en
Feedback
ခိုဖြူ Khophyu

ခိုဖြူ Khophyu

Open in Telegram

ဆက်သွယ်ရေးခက်ခဲတဲ့ကာလမှာ သတင်းအချက်အလက်တွေ ပို့ပေးမယ့် စာပို့ခို

Show more
8 250
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
Jan3-5 Khophyu 8PM -စကစနဲ့ ညီနောင်၃ဖွဲ့ တတိယအကြိမ် ဆွေးနွေးမည် -ဟိုပန်နဲ့ ပန်လုံကို UWSA ထိန်းချုပ်၊ ညီနောင်၃ဖွဲ့ အတူရှိနေ -လောက်ကိုင် ဒကစ လက်နက်ချ၊ မြို့ကို MNDAA သိမ်း၊ စကစတပ်နဲ့မိသားစု ၄၀၀၀ခန့် လိုရာသွားနိုင်ရေး စီစဥ်ပေးနေ -ကွတ်ခိုင်ကို သိမ်းရန် စကစဗျူဟာကုန်းသာကျန် စခန်းသိမ်း-မိုးမိတ်၁၊ နောင်ချို၁၊ ပလက်ဝ၂၊ ကညွတ်ကွင်း ၈ (ကာကင်း) စကစ စခန်းစွန့်-တောင်ငူ၂ -ရဟတ်ယာဥ် ၁စင်းကို KIAပစ်ချ -သံဘိုစခန်းသိမ်းပွဲ၌ ဒုဗိုလ်မှူးကြီ၁ဦးဖမ်းမိ -ရှမ်းမြောက် ကောင်းခါးပြည်သူ့စစ် KIA ထံ ခိုလှုံ -လွတ်ငြိမ်း ၉၇၀၀ကျော်မှာ နိုင်ကျဉ်း ၁၂၀ သာပါ

Jan1 Khophyu 8PM -မိုင်းငေါ့မြို့ကို TNLA သိမ်း -ကျောက်တော် တင်းမဗျူဟာကုန်းကို AA သိမ်း စခန်းသိမ်း-ရသေ့တောင်၁၊ မိုးမိတ်၁ စကစ စခန်းစွန့်-အင်းတော်၁ -လောက်ကိုင်က ထွက်ခွာရန် MNDAA သတိပေး -မန်းနန်းတွင်း ရှော့တိုက်ဒုံး ထပ်ထိ -မွန်မှာ စစ်ရှိန်မြှင့်မည် -နယ်စပ်ရာဇဝတ်တွေ ပူးပေါင်းတိုက်ဖျက်ရန်အသင့်ဟု KNU ပြော -ကျားဖြန့် ပူးပေါင်းနှိမ်နင်းမည်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကြိုးပမ်းမည်ဟု NDAA ပြော -လားရှိုး-နမ္မတူကြား အီနိုင်းတံတား မိုင်းခွဲခံရ -အသိမ်းခံရတဲ့မြို့တွေကို လက်နက်ဆန်း၊လေကြောင်းသုံး တိုက်မည်ဟု စကစ ပြော -ကိုးကန့်၌ ဓာတုဗုံးကြဲ

Dec29-30 Khophyu 8PM -စကစလုပ်မယ့် New Year ပွဲမှာ မပါရန် သတိပေး စခန်းသိမ်း-ပလက်ဝ၂၊ မြောက်ဦး၁၊ ကော့ကရိတ်၂၊ ဖယ်ခုံ၂၊ ကွတ်ခိုင်၁ -စကစ ၈၀ကျော် အိန္ဒိယဘက် ထွက်ပြေး -ဖယ်ခုံကို ထိန်းထားနိုင်ပြီဟု KNDF ထုတ်ပြန် -မြင်းခြံ ပျူရွာ၁ခုကို PDF သိမ်း -ရေတာရှည်မှ စကစန်ထမ်းတွေကို PDFတွေ တွေ့ဆုံစည်းရုံး -နေပြည်တော်က ကင်းစခန်းတွေရွှေ့၊ လွှတ်တော်လုံခြုံရေးတပ်တွေ သိမ်း -မုံရွာပလဖစခန်း ဝင်စီးခံရ -သေဒဏ်ကျ PDF၁ဦး ဆေးကုခွင့်မရ၍ ကျဆုံး -နမ္မတူ-သီပေါကြား တံတား မိုင်းခွဲခံရ -ပြည်သူ့ပါတီကို စကစ မှတ်ပုံတင်ချပေး -မဲခေါင် သတင်းဌာနကို လိုင်စင်ပိတ်

Dec28 Khophyu 8PM မြို့သိမ်း-နမ္မတူ၊ ဟောင်ဝစ်ဇာအပါအဝင် လက်နက်ခဲယမ်းများရ -လောက်ကိုင်တစ်မြို့လုံးနီးပါးကို MNDAA ထိန်းချုပ် -တရုတ်နိုင်ငံသားတွေ လောက်ကိုင်က အမြန်ဆုံးထွက်ဖို့ တရုတ်သံရုံးသတိပေး -ကော့ကရိတ်တိုက်ပွဲ ပြင်းထန် စကစ စခန်းစွန့်-စစ်ကိုင်း၁ -မော်လူးမှာ ပြည်သူ့အုပ်ချုပ်ရေး တည်ဆောက်နေ -ထီးချိုင့်မြို့သိမ်းတိုက်ပွဲ ယာယီရပ်နားထား -ရွှေပြည်အေးမြို့ကို စကစ ထိုးစစ်ဆင်၊ ကောလင်းမြို့ကို ဖြတ်၄ဖြတ် လုပ် -မြဝတီက ကျားဖြန့်ဂိုဏ်းတွေကို ဖြိုခွင်းပေးရန် ထိုင်းတောင်းဆို -တရားမဝင်လုပ်သားများထံမှပါ အခွန်ကောက်ရန် စကစကြိုးပမ်း

Dec27 Khophyu 8PM -စကစဟာ "စစ်ရာဇဝတ်မှုအကျူးလွန်ဆုံး စစ်တပ်" ဟု ညီနောင်၃ဖွဲ့ ပြော စခန်းသိမ်း-မူး၃၊ မြောက်ဦး၁၊ သပိတ်ကျင်း၁ -လောက်ကိုင်၊ ပဲနွယ်ကုန်း၊ နမ္မတူ တိုက်ပွဲ ပြင်းထန် -Lion Battalion Commando စစ်ကြောင်း KNLA ကွပ်ကဲမှုအောက် ကူးပြောင်း -၁၉ လအတွင်း မီးရှို့ခံရတဲ့ အလောင်း ၄၀၀ကျော်တွေ့ -နမ္မတူမှာ ဖုန်းနဲ့ အင်တာနက် ပြတ်နေ -ရန်ကုန်မှာ မီး ထပ်ပြတ်မည် -စကစနဲ့ တရုတ် ကျောက်ဖြူစီမံကိန်း လက်မှတ်ထိုး -အိမ်နီးချင်းနိုင်ငံတွေ အပြန်အလှန်ကူညီပေးဖို့ မအလပြော -မုန်းတိုက်ပွဲ၌ ပြန်လည်ခုခံခဲ့သည့် စစ်သားတွေကို စကစက ဒယ်နီအိုး၁လုံးစီ ဆုချ

Dec24-26 Khophyu 8PM -စကစ-ညီနောင်၃ဖွဲ့ ဒုကြိမ်ဆွေးနွေးပွဲ ပြေလည်မှုမရ -တလရအရှိန်မြှင့်ရန် ညီနောင်၃ဖွဲ့တိုက်တွန်း -နတ်သံကွင်းမြို့ကို ပူးပေါင်းတပ်တွေ ထိန်းထား စခန်းသိမ်း-လောက်ကိုင်၃ -စကစလက်နက်ကြီးထိ၍ မြောက်ဦးပြတိုက် ပျက်စီး၊ ထိရောက်စွာ တုံ့ပြန်မည်ဟု AA ပြော၊ အရေးယူနိုင်ရေးကြိုးစားမည်ဟု NUG ထုတ်ပြန် -လောက်ကိုင်၌ စကစစစ်ကူ ၁၀၀ခန့် လက်နက်ချ -နွေဦးဘဏ်၏ ပထမဆုံးဘဏ်ခွဲ ကောလင်း၌ ဖွင့်မည် -UMFCCI အား ဖျက်သိမ်းကြောင်း NUG ကြေညာ -နတ်တလင်းဒေသခံ ၇ဦးအားစကစ မီးရှို့သတ် -လားရှိုး အဝင်အထွက်ကို စကစ ပိတ်ထား -ပို့ကုန်ရငွေ စောပေးရန် စကစသတ်မှတ်

Dec23 Khophyu 8PM -မန်တုံကို TNLA သိမ်း -PDF တွေ နေပြည်တော်နားအထိ လှုပ်ရှားလာ -၁၀၁ ခြေမြန်တပ်မဌာနချုပ် တပ်မမှူးကို TNLA ဖမ်းမိ စကစ စခန်းစွန့်-အရာတော်၁ -NUG-MOD ၏တပ်ခွဲအဖြစ် ရေးဘီးလူးအဖွဲ့ ပူးပေါင်း -အကြမ်းဖက်မှုအစီရင်ခံစာပါ မြန်မာအပိုင်းကို USဖယ်ရှား -ဂန့်ဂေါ ပျူရွာက ဒေသခံ၂၀၀ ကျော်ထွက်ပြေး -လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ ဖွဲ့စည်း -ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကာဒီနယ်ချားလ်စ်မောင်ဘို တိုက်တွန်း -ထောင်ကျစစ်သား ၆၀၀ကျော်ကို စစ်မှုထမ်းဖို့ ထပ်လွှတ် -ဆီမှောင်ခိုစျေးကွက်ကို အရေးယူနေဟု စကစပြော -ရန်ကုန်မှာ ဆီ ပြန်တန်းစီနေရ

Dec21-22 Khophyu 8PM -တလရအဖွဲ့အချင်းချင်း စည်းလုံးမှုအားကောင်းရန် လိုနေဟု ညီနောင်၃ဖွဲ့ ထောက်ပြ -BNRA တပ်ဖွဲ့ဝင်အချို့ကို NUG တပ် ဖမ်းထား -တရုတ်စီမံကိန်းများလုံခြုံရေး ကာကွယ်ရန် တရုတ်သတိပေး စခန်းသိမ်း-ဂန့်ဂေါ၁ -မန္တလေးနန်းတွင်း လပခ ရှော့တိုက်ဒုံးထိ -စကစ သန်းခေါင်စာရင်းကို ကူမည်မဟုတ်ဟု ကုလပြော -MNDAA အဓမ္မစစ်သားစုဆောင်းနေဟု HRW ပြော -မန်တုံ တိုက်ပွဲပြင်းထန် -ပေါက်တောမြို့ကို စကစမီးရှို့ -စကစက လွိုင်ကော်ထောင်ကို ခံတပ်သဖွယ် သုံးနေ -ရန်ကုန်မှာ ဘလူးတုစပီကာရောင်းခွင့် ကန့်သတ် -စကစက အွန်လိုင်းအလုပ်ကြော်ငြာအတုတွေနဲ့ လူသစ်စုနေ

Dec20 Khophyu 8PM -"ငါမသေ ငါ့စခန်း မကျစေရ" ဆောင်ပုဒ် သမိုင်းမှာ ကျန်ခဲ့ပြီဟု ညီနောင်၃ဖွဲ့ပြော -လောက်ကိုင်တိုက်ပွဲ ပြင်းထန်နေ စခန်းသိမ်း-ကွတ်ခိုင်၁ စကစစခန်းစွန့်-ပူတာအို၁ -သံလွင်မြစ်ကမ်းဘေး စကစစခန်း ကုန်သလောက်ရှိပြီ -ရေး၌ စစ်ရှိန်မြှင့်မည် -စကစကို လောင်စာဆီ ပိတ်ဆို့ဖို့ NUCC တောင်းဆို -နမ့်ခမ်းတိုက်ပွဲမှာ TNLA ၅၀ခန့် ကျဆုံးခဲ့ -စစ်ရေးမယှဥ်နိုင်တဲ့ စကစ မူးယစ်ဆေးဝါးဖြင့်စွပ်စွဲကာ ညစ်လုံးထုတ်နေဟု AA ပြော -UWSP ၃၅နှစ်ပြည့် ပန်ဆန်း၌ ကျင်းပ -မဏိပူရထောင်မှာ ဆန္ဒပြတဲ့ မြန်မာတွေ ရိုက်နှက်ခံရ -မူဆယ်က စကစဝန်ထမ်းတွေ တရုတ်ဘက် ရွှေ့

Dec17-19 Khophyu 8PM -အတိုင်ပင်ခံ၏ အထူးအယူခံ ပယ်ချခံရ -ဦးကျော်မိုးထွန်း ကုလမှာ ဆက်ရှိ -စကစကို မကူဖို့ တရုတ်ထံ အိတ်ဖွင့်စာပို့ -လောက်ကိုင်ဝင်ပေါက်၌ MNDAA အလံလွှင့် မြို့သိမ်း-နမ့်ခမ်း စခန်းသိမ်း-နမ့်ခမ်း ဟားခါး မတူပီ ဖာပွန် ဖယ်ခုံ ၁စီ -မူဆယ်မြို့တွင်း စကစ ခံစစ်ပြင် -ဂန့်ဂေါမှာ ရင်းမှူးသေ -ရမ်းဗြဲ၊ ဒီပဲယင်း၊ ဆမီး၊ မန်တုံ တိုက်ပွဲပြင်းထန် -ရန်ကုန်မှာ Alpha Operation စ -စကစ အခွန်အပေါ် ထိုင်းရောက်မြန်မာတွေ ဆန္ဒပြ -ချင်းပြည် CJDC ဖျက်သိမ်း -ကော့ကရိတ် ကော့နွဲတံတား ပြိုကျ -လောက်ကိုင်မှာ လေကြောင်းကပစ် -စိုးဝင်း လားရှိုးသွား

Dec16 Khophyu 8PM -နမ့်ဆန်ကို TNLA သိမ်း -၁၀၅ မိုင်ဗျူဟာကုန်းမှာ AA အလံလွှင့်၊ သံချပ်ကာကားတွေ ရ -ခါမ်းပါတ်၌ စကစအသေများပြီး ထွက်ပြေး -မြိုင်တိုက်ပွဲ စကစဗျူဟာမှူး သေ -နမ့်ခမ်းမှာ စကစဗိုလ်မှူးကို အရှင်မိ -TNLAနဲ့ စကစ ၁ရက်ထဲ ၁၂နေရာ တိုက်ပွဲဖြစ် -TNLA ဒုဥက္ကဌနဲ့ စစ်ဦးစီးချုပ် ရှေ့တန်းကွင်းဆင်း -မြန်မာ့အရေး တရုတ်-အာဆီယံ တွေ့ဆုံ -တနင်္သာရီတိုင်း၌ တိုက်ပွဲ တဝက် လျော့ကျ -ရန်ကုန် ၁၁မြို့နယ်မှာ ဗုံးပေါက် -ရန်ကုန်မှာ ဆီပြန်ပြတ် -ထီးချိုင့်မှာ စကစ ဓာတုဗုံးသုံး -ရုရှားတိုက်လေယာဥ်၂စင်း စကစ စသုံးမည် -$သုံးစွဲမှု အထူးစိစစ်ရန် မအလပြော

Dec14-15 Khophyu 8PM -မူဆယ် ၁၀၅ မိုင်ဗျူဟာကုန်းနဲ့ ကုန်သွယ်ရေးဇုန်ကို ပူးပေါင်းတပ် ထိန်းချုပ် -စကစခန်း ၁၄၂ ခုကို AA သိမ်းပိုက်ထား စခန်းသိမ်း-မြစ်ကြီးနား၁၊ ဝိုင်းမော်၁ -နမ့်ဆန် ရွှေဖီဦးစက်ရုံကို TNLA သိမ်း၊ နောက်ဆုံးစခန်းကို ထိုးစစ်ဆင်နေ -NUG ဒုကာဝန် တောင်ပိုင်းတပ်တွေနဲ့ တွေ့ဆုံ -ရှမ်းမြောက်တိုက်ပွဲ အရှိန်လျော့ရန် တရုတ်မျှော်လင့် -မြန်မာ့ပြဿနာကိုဖြေရှင်းရေး ထိုင်းကဦးဆောင်သင့်ကြောင်း ထိုင်းပြော -ထိုင်း မြန်မာနယ်စပ်၌ မူးယစ်ဆေး စံချိန်တင် ဖမ်းမိ -ရဲမှူးချုပ်ကို စကစ ထောင်၃နှစ် ချ -စစ်မတိုက်ချင်တဲ့ စစ်ပြေးတွေကို ထောင်ပြန်ချ

Dec13 Khophyu 8PM -စကစနှင့် တွေ့ဆုံမှုကို မစိုးရိမ်ရန်နှင့် လူထု၏ ရည်မှန်းချက်များကို လျစ်လျူမရှု၊ နောက်လှည့်သွားမည်မဟုတ်ဟု ညီနောင်၃ဖွဲ့ထုတ်ပြန် -တလရအဖွဲ့တွေ ရှေ့ဆက်ချီတက်နေဟု NUG ကာကွယ်ရေး၀န်ကြီး ‌ပြော မြို့သိမ်း-မော်လူး စခန်းသိမ်း-ဖြူး၂ စကစ စခန်းစွန့်-မင်းပြား၂၊ ရွှေကျင်၁ -နမ့်ခမ်းမှာ စကစစ်ကူတွေ အသေများပြန် -အမ်း တိုက်ပွဲပြင်းထန် -ကရင်နီနိုင်ကျဥ်းများအစည်းအရုံး ဖွဲ့စည်း -စကစသမ္မတ မြင့်ဆွေ၏ ယောက္ခမအိမ် ဗုံးပေါက် -ရုရှား၊ တရုတ်နဲ့ အိန္ဒိယကို မြန်မာက ဗီဇာကင်းလွတ်ခွင့်ပေး -စစ်ပြေးတွေသာမက ထောင်ကျစစ်သားတွေကိုပါ စကစ ခေါ်ထုတ်နေ

Dec12 Khophyu 8PM -စကစလူပုဂ္ဂိုလ် ၄ဦး+ ကုမ္ပဏီ၂ခုကို EU ထပ်တိုးပိတ်ဆို့ -လက်ကျန် ကိုးကန့်သစ္စာခံတွေကို ဖမ်းပေးရန် တရုတ်က စကစကို ပြော -ပလက်ဝ နှုံးဘူးဗျူဟာကုန်းကြီးကို AA သိမ်း၊ စကစဗျူဟာမှူးသေ -မူဆယ်-၁၀၅မိုင်၊ နမ့်ဆန်၊ နမ့်ခမ်းမှာ တိုက်ပွဲပြင်းထန် -စကစတပ်သားတွေ ဘက်ပြောင်းရေးအစီအမံ ကရင်နီ IEC ထုတ်ပြန် -ခါမ်းပါတ်က မိဘမဲ့ကလေး ၃၆ဦးကို ပူးပေါင်းတပ် ကယ်ထုတ် -ပုလဲ NUG တရားရုံး ဗုံးကြဲခံရ၊ ၆ သေ -ဘိန်းအများဆုံးထုတ်သည့်နိုင်ငံ မြန်မာဖြစ်လာ -လူသတ်မှုအများဆုံး ၁၀ နိုင်ငံမှာ မြန်မာပါလာ -ကျိုင်းတုံထောင်က ထုတ်ထားတဲ့ စစ်ပြေး ၅၀ခန့်ထွက်ပြေး

Dec11 Khophyu 8PM -တရုတ်အကူအညီနဲ့ ညီနောင်၃ဖွဲ့နဲ့ ဆွေးနွေးခဲ့ဟု စကစထုတ်ပြန် စခန်းသိမ်း-နမ့်ဆန်၃၊ လားရှိုး၁၊ ကွတ်ခိုင်၁၊ လောက်ကိုင်၁ -စကစကို ဩစတြေးလျ ရှုတ်ချ -အာဏာရှင်တိုက်ဖျက်ရေး ပအိုဝ်းအားလုံးပါဝင်ဖို့ PNFC တိုက်တွန်း -ခမ်းပတ်မြို့မှ မိဘမဲ့ကျောင်းကို စကစစီးနင်း၊ ၃၆ဦး ဖမ်းထား -ပြည်ပရောက် မြန်မာလုပ်သားတွေထံက အခွန်ရဖို့ စကစကြိုးပမ်းနေ -မှော်ဘီလေတပ်နားက အိမ်၂သောင်းကျော်ကို စကစ ဖယ်ခိုင်း -မြဝတီ-ကော့ကရိတ် အာရှလမ်းမကို ပြည်သူ့တပ်တွေ ထိန်းချုပ်ထား -သားနဲ့သမီးကို ဖခင်မဲ့ မဖြစ်စေလိုဟု ကရင်နီပြည်မှာ ဖမ်းခံရတဲ့ စကစလေယာဉ်မှူး ပြော

Dec10 Khophyu 8PM -မြန်မာစစ်တပ်က အရာရှိ၊ စစ်သည်တွေ ပြည်သူ့ဘက် ကူးပြောင်းရန် တီမောသမ္မတ တိုက်တွန်း -မြန်မာနယ်စပ်လုံခြုံရေးအတွက် အိန္ဒိယ စိုးရိမ် -ကိုးကန့် ပသစခေါင်းဆောင် ပယ်ရှောက်ချိန်အပါ ၁၀ဦးကို တရုတ်ဖမ်းဝရမ်းထုတ် -ရရာနည်းလမ်းနဲ့ စကစကို တော်လှန်ရန် ညီနောင်၃ဖွဲ့တိုက်တွန်း -လွိုင်ကော်က ပြည်နယ်ရဲရုံးကို ပူးပေါင်းတပ်တွေ သိမ်း စခန်းသိမ်း-တမူး၁ -စကစလက်နက်ကြီးကြောင့် လွိုင်ကော်စျေး ပြာကျ -တပ်မဟာ ၁နယ်က ဝန်ထမ်းတွေ ပြည်သူနဲ့ပူးပေါင်းဖို့ KNU ထုတ်ပြန် -ဖမ်းမိထားတဲ့ ပသစ ၄၉ ဦးကို MNDAA ပြန်လွှတ် -စစ်တွေမှာ ဆီ ၁လီတာ ၃သောင်းဖြစ်လာ

Dec8 Khophyu 8PM -စက်သုံးဆီပြတ်လပ်မှု ပိုဆိုးလာ စခန်းသိမ်း-ကျောက်မဲ၁၊ မန်တုံ၁၊ မုန်း၁၊ ဗန်းမောက်၁ -ချင်းပြည်ခြေဥ အတည်ပြု၊ ရက်၆၀အတွင်း အစိုးရဖွဲ့မည် -လွိုင်ကော် ပါချုပ်အပါ ၅ဦးကို ငွေဒဏ်ချပြီး ပြန်လွှတ်မည် -KIA၂ဦး TNLA မိုင်းဆွဲ၍ သေဆုံး -BGFစောချစ်သူ အပါ ၃ဦးကို UK, US, ကနေဒါ ပိတ်ဆို့အရေးယူ -ညီနောင်၃ဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စကစ တောင်းဆို -စစ်ရှောင်ကူဖို့ စကစနဲ့ပါင်းပြီး အထူးအဖွဲ့ဖွဲ့မည်ဟု ထိုင်းပြော -၂၄ နာရီအတွင်း ထောင်ကျစစ်သား ၁ သောင်းကျော်ကို တပ်ထဲပြန်ခေါ် -ရွေးကောက်ပွဲ အကြားအလပ်မရှိ လုပ်မည်ဟု မအလထပ်ပြော

Dec7 Khophyu 8PM -ကိုးကန့်တိုက်ပွဲမှာ စကခမှူး ဗိုလ်မှူးချုပ် သေ စခန်းသိမ်း-မိုးကုတ်၁ -လောက်ကိုင်ကို အချိန်မရွေး သိမ်းနိုင်ပြီဟု MNDAA ပြော -ထီးလင်းတိုက်ပွဲ AA ပါဝင်တိုက်ခိုက်နေ -နတ်သံကွင်းမြို့သိမ်းတိုက်ပွဲမှ ပူးပေါင်းတပ်တွေ ပြန်ဆုတ် -စကစထံ လက်နက်စီးဆင်းမှု ရပ်ဖို့ ကုလကိုယ်စားလှယ်တိုက်တွန်း -ကျားဖြန့် ခေါင်းဆောင်တွေကို စကစ ကယ်ထုတ်ခဲ့ဟု MNDAA ပြော -ဆီကို လိုတာထက် ပိုမဝယ်ကြဖို့ စကစပြော -ထောင်ကျ စစ်ပြေးတွေကို စကစ ပြန်ခေါ်ထုတ် -စကစသံအမတ်ကို ကိုရီးယားက ဆုပေးပြီး ၈ရက်အကြာမှာ ပြန်ရုပ်သိမ်း -တိုက်ပွဲကျစစ်သားတွေကို မအလက ဘွဲ့တွေပေး

Dec6 Khophyu 8PM စခန်းသိမ်း-ပလက်ဝ၊ လောက်ကိုင်၊ ကျောက်မဲ၊ နမ့်ခမ်း၊ ဆိပ်ဖြူ ၁စီ -မြန်မာအတွက် ကုလအရေးပေါ်ရန်ပုံငွေ $၇သန်း ရ -စကစကို ICC မှာအရေးယူဖို့ Fortify Rights တိုက်တွန်း -နေပြည်တော်မှာလုပ်မယ့် မဲခေါင်ညီလာခံကို ဖျက်သိမ်းပေးဖို့ တောင်းဆို -တရုတ်ထဲ စကစ လက်နက်ကြီး ထပ်ကျ‌ -ငွေလဲနှုန်း သတ်မှတ်တော့မည်မဟုတ်ဟု ဗဟိုဘဏ်ကြေညာ -$နဲ့ ရွှေစျေး တက် -သီလဝါ၌ ဆီဘောက်ဆာ ထောင်ချီတန်းစီနေရ -အိမ်သုံး gas တွေစျေးတက် ပြတ်လပ် -ညိုစောကို ဘတ်ဂျတ် စိစစ်ဖို့ မအလ တာဝန်ပေး -မအလနဲ့ စိုးဝင်းကို ပူတင်က ဘွဲ့ပေး၊ ဘွဲ့လာပေးတဲ့လူကို မအလက ဘွဲ့ပြန်ပေး

Dec5 Khophyu 8PM -နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းရန် မအလ ထုတ်ပြောလာ -မိုက်တွင်းနက်တဲ့ဒဏ်ကို ဒေသခံတွေ ခံစားရမည်ဟု ခြိမ်းခြောက် စခန်းသိမ်း-ရှားတော၁ မိုးညှင်း၁ -လောက်ကိုင် မိုင်းလုံ ထီးလင်း ထီးချိုင့် ကော့ကရိတ် ကျိုက်မရော တိုက်ပွဲ ပြင်းထန် -ကောလင်းနဲ့ ဝန်းသိုက စကစဝန်ထမ်း ၁၅၀ကျော် အလင်းဝင် -တာချီလိတ်ထဲ တရုတ်ရဲတွေဝင်၍ ငွေလိမ်ဂိုဏ်းတွေဖမ်းဆီး -လောက်ကိုင် စစ်ရှောင်လူငယ်အချို့ MNDAA ၏ စစ်သားစုဆောင်းခံရ -ရန်ကုန်အပါ မြို့အများစုမှာ စက်သုံးဆီပြတ်၊ စက်မှုဇုန်တွေကို ဆီ မပေးတော့ -ရခိုင်သတင်းတွေမှာ မှတ်ချက်ရေးမျှဝေရင် အရေးယူမယ်လို့ စကစပြော