယောက်ကျား၊ မိန်းမ လက်ရှိကိုယ်နဲ့တွဲနေတဲ့လူ ရဲ့ အကြောင်းကောင်းကောင်းနားလည်ပါ။ သူ့နောက်ခံအကြောင်း၊ ဘဝကို သူနားလည် ဘာသာပြန်ပုံ (how she/he view life and the world)၊ သူရဲ့ စံတန်ဖိုး (moral values) စသဖြင့် အရမ်းကိုရေးကြီးပါတယ်။ လက်မထပ်ခင် (သို့ ) ဘဝအတွက် ကတိတစ်ခုခုမပေးခင် အဆင်မပြေနိုင်မှန်း ခိုင်လုံတဲ့သက်သေရှိရင် အားမနာနဲ့ ပြတ်သားစွာ ဖြတ်နိုင်ရပါမယ်။ ရည်းစားဘဝမှာ လမ်းခွဲတာ အပြစ်မဟုတ်သလို သစ္စာမဲ့နေခြင်းလဲမဟုတ်ပါဘူး။ ဒါက တစ်ယောက်နဲ့ တစ်ယောက် လေ့လာနေတဲ့ကာလမို့ မဖြစ်နိုင်မဲ့ဟာကို ချစ်ပြ သတ္တိရှိပြ သစ္စာရှိပြ မနေဖို့အရေးကြီးပါတယ်။ ဘဝပျော်ရွှင်မှု၊ ငွေကြေး၊ quality of life၊ ပညာရေး၊ စိတ်ကျန်းမာရေး အားလုံးနဲ့ သက်ဆိုင်ပါတယ်။

Good Morning! Have a blessed day everyone!
Good Morning! Have a blessed day everyone!

Melbourne ရဲ့ iconic place (at least for instagram photo) ဖြစ်တဲ့ Brighton ကမ်းခြေရင်းမှာ ဆောက်ထားတဲ့ Brighton Beach Box လို့ခေါ်တဲ့ အိမ်တွေက အကျယ်အဝန်းအားဖြင့် အလျားအနံ ၂ မီတာ ကနေ ၂•၅ မီတာလောက်ပဲရှိတယ်။ စဆောက်တုန်းက ရေဆော့ကစားနေတဲ့ မိန်းကလေးတွေ အဝတ်အစားလဲဖို့ ဆောက်ထားတာလို့ သိရတယ်။ အခုတော့ အဲ့ Box တစ်ခုက Aussie ဒေါ်လာ ၃ သိန်း ကနေ ၄ သိန်းအထိ စျေးပေါက်တယ်။ ဒါတောင် သူဌေးတွေ အပြင်အဆိုင်လုဝယ်နေကြတာ။ လူနေထိုင်လို့ရတာလဲမဟုတ်ဘူး။

မြို့ရဲ့အစွန်မှာ ဦးတည်ရာမဲ့ ကားပတ်မောင်းရင်း မိနစ် ၂၀ ခန့်အကြာမှာတော့ ကော်ဖီတစ်ခွက် ဝယ်သောက်ပြီး တစ်နေ့တာဘဝအဆုံးသတ်သွားသည်။
မြို့ရဲ့အစွန်မှာ ဦးတည်ရာမဲ့ ကားပတ်မောင်းရင်း မိနစ် ၂၀ ခန့်အကြာမှာတော့ ကော်ဖီတစ်ခွက် ဝယ်သောက်ပြီး တစ်နေ့တာဘဝအဆုံးသတ်သွားသည်။

စာရေးဆရာမှ ကဗျာဆရာမှမဟုတ်ပါဘူး၊ ဖြူစင်တဲ့နှလုံးသားကနေလာသော စာသားတိုင်းဟာ လှပပြီးတန်ဖိုးရှိပါတယ်။ ဘဝမှာ ကိုယ် သဘောကျ တန်ဖိုးထာ
စာရေးဆရာမှ ကဗျာဆရာမှမဟုတ်ပါဘူး၊ ဖြူစင်တဲ့နှလုံးသားကနေလာသော စာသားတိုင်းဟာ လှပပြီးတန်ဖိုးရှိပါတယ်။ ဘဝမှာ ကိုယ် သဘောကျ တန်ဖိုးထား မြတ်နိုးတဲ့ သူတွေကို လက်ဆောင် ပေးနိုင်ရင် လက်ခံတဲ့သူထက် ပေးရတဲ့သူက ပိုပျော်တယ်။

အများကြီးတော့မခေါ်ဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံလို ဖွံ့ဖြိုးမှုနောက်ကျပြီး ဆင်းရဲတဲ့နိုင်ငံတွေကိုပေးအပ်တဲ့ ပညာသင်ဆုမို့လို့ စိတ်
အများကြီးတော့မခေါ်ဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံလို ဖွံ့ဖြိုးမှုနောက်ကျပြီး ဆင်းရဲတဲ့နိုင်ငံတွေကိုပေးအပ်တဲ့ ပညာသင်ဆုမို့လို့ စိတ်ဝင်စားတဲ့သူတွေအတွက် လျှောက်သင့်ပါတယ်။ UK မှာ Master ပညာသင်ဆုပါ။ တစ်နှစ်တည်းပါ။ ဖွံ့ဖြိုးရေးနဲ့ ပတ်သက်တဲ့ ဘာသာရပ်တွေကိုပဲတက်လို့ရပါတယ်။ တက်လို့ရတဲ့ ဘာဿရပ်တွေကိုလင့်မှာဖော်ပြပေးထားပါတယ်၊။ https://www.sheffield.ac.uk/international/fees-and-funding/scholarships/postgraduate/ferguson