863
Subscribers
No data24 hours
+27 days
+5130 days
Posts Archive
Our Song - Season 1 , 2019 [Group B - Part 2]
ပေ့ခ်ျ လိုဂို တခြားနာမည်ဖြစ်နေတာက အက်မင် အရင် အခြားပေ့ခ်ျကိုင်တုန်းက ပြန်ထားတာ ဖြစ်နေလို့ပါ။ ပြန်ပြောင်းဖို့ file size ကြီးလွန်းနေတာနဲ့ မနိုင်တော့လို့ =_==_=
Our Song - Season 1 [Group B - Part 1]
ပေ့ခ်ျ လိုဂို တခြားနာမည်ဖြစ်နေတာက အက်မင် အရင် အခြားပေ့ခ်ျကိုင်တုန်းက ပြန်ထားတာ ဖြစ်နေလို့ပါ။ ပြန်ပြောင်းဖို့ file size ကြီးလွန်းနေတာနဲ့ မနိုင်တော့လို့ =_==_=
Studio Weibo Update ✨ | 171024
"ရုတ်တရက် ကြယ်များ လင်းလက်လာပြီး ညအေမှာင်ယံကို လင်းထိန်သွားစေခဲ့တယ် 🌠"
မနေ့ည ပွဲတက် vlog လေးပါ
#XiaoZhan #肖战
#ရှောင်းကျန့်
#Daytoy肖战_XFXMyanmarFanClub
SOHU Fashion Weibo Update ✨ | 171024
"မနေ့ည Boucheron Glacier Event မှာ ရှောင်းကျန့်က ဘယ်လိုလက်ဝတ်ရတနာမျိုးကို ဝတ်ဆင်ထားလဲဆိုတာ သိချင်လား။ Sohu Fashion က ရှောင်းကျန့်ကို သီးသန့်မိတ်ဆက်ပေးဖို့အတွက် ဖိတ်ခေါ်ထားပါတယ်။ ရှောင်းကျန့်က အရမ်းဆွဲဆောင်မှုရှိပါတယ်လို့ ပြောပါရစေအုံး။ Sohu Fashion ယူဆောင်လာပေးမယ့် သီးသန့်အင်တာဗျူကို စောင့်မျှော်ကြရအောင်။ စပရိုက်တွေလည်း ရှိတယ်နော် ~"
ရှောင်းကျန့် - "ကျွန်တော် ဒီနေ့ ဝတ်ထားတာ ရေလှိုင်းသဏ္ဍာန်ရှိတဲ့ Boucheron CARTE BLANCHE OR BLEU ရင်ထိုးပါ။ အဲ့ဒါက ရေလှိုင်းအားကို အပြည့်အဝ ဖော်ပြပေးပါတယ်"
#XiaoZhan #肖战
#ရှောင်းကျန့်
#Daytoy肖战_XFXMyanmarFanClub
161024 | Boucheron Event In Beijing ✨
(အင်တာဗျူးအတို with ရှောင်းကျန့်)
🐰 - အားလုံး မင်္ဂလာပါ ကျွန်တော်က ရှောင်းကျန့်ပါ။ ဒီည Boucheron Carte Blanche or Bleu လက်ဝတ်ရတနာ ညစာစားပွဲမှာ ပါဝင်ခွင့်ရတာ တကယ်ဝမ်းသာပါတယ်။
🎤 (လက်ဝတ်ရတနာ) Collection တစ်ခုလုံးကို ကြည့်ပြီးနောက် ဘယ်လိုမြင်လဲ။
🐰 - Or Bleu အဆင့်မြင့်လက်ဝတ်ရတနာ collection က သက်ရှိအားလုံးရဲ့ အရင်းအမြစ် ဖြစ်တဲ့ ရေ (ပုံသဏ္ဍာန်အမျိုးမျိုး)ကို အခြေခံပြီး လုပ်ထားတယ်။ အဲ့ဒါက ဘရန်း (Boucheron) ရဲ့ တီထွင်ဆန်းသစ် လွတ်လပ်တက်ကြွပြီး စွမ်းဆောင်နိုင်တဲ့ အနေအထားကို ဖော်ပြနေတယ်။ ဒီနေ့ ပြထားတဲ့ အပိုင်းအစတွေထဲမှာ ရေတံခွန်(ပုံစံ) ၊ ရေခဲမြစ် ၊ သလင်းကျောက် နှင့် မတူညီကွဲပြားသော ရေ ပုံသဏ္ဍာန်အမျိုးမျိုးကို တွေ့ခဲ့ပါတယ်။ ခေတ်ရိုးစဉ်လာ လက်ဝတ်ရတနာဒီဇိုင်း ထက် ကျော်ပြီး ဘရန်း၏ ဒီဇိုင်းအပေါ် ခံယူချက် နဲ့ တီထွင်ဉာဏ်တို့ကို တကယ်ခံစားမိခဲ့ပြီး အရမ်းအံ့ဩသွားစေခဲ့ပါတယ်။
🎤 - ဟုတ်တယ်။ မင်းက အရာခပ်သိမ်းကို အာရုံစိုက်ပြီး (လက်ဝတ်ရတနာ) အပိုင်းအစ တိုင်းကို အချိန်ယူသေချာ ကြည့်နေခဲ့တာကို ကျွန်မလည်း သတိထားမိခဲ့ပါတယ်။ အခု ဒီက လူတွေကို မေးချင်ပါတယ် - ဒီနေ့ ရှောင်းကျန့်က တကယ်ကြည့်ကောင်းတယ်မလား။
🎤 အဲ့အတွက် လျို့ဝှက်ချက်က ဘာများဖြစ်မလဲ။
🐰 - အမှန်တိုင်းပြောရရင် ပုံမှန်လေ့ကျင့်ခန်းလုပ်တာမျိုး လုပ်ဖို့ပါပဲ။ တစ်နေ့ တစ်နာရီလောက် လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ယူပြီး အဲ့ဒါကို တစိုက်မတ်မတ် သေချာလုပ်ဖို့ပါပဲ။
🎤 - အများစုက သူတို့လည်း လုပ်တယ်လို့ ပြောနေကြတယ်
🐰 - အဲ့ဒါကြောင့်ပဲ အားလုံး ဒီနေ့ အရမ်းကြည့်ကောင်းနေကြတာ။
🎤 - ဟုတ်ပ။Boucheron GBA နဲ့ ဒီမှာ ရှိတဲ့ လူအားလုံးက အကောင်းမြင်စိတ်ရှိပြီး တက်ကြွနေကြတာပဲ။
🎤 - မင်းမှာ လူတိုင်းနဲ့ တွေ့ဖို့ စောင့်နေတဲ့ အလုပ်(ရုပ်ရှင်/ဒရာမာ)တွေ အများကြီးရှိတာ တွေ့ရတယ်။ မင်းရဲ့ နောက်ရုပ်ရှင်ကို ဘယ်တော့လောက်များ ကြည့်နိုင်မလဲ။
🐰 - ကျွန်တော်လည်း အားလုံးနဲ့အတူ စိတ်လှုပ်ရှားနေပါတယ်။ အတူတူစောင့်မျှော်ကြရအောင်။
🎤 - "အတူတူစောင့်မျှော်ကြရအောင်" ဆိုတော့ လာခါနီးပြီထင်တယ်နော်။ မင်း ကြိုးစားထားတဲ့ အလုပ်တိုင်းအတွက် ကျွန်မတို့ စိတ်လှုပ်ရှားနေပါတယ်။
🎤 - နောက်ဆုံးမေးခွန်းတစ်ခု ၊ ဒီနှစ်ကုန်ဖို့ နီးနေပြီဆိုတော့ နှစ်သစ်အတွက် မင်းမှာ မျှော်လင့်ထားတာ စီစဉ်ထားတာများ တစ်ခုခုရှိလား။
🐰 - နဂိုအတိုင်းပါပဲ ၊ အရာအားလုံး အဆင်ပြေချောမွေ့ပြီး ကျန်းမာနေဖို့ မျှော်လင့်ပါတယ်။
🎤 - ကျွန်မတို့တွေ စိတ်အေးချမ်းပြီး ကျန်းမာရေးကောင်းဖို့က အရေးကြီးဆုံးပါပဲ။ ရှောင်းကျန့်အတွက် အသံကျယါကျယ်နဲ့ လက်ခုပ်တီးပေးကြရအောင်။ ကျေးဇူးအများကြီးတင်ပါတယ်။
----------------------------
အကို့ နာမည် ခေါ်ပြီး ဖိတ်လိုက်တာနဲ့ ဖုန်းတွေ တန်းစီ ထုတ်သွားကြတာ 🤣 Lobster Jie ဆိုလည်း တကုန်းကုန်းနဲ့ ရှေ့သို့ ပြေးရှာတာ ချစ်စရာကောင်းချက်
XIAO ZHAN CARTE BLANCHE OR BLEU
#BoucheronDateWithXiaoZhan
#XiaoZhan #肖战
#ရှောင်းကျန့်
#Daytoy肖战_XFXMyanmarFanClub
+9
Studio Weibo Update ✨ | 171024
"လှိုင်းတံပိုးရိုက်ခတ်သံနောက် လိုက်ရင်း Boucheron GBA ရှောင်းကျန့်နဲ့အတူ (ဘရန်း)မိသားစု၏ ဒီနုပညာဒီဇိုင်းအလှကို တွေ့ကြုံခံစားဖို့ ခရီးနှင်ကြရအောင် 💙"
မနေ့ည ပွဲမှာ Boucheron က ငါးမိနစ်စာလောက်ပဲ ပွဲထဲ ရှိခဲ့တဲ့ သူတို့ GBA ကို လက်ဝတ်ရတနာ ငါးခု တောင် ဆင်ပေးခဲ့တာပဲ 🔥
Boucheron Event In Beijing [161024]
XIAO ZHAN CARTE BLANCHE OR BLEU
#BoucheronDateWithXiaoZhan
#XiaoZhan #肖战
#ရှောင်းကျန့်
#Daytoy肖战_XFXMyanmarFanClub
+3
Xiao Zhan Weibo Update ✨ | 171024
"အပြာရောင်ရေခဲမြစ်တွေကြား Boucheron CARTE BLANCHE OR BLEU နဲ့အတူ သဘာဝအသံကို နားဆင်ကြရအောင် 💙"
အကို ကိုင်ထားတဲ့ ဆွဲကြိုးက မနေ့ညပွဲမှာ ပြသွားတဲ့ လက်ဝတ်ရတနာတွေထဲ ဈေးအကြီးဆုံးပါတဲ့
#XiaoZhan #肖战
#ရှောင်းကျန့်
#Daytoy肖战_XFXMyanmarFanClub
+4
Double Eleven (11:11) ဈေးရောင်းပွဲတော်အတွက် ဘရန်းတွေ ထုတ်ပေးသည့် ပုံများ -
Kai Xiao Zao (14/10/24)
L'Oréal Pro (1610124)
#肖战 #XiaoZhan
Li-Ning Lifestyle Weibo Update ✨ | 151024
BTS video of GBA Xiao Zhan
နှင်းပျော်လူသားလေး တို့ကိုကိုက ❄️
#XiaoZhan #肖战
#ရှောင်းကျန့်
#Daytoy肖战_XFXMyanmarFanClub
အကိုက ဒီညနေမှာပဲ Yichang ကနေ ပေကျင်း ကို သွားပါတယ်။ 🍉 အရတော့ မနက်ဖြန် Boucheron Event တက်ဖို့ သွားတာပါတဲ့။ Boucheron ဘက်က လေယာဉ်စင်းလုံး ငှားပေးတယ်လို့ သိရပါတယ် 👀။ GBA အဖြစ် airbone ကြေညာပြီးကတည်းက Brand Event တိုင်းကို မတက်အားခဲ့တာ ဒီတစ်ခါတော့ Boucheron ဘက်က အကို ပွဲ တက်နိုင်ဖို့အရေး လေယာဉ်တစင်းလုံး ငှားပေးခဲ့ပုံပါပဲ - ဒါက အက်မင် အထင်သပ်သပ်။
မနက်ဖြန် အကို့ကို တွေ့ရတော့မယ် uwuuu
DXJZ ရိုက်ကူးရေးက မပြီးသေးပါဘူး။
#XiaoZhan #肖战
#ရှောင်းကျန့်
#Daytoy肖战_XFXMyanmarFanClub
L'Oréal Pro Weibo Update ✨ | 151024
မှော်ဆရာ မဟုတ်သော L'Oréal Pro ၏ GBA Xiao Zhan ❤️
https://t.me/xfxmyanmar
#XiaoZhan #肖战
#ရှောင်းကျန့်
#Daytoy肖战_XFXMyanmarFanClub
Li-Ning Lifestyle Weibo Update ✨ | 151024
"GBA Xiao Zhan က Parker Workwear Down Jacket နဲ့ SOFT PLUS style shoe တို့ကို ဝတ်ဆင်ထားပါတယ်"
https://t.me/xfxmyanmar
#XiaoZhan #肖战
#ရှောင်းကျန့်
#Daytoy肖战_XFXMyanmarFanClub
+5
ရှားတွေနဲ့အတူ ညနက်သန်းခေါင်ထိ စောင့်ပြီး BD wish ပေးကြတဲ့ ဘရန်းတွေပါ 🫶🏻
Hearttex
Liu Shen
Kai Xiao Zao
Angel [Water Purifier]
Yuanqi Forest
IF [Coconut Water]
1005 CHEERS TO XIAO ZHAN
#XiaoZhan33rdBDAY
#DoubleThreeXiaoZhanDay
Xiao Zhan Weibo Update ✨ | 051024
"ကျွန်တော်တို့အားလုံး ကျန်းမာပြီး အဆင်ပြေချောမွေ့ကြပါစေ ၊ ဟက်ပီးဘတ်ဒေး 🎈"
ပျော်ရွှင်စရာ မွေးနေ့ဖြစ်ပါစေ အကို 🫶🏻
1005 CHEERS TO XIAO ZHAN
#XiaoZhan33rdBDAY
#DoubleThreeXiaoZhanDay
အေးမြသော လေပြည်တွေက ကြွေကျလာသော သစ်ရွက်တွေကို တိုက်ခတ်လွင့်ပျံစေရင်း ဆောင်းဦးရာသီ၏ တိတ်တဆိတ်နှုတ်ဆက်သံက ရောက်လာချေပြီ။ မနက်ခင်း မြူနှင်းကြချိန် ၊ ကြယ်ရောင်တွေအောက် လျှောက်လှမ်းရချိန် တို့၏ အဖော်ပြုပေးမှုနှင့်အတူ မအားမလပ်တဲ့ ခြေလှမ်းတွေကြား နှစ်သစ်တစ်နှစ်ကို မင်း ကြိုဆိုခဲ့တယ်။
အရင်နှစ်တွေလိုပဲ ဒီနှစ်မွေးနေ့မှာလည်း မင်းက ရိုက်ကွင်းမှာပဲ ရှိနေပြန်တယ်။ မင်းကို အခွံသစ်တစ်ခုချင်းစီထဲက မတူညီသော ဘဝမျိုးစုံကို ကြုံတွေ့ခံစားစေတာက ကြည်နူးဖွယ်တိုက်ဆိုင်မှုတစ်ခုပါပဲ။ အပြင်ပန်းမှာ မတူညီဟန်ပေါ်ပေမယ့် ဒီမွေးနေ့တွေမှာ တူညီတဲ့အရာတစ်ခုတော့ ရှိပါတယ် - 'cut' ဆိုတဲ့ အော်သံရယ် ၊ သရုပ်ဆောင်တာကို ချွတ်ချပြီး မင်းအတွက် သာမာန်ပေမယ့် အရေးကြီးတဲ့ ရက်ကို ကြိုဆိုဖို့ မင်းရဲ့ နဂိုပုံမှန်အစစ်သို့ ပြန်သွားလိုက်ခြင်းတို့ပါ။
ထင်ရှားကျော်ကြားပါလျက်နှင့် မင်းက အလုပ်တိုင်းမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့တယ်။ မနက်ကနေ ညဉ့်နက်အထိ ဘဝင်ဟပ်တဲ့အချိန် တစက်မှ မရှိဘဲ အကောင်းဆုံးဖြစ်ဖို့ ကြိုးစားလုပ်ခဲ့တယ်။ အလုပ်မှာ မင်းက ဂီယာစက်တစ်ခုလိုမျိုး စည်းစနစ်ကျကျနဲ့ လုပ်တယ်။ လွန်ခဲ့သော ရက်ပိုင်းတွေမှာ မတူညီသော နေထွက်ချိန် နဲ့ နေဝင်ချိန် တို့ကို တွေ့ကြုံရင်း လမ်းတလျှောက် အလှတရားတွေကို ရပ်ပြီး ဖမ်းဆုပ်ထား၍ 'ဇာတ်ကောင်' အသစ်သို့ ပြောင်းရန် အင်အားတွေ စုဆောင်းခဲ့တယ်။
ကင်မရာပြင်ပမှာ မင်းဘဝကို 'ဆိုဖာ' လို ဖြစ်စေချင်တယ်လို့ မင်း တစ်ခါ ပြောခဲ့ဖူးတယ်။ သက်သောင့်သက်သာ အေးအေးဆေးဆေး လွတ်လွတ်လပ်လပ်နဲ့ ကမ္ဘာကြီးကို ကိုယ့်ဘာသာ ကိုယ့်စိတ်ကြိုက် ခံစားနိုင်ေအာင်လို့။ဥပမာ ကလေးဘဝက ရင်းနှီးနေသော လမ်းတွေပေါ် ပြန်လျှောက်ရတာမျိုးပဲ ဖြစ်စေ ၊ မိတ်သစ်ဆွေသစ်ကို နှုတ်ဆက်ရခြင်းပဲဖြစ်စေ ၊ နေရာအသစ် နဲ့ မတူညီသော ဘတလမ်းခရီးတွေကို စွန့်စားလေ့လာရတာပဲ ဖြစ်စေ စသဖြင့်ပေါ့။ ကံကောင်းစွာနဲ့ မင်းရဲ့ တက်ကြွမြူးကြွ ပုံစံ နဲ့ ဝမ်းမြောက်ဝမ်းသာ အပြုံးများကို မှတ်တမ်းတင်ထားနိုင်ခဲ့ပြီး အဲ့ဒါက ထိုအခိုက်အတန့်အားလုံးကို ပိုတန်ဖိုးရှိသွားစေပါတယ်။
လျှောစီးတဲ့အခါ ရင်ဖိုစရာကောင်းတဲ့ အမြန်နှုန်းနဲ့ ချောချောမွေ့မွေ့ သွားရချိန်ရှိသလို မမျှော်လင့်ထားတဲ့ အနှောင့်အယှက်တွေ ကြုံရချိန်လည်း ရှိပါတယ်။ ရှေ့ဆက်လျှောက်လှမ်းရတဲ့ ဘဝလမ်းခရီးလည်း ထိုနည်းတူပါပဲ။ မင်း အပြည့်အဝ ပျော်ရွှင်ရပြီး နောင်တရစရာမရှိဖို့ မျှော်လင့်ပါတယ်။ အချိန်မှာ ကိုးကားစရာ စံ သတ်မှတ်ထားတာ မရှိပါဘူး။ မင်းရဲ့ ပိုငြိမ်းချမ်းလာသော စိတ်သဘောထား နဲ့ မင်းသယ်ဆောင်ရတဲ့ ကြော့ရှင်းဖြောင့်မတ်သော ပုံရိပ်ကသာ သတ်မှတ်ပေးတာပါ။ ဒီနှစ်သစ်မှာ ရောင်စုံဆန်းပြားပြီး ရှုပ်ထွေးတဲ့ ဒီကမ္ဘာကြီးထဲ မင်းရဲ့ ကိုယ်ပိုင်ဥယျာဉ်ကို စိုက်နိုင်ပြီး မွှေးကြိုင်သော ပန်းရနံ့တွေကို လွတ်လပ်ပျော်ရွှင်စွာ ထွေးပွေ့နိုင်ပါစေ။
ပျော်ရွှင်ဖွယ် မွေးနေ့ဖြစ်ပါစေ ရှောင်းကျန့်
အရာအားလုံး အဆင်ပြေချောမွေ့ပါစေ
[Studio Weibo Update ✨ | 051024]
----------------------------------
မနေ့ည ဗီဒီယိုနဲ့ တင်ပေးထားသော စတူဒီယို၏ အကို့အတွက် BD wish ပါ။ ဒီမနက် 10:05မှာလည်း ပုံလေးတွေ ထပ်လာတင်ပေးမှာ (✷‿✷)
1005 CHEERS TO XIAO ZHAN
#XiaoZhan33rdBDAY
#DoubleThreeXiaoZhanDay
Song - Dragon Scales of Heaven and Earth
Singers - Many Artists
Greater Bay Area Concert Macau 2024
