ခိုဖြူ Khophyu
Open in Telegram
ဆက်သွယ်ရေးခက်ခဲတဲ့ကာလမှာ သတင်းအချက်အလက်တွေ ပို့ပေးမယ့် စာပို့ခို
Show more8 250
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
8 250
Apr24 Khophyu 8PM
-ဖားကန့် ဆယ်ဇင်းစခန်းကို KIA ပူးပေါင်းတပ် သိမ်း
-BGF အကူအညီနဲ့ မြဝတီ ခလရ-၂၇၅ ကို စကစပြန်ထိန်းချုပ်
-ကရင်က ကျားဖြန့်တွေကို စောချစ်သူက အဓိကပံ့ပိုးနေဟု US အစီရင်ခံစာဖော်ပြ
-ချင်းလူထု အားကိုးနေရတဲ့ နယ်စပ်ဂိတ် အိန္ဒိယ ပိတ်ဖို့ပြင်
-စစ်တွေက ဘင်္ဂလားဒေ့ရှ်ထောင်သားတွေနဲ့ ဘင်္ဂလားဒေ့ရှ်ထဲဝင်ပြေးတဲ့ စကစတပ်သားတွေကို လဲလှယ်
-ဟားခါးက ဘုရားကျောင်းတွေမှာ လူ၅ဦးထက်ပိုမစုဖို့ စကစ အမိန့်ထုတ်
-မြစ်ကြီးနားထောင် ပစ်ခတ်မှု သေဆုံးသူ ၅ဦးရှိလာ
-ဗိုလ်ချုပ်ဟောင်းမြင့်လှိုင်ဆီက သန်းချီတန်တဲ့ ရတနာတွေ စကစသိမ်း
-စကစ က ဒရုန်းတပ် စသုံးလာ
8 250
Apr23 Khophyu 8PM
-စကစ အစည်းအဝေး စိုးဝင်းမတက်၊ လူလုံးမပြတာ ရက်၂၀ကျော်လာ
-ဟင်နရီဗန်ထီးယူကို စကစ အနားပေး
-ဒေါ်အောင်ဆန်းစုကြည် ထောင်ဝင်စာ နပတထောင်မှာ ဆက်လက်ခံ
-ရေတာရှည်၊ မြင်းခြံ၊ သံတွဲ၊ ရွှေပြည်အေး တိုက်ပွဲ ပြင်းထန်
-လူထုထိခိုက်မှုမများအောင် မြဝတီတိုက်ပွဲ ရပ်ထားဟု KNUပြော
-ကြားဝင်စေ့စပ်ရန် ထိုင်း ကမ်းလှမ်း
-ထိုင်းမှ စစ်ရှောင်၂၀၀၀ ခန့် နေရပ်ပြန်
-ထိုင်းဒုဝကခ မဲဆောက် ရောက်
-လေကြောင်း+လက်နက်ကြီးထိ၍ ၃လမှာ ၄၀၀ခန့် သေဆုံး
-စစ်သားစုဆောင်းရေး စကစ အရှိန်မြှင့်
-နပတPDFထံ ဆက်သွယ်လာသူ ၁၀၀၀ ကျော်ရှိ
-ကရင်နဲ့ ကရင်နီ၌သတင်းရယူမှု ကန့်သတ်
8 250
Apr12 Khophyu 8PM
-စကစစစ်သားတွေ လက်နက်ဖြုတ်သိမ်းမှ ထိုင်းထဲ ဝင်ခွင့်ရမည်
-စကစလေယာဉ်တွေနယ်ကျော်လာပါက ထိုင်းက ၅မိနစ်အတွင်းပစ်ချမည်
-ရေး ခလရ-၂၉၉ ကို မွန်ပူးပေါင်းတပ် တိုက်ခိုက်နေ
စခန်းသိမ်း-ဆော့လော်၂ မောင်တော၁
-၁၀၉ဦးပါ ဖားဆောင်းစစ်ကူစစ်ကြောင်း ၁ခုလုံးချေမှုန်းခံရ
-လွယ်ဂျယ် ခလရ-၁၄၂ထဲက ရတဲ့ ကျပ်သိန်း ၅သောင်းကျော် KIO ဘဏ္ဍာရေးဌာနထံ အပ်
-သင်္ကြန်မှာ လူစုလူဝေးမလုပ်ဖို့ AA သတိပေး
-USနိုင်ငံခြားရေးအကြံပေးနဲ့ NUGတွေ့ဆုံ
-လယ်ဆည်ဝကဟောင်းကို အဂတိမှုနဲ့ အမှုဖွင့်၊ အိမ်ကိုချိတ်ပိတ်
-MPTနဲ့ ပေါင်းတဲ့ ဂျပန်ကုမ္ပဏီ $သန်းချီ အရှုံးပေါ်နေ
8 250
Apr11 Khophyu 9:30PM
-မြဝတီစောင့် ခလရ-၂၇၅ကို KNLA ပူးပေါင်းတပ်တွေသိမ်း
-တပ်မမှူးအပါ ၂၀၀ခန့် ထိုင်းထဲဝင်ပြေးရန် ကတုတ်ကျင်းတူးပြီးစောင့်နေ
-မဲဆောက် အမှတ်၂ တံတားကို ထိုင်းပိတ်ထား
-မြဝတီလေကြောင်းရန် KNU သတိပေး
-ထိုင်းလေပိုင်နက် ကျော်ခွင့်မပြုဟု ထိုင်းဝကခပြော
-အေလာလေတပ် ထပ်တိုက်ခိုက်ခံရ၊ အထိအခိုက်များဟုဆို
စခန်းသိမ်း-ဖားကန့်၁
-AAနဲ့ လက်တွဲမည်ဟု ချင်းညီနောင် သဝဏ်လွှာပို့
-ကျားဖြန့်ဆက်နှိမ်နှင်းရန် စကစကို တရုတ်သတိပေး
-စစ်မှုထမ်းဟောင်းတွေကို သင်တန်းစပေးနေ
-ဆီဆိုင်မှာ နေရပ်ပြန်သူတွေ ပျောက်ဆုံးမှုများလာ
-ရွှေ+ $ဈေး အတက်ကြမ်းနေ
8 250
Apr9-10 Khophyu 8PM
-မြဝတီ တိုက်ပွဲပြင်းထန်၊ ဒေသခံတွေ ထိုင်းဘက်ရှောင်၊ ဘဏ်တွေပိတ်
-ဒုကြိမ် ပြည်သူ့ညီလာခံ ပြီးစီး၊ NUGနဲ့ CRPH နောက်ဆုံးနေ့ မတက်
-လွယ်ဂျယ်က လက်ကျန်စကစတွေ တရုတ်ဘက်ထွက်ပြေး
-စိုးဝင်း ရတခရောက်နေချိန် ဒရုန်းနဲ့ထပ်ဆော်၊ စကစ ၃၀ကျော် ထိ
-ကရင်နီပြည်သူ့စစ် စကစကိုတိုက်မည်ဟု ထုတ်ပြန်
-မြင်းခြံက အိမ်ထောင်ချီကို စကစမီးရှို့
-စကစအောက်က ပြည်သူတွေ လာခိုလှုံဖို့ AAပြော
-AA နယ်တွေမှာ ပိတ်မိနေတဲ့ ဝန်ထမ်းတွေကို စကစ လစာဖြတ်
-လယ်ဆည်ဝကဟောင်းကို စကစဖမ်း
-ပအကြိမ် စမထသင်တန်းတွေစ
-အပူရှပ်ပြီးသေသူ များလာ
-သင်္ကြန် ရန်ကုန် မီးပျက်မည်
8 250
Apr7-8 Khophyu 8PM
-သင်္ဃန်းညီနောင်မှ စစ်သား+မိသားစု ၆၀၀ကျော် လက်နက်ချ
-စစ်သုံ့ပန်းတွေ၏ ဆန္ဒမပါဘဲ ပြန်မပို့ဟု KNUပြော
-Apr 7-9 မဲဆောက်-ရန်ကုန် အထူးလေယာဥ်တွေ ဆင်းခွင့်ပြုဖို့ထိုင်းကို စကစ အပူကပ်
-Apr7 မှာ လူအချို့+ငွေတွေသယ်
-Apr8-9 ခရီးစဥ် စကစ ဖျက်
စခန်းသိမ်း-မောင်တော၁
-ပြင်ဦးလွင် DSAနဲ့ မင်္ဂလာဒုံ ထောက်လှမ်းရေးရုံးချုပ် ရှော့တိုက်ဒုံးထိ
-မြထွန်းဦးနဲ့အဖွဲ့ ဒရုန်းနဲ့ တိုက်ခိုက်ခံရ
-ဘူးသီးတောင်မှာ စကစဒုရင်းမှူးကို AA မိ
-ဟုမ္မလင်းက ပျု ၄ရွာ လက်နက်ချ
-စစ်ရှိန်မြှင့်ရန် မွန်ERO ၂ခု ပေါင်း
-စကစ အားနည်းလာပြီဟု ထိုင်းဝကခ ပြော
8 250
Apr6 Khophyu 8PM
-ဘူးသီးတောင် ခမရ-၅၆၄ ကို AA သိမ်း
-မိုးမောက်မှာ စကစဗျူဟာမှူးကို KIA ဖမ်းမိ
စခန်းသိမ်း-မိုးမောက်၁
-မြောက်ပိုင်း ဒကစမှူးနဲ့ စကခမှူးတို့ကို စကစဖြုတ်
-မိုးဗြဲ တိုက်ပွဲပြင်းထန်
-စလင်း ကပစ တိုက်ခိုက်ခံရ
-ချင်းပြည်ကို သွားတဲ့ စကစရိက္ခာကား ၇စီးကို PDF ဖျက်ဆီး
-မြဝတီမှာ အင်တာနက်နဲ့ဖုန်း ပြတ်တောက်
-သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်းကို မြန်မာဆိုင်ရာ ကုလအထူးသံ ခန့်
-နွေဦးဘဏ် ရှယ်ယာရှင်တွေကို အမြတ်ငွေ ခွဲပေးမည်
-သံဖြူဇရပ်အရပ်သား ၄ဦး PDF ဖမ်းဆီးစစ်ဆေးစဉ် သေဆုံး
-အပျော်တမ်းအဆင့် ဒရုန်းနဲ့ နပတအတိုက်ခံရဟု စကစပြော
8 250
Apr5 Khophyu 8PM
-နပတစစ်ဆင်ရေး ကြီးမားတဲ့အရွေ့ဟု NUG ပြော
-ခမရ-၃၅၇နဲ့ သင်္ဃန်းညီနောင်ဗျူဟာကို KNLA သိမ်း
စခန်းသိမ်း-မံစီ၁
-စကစကို လေယာဉ်ဆီ တင်ပို့မှုရပ်ရန် ကုလ လူ့အခွင့်အရေးကောင်စီ တောင်းဆို
-စစ်ရှောင်စံချိန်တင်များလာဟု ကုလပြော
-သန်းရွှေ၊ မောင်အေး၊ သိန်းစိန်တို့ကို တရုတ်သံ သွားတွေ့
-ရခိုင်မှာ အပစ်ရပ်ရန် တရုတ် ကြိုးစား
-UID ရှိမှ နယ်စပ်ပေးဖြတ်တော့မယ်လို့ စကစပြော
-ရခိုင်က ရိုဟင်ဂျာတွေကို စကစက ရက်တိုသင်တန်းပေးပြီး ရှေ့တန်းပို့
-ထိုင်းမှာ နယ်စပ်ဖြတ်ဝင်တဲ့ မြန်မာ ရာကျော် အဖမ်းခံရ
-အပူချိန်မြင့်လာ၍ ရုတ်တရက်သတိလစ်သူများ ရှိလာ
8 250
အပူချိန်က သိသိသာသာများလာနေပါတယ်။ မနှစ်က တင်ခဲ့ဖူးတဲ့ အပူဒဏ် အန္တရာယ် အသိပေးစာလေးကို ပြန်တင်လိုက်ပါတယ်။ SMS ၂ပိုင်းကို comment မှာ တင်ပေးထားပါတယ်။ ဆွေမျိုး၊ မိတ်ဆွေတွေဆီ SMS လေးပို့ပေးရင်း ဂရုစိုက်ပေးကြရအောင်ခင်ဗျာ။
8 250
Apr4 Khophyu 8PM
-နပတစစ်ရုံးချုပ်နဲ့ ဧလာလေတပ် ဒရုန်းတွေနဲ့ တိုက်ခိုက်ခံရ
-နပတမှာ အဝေးထိန်းစနစ်နဲ့ မောင်းတဲ့ကားတွေ့၊ မိုင်းရှင်းအဖွဲ့နဲ့ရှင်း
-နပတ တပ်ကုန်းရဲစခန်း ဗုံးကွဲ
-နည်းပညာတိုက်ပွဲတွေ ဆက်လာမယ်လို့ NUG ပြော
-ပေါက် ကပစ ရှော့တိုက်ဒုံး ထိ
-ရခိုင်က စခန်းကြီး၅ခုကို AA ထိုးစစ်ဆင်နေ
-ဒုအကြိမ်ပြည်သူ့ညီလာခံ ကျင်းပ
-ကော့ကရိတ်၊ ဆီဆိုင်၊ မိုးဗြဲ၊ ဖားဆောင်းတိုက်ပွဲပြင်းထန်
-မြေမြှုပ်မိုင်းကြောင့်သေဆုံးသူ ၃ဆတိုးလာ
-ထားဝယ်ထောင်မှ နိုင်ကျဉ်း၂ဦး အသတ်ခံရ
-၃လမှာ နိုင်ကျဉ်း၈ဦး သေဆုံး
-စစ်မှုထမ်းခိုင်း၍ နာဂဒေသက လူငယ်၂၀၀ခန့် ထွက်ပြေး
8 250
Apr2-3 Khophyu 8PM
-လွယ်ဂျယ်၌ စကစအုပ်ချုပ်ရေး ရပ်
စခန်းသိမ်း-မိုးမောက်၃၊ မြဝတီ၁
-အမ်း-ပဒါန်း လမ်းကို AA ပိတ်
-ဖာပွန်က ဘုန်းကြီးကျောင်းကို စကစ ဗုံးကြဲ၊ ၈ သေ
-ပဲနွယ်ကုန်းဈေး မီးလောင်၊ ဆိုင် ၄၀၀ကျော် ပျက်စီး
-အင်းစိန်ထောင်က နိုင်ကျဥ်း၇ဦး ပစ်သတ်ခံခဲ့ရ
-MOGE ကို USကုမ္ပဏီ ပစ္စည်းတွေဆက်ရောင်းနေ
-နယ်စပ်မှာ ထိုင်းက လက်နက်တွေထပ်မိ
-မူဆယ်က ကျားဖြန့်တွေကို စကစ-တရုတ် ပေါင်းဖမ်း
-မြန်မာနယ်စပ်၌ တရုတ်စစ်ရေးလေ့ကျင့်
-နေပြည်တော် လမ်းလျှောက်သင်္ကြန် ရုရှားပါမည်
-ရွှေလုပ်ငန်း ၇ခု အရေးယူခံရ
-စစ်မှုထမ်းကိစ္စ ငွေကောက်ရင် အရေးယူမည်ဟု စကစပြော
8 250
Apr1 Khophyu 8PM
-သက်တမ်း၇၀ရှိ မိုးမောက် စိန်လုံဗျုဟာစခန်းကြီးကို KIA သိမ်း
-မံစီမှာ စကစဗုံးကြဲ၍ တပ်မိသားစုအချို့ သေ
-နွေဦးထီအသစ်ဖွင့်၊ ကျပ်သန်း ၅၀၀ ဆု အပါ ဆု ၂၀၀၀၀ ကျော် ပေး
-ရေး-ထားဝယ် လမ်းမကို ညဘက်မသုံးရန် MSRF သတိပေး
-ကျောင်းသားတွေ လွတ်မြောက်ဒေသရောက်ဖို့ သမဂ္ဂတွေ ပူးပေါင်းဆောင်ရွက်နေ
-ရခိုင်တိုက်ပွဲမှာ သေဆုံးရိုဟင်ဂျာ ၈၀ခန့်ရှိလာ
-ဖျာပုံထောင် ပစ်ခတ်နှိမ်နင်းမှု အကျဥ်းသား ၁၇ဦး ဒဏ်ရာရ
-ရန်ကုန်မှ ၁ဦး စစ်သင်တန်းသွားပြီး ၄ရက်အကြာမှာ သေဆုံး
-ရန်ကုန်၌ လုံခြုံရေးပြန်တင်းကျပ်
-အရပ်သား သေ/ပျောက်အများဆုံး ၅နိုင်ငံထဲ မြန်မာ ပါ
8 250
Mar31 Khophyu 8PM
-ဖာပွန် ခလရ-၁၉နဲ့ စစန-၆၄၂ ကို KNU သိမ်း
-မိုးမောက်တိုက်ပွဲမှာ ၈၈ တပ်မမှူး သေ
-ကျားဖြန့်မှုနဲ့ ကာကွယ်ရေး ဒုဝက ကို စကစ ဖမ်း
-မန်း-လားရှိုးလမ်းမှာ TNLA-SSPP ပေါင်းပြီး တံတားထိုး
-မြဝတီမှာ BGF တွေ ကင်းလှည့်
-မုံရွာရဲစခန်း၌ နိုင်ကျဥ်း၁ဦး ကျဆုံး
-စစ်မှုထမ်းတွေကို စကစ အချိန်စောခေါ်ယူ
-နပတမှာ ဆန္ဒအလျောက် စစ်မှုထမ်းသူ ၁၈၀ ကျော်ရှိတယ်ဟု စကစပြော
-အင်းစိန် စုဆောင်းရေးတပ်မှာ ဗုံးကွဲ
-မြန်မာ-အိန္ဒိယ စစ်ဘက် ပူးပေါင်းရေး ဆွေးနွေး
-စစ်တပ်က Facebook သုံးပြီး အမုန်းစကား ဖြန့်ဝေခဲ့ဟု UN ပြော
-ပြည်ပကုန်သွယ်မှု ၁၁%ကျော် ကျ
8 250
Mar30 Khophyu 8PM
-စစ်သားစုဆောင်းမှုကို စုံစမ်း/တိုင်/အကြံယူနိုင်တဲ့ ဝန်ဆောင်မှု NUG စတင်
-လိုင်ဇာနဲ့ မိုးမောက်က စခန်း ၆၀ခန့် ကို KIA သိမ်းပိုက်ထား
-US နိုင်ငံခြားရေးအတိုင်ပင်ခံနဲ့ KNU-KNPP-KIO-CNF တွေ့
-စကစနဲ့ တရုတ်သံ တွေ့၊ ရခိုင်မှာ အပစ်ရပ်ဖို့ ကြိုးစားနေ
-ပုဏ္ဏားကျွန်းမှာ စကစ ဗျူဟာမှူး၊ ရင်းမှူး အပါ၂၀ကျော်ကို အသေမိ
-ရေတာရှည်မှာ မိုင်းထိ၍ စကစဒုဗမက သေ
-စမထ စာရင်းကောက်သူ ၂၂ ဦး အသတ်ခံထားရ
-စကစက ဆီဆိုင်ကို ပြန်သိမ်းနိုင်ပြီဟု ဝါဒဖြန့်နေဟု PNLA ပြော
-မူဆယ်က ကျားဖြန့်တွေကို စကစ ဖမ်း
-ပုသိမ် ဓာတ်ဆီဆိုင်တွေက ဆီတွေ စကစ သိမ်း
8 250
Mar29 Khophyu 8PM
-လွယ်ဂျယ်ကို KIA+PDF ထိန်းချုပ်
စခန်းသိမ်း-ဘူးသီးတောင်၁
-AA ထိုးစစ် မကွေးတိုင်းအထိ ရောက်လာ
-မအလကို အရေးယူဖို့ အာဆီယံကြိုးစားသင့်ဟု ကုလအထူးကိုယ်စားလှယ် ပြော
-မြန်မာတွေဝယ်၍ ထိုင်းကွန်ဒိုရောင်းအား ၂ဆတက်
-ရုရှားနဲ့ စကစ အကြိမ် ၅၀ကျော် စစ်ရေးကျင့်ဖို့ စီစဉ်
-ပေါက်ခေါင်းနဲ့ မြိုင် PDFစခန်း၂ခုကို စကစဝင်စီး
-နေပြည်တော် အုပ်ကြီးတွေ စစ်သင်တန်းတက်
-စမထစာရင်း တိုးကောက်ယူရန် ရန်ကုန်ဝကခ ဖိအားပေး
-ဒုရဲချုပ်ကို အရပ်ဘက်ပို့
-မန်းမှာ တရားသူကြီး၏ ရွှေဆိုင်ကို ဒုရဲအုပ်နဲ့အဖွဲ့က ဓားပြတိုက်
-ရွှေစျေး ၄၅သိန်းကျော်နဲ့ ဦးမော့
8 250
Mar28 Khophyu 8PM
-ဖာပွန်ကို ပူးပေါင်းတပ်တွေ ထိန်းချုပ်
-MNDAAနဲ့ စကစ တိုက်ပွဲပြန်ဖြစ်
စခန်းသိမ်း-မိုးမောက်၃ အမ်း၁
-အိန္ဒိယက စကစထံ စစ်စ္စည်းတွေ ရောင်းနေဟု JFM ပြော
-တရုတ်က မြန်မာလုပ်သား ၂၀၀ကျော် အလုပ်ထုတ်ပြီး ပြန်ပို့ခံရ
-MNDAAနဲ့ တိုက်ပွဲကို ဆွေးနွေးရေးနည်းနဲ့ ဖြေရှင်းမည်ဟု SSPP ပြော
-မူဆယ်မှာ ပြန်ပေးဆွဲမှု မကြာခဏဖြစ်နေ
-ထားဝယ်ထောင်က နိုင်ကျဥ်း ၁ဦး သတ်ဖြတ်ခံရ
-ငွေလဲလုပ်ငန်း ၁၀ခု အရေးယူခံရ
-တာချီလိတ်မှာ ကျားဖြန့်လုပ်နေတဲ့ တရုတ်၆၀ခန့် အဖမ်းခံရ
-မဥက္ကလာ အုပ်ကြီးအချို့နုတ်ထွက်
-ဆုံးရှုံးနယ်မြေတွေပြန်သိမ်းမည်ဟု မအလကြုံးဝါး
8 250
Mar27 Khophyu 8PM
-စစ်တပ်ကို ကနေဒါသံရုံး ပြင်းထန်စွားရှုတ်ချ
-ဘူးသီးတောင် ခမရ-၅၅၂ AA သိမ်း
စခန်းသိမ်း-ဗန်းမော်၃
-စကစ ကျည် တရုတ်ဘက်ကျ
-ဆီဆိုင်တိုက်ပွဲ ပြင်းထန်
-ကလေးတက္ကသိုလ်မှ ၁၀၀ ကျော်ကို ပအဖ ပြန်လွှတ်
-အရပ်သား သေစေမှုနဲ့ အဖွဲ့ဝင်၂ဦးကို KNDF ထောင်နှစ်၂၀ ချ
-မြန်မာကြက်ခြေနီကတဆင့် ထိုင်း အကူအညီပေးမှု KNU ဝေဖန်
-သိန္နီ၌ SSPPနဲ့ MNDAA ပစ်ခတ်မှုဖြစ်
-မောင်တောဆေးရုံအုပ်နဲ့ သမားတော်ကို စကစ ဝရမ်းထုတ်
-မပခနဲ့ နပခ တိုင်းမှူးတွေကို အပြောင်းအလဲ လုပ်
-စစ်မှုထမ်းဆေးစစ်ရန် စခေါ်နေ
-ရုရှား စစ်အရာရှိ ၂၀ကျော်ကို မအလ ဘွဲ့ပေးပြန်
8 250
အင်တာနက်တွေစတင်ဖြတ်တောက်ခံခဲ့ရတဲ့ အချိန်ကစလို့ သတင်းတိုတွေမျှဝေပေးနိုင်ဖို့အတွက် ခိုဖြူကို စတင်ခဲ့တာ Mar 24 မှာ ၃နှစ်ပြည့်ခဲ့ပါပြီ။
ဒီကာလမှာ အုတ်တစ်ချပ်၊ သဲတစ်ပွင့်အနေနဲ့ ပါဝင်နိုင်တာကို ဝမ်းသာမိပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့နေ့ရက် တွေကို မယုံနိုင်လောက်စရာ ခံနိုင်ရည်ရှိမှုတွေ၊ ရဲစွမ်းသတ္တိတွေနဲ့ ဖြတ်သန်းနေကြတဲ့သူ အယောက်စီတိုင်းကို လေးစားဦးညွတ်ပါတယ်။ ဆက်ပြီးတော့လည်း ကျွန်တော်တို့တွေရဲ့ မျှော်လင့်ချက်၊ အိပ်မက်တွေအတွက် ကိုယ်နိုင်ရာဝန်ကိုထမ်းရင်း တစ်ထောင့်တစ်နေရာကနေ ညီညီညွတ်ညွတ်နဲ့ ပါဝင်နေကြမယ်လို့ ယုံကြည်ပါတယ်။
ခိုဖြူရဲ့ ၃နှစ်တာခရီးမှာ အားပေးခဲ့ကြသူတွေ၊ စိုးရိမ်ပေးကြသူတွေ၊ ဝေဖန်အကြံပြုပေးကြသူတွေ အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်။ ပျက်ကွက်ခဲ့တဲ့ နေ့တွေ၊ လတွေ အတွက်လည်း အားနာရပါတယ်။
အပန်းမကြီးဘူးဆိုရင် ခိုဖြူနဲ့ ပတ်သတ်ပြီး အမှတ်တရအတွေ့အကြုံ၊ အကြံပြုချက် တစ်ခုခုကို comment ရေးပေးဖို့ တောင်းဆိုချင်ပါတယ်ခင်ဗျာ။
ကျေးဇူးတင်လျက်
ခိုဖြူ team
8 250
Mar23-26 Khophyu 8PM
-မိုးမောက် ခမရ-၃၈၇ + ၃၂၀၊ မံစီ ခလရ-၁၂၁ + ၄၇ ကို KIA သိမ်း
-မြို့ ၇ခုကို KNDF ထိန်းချုပ်ထားဟု KNDF ထုတ်ပြန်
စခန်းသိမ်း-မိုးမောက်၂၊ ကော့ကရိတ် ဘုတ်ပြင်း ရေဖြူ မောင်တော ၁စီ
-မောင်တောမှာ စကစ ၉၀ခန့် လက်နက်ချ
-မိတ္ထီလာ၌ စကစ အမောင်းသင် ရဟတ်ယာဉ် ၁စီး ပျက်ကျ
-လားရှိုးအနီး စကစ ခံစစ်ပြင်
-ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ AA ဖိတ်ခေါ်
-ကချင် နယ်လုံဝန်ကြီးကို စကစ ဖမ်း
-မြို့နယ် ၁၇၀ ကျော်မှာ စမထဥပဒေ အကောင်အထည်ဖော်နေ
-အုပ်ကြီး/အဖွဲ့ဝင် ၁၇ဦးခန့် အသတ်ခံထားရ၊ နုတ်ထွက်မှုတွေ ရှိလာ
-နက်ဖြန် စကစ နေဝင်ချိန်စစ်ရေးပြ လုပ်မည်
8 250
Mar22 Khophyu 8PM
-ရန်ကုန်ပကဖ ရဲဘော်တွေ တိုင်းစစ်ဌာနချုပ်ထဲ ဝင်ရောက်တိုက်ခိုက်၊ ထိခိုက်ဒဏ်ရာရမှုများဟု သိရ
စခန်းသိမ်း-လိုင်ဇာ၆၊ မိုးမောက်၂
-မြဝတီ တောလမ်း ပိတ်မည့်သတင်းကြောင့် ယာဥ်စီးခ တက်
-ထိုင်းမှာ အလုပ်ရမယ်ဆိုပြီး မြန်မာ ရာဂဏန်းကျော် အလိမ်ခံရ
-စမထ ဥပဒေကြောင့် စက်မှုဇုန်တွေမှာ လုပ်သားနည်းပါးလာ
-ရခိုင်မှာ ပဋိပက္ခဖြစ်အောင် စကစ ဖန်တီးနေ
-ရခိုင်၌ ဆေးဝါးပြတ်တောက်၊ ငွေသား ပြတ်လပ်
-မင်းတပ်၌ လေပြင်းတိုက်၍ အိမ်၂၀၀ ခန့် ပျက်စီး
-ဖယ်ခုံက ဆေးရုံ ဗုံးကြဲခံရ၊ ၂သေ
-ဆီဆိုင်မှာ ၂ရက်အတွင်း ဗုံးအလုံး ၁၀၀ ခန့် စကစ ကြဲ
-ရွှေဈေး ထပ်တက်
