en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

ဒို့အရေး Channel 2

ဒို့အရေး Channel 2

Open in Telegram

ဖက်ဒရယ်ဒီမိုကရေစီရရှိရန် အနာဂတ်မှာမျိုးဆက်အတွက် မတရားမှုမှန်သမျှအား ပုဂ္ဂိုလ်အစွဲ၊ အဖွဲ့အစည်းအစွဲ မထားဘဲ နည်းလမ်းမျိုးစုံဖြင့် တွန်းလှန်သွားမည်။

Show more
945
Subscribers
No data24 hours
-607 days
-14430 days
Posts Archive
ဒို့အရေး Channel မှ Basic English Grammar သင်တန်းအား ၂၀၂၆ ဇန်နဝါရီလ ၅ ရက်နေ့ တွင် စတင် ဖွင့်လှစ်မည်ဖြစ်ပြီး ၁လခန့်ကြာမြင့်မည်ဖြစ်ပါသည်။တစ်ပတ်လျှင် ၃ ရက် တစ်ရက်လျှင် ၁နာရီ (သို့မဟုတ်) ၁:၃၀ အချိန်ဖြင့် သင်ကြား‌ပေးပါမည်။ အကြမ်းဖက်စစ်ကော်မရှင်အား တွန်းလှန်တိုက်ပွဲဝင်နေကြသည့် ဌာနဆိုင်ရာ အသီးသီးမှ CDM များ၏သား/သမီးများ နှင့် တော်လှန်ရေးမိသားစုဝင်များ၏ သား/သမီးများအား သင်တန်းတက်ရောက်နိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ပေးခြင်းဖြစ်ပါသည်။သင်တန်းတက်ရောက်နိုင်ရန်အတွက် Grade 3/4/5 & 6 အဆင့်ရှိရမည်ဖြစ်ပြီး သင်တန်းဝင်ခွင့်လျှောက်လွှာ Google Form အား ဒို့အရေး Channel 2 Page Massanger တွင် လာရောက်‌ တောင်းယူနိုင်ပါကြောင်း အသိပေးအပ်ပါသည်။ ဒို့အရေး Channel https://www.facebook.com/share/v/1CHYZ47XE4/ https://t.me/DAYChannel2

ဒို့အရေး Channel အလှူရှင်များ ဖိတ်ခေါ်ခြင်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့။ ၁။ ဒို့အရေး Channel 2 အနေဖြင့် ပြည်သူမှ CDM သို့ ဟူသည့် အတိုင်း အရာရာ စွန့်လွှတ်ပေးဆပ်ခဲ့ကြသည့် ပြည်သူ့ဘက်တော်သား သူရဲကောင်း CDM များအား လစဉ် ဆယ်ဦးနှုန်း ထောက်ပံ့လျှက်ရှိပါသည်။ ၂။ ထိုသို့ ထောက်ပံ့ပေးနိုင်ရန်အတွက် မိဘပြည်သူများမှပင် ကူညီပံ့ပိုးအား ဖြည့်ပေးခဲ့ကြခြင်းဖြစ်ပြီး ပါဝင်ပေးခဲ့ကြသော တစ်ဦးချင်းစီအား ဒို့အရေး Channel 2 မှ ကျေးဇူးတင် ဝမ်းမြောက်ဂုဏ်ယူရပါသည်။ ၃။ ဆက်လက်၍ အမှန်တကယ် လိုအပ်နေသေးသော ပြည်သူ့သားကောင်း CDM များ အား လစဉ် ထောက်ပံ့ပေးနိုင်ရန် အတွက် မိဘ ပြည်သူများ အနေဖြင့် သဒ္ဓါတရားနည်းများမဆို ကုသိုလ် ပြု ပါဝင်ကူညီအားဖြည့် ပေးရန် မေတ္တာရပ်ခံ အပ်ပါသည်။ဒို့အရေး Channel 2 ၏ Page massager မှ ပါဝင်အားဖြည့် ကူညီနိုင်ပါကြောင်း ၊ အလှူရှင် များအား ဝမ်းမြောက်ဝမ်းသာဖြင့် ကြိုဆိုလျက်ရှိပါကြောင်းနှင့် အလှူရှင်များကိုလည်း ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည် ပေးအပ်သွားမည်ဖြစ်ပြီး ဒို့အရေး Channel 2 အနေဖြင့် CDM များ ကိုလည်း လိုအပ်သော သင်တန်းများ မျှဝေပေးနိုင်အောင် စီစဉ်လျှက် ရှိပါကြောင်း အသိပေး နှိုးဆော်အပ်ပါသည်။ အရေးတော်ပုံ အောင်ကို အောင်ရမည်။ ဥက္ကဌ ဒို့အရေး Channel https://www.facebook.com/share/p/181P5icCmP/ https://t.me/DAYChannel2

၂၄ ရက်နေ့ ညနေပိုင်းတင်ရန် ပြည်သူများ၏ စစ်မှန်သော သဘောထား People Movement Platform မှ ကောက်ယူခဲ့သော စစ်အုပ်စု၏ အတုအယောင် ရွေးက
+3
၂၄ ရက်နေ့ ညနေပိုင်းတင်ရန် ပြည်သူများ၏ စစ်မှန်သော သဘောထား People Movement Platform မှ ကောက်ယူခဲ့သော စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲနှင့်ပတ်သက်သော ပြည်သူ့သဘောထား စစ်တမ်းရလဒ်များအားပြန်လည်ဖော်ပြလိုက်ပါတယ်။ စစ်တမ်းတွေ့ရှိချက်များ: ၉၉% – ၂၀၂၁ စစ်အာဏာသိမ်းမှုကို လက်မခံ ၉၈% – ၂၀၂၅ ရွေးကောက်ပွဲသည် တရားမျှတမှု မရှိဟု ယုံကြည် ၉၈% – စစ်ကော်မရှင် ရွေးကောက်ပွဲသည် ပြဿနာများကို မဖြေရှင်းနိုင်ဟု ယုံကြည် ၉၆% – မဲပေးမည် မဟုတ်ဟု ဖြေဆို ပါဝင်ဖြေဆိုသူများ . စစ်တမ်းကောက်ယူချိန် - အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ • စုစုပေါင်း ဖြေဆိုသူ ၃,၆၆၃ ဦး၊ ( ၈၅% – မြန်မာနိုင်ငံအတွင်း ၊ ၁၅% – ပြည်ပရှိ မြန်မာနိုင်ငံသားများ) ဒေသအလိုက် ပါဝင်မှုများ • မြို့နယ် ၂၇၁ ခု မှ ပါဝင်ဖြေဆိုခဲ့ပြီး စစ်ကိုင်းတိုင်းမှ (၂၉%)၊ ရန်ကုန်တိုင်းမှ (၁၆%) လူဦးရေအချက်အလက်များ: • ၅၁% – မြို့ပြဒေသတွင် နေထိုင် ၊ ၂၄% – မူလနေရာမှ ပြောင်းရွှေ့နေထိုင်သူများ • ၇၀% – အသက် ၄၅ နှစ်အောက် ၊ ၆% – အသက် ၆၀ နှစ်အထက် • အမျိုးသား ၅၀%၊ အမျိုးသမီး ၄၈%, LGBTQI+ သို့မဟုတ် မဖြေလိုသူ- ၂%

ဟားခါးမြို့ ၌ စစ်ကော်မရှင်၏ ရွေးကောက်ပွဲအား ဝင်ပြိုင်မည့်သူများ၏ ပိုင်ဆိုင်မှုများကို ပြည်သူပိုင် အဖြစ်သိမ်းဆည်း ဒို့အရေး - ဒ
+1
ဟားခါးမြို့ ၌ စစ်ကော်မရှင်၏ ရွေးကောက်ပွဲအား ဝင်ပြိုင်မည့်သူများ၏ ပိုင်ဆိုင်မှုများကို ပြည်သူပိုင် အဖြစ်သိမ်းဆည်း ဒို့အရေး - ဒီ ၂၄ ရက်နေ့။၂၀၂၅ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်း စစ်ကော်မရှင်အုပ်စုက ကျင်းပမဲ့ အတုအယောင် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပုဂ္ဂိုလ်တွေနဲ့ နိုင်ငံရေးပါတီတွေရဲ့ ပိုင်ဆိုင်မှုအားလုံးကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းလိုက်တယ်လို့ CDF-Hakha Central Council က ဒီဇင်ဘာ ၂၄ ရက်မှာ ကြေညာလိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ချင်းလဲန်းကောင်စီက ပြဋ္ဌာန်းထားတဲ့ စစ် ကော်မရှင်အုပ်စု အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်တားဆီးရေးနဲ့ ပြည်သူ့အခွင့်အရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းဥပဒေအရ ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။ CDF-Hakha Central Council ကတော့ ပြည်သူတွေအနေနဲ့ အဆိုပါ ပုဂ္ဂိုလ်တွေနဲ့ ပါတီတွေရဲ့ ပိုင်ဆိုင်မှုတွေကို ဝယ်ယူခြင်း၊ လွှဲပြောင်းခြင်း မပြုလုပ်ကြဖို့ကိုလည်း ထပ်မံ သတိပေးထားပါတယ်။ https://m.facebook.com/story.php?story_fbid=pfbid02XzJV8dGe6YGxJNWrvfcWFCP4WT849vnVf6HsMLPirSPXGZBjFPT2hGC7vNdzMFa8l&id=100078983350209&mibextid=Nif5oz https://t.me/DAYChannel2

စစ်ကော်မရှင်တပ် မှ ရန်ကုန်တိုင်း အတွင်း ဘွဲ့ရလူငယ်စာရင်းများ လိုက်လံပြုစုနေ ဒို့အရေး - ဒီ ၂၄ ရက်နေ့။၂၀၂၅ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ ဘွဲ့ရလူငယ်တွေ စာရင်းကို ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား ပို့ပေးဖို့ ဒီဇင်ဘာ ၂၃ ရက်မှာ စစ်ကော်မရှင်ခန့် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က အမိန့်ပေး ညွှန်ကြားတယ်လို့ နေပြည်တော်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ မနေ့ နေ့လယ်က နေပြည်တော် MGallery ဟိုတယ်မှာ ပြုလုပ်တဲ့ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ကျင်းပရေး ဦးစီးကော်မတီရဲ့ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောဆိုခဲ့တာလို့ နေပြည်တော် သတင်းအရင်းအမြစ်များ ထံ မှ သိရှိရပါတယ်။ “ဘွဲ့ရလူငယ်စာရင်းကို ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထားပြီး ပို့ပေးဖို့ ပြောတယ်။ စာရင်းတောင်းတယ် ဆိုတာထက် အမိန့်ပေးတာ။ ဒီလူငယ်တွေက ငြိမ်းချမ်းရေးဖိုရမ်မှာ တက်ရမှာဆိုတော့ ဘာမှပြန်မပြောဘူး။ စစ်ဘက်ကကြားရတဲ့ သတင်းတွေအရတော့ ဘွဲ့ရတွေကို စစ်ဘက်က နည်းပညာပိုင်းမှာ စစ်မှုထမ်းခိုင်းမယ်လို့ ပြောနေကြတယ်။ အရင်က စစ်မှုထမ်းကို ကြုံရာလူတွေပဲ ခေါ်နေတာ၊ အခု ဘွဲ့ရ ပညာတတ်တွေအလှည့် ရောက်လာတာ။” ဘွဲ့ရထားသူစာရင်းကို ရန်ကုန် မင်္ဂလာဒုံ၊ မှော်ဘီ၊ တိုက်ကြီး၊ လှည်းကူး၊ မြောက်ဥက္ကလာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ အရှေ့ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာ၊ သာကေတ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင် စတဲ့ မြို့နယ်တွေမှာ ရပ်ကွက်အုပ်ချုပ်ရေးတွေက ကောက်နေရတာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်များ မှ ဒို့အရေး Channel ကို ပြောပါတယ်။ “ကိုယ့်ရပ်ကွက်ထဲမှာရှိတဲ့ ဘွဲ့ရလူဦးရေစာရင်း ကောက်ခိုင်းတာ၊ ဘွဲ့ရ ကျားဘယ်နှယောက်ရှိတယ်၊ မ ဘယ်နှယောက်ရှိတယ်၊ ပုံစံ ၆၆ နဲ့နေတဲ့သူ၊ ဧည့်စာရင်းနဲ့နေတဲ့သူ အကုန်ပါတယ်။ မြို့နယ်ကနေ တဆင့် ရပ်ကွက်နဲ့ ကျေးရွာကို စာထုတ်ညွှန်ကြားတာ။ ဘာကြောင့်ဆိုတာ ခေါင်းစဥ်မရှိဘူး။ ရပ်ကွက်အတွင်း နေထိုင်တဲ့ ဘွဲ့ရစာရင်းဆိုတာပဲ သိရတယ်။” စာရင်းကောက်ယူရာမှာ ကောက်ပုံကောက်နည်း ကွဲပြားမှုရှိပြီး တချို့မြို့နယ်တွေမှာ အိမ်တိုင်ရာရောက် လာကောက်တာရှိသလို တချို့မြို့နယ်တွေမှာတော့ ရုံးကို ကိုယ်တိုင် စာရင်းသွားပေးရတယ်လို့ လှည်းကူးမြို့ခံ တစ်ချို့ ဆီမှ သိရပါတယ်။ “လှည်းကူးမှာတော့ အုပ်ချုပ်ရေးက အိမ်တိုင်ရာရောက် လာကောက်တာ။ လူဦးရေစာရင်း ကောက်သလိုပဲ အပြည့်အစုံပေးရတာ။ မင်္ဂလာဒုံဘက်မှာ ရုံးကို လူကိုယ်တိုင် စာရင်းသွားပေးရတာ။ သွားမပေးလို့လည်း မရဘူး၊ စစ်တပ်နယ်မြေဆိုတော့။” တခြား ပြည်နယ်နဲ့ တိုင်းတွေမှာ ဘွဲ့ရလူငယ်စာရင်း ကောက်ယူတဲ့အသံ မကြားရဘဲ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တွေမှာသာ စာရင်းကောက်ယူနေတာကြောင့် စစ်မှုထမ်းရမှာကို စိုးရိမ်ပူပန်နေကြပါတယ်။ https://www.facebook.com/share/1AaJag5Loa/ https://t.me/DAYChannel2

စစ်ကော်မရှင်တပ် မှ ရန်ကုန်တိုင်း အတွင်း ဘွဲ့ရလူငယ်စာရင်းများ လိုက်လံပြုစုနေ ဒို့အရေး - ဒီ ၂၄ ရက်နေ့။၂၀၂၅ ရန်ကုန်တိုင်းအတွင်းမ
+4
စစ်ကော်မရှင်တပ် မှ ရန်ကုန်တိုင်း အတွင်း ဘွဲ့ရလူငယ်စာရင်းများ လိုက်လံပြုစုနေ ဒို့အရေး - ဒီ ၂၄ ရက်နေ့။၂၀၂၅ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ ဘွဲ့ရလူငယ်တွေ စာရင်းကို ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား ပို့ပေးဖို့ ဒီဇင်ဘာ ၂၃ ရက်မှာ စစ်ကော်မရှင်ခန့် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က အမိန့်ပေး ညွှန်ကြား

မြောက်ဦးမြို့ ပြည်သူ့ဆီးရုံ ဗုံးချခံရမှု နောက်ဆုံးရရှိစာရင်း ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ (၁၀) ရက်နေ့(အပြည်​ပြည်ဆိုင်ရာလူ့အခွင်အရေးနေ
+9
မြောက်ဦးမြို့ ပြည်သူ့ဆီးရုံ ဗုံးချခံရမှု နောက်ဆုံးရရှိစာရင်း ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ (၁၀) ရက်နေ့(အပြည်​ပြည်ဆိုင်ရာလူ့အခွင်အရေးနေ့)၊ ည၉ နာရီ ၁၃ မိနစ်အချိန်တွင် မြောက်ဦးဆေးရုံအား ဖက်ဆစ် အကြမ်းဖက် စစ်ခွေးတပ်၏ စစ်ရာဇဝတ်မှုကို အဆိုးဝါးဆုံး ချိုးဖောက်ကျူးလွန်သည့် ဗုံးကြဲတိုက်ခိုက်ခိုက်မှုဖြစ်စဉ်အတွင်း (ဆေးကုသမှုခံယူနေသူများ၊ လူနာစောင့်များ နှင့် ဆေးရုံဝန်ထမ်းများ) ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ အမျိုး သမီးများ အပါအဝင် အရပ် သားပြည်သူ ၃၃ ဦး သေဆုံးကာ ၁၀၀ ဝန်းကျင် ထိခိုက်ဒဏ်ရာများရရှိထားပြီး သေဆုံးသူများ ထပ်မံတိုးလာနိုင်ကြောင်း သိရှိရသည်။

မြောက်ဦးဆေးရုံကို အကြမ်းဖက်စစ်‌ကော်မရှင်၏လေတပ်က ညအချိန် ဗုံးလာကြဲတဲ့အတွက် လူနာဆောင်အတွင်း ကျရောက်ကာ လူနာ ၁၀ဦးထက်မနည်းသေဆုံးပြီး ၂၀ ခန့်ဒဏ်ရာရ ဒို့အရေး - ဒီ ၁၁ ရက်နေ့။၂ဝ၂၅ မနေ့ညပိုင်းက ရခိုင်ပြည်၊ မြောက်ဦးပြည်သူ့ဆေးရုံကို အကြမ်းဖက်လေတပ်က ဂျက်ဖိုက်တာ တစ်စီးနဲ့ ပေါင် ၅ဝဝ ဗုံးနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် လူနာ ၁၀ ဦးထက် မနည်းသေဆုံးပြီး ဒဏ်ရာရသူ ၂၀ လောက်ရှိတယ်လို့ သတင်းရရှိပါတယ်။ ဒီဇင်ဘာ ၁၀ ရက်နေ့ ည ၉ နာရီ ကျော်ခန့်တွင် အကြမ်းဖက်စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့ရာမှာ ဗုံးဟာ လူနာဆောင်ကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ မြောက်ဦးက လူမှုရေးလှုပ်ရှားဆောင်ရွက်နေတဲ့ မြေပြင်သတင်းရင်းမြစ်မှ ဒို့အရေး Channel ကို ပြောပါတယ်။ " ထိခိုက်သေဆုံးမှုတော်တော်များတယ်။ လူနာ ဆောင်မှာကျတာ။ လက်ရှိသိရတာ ၁၀ယောက် သေလို့သိရတယ်။ ဒဏ်ရာက အယောက် ၂၀ လောက်ရှိတယ်။ဒီထက်လည်းများနိုင်တယ်။ ကျားမ ခွဲခြားမသိသေးဘူး။ တာဝန်ရှိသူ တွေစီစစ်တုန်းပါ ခုထိ တော့မီးလောင်နေတုန်း" လို့မ‌ နေ့ည က ဆက်သွယ်ပြောပြထားပါတယ်။ ဒီဇင်ဘာ ၁၀ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်ပြီး ဒီနေ့ကိုမှ ရွေးချယ်ပြီး ဆေးရုံကို ရွေးချယ်ဗုံးကြဲတိုက်ခိုက်ဟာ စစ်ကော်မရှင်က လူ့အခွင့်အရေးကို လုံး၀ အရေး မစိုက်ဘူးဆိုတာကို ပြသနေတဲ့ သဘောလို့ ပြောဆိုပါတယ်။ (အပြည်​ပြည်ဆိုင်ရာလူ့အခွင်အရေးနေ့)၊ ည၉ နာရီ ၁၃ မိနစ်အချိန်တွင် မြောက်ဦးဆေးရုံအား ဖက်ဆစ် အကြမ်းဖက် စစ်ခွေးတပ်၏ စစ်ရာဇဝတ်မှုကို အဆိုးဝါးဆုံး ချိုးဖောက်ကျူးလွန်သည့် ဗုံးကြဲတိုက်ခိုက်ခိုက်မှုဖြစ်စဉ်အတွင်း (ဆေးကုသမှုခံယူနေသူများ၊ လူနာစောင့်များ နှင့် ဆေးရုံဝန်ထမ်းများ) ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ အမျိုး သမီးများ အပါအဝင် အရပ် သားပြည်သူ ၃၃ ဦး သေဆုံးကာ ၁၀၀ ဝန်းကျင် ထိခိုက်ဒဏ်ရာများရရှိထားပြီး သေဆုံးသူများ ထပ်မံတိုးလာနိုင်ကြောင်း သိရှိရသည်။

NUG အစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းကြောင်း CRPH ထုတ်ပြန် ဒို့အရေး - ဒီ ၈ ရက်နေ့။၂၀၂၅ “အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့” ကို ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော် မတီ CRPH က ဒီဇင်ဘာ ၈ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။ ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ အစိုးရအဖွဲ့မှာ ဦးဝင်းမြင့် - နိုင်ငံ တော်သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည် - နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ်၊ ဒူဝါလရှီးလ - နိုင်ငံတော်ဒုတိယသမ္မ တ(ယာယီသမ္မတ)၊ မန်းဝင်းခိုင်သန်း - ပြည်ထောင်စုဝန် ကြီးချုပ်၊ ဒေါက်တာ ဇော်ဝေစိုး - ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး၊ဒေါ်ဇင်မာအောင်-ပြည် ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဦးလွင်ကိုလတ် - ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးနှင့်လူဝင်မှု ကြီးကြပ်ရေးဝန် ကြီးဌာန၊ ဦးရည်မွန် -ပြည်ထောင်စုဝန် ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာန၊ဒေါက်တာ လျန်မှုန်းဆာခေါင်း-ပြည်ထောင်စုဝန်ကြီး၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၊ ဦးတင်ထွန်းနိုင် - ပြည် ထောင်စုဝန် ကြီး၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဒေါက်တာ ဝင်းမြတ်အေး - ပြည်ထောင်စုဝန်ကြီး၊ လူမှုကူညီရေး၊ အလုပ်သမားနှင့် လူသားချင်းစာနာ ထောက် ထားရေးဝန်ကြီးဌာန၊ ဂျာထွယ်ပန် - ပြည်ထောင်စုဝန် ကြီး၊ ပညာရေးဝန်ကြီးဌာန၊ ဒေါက်တာရွှေပုံ - ပြည် ထောင်စုဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဒေါက်တာ တူးခေါင် - ပြည်ထောင်စုဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဦးအောင်မျိုးမင်း - ပြည် ထောင်စုဝန်ကြီး၊ လူ့အခွင့်အရေးဆိုင်ရာဝန် ကြီးဌာန၊ ဦးသိန်းဦး - ပြည်ထောင်စုဝန်ကြီး၊ တရားရေးဝန်ကြီးဌာန၊ ဦးစိုးသူရထွန်း - ပြည်ထောင်စုဝန်ကြီး၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒေါက်တာ စိုင်းခိုင်မျိုးထွန်း - ဒုတိယဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒေးဗစ်ဂွမ်အောင် - ဒုတိယဝန် ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ခူထဲဘူး - ဒုတိယဝန်ကြီး၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီး ကြပ်ရေးဝန်ကြီးဌာန ဦးကျော်နီ - ဒုတိယဝန်ကြီး၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီး ကြပ်ရေးဝန်ကြီးဌာန၊ နိုင်ကောင်းရွက် - ဒုတိယဝန်ကြီး၊ ကာကွယ် ရေးဝန်ကြီးဌာန၊ မိုင်းဝင်းထူး - ဒုတိယဝန်ကြီး၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၊ မင်းဇေယျာဦး - ဒုတိယဝန်ကြီး၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ် နှံမှုဝန်ကြီး ဌာန၊ ဒေါက်တာ ငိုင်းတမ်မောင်း - ဒုတိယဝန်ကြီး၊ လူမှုကူညီရေး၊ အလုပ်သမားနှင့် လူသားချင်းစာနာ ထောက်ထားရေးဝန်ကြီးဌာန၊ ဒေါက်တာ ခင်မောင်လွင် - ဒုတိယဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန၊ ခွန်စောဖူး - ဒုတိ ယဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဦးအောင်ကျော်မိုး - ဒုတိယဝန်ကြီး၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ဦးမော်ထွန်းအောင် - ဒုတိ ယဝန်ကြီး၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန တို့အားတာဝန်ပေးအပ်လိုက်တယ်လို့ ဆိုပါတယ်။

ဘိလီယက်ထိုးရန်ရောက်နေသည့် တပ်ရေးဗိုလ်ကြီး သက်နိုင်ဦးကို အသေဖမ်းဆီးရမိ ဒို့အရေး - ဒီ ၅ ရက်နေ့။၂၀၂၅ မကွေးတိုင်း၊ ရေစကြိုမြို့နယ
+3
ဘိလီယက်ထိုးရန်ရောက်နေသည့် တပ်ရေးဗိုလ်ကြီး သက်နိုင်ဦးကို အသေဖမ်းဆီးရမိ ဒို့အရေး - ဒီ ၅ ရက်နေ့။၂၀၂၅ မကွေးတိုင်း၊ ရေစကြိုမြို့နယ် ဖူလုံကျေးရွာ ဘိလီယက်ခုံတွင် ကျူထိုးနေသည့် ခလရ(၂၅၇) မှ တပ်ရေးဗိုလ်ကြီး သက်နိုင်ဦး (ခ)A2 အား ဒီဇင်ဘာ (၃) ရက်နေ့ ညနေ (၄) နာရီခန့်က ရေစကြို ပကဖ ရဲဘော်များ သွားရောက်ဖမ်းဆီးစဉ် ပြန်လည်ခုခံသဖြင့် အသေဖမ်းဆီးရမိကြောင်း သိရသည်။ ဘိလီယက်ခုံတွင် ကျူထိုးနေသည့် ခလရ(၂၅၇) မှ တပ်ရေးဗိုလ်ကြီး သက်နိုင်ဦး (ခ)A2 အား သွားရောက်ဖမ်းဆီး ခေါ်ဆောင်လာစဉ် လမ်းတစ်နေရာ၌ ရဲဘော်များ၏လက်နက်အား လုယက်၍ ပြန်လည်ခုခံခဲ့သည့်အတွက် နေရာမှာတွင် ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း၊ သက်နိုင်ဦးထံမှ ဆိုင်ကယ်(၁)စီး၊ ဖုန်း(၃)လုံး၊ ငွေသား(၃)သိန်း၊ မှတ်ပုံတင်(၂)ခုတို့အား သိမ်းဆည်းရမိခဲ့သည်ဟု ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။

ဒို့အရေး Channel နှင့် ပြည်သူများမှ သေမင်းတမန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သို့ ထောက်ပံ့လှုဒါန်းခြင်း မှတ်တမ်း
ဒို့အရေး Channel နှင့် ပြည်သူများမှ သေမင်းတမန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သို့ ထောက်ပံ့လှုဒါန်းခြင်း မှတ်တမ်း

မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီနဲ့ ပြင်ဦးလွင်ခရိုင် စစ်ဘက်ရေးရာ တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့ ဒို့အ‌‌ရေး - ဒီ ၅ ရက်နေ
+1
မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီနဲ့ ပြင်ဦးလွင်ခရိုင် စစ်ဘက်ရေးရာ တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့ ဒို့အ‌‌ရေး - ဒီ ၅ ရက်နေ့။၂၀၂၅ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ (MIGC)က မန္တလေးဒေသ၊ ပြင်ဦးလွင်ခရိုင် အတွင်းရှိ စစ်ဘက်ရေးရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီ (MIGC)နှင့်နီးစပ်သူထံမှသိရပါတယ်။ တွေ့ဆုံဆွေးနွေးပြီးနောက် ပြင်ဦးလွင်ခရိုင်၊ စစ်ဌာနအောက်ရှိ တပ်ရင်းတပ်ဖွဲ့တွေ အတွက် သိန်း (၄၀၀) ကျပ်တိတိကို ထောက်ပံ့ကူညီခဲ့တယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ အနေနဲ့ မန္တလေးဒေသအတွင်းမှာရှိတဲ့ ပညာရေးဝန်ထမ်းတွေနဲ့လည်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်မှာ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

စစ်ကော်မရှင် တပ်လှုပ် သတင်း ၂၀၂၅ ဒီဇင်ဘာလ ၄ ရက်နေ့ ၁၅ ၀၀ အချိန် မန္တလေးတိုင်း မြင်းခြံခရိုင် မြင်းခြံမြို့နယ် မြင်းခြံမြို့ ဗ
+1
စစ်ကော်မရှင် တပ်လှုပ် သတင်း ၂၀၂၅ ဒီဇင်ဘာလ ၄ ရက်နေ့ ၁၅ ၀၀ အချိန် မန္တလေးတိုင်း မြင်းခြံခရိုင် မြင်းခြံမြို့နယ် မြင်းခြံမြို့ ဗိုလ်ချုပ်လမ်းအတိုင်း တောင်ဘက်သို့ စကမ၊ပသစများ ဖောကား ၈စီး ယူနီ‌ဖောင်းအပြည့်အစုံ နှင့် လက်နက်ခဲယမ်းများနှင့် ထွက်ခွာသွားကြောင်း ဒေသခံများ မှ ဒို့အရေး Channel သို့ ပြောသည်။ သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် စစ်ကော်မရှင်၏ လှုပ်ရှားသွားလာသော နေရာများတွင် သတိပြု ရှောင်ရှား သွားလာ နေထိုင်နိုင်ရန် ဖော်ပြအပ်ပါသည်။

ပွင့်ဖြူမြို့နယ်တွင် တပ်ကြပ်ကြီး ၁ ဦး မှ လူမှုရေးဖောက်ပြန်သော စရဖ ဗိုလ်ကြီး ကျော်မျိုးဦးနှင့် ထွေ/အုပ်စာရေးမ ခင်နီလာထွေး တို့ကို ပစ်သတ်ပြီး ကိုယ်တိုင်လည်း အဖမ်းခံ ဒို့အ‌ရေး - ဒီ ၄ ရက်နေ့။၂၀၂၅ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် လူမှုရေးဖောက်ပြန်သော စရဖ ဗိုလ်ကြီး ကျော်မျိုးဦးနှင့် ထွေ/အုပ်စာရေးမ ခင်နီလာထွေး တို့အား တပ် ကြပ်ကြီး ၁ ဦးက ပစ်သတ်ပြီး ကိုယ်တိုင်လည်း အဖမ်းခံလိုက်ကြောင်း ‌၎င်းတို့နှင့်နီးစပ်သူများ ထံ မှ သိရသည်။ ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းမြို့ တွင် တပ်ကြပ်ကြီး ကိုပုနှင့် စကုမြို့မှ ထွေ/အုပ်ဝန်ထမ်း စာရေးမ ခင်နီလာထွေးတို့မှာ ချစ်သူများ ဖြစ်ခဲ့ကြပြီး အတူနေထိုင်ခဲ့ကြကြောင်း၊ ယင်းနောက် ထွေ/အုပ်ဝန်ထမ်း ခင်နီလာထွေးက ပွင့်ဖြူမြို့နယ်မှ စရဖ ဗိုလ်ကြီးကျော်မျိုးဦးနှင့် ထပ်မံ ချစ်ကြိုက်သွားခဲ့ပြီး အတူနေခဲ့ကြောင်း၊ ယင်းသို့ ၃ ပွင့်ဆိုင် အချစ်ဇတ်လမ်းဖြစ်လာစဉ် ဒီဇင်ဘာလ ၂ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန် တပ်ကြပ်ကြီး ကိုပုက ထွေ/အုပ်စာရေးမ ခင်နီလာထွေးနှင့် စရဖ ဗိုလ်ကြီး ကျော်မျိုးဦးတို့ကို အတူ တွဲလျက်တွေ့ရှိရသဖြင့် သေနတ်ဖြင့် ၂ ဦးစလုံးကို ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။ "ဖြစ်တာက လူမှုရေး ဖောက်ပြန်မှု ကိစ္စကြောင့် ဖြစ်ကြတာ။ တပ်ကြပ်ကြီး ကိုပုနဲ့ ထွေ/အုပ်စာရေးမ ခင်နီလာထွေးက အရင် ချစ်သူတွေ ဖြစ်ကြတာ။ နောက်တော့ စရဖ ဗိုလ်ကြီး ကျော်မျိုးဦးနဲ့ ခင်နီလာထွေးက ထပ်ပြီး ချစ်ကြိုက်ကြတယ်။ အဲဒီမှာ တပ်ကြပ်ကြီးက မခံမရပ်နိုင်ဖြစ်ပြီးတော့ လိုက်ရှာပြီး စုံတွဲတွေ့တော့ ပစ်သတ်တာ။ စရဖ ဗိုလ်ကြီး ကျော်မျိုးဦးက ရင်ဘက်မှာ သေနတ်ဒဏ်ရာ ၃ ချက်နဲ့ ပွဲချင်းပြီးပဲ ဆုံးတယ်။ ခင်နီလာထွေးက ရင်ဘတ်ကို ၂ ချက်မှန်ပြီးတော့ ဆုံးတယ်" ဟု ၎င်းတို့နှင့်နီးစပ်သူ မှ ပြောပြသည်။ အခင်းဖြစ်ပွားပြီးနောက် ပွင့်ဖြူဝါတပ်မှ စစ်သားများနှင့် လယ်ကိုင်းမြို့ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက လာရောက်စစ်ဆေးခဲ့ကြောင်း၊ တပ်ကြပ်ကြီး ကိုပုက ဖမ်းဆီးခံခဲ့ကြောင်း၊ ဒီဇင်ဘာလ ၃ ရက်နေ့ ညနေ ၃ နာရီတွင် နယ်မြေခံတပ်နယ်မှူး၏ အမိန့်ဖြင့် သေဆုံးသွားသော စရဖ ဗိုလ်ကြီး ကျော်မျိုးဦးနှင့် ထွေ/အုပ်စာရေးမ ခင်နီလာထွေးတို့၏ ရုပ်အလောင်းများကို သဂြိုလ်ခဲ့ကြောင်း သိရှိရသည်။ "သေဆုံးသူ စရဖ ဗိုလ်ကြီးကျော်မျိုးဦးက မန္တလေးကပါ။ ပစ်ခတ်တဲ့ တပ်ကြပ်ကြီး ကိုပုက ကျောက်ပန်းတောင်းသား။ ခင်နီလာထွေးက ပွင့်ဖြူမြို့နယ်၊ စံပြကျေးရွာဇာတိသူပါ။ တပ်က အဲဒီသတင်းကို ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုတာမျိုး မလုပ်ဖို့နဲ့ ပြီးတာတွေ ပြီးစေတော့ဆိုပြီး ကန့်သတ်တယ်။ အဓိက ပြဿနာပြန်ချုပ်ရင်တော့ လူမှုရေး ပြဿနာဖြစ်ကြတာ။ အခင်းဖြစ်တာက လယ်ကိုင်းမြို့ ၊ ကိုမောင်နိုင်ရဲ့ အိမ်ထဲမှာ ဖြစ်တာ။ ကိုမောင်နိုင်ဆိုတာ ခင်နီလာထွေးနဲ့ တပ်ကြပ်ကြီး ကိုပုတို့ရဲ့ မိတ်ဆွေ။ သူတို့ မကြာခဏ ချိန်းတွေ့နေတဲ့ အိမ်" ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။ နှစ်လောင်းပြိုင် ပစ်ခတ်သတ်ဖြတ်ခဲ့သူ တပ်ကြပ်ကြီး ကိုပုကို လတ်တလော စစ်ကော်မရှင်တပ်က စစ်စည်းကမ်းအရ အရေးယူမည်ဖြစ်ပြီး လယ်ကိုင်းမြို့ရဲစခန်းကလည်း လူသတ်မှုဖြင့် ဆက်လက် အမှုဖွင့် အရေး