ခိုဖြူ Khophyu
Open in Telegram
ဆက်သွယ်ရေးခက်ခဲတဲ့ကာလမှာ သတင်းအချက်အလက်တွေ ပို့ပေးမယ့် စာပို့ခို
Show more8 250
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
8 250
Dec3 Khophyu 8PM
မြို့သိမ်း-မုန်း
စခန်းသိမ်း-ကိုးကန့် ၅
စကစ စခန်းစွန့်-ဗန်းမောက်၊ ကလေး ၁
-တီးတိန်တိုက်ပွဲ ပြင်းထန်
-တောင်ငူလေတပ်စခန်းကို ဒရုန်းနဲ့ တိုက်ခိုက်
-ကောလင်းမှာ ပြည်သူ့အုပ်ချုပ်ရေး စ
-CDM မူဝါဒကို NUCC အတည်ပြု
-စကစနဲ့ဆွေးနွေးဖို့ အာဆီယံဆော်သြမှု အဖွဲ့အစည်း ၆၀၀ ကျော် ကန့်ကွက်
-မုံရွာ ကျပိုင်ရွာမှာ စကစ မီးရှို့သတ်ထားတဲ့ အလောင်း ၁၈ခု တွေ့
-မိုးထိမိုးမိရွှေလုပ်ကွက်ကို MEC သိမ်းယူမှု သိက္ခာမဲ့သည့်လုပ်ရပ်ဟု စိုးထွန်းရှိန်၏လူများပြော
8 250
Dec2 Khophyu 8PM
စခန်းသိမ်း-မိုးညှင်း ရွှေကူ သီပေါ မူဆယ် ကော့ကရိတ် ၁စီ
-ကုန်းကြမ်းစခန်းက ထွက်ပြေးခဲ့တဲ့ စကစ ၁၀၀ခန့်ကို MNDAA ချေမှုန်း
-ရှမ်းပြည် မြို့နယ်၅ခု၊ နယ်စပ်ဂိတ်၄ခုကို ညီနောင်၃ဖွဲ့ သိမ်းပိုက်ထား
-လောက်ကိုင်မြို့သိမ်းတိုက်ပွဲ စ
-ကော့ကရိတ် တိုက်ပွဲပြင်းထန်၊ ထိုင်းနယ်စပ်ကုန်သွယ်ရေး ရပ်
-သီပေါ-လားရှိုးကြားက စဉ့်အင်တံတား ကျိုး
-မွန်ပြည်နယ် CDMကောင်စီ ဖွဲ့
-စကစနဲ့တွေ့ဖို့ ပြင်ဆင်နေခြင်းမရှိဟု NUGဝန်ကြီး ပြော
-မွန်ပြည်နယ် စကစအရာရှိအိမ်တွေ ဒရုန်းစာထိ
-မပခတိုင်းမှူးဟောင်း စစ်ဆေးခံနေရ
-တရုတ်နဲ့ ဆက်ဆံရေးခိုင်မာနေဟု စကစပြော
8 250
Nov28 Khophyu 8PM
-စကစလက်အောက်ခံတပ်တွေ လက်နက်ချဖို့ တလရတပ်တွေ တိုက်တွန်း
-တရုတ်-မြန်မာ လူမျိုးရေးအမုန်ပွားအောင် စကစမှိုင်းတိုက်နေဟု NUG ပြော
-စကစနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ရန် တရုတ်စစ်သင်္ဘော၃စင်း ရောက်လာ
-မတူပီတိုက်ပွဲ ပြင်းထန်
စခန်းသိမ်း-မတ္တရာ၁၊ မောင်တော၁
-ချောင်းနှစ်ခွတိုက်ပွဲ စကစရင်းမှူးနဲ့ BGF ဒုရင်းမှူးသေ
-သန်လျင်ရေတပ်မှ ထွက်ပြေးသူ ၅၀ခန့် ရှိလာ
-ကရင်နီပြည်၌ Starlink အင်တာနက်ဆိုင် စဖွင့်
-နမ့်ခမ်းက ငွေလိမ်ဂိုဏ်းကို SSPP ဖမ်း၍ တရုတ်ထံအပ်
-ရှမ်းယူနိုက်အသင်းကို ဩစတြေးလျက ဗီဇာမပေး
-ပလက်ဝဒေသခံတွေကို AAက ပေါ်တာဆွဲတာတွေရှိ
8 250
Nov27 Khophyu 8PM
-၁၀၂၇ စစ်ဆင်ရေး ၁လမှာ စကစ စခန်း၂၂၅ခု သိမ်းနိုင်ခဲ့
-လုံခမ်းတိုက်ပွဲ စကစရင်းမှူးသေ
-လောက်ကိုင်မှ ထွက်လာသူ ထောင်ချီရှိ၊ MNDAAနဲ့ UWSA တို့ ကယ်ထုတ်
-လောက်ကိုင်၊ မူဆယ်၁၀၅မိုင်၊ လွိုင်ကော်နဲ့ ပုလဲ တိုက်ပွဲ ပြင်းထန်
-ယင်းမာပင် မြို့သိမ်းတိုက်ပွဲစမည်
-မြန်မာမှာ အပစ်အခတ်ရပ်စဲရန် တရုတ်တိုက်တွန်း
-စစ်ကိုင်းတိုင်းမှာ စကစ အင်အားဖြည့်
-တောင်ကြီး တန်ဆောင်တိုင်ပွဲသွားဖို့ ပအိုဝ့်ပြည်သူ့စစ် ခြိမ်းခြောက်
-ရန်ကုန်မှာ စကစ လုံခြုံရေးမြှင့်
-နွေဦးဘဏ် အစုရှယ်ယာ 10ရက်မှာ $10သန်းဖိုး ရောင်းရ
-ချင်းပြည်နယ် CDM မူဝါဒ ထုတ်ပြန်
8 250
Nov26 Khophyu 8PM
-မူဆယ် နယ်စပ်ဂိတ်ကို MNDAA သိမ်း
-သိန္ဒီ စကစတပ်ရင်း၂ခု သိမ်းပိုက်မှုမှာ သံချပ်ကာ ၁စီးနဲ့ ဟောင်ဝစ်ဇာတွေ ထပ်ရ
-ဗမာချစ်ကြည်ရေးအဖွဲ့အစည်း ၅ခုက MNDAAကို သိန်း ၅၀၀၀ ကူ
-အိန္ဒိယနယ်စပ်ဂိတ်မှာ "WELCOME TO CHINLAND" ဆိုင်းဘုတ် တပ်
-ဂုတ်တွင်း တိုက်ပွဲ ပြင်းထန်
-ကိုးကန့် စစ်ရှောင်တွေကို တရုတ်က မျက်ရည်ယိုဗုံးသုံးပြီး နှင်ထုတ်
-လူထုသပိတ်လုပ်ခဲ့တဲ့ မဒဂုံ ၄၀ဈေးကို စကစ ဖျက်ဆီး
-ကျောက်ဖြူမှာ “AA အလိုမရှိ” စာတန်းတွေ စကစ လိုက်ကပ်
-PPPပါတီ ရှမ်းပြည်ဥက္ကဋ္ဌကို မူးယစ်ဆေးဝါးမှုနဲ့ ဝရမ်းထုတ်ထား
-ပြည်တွင်းဆန်ဈေး အဆမတန်မြင့်တက်နေ
8 250
Nov25 Khophyu 8PM
-Nov27 မှာ တစ်နိုင်ငံလုံး စစ်ဆင်ရေး စမည်ဟု ညီနောင်၃ဖွဲ့ ကြေညာ
-စစ်ဆင်ရေး လောက်ကိုင်သို့ ဦးတည်နေပြီဟု MNDAA ပြော
-နယ်စပ်မှာ တရုတ် စစ်ရေးလေ့ကျင့်မှုစတင်
-လောက်ကိုင်က တရုတ်နိုင်ငံသားတွေ အမြန်ဆုံးထွက်ဖို့ တရုတ်သံရုံး သတိပေး
-မိုင်းကျက်စခန်းသိမ်းတိုက်ပွဲမှာ အမြှောက်နဲ့ လက်နက်အများအပြားရ
-စကစ ဓာတုဗုံး ထပ်သုံးလာဟု ကိုးကန့်ပြော
-မြန်မာ့အရေးဆွေးနွေးပွဲ အင်ဒိုကျင်းပ
-စကစ ကိုယ်စားလှယ်နဲ့ တွေ့ဆုံဆွေးနွေးခြင်းမရှိဟု NUGပြော
-ရသေ့တောင်က နယ်ခြားစောင့်စခန်း၂ခု ဆုတ်ခွာ
-ကယားအစား ကရင်နီပြည်နယ်ဟု သုံးဖို့ KSCC တိုက်တွန်း
8 250
Nov24 Khophyu 8PM
မြို့သိမ်း-လိုင်လင်းပီ (မတူပီ)
စခန်းသိမ်း-ကိုးကန့်၄ လားရှိုး၁ တမူး၂
-ပေါက်တော ဒေသခံ ၁၀၀ကျော်ကို AA ထပ်ကယ်ထုတ်
-လွိုင်ကော်တက္ကသိုလ် ဝန်ထမ်းနဲ့ မိသားစု ၁၀၀ကျော် နေရပ်ပြန်ပို့
-လွိုင်ကော်မှာ စကစအုပ်ချုပ်ရေး ရပ်သွားပြီဟု KNDF ဆို
-မယ်စဲ့မှာ စကစ ကင်းစင်သွားပြီဟု KNPP ဆို
-ချင်းပြည် ရိခေါဒါရ်မှာ ပြည်သူ့အုပ်ချုပ်ရေး စတင်
-နေပြည်တော်မှာ စကစ အင်အား ၁၄,၀၀၀ ခန့် ပြင်ထား
-ထိုင်းလေချုပ်အသစ် မအလနဲ့ နေပြည်တော်မှာတွေ့
-ကချင်လူငယ်တွေ တလရမှာပါဝင်ဖို့ KIO ဖိတ်ခေါ်
-ညီနောင်၃ဖွဲ့နဲ့ ရှမ်းလူမျိုး ပဋိပက္ခဖြစ်အောင် စကစလုပ်နေ
8 250
Nov23 Khophyu 8PM
-စကစကို ဖိအားပေးဖို့ ဂျပန်ကို NUG တိုက်တွန်း
-အဆုံးသတ်တိုက်ပွဲမှာ လူထုက ပူးပေါင်းရန် KNDF ဖယ်ခုံဇုန် ကြေညာ
စခန်းသိမ်း-ကိုးကန့်၂၊ ကနီ ကလေးမြို့ ဟုမ္မလင်း ၁စီ
-ဘုရားသုံးဆူမှာ စကစ ဒုရင်းမှူး ပစ်သတ်ခံရ
-မြေရှားသတ္တုစွန့်ပစ်ရည်ကြောင့် ကချင်ဒေသခံ ၃၀၀ခန့် အရေပြားရောဂါဖြစ်နေ
-လွိုင်ကော်မှာ စကစအင်အားဖြည့်၊ စစ်ရှောင်တွေကို ပစ်
-ဂြိုဟ်တုအင်တာနက် သုံးရင်အရေးယူမည်ဟု စကစကြေညာ
-နေပြည်တော်မှဟိုတယ်ဝန်ထမ်းတွေကို ရုရှားစကားပြောသင်တန်းပေး
-ပုဂ္ဂလိကကျောင်းသားစာရင်း စကစ ကောက်နေ
-သိန္နီနဲ့ မုံးကိုးမှာ MNDAA တပ်သားစုဆောင်းနေ
8 250
Nov22 Khophyu 8PM
-ဖမ်းမိတဲ့ လေယာဉ်မှူးကို ဥပဒေနဲ့အညီ အရေးယူမည်
-ရခိုင်မှာ ၁၀ရက်အတွင်း စကစ စခန်း ၄၀ကျော်၊ ရေယာဉ်၂စီးကို AAသိမ်း
-ပေါက်တောက ဓားစာခံ ၁၀၀ခန့်ကို AAကယ်ထုတ်
-မောင်တောမှာ လူပေါင်း ၁၀၀ ခန့်ကို ဖမ်းရန် စကစ စာကပ်
-ကနေဒီစခန်းသိမ်းပွဲ စကစဗိုလ်မှူးအပါ ၁၂ ဦးဖမ်းမိ
စခန်းသိမ်း-ကိုးကန့်၂၊ ဘူးသီးတောင်၁
-တန့်ဆည်မြို့ပေါ် ၃နေရာကို PDF တွေ၀င်တိုက်
-Nov ထဲ ရန်ကုန်မှာ လူငယ် ၃၀၀ခန့် အဖမ်းခံရ၊ ကျောင်းအချို့မှာ စကစတပ်စွဲ
-လွိုင်ကော်မှာ ဖုန်းလိုင်းတွေ ပြတ်
-1027 နောက်ပိုင်း စစ်ရှောင်၃သိန်းခန့် တိုးလာ၊ စကစကြောင့် ကလေး ၄၀ခန့် သေဆုံး
8 250
Nov21 Khophyu 8PM
-မျိုးချစ်တွေ တရုတ်ကို ဆန္ဒပြ
-စစ်သုံ့ပန်းတွေကို ကောင်းစွာဆက်ဆံရန် ကုလပြော
စခန်းသိမ်း-ကိုးကန့်၃၊ ကွတ်ခိုင်၊ တီးတိန်၊ လွိုင်ကော်၊ ဝက်လက် ၁စီ
-အင်ဂျန်းယန်မြို့က စကစစခန်းတွေ ဆုတ်ခွာ
-ပေါက်တော တိုက်ပွဲပြင်းထန်
-မူဆယ်တိုက်ပွဲမှာ စကစဗျူဟာမှူး သေ ဟုဆို
-စကစကြောင့် လွိုင်ကော်+ဖယ်ခုံဒေသခံ ၇၀ခန့် သေဆုံး
-လွိုင်ကော်ဒေသခံ ၈၀% မြို့ကို စွန့်ခွာ
-အွန်လိုင်းရာဇဝတ်မှု ဆက်နွယ်သူ ၃သောင်း ကျော် တရုတ်ထံ လွှဲထား
-ကိုးကန့်ပါတီကို စကစဖျက်သိမ်း
-ဝန်ထမ်းတွေ ထွက်ပြေး၍ ဘုတလင်ဆေးရုံ ပိတ်ထားရ
-ရခိုင်ကို ဖုန်း၊အင်တာနက် ဖြတ်တောက်လာ
8 250
Nov20 Khophyu 8PM
-ကရင်နီမှာ စကစလေယာဥ်မှူးကို ဖမ်းမိ
-နွေဦးဘဏ် အစုရှယ်ယာ ၃ရက်မှာ $၅သန်းဖိုး ရောင်းရ
-ပုဂ္ဂလိကဘဏ်တွေ အကန့်အသတ်နဲ့ ငွေထုတ်ပေး၊ သိန်း၁၀၀ အထက်ထုတ်သူတွေကို စကစစောင့်ကြည့်နေ
-လွိုင်ကော်တက္ကသိုလ် ပါချုပ်အပါ ၂၀၀ကျော် ဘေးကင်းစွာရှိနေဟု KNDFကြေညာ
-မိုးညှင်းတပ်စခန်း၁ခု KIAသိမ်း
-နောင်ချို အကျဥ်းစခန်း၄ ခုကို TNLA+မန်းPDFသိမ်း၊ လက်နက်တွေရ
-နယ်စပ်ဂိတ်၃ခုကို MNDAA ထိန်းချုပ်၊ လောက်ကိုင်ကို ပိတ်ဆို့ထား
-လွိုင်ကော်နဲ့ ထီးချိုင့် တိုက်ပွဲပြင်းထန်
-ရခိုင်စစ်ရှောင် ၂၆၀၀၀ ကျော်တိုးလာ
-ရှမ်းတောင်မှာ ကရင်နီစစ်ရှောင် ၄၀၀၀၀ ကျော်လာ
8 250
တလရကာလ လုံခြုံစွာနေထိုင်နိုင်ရေး
-သတင်းတွေ နားစွင့်
-တိုက်ပွဲတွေစရင် ရွှေ့ပြောင်းမယ့်နေရာ ကြိုသတ်မှတ်
-လမ်းကြောင်းတွေနဲ့ စုရပ် သတ်မှတ်၊ မိုင်းသတိထား
-ဖုန်းနံပါတ်တွေ မှတ်
-အရေးပေါ်အိတ် ပြင်ဆင်
-စစ်စခန်းတွေနဲ့ ဝေးရာနေ
-ပစ်ခတ်မှုနဲ့ ဆန့်ကျင်ဖက်သို့ ရှောင်
-ခိုင်ခံ့တဲ့ အဆောက်အအုံ၊ ကတုတ်ကျင်းမှာ ပုန်းခို
-အပြင်ရောက်နေလျှင် သစ်ပင်ထူတဲ့နေရာမှာ ပုန်း
-ခန္ဓာကိုယ်မြင်လွယ်တဲ့နေရာမှာ သွေးအုပ်စုရေးထား
-အခြေခံရှေးဦးသူနာပြုနည်း လေ့လာ
-လက်နက်ခဲယမ်းတွေကို မစူးစမ်းနဲ့
-ကျန်းမာသန့်ရှင်းစွာနေ
-အချင်းချင်းနှစ်သိမ့်၊ အကောင်းမြင်ဝါဒနဲ့နေပါ
8 250
Jul1 Khophyu 9PM
-PDF တောင်ပိုင်းဒေသ စစ်ရှိန်မြှင့်မည်
-(ပဲခူးတိုင်း) ရန်ကုန်-မန်းလမ်းဟောင်း၊ အမြန်လမ်း၊ ပဲခူး-စစ်တောင်းလမ်းပိုင်း
(မွန်ပြည်) ရန်ကုန်-မုတ္တမ၊ ရန်ကုန်-ဘားအံလမ်းပိုင်းတွေကို ည၆-မနက်၆ မသုံးရန် သတိပေး
-စကစကို တော်လှန်နေပြီဟု ကလလတ ကြေညာ
-ဘောလခဲမှာ စကစလေယာဉ်ကို ပစ်ချခဲ့ဟု ကလလတဆို
-အကူအညီတွေ ပိတ်ပင်တာ စစ်ရာဇဝတ်မှုဖြစ်နိုင်တယ်ဟု ကုလပြော
-အရှေ့တီမောအစိုးရသစ်တက်ပွဲ NUGတက်
-ပြင်ဦးလွင်ပကဖ၏ လက်နက်အများအပြား စကစသိမ်း
-မအလဘုရားအနီးက ဘုန်းကြီးကျောင်း၊ ကျောင်းနဲ့အိမ်တွေ ဖျက်ခံရ
-ပုသိမ်ကြီးက အိမ်၁သောင်းခန့်ကို စကစဖယ်ခိုင်း
8 250
Jun30 Khophyu 9PM
-တိုင်းအဆင့်စစ်ဆင်ရေးစမည်၊ ပူးပေါင်းကြရန် Lion Battalion ဗိုလ်အယ်စေးဝါး တိုက်တွန်း
-တရုတ်ကောင်စစ်ဝန်ယာဥ်တန်း မြစ်ကြီးနားမှာပစ်ခတ်ခံရ
-မောင်ဝိတ် ပြန်လွတ်လာ
-မအလတည်တဲ့ဘုရားကို ခရိုနီတွေ ကျပ်၁၆ ဘီလျံကျော်လှူ
-ငွေစီးဆင်းမှုကို စကစ ထိန်းချုပ်လာနိုင်၍ အရပ်ဘက်အဖွဲ့တွ စိုးရိမ်
-၃လအတွင်း အမျိုးသမီး ၁၀၀ ကျော်ကို စကစသတ်
-လုပ်ခတိုးတောင်းတဲ့ အလုပ်သမားတွေကို နိုင်ငံရေးပုဒ်မနဲ့ အရေးယူ
-သက်ကြီးရွယ်အိုထောက်ပံ့ကြေးကို စကစ ထက်ဝက်လျှော့
-ဖောင်းပြင်မှာ လေကြောင်းကပစ်
-မင်းတပ်နဲ့ထန်တလန်မှာ ဗုံးကြဲ
-June29 စကစ ၄၀ ကျော်သေ PDF၁ကျ
8 250
Jun29 Khophyu 9PM
-တန်ပြန်ထိုးစစ်အကြို စစ်ရေးစီမံချက်များစတင်နေပြီဟု NUGပြော
-ကရင်နီတပ်မတော် စစ်ဦးစီးချုပ်အပြောင်းအလဲလုပ်
-ဘီးလင်း ကျုံအိတ်တံတား မိုင်းခွဲခံရ
-ရေးက စကစရုံးတွေ ပိတ်ထားရ
-ပုဂ္ဂလိကဘဏ်အရာရှိ၄ဦး စကစနဲ့မပူးပေါင်းရန် သတိပေးခံရ
-မြန်မာ့စီးပွားရေးနာလန်ထရန် နှစ်များစွာကြာမည်ဟု ကမ္ဘာ့ဘဏ်ပြော
-Pact ချေးငွေလုပ်ငန်းပိတ်သိမ်း
-ပုလဲဗုံးကြဲမှု သေဆုံးသူ ၁၂ဦးရှိလာ
-စစ်ကိုင်း၌ ၅ရက်အတွင်း PDF+အရပ်သား၃၆ဦး ကျ
-ကရင်နီဒေသအများစု အင်တာနက်ပြတ်
-KNU တပ်မဟာ ၅+၆၊ ဝက်လက်၊ ဝိုင်းမော်မှာ လေကြောင်းကပစ်
-June25-28 စကစ120ခန့်သေ PDF 35ခန့်ကျ
8 250
Jun26 Khophyu 9PM
-မယ်စဲ့၌ လက်နက်ချသူတွေထဲ တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူး ပါဝင်ဟု NUG အတည်ပြု
-ထွက်ပြေး၊ လက်နက်ချသည့် စကစ ၁၀၀ ခန့်ရှိဟု ဆို
-ကရင်ပြည်၌ စကစ ခံစစ်အသွင်ပြောင်းလာ
-နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို မတိုက်ခိုက်ရန် PDFကို NUG ညွှန်ကြား
-ထွန်းမင်းလတ်နဲ့ဆက်စပ်တဲ့ ကုမ္ပဏီ၃ခု ဖျက်သိမ်း
-စစ်ကိုင်းပကဖ စခန်း၃ခု စီးနင်းခံရ၊ ၁၇ဦး ကျ
-ကျောက်ထုနဲ့ ဖားဆောင်းမှာ ဗုံးကြဲ
-သံတောင်ကြီးမှာ ကျောင်းပြန်မဖွင့်ပါက မာရှယ်လောထုတ်မည်ဟု စကစခြိမ်းခြောက်
-ရခိုင်က စစ်ရှောင်စခန်းတွေ ရေမြုပ်နေ
-မန်းရွှေဆိုင်တွေ အရောင်းပိတ်ထား
8 250
Jun25 Khophyu 9PM
-မယ်စဲ့က စကစ စခန်းအားလုံး ကရင်နီတပ်ပေါင်းစု သိမ်းယူ
-ကရင်နီပြည်က စကစမိသားစုတွေ ပြောင်းရွှေ့နေ
-ရေး နှစ်ကရင်ရဲစခန်းကို ကရင်ပူးပေါင်းတပ် ဝင်တိုက်၊ စကစ ဗုံးကြဲ
-US အရာရှိတွေနဲ့ NUGတွေ့ဆုံ
-စကစကို ပိတ်ဆို့ရန် ကနေဒါလွှတ်တော်၌ အဆိုတင်သွင်း
-စကစနဲ့ ပူးပေါင်းတာရပ်ဖို့ တရုတ်ကို NUCC တိုက်တွန်း
-မြန်မာ-ရုရှား စစ်ရေးလေ့ကျင့်မှု ဖျက်ဖို့ JFM တောင်းဆို
-ငွေကြေးခဝါချ blacklist ထဲ မြန်မာကို ဆက်ထည့်
-ငွေလွှဲလုပ်ငန်းရှင် ၅၁ဦး၊ ကုမ္ပဏီ ၃ခုကို စကစ အရေးယူ
-စကစနဲ့ အပစ်ရပ် EAO၅ခု တွေ့မည်
-June23-24 စကစ 90ခန့်သေ PDF 15 ခန့်ကျ
8 250
Jun23 Khophyu 9PM
-၂၀၂၁-၂၂ လူ့အခွင့်အရေးချိုးဖောက်မှု အာရှမှာ မြန်မာကသာ အနိုင်ယူဗိုလ်စွဲ
-အာဏာလုပြီးနောက် လိင်အကြမ်းဖက်မှု ၁၀၀ကျော် ဖြစ်ခဲ့
-PDF တွေ အလင်းဝင်တယ်ဆိုပြီး ဆုငွေလိမ်ထုတ်မှု တိုင်းမှူးတွေ သတိပေးခံရ
-တရုတ်ပိုင် တကောင်းတောင်နီကယ်စီမံကိန်း လည်ပတ်ရန် စကစ လုံခြုံရေးပေး
-မတရားဖမ်းထားသူတွေ ပြန်လွှတ်ပေးဖို့ US+အိန္ဒိယတောင်းဆို
-၁$ ကျပ်၂၉၀၀ ကျော်နဲ့ ဗဟိုဘဏ်အရောင်းအဝယ်လုပ်
-ရွှေစျေး ၃၂သိန်းခန့် ဖြစ်
-$ကောင်တာတွေ အရောင်းပိတ်၊ ဝယ်ရောင်းအချို့ အဖမ်းခံရ
-မိုးကုတ်မှာ ဗုံးကြဲ
-နောင်မွန်းမှာ ရေကြီးနေ
-June22 စကစ 40ခန့်သေ PDF၁ကျ
8 250
Jun22 Khophyu 9PM
-USက မြန်မာကို အကျပ်အတည်းဖြစ်အောင်လုပ်နေဟု စကစပြော
-ဘဏ်၂ခုကိုပိတ်ဆို့မှု တလရအဖွဲ့တွေ ကြိုဆို၊ MOGE ကို အရေးယူရန် တောင်းဆို
-နွေဦးဘဏ်မှာ ငွေကြေး ၄မျိုး ဝန်ဆောင်မှုပေးမည်
-အကူအညီပေးခွင့်ပိတ်မထားဖို့ စကစကို UKထပ်ပြော
-ဒီပဲယင်း NLD အမတ်ဟောင်းကို ပကဖ ဖမ်းဆီးစစ်ဆေး
-အဖမ်းခံရတဲ့ ရန်ကုန်အထည်ချုပ်လုပ်သားတွေ သတင်းပျောက်နေ
-KNU ခေါင်းဆောင်၅ဦးကို KNUဗဟို စစ်ဆေးမှု ကြန့်ကြာနေ
-ဟိုတယ် အများအပြား ရောင်းချလာ
-$ဈေး ၃၀၀၀ ကျော်လာ
-ဆန်စပါးသိုလှောင်မှုစာရင်း စကစကောက်မည်
-ဖရူဆိုနဲ့ တမူးမှာ လေကြောင်းကပစ်
-June21 စကစ 40ကျော်သေ
