Readerless Poetry Ebook Sharing
Open in Telegram
7 566
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
+3
The New Yorker မဂ္ဂဇင်းတွေ ဒီထဲ ပို့ပေးထားတာ ၂၀၁၉ ကနေ ၂၀၂၄ အထိ ၆ နှစ်စာ ရှိတယ် ထင်တယ်။ ဒီမဂ္ဂဇင်းထဲမှာ ပါတဲ့ Fiction လက်ရာတွေက နာမည် ကြီးပါတယ်။
ပြောရရင် ဒီမှာ ဟိုးအရင်ခေတ်က ရှုမဝမဂ္ဂဇင်းလိုမျိုး တကယ် တော်ရုံစာရေးဆရာ ဝင်တိုးလို့ မလွယ်တဲ့၊ တကယ့်စာပေလက်ရာ အစစ်အမှန်တွေကို ဖော်ပြတဲ့ မဂ္ဂဇင်းပေါ့။
သူ့လိုမျိုး အလားတူဆိုရင် Paris Review တို့ Granta တို့ ရှိပါတယ်။
ကျနော် ဒေါင်းထားတာက ၂၀၁၉ ကနေ ၂၀၂၄ အထိ ၆ နှစ်စာ ရှိတာ။ ဒီဲထဲမှာက သုံးနှစ်စာ ပို့ပြီးသွားပြီ။
အခုက ကျန်သေးတဲ့ ၂၀၂၀၊ ၂၀၂၁၊ ၂၀၂၃ ခုနှစ်ထုတ် The New Yorker တွေ ပို့ပေးမလို့ပါ။ ပြီးရင် နှစ်အလိုက် လင့်ပြန်စုပေးပါမယ်။
The Life of Violet_ Three Early Stories - Virginia Woolf.epub6.27 MB
Goonight ပြောပြီးမှ တခြား ဖတ်ချင်တဲ့ စာအုပ်တွေ မဒေါင်းထားရသေးတာ ဘာရှိသေးလဲ လိုက်ရှာရင်း ဟိုတလောက ထွက်မယ်လို့ ကြေညာထားတဲ့ ခုစာအုပ်ကိုလည်း သွားသတိရသွားလို့ လိုက်ရှာကြည့်လိုက်တာ တွေ့သွားလို့ ဝမ်းသာအားရ ပို့လိုက်တာ။
ကိုယ်တွေမှာ ဖတ်ချင်ရဲ့သားနဲ့ လွယ်လွယ်ဝယ်လို့ မရတဲ့ ဒုက္ခ၊ စာအုပ်ရှားပါးတဲ့ ဒုက္ခကလည်း ဆိုးတာ။ ခုလို ရှာဖွေ၊ ဖတ်လို့ ရနေတာပဲ တော်သေးတယ်လို့ ပြောရမယ် ထင်တယ်။
Virginia Woolf ရဲ့ အစောပိုင်း လက်ရာ သုံးပုဒ် The Life of Violet: Three Early Stories ကို ပြန်ထုတ်ထားတာ။ တစ်ခါမှ မထုတ်ဝေဖူးသေးတဲ့ လက်ရာလို့ ကြေညာခဲ့တာလား ဘာလား မမှတ်မိတော့ဘူး။
ဖတ်ချင်တဲ့သူတွေ ဖတ်ကြဖို့ပါ။
ဒီညတော့ အဲ့စာအုပ်တွေပါပဲ။
စာအုပ် ဖတ်စရာတွေက ပုံနေလို့ အသစ်တွေ လိုက်မရှာဖြစ်ပေမဲ့ ခုရက်ပိုင်း အသစ်ထွက်တဲ့ စာအုပ်တွေ များတာ။
နောက်ရက်တွေ လိုင်းကောင်းမှ တခြားစာအုပ်တွေလည်း လိုက်ရှာပြီး ထပ်ပို့ပေးထားပါဦးမယ်။
Goodnight ပါနော်။
+1
ဒါက ကိုယ် သူ့ရုပ်ရှင်တွေအကြောင်း ပြောပြောနေရင် (ကန်တော့) ခွေးမသားလို့ အမြဲတမ်း ဆဲပြီးမှ ပြောလို့ရတဲ့ ဒါရိုက်တာ Quentin Tarantino ကိုယ်တိုင် ရေးသားထားတဲ့ စာအုပ်နှစ်အုပ်ပါ။
သူ့ဇာတ်ကားတွေ တော်တော်များများကိုလည်း သိပြီးသား ဖြစ်ကြပါလိမ့်မယ်။ ဒီမှာ အရှည်ကြီး မပြောတော့ပါဘူး။
အပေါ်က Anthony Hopkins ရဲ့ စာအုပ်ကို ရှာရင်း သူ့စာအုပ်တွေပါ ရှာမိလို့ တစ်ခါတည်း ပို့လိုက်တာပါ။
I Want to Die but I Want to Eat Tteokbokki - Baek Sehee.epub3.02 KB
မူရင်း တောင်ကိုရီးယားက ဆရာမ Baek Se-hee က ၁၉၉၀ born ဆိုတော့ ကိုယ်တွေထက် လေးနှစ်ပဲ ကြီးတာ။ ခုလ ၁၆ ရက်နေ့ အသက် ၃၅ နှစ်အရွယ်မှာပဲ ဆုံးပါးသွားပါတယ်။
သူ့စာအုပ်က စိတ်ကျရောဂါနဲ့ ဆက်နွယ်နေတဲ့ အကြောင်းအရာတွေကို ရေးထားတာပါ။ ဆရာမကိုယ်တိုင်လည်း ဒီလို စိတ်ကျဝေဒနာကို ခံစားခဲ့ရသူပါ။
မူရင်းက ၂၀၁၈ မှာ ထွက်ခဲ့ပြီး အင်္ဂလိပ်ဘာသာပြန်က ၂၀၂၂ မှာ ထွက်ခဲ့ပါတယ်။ ဖတ်ချင်ကြတဲ့သူတွေအတွက်ပါ။ မြန်မာပြန် စာအုပ်လည်း ရှိပြီးသားပါ။
တော်သေးတယ်၊ နှစ်အုပ်စလုံး ရောက်သွားသေးလို့။ မာဂရက် စာအုပ်က အခုပုံ အပေါ်ဘက်မှာနော်။ မတွေ့မှာ စိုးလို့။
+1
ဒီရက်ပိုင်းထဲ အသစ်ထွက်ထားတဲ့ biography စာအုပ် နှစ်အုပ်ပါ။ Margaret Atwood နဲ့ Anthony Hopkins အတ္ထုပ္ပတ္တိတွေပါ။
လိုင်းတွေက တော်တော်စုတ်နေလို့ ပို့ပေးတာ မရောက်ခင် ခဏ စောင့်ပေးကြပါဦး။
(လိုင်းမကောင်းလို့ ဖိုင်ကို ဖျက်လိုက်၊ ပြန်ပို့လိုက် လုပ်နေတာ၊ ခု ဘာစာအုပ်လဲ ပြောထားတာကြီးပါ ပျက်သွားလို့ နောက်တစ်ခါ ထပ်ပို့ရတာ🙃)
လိုင်းမကောင်းလို့လား မသိ၊ ပို့ထားတဲ့ ဖိုင်က 0% uploaded ဆိုတာကနေ မတက်တော့ဘူး။ နောက် လိုင်းကောင်းတဲ့အချိန် ပို့ထားလိုက်ပါမယ်။ နောက်မှ ပြန်ဝင်ကြည့်ကြပါဦး။
နောက်မှ DK Life Stories စာအုပ်အတွဲလိုက်တွေလည်း လိုက်ရှာပြီး ထပ်ပို့ပေးဦးမယ်။
ခုကတော့ Jane Goodall ရဲ့ စာအုပ်တွေပါ။
အေးဆေး ဖတ်ကြပါဦး။
