en
Feedback
CHANNEL 16

CHANNEL 16

Open in Telegram

If you feel afraid and un safe leave from channel immediately. We are welcome ONLY who can share useful informations. NOTICE 🚨 WE NO NEED SILENT MEMBERS.

Show more
196
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
ယူကရိန်း ကို ရုရှားက ဘာလို့ ကျုးကျော်တာလဲ ? ယူကရိန်းမှာ အကျင့်ပြတ်ချစားမှုတွေ ဘယ်လောက်တောင် အမြစ်တွယ်ခိုင်မာနေခဲ့သလဲ ? ဇလန်းစကီး သမ္မတ မဖြစ်ခင်က သရုပ်ဆောင်ခဲ့တဲ့ ဇာတ်လမ်းစီးရီးဖြစ်သလို မြန်မာ့နိုင်ငံရေး ၊ ကမ္ဘာနိုင်ငံရေး ကိုစိတ်ဝင်စားသူတိုင်း မဖြစ်မနေကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ် … https://t.me/heartchatlong/347

စစ်ကောင်စီက ရွေးကောက်ပွဲအတွက် မြေပြင်ရော အွန်လိုင်းပေါ်ရော အကြီးအကျယ် ပြင်ဆင်နေပြီ။ . မြေပြင်မှာ အရင် အုပ်ကြီးတွေကို ကြံ့ဖွတ်အမာခံတွေနဲ့အစားထိုးတာ၊ ဝင်ပြိုင်မယ့်အမတ်နေရာတွေမှာ လူမိုက်တွေကို စုစည်းနေတာ စသည်ဖြင့်။ . အွန်လိုင်းပေါ်မှာ သူတို့ အမာခံ လော်ဘီတွေရဲ့ စာမျက်နှာတွေကို သတင်းဌာနပုံစံ နာမည်တွေပြောင်းတာ၊ အကောင့်တုတွေ အရင်ကထက်ပိုတိုးလာတာ၊ တယ်လီဂရမ်ဂရုတွေက လှုပ်ရှားမှုတွေ အရင်ကထက် စိပ်လာတာ စသည်ဖြင့်။ . မြို့ကြီးတွေမှာ မြေပြင်က ကိစ္စတွေကို ပြန်လှန်ဖို့ အတော် မလွယ်လောက်ဘူး။ လူမိုက်ဂိုဏ်းနဲ့ ရဲနဲ့ စစ်သားနဲ့ ဒလံနဲ့ပေါင်းထားတာ။ အွန်လိုင်းပေါ်မှာတော့ သူတို့ ဝါဒဖြန့်ချိရေးနဲ့ သတင်းမှားကို ပြန်တိုက်လို့ ရပါတယ်။ . ရွေးကောက်ပွဲလည်း နီးလာပြီဖြစ်လို့ ကိုယ့်အကောင့်ကို ပြန်စစ်ကြပါ။ Like လုပ်ထား၊ Follow လုပ်ထား၊ ဝင်ထားတဲ့ Group တွေကို ပြန်စစ်ပါ။ ကိုယ့်အကောင့်ထဲမှာ ကိုယ်မသိတဲ့လူတွေ၊ ဟိုလိုလို ဒီလိုလို အရေးအသားတွေနဲ့ 'မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ' ဆိုတဲ့ အကောင့်တွေကို သတိထားပါ။ ရွေးကောက်ပွဲကာလမှာ အဲ့ဒီ 'မြန်မာပြည်ကြီးငြိမ်းချမ်းပါစေ' တွေက စပြီး မဲပေးပါလိမ့်မယ်။ . တခါတလေ 'ငါလည်း Like မလုပ်ထားဘဲ ပေါ်လာတယ်'၊ ဒါဆိုရင် Follow လုပ်ထားတာ ဖြစ်တတ်ပါတယ်၊ 'Follow မလုပ်ထားဘဲ ပေါ်လာတယ်' ဆိုရင် Like ထားတာမျိုး ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ကိုယ့်အကောင့်ထဲက စစ်ကောင်စီကို 'ဒိုင်လျှိုအားပေးနေသူတွေ' ရဲ့ Like မှု Follow မှုတွေကြောင့်လည်း ကိုယ့်ဆီမှာ လာပေါ်တတ်ပါတယ်။ . ငပေါ စာမျက်နှာ ဆယ်လီပေါက်ကရ စာမျက်နှာတွေက ရွေးကောက်ပွဲမှာ ဇာတိပြပါလိမ့်မယ်။ ဒါကြောင့် ငပေါနဲ့ ဆယ်လီပေါက်ကရ စာမျက်နှာတွေကို Like ထားမိရင် Follow ထားမိရင် ပြန်စစ်ကြပါ။ . လူတွေက ဒီနေ့ဖြစ်ပြီး နောက်နေ့ မေ့ပျောက်သွားပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲကာလမှာ သတင်းမှားတွေကို ရှောင်လွှဲနိုင်ဖို့ ကိုယ့် ဆိုရှယ်မီဒီယာကို ရှင်းလင်းထားကြပါ။ Telegram မှာ သတင်းအတွက်ဆိုပြီး Subscribe ထားတဲ့ Channel တွေကို ပြန်စစ်ပါ။ သတင်းဌာန အစစ်အမှန်တွေချည်းပဲ Like, Follow လုပ်ထားရင် ကျန်တဲ့ ပေါက်ကရတွေ တက်မလာပါဘူး။ Author : Mratt Kyaw Thu | 20-Dec 2021 https://www.facebook.com/100010205493778/posts/pfbid021i2Fgq8GtM4PNJrE1ihEqdsZ14e1eaaaK7RLQ9mkfrHjKJU5QYVS6Z2TaM13nRXvl/

“IFC အနေနဲ့ သူတို့ရဲ့ နုတ်ထွက်တဲ့ အစီအစဉ်တွေ၊ လူ့အခွင့်အရေးဆိုင်ရာ တင်ကြိုကနဦးစိစစ်မှုတွေ အပါအဝင် စစ်အုပ်စုနဲ့ သူ့ရဲ့ စီးပွားရေးလုပ်ငန်းစုကြီးတွေနဲ့ ရိုးမဘဏ်တို့ လုပ်ငန်းပတ်သက်မှုကို တားဆီးဖို့ ၎င်းတို့ရဲ့ ကြိုးပမ်းမှုမှန်သမျှမှာ ပွင့်လင်းမြင်သာမှု ရှိသင့်ပါတယ်။ “IFC အနေနဲ့ မြန်မာစစ်တပ်ရဲ့ ၂၀၁၇ ခုနှစ် ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စစ်ဆင်ရေးနောက်ပိုင်း ရိုးမဘဏ်မှာ အစုရှယ်ယာတွေ ရယူခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအချိန်ကတည်းက မြန်မာစစ်တပ်၊ စစ်တပ် စီးပွားရေးလုပ်ငန်းစုကြီးတွေနဲ့ မိတ်ဖက်တွေအတွက် ဘဏ်ရဲ့ ပံ့ပိုးကူညီမှုတွေအပေါ် တင်ကြိုကနဦးစိစစ်မှုတွေ ပြုလုပ်ခဲ့သင့်ပါတယ်။ “IFC အနေနဲ့ စစ်တပ်စီးပွားရေးလုပ်ငန်းတွေနဲ့ မင်းအောင်လှိုင်ရဲ့ မိသားစုစီးပွားရေးလုပ်ငန်းတွေအတွက် ရိုးမဘဏ်ရဲ့ ပံ့ပိုးကူညီမှုတွေကို တားဆီးဖို့ ပျက်ကွက်ခဲ့တဲ့အချက်က ကြီးလေးတဲ့ လူ့အခွင့်အရေးဆိုင်ရာ ပျက်ကွက်မှုတွေ ရှိနေတယ်ဆိုတာကို ပြသပါတယ်။ ဒီလိုပျက်ကွက်မှုတွေက IFC အနေနဲ့ မြန်မာနိုင်ငံမှာ ဆက်လက်လုပ်ကိုင်ဖို့ စီစဉ်နေတယ်ဆိုရင် စုံစမ်းစစ်ဆေးမှုတွေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ မဖြစ်မနေ လိုအပ်မှာ ဖြစ်ပါတယ်။ “IFC အနေနဲ့ အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခံထားရတဲ့ စစ်ထောက်ချုပ်ရုံးဆီက ငှားရမ်းမြေနေရာပေါ်မှာ တည်ဆောက်ထားတဲ့ Sule Square မှာ ရုံးခန်းငှားရမ်းအသုံးပြုနေတာကိုလည်း ရပ်တန့်ရမှာဖြစ်ပြီး၊ စစ်အုပ်စု၊ သူ့ရဲ့ စီးပွားရေးလုပ်ငန်းစုကြီးတွေ၊ မိတ်ဖက်တွေနဲ့ စီးပွားရေးလုပ်ငန်းမှန်သမျှကိုလည်း ရပ်တန့်ရမှာ ဖြစ်ပါတယ်။ “ရိုးမဘဏ်ရဲ့ အခြား နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေဖြစ်ကြတဲ့ Norfund နဲ့ GIC တို့အနေနဲ့ ရိုးမဘဏ်ကို မြန်မာစစ်အုပ်စု၊ သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေ၊ မိတ်ဖက်တွေနဲ့ ဆက်နွယ်မှုအားလုံးကို ဖြတ်တောက်ဖို့၊ ဒါမှမဟုတ် သူတို့ရဲ့ နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားတွေနဲ့အညီ တာဝန်ယူ တာဝန်ခံမှု ရှိရှိနဲ့ နုတ်ထွက်ကြဖို့ ကျမတို့ တောင်းဆိုပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။ ✅ သတင်းထုတ်ပြန်ချက်အပြည့်အစုံအား ဖတ်ရှုရန် 👉🏽 https://bit.ly/3v1CLuz ✅ လျှို့ဝှက်ပေါက်ကြားလာသည့် အင်းဝဘဏ်ဖိုင်များနှင့် ကျွန်ုပ်တို့၏ စုံစမ်းရေးသားမှုကို ရယူရန် 👉🏽 https://tinyurl.com/yptw3zyn ✅ Mytel အတွက် ရိုးမဘဏ်၏ ဝန်ဆောင်မှုများအကြောင်း ကျွန်ုပ်တို့၏ သတင်းထုတ်ပြန်ချက်ကို ဖတ်ရှုရန် 👉🏽 https://tinyurl.com/5a4822pa ✅ မင်းအောင်လှိုင်၏ သမီးပိုင် ကုမ္ပဏီထံ ရိုးမဘဏ်မှ ချေးငွေအကြောင်း ဖတ်ရှုရန် 👉🏽 https://tinyurl.com/x4hrjthw #Myanmar #MyanmarMilitary #BizHumanRights #WorldBank #IFC #JusticeForMyanmar #WhatsHappeningInMyanmar

သတင်းထုတ်ပြန်ချက် 📣စစ်တပ်ကုမ္ပဏီတွေနဲ့ ရိုးမဘဏ် စီးပွားရေးပတ်သက်နေတဲ့အကြောင်း ဖော်ထုတ်ပြီးနောက် ရိုးမဘဏ်ကနေ IFC နုတ်ထွက် မြန်မာစစ်တပ်အတွက် ဘဏ်ကပံ့ပိုးနေတာတွေ ရပ်တန့်ဖို့နဲ့ မရပ်တန့်ရင် ရင်းနှီးမြှုပ်နှံမှုတွေ ရုပ်သိမ်းဖို့ ကျန်ရင်းနှီးမြှုပ်နှံသူတွေ ဖြစ်ကြတဲ့ Norfund နဲ့ GIC တို့ကို JFM တောင်းဆို ✅သတင်းထုတ်ပြန်ချက်အား အင်္ဂလိပ်ဘာသာဖြင့် ရယူရန် 👉🏽 https://tinyurl.com/yywaw2a8 ကမ္ဘာ့ဘဏ်အုပ်စုရဲ့ အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) က ရိုးမဘဏ်မှာ ရင်းနှီးမြှုပ်နှံထားတာတွေ ရုပ်သိမ်းတော့မယ့်အကြောင်း အဲဒီလုပ်ငန်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ခုကတဆင့် Justice For Myanmar က အတည်ပြုထားပါတယ်။ IFC က ရိုးမဘဏ်ရဲ့ ၄.၅ ရာခိုင်နှုန်း ကို ပိုင်ဆိုင်ပြီး၊ သူ့ရဲ့ အစုရှယ်ယာအားလုံး First Myanmar Investment (FMI) ကို အမေရိကန်ဒေါ်လာ ၅ သန်းနဲ့ ရောင်းချနေတာဖြစ်ပါတယ်။ ဒီတန်ဖိုးဟာ IFC က ၂၀၁၉ ခုနှစ်မှာ အပြီးသတ်ဆောင်ရွက်ခဲ့တဲ့ သူတို့ရဲ့ ၂၀၁၄ ခုနှစ် ချေးငွေ ကို ဘဏ်အစုရှယ်ယာပိုင်ဆိုင်မှုအဖြစ် ပြောင်းလဲရာမှာ အသုံးပြုခဲ့တဲ့ တန်ဖိုးနဲ့ ညီမျှပါတယ်။ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ FMI၊ Yoma Bank တို့နဲ့ ရှယ်ယာရောင်းချမှုသဘောတူစာချုပ်ကို IFC က လက်မှတ်ရေးထိုးခဲ့ပါတယ်။ ကုမ္ပဏီတွေကို စစ်အုပ်စုနဲ့ သူ့ရဲ့ စီးပွားရေးလုပ်ငန်းစုကြီးတွေနဲ့ ဆက်နွယ်နေတာတွေ ဖြတ်တောက်ဖို့ နွေဦးတော်လှန်ရေးကာလအတွင်း မြန်မာပြည်သူလူထုရဲ့ ဖိအားပေးမှုတွေကြောင့် IFC နုတ်ထွက်တာ ဖြစ်ပါတယ်။ ရိုးမဘဏ်ဟာ လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ ကျုးလွန်နေကြောင်း စွပ်စွဲခံထားရတဲ့ စစ်တပ်နဲ့ သူ့ရဲ့လုပ်ငန်းစုတွေနဲ့ စီးပွားရေးလုပ်ကိုင်နေတဲ့ အထောက်အထားမှတ်တမ်း ရှိပါတယ်။ ၂၀၂၀ ခုနှစ်တုန်းက ရိုးမဘဏ်ဟာ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့သမီး ခင်သီရိသက်မွန် ပိုင်ဆိုင်တဲ့ မြန်မာကုမ္ပဏီ Pinnacle Asia ကို ချေးငွေတစ်ရပ် ထုတ်ပေးခဲ့ပါတယ်။ အဲဒီချေးငွေဟာ စစ်တပ်ပိုင် မိုဘိုင်းအော်ပရေတာ မိုင်တဲလ်အတွက် တာဝါတိုင်တွေ တည်ဆောက်ဖို့ ကုမ္ပဏီကို ပံ့ပိုးပေးခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လမှာ Justice For Myanmar က ရိုးမဘဏ်ဟာ Mytel ပိုင်ရှင်ဖြစ်တဲ့ Telecom International Myanmar အတွက် အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်ကို ၂၀၂၂ ခုနှစ် မတ်လအထိ သိမ်းဆည်းထားပေးခဲ့တဲ့အကြောင်း ထုတ်ဖော်ခဲ့ပါတယ်။ ဒါ့အပြင် နိုဝင်ဘာလမှာ Distributed Denial of Secrets က စစ်တပ်ပိုင် အင်းဝဘဏ်ရဲ့ မှတ်တမ်းတွေ ဖွင့်ချရာမှာ ရိုးမဘဏ်နဲ့ ငွေလွှဲပေးပို့မှု ၂၀၀ ကျော်ကို ထုတ်ဖော်ခဲ့ပါတယ်။ Innwa Bank ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းကို အမေရိကန်၊ အီးယူ၊ ယူကေနှင့် ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားပါတယ်။ သြစတြေးလျဘဏ် ANZ ဟာ Innwa Bank နဲ့ သူ့ရဲ့ငွေလွှဲတာတွေကို လူသိရှင်ကြား ဖော်ထုတ်ခံရပြီးနောက် မြန်မာနိုင်ငံကနေ ထွက်ခွာတော့မယ့်အကြောင်း ပြီးခဲ့တဲ့လက ကြေညာခဲ့ပါတယ်။ ရိုးမဘဏ်ကို ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် ဦးပိုင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ FMI က ထိန်းချုပ်ထားပါတယ်။ ဒီကုမ္ပဏီကို Serge Pun က ဦးဆောင်ပြီး၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေက ကျောထောက် နောက်ခံ ပြုထားတာ ဖြစ်ပါတယ်။ စင်္ကာပူနိုင်ငံရဲ့ နိုင်ငံပိုင်ဓနရန်ပုံငွေ GIC အဖွဲ့ဝင်ဖြစ်တဲ့ Greenwood Capital က ရိုးမဘဏ်ရဲ့ ၁၉.၇ ရာခိုင်နှုန်း ကို ပိုင်ဆိုင်ပါတယ်။ နော်ဝေးဖွံ့ဖြိုးရေးဆိုင်ရာဘဏ္ဍာရေးအဖွဲ့အစည်းဖြစ်တဲ့ Norfund က ၁၀.၆ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပါတယ်။ FMI ဟာ ဟောင်ကောင်က ဦးပိုင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Pun Holdings (HK) Limited နဲ့ အရောင်းအဝယ် ပြုလုပ်ပြီး IFC ရဲ့ ရှယ်ယာတွေကို ဝယ်ယူနေတာဖြစ်ပါတယ်။ ရိုးမဘဏ်ရဲ့ ကျန်တဲ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေ ဖြစ်ကြတဲ့ Norfund နဲ့ GIC တို့ဟာ သူတို့ရဲ့ အခွင့်အာဏာကို သုံးပြီး စစ်အုပ်စု၊ သူ့ရဲ့စီးပွားရေးလုပ်ငန်းစုကြီးတွေ၊ မိတ်ဖက်တွေနဲ့ ဘဏ် စီးပွားရေးလုပ်ဆောင်နေတာတွေကို ရပ်တန့်ဖို့၊ ဒါမှမဟုတ် သူတို့ရဲ့ နိုင်ငံတကာလူ့အခွင့်အရေး တာဝန်တွေနဲ့ အညီ တာဝန်သိသိနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရုပ်သိမ်းဖို့ Justice For Myanmar က တောင်းဆိုထားပါတယ်။ IFC အနေနဲ့ ရိုးမဘဏ်ကနေ တာဝန်သိသိ နုတ်ထွက်ဖို့ကိစ္စနဲ့ ပတ်သက်ပြီး Justice For Myanmar က မေးမြန်းထားတာတွေကို အကြောင်းမပြန်ပါဘူး။ Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “မြန်မာပြည်သူတွေကို အကြမ်းဖက်စစ်ပွဲ ဆင်နွှဲနေတဲ့ မြန်မာစစ်တပ်နဲ့ စီးပွားရေးလုပ်ဆောင်နေတာကို ရိုးမဘဏ်က မတားဆီးနိုင်တဲ့အခြေအနေမှာ IFC က ရိုးမဘဏ်ကနေ နုတ်ထွက်လိုက်တာဟာ အပြုသဘောဆောင်တဲ့ ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်။ “မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ဆွေးနွေးညှိနှိုင်းပြီး ရိုးမဘဏ်ကနေ တာဝန်သိစွာ နုတ်ထွက်ဖို့ IFC ကို တိုက်တွန်းတောင်းဆိုပါတယ်။

Repost from Yangon Connect Hub
2023 မှာ ဘယ်မီဒီယာတွေက .. (အကြမ်းဖက်) စကားလုံးမသုံးပဲ စစ်ကောင်စီ လို့ပဲ ဆက်လက်ရေးသားနေမလဲ .. ဘယ်မီဒီယာတွေက အကြမ်းဖက် စစ်ကောင်
2023 မှာ ဘယ်မီဒီယာတွေက .. (အကြမ်းဖက်) စကားလုံးမသုံးပဲ စစ်ကောင်စီ လို့ပဲ ဆက်လက်ရေးသားနေမလဲ .. ဘယ်မီဒီယာတွေက အကြမ်းဖက် စစ်ကောင်စီ လို့ ရေးသားကြမလဲ ဆိုတာ ပြည်သူတွေ အနေနဲ့ အထူးသတိထား စောင့်ကြည့်ကြဖို့ လိုပါတယ် .. ဥပမာ .. လက်ရှိမှာတော့ စကစ လက်ဝေခံ BBC နဲ့ People's Spring ကတော့ စစ်ကောင်စီ ဆိုတဲ့ စကားလုံးပဲ သုံးနှုန်းပြီး အကြမ်းဖက် စကစ လို့ရေးသားရမှာကို ငြင်းဆိုနေဆဲပါ .. တမ္ဘာလုံးက အကြမ်းဖက်စာရင်း ထည့်သွင်းခံထားရတဲ့ လူမဆန်တဲ့ အကြမ်းဖက် အဖွဲ့အစည်းကို ပြစ်ဒဏ်ပေါ့လျော့အောင် လုပ်ဆောင်နေတာဟာ အကြမ်းဖက်မှုကို အားပေးကူညီရာရောက်ပါတယ် .. အမှန်အတိုင်း စကာလုံးနဲ့ဖော်ပြတာဟာ ဘက်လိုက်တာ မဟုတ်ပါ ..

Repost from JUNTO CONTIGO
10-Dec 2022 တော်လှန်ရေးကာလ Phrase-II မှာ အဓိက လိုအပ်တဲ့ Strategic Communication ကို ဘယ်လိုဖော်ဆောင်မလဲ ?? လက်ရှိ စကစ ဟာ စစ်တပ်လို့တောင် ခေါ်လို့မရတော့ဘူး .. အကြမ်းဖက် ရာဇဝတ်ဂိုဏ်းဖြစ်နေပြီ ကမ္ဘာလုံးကလည်း သူတို့ကျူးလွန်ထားတဲ့ မတရားအကြမ်းဖက်မှုတွေအတွက် အရေးယူဖို့ လုပ်ဆောင်နေကြပြီ .. အာဏာသိမ်း တာလည်း မအောင်မြင်တာ အသိသာကြီးဖြစ်နေပြီ .. ====== ⚠️ အာဏာသိမ်း စစ်တပ်ဆိုတာထက် အကြမ်းဖက် ရာဇဝတ်ဂိုဏ်းလို့ပဲခေါ်ရတော့မယ် .. 🌟 မသင်းသိရီ ဟာ ပြည်သူတွေထက်ကနေ ထပ်တူရပ်တည်တဲ့ မီဒီယာသမား ဖြစ်ပြီး နွေဦးတော်လှန်ရေးအတွက် ထိမိတဲ့ လိုအပ်တဲ့ မေးခွန်းတွေကို အစဉ်တစိုက်မေးမြန်းတင်ဆက်ပေးနေသူလည်း ဖြစ်ပါတယ် .. https://youtube.com/watch?v=ws14JAdqUYA&si=EnSIkaIECMiOmarE

Repost from JUNTO CONTIGO

Repost from JUNTO CONTIGO
စကစ လက်ဝေခံ သံလွင်ခက် အနေနဲ့ ​ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် လို့ ရေးသားဖော်ပြသင့်ပါတယ် .. သွားတွေ့တဲ့ ကာယကံရှင
စကစ လက်ဝေခံ သံလွင်ခက် အနေနဲ့ ​ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် လို့ ရေးသားဖော်ပြသင့်ပါတယ် .. သွားတွေ့တဲ့ ကာယကံရှင် ဒလန် လောက်ကောင်တွေတောင် စောက်သုံးမကျလို့ မအလ ရဲ့ အဆူအတောင်းခံနေရပြီ .. သူက မဟုတ်ဘူး ငြင်းတုန်း .. သံလွင်ခက်က က မျစ်ဇိမ နဲ့ ဇော်မဲလုံး ပေါင်း စပ်ထားသလိုပဲ ..

Repost from JUNTO CONTIGO
ဖြစ်စဉ်တစ်ခုအပေါ် ရေးသားမှု မတူညီတဲ့အခါ PS ကရေးသားမှု နဲ့ PVT ရဲ့ ရေးသားထားပုံ အတော့်ကို ကွာခြားပါတယ် .. အမည်မသိ လက်နက်ကိုင်မ
+1
ဖြစ်စဉ်တစ်ခုအပေါ် ရေးသားမှု မတူညီတဲ့အခါ PS ကရေးသားမှု နဲ့ PVT ရဲ့ ရေးသားထားပုံ အတော့်ကို ကွာခြားပါတယ် .. အမည်မသိ လက်နက်ကိုင်များ လို့ရေးသားမှု ဟာ ပြည်တွင်းရေး ပဋိပက္ခ အသွင်သဘောကို သက်ရောက်စေပါတယ် .. မသိရင် ... သီချင်းဆိုနေတဲ့ ဘဏ်ဝန်ထမ်း ကို လူတစ်စုက ဖမ်းဆီးသွား ဆိုတော့ကား 🤔

Repost from JUNTO CONTIGO
08-Nov | ဖြစ်စဉ်ကတော့ .. ဆွစ်ဇာလန် က အကြမ်းဖက် စကစ ကို ပွဲတက်ဖို့ ဖိတ်မိတယ် .. နောက် ကန့်ကွက်တော့ ပြန်ရုပ်သိမ်း လိုက်တယ် .. ဒ
+1
08-Nov | ဖြစ်စဉ်ကတော့ .. ဆွစ်ဇာလန် က အကြမ်းဖက် စကစ ကို ပွဲတက်ဖို့ ဖိတ်မိတယ် .. နောက် ကန့်ကွက်တော့ ပြန်ရုပ်သိမ်း လိုက်တယ် .. ဒါပေမယ့် ရေးသား တင်ဆက်ပုံခြင်း မတူတဲ့ အခါ .. ဖတ်ရှုတဲ့ သူအပေါ် အမြင်ပြောင်းစေတယ် .. ✅✅✅ ဆွစ်ဇာလန်က ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတကာညီလာခံတက်ရန် တရားမဝင် မြန်မာ အကြမ်းဖက် စစ်ကောင်စီ ကို ဖိတ်ကြားထားမှု ပြန်လည်ရုပ်သိမ်း ❌❌❌ ဂျီနီဗာမှာလုပ်မယ့် ထိပ်သီး အစည်းအဝေး မြန်မာကို မဖိတ်ထား PS ကရေးထားပုံအရ မြန်မာကို မဖိတ်ထား ဆိုတဲ့သဘောမှာ NUG ကိုကော အကြမ်းဖက် စကစ ကိုကော မဖိတ်ဘူး ဆိုတဲ့ သဘောကို သက်ရောက်စေသလို အကြမ်းဖက် စကစ အနေနဲ့ မြန်မာ ကို ကိုယ်စားပြုနေသယောင်သဘော ဖြစ်နေပါတယ် ..

Repost from Yangon Connect Hub
Q: အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လုပ်လာနေတဲ့ ပြုပြင်ပြောင်းလဲရေး အချို့ကို မနှစ်မြို့တာ အပါအဝင် စီးပွားရေး အရ စိုးရိမ်ကြောင့်ကြ လာတာတွေက အာဏာသိမ်းရတဲ့ အကြောင်းတွေထဲ မှာ ကော ပါလား။ A: ကျွန်တော် အနေနဲ့ကတော့ ဒုတိယ လှုံ့ဆော်ခဲ့တဲ့ အချက် လို့ ပြောပါရစေ၊ ပထမဆုံး အကြောင်းက နိုင်ငံရေး အာဏာ ကို အစိမ်းသက်သက် လိုချင်မှုပဲဗျ၊ စီးပွားရေး အကြောင်းက ဒီလောက် အဓိက မကျလှဘူး၊ ဘယ်လိုပဲ ဖြစ်ဖြစ် ပြုပြင်ပြောင်းလဲရေး တွေက သူတို့ကို ထိခိုက်စ ပြုလာနေပြီ၊ NLD သွားနေတဲ့ စီးပွား ရေး မှာ ပွင့်လင်းမြင်သာပြီး အချင်းချင်း ယှဉ်ပြိုင်ရမယ်ဆိုတဲ့ လမ်းကြောင်းကို စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ လုပ်ငန်းတွေ၊ စစ်တပ်လက်အောက်က လုပ်ငန်းတွေနဲ့ လူနည်းစု ကြီးပွားရေး လိုလားသူတွေက မမြင်ချင် မတွေ့ချင်ကြဘူး၊ အကယ်၍ NLD အစိုးရသာ ဒုတိယ သက်တမ်း အုပ်ချုပ်ခွင့် ရခဲ့ရင်ဗျာ၊ တကယ့်ကို အရှိန်အဟုန်နဲ့ တိုးတက်လာမှာ အမှန်ပဲ၊ ခင်ဗျားက ကရိုနီတယောက် ဖြစ်တယ်ဆိုပါစို့၊ ဈေးကွက်ကိုလည်း အုပ်စိုးထားနိုင်တဲ့ လက်ရှိ အနေအထားနဲ့ အထာကျနေတဲ့ လူ၊ ဒီအချိန်မှာ သူ့လုပ်ငန်းတွေကို အပြိုင်အဆိုင် ဖြစ်လာအောင် ဥပဒေ ပြဋ္ဌာန်းပြီး လုပ်ပေးတာမျိုး ဖြစ်လာရင်၊ ပိုပြီး လိုက်လျောပေးရမယ်၊ဒါဟာ သူ့အတွက် စိန်ခေါ်မှု ဖြစ်လာတာပဲ။ Q: အာဏာ မသိမ်းမီ ရက်ပိုင်းတွေက NLD အစိုးရ အဖွဲ့ဝင် အချို့က စစ်တပ် အာဏာသိမ်းမယ့် အန္တရာယ် ရှိနေတဲ့ အလားအလာ အပေါ် ဖေါ့ပြီး ပြောဆိုခဲ့တာမျိုးတွေ ရှိနေတယ်၊ ဒါကလည်း လူထု အကြား အထိတ်တလန့်တွေ ဖြစ်လာမှာ စိုးလို့နေမှာ၊ တကယ် သိမ်းပြီလည်း ဆိုရော ဖြစ်လာခဲ့ရင် ဆိုပြီး ကြိုတင် ပြင်ဆင်ထားတာမျိုး မရှိဘူး၊ NLD ဖက်က အဲ့လို ဖြစ်လာမယ်လို့ မထင်ခဲ့တာလား။ A: ကျွန်တော် ဒီကိစ္စကို အရိုးသားဆုံး နဲ့ ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ၊ ကျွန်တော် တကယ်ပဲ ဖြစ်လာမယ်လို့ မထင်ခဲ့မိဘူး၊ အားလုံးလည်း အသိပဲ ကျွန်တော် အနေနဲ့ အစိုးရ နဲ့ ထိတွေ့ ဆက်ဆံနေရတာ ဆိုတော့ သူတို့ဖက်က ဖြစ်လာမယ်လို့ ထင်နေရင် ကျွန်တော် မသိပဲ နေမှာ မဟုတ်ဘူး၊ ကျွန်တော်လည်း ကိုဗစ် ကြောင့် ပြည်ပ အကြာကြီး သွားနေခဲ့ပြီးမှ မြန်မာပြည်ကို ပြန်ရောက်လာမှာ မဟုတ်ဘူး၊ ကျွန်တော် အနေနဲ့ စစ်တပ် နဲ့ အစိုးရ အကြား ဘာတွေ ပြောကြဆိုကြလဲဆိုတာ တော့ သိခွင့်မရှိဘူး၊ ဒါပေမယ့် သူတို့ အကြားမှာ စိုးရိမ်မကင်း အထိတ်တလန့် ဖြစ်နေတာမျိုး ရှိခဲ့တာကိုတော့ မှတ်မိတယ်၊ ပြဿနာ တခုခုတော့ တက်နေပြီဆိုတာမျိုးတော့ ရှိနေတယ်၊ အာဏာသိမ်းတဲ့အထိ ဆိုတာကိုတော့ ကျွန်တော်ကိုယ်တိုင်လည်း တအံ့တဩ ဖြစ်သွားမိတယ်၊ ကျွန်တော်တင် မကဘူး ကျွန်တော် ပတ်ဝန်းကျင်ကလူတွေပါ အံ့ဩကုန်ကြတယ်။ ဒုတိယ ပိုင်း ကို မကြာမီ ဆက်လက်တင်ပြသွားပါမည်။ Author : Hla Soe Wai https://www.facebook.com/100003290496283/posts/pfbid02MihbB2DQAYKTStwmubFykfnNohK2DrXWonxJJuuYqZry7EmyNweLhzUZuRjMczAil/?mibextid=cr9u03

Repost from JUNTO CONTIGO
ဒီလို Sမှု မျိုးတွေ နဲ့ လူတွေကို သွေးခွဲ နိုင်ငံတကာ တွေဆီပို့ အောက်တန်းစား မီဒီယာတွေက နူဂျီ ကို ဖြေရခက်မယ့် မေးခွန်းတွေ ဝိုင်းမေး .. ဟိုမရောက် ဒီမရောက် အဖွဲ့တွေက နုဂျီ ကို အပြစ်ဝိုင်းတင် .. မအလ က အချင်းချင်း ပြန်ကိုက်တတ်အောင် သင်ပေးနေတာ ကို နားမလည် ပါးမလည် ရေးကြပြောကြ ငြင်းခုန်ကြအုံးမယ် https://fb.watch/hdp3OMgUMV/?mibextid=cr9u03 ==== သံလွင်ခက် မီဒီညာက စစ်ခွေးတွေ ဝါဒဖြန့်တဲ့ သတင်းလို့လည်း ဝန်ခံထားတယ် .. ဒါဆို ဘာလို့ စစ်ခွေးတွေ အာဘော်အတိုင်း မေးနေတာလဲ ?? သံလွင်ခက် စစ်ခွေးတွေအစား မေးပေးတာမျိုးလား ?

Repost from JUNTO CONTIGO
ဒီလို သတင်းရေးထားတာကို အင်္ဂလိပ်လို ဘာသာပြန် မြန်မာနိုင်ငံအကြောင်း သိပ်မသိတဲ့ နိုင်ငံခြားသား တစ်ယောက်ကို ပေးဖတ်ကြည့်ရင် ဘယ်လိ
ဒီလို သတင်းရေးထားတာကို အင်္ဂလိပ်လို ဘာသာပြန် မြန်မာနိုင်ငံအကြောင်း သိပ်မသိတဲ့ နိုင်ငံခြားသား တစ်ယောက်ကို ပေးဖတ်ကြည့်ရင် ဘယ်လို မြင်မယ်ထင်လဲ ? ===== နိုင်ငံတကာ က မြန်မာ့အရေး ကို ပြည်တွင်းရေး ပဋိပက္ခ လို့ ဘာလို့ မြင်နေတာလဲ ? ဘာလို့ ကူညီဖို့ လက်တွန့်နေသလဲ ဆိုတဲ့ အဖြေက ဒါပဲ .. ရေးထားတဲ့ ပုံစံက မှားနေတယ် .. တာဝန်ထမ်းဆောင်နေတဲ့ မော်တော်ပီကယ်တွေ ရဲတွေကို မကျေနပ်လို့ သံားတိုက်ခိုက်သလို ဖြစ်နေတယ် .. မည်သူမပြု မိမိမှု .. ကိုယ့်လူ ကိုယ်ပြန်သတ်နေသလိုပဲ .. မီဒီယာတွေရဲ့ အရေးအသားက သိပ်ကြောက်ဖို့ ကောင်းတယ် ..

Repost from Yangon Connect Hub
မတရား သဖြင့် ဖမ်းဆီးပြီး ရက်စက်ခံနေရတဲ့ ကျောင်းသား ပြည်သူတွေ ပြန်လွတ်လာနိုင်ဖို့ ဆိုရင် စစ်ခွေး အကောင်ကြီးကြီးတစ်ကောင် အရှင်မိဖို့ လိုတယ် .. https://www.facebook.com/165163235175613/posts/pfbid02NkYaLfyHsbn9qRb21x3NYgeqNgiEpbZFhLVPcqAXGvUSCB9a44qHAdykhh67Uf53l/

Repost from CHANNEL 16
People's Spring စစ်ကောင်စီ ဆိုတဲ့ နေရာမှာ “ အကြမ်းဖက် စစ်ကောင်စီ “ လို့ ပြည့်စုံစွာ ရေးသားဖော်ပြသင့်ပါတယ် .. “ အကြမ်းဖက် စစ်က
People's Spring စစ်ကောင်စီ ဆိုတဲ့ နေရာမှာ “ အကြမ်းဖက် စစ်ကောင်စီ “ လို့ ပြည့်စုံစွာ ရေးသားဖော်ပြသင့်ပါတယ် .. “ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ရပ်ကွက်ဒလန် တစ်ဦး ရှင်းလင်းခံရ “ လို့ရေးသား ရမှာ ဖြစ်ပါတယ် .. အုပ်ချုပ်ရေးမှူး မဟုတ်ပါ … အကြမ်းဖက် သမားတစ်ယောက်သာ ဖြစ်ပါတယ် … မစန္ဒီ ရေးသားထားမှုကို ဘာသာပြန်မယ်ဆိုရင် နိုင်ငံတကာက စာဖတ်သူတွေ အနေနဲ့ ရိုးရိုးသာမန် ပုဂ္ဂိုလ်ရေး အညှိုးအတေးကြောင့် အသတ်ခံလိုက်ရတဲ့ သဘောဖြစ်နေပါတယ် .. ===== *** အကြမ်းဖက် စကစ တွေအနေနဲ့ ပြည်သူတွေရဲ့ ရပ်ရွာတွေကို ဖျက်ဆီး မီးရှို့ လူသတ် တဲ့အခါ ဘယ်သူဦးဆောင်တဲ့ ဘယ် တပ်ရင်း တပ်မ ဆိုပြီး မရေးကြပါဘူး ..

People's Spring စစ်ကောင်စီ ဆိုတဲ့ နေရာမှာ “ အကြမ်းဖက် စစ်ကောင်စီ “ လို့ ပြည့်စုံစွာ ရေးသားဖော်ပြသင့်ပါတယ် .. “ အကြမ်းဖက် စစ်က
People's Spring စစ်ကောင်စီ ဆိုတဲ့ နေရာမှာ “ အကြမ်းဖက် စစ်ကောင်စီ “ လို့ ပြည့်စုံစွာ ရေးသားဖော်ပြသင့်ပါတယ် .. “ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ရပ်ကွက်ဒလန် တစ်ဦး ရှင်းလင်းခံရ “ လို့ရေးသား ရမှာ ဖြစ်ပါတယ် .. အုပ်ချုပ်ရေးမှူး မဟုတ်ပါ … အကြမ်းဖက် သမားတစ်ယောက်သာ ဖြစ်ပါတယ် … မစန္ဒီ ရေးသားထားမှုကို ဘာသာပြန်မယ်ဆိုရင် နိုင်ငံတကာက စာဖတ်သူတွေ အနေနဲ့ ရိုးရိုးသာမန် ပုဂ္ဂိုလ်ရေး အညှိုးအတေးကြောင့် အသတ်ခံလိုက်ရတဲ့ သဘောဖြစ်နေပါတယ် .. ===== *** အကြမ်းဖက် စကစ တွေအနေနဲ့ ပြည်သူတွေရဲ့ ရပ်ရွာတွေကို ဖျက်ဆီး မီးရှို့ လူသတ် တဲ့အခါ ဘယ်သူဦးဆောင်တဲ့ ဘယ် တပ်ရင်း တပ်မ ဆိုပြီး မရေးကြပါဘူး ..

မြန်မာနိုင်ငံကနေ တိုတယ်ကုမ္ပဏီထွက်ခွားသွားပြီးချိန်မှာ တိုတယ်ရဲ့နေရာကိုဆက်ယူသွားပြီးလက်ရှိအချိန်အထိ စစ်အုပ်စုဆီလူသတ်ဖိုငွေကြေ
+7
မြန်မာနိုင်ငံကနေ တိုတယ်ကုမ္ပဏီထွက်ခွားသွားပြီးချိန်မှာ တိုတယ်ရဲ့နေရာကိုဆက်ယူသွားပြီးလက်ရှိအချိန်အထိ စစ်အုပ်စုဆီလူသတ်ဖိုငွေကြေးတွေကို ဆက်လက်ထောက်ပံနေတာကတော့ ထိုင်းနိုင်ငံပိုင် PTTရဲ့လက်အောက်မှာရှိတဲ့ PTTEPပဲဖြစ်ပါတယ်။ PTTEPသည် ရတနာလုပ်ကွက်အပြင် ရဲတံခွန်နှင့် ရွှေ စတဲ့ စီမံကိန်းသုံးခုလုံးမှာရင်းနှီးမြုပ်နံထားပြီး စစ်အုပ်စုကို တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်းပေါင်း၅၀၀နှင့် အထက် ထောက်ပံပေးနေတာဖြစ်ပါ။ ဒါကြောင့် PTTEPကစစ်အုပ်စုကို လူသတ်ငွေထောက်ပံ့နေ့တာကို လုံးဝရပ်တန့်သွားတဲ့အထိ တားမြစ်ပိတ်ပင်ကြရမှာဖြစ်ပါတယ်။ #PTTmustStopPaymentToJunta #KeepInEscrowAccount #sactionmoge #BloodMoneyCampaignMM

Repost from JUNTO CONTIGO
ကြောက်စရာကောင်းတဲ့ စကစ လက်ဝေခံ မီဒီယာ တွေရဲ့ အရေးအသားတွေ … ဘာသာရေး မှိုင်းတိုက်တာတွေ စီးပွါးရေး လိမ်ညာလှည့်စားမှုတွေ နဲ့ ပြည်
+1
ကြောက်စရာကောင်းတဲ့ စကစ လက်ဝေခံ မီဒီယာ တွေရဲ့ အရေးအသားတွေ … ဘာသာရေး မှိုင်းတိုက်တာတွေ စီးပွါးရေး လိမ်ညာလှည့်စားမှုတွေ နဲ့ ပြည်သူတွေကို အကြမ်းဖက် စကစ လက်အောက် ကျွန်သက်ရှည်အောင် Brain Wash လုပ်နေကြတယ် … ခေတ်ပြောင်း စနစ်ပြောင်းမှာ ဆက်သွယ်ရေးရဲ့ အသက်သွေးကြောဖြစ်တဲ့ မီဒီယာတွေ လည်း ပြောင်းလဲဖို့ လိုတယ်

Repost from Yangon Connect Hub
အသံတိုးဆို ပွဲစား အလှူခံတွေကလည်း တယ်များသကိုး … NUG နဲ့ မချိတ်ဆက် တဲ့ ထောက်ပို့ အဖွဲ့တွေကြောင့် အခုဆို လန စျေး က မနှစ်က သိန်း ၂၀ တန်က အခု သိန်း၂၀၀ ဖြစ်လိုဖြစ် … တွေ့မှာပါ တချို့အဖွဲ့တွေရဲ့ ကမ်းပိန်းတွေမှာ … သရေစာ မုန့်ဖိုး နဲ့ အလေအလွင့်များနေရင် လွတ်လပ်ရေး အမွေရဖို့ ဝေလေလေပဲ … NUG က ပြည်သူတွေကို တွန်းအားပေးရမှာ … ပြည်သူတွေက NUG ကို ခွန်အား ပြန်ပေးရမှာ … ဒါမှ ပြည်သူတွေ တင်မြှောက်ထားတဲ့ အရပ်သား အစိုးရအောက်မှာ ပြည်သူ့ကာကွယ်ရေးတပ် စစ်စစ်ဖြစ်လာမှာ .. မဟုတ်ရင် အရပ်သား အစိုးရကို ချိန်းခြောက်တဲ့ လနကိုင် တပ်ဖွဲ့ဖြစ်သွားမှာပဲ …လက်ရှိလည်း တချို့ထောက်ပို့တွေအားကိုး နဲ့ LPDF တချို့က NUG ကို ဖောင်းထုနေကြတာပဲလေ … အဲ့လို ဖြစ်နေသရွေ့ လွတ်မြောက်နယ်မြေ ဟိုတနေရာ ဒီတနေရာဖြစ် .. အကြမ်းဖက် မအလ က ဗုံးပတ်ကျဲ နဲ့ သံသယာလည်ပြီး တော်လှန်ရေး ခရီးရှည်နေလိမ့်မယ် .. ဒီတော့ပြည်သူတွေ အနေနဲ့ သေချာစဉ်းစားဆုံးဖြတ်ပါ … ကိုယ့်ရပ် ကိုယ့်ရွာ တစ်နယ်တည်း လွတ်မြောက်ပြီး တိုက်ပွဲတွေ ရှည်ကြာချင်သလား ? တတိုင်းပြည်လုံး လွတ်မြောက်ပြီး အကြမ်းဖက် စကစ တွေကို အမြစ်ပြတ်ချင်သလား ? 29-Nov 2022

Repost from JUNTO CONTIGO
တော်လှန်ရေးကြီး အမြန်ဆုံးအောင်နိုင်ဖို့ မီဒီယာတွေ နဲ့ ပတ်သက် ဆက်နွယ်နေတဲ့သူ တာဝန်ရှိတဲ့သူ အားလုံးကို အထူးတောင်းဆိုချင်တာက … “ စစ်ကောင်စီ “ဆိုတဲ့ စကားလုံးအစား “ အကြမ်းဖက် စစ်ကောင်စီ “လို့ စကားလုံးကို အပြည့်အဝ ပြောင်းလဲရေးသားစေချင်ပါတယ် .. တရားဥပဒေမဲ့ မတရား အာဏာလုထားတဲ့ အကြမ်းဖက် စစ်ကောင်စီ ဖြစ်တဲ့အတွက် အကြမ်းဖက် စစ်ကောင်စီ လို့မရေးသားတဲ့ မီဒီယာတွေဟာ ပြည်သူတွေအတွက် အမှန်တရားဘက်က မးပ်တည်တဲ့ မီဒီယာများသာ ဖြစ်ပါလိမ့်မယ် … မတရား အာဏာလုယူထားတဲ့ စစ်ကောင်စီ ရဲ့ လူမဆန်တဲ့ အကြမ်းဖက် လုပ်ရပ်တွေကို မျက်ကွယ်ပြုပြီး အမှန်တိုင်းရေးသားဖို့ လက်တွန့်နေတဲ့ မီဒီယာတွေဟာ ဘယ်ဟာတွေလဲ ဆိုတာ ပြည်သူတွေအနေနဲ့ မျက်ခြေမပြတ် စောင့်ကြည့်ဖို့ လိုအပ်ပါတယ် .. အမြန်ဆုံး အမှန်အတိုင်း တိကျတဲ့စကားလုံးများဖြင့် ဖော်ပြကြပါ … ပြည်သူတွေ အနေနဲ့ တိုက်တွန်းပေးကြပါ … 2022-Nov 28 Accept NUG, Reject Terrorist Military.