en
Feedback
Shwe Maw Kun Education Group

Shwe Maw Kun Education Group

Open in Telegram

Shwe Maw Kun Education Group is a billingual school that offers both local and international quality education.

Show more
208
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
တပေါင်းလပြည့် ပြည်တော်ဝင်အခါတော်နေ့ မြန်မာ့ဆယ့်နှစ်လရာသီတွင် နောက်ဆုံးလဖြစ်သည့် တပေါင်းလအခါသမယသည် ဆောင်းရာသီအကုန် နွေဦးအစဖြစ်
တပေါင်းလပြည့် ပြည်တော်ဝင်အခါတော်နေ့  မြန်မာ့ဆယ့်နှစ်လရာသီတွင် နောက်ဆုံးလဖြစ်သည့် တပေါင်းလအခါသမယသည် ဆောင်းရာသီအကုန် နွေဦးအစဖြစ်သလို သဘာဝအလှတရားများစွာနှင့် “အလှညောင်းသည့် လတပေါင်း” ဟု တင်စားနိုင်သည်အထိ  လှပလျက်ရှိပါသည်။ ဗုဒ္ဓဘာသာဝင်များ အလေးမြတ်ထားရာ သဲပုံစေတီပွဲများ ကျင်းပ‌လေ့ရှိသည့် ဤတပေါင်းလပြည့်နေ့လေးတွင်လည်း ကုသိုလ်ကောင်းမှုများစွာကိုပြုလုပ်နိုင်ရင်း မင်္ဂလာရှိသောရက်မြတ်လေးကို ပိုင်ဆိုင်ပါစေလို့ ရွေမော်ကွန်းမှဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်။

📖 မည်သည့်စာပေတစ်ခုကို လေ့လာသည်မဆို ထိုစာပေမှာရှိတဲ့ အခြေခံ ဗျည်း သရ အက္ခရာ ကနေ စတင်လေ့လာမှုပြုရပါတယ်... 📚📝မြန်မာစာပေကို လေ့လာရာမှာလည်း မြန်မာဗျည်း (၃၃)လုံးကို ဉီးစွာ လေ့လာမှုပြုရပါတယ်... 🖍📒မြန်မာဗျည်း (၃၃)လုံးအနက် "ပ" ဗျည်းကဗျာကို ရွတ်ဖတ်လေ့လာပြီး "ပ"ဗျည်းရေးသားနည်းများကို မိတ်ဆက်ခြင်း၊"ပ"ဗျည်းဖြင့် ပြောဆိုသုံးနှုန်းသော ဝေါဟာရများကို သိရှိစေခြင်းနှင့် ရုပ်ပုံများကို ဆေးရောင်ခြယ်ကာ တက်ကြွစွာ လေ့လာသင်ယူနေကြတဲ့ သားငယ်သမီးငယ်လေးများရဲ့ ပျော်ရွှင်စရာ သင်ယူမှုပတ်ဝန်းကျင်တစ်ခုကို မိဘများလည်း ဝမ်းသာပီတိဖြစ်ရလေအောင် မျှဝေပေးလိုက်ပါတယ်ရှင့်...💕

🌏🌱အမှိုက်ကင်းစင် မိမိပတ်ဝန်းကျင်🚯 🤔မိမိတို့ရဲ့နေ့စဥ်ဘဝမှာ တစ်ခါသုံးပလပ်စတစ်အိတ် နှင့်ဘူးခွံများကို လိုအပ်သည်ထက် ပိုသုံးမိ
+3
🌏🌱အမှိုက်ကင်းစင် မိမိပတ်ဝန်းကျင်🚯 🤔မိမိတို့ရဲ့နေ့စဥ်ဘဝမှာ တစ်ခါသုံးပလပ်စတစ်အိတ် နှင့်ဘူးခွံများကို လိုအပ်သည်ထက် ပိုသုံးမိနေမလား❓ 🛍🍃သုံးပြီးသား ပလပ်စတစ်အိတ်များနှင့်အမှိုက်များကို လွယ်လင့်တကူ ကြုံရာမှာ စွန့်ပစ်မိပြီး မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်မှာ တစ်ရက်ထက်တစ်ရက် စွန့်ပစ်အမှိုက်တွေ အဆမတန် တိုးပွားလာတာ သတိထားမိကြမှာပါ... 🌧☀ ဒါတွေကြောင့် ရောဂါများ ထူပြောလာပြီး ရာသီဥတုဖောက်ပြန်လာခြင်းကို မိမိတို့လက်တွေ့ရင်ဆိုင်ကြုံတွေ့နေရပါတယ်ရှင့်... ♻🌍 လူတွေကြောင့် ထိခိုက်ပျက်ဆီးသွားတဲ့ သဘာဝပတ်ဝန်းကျင်ကို ပြန်လည်ကယ်တင်နိုင်ရေးအတွက် ပလပ်စတစ်အိတ်များကို လျော့ချသုံးစွဲခြင်းနှင့် ပြန်လည်အသုံးပြုခြင်းဖြင့် မိမိပတ်ဝန်းကျင်ကိုလက်တွေ့ထိန်းသိမ်းစောင့်ရှောက်ကြရအောင်... 🏫 💌ဒါ့ကြောင့်မို့ ကျွန်မတို့ရွှေမော်ကွန်းကျောင်းမှ ဆရာ/မများနှင့်ကျောင်းသား/သူများသည်လည်း အပတ်စဥ်ဗုဒ္ဓဟူးနေ့တိုင်း ပလပ်စတစ်မသုံးစွဲခြင်းဖြင့် ( Plastic Free Wednesday)ကို လက်တွေ့ဖော်ဆောင်ကာ သဘာဝပတ်ဝန်းကျင်ကို ဝိုင်းဝန်းကူညီထိန်းသိမ်းစောင့်ရှောက်သွားပေးပါသော ဆရာ/မများ၊ ကျောင်းသား/သူများနှင့် မိဘအုပ်ထိန်းသူများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင့်..

🎯Design thinking and Prototype project💻 🏫🌟 ရွှေမော်ကွန်းကျောင်းရှိ သားငယ်သမီးငယ်လေးများသည် ၂၁ရာစုနှစ်တစ်ခုရဲ့ နည်းပညာပိုင
+7
🎯Design thinking and Prototype project💻 🏫🌟 ရွှေမော်ကွန်းကျောင်းရှိ သားငယ်သမီးငယ်လေးများသည် ၂၁ရာစုနှစ်တစ်ခုရဲ့ နည်းပညာပိုင်းဆိုင်ရာကို အမှီလိုက်နိုင်နေပြီနော်... 💌💕Design thinking and prototype project ဟာဆိုရင် ကျောင်းသား/ သူများကို group အလိုက် website prototype or application prototype ပြုလုပ်စေခြင်းဖြစ်ပါတယ်... ⛳ ဒီ project ကိုလုပ်ပေးရခြင်းရဲ့ရည်ရွယ်ချက်ကတော့ ကျောင်းသူ/သား များရဲ့ ပြသာနာဖြေရှင်းနိုင်စွမ်း၊ တီထွင်ကြံဆနိုင်စွမ်းတွေကို နည်းပညာနဲ့အသုံးပြုပြီး လက်တွေ့အကောင်အထည်ဖော်နိုင်စေရန် 🏅နည်းပညာပိုင်းသာမက business aspects များကိုပါထည့်သွင်းစဉ်းစားတတ်စေရန် 🏅မိမိတို့ဖန်တီးမည့် app/ website design ideas သည် နေ့စဉ်လက်တွေဘဝတွင်ကြုံတွေ့နေရတဲ့အခက်အခဲများကို ဖြေရှင်းပေးနိုင်ပြီး လိုအပ်ချက်များဖြည့်ဆည်းပေးနိုင်တဲ့ product တစ်ခုထိဖြစ်အောင် စဉ်းစားတတ်စေရန် 🏅အသင်းအဖွဲ့များနှင့် ပူပေါင်းဆောင်ရွက်တတ်စေရန် ရည်ရွယ်ခြင်းဖြစ်ပါတယ်ရှင့်...

👨‍🎓 👩‍🎓🌟 British Council မှ ကြီးမှူးကျင်းပပြုလုပ်ခဲ့သော Pearson Edexcel UK၏ iPrimary Achievement Test ကို 16.10.2023 (တန
👨‍🎓 👩‍🎓🌟 British Council မှ ကြီးမှူးကျင်းပပြုလုပ်ခဲ့သော Pearson Edexcel UK၏ iPrimary Achievement Test ကို 16.10.2023 (တနင်္လာနေ့) မှ စ၍ 19.10.2023 (ကြာသပတေးနေ့ )နေ့ထိ ရွှေမော်ကွန်းကိုယ်ပိုင်အလယ်တန်းကျောင်းရှိ ကျောင်းသား/သူ( ၇ ) ဉီးက ထိုမူလတန်းပြီးမြောက်ကြောင်း စာမေးပွဲကြီးကို မန္တလေးမြို့တွင် ဝင်ရောက်ဖြေဆိုခဲ့ပါသည်... 🎓🏆🏅ထို Achievement Test ကို ဝင်ရောက်ဖြေဆိုခဲ့ရာမှ ထူးချွန်စွာအောင်မြင်ခဲ့ကြသော သားငယ်သမီးငယ်လေးများကို အထူးပင် ဂုဏ်ယူဝမ်းမြောက်ရပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်ရှင့်....🎉🎊🎁💌

📣🎊Partnership Announcement 🎊📣 📣မင်္ဂလာပါ ရွှေမော်ကွန်းကိုယ်ပိုင်အလယ်တန်းကျောင်းမှာ ကျောင်းသူ​/သားများကို ပညာရေးအပြင် ဘက်
📣🎊Partnership Announcement 🎊📣 📣မင်္ဂလာပါ ရွှေမော်ကွန်းကိုယ်ပိုင်အလယ်တန်းကျောင်းမှာ ကျောင်းသူ​/သားများကို ပညာရေးအပြင် ဘက်စုံထူးချွန်သောကျောင်းသားကျောင်းသူများဖြစ်လာစေရန် ရည်ရွယ်ပြီး နှစ်စဉ်နှစ်တိုင်း ဘက်စုံပညာရေးကို အထူးသင်ကြားပေးလျက်ရှိပါသည်။ပညာရေး အပြင်ကျောင်းတွင်း Sport Club များကိုလည်းဖွဲ့စည်းသင်ကြားပေးလျက်ရှိသည်ကိုလည်း မိဘများအသိဖြစ်ပါသည်။🥰 📣2024-2025 ပညာသင်နှစ်တွင်ရွှေမော်ကွန်းကျောင်းမှ Badminton Club သည် ကမ္ဘာကျော် Branded ကြက်တောင်အားကစားကုမ္ပဏီ တစ်ခုဖြစ်သော Victor Badminton(Taunggyi )နှင့်ပူးပေါင်းကာကျောင်းသားကျောင်းသူများကို ပိုမိုကောင်းမွန်သော Sport Equipment များဖြင့်အသုံးပြုဆော့ကစားစေရန် ရည်ရွယ်၍ Victor Badminton(Taunggyi)နှင့်အတူ ပူးပေါင်းလက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းကောင်းပါးအပ် ပါသည်။🤝🏸🎊🎉 #Taunggyi #sport #victorbadminton #VictorBadminton #victorbadmintontaunggyi #shwemawkun

🌕 တပို့တွဲလရဲ့ ပွဲတော်ဖြစ်တဲ့ ထမနဲထိုးပွဲကို ရွှေမော်ကွန်းကျောင်းတွင် တပို့တွဲလပြည့်နေ့၌ မြိုင်မြိုင်ဆိုင်ဆိုင်ဆောင်ရွက်ဖြစ်
🌕 တပို့တွဲလရဲ့ ပွဲတော်ဖြစ်တဲ့ ထမနဲထိုးပွဲကို ရွှေမော်ကွန်းကျောင်းတွင် တပို့တွဲလပြည့်နေ့၌ မြိုင်မြိုင်ဆိုင်ဆိုင်ဆောင်ရွက်ဖြစ်ခဲ့ပါတယ်။ ထမနဲထိုးပွဲလေးမှာ ဆရာဆရာမများ နှင့် အတူ ကျောင်းသားကျောင်းသူများလည်း တက်ကြွပျော်ရွှင်စွာနှင့် အတူတကွပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ 🙏🏻 တပို့တွဲလပြည့် သြဝါဒပါတိမောက် အခါသမယနေ့မှစ၍ မိဘပြည်သူများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပြီး အစစအရာရာ အဆင်ပြေအောင်မြင်ကြပါစေကြောင်း Shwe Maw Kun မှ ဆုမွန်ကောင်းတောင်းရင်း တပို့တွဲလပြည့်နေ့အမှတ်တရပုံရိပ်လေးများကို မျှဝေလိုက်ပါတယ်ရှင်။

🏆မှတ်တမ်းတင်ဂုဏ်ပြုခြင်း🏆 🏅🌟Thailand International Mathematical Olympaid (TIMO) Exam 2023-24 Heat Round (Country Round)ကိ
+3
🏆မှတ်တမ်းတင်ဂုဏ်ပြုခြင်း🏆 🏅🌟Thailand International Mathematical Olympaid (TIMO) Exam 2023-24 Heat Round (Country Round)ကို 14.1.2024 (တနင်္ဂနွေနေ့) တွင် Primary 1 မှ Primary 4 ထိ ဝင်ရောက်ဖြေဆိုခဲ့ရာ ထူးချွန်စွာ ဆုအသီးသီးကို ဆွတ်ခူးနိုင်ခဲ့သော ရွှေမော်ကွန်း ကိုယ်ပိုင်အလယ်တန်းကျောင်းမှ အနာဂတ်ကြယ်ပွင့်လေးများဖြစ်တဲ့ သင်္ချာချန်ပီယံကလေးများအား ဂုဏ်ယူဝမ်းမြောက်စွာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်ရှင့်...👨‍🎓👩‍🎓

🕵SMK Science Club ရဲ့ ခရီးစဥ်🌱🌾 🏫🌟ကျွန်မတို့ရွှေမော်ကွန်းကျောင်းရှိ Science Club မှ ကျောင်းသား/သူများသည် အေးသာယာမြို့ရှိ ဝိုင်ခြံနှင့် Tissue Culture သို့ သွားရောက်ကွင်းဆင်းလေ့လာခဲ့ကြပါသည်... 🌏🍀🔍ထိုသို့လေ့လာခဲ့ခြင်းကြောင့် ကျောင်းသား/သူများသည် အပင်၏မျိုးစိတ်အကြောင်းနှင့် ရာသီဥတုအပေါ် အခြေခံ၍ သီးနှံစိုက်ပျိူးမှုများ၊ ပရော်ဖက်ရှင်နယ် ဓာတ်ခွဲခန်းရှိ ခေတ်မီတဲ့ ဓာတ်ခွဲကိရိယာဖြင့်အသုံးပြုနည်းများ၊ သုတေသနပြုရာမှာ အချက်အလက်သည် အသေးစိတ်ကျပြီး တိကျမှုရှိခြင်းနှင့် အာရုံစူးစိုက်မှုတို့၏ အရေးပါမှုကို သိရှိနားလည်လာသည်... 🌾💊🔬ဒါ့အပြင် သုတေသနပြု ကျွမ်းကျင်ပညာရှင်များနှင့် ထိတွေ့ဆက်ဆံခဲ့ရသောကြောင့် မိမိသိလိုသော အကြောင်းအရာများကို တွေ့ဆုံမေးမြန်းသင်ယူလေ့လာကာ ဇီဝနည်းပညာ၊ ဆေးဝါးနှင့် စိုက်ပျိုးရေး လုပ်ငန်းတွေမှာလည်း Tissue Culture ဖြင့် ဘယ်လိုအသုံးချနေကြောင်းကို လက်တွေ့ကွင်းဆင်းလေ့လာခဲ့ကြတဲ့ သားငယ်သမီးငယ်လေးများရဲ့ လေ့လာမှုပုံရိပ်တချို့ကို မျှဝေပေးလိုက်ပါတယ်ရှင့်....💞💕

🌸 🍀မည်သည့်ဘာသာစကား၏ စာအရေးအသားတွင်မဆို စာလုံးပေါင်းသတ်ပုံံဟာ စာပေအရေးအသားရဲ့ အခြေခံအုတ်မြစ်တစ်ခု ဖြစ်ပါတယ်...​ 🏛🏰🏯 ကြီးကျယ်ခမ်းနားလှတဲ့ ပြသာဒ်အဆောက်အအုံကြီးတစ်ခုဖြစ်ပေါ်လာဖို့ အခြေခံအုတ်မြစ်ဟာ အဓိကကျလှသလို စာပေအရေးအသားမှာလည်း စာလုံးပေါင်းသတ်ပုံမှန်ကန်ဖို့က အဓိကျလှပါတယ်... 📖🖋စာအရေးအသားပြုရာမှာ စာလုံးပေါင်းသတ်ပုံမှားယွင်းမှုကြောင့် ဆိုလိုရင်း အဓိပ္ပါယ်များ လွဲချော်သွားပြီး မိမိရဲ့စာပေတန်ဖိုးများ လျော့ကျသွားနိုင်ပါတယ်ရှင့်... 🌟💌 ဒါကြောင့်မို့ ခေတ်လူငယ်များ မိမိရဲ့စာပေကို ချစ်မြတ်နိုး တန်ဖိုးထားတတ်စေရန်နှင့် စာလုံးပေါင်းသတ်ပုံကို မှန်ကန်စွာသုံးနှုန်းရေးသားတတ်စေရန် ရည်ရွယ်၍ ကျွန်မတို့ ရွှေမော်ကွန်းကိုယ်ပိုင်အလယ်တန်းကျောင်းတွင်  မြန်မာစာလုံးပေါင်းသတ်ပုံ ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်ရှင့်... 💕🍀မိမိရဲ့ယဥ်ကျေးမှုစာပေ အမွေအနှစ်များကို  ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလျက် Grade-5 အတန်းမှ သားငယ်သမီးငယ်လေးများရဲ့ ပြိုင်ပွဲဝင်ပုံရိပ်တချို့ကို မျှဝေပေးလိုက်ပါတယ်ရှင့်...

Happy Chinese New Year 🧧🏮🎉 ယနေ့ကျရောက်တဲ့ တရုတ်နဂါးနှစ်သစ်ကူးနေ့ကို Shwe Maw Kun မှ ဂုဏ်ပြုကြိုဆိုအပ်ပါတယ် 🏮🎉 နှစ်ကူးအချိန်မှစကာ စီးပွားလာဘ်များတိုးတက်ကာ ပျော်ရွှင်စရာအချိန်များပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် 🏮🏮 Happy Chinese New Year 🧧🏮🎉 May the Chinese New Year bring you and your loved ones happiness, good health, and prosperity 🏮🎉 #shwemawkunprivateschool #ChineseNewYearr2024

🌏 Level-1 /Pre-starters (English)📚 💎🔑🌟ရွှေမော်ကွန်း Weekend International Programme မှာ တက်ရောက်နေသော Level - 1 (Pre- Starters) အတန်းမှ သားငယ်သမီးငယ်လေးများကို ယခုအပတ်တွင် မိမိတို့နေ့စဥ်ဝတ်ဆင်နေတဲ့ အဝတ်အစားတွေရဲ့ ဒီဇိုင်း၊အရောင်နှင့် ဝေါဟာရ စကားလုံးအသုံးအနှုန်းများကို အင်္ဂလိပ်သဒ္ဒါဖြင့် ဝါကျဆီလျော်အောင် ပြောဆိုနိုင်ဖို့ လက်တွေ့လေ့ကျင့်သင်ကြားပေးခဲ့ပါသည်... 👩‍🏫💖တတ်ကြွလှုပ်ရှားသော စာသင်ခန်းတစ်ခုဖြစ်တဲ့အတွက် ပျော်ရွှင်စွာဖြင့် စိတ်ဝင်တစားလေ့လာနေကြတဲ့ သားငယ်သမီးငယ်လေးများရဲ့ ချစ်စရာပုံရိပ်တချို့ကို မျှဝေပေးလိုက်ပါတယ်ရှင့်။

"Luminary Newsletter"! 📰 💞 ခေတ်နှင့်အညီ မှန်ကန်တဲ့သတင်းစုံလင်လေးတွေ သိရှိပြီး ခေတ်နောက်ကျ မကျန်ရစေဖို့ ရွှေမော်ကွန်းကျောင်း
+1
"Luminary Newsletter"! 📰 💞 ခေတ်နှင့်အညီ မှန်ကန်တဲ့သတင်းစုံလင်လေးတွေ သိရှိပြီး ခေတ်နောက်ကျ မကျန်ရစေဖို့ ရွှေမော်ကွန်းကျောင်းရှိ သားသားမီးမီးတို့ရဲ့ သတင်းစာလေးကို ဖတ်ပေးကြစို့နော် 🌸🌸🌸 ✨ Don't miss the sparkle in our Shwe Maw Kun Private School's "Luminary Newsletter"! 🚀🔍 Stay informed, and let the stories light up your day! 📰🎉✨ #ReadTheSpark #SMKMagicMoments #LuminaryVibes 🌈📚

🌟🎓 📖အနာဂတ်မှာ ထွန်းလင်းမည့် ရွှေမော်ကွန်းကိုယ်ပိုင်အလယ်တန်းကျောင်းမှ Vocabulary Bee Competition တွင် Winnerဆုရရှိခဲ့တဲ့ Ch
+8
🌟🎓 📖အနာဂတ်မှာ ထွန်းလင်းမည့် ရွှေမော်ကွန်းကိုယ်ပိုင်အလယ်တန်းကျောင်းမှ Vocabulary Bee Competition တွင် Winnerဆုရရှိခဲ့တဲ့ Champion ကလေးများကို မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်ရှင့်....💞💕 🏆✨ Capturing the magic of words! Our Vocabulary Bee Champions are the shining stars of Shwe Maw Kun Private School's future. 🌟👏 Let the brilliance begin! #WordWizards #ShineBright #FutureLeaders 🚀

🤔 တိုးတက်နေတဲ့ နည်းပညာခေတ်မှာ လက်ရေးလှဖို့ လိုသေးရဲ့လား❓ 👨‍🏫👩‍🏫သင်ကြားရေးဆရာ/မတစ်ယောက်အနေနဲ့ ကလေးတွေ လက်ရေးလှဖို့က လိုအပ်ပါတယ်လို့ပြောချင်ပါတယ် 📖🖊ဘာသာရပ်တစ်ခုလေ့လာတဲ့အခါ ကွန်ပျူတာပေါ်မှာ ရေးမှတ်ခြင်းထက် မှတ်စုစာအုပ်ပေါ်မှာ ရေးမှတ်ခြင်းက စာကိုပိုပြီးမှတ်မိစေတယ်၊ ဦးနှောက်ကျန်းမာရေးအတွက်လည်း အလွန်တရာမှ အကျိူးရှိစေပါတယ်လို့ လေ့လာမှုတစ်ခုအရ သိရှိထားပါတယ်.. 📝စာရေးသားရာမှာ ဗျည်း၊သရ၊ ဂဏန်းနှင့် အက္ခရာ မှာရှိတဲ့ အရစ်အဆွဲများ၊ရေးသားနည်း၊ စာလုံးပေါင်းသတ်ပုံံ မှန်ကန်စွာ ရေးသားနိုင်ခြင်း၊ သန့်ရှင်းသပ်ရပ်စွာ ရေးသားနိုင်ခြင်းကလည်း အရေးကြီးလှပါတယ်။ဒါမှသာ စာဖတ်ချင်စိတ်ကိုပိုစေပြီး ကလေးငယ်များအတွက် ကြွက်သားတွေ ပိုမိုသန်မာလာစေပါတယ်.. 🏆⭐ဒါ့ကြောင့် ကျွန်မတို့ရွှေမော်ကွန်းကျောင်းမှာလည်း လက်ရေးလှလှရေးကြမယ်ပြိုင်ပွဲများ ကျင်းပ၍ ဆုရရှိသွားသော သားငယ်သမီးငယ်လေးများကို ဆုချီးမြှင့်ပြီး ဝမ်းသာကြည်နူးဖွယ်ပုံရိပ်လေးများကို ဂုဏ်ယူဝမ်းမြောက်စွာ မျှဝေပေးလိုက်ပါတယ်ရှင့်...

🍀🌿 သန့်ရှင်းသပ်ရပ်တဲ့ပတ်ဝန်းကျင်မှာ နေထိုင်ရတာ လူတိုင်းစိတ်ချမ်းသာမှု ရရှိကြမှာပါ... 📢မိမိနေထိုင်တဲ့ပတ်ဝန်းကျင်မှာ ပလပ်စတစ
+5
🍀🌿 သန့်ရှင်းသပ်ရပ်တဲ့ပတ်ဝန်းကျင်မှာ နေထိုင်ရတာ လူတိုင်းစိတ်ချမ်းသာမှု ရရှိကြမှာပါ... 📢မိမိနေထိုင်တဲ့ပတ်ဝန်းကျင်မှာ ပလပ်စတစ်များကို လျှော့ချသုံးစွဲခြင်းနှင့် အမှိုက်များကို စနစ်တကျစွန့်ပစ်ခြင်းဖြင့် မိမိ​နေထိုင်တဲ့ ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ကြရအောင်... 🍃🌏ကျွန်မတို့ရွှေမော်ကွန်းကျောင်းရှိ သားငယ်သမီးငယ်လေးများသည်လည်း အပတ်စဥ် ဗုဒ္ဓဟူး နေ့တိုင်း 3Rs (Reuse, Reduce, Recycle) project ဖြင့် အတန်းလိုက် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးကို လုပ်ဆောင်လျက် ရှိပါတယ်ရှင့်...

🔑 ကမ္ဘ့ာအဆင့်မှီ သင်္ချာပညာရပ်ဆိုင်ရာ နိုင်ငံတကာ ပြိုင်ပွဲတစ်ခုဖြစ်တဲ့ Thailand International Mathematical Olympiad (TIMO) ရ
+4
🔑 ကမ္ဘ့ာအဆင့်မှီ သင်္ချာပညာရပ်ဆိုင်ရာ နိုင်ငံတကာ ပြိုင်ပွဲတစ်ခုဖြစ်တဲ့ Thailand International Mathematical Olympiad (TIMO) ရဲ့ Exam Centre တစ်ခုဖြစ်တဲ့ ရွှေမော်ကွန်းကိုယ်ပိုင်အလယ်တန်းကျောင်း၌ 14.1.2024 (တနင်္ဂနွေ) နေ့တွင် 2023-24 TIMO Country Round စာမေးပွဲကို ကျင်းပဖြေဆိုခဲ့ပါတယ်ရှင့်... 💟🏫 ရွှေမော်ကွန်းကျောင်းမှကျောင်းသားကျောင်းသူများအပါအဝင် ပြင်ပမှ အသီးသီးလာရောက်ဖြေဆိုသော သားငယ်သမီးငယ်များကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင့်... TIMO Country Round စာမေးပွဲကို ကြိုစားဖြေဆိုနေကြသော ချစ်စဖွယ် သားငယ်သမီးငယ်လေးများရဲ့ပုံရိပ်တချို့ကို မျှဝေပေးလိုက်ပါတယ်ရှင့်...🙆 🏅🏆🥇 ကြိုးစားမှုရလဒ်အတိုင်း ဆုတံဆိပ်များစွာ ဆွတ်ခူးနိုင်ကြပါစေ သားတို့သမီးတို့ရေ....💟

🌳💦 Social Studies 🎞📺 🎓ယခုအပတ်မှာတော့ ရွှေမော်ကွန်းကျောင်းမှ သားငယ်၊သမီးငယ်လေးများသည် Social Studies ဘာသာရပ်ရှိ စုံလင်လှတဲ့ Topic ထဲမှာမှ Water Wise နှင့် Movies Based Learning ဆိုတဲ့ ခေါင်းစဥ်နှစ်ခုကို Age Level အလိုက် ဆွေးနွေးလေ့လာခဲ့ကြပါတယ်.. 📝ဒါ့အပြင် မိမိရဲ့ကိုယ်ပိုင်ထင်မြင်ယူဆချက်နှင့်ဝေဖန်သုံးသပ်မှုများပြုလုပ်ပြီး ရရှိလာတဲ့အချက်အလက်တွေကို အုပ်စုဖြင့် ဆွေးနွေးဖလှယ်စေခဲ့တယ်.. 💦🌍 မိမိပတ်ဝန်းကျင်မှာရှိတဲ့ သဘာဝပတ်ဝန်းကျင်နှင့် သက်ရှိလူသားတွေအပေါ် ရိုင်းပင်းကူညီစောင့်ရှောက်ပေးနိုင်တဲ့ အနာဂတ်လူငယ်များဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလျက် ချစ်စဖွယ်သားငယ်သမီးငယ်လေးများရဲ့ပုံံရိပ်တချို့ကို မျှဝေပေးလိုက်ပါတယ်ရှင့်...