en
Feedback
Union Liberation Front(ULF) ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး

Union Liberation Front(ULF) ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး

Open in Telegram

ပြည်သူကို ဗဟိုပြု ၊ ပြည်သူကို ဗဟိုပြု

Show more
701
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
တိုက်ပွဲသတင်းထုတ်ပြန်ချက် ရက်စွဲ။ (၂၂)ရက်၊ ဇန်နဝါရီလ၊ (၂၀၂၄)ခုနှစ် အကြောင်းအရာ။ ဆားလင်းကြီးမြို့နယ်အတွင်းအကြမ်းဖက်မှုများပြုလုပ်နေသော အင်အား(၈၀)ပါ စခစစ်ကြောင်းနှင့် (21.1.2024)နေ့လည် (1:30)အချိန်မှစပြီး ပုလဲ-ယင်းမာပင်-ဆားလင်းကြီး သုံးမြို့နယ် အစပ်နား လက်တောင်းငယ်ကျေးရွာအနီးမှာ တိုက်ပွဲကြာချိန် (၄)နာရီး နီးပါးထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။ တိုက်ပွဲဖြစ်စဥ်။ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၁၉)ရက် မုံရွာမြို့မှ ညောင်ပင်ကြီးဘက်သို့ ချင်းတွင်းမြစ်ကြောင်းမှ ကူးတို့ကူးပြီး အင်အား(၈၀)ပါ စခစစ်ကြောင်းသည် ဆားလင်းကြီးမြို့နယ်ထဲမှာ (၃)ရက်သာ စစ်ကြောင်းထိုးပြီး (21.1.2024)ရက်နေ့မှာ ပုလဲ-ယင်းမာပင်-ဆားလင်းကြီး သုံးမြို့နယ် အစပ်နား လက်တောင်းငယ်ကျေးရွာအနီးမှာ ခရိုင်ကွပ်ကဲရေး၏လမ်းညွှန်မှုဖြင့် ကျနော်တို့ ULF(ခရိုင် ပကခ တိုက်ခိုက်ရေးစစ်ကြောင်း)နှင့် ဒေသခံ LPDFများ၊ တပ်ရင်းတပ်ဖွဲ့များ မှ ကြားဖြတ်ဝင်ရောက်တိုက်ခိုက်ခဲ့ပါသည်။ တိုက်ပွဲကြာချိန် (၄)နာရီအတွင်းမှာ စခများဘက်မှ အထိနာပြီး ေ ခွးတေကောင် (၁၇)ကောင် မျက်မြင်တွေ့ရှိခဲ့ကာ ဒီထက်မကတေဆံုးမှုများလည်း ရှိနိုင်ပြီး ဒဏ်ရာရ ေခွးနာများလည်း ရှိခဲ့ပါသည်။ တိုက်ပွဲအတွင်း MA (3)တလက်၊ RPG အဖူး (4)ဖူး၊ 60 အဖူး (4)ဖူး၊ 40 မမ ဗုန်းသီး (15) လုံး၊ 5.56 ကျည် အတောင့် (2000)ကျော် နှင့် ခဲယမ်းပစ္စည်းအစုံ သိမ်းစည်းရမိခဲ့ပါသည်။ ULF(ခရိုင် ပကခ တိုက်ခိုက်ရေးစစ်ကြောင်း)မှ ရဲဘော်(5)ဦးလည်း အသက်အန္တရာယ် (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပါသည်။ ULF (ခရိုင် ပကဖ တိုက်ခိုက်ရေးစစ်ကြောင်း)

အကြမ်းဖက်ခွေးစစ်ကြောင်း ပုလဲမြို့နယ်မှ ယင်းမာပင်မြို့နယ်အတွင်းသို့ရောက်ရှိ ========================= 12.1.2024/11:14 AM ပုလဲမြို့နယ် သေတ္တရာရွာမှထွက်ခွာလာသည့်အကြမ်းဖက်ခွေးစစ်ကြောင်းသည် ယင်းမာပင်မြို့နယ် လည်ငေါက်ကျေးရွာနှင့် လက်တောင်းငယ်ကျေးရွာကြားသို့ရောက်ရှိနေကြာင်း သိရှိရသည်။ မိဘပြည်သူများ ဘေးအန္တရာယ်ကင်းပါစေ🙏 သတင်းများအချိန်နှင့်တပြေးညီ သိရှိစေရန် 📢Telegram Channel https://t.me/UnionLiberationFront #ulf_information #UnionLiberationFront

ခဝေးတယ်လီဂရမ်တွေမှာ ဖွကြတာ ULF(စစ်ကြောင်းမှူး)ခြေထောက်ထိသွားပြီး ပြန်လာမှာမဟုတ်တော့ဘူး ဘာညာပေါ့...... ဂေါင်းသေးတို့က အခုထိပြည
+1
ခဝေးတယ်လီဂရမ်တွေမှာ ဖွကြတာ ULF(စစ်ကြောင်းမှူး)ခြေထောက်ထိသွားပြီး ပြန်လာမှာမဟုတ်တော့ဘူး ဘာညာပေါ့...... ဂေါင်းသေးတို့က အခုထိပြည်သူကို အထင်သေးနေကြတုန်းပဲ...... စတိုက်ကတည်းက ခံယူချက်ပြင်းတဲ့ စိတ်ဓာတ်နဲ့တိုက်ခဲ့တာ အခုလည်း ဒီစိတ်ဓာတ်နဲ့ မြန်မြန်ပြန်လာခဲ့တာ..... ဂေါင်းသေးတို့ ခံစစ်သာ လုံအောင်ပြင်ထားကွာ။ #ULFစစ်ကြောင်းမှူးပြန်လာပြီ #၃မြို့နယ်မဟာမိတ်တပ်ပေါင်းစု #UnionLiberationFront_ULF

ဒီတစ်နှစ်ပတ်လုံး ကျွန်တော်တို့မနားခဲ့ဘူး ကျွန်တော်တို့ ပင်ပန်းနေပါပြီ ပြည်သူတွေလည်းပင်ပန်းနေတယ်ဆိုတာသိပေမယ့် ကျွန်တော်တို့ ဒီ
ဒီတစ်နှစ်ပတ်လုံး ကျွန်တော်တို့မနားခဲ့ဘူး ကျွန်တော်တို့ ပင်ပန်းနေပါပြီ ပြည်သူတွေလည်းပင်ပန်းနေတယ်ဆိုတာသိပေမယ့် ကျွန်တော်တို့ ဒီအထိရောက်အောင်လျှောက်ခဲ့ပြီးပြီ.... ရောင်နီလာမယ့်အချိန်ကိုလည်းမြင်နေရပြီ... ပင်ပန်းမှာချင်းအတူတူ ပန်းတိုင်လည်းနီးပြီမို့ မြန်မြန်ရောက်အောင် အားသွန်ခွန်စိုက် ပြိုင်တူရုန်းလိုက်ကြရအောင်.... အရိပ်လိုချင်နေပူကစောင့်တဲ့ ကျွန်တော်တို့နေပူထဲကနေပြီး နေရိပ်မယ့်အချိန်ကိုစောင့်မနေတော့ဘူး...... ပူမယ့်အတူတူ နေရိပ်ထဲရောက်အောင်ပဲ ကျွန်တော်တို့ ပြိုင်တူလျှောက်သွားလိုက်ကြရအောင်.... ULF(သုံးမြို့နယ်မဟာမိတ်တပ်ပေါင်းစု)

သတင်းထုတ်ပြန်ကြေငြာချက် ရက်စွဲ။ ။ (၂၆)ရက်၊ နိုဝင်ဘာလ၊ (၂၀၂၃)ခုနှစ် ================================== ယင်းမာပင်ခရိုင်၊ကနီမြို့နယ်၊မုံရွာ-ယာကြီး-ကလေးဝလမ်း တာဝါတိုင်ကုန်းစခန်းကို သုံးရက်၊လေးညအိပ်ခရီး ခြေလျှင်သွားပြီးချဥ်းကပ်ခဲ့ပြီး တိုက်ပွဲကိုနှစ်ရက်သာစဉ်နွှဲခဲ့ကာ နှစ်ရောက်‌မြောက်နေ့မှာ စခန်းကုန်းကို အလုံးစုံသိမ်းဆည်းနိုင်ခဲ့ပါသည်။ အ‌ကြောင်းအရာ။ ဖြစ်စဉ်(၁)/(၂၂.၁၁.၂၀၂၃)ရက်နေ့၊မနက်(၅:၃၀)အချိန်မှစ၍ ကနီမြို့နယ်၊ တာဝါတိုင်ကုန်းစခန်းကို ကျွန်ုပ်တို့ ULF(စစ်‌ကြောင်း)နှင့် ဒေသမဟာမိတ်တပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲကြာချိန်(၁)နာရီအတွင်းမှာ တာဝါတိုင်စခန်းကုန်း၏ ဘန်ကာကိုဖြိုရခါနီး(၂၃.တံတားဦးလေတပ်မှ Jet Fighter ဖြင့် (၄)ကြိမ်တိတိ လာရောက်ပစ်ခတ်သဖြင့် (ခတ္တ)ပြန်လည်ဆုတ်ခွာပေးခဲ့ပါသည်။ ဖြစ်စဉ်(၂)/(၂၃.၁၁.၂၀၂၃)ရက်နေ့၊ မနက်(၄:၃၀)အချိန်မှစပြီး စစ်ကောင်စီ၏တာဝါတိုင်ကုန်းစခန်းကို ဒုတိယအကြိမ် ထမ်မံထိုးစစ်ဆင်နွှဲခဲ့ပြီး မနက်(၁၀:၁၅)မိနစ်အချိန်ခန့်မှာ ၎င်းတာဝါတိုင်ကုန်းစခန်းကို အပြီးတိုင်ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်ကာင်စီမှ (၂၀)ဦးနှင့်အထက် ထိခိုက်‌ေတဆုံးပြီး ကျန်တဲ့စစ်အုပ်စုများ စခန်းစွန့်ခွာထွက်‌ပြေးခဲ့ပါသည်။ အကြမ်းဖက်စစ်ကောင်စီ၏စခန်းကုန်းကို သိမ်းပိုက်စဉ်အတွင်း ကျွန်ုပ်တို့ULF(စစ်ကြောင်း)နှင့်မဟာမိတ်တပ်ဖွဲ့များမှ ရဲဘော်(၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ညီနောင်မဟာမိတ်တပ်ဖွဲ့များမှ ရဲဘော်(၃)ဦး တိုင်းပြည်အတွက်အသက်‌ပေးလှူသွားခဲ့ပါသည်။ အကြမ်းဖက်စစ်ကောင်စီစခန်းကုန်းအတွင်းမှ သိမ်းပိုက်ရရှိသည့်ပစ္စည်းများလည်း ရှိခဲ့ပါသည်။၎င်းတို့မှာ ၁။ MA 4 တလက် ၂။ ကျည်မျိုးစုံ ၂၅၀၀၀ကျော် ၃။ ဗုံးသီး ၁၀၇ လုံး ၄။ Equipment 1 ခု ၅။ ကျည်ဘောက် ၂ ခု ၆။ မိုင်း ၁၆ လုံး ၇။ အီနာဂါ ၄ လုံး နှင့် တခြားစစ်သုံးပစ္စည်းများ သိမ်းဆည်းရမိခဲ့ပါသည်။ ၎င်းတာဝါတိုင်းစခန်းကုန်းသိမ်းပွဲကို ကျွန်ုပ်တို့ ULF(မဟာမိတ်တပ်ပေါင်းစု)နှင့်အတူ အမှတ်(၁) စစ်ဒေသယင်းမာပင်ခရိုင် တပ်ရင်း(၂)၊ ကနီမြို့နယ် ပကဖနှင့် ဒေသမဟာမိတ်တပ်ဖွဲ့များမှ ပူးတွဲမစ်ရှစ်ဆောင်ရွက်ခဲ့ပါသည်။

ULF(တပ်ပေါင်းစု)ရဲ့ စစ်ကြောင်းမှူး ပြန်လာမည် အရင်ကနဲ့မတူတဲ့ အားအင်တစ်ခုနဲ့ပေါ့….💪 #WelcomeBackOurCaptain #UnionLiberationFro
ULF(တပ်ပေါင်းစု)ရဲ့ စစ်ကြောင်းမှူး ပြန်လာမည် အရင်ကနဲ့မတူတဲ့ အားအင်တစ်ခုနဲ့ပေါ့….💪 #WelcomeBackOurCaptain #UnionLiberationFront_ULF #ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး #(၃)မြို့နယ်မဟာမိတ်တပ်ပေါင်းစု

သတင်းထုတ်ပြန် ကြေငြာချက် ရက်စွဲ။ ။ (၁၆)ရက်၊ နို၀င်ဘာလ၊ (၂၀၂၃)ခုနှစ် ================================== အကြောင်းအရာ။ ။ ဆားလင်းကြီးမြို့နယ်၊ ကျားတက်ကျေးရွာရှိ စခအင်အား(၈၅)ဦးခန့်ဖြင့် အထိုင်ချထားသော စစ်ကောင်စီစခန်းကို ကျွန်ုပ်တို့ ULF(မဟာမိတ်တပ်ပေါင်းစု)နှင့် ဒေသခံမဟာမိတ်တပ်ဖွဲ့များမှ (၂)ရက်သာ စောင့်ကြည့်တိုက်ခိုက်ခဲ့ပြီး (၃)ရက်မြောက်နေ့မှာ စစ်ကောင်စီဘက်မှအထိနာပြီး ကျားတက်ကျေးရွာရဲစခန်းကို စွန့်ခွာထွက်ပြေးခဲ့ပါသည်။ တိုက်ပွဲဖြစ်စဉ်။ ။ ဆားလင်းကြီးမြို့နယ်နှင့် ပုလဲမြို့နယ်အစပ်မှာတည်ရှိပြီး စစ်ကောင်စီ၏အချက်အချာ ကျသော နေရာတစ်ခုဖြစ်သည့် ကျားတက်ကျေးရွာရဲစခန်းကို (၁၃.၁၁.၂၀၂၃)မှ (၁၄.၁၁.၂၀၂၃) ရက်နေ့အထိ နှစ်ရက်သာ စောင့်ကြည့်တိုက်ခိုက်ခဲ့ပြီး (၁၅.၁၁.၂၀၂၃) နေ့လည်(၁)နာရီ အချိန်မှာ စစ်ကောင်စီဘက်မှ ကျားတက်ကျေးရွာရဲစခန်းကို စွန့်ခွာခဲ့ရပြီး ပုလဲမြို့ပေါ်သို့ စွန့်ခွာထွက်ပြေးခဲ့ပါသည်။ ၎င်းမစ်ရှင်ကို ULF(တပ်ပေါင်းစု)မှ ဒု-စစ်ကြောင်းမှူး ဗိုလ်မုတ်ဆိတ် ဦးဆောင်ပြီး ဒေသခံမဟာမိတ်တပ်ဖွဲ့များနှင့် ပူးတွဲမစ်ရှင် ဆောင်ရွက်ခဲ့ကာ ညီနောင်မဟာမိတ်တပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်။ Edit - တစ်နိုင်ငံလုံးမှာ EAOs များနှင့် PDF မဟာမိတ်တပ်ဖွဲ့များမှ မြို့သိမ်းတိုက်ပွဲများ၊ စခန်းသိမ်းတိုက်ပွဲများဖော်ဆောင်နေစဉ် တော်လှန်ရေးအားကောင်းသော ကျွန်ုပ်တို့ စစ်ကိုင်းတိုင်းအတွင်းမှ တော်လှန်ရေး၏ အရွေ့တစ်ခုကို ချပြလိုက် ရခြင်းဖြစ်ပါသည်။ စာကြွင်း - စခန်းသိမ်းပွဲလုပ်ဆောင်နေစဉ် (၁၄.၁၁.၂၀၂၃)ရက်နေ့ မနက်(6)နာရီ အချိန် မုံရွာ နမခမှ Mi 35 ရဟတ်ယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်တိတိ ပြုလုပ်ခဲ့ပါသည်။ #UnionLiberationFront_ULF #ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး #(၃)မြို့နယ်မဟာမိတ်တပ်ပေါင်းစု

သတင်းထုတ်ပြန်ကြေငြာချက် ======================= ရက်စွဲ။။ (၁၁)ရက်၊နို၀င်ဘာလ၊(၂၀၂၃)ခုနှစ် ဟုမ္မလင်းမြို့မှ ဆုန်စင်းလာ‌သော အကြမ်းဖက်စစ်ကာင်စီ၏ ထောက်ပို့ဖလပ်(၇)စီးကို ကနီမြို့နယ်၊ ချင်းတွင်းမြစ်ဘေးတစ်နေရာမှာ သောင်တင်နေစဉ် ကျွန်ုပ်တို့ ညီနောင်မဟာမိတ်တပ်ဖွဲ့များမှ (၇.၁၁.၂၀၂၃) မှ (၈.၁၁.၂၀၂၃)ရက်အထိ နှစ်ရက်သာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ နှစ်ရက်သာ ထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကာင်စီမှ အထိနာပြီး သောင်တင်နေသော ထောက်ပို့ဖလပ်(၇)စီးကို စွန့်ခွာထွက်ပြေးခဲ့ပြီး (၉.၁၁.၂၀၂၃)ရက်နေ့တွင် ကျွန်ုပ်တို့ ညီနောင်မဟာမိတ်တပ်ဖွဲ့များမှ ၎င်းထောက်ပို့ဖလပ်(၇)စီးကို သိမ်းဆည်းနိုင်ခဲ့ပါသည်။ ထောက်ပို့ဖလပ်(၇)စီး‌ပေါ်မှ သိမ်းဆည်းရမိပစ္စည်းများလည်းရှိခဲ့ပါသည်။၎င်းတို့မှာ ၁။ ဒီဇယ်ပေပါ (၁၀၀)လုံး ၂။ သစ်လုံးရေ (၂၀၀)လုံး ၃။ ယာဉ်ယန္တယား (၃)စီး ၄။ မော်တော်ဆိုင်ကယ် (၅)စီး ၅။ စက်ဘီး (၁)စီး တို့ဖြစ်ပါသည်။ ၎င်းစစ်ဆင်‌ရေးကို ကျွန်ုပ်တို့ ULF(မဟာမိတ်တပ်ပေါင်းစု)နှင့်အတူ ယင်းမာပင်ခရိုင်တပ်ရင်း ၂၁၊၂၂၊၂၃ KLG PDF၊ ယင်းမာပင်ခရိုင် တပ်မဟာ၊ BNRA၊ BLDF၊ KG တပ်ဖွဲ့၊ ဘိုးတော်နီ အဖွဲ့ နှင့် ဒေသခံ ပကခများမှ ပူးတွဲစစ်ဆင်ရေး ဆောင်ရွက်ခဲ့ပါသည်။ Edit - တစ်နိုင်ငံလုံးမှာ EAOs နှင့် PDF မဟာမိတ်တပ်ဖွဲ့များမှ မြို့သိမ်းတိုက်ပွဲများ၊ စခန်းသိမ်းတိုက်ပွဲများဖော်ဆောင်နေစဉ် တော်လှန်ရေးအားကောင်းသော ကျွန်ုပ်တို့ စစ်ကိုင်းတိုင်းအတွင်းမှ တော်လှန်ရေး၏ အရွေ့တစ်ခုကို ချပြလိုက်ရခြင်းဖြစ်ပါသည်။

10.11.2023 / 11:04 AM ယင်းမာပင်မြို့နယ် ဗြဟ္မဒါတ်ကျေးရွာကိုရောက်ရှိနေသော စစ်ကောင်စီအကြမ်းဖက်စစ်ကြောင်းဟာ ဘိုက်သရက်ကျေးရွာကို စတင်ဝင်ရောက်နေကြောင်း သတင်းရရှိပါသည်။ မိဘပြည်သူများ ဘေးအန္တရာယ်ကင်းပါစေ🙏 သတင်းများအချိန်နှင့်တပြေးညီ သိရှိစေရန် 📢Telegram Channel https://t.me/UnionLiberationFront #ulf_information #UnionLiberationFront

10.11.2023 / 9:09 AM ယင်းမာပင်မြို့အ.ထ.က ကျောင်းဝင်းအတွင်း တပ်စွဲ၍ညအိပ်ခဲ့သည့် အကြမ်းဖက်စစ်ကောင်စီအုပ်စုဟာ ဆားလင်းကြီးမြို့နယ် ဗြဟ္မဒါတ်ကျေးရွာသို့ ရောက်ရှိနေပြီး ယင်းမာပင်မြို့အတွင်းကျန်ရှိခဲ့သည့် ကားယာဥ်တန်းဟာလည်း ထွက်ခွာရန် ပြင်ဆင်နေကြောင်း သိရှိရပါသည်။ မိဘပြည်သူများ ဘေးအန္တရာယ်ကင်းပါစေ🙏 သတင်းများအချိန်နှင့်တပြေးညီ သိရှိစေရန် 📢Telegram Channel https://t.me/UnionLiberationFront #ulf_information #UnionLiberationFront

10.11.2023 / 8:53 AM ယင်းမာပင်ကထွက်လာသောခွေးကြောင်းရှေ့ပွိုင့်သည် ဆားလင်းကြီးမြို့နယ်၊ ဗျဟ္မဒတ်ရွာသို့ဘဝင်ရောက်နေကြောင်း သိရှိရသည်။ မိဘပြည်သူများ ဘေးအန္တရာယ်ကင်းပါစေ🙏 သတင်းများအချိန်နှင့်တပြေးညီ သိရှိစေရန် 📢Telegram Channel https://t.me/UnionLiberationFront #ulf_information #UnionLiberationFront

အောင်ပွဲသတင်းတွေကြားရတာ အားရကြတယ်မလား ဆက်ဆွဲကြတာပေါ့။ ဒီကနေပါဝင်ပါ 👇 #အောင်ပါစေ‌ကြောင်းကျည်တစ်သောင်းကမ်ပိန်း ဒီမှာလှူပါ👇👇 Union Liberation Front - ULF V 02 https://www.facebook.com/profile.php?id=100095091498394&mibextid=ZbWKwL ကျောက်လုံးကြီး KLG တပ်မဟာ https://www.facebook.com/profile.php?id=100089387556146&mibextid=ZbWKwL Chindwin Galone Yarzar Gureilla Defense Force https://www.facebook.com/profile.php?id=100075838849508&mibextid=ZbWKwL Triple Two https://www.facebook.com/profile.php?id=100075743325738&mibextid=ZbWKwL အမေစုနိုင် https://www.facebook.com/profile.php?id=100082540866783&mibextid=ZbWKwL NUG Pay ၊ SDB Banking ၊ Kpay ၊ Wave Pay စသည့် Digital Money များဖြင့် ပူးပေါင်းပါဝင်နိုင်ပါတယ်ခင်ဗျာ။ Union Liberation Front - ULF V 02

🙏မိဘပြည်သူများသို့ပန်ကြားလွှာ🙏 ကျွန်တော်/ကျွန်မတို့၏Wai Hin ချန်နယ်မှာ မိဘပြည်သူများနှင့် အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ထုတ်နိုင်ရေး တိုက်ပွဲဝင်နေကြသော တိုင်းရင်းသားညီအကိုမောင်နှမ ရဲဘော်၊ရဲဘက်များနှင့်တောင်ပေါ်မြေပြန့်မှပြည်သူအပေါင်းအား လေကြောင်းအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်ပြီး လေကြောင်းသတင်းများကို မိဘပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် နေ့စဥ်၂၄နာရီပတ်လုံး မနားမနေ တင်ဆက်ပေးလျှက်ရှိပါသည်။ ယခုနောက်ပိုင်း အကြမ်းဖက်စကစမှ လေကြောင်းတိုက်ခိုက်မှုတွေ များစွာလုပ်လာပြီး အပြစ်မဲ့ပြည်သူများအပေါ်  ပြစ်မှတ်ထား၍ ရက်စက်စွာဖြင့် အစုလိုက်၊အပြုံလိုက်သတ်ဖြတ်ခြင်းများအား လူမဆန်စွာကျူးလွန်နေပါသောကြောင့် အနန့်ပါ၊လက်ယက်ကုန်း၊ပဇီကြီး၊မုန်လိုင်ခက် ဒေသတို့၏ဖြစ်ရပ်ဆိုးမျိုး ထပ်မံ၍မဖြစ်ပေါ်လာစေရန်နှင့် တောင်ပေါ်၊မြေပြန့် တိုင်းရင်းသားပြည်သူ ညီအကိုမောင်နှမများနှင့်တကွ ဒေသအသီးသီးမှ တော်လှန်ရေးရဲဘော်တို့၏ အသက်၊အိုးအိမ်၊စည်းစိမ်ဥစ္စာတို့အား လေကြောင်းအန္တရာယ်မှ အချိန်မှီကာကွယ်၊ရှောင်ရှားနိုင်ကြစေရန်အတွက် မိဘပြည်သူများအနေဖြင့် တံတားဦး၊နေပြည်တော်၊မြစ်ကြီးနား၊နမ့်စန်၊တောင်ငူ၊မကွေး၊မဂ်လာဒုံ၊မိတ္ထီလာ၊မုံရွာ၊လားရှိုး၊ကန့်ဘလူ၊ပုသိမ်၊မော်လမြိုင် အစရှိသော လေတပ်၊လေဆိပ်များမှ စကစလေကြောင်း တက်/ဆင်း နှင့် မြို့ပေါ်၊ရွာပေါ် ဖြတ်သန်းသတင်းများအား လုံခြုံစိတ်ချစွာ သတင်းပေးခြင်းဖြင့် ဝိုင်းဝန်းကာကူညီပြီး အတူတကွပါဝင်ပေးကြပါရန် ကျွန်တော်/ကျွန်မ တို့၏*ဝေဟင်*ချန်နယ်မိသားစုမှ အနူးညွတ်မေတ္တာရပ်ခံအပ်ပါတယ် ရှင့်။ တယ်လီဂရမ်သတင်းChannel 👉 https://t.me/WaiHin တယ်လီဂရမ် Group👉 http://t.me/WaiHinChat တယ်လီဂရမ်တွင် လျို့ဝှက်သတင်း​ပေးပို့ရန် Bot 👉 http://t.me/WaiHinBot

1:13 AM / 6.11.2023 ပုလဲမြို့နယ်မှ စခကားတန်း ကျားတက်ရောက်သွားပြီး စစ်ကြောင်းက အေးကုန်းရွာမှာ ရောက်ရှိလာကြောင်း သိရှိရသည်။ မိဘပြည်သူများ ဘေးအန္တရာယ်ကင်းပါစေ🙏 သတင်းများအချိန်နှင့်တပြေးညီ သိရှိစေရန် 📢Telegram Channel https://t.me/UnionLiberationFront #ulf_information #UnionLiberationFront

8:56 AM / 5.11.2023 ယင်းမာပင်မြို့နယ်၊အောင်ဇေယျ အကျိုးအကန်းကုန်းပေါ်မှ စခများသည် ခရီးသွားပြည်သူများ၏ ဖုန်းများကို စစ်ဆေးပြီး အတင်းအဓ္ဓမ ငွေ‌ကြေးတောင်းနေတယ်လို့ ကြားသိရပါသည်။ မိဘပြည်သူများ ဘေးအန္တရာယ်ကင်းပါစေ🙏 သတင်းများအချိန်နှင့်တပြေးညီ သိရှိစေရန် 📢Telegram Channel https://t.me/UnionLiberationFront #ulf_information #UnionLiberationFront