3 527
Subscribers
-124 hours
-117 days
-5030 days
Posts Archive
3 527
စိတ်အလိုလိုက်မိတဲ့ တစ်ကြိမ်တစ်ခါကလည်း ဘဝအချိုးအကွေ့တစ်ခုကို ဖြစ်ပေါ်စေနိုင်ပါတယ်။
ဒီအပေါ်မှာ နောင်တရ၊ စိတ်ညစ်နေမယ့်အစား အကောင်းဆုံး ဘယ်လိုရှင်သန်မလဲ။
သူ့အတွက် ဒီအခန်းငယ်လေးကရော ဘယ်လိုအားအင်တွေပေးပြီး ရှေ့ဆက်စေမှာလဲ။
"ရှေ့ဆက်တို့အတူ U=U" ရဲ့ (၄) နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ တင်ဆက်ပေးနေတဲ့ "The Room" ဇာတ်လမ်းတွဲကို အပတ်စဥ်စောင့်မျှော် ကြည့်ရှုနိုင်ပါပြီ။
U=U ရဲ့ အခြားသော Social Media Channel တွေကို ကြည့်နိုင်ဖို https://linktr.ee/uu.mm ကို ဝင်ရောက်လိုက်ပါ။
တစ်ခုခု မေးလိုတာရှိရင် @UUAdmin1 မှာ လာမေးလိုရပါတယ်။
#UequalsU #TheRoom
https://www.youtube.com/watch?v=ZfhNqYM_wgI&t=12s
3 527
လူတွေရဲ့ လက်ညိုးထိုးကဲ့ရဲ့မှုတွေကြားမှာ ခက်ခက်ခဲခဲရုန်းကန်နေရတဲ့ သူမရဲ့ ဘဝ…
ရွေးချယ်ခွင့်မရှိတဲ့ ဘဝပေးအခြေအနေတစ်ခုမှာ သူမအတွက်ရော ဒီအခန်းငယ်လေးက ဘယ်လို နှစ်သိမ့်မှုမျိုး ပေးနိုင်မှာလဲ။
"ရှေ့ဆက်တို့အတူ U=U" ရဲ့ (၄) နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ တင်ဆက်ပေးနေတဲ့ "The Room" ဇာတ်လမ်းတွဲကို အပတ်စဥ်စောင့်မျှော် ကြည့်ရှုနိုင်ပါပြီ။
“The Room” ဇာတ်လမ်းတွဲကို “ရှေ့ဆက်တို့အတူ U=U” ရဲ့ YouTube Channel : https://youtu.be/WN186TsnKAI?si=dmF8QuVFV94D51g3 မှာလည်း သွားရောက်ကြည့်ရှုနိုင်ပါတယ်။
U=U ရဲ့ အခြားသော Social Media Channel တွေကို ကြည့်နိုင်ဖို့ https://linktr.ee/uu.mm ကို ဝင်ရောက်လိုက်ပါ။
#UequalsU #TheRoom
3 527
လိုက်လျောမိခဲ့တဲ့အရာတစ်ခုကြောင့် ဘဝအလှည့်အပြောင်းတစ်ခုနဲ့ ကြုံတွေ့လိုက်ရတဲ့ ကောင်မလေးတစ်ယောက်…
သူဘယ်လို ရင်ဆိုင်ကြုံတွေ့ခဲ့ရလဲ?
သူဘယ်လိုတွေ ပြိုလဲခဲ့ရလဲ?
ရှေ့ဆက်သွားနိုင်ဖို့ ဒီအခန်းလေးကနေ သူ့အတွက် ဘယ်လို အားအင်မျိုးတွေ ရရှိခဲ့လဲ?
"ရှေ့ဆက်တို့အတူ U=U" ရဲ့ (၄) နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ တင်ဆက်ပေးနေတဲ့ " The Room" ဇာတ်လမ်းတွဲကို အပတ်စဥ်စောင့်မျှော် ကြည့်ရှုနိုင်ပါပြီ။
“The Room” ဇာတ်လမ်းတွဲကို “ရှေ့ဆက်တို့အတူ U=U” ရဲ့ YouTube Channel : https://www.youtube.com/watch?v=I21l-7QeeRQ မှာသွားရောက်ကြည့်ရှုနိုင်ပါတယ်။
တစ်ခုခု မေးလိုတာရှိရင် @UUAdmin1 မှာ လာမေးလိုရပါတယ်။
#UequalsU #TheRoom
3 527
HIV ပိုး ကူးစက်နိုင်တဲ့ အပြုအမူတွေကို လုပ်ထားမိပြီဆိုရင် သံသယစိတ်တွေ ဝင်ဖူးကြတယ်ဟုတ် ❓
ဒီလိုမျိုး HIV ပိုး ရှိတယ်လို့ ကိုယ့်ကိုယ်ကိုယ် သံသယရှိနေပြီဆိုရင် ဘာတွေဆက်လုပ်ရမလဲ၊ ပိုး မရှိဘူးဆိုရင်လည်း ဘယ်လို ကာကွယ်သင့်လဲ ဆိုတာကို Video လေးထဲမှာ အသေးစိတ် လေ့လာကြည့်လိုက်ရအောင်နော်။
3 527
+2
U=U ဆိုတာဘာလဲ?
U=U သတင်းစကားကို ခရေစေ့တွင်းကျ နားလည်ဖို့ မဖြစ်မနေ သိထားသင့်တဲ့ ဝေါဟာရလေးတွေ ဖော်ပြပေးလိုက်ပါတယ်။
လိုတဲ့အချိန်မှာ ပြန်ကြည့်ဖို့ သိမ်းထားလို့ရသလို ကိုယ့်ရဲ့ သူငယ်ချင်းတွေကို မျှဝေပေးဖို့လည်း မမေ့နဲ့နော်။
3 527
အကာအကွယ်မပါဘဲ အတူနေဖြစ်သွားတဲ့ ဇာတ်လမ်းလေးတွေ ရှိခဲ့ပြီလား။
အရေးပေါ် သွေးသွင်းရတာတို့၊ ဘော်ဒါတွေနဲ့ ဆေးထိုးအပ်တွေလည်း ဝေမျှသုံးခဲ့တဲ့ အတွေ့အကြုံတွေ ရှိခဲ့ပြီလား။
HIV ရှိ/မရှိဆိုတာ ကြည့်ရုံနဲ့ မသိနိုင်ပါဘူး။ လက္ခဏာနဲ့လည်း မသိနိုင်ပါဘူး။ ထိတွေ့မှုဖြစ်ပြီး သုံးလအကြာမှာ သွေးစစ်ကြည့်တာက အကောင်းဆုံးနဲ့ အမြန်ဆုံး နည်းလမ်းပါပဲ။ အခမဲ့ သွေးစစ်ဖို့အတွက်လည်း ကျွန်တော်တို့က လမ်းညွှန်ပေးနိုင်ပါတယ်။
💪🏼သွေးစစ်ကြည့်လို့ ပိုးမရှိခဲ့ရင် ရှေ့လျှောက် HIV မကူးအောင် ဆင်ခြင်ကာကွယ်နိုင်သလို
💪🏼သွေးစစ်ကြည့်လို့ HIV ကူးစက်ခံထားရတယ်ဆိုလည်း စိတ်ဓာတ်ကျစရာမလိုဘူးနော်။
🩺သက်ဆိုင်ရာ ဆရာဝန်နဲ့ သေသေချာချာ တိုင်ပင်ဆွေးနွေးမယ်။
🩺ART ဆေးကို နေ့စဥ်ပုံမှန်သောက်မယ်ဆိုရင် ဟန်မပျက် ကျန်းကျန်းမာမာနဲ့ နေလို့ရပါတယ်။
🩺ပိုးကောင်ရေ ပုံမှန်စစ်ပြီး ပိုးထိန်းချုပ်နိုင်တဲ့ အဆင့် U=U ဖြစ်သွားပြီဆိုရင် လိင်ကနေ တစ်ဆင့်လည်း တစ်ဖက်လူကို မကူးစက်နိုင်တော့တာမို့ အိမ်ထောင်ပြုပြီး မိသားစု ဘဝကို တည်ဆောက်နိုင်ပါသေးတယ်။
အသေးစိတ် သိချင်တာတွေ ရှိရင်လည်း ရှေ့ဆက်တို့အတူ U=U Page ရဲ့ Messenger m.me/uequalsumyanmar မှာလည်း လာမေးလို့ရတယ်နော်။ 🥰
#UequalsU
3 527
U=U အကြောင်းကို အများကြီး ပြောပြထားတာဆိုတော့ U=U အကြောင်း ဘယ်လောက်သိလဲ မေးကြည့်မယ်နော်။
ကိုယ်က ART ဆေးကို နေ့စဥ် အချိန်မှန်မှန်သောက်တယ်။ သွေးလည်း မှန်မှန် စစ်တယ်ဆိုရင် ဘယ်အခြေအနေမှာ U=U ဖြစ်တယ်လို့ သတ်မှတ်ထားလဲ?
၁. ဆေးသောက်ရုံနဲ့ U=U ဖြစ်တယ်
၂. ပထမဆုံး သွေးအဖြေ Not Detected ဖြစ်ရင်
၃. သွေးအဖြေ (၂) ကြိမ်ဆက်တိုက် Not Detected ဖြစ်ရင်
ကဲ…ဖြေကြည့်ပါဦး အမျိုးတို့ 🤩
#UequalsU
3 527
HIV ပိုးကူးစက်ခံထားရတယ်ဆိုရင်
“အိမ်ထောင်ပြုလို့မရဘူး”
“ကလေးယူလို့မရဘူး။ ကလေးကိုပါ ကူးမှာ” ဆိုတာ ဟိုးအရင်ကပါ။
👪HIV ပိုးကူးစက်ခံထားသူတွေအနေနဲ့လည်း အိမ်ထောင်ပြုလို့ရသလို သားသားမီးမီးတွေနဲ့မိသားစုဘဝကို ပူပန်မှုကင်းကင်းနဲ့ ရွေးချယ်နိုင်ပါတယ်။
✅ ပိုးရှိသူ အမျိုးသားအနေနဲ့ U=U အခြေအနေကို ရောက်ရှိ၊ ထိန်းသိမ်းထားရင် ကိုယ့် လက်တွဲဖော်ဆီကို ပိုးမကူးစက်နိုင်တော့ဘူး။ ဒါဆို ရင်သွေးဆီကိုလည်း ဆက်မကူးနိုင်တော့တာမို့ မိသားစုဘဝ ပိုင်ဆိုင်ချင်တဲ့ အိပ်မက်လေးကို အကောင်အထည်ဖော်နိုင်ပြီပေ့ါ။
✅ ကိုယ်ဝန်ဆောင်မိခင်က HIV ကူးစက်ခံထားရတာဆိုရင်တော့ ART မှန်မှန်သောက်ပြီး U=U ဖြစ်ဖို့ အရေးကြီးပါတယ်။ ဒါမှ တစ်ဖက် အိမ်ထောင်ဖက်ကို ပိုးမကူးစက်ဘဲ ကလေးယူလို့ရမှာပေါ့။
ဆေးရုံ ဆေးခန်းမှာ စောစော ကိုယ်ဝန်အပ်ပါ။ ကိုယ်ဝန်ဆောင်ချိန်၊ မီးဖွားချိန်၊ နို့တိုက်ချိန် တွေမှာ ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်း တစ်သွေမတိမ်း သေသေချာချာ လိုက်နာမယ်ဆိုရင် ရင်သွေးဆီကို HIV လုံးဝမကူးစက်သည်အထိ ကာကွယ်လို့ ရပါတယ်။
U=U အကြောင်းကို အသေးစိတ်သိချင်ပြီဆိုရင်တော့ www.uequalsumyanmar.com မှာ ဝင်ဖတ်လို့ ရပါတယ်။
3 527
CD4 နဲ့ Viral load မရောစေဖို့ ဒီစာဖတ်ကြည့်ရအောင်
CD4 ဆိုတာ ခန္ဓာကိုယ်ထဲက ခုခံအားဆဲလ်အမျိုးအစားတစ်ခုပါ။ CD4 ကို HIV ပိုးရှိမှန်းသိတဲ့အခြေအနေမှာ စစ်လေ့ရှိကြပါတယ်။
📍CD4 ပမာဏ များလေ ခုခံအားကောင်းလေပါ။
📍CD4 ၂၀၀ အောက်နည်းရင်တော့ ကိုယ်ခံအားနည်းတာကို အခွင့်အရေးယူပြီး ရောဂါတွေ ဝင်ရောက်တတ်ပါတယ်။
Viral Load ဆိုတာက သွေးထဲက HIV ပိုးကောင်ရေပမာဏ ကို ပြောတာပါ။
📍ပိုးကောင်ရေပမာဏ အနည်းဆုံးဖြစ်လေ ပိုကောင်းလေပါ။
📍ART ဆေးသောက်ပြီး ပိုးကောင်ရေ စစ်ဆေးမတွေ့နိုင်အောင် နည်းသွားတဲ့ အခြေအနေကို Undetected, Target not detected, Undetectable လို့ ဖော်ပြကြပါတယ်။
📍ART ဆေးစသောက်ပြီး ၆ လမှာ တခါ၊ တစ်နှစ်မှာ တစ်ခါ၊ နောက်ပိုင်း နှစ်တိုင်းစစ်ဆေးသင့်ပါတယ်။ ဆက်တိုက် အဖြေနှစ်ခုက Undetectable ဆိုရင် U=U ဖြစ်တယ်လို့ သတ်မှတ်နိုင်ပါတယ်။
သွေးစစ်ကြည့်လို့ HIV ပိုး ရှိနေတယ်ဆိုရင် ARTဆေး စောစောသောက်ပြီး ပိုးထိန်းနိုင်အောင် ကြိုးစားဖို့ တိုက်တွန်းချင်ပါတယ်။
3 527
Viral Load အကြောင်း တစေ့တစောင်း"
Viral load ဆိုတာ သွေးထဲက HIV ပိုးကောင်ရေ ပမာဏကို စစ်ဆေးတာ ဖြစ်ပါတယ်။
💬ဘာကြောင့်စစ်ဆေးဖို့ လိုတာလဲ❓
သောက်နေတဲ့ ART ဆေးတွဲက ထိရောက်မှုရှိ၊ မရှိဆိုတာကို သိဖို့အတွက် စစ်ဆေးရခြင်း ဖြစ်ပါတယ်။ ART ဆေးကိုထိထိရောက်ရောက် သောက်သုံးနေရင် ပိုးကောင်ရေ စစ်ဆေးမတွေ့ရှိ (target not detected) ဆိုတဲ့ အဖြေကိုရမှာပါ။
💬ဘယ်အချိန်မှာ စစ်ဆေးရမလဲ❓
ဆေးသောက် သက်တမ်း အနည်းဆုံး ၆ လ ရှိပြီဆိုရင် ပိုးကောင်ရေကို စတင်စစ်ဆေးနိုင်ပြီး တစ်နှစ်တစ်ခါ ပုံမှန် စစ်ဆေးဖို့ လိုပါတယ်။
💬အဖြေကို ဘယ်အချိန်မှာ ပြန်ရမလဲ❓
ပုံမှန်အားဖြင့် သွေးအဖြေကို နောက်တစ်ခေါက် ဆေးထုတ်ယူတဲ့အချိန်မှာ ပြောပြလေ့ရှိပါတယ်။ ပိုးကောင်ရေအဖြေ ၁၀၀၀ အထက်ဆိုရင်တော့ ကျန်းမာရေး ၀န်ထမ်းတွေက ဖုန်းဆက်အကြောင်းကြားပေးပါလိမ့်မယ်။
💬ပိုးကောင်ရေ အဖြေကောင်းတယ်ဆိုတာ ဘာလဲ❓
Target Not Detected ဆိုတဲ့ အဖြေရရင် ကောင်းတယ်လို့ဆိုနိုင်ပါတယ်။ ဒါက သွေးထဲမှာရှိတဲ့ HIV ပိုးကောင်ရေကို ART ဆေးစွမ်းနဲ့ အနိမ့်ဆုံးအထိ ထိန်းချုပ်ထားနိုင်လို့ စက်နဲ့တောင် ရှာမတွေ့တော့ဘူးဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် U=U လို့ခေါ်တဲ့
လိင်ကတစ်ဆင့်ပိုးမကူးနိုင်တော့တဲ့အခြေအနေ ဖြစ်သွားတာပေါ့။
💬U=U ဖြစ်ရင် ဘာဖြစ်မှာလဲ❓
U=U ဖြစ်ရင် HIV ပိုးက လိင်ကတစ်ဆင့်မကူးစက်နိုင်တော့ဘဲ ပိုးမရှိသူတွေလို ကျန်းကျန်းမာမာ အလုပ်လုပ်နိုင်မယ်။ အိမ်ထောင်ပြု၊ ကလေးယူပြီး ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်နိုင်မှာပါ။
ကဲ ဒီလောက်ဆိုရင်တော့ Viral Load နဲ့ ပတ်သက်ပြီး တော်တော်သိသွားပြီ။ နောက်တစ်ခါ သူငယ်ချင်းတွေက Viral load အကြောင်းမေးခွန်းတွေမေးရင် ဖြေဖို့ရယ်ဒီပြင်ထားလိုက်တော့နော်။
3 527
မနက်ဖြန်ဆို မြန်မာ့ရိုးရာ အတာသင်္ကြန်စပြီနော်။
တစ်နှစ်မှတစ်ခါ ကြုံရတဲ့ သင်္ကြန်ပိတ်ရက်ရှည်မှာ ကောင်းကောင်းအနားယူပြီး နှစ်သစ်ကို အကောင်းဆုံး ဖြတ်သန်းဖို့အတွက် အဆင်သင့် ပြင်ထားလိုက်ကြရအောင်။
🤩ပျော်ရွှင် ချမ်းမြေ့ဖွယ်ရာကောင်းတဲ့ သင်္ကြန်အားလပ်ရက်တွေကို ပိုင်ဆိုင်နိုင်ပါစေလို့လည်း ရှေ့ဆက်တို့အတူ U=U မှ ဆုတောင်းပေးလိုက်ပါတယ်။ 😍
#UequalsU
3 527
🤔ART ဆေးသောက်ပြီဆိုရင် U=U ဘယ်တော့ဖြစ်မလဲ မေးတတ်ကြတယ်။🤔
မပူပါနဲ့ ... ART ဆေးကို အချိန်မှန်သောက်တယ်၊ လိုက်နာသင့်တာတွေကို လိုက်နာမယ်ဆိုရင် U=U ပန်းတိုင်က ကိုယ်နဲ့ အနီးလေးမှာပါ။ဒီ ပန်းတိုင်ဆီကို ရောက်နှင့်ပြီးသား လူတွေရှိသလို၊ သွားနေတဲ့လူတွေလည်း ရှိတာမို့ ကိုယ်တစ်ယောက်တည်းတော့ မဟုတ်ဘူးနော်။
အားမလျော့ဘဲ အချင်းချင်း ကူညီဖေးမရင်း U=U ပန်းတိုင်ဆီကို အတူတူဆက်သွားကြရအောင်။ 😍
3 527
တချို့ကကျ ART ဆေးတစ်လုံးတည်း သောက်ရတယ်၊ တချို့ကျ ဆေး ၂ လုံး၊ ၃လုံး သောက်ရတာက ဘာဖြစ်လို့လဲ။
ART ဆိုတာ ဆေး တစ်ဖုံထဲမှာ ဆေး အနည်းဆုံး ၃ မျိုး ပေါင်းစပ်ထားတဲ့ ဆေးကုထုံးဖြစ်ပါတယ်။
မုန့်လက်ဆောင်း လိုပြောလိုက်ရင် မုန်လက်ဆောင်းဖတ်ရယ်၊ ထန်းလျက်ရည်ရယ်၊ အုန်းသီးအဖတ်လေးတွေရယ် ပေါင်းထားတယ်ဆိုတာ လူတိုင်း နားလည် သလိုပဲ ART ဆိုတာလည်း အထဲမှာ အနည်းဆုံး ဆေး ၃ မျိုး ပေါင်းထားတယ် လို နားလည်ထားရပါမယ်။ မြန်မာ လျက်ဆား တစ်ဖုံထဲမှာ နွယ်ချို၊ ဆားခါး၊ မက်လင်ချဉ် စတာတွေ ထည့်ထားသလိုပေါ့။
အချိုလူတွေအတွက် ART သောက်တဲ့အခါ ဆေးတစ်လုံးတည်းဖြစ်နေတတ်ပြီး အချိုကတော့ နှစ်လုံး၊ အချိုလည်း ၃ လုံး စသဖြင့် ရှိနိုင်ပါတယ်။
ဒါပေမယ့် ဆေးလုံးရေ တစ်လုံးဖြစ်ဖြစ်၊ နှစ်လုံးဖြစ်ဖြစ် အထဲမှာ ဆေးလုံးတွေထဲမှာ အာနိသင် မတူတဲ့ ဆေး အမျိုးအစား ၃ မျိုး ပါဝင်တယ် ဆိုတာ သိထားရပါမယ်။
ဆေးအမျိုးအစားပေါ်မှာ မူတည်ပြီး ဆေးနာမည်ကို ခေါ်ဆိုပါတယ်။
🔺TDF+Lamivudine+EFV ဆေး ၃ မျိုးပါတဲ့ ဆေးကုထုံးကို အတိုကောက် TLE လိုခေါ်ပါတယ်။
🔺TDF+Lamivudine+DTG ဆေး ၃မျိုးပါတဲ့ ဆေးကုထုံးကို အတိုကောက် TLD လိုခေါ်ပါတယ်။
3 527
U=U Tiktok Channel ကို Follow လုပ်ပြီး ဆုလက်ဆောင်တွေယူကြမယ်
ကဲအမျိုးတို့ရေ.. ခုခေတ်မှာ TikTok ကလည်း လူကြိုက်များတဲ့ Channel တစ်ခုဆိုတော့ နောက်ပိုင်းမှာလည်း စိတ်၀င်စားဖို့ကောင်းပြီး ပညာရမယ့် Post လေးတွေတင်ပေးဖို့ ရှိပါတယ်နော်။
😍ဒါတွေကို လက်မလွတ်တမ်းကြည့်ရှုရင်း ဆုလက်ဆောင်တွေလည်း ကံစမ်းနိုင်မယ့် အစီအစဥ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါမယ် 😍😍😍 ဘာလုပ်ရမလဲဆိုတော့
❤️ ဒီ Link လေးကို နှိပ်ပြီး U=U ရဲ့ TikTok Channel ကို Follow လုပ်ပါ
https://bit.ly/3NTDec3
❤️ ကိုယ်သဘောကျတဲ့ Video လေးတွေကို အသည်းလေးပေးခဲ့ပါ
❤️ ဒီပို့စ်အောက်မှာ မတ်လ ၆ ရက်နေ့မှ မတ်လ ၂၀ ရက်နေ့အထိ Follow လုပ်ထားတာကို Screenshot ရိုက်ပြီး ဒီ Post အောက်မှာComment ပေးရုံပါပဲ။
Comment ပေးထားတဲ့သူတွေထဲက အယောက် (၂၀) ကို U=U ရဲ့ ချစ်စရာ Tote Bag လက်ဆောင်လေးတွေပေးသွားမှာဖြစ်ပါတယ်။ ကဲ…အမျိုးတို့ရေ ဆုလက်ဆောင်တွေရယူဖို့ အခုပဲ U=U ရဲ့ TikTok Channel လေးကို Follow လုပ်ပြီး ကံစမ်းလိုက်ပါဦး …
#UequalsU
3 527
HIV ပိုးကူးစက်ခံထားရသူတွေအတွက် Viral Load ဆိုတာ မဖြစ်မနေသိထားရမယ့် အရာတစ်ခုပါ။
Viral Load ဆိုတာကတော့
- သွေးထဲမှာရှိတဲ့ HIV ပိုးကောင်ရေပမာဏ အနည်းအများကို တိုင်းတာတာ ဖြစ်ပြီးတော့
Viral Load စစ်ဆေးခြင်းအားဖြင့်
- လက်ရှိသောက်နေတဲ့ ART ဆေးက ထိရောက်မှု ရှိ၊ မရှိ။
- ဆေးသောက် မှန်၊ မမှန် ကို သိနိုင်ပါတယ်။
ကိုယ့်ရဲ့ Viral Load သွေးစစ်ချက် အဖြေက နှစ်ကြိမ်ဆက်တိုက် Not Detected ဆိုရင်တော့
ပိုးထိန်းချုပ်နိုင်တဲ့အဆင့် U=U ဖြစ်ပါပြီ။ ဒါ့အပြင် ဒီပုံလေးထဲမှာ Viral Load ကို ဘယ်အချိန်မှာ
စစ်ဆေးနိုင်မလဲဆိုတာကိုပါ အပြည့်အစုံဖော်ပြပေးထားလို့ Save လုပ်ထားဖို့လည်း မမေ့နဲ့နော်။
#UequalsU
3 527
အမျိုးတို့အတွက် U=U အကြောင်းကို လွယ်လွယ်ကူကူ နားလည်နိုင်ပြီးတော့ အခြားသူတွေကိုလည်း ဝေမျှရလွယ်အောင် ဒီပုံလေးထဲမှာဆိုရင်
- U=U ဆိုတာဘာလဲ?
-ART ဆေး က ဘာလဲ?
-U=U ဖြစ်ဖို့ အဆင့် (၄) ဆင့် နဲ့ အတူ
-U=U နဲ့ ပတ်သက်တဲ့ ဆောင်ရန်ရှောင်ရန်တွေလည်း ပါလို့ တခါတည်း Save ပြီးသာ ဖုန်းထဲမှာ
သိမ်းထားလိုက်တော့နော်။ 🤩
ဒီထက်ပိုပြီး အသေးစိတ်သိချင်ရင်တော့ www.uequalsumyanmar.com မှာလည်း ဝင်ဖတ်လို့ ရပါတယ်။
#UequalsU
3 527
ART ဆေးမှန်မှန်သောက်၊ ပိုးကောင်ရေပုံမှန်စစ်ပြီး ပိုးထိန်းချုပ်နိုင်တဲ့ U=U အခြေအနေရောက်ပြီဆိုရင် လိင်ကနေတဆင့် HIV ပိုးမကူးတော့ပါဘူး။
ဒါက အိမ်ထောင်ပြုပြီး မိသားစုဘဝတည်ဆောက်ချင်တဲ့သူတွေအတွက် မျှော်လင့်ချက် တစ်ခုပါပဲ။
ဒါပေမယ့် U=U ဖြစ်သွားပြီဆိုပြီး အလွယ်တကူ အကာအကွယ်မဲ့ လိင်အပျော်အပါးလိုက်စားလို့တော့မရပါဘူးနော်။
လိင်ဆက်ဆံဖက်များတယ်ဆိုရင် လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေ မကူးစက်နိုင်အောင် ကွန်ဒုံးကို စနစ်တကျ သုံးသင့်ပါတယ်။ ဒါ့အပြင် ကွန်ဒုံးက မလိုလားတဲ့ ကိုယ်၀န််ကိုပါ ကာကွယ်ပေးသေးတယ်လေ။
ဒါကြောင့် အယူမမှားဖို့ သတိလေးပေးပါရစေ အမျိုးတို့ရေ!
3 527
ဒါကတော့ HIV ပိုးကူးစက်ခံထားရသူတစ်ဦးရဲ့ အမျိုးသမီးက ပြောပြလာတဲ့ စကားသံပဲ ဖြစ်ပါတယ်။ စစ်မှန်တဲ့အချစ်နဲ့ လက်တွဲဖော်ကို အားပေးဖေးမရင်း မိသားစုဘဝကိုပိုင်ဆိုင်ခဲ့တာ တကယ်လေးစားစရာကောင်းတဲ့အတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။
3 527
"HIV ပိုးရှိတဲ့သူကို လက်ထပ်မယ်ဆိုတော့ အားလုံးက ရူးမိုက်တယ်ပဲ ထင်ကြတာပေါ့။ ကိုယ်တိုင်လည်း ဆုံးဖြတ်ချက်ချတာ မလွယ်ကူခဲ့ပါဘူး။ ဒါပေမယ့် သူကလည်း ဖောက်လွဲဖောက်ပြန်လုပ်ပြီး ဒီလိုဖြစ်လာတာမဟုတ်ဘူးလေ။ မတော်တဆမှုတစ်ခုကနေ ကူးလာခဲ့တာ။ သူ့ကံပေါ့လေ.. သမီးရည်းစားဘဝတည်းက ဆိုးတိုင်ပင်၊ ကောင်းတိုင်ပင် တူတူရှိလာခဲ့ကြတာ သူဒီလိုဖြစ်လာမှ စွန့်ပစ်ထားခဲ့ဖို့က ဘယ်လိုမှမဖြစ်နိုင်ဘူး။ အတူတူရင်ဆိုင်ပြီး အကောင်းဆုံးဖြတ်သန်းဖို့ တွေးလိုက်တယ်။
ဒါပေမယ့် ကျွန်မတို့ မရူးမိုက်ပါဘူး။ ဆရာဝန်နဲ့ သေချာတိုင်ပင်ဆွေးနွေးတယ်။ သူကလည်း ART ကို နေ့တိုင်းမှန်မှန်သောက်တယ်။ ကျွန်မကလည်းဆေးသောက်မပျက်အောင် သတိပေးတယ်။ သွေးပုံမှန်စစ်တယ်။ ကလေးလည်းယူချင်ကြတော့ U=U ဖြစ်ဖို့ နှစ်ယောက်လုံး ကြိုးစားကြတယ်။ အခု အိမ်ထောင်သက် ၅နှစ်ရှိပြီ၊။ သားလေးကတော့ ၁နှစ်ကျော်ပြီ။ ကျွန်မရော၊ ကလေးရော ပိုးလုံးဝမကူးခံရဘူးလေ။ ကျွန်မရွေးခဲ့တဲ့ လမ်းက မလွယ်ပေမယ့် အခုဒီလိုမျိုးလေးဖြစ်လာခဲ့တော့ ဝမ်းသာမှုက အတိုင်းမသိပါပဲ.."
3 527
🎆အမျိုးတို့ရေ ... မကြာခင်မှာ ၂၀၂၄ နှစ်သစ်ကို ကူးပြောင်းတော့မယ်နော်။🎊
🎉နှစ်သစ်မှာ ရှေ့ဆက်တို့အတူ U=U အနေနဲ့ HIV နဲ့ ပတ်သက်တဲ့ ခွဲခြားဆက်ဆံခြင်းတွေ လျော့နည်းသွားအောင်၊HIV ပိုးမရှိတဲ့ သူတွေက HIV ပိုးကူးစက်ခံထားရတဲ့သူတွေကို ပိုပြီး ကူညီဖေးမနိုင်အောင်၊ HIV ပိုးကူးစက်ခံထားရတဲ့သူတွေလည်း ခွန်အားအသစ်တွေနဲ့ ရှေ့ဆက်နိုင်အောင် အသိပညာတွေ ဆက်ပြီး ဝေမျှပေးသွားပါမယ်။💪🏽🤩
အမျိုးတို့ရော ဘယ်လို Resolution တွေ ရှိနေပြီလဲ? ရှိနေပြီဆိုရင် Comment မှာ ပြောပြခဲ့ပါဦး။
အားလုံးပဲ မင်္ဂလာရှိတဲ့ နှစ်သစ်အခါသမယလေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။🥳
#UequalsU #HappyNewYear #2024
