en
Feedback
lenormand ko thit net

lenormand ko thit net

Open in Telegram

Simple Magick Shortcuts

Show more
2 016
Subscribers
No data24 hours
No data7 days
-1630 days
Posts Archive
Telegram Account ဒီနေ့မှ ပြန်ဝင်ရလို့ 👌🏻 ပုံမှန်ပြန်တင်ပေးပါတော့မယ် #ဆရာထူးအောင်ထက်(ကိုသစ်နက်)

လူဖြစ်စေ တိရစ္ဆာန်ဖြစ်စေ အစားစားနေတဲ့အခါ မှာ အစားစားနေတာကို နှောင့်ယှက်နေရင် အဲ့လူက ကြီးပွားချမ်းသာဖို့ ကြန့်ကြာနေတတ်တယ်။ မသိသူ ကျော်သွား သိသူဖော်စား။ တချို့လူတွေ ကံညံ့ပြီး ဘာလုပ်လုပ် အဆင်ပြေတာ ဒါကြောင့်လည်းပါ။ #ဆရာထူးအောင်ထက်(ကိုသစ်နက်)

လောင်းကစား နဲ့ ပတ်သတ်ပြီး လူသစ်များ ပြန်လက် ခံပါပြီ။ သိန်းထောင်ချီပေးတဲ့ ပုဏ္ဏက နတ်မင်းကြီးရဲ့ ဟိတ်ကိုခံယူ၍ လောင်းကစားနဲ့ ပတ်သတ်ပြီးတော့ ငွေများများဝင် အကြွေးမြန်မြန်ကျေပြီးတော့ အသေးစိတ် ပြုလုပ်လိုသူများ စာပို့ထားနိုင်ပါပြီ။ ❗️100 ဖိုးထိုးပြီး 1 သိန်းဖိုး စိတ်ကူးယဥ်သူများ လာ မမေးရပါ။ လူနည်းစုသာ လက်ခံပေးပါမည်။ #ဆရာထူးအောင်ထက်(ကိုသစ်နက်)

Oct 31 Halloween နေ့မှစပြီးတော့ 🎃 နောက်လ တစ်လလုံးလုံး ကံကောင်းပြီးတော့ အညံ့အဆိုးတွေ ကင်းဝေးပြီးတော့ လိုရာပြည့်စေချင်ရင် ယခုည မည်သည့်အချိန်တွင် မည်သူမဆို သကြားလုံး ၃ လုံးကို အိမ်ရှေ့ကိုပစ်ချပြီးတော့ လေးလေးနက်နက် ဆုတောင်းလိုက်ပါ။ သကြားလုံးအစား မြန်မာ့သကြားလုံး ထန်းလျက်ခဲ (ဝါ) သကြားဆိုရင် အထုပ်လေး ၃ ထုပ် နဲ့ အစားထိုးလို့ရပါတယ်။ Halloween အတွက် အနောက်တိုင်းမှော်ပညာရပ်ထဲမှ Low Magic နည်း တစ်ခုဖြစ်ပြီးတော့ ယုံယုံကြည်ကြည် လုပ်ရင် လိုရာပြည့်ပြီး ကံကောင်းစေပါတယ်။ Happy Halloween 🎃 #ဆရာထူးအောင်ထက်(ကိုသစ်နက်)

မတင်တာကြာလို့ နည်းနည်းတော့ ရေးပေးအုံးမယ်။ နံတူလိုချင်ရင် နံတူလှူ။ လိုရင်းက ငွေလိုချင်ရင် ငွေလှူ။ ဒါဆိုရင်ရော ဆရာကျွန်မ အိမ်လိုချင်တယ်။ အကြမ်းအားဖြင့် ပြောရရင် အိမ်တော့ မတတ်နိုင်ဘူးဆိုရင် အိမ်နဲ့တူသော အသိုက်အမြုံ စာကလေးအိမ် ၊ ဌက်အိမ် များများလှူပေး။ လောကီပညာရပ် ဆိုတာက ကိုယ်လိုချင်တဲ့အရာကို သဘာဝတရား ကြီးထဲကနေ ဓာတ် / နံတူကို ရှာပြီးတော့ အစီအရင်၊ အဆောင်၊ယတြာ ပြုခြင်း ဖြစ်ပါတယ်။ ဒီအခြေခံ ကို မသိဘဲ ဘာမှလုပ်၍ မရပါ။ ဘဝပျက်တဲ့သူ အများစုကို ကြည့်လိုက်ရင် ငွေနဲ့ပတ်သတ်ပြီး တွန့်တိုတယ်။ မတွန့်တိုဘဲ မဆင်းရဲရင်တောင် ချမ်းသာ နေရင်တောင် ဆင်းရဲချို့တဲ့စွာနေရ။ ဥာဏ်ကြီးသောသူများသာ နားလည်ပြီး ဘဝမှာ တိုးတက်ကြပါစေ။ #ဆရာထူးအောင်ထက် (ကိုသစ်နက်)

“ငွေမကုန်ဘဲ ကံအညံ့ပြေစေသော ယတြာများ” 💰 ယခုယတြာများသည် မည်သည့်နေ့သားသမီးမဆို အလုပ်ဖြစ်ပြီး မိမိကံအလိုက် အဆင်ပြေစေသော ယတြာများ ဖြစ်ပါသည်။ မအားသည့်ကြားမှနေ၍ ပညာဒါနပြု ပေးလိုက်ရပါသည်။ မိမိကံအလိုက် မကြာခဏ အားရင် အားသလို ပြုလုပ်ပါ။ ၁။ ဘုရားစေတီများတွင် သန့်ရှင်းရေး ပြုလုပ်ခြင်း။ ၂။ ချို့တဲ့သူများကို ဆေး၊ပိုက်ဆံ လှူဒါန်းခြင်း။ ၃။ ညအိပ်ညနေ အိပ်ရာနေရာ ပြောင်းအိပ်ခြင်း။ ၄။ ကုဋီ ဆေးကြော သန့်ရှင်းပေးခြင်း။ #ဆရာထူးအောင်ထက်(ကိုသစ်နက်)

photo content

ငွေကြေးနဲ့ ပတ်သတ်၍ အလှူမပြုဘဲ တွန့်တို စိတ်များသူများ လာဘ် အကြီးအကျယ် ပိတ်တတ်သည်။ #ဆရာထူးအောင်ထက်(ကိုသစ်နက်)

ဘုရားကျောင်းဆောင် ပေါ်တွင် လူအသုံးအဆောင် ပစ္စည်းများ ထားမိတဲ့အိမ်သည် စီးပွားမတက်သည့် အပြင် အိမ်ပူပြီး လာဘ်ပိတ်တတ်သည်။ သတိပြု ဆင်ခြင်နိုင်စေရန် စေတနာဖြင့်သာ...။ သာယာသော ညချမ်းလေး ဖြစ်ပါစေဗျ။ 🍂 #ဆရာထူးအောင်ထက်(ကိုသစ်နက်)

ငွေကြေး မပြတ်တမ်းဝင်လိုပါက...🍂💰 သူဌေးတစ်ဦးမှ သူ၏ လက်ဖြင့်ပေးသော ပိုက်ဆံကို မိမိ၏ ပိုက်ဆံအိတ်ထဲတွင် ထည့်၍ မသုံးဘဲ ဆောင်ပါ။ "ငွေရှိရာ ငွေလာ" ဆိုသကဲ့သို့ ငွေကြေးကံမြင့်သောသူထံမှရသောငွေ၏ ဟိတ်ဓာတ်သည် အကျိုးများလှ၏။ #ဆရာထူးအောင်ထက်(ကိုသစ်နက်)

အိုးပိုင်အိမ်ပိုင် တကယ် ရရှိလိုပါက "ဖုဋ္ဌဿ လောက" ဂါထာကို နေ့စဥ် ပုတီးဖြင့် ၉ ပတ်စိပ်ပါ။ ပြီးသွားပါက မိမိ လက်ရှိနေသော အိမ်၏ခေါင်မိုးစွန်းတွင် ဌက်အိမ်လေးများ ချိတ်ဆွဲပေးပါ။ တတ်နိုင်ပါက ဌက်အိမ်ကလေးများကိုဘုန်းကြီးကျောင်းထဲတွင် တစ်လတစ်ကြိမ် အနည်းဆုံး လှူပေးပါ။ ကြီးမားသောအရာဖြစ်သည့်အတွက် အချိန် ပေး၍ လုပ်ပါ။ ❗အိုးပိုင်အိမ်ပိုင်ကံ ရှိမရှိကိုတတ်သိနားလည်သော ပညာရှင်များဖြင့် အသေးစိတ် တွက်ချက်ပြီးမှ ပြုလုပ်ပါ။ အကျွန်ုပ် ထံတွင် ချမ်းသာကံ အိုးပိုင်အိမ်ကံကို အသေးစိတ် ဆန်းစစ်လိုပါက ပညာကြေး ၁၅ဝ,ဝဝဝ ကျသင့်ပါ မည်။ ကိုယ်တွေ့ အောင်မြင်ထားသော ယတြာပါ။ #ဆရာထူးအောင်ထက်(ကိုသစ်နက်)

ဘဝမှာ အပူသောကများနေရင် အိမ်ရှိဘုရားတွင် မိမိတတ်နိုင်သလို ပန်းကန်လုံးဖြင့် ရေရွှင်အေး သက်စေ့ အရင်လှူပါ။ လှူပြီးသားကို ပြန်စွန်
ဘဝမှာ အပူသောကများနေရင် အိမ်ရှိဘုရားတွင် မိမိတတ်နိုင်သလို ပန်းကန်လုံးဖြင့် ရေရွှင်အေး သက်စေ့ အရင်လှူပါ။ လှူပြီးသားကို ပြန်စွန့်၍ မိမိ၏ အိမ်နီးနားချင်းများကို ဝေဌ၍ ကျွေးမွေးပါ။ #ဆရာထူးအောင်ထက်(ကိုသစ်နက်)

"ရတနာပုံ ဆိုက်ကိန်း တွက်နည်း" ဒါကတော့ ကျွန်တော်လေးစားရတဲ့ ဆန်းပညာရှင် ဦးကျော်လှိုင်ရဲ့ နည်းပေါ့။ ပြောရရင် ရတနာပုံ ဆိုက်ကိန်း
"ရတနာပုံ ဆိုက်ကိန်း တွက်နည်း" ဒါကတော့ ကျွန်တော်လေးစားရတဲ့ ဆန်းပညာရှင် ဦးကျော်လှိုင်ရဲ့ နည်းပေါ့။ ပြောရရင် ရတနာပုံ ဆိုက်ကိန်း ဆိုတာက ငွေများများရမည့်နှစ် ၊ ငွေ ကံကောင်းမည့်နှစ်ကို ပြောတာပါ။ သာမန်ဗေဒင် နားမလည်တဲ့သူတွေ တွက်ရင် ခက်နေမှာစိုးလို့။ မိမိရဲ့ မဟာဘုတ်အကြွင်းသိရုံနဲ့ တစ်ခါတည်း သိလို့ ရပါတယ်။ မဟုတ်ရင် Group တကာမှာ သူများတွေ တင်တာနဲ့ လိုက်မေးနေရမှာ။ အခုက မေးစရာလည်း မလိုသလို အလိမ်ခံစရာလည်း မလိုတော့ပါဘူး။ #ဆရာထူးအောင်ထက်(ကိုသစ်နက်)

၂၂ ရက်နေ့ တွင် ငွေဝင်စေရန် ပိုက်ဆံ ၁,၄ဝဝ ကို လမ်းဆုံလေးခွ (သို့) အိမ်၏ အနီးပါးတွင် ပံ့သကူ ပစ်၍ ဆုတောင်းပါ။လိုက်လုပ်ဖူးသူတိုင်း အကျိုးထူးတာ ပြောရန်မလို။ပိုအဆင်ပြေလိုပါက ရွတ်နေကျ ငွေဝင်ဂါထာကို ပုတီး ကိုးပတ်စိပ်ပါ။ တစ်ခုပြောချင်တာက ပံ့သကူ ခဏခဏ ပစ်ရင် ခိုက်ပြီး လာဘ်ပိတ်တတ်ပါတယ်။ လောကီပညာအကြောင်းကို ဘာမှမသိသေးဘဲ လိုက်လုပ်သူများ သတိထားပါ။ မအားတဲ့ကြားမှ နေ၍ ပညာရပ်စစ်စစ်နဲ့ တွက်ပြီးတော့မှ ပေးတဲ့ နည်းပါ။ #ဆရာထူးအောင်ထက်(ကိုသစ်နက်)

photo content

ဆရာ့ဆရာကြီးတော့ မဟုတ်ဘူး။ တစ်ခုပြောချင်တာက ကိုယ်တွေက အနီးကပ်သာဝကတွေကို ယတြာတစ်ခု ပေးပြီးဆိုတာနဲ့ ဥပမာ...ဘုမ္မိကျနေတဲ့သူဆိုရင် ဘယ်အရပ်ကနေ ယတြာပစ္စည်းဝယ် ၊ ပြီးသွားရင် တစ်ရက်တာလုံးရဲ့ ဘယ်အချိန်ကနေ ဘယ်အချိန် အတွင်းမှာ ဘာဝတ်ရပြီးတော့ ဘယ်နံရဲ့ ဘုရားကို သွား။ ပြီးသွားရင် ဒီနှစ်အတွက် ကိုယ့်ရဲ့ အဓိဋ္ဌာန်အောင်မြေရှိရာ အရပ်မှာ သွားပြီးတော့ ကိုယ့်ရဲ့စရိုက်နဲ့ ကိုက်ညီတဲ့ ဂါထာကို ပုတီးစိပ်။ သူက ကုသိုလ် အကျိုးပေးတဲ့သူဆိုရင် ဘယ်အရပ် မျက်နှာမူပြီးတော့ ထိုင်တွေးပြီးတော့ အကြံဥာဏ် ထုတ်။ အဲ့လိုနည်းနဲ့ပဲ တော်ရုံတန်ရုံ ဘယ်ဆရာမှ မလုပ်ပေးနိုင်တဲ့ စစ်စစ်ပေါက်ပေါက် အသေးစိတ် ကျကျနဲ့ လောကီပညာခန်းတွေကို သုံးသွားတာ။ အဲ့တော့ ယုံကြည်တဲ့သူတွေအတွက် ချက်ချင်း လက်ငင်း အကျိုးထူးပြီးတော့ ငွေကံ လူကံ လှည့် ကြည့်စရာမလိုပါ။ တတ်ယောင်ကား မတောက်တခေါက်နဲ့တော့ ကိုယ့်ကို လာပြီးတော့ ယှဥ်ဖို့တော့ မတွေးနဲ့ပေါ့။ မာန်တက်ချင်လို့ ရေးနေတာ မဟုတ် ဘူး။ ပုတီးစိပ်တာကလေးကအစ ပညာခန်း အသေး စိတ်နဲ့ လုပ်နေတာကို ပြောချင်တာ။ အာရုံတွေ လာမနောက်ကြပါနဲ့။ ပြီးပြီးရော ယတြာပေးတဲ့ ဆရာ မဟုတ်ဘူး။ 😌🎲 #ဆရာထူးအောင်ထက်(ကိုသစ်နက်)

၁၃ ရက်နေ့တွင် ငွေကြေးကြွယ်ဝချမ်းသာစေရန် မနက် ၆:၃၀ - ၇:၂၀ အတွင်း ဒိဝါတပတိဂါထာတော် ကို ၁၀၈ ခေါက်ရွတ်ဖတ်ပါ။ ည ၁၀:၃၀ - ၁၂:၀၀ အတွင်း မဟာဝေဒဗ္ဗမန္တန်ကို ၂၇ ခေါက်တိတိ ရွတ်ဖတ်ပါ။ ကလေးငယ်များကို သူတို့စားချင်တာ ဝယ်ကျွေးပေးပါ။ ဒါဆိုရင် လုံလောက်ပါပြီ။ #ဆရာထူးအောင်ထက်(ကိုသစ်နက်)

🔥ဒီ POST ကို ကံကောင်းတဲ့သူ လူနည်းစုသာ မြင်ရပါမည်။ 🔥 ဒီနေ့ဟာ အင်္ဂလိပ်ရက်အရ မြန်မာရက်အရရော ၉ ရက် ၉ လ ၉ စနေဖြစ်တဲ့အတွက် အထူးသ
🔥ဒီ POST ကို ကံကောင်းတဲ့သူ လူနည်းစုသာ မြင်ရပါမည်။ 🔥 ဒီနေ့ဟာ အင်္ဂလိပ်ရက်အရ မြန်မာရက်အရရော ၉ ရက် ၉ လ ၉ စနေဖြစ်တဲ့အတွက် အထူးသဖြင့် ဒီနေ့မှာ ငွေကြေးနဲ့လောင်းကစား အတွက် ❗️အဆောင်၊ဆေးအဆီ၊အစီအရင်၊လက်ဖွဲ့ တွေ စီရင်မှာဖြစ်တဲ့အတွက် တကယ် အပ်ချင်တဲ့သူတွေအနေနဲ့ Viber09257433254 (သို့) Messenger မှာ စာပို့ထားနိုင်ပါပြီ။ ဒီနေ့မှာ အပ်ချင်တဲ့သူတွေ စောစီးအပ်လို့ရအောင် ကြို POST တင်တာပါ။ 🔥ထူးခြားတာပြောရရင် စီရင်ပေးမည့် ဆရာကိုယ်တိုင်က ကိုးရက်နေ့ဖွား စနေနံအမည်ပိုင်ရှင်ဆိုတော့ အစွမ်းသတ္တိကိုတော့ ထွေထူး မပြောတော့ဘူး။ 👌🏻 #ဆရာထူးအောင်ထက်(ကိုသစ်နက်)

၂ ရက်နေ့တွင် ငွေဝင်စေရန် ပိုက်ဆံ ၁,၀ဝဝ (သို့) ၁၀,ဝဝဝ (သို့) ၁ဝဝ,ဝဝဝ ကို လမ်းဆုံလေးခွတွင် ပံ့သကူ ပစ်၍ ငွေကြေးအတွက် ဆုတောင်းပါ။ အင်မတန်လည်း လွယ်ကူထိရောက်ပြီးတော့ လိုက်လုပ်ဖူးသူတိုင်း အကျိုးထူးပါတယ်။ တန်ဖိုးသိမှ တန်ဖိုးရှိတာပါ။ ပံ့သကူပစ်ပြီးပါက တနင်္လာနံ ထောင့် သို့ သွား၍ ချွေးထွက်အောင် သန့်ရှင်းရေး ပြုလုပ်ပါ။ အချိန်အခါကျလို့ တင်ပေးလိုက်ပါ၏။ #ဆရာထူးအောင်ထက်(ကိုသစ်နက်)

မဟာဝေဒဗ္ဗမန္တန်
+3
မဟာဝေဒဗ္ဗမန္တန်