en
Feedback
Islamic Institute of Burma

Islamic Institute of Burma

Open in Telegram

Islamic Institute of Burma အဖွဲ့အစည်းသည် မြန်မာဘာသာစကားဖြင့် အစ္စလာမ့်ပညာရပ်များကို အလွယ်တကူလေ့လာစေနိုင်ဖို့ ရည်ရွယ်ထားတဲ့ non-profit အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

Show more
2 268
Subscribers
No data24 hours
+37 days
+930 days
Attracting Subscribers
December '25
December '25
+9
in 0 channels
November '25
+22
in 0 channels
Get PRO
October '25
+36
in 0 channels
Get PRO
September '25
+30
in 0 channels
Get PRO
August '25
+44
in 0 channels
Get PRO
July '25
+43
in 0 channels
Get PRO
June '25
+41
in 0 channels
Get PRO
May '25
+35
in 0 channels
Get PRO
April '25
+41
in 0 channels
Get PRO
March '25
+37
in 0 channels
Get PRO
February '25
+23
in 0 channels
Get PRO
January '25
+49
in 0 channels
Get PRO
December '24
+93
in 0 channels
Get PRO
November '24
+82
in 0 channels
Get PRO
October '24
+90
in 0 channels
Get PRO
September '24
+81
in 0 channels
Get PRO
August '24
+105
in 0 channels
Get PRO
July '24
+81
in 0 channels
Get PRO
June '24
+136
in 0 channels
Get PRO
May '24
+47
in 0 channels
Get PRO
April '24
+65
in 0 channels
Get PRO
March '24
+109
in 0 channels
Get PRO
February '24
+89
in 0 channels
Get PRO
January '24
+106
in 0 channels
Get PRO
December '23
+1 506
in 0 channels
Date
Subscriber Growth
Mentions
Channels
12 December0
11 December+2
10 December+1
09 December0
08 December+2
07 December0
06 December+1
05 December0
04 December0
03 December0
02 December+2
01 December+1
Channel Posts
အွမ္မသ်အတွင်း စည်းလုံးမှုကို ဘယ်လိုဖော်ဆောင်မလဲ။ | Dr. Yasir Qadhi https://youtu.be/YtSOCoZ8i7E?si=5sXlWLDWNHAuYoy3 စာဖတ်သူ မိတ်ဆွေဟာ သာမန် မွတ်စ်လင်မ်တစ်ဦးဖြစ်နေလင့်ကစား မွတ်စ်လင်မ်တွေကြားက ဂိုဏ်းဂဏကွဲပြားမှုတွေ၊ အငြင်းပွားမှုတွေကို ကြားဖူးမြင်ဖူးပါလိမ့်မယ်။ Facebookလို ဆိုရှယ်မီဒီယာပလက်ဖောင်းတခုကို ဖွင့်လိုက်တာနဲ့ ဒီအကွဲအလွဲတွေကို မြင်နေရတဲ့ အခုလိုခေတ်မျိုးမှာဆိုရင် ဒါဟာ ရှောင်ချင်လျက်နဲ့တောင် ရှောင်မရနိုင်တော့တဲ့ အခြေအနေ တစ်ရပ်လို ဖြစ်လာပါပြီ။ အတွင်းကစည်းတွေ ဒီလို ဖရိုဖရဲဖြစ်နေကြတာနဲ့အတူ မွတ်စ်လင်မ် (အွမ္မဟ်) လူထုရဲ့အပြင်စည်းတွေဟာလည်း တဖက်မှာ ပြိုလဲနေပါတယ်။ ဒီလိုအခြေအနေဟာ အတွင်းက မတူညီကွဲပြားမှုတွေအနောက် လိုက်နေကြရမယ့်အစား စည်းလုံးညီညွတ်ကြရမယ့် အခြေအနေဖြစ်ကြောင်း မွတ်စ်လင်မ်လူထုအကျိုးကို လိုလားသူတိုင်း လက်ခံကြပါလိမ့်မယ်။ ဒီလိုစည်းလုံးညီညွတ်မှုကို ဘာကြောင့် ဖော်ဆောင်ဖို့လိုအပ်တာလဲ၊ ဘယ်လို ဖော်ဆောင်ရမလဲဆိုတာကို ဒီရုပ်သံ အစီအစဥ်မှာ အမေရိကန် နာမည်ကျော် မွတ်စ်လင်မ်ပညာရှင် ဒေါက်တာ ယာစိရ်ကာဒီးက အထက်ပါ အချက်တွေနဲ့အတူ စည်းလုံးညီညွတ်မှု တစ်ရပ်ကို ဖော်ဆောင်တဲ့အခါ အင်မတန် အရေးပါလှတဲ့ ‘’ရှိနေတဲ့ မတူညီ၊ ကွဲပြားမှုတွေအပေါ် ဘယ်ပုံ ဘယ်နည်း အမြင်တွေ ထားသင့်လဲ၊ ဘယ်လို ဘယ်ပုံ ကိုင်တွယ်သင့်သလဲ’’ ဆိုတာကိုပါ သိစရာမှတ်စရာ အချက် (၇) အနေနဲ့ထုတ်နှုတ်ပြီး ဓမ္မဒိဌာန်ကျကျ တင်ပြထားပါတယ်။ ဒီ ဗီဒီယိုလေးကို ကြည့်ရှု့ နားဆင် ချင်ရင် အောက်ပါ YouTube လင့်ကနေ တဆင့် ဝင်ရောက် ကြည့်ရှု့ နားဆင် နိုင်ပါတယ်။ https://youtu.be/YtSOCoZ8i7E?si=5sXlWLDWNHAuYoy3

2
လွယ်ကူလေ့လာနိုင်ခြင်းသည် ဤအစောပိုင်းထိန်းသိမ်းမှုများ၏ အမွေအနှစ်ကို သက်သေပြနေသည်။ ဤကျယ်ပြန့်သော ထိန်းသိမ်းမှု နည်းဗျူဟာသည် ကုရ်အာန်၏ စစ်မှန်မှုနှင့် အလ္လာဟ်အရှင်မြတ်၏ နောက်ဆုံး သတင်းစကားအား ကာကွယ်မည်ဟူသော ကတိတော်ကို ပေါ်လွင်စေသည်။ (✔မှတ်ချက် - Yaqeen Institute၏ “How the Qur'an Was Preserved During the Prophet's ﷺ Time” ဆောင်းပါး၏ အကျဥ်းချုပ် ကို သင့်လျောစွာ ဘာသာပြန်ထားသည်။) (📕Source - Yaqeen Institute) 🖋️Posted by Sitt Hmu Naing
360
3
✨တမန်တော် မုဟမ္မဒ် (ဆွ) ခေတ်တွင် ကုရ်အာန်ကျမ်းမြတ်ကို ဘယ်လိုထိန်းသိမ်းခဲ့ပါသလဲ။ ကုရ်အာန်အား နည်းလမ်းကျစွာ ထိန်းသိမ်းခဲ့ခြင်းသည် လက်တွေ့ကျသော နှုတ်တိုက်ရွတ်ဆိုမှုနှင့် စာဖြင့် မှတ်တမ်းတင်မှု (၂) မျိုးလုံးကို တမန်တော်မြတ် (ဆွ) ၏ ခေတ်ကာလအတွင်း အလေးထား ဆောင်ရွက်ခဲ့သည့် အချက်ပေါ်တွင် အခြေခံသည်။ ကုရ်အာန်၏ စာသားအား ထိန်းသိမ်းခြင်းသည် အလ္လာဟ်အရှင်မြတ်၏ နောက်ဆုံး ဗျာဒိတ်တော်ကို ကာကွယ်မည်ဟူသော ကတိတော်နှင့် အညီဖြစ်ပြီး၊ ဤကတိတော်အား နှုတ်တိုက်ရွတ်ဆိုမှုနှင့် စာဖြင့်မှတ်တမ်းတင်မှုတို့ဖြင့် တင်းကျပ်စွာ ထိန်းသိမ်းခဲ့သည်။ ကုရ်အာန်အား "ကုရ်အာန်" နှင့် "ကိသာဗ်" (စာအုပ်) အစရှိသော အမည်များဖြင့် ခေါ်ဝေါ်ခြင်းသည် ၎င်း၏ ထိန်းသိမ်းမှု နည်းလမ်း (၂) မျိုးဖြစ်‌သော —နှုတ်တိုက်ရွတ်ဆိုခြင်းနှင့် စာဖြင့်ရေးသားခြင်းတို့ကို ညွှန်ပြနေသည်။ ဤ (၂) မျိုးပေါင်းစပ်မှုသည် ကုရ်အာန်၏ နည်းပညာဆိုင်ရာ အဓိပ္ပါယ် ဖွင့်ဆိုချက်၊ ဆိုလိုသည်မှာ တမန်တော်မြတ် (ဆွ) မှ လက်ဆင့်ကမ်းခဲ့သော အလ္လာဟ်အရှင်မြတ်၏ မုက္ခပါဌ်တော်များ ဖြစ်သည်။ ပညာရှင်အချို့က ခလီဖာ အွတ်စ်မာန်း အိဗ်နု အဖ္ဖါးန် (ရဒွီ) အုပ်ချုပ်စဥ်က ကုရ်အာန် စုစည်းမှုသမိုင်းကို အဓိကထားလေ့လာကြသော်လည်း၊ ဤတွင် အလေးထားသည်မှာ တမန်တော်မြတ် (ဆွ) နှင့် သူ၏ သာဝကများက ကုရ်အာန်အား မည်သို့ ဂရုတစိုက် ထိန်းသိမ်းခဲ့သည်ကို လေ့လာခြင်း ဖြစ်သည်။ ဤပို့စ်အတွက် အစ္စလာမ့် အရင်းအမြစ်များကို အခြေခံပြီး၊ ခေတ်သစ်ပညာရှင်များ၏ အမြင်များဖြင့် ဖြည့်စွက်တင်ပြထားသည်။ အနောက်တိုင်းပညာရှင်များနှင့် ပြုပြင်ရေးဝါဒီများက ကုရ်အာန်၏ စစ်မှန်မှုကို ဝေဖန်ကြပြီး အစောပိုင်းအလွတ် ကျက်မှတ်မှု အားနည်းခြင်း၊ စာမဖတ်တတ်ကြသူများဖြစ်ခြင်းနှင့် အစောပိုင်း ကုရ်အာန် စာရွက်စာတမ်းများ ရှားပါးခြင်းတို့ကို ကိုးကားကြသည်။ သို့သော် ကုရ်အာန်၏ ထိန်းသိမ်းမှုသည် ရှေးကဗျာ လင်္ကာများထက် သာလွန်ခဲ့သည်။ ၎င်းကို အလွတ်ကျက်မှတ်ခြင်း၊ ကျမ်းစာကျရောက်သည်နှင့် တစ်ပြိုင်နက် ရေးမှတ်ခြင်း၊ အဆက်မပြတ် ရွတ်ဆိုပြန်လည်သုံးသပ်ခြင်းနှင့် ကျင့်သုံးမှုများက သက်သေပြနေသည်။ ဘာသာ‌ရေးအရ လူသား၏ မေ့လျော့မှုရှိသော်လည်း အလ္လာဟ်အရှင်မြတ်၏ စောင့်ရှောက်မှုဖြင့် တမန်တော် (ဆွ) အား ထိန်းသိမ်းပေးခဲ့သည်။ 📌နှုတ်တိုက် လက်ဆင့်ကမ်းမှု နည်းလမ်းများ တမန်တော်မြတ် (ဆွ) သည် ကုရ်အာန်အား လူထုရှေ့တွင် ရွတ်ဆိုခြင်း၊ နီးစပ်ရာသင်ကြားခြင်း၊ သာသနာပြုရာတွင် ရွတ်ဆိုခြင်း၊ ပညာရေး ဆွေးနွေးပွဲများ၊ (ဆွလာဟ်) ဝတ်ပြုမှုတွင် ရွတ်ဆိုခြင်း၊ တရားဟောရာတွင် ရွတ်ဆိုခြင်း၊ ခရီးသွားလာစဉ် ရွတ်ဆိုခြင်းနှင့် သာဝကများအား အစ္စလာမ် ဘာသာဝင် အသစ်များကို သင်ကြားရန် တာဝန်ပေးခြင်းစသည့် နည်းလမ်းမျိုးစုံဖြင့် သင်ကြားခဲ့သည်။ အစောပိုင်း သာဝကများအား "ကာရီ" (ရွတ်ဆိုသူများ) နှင့် "ဟွဖ္ဖါဇ်ွ" (အလွတ်ကျက်သူများ) အဖြစ် ဂုဏ်ပြုခဲ့ပြီး၊ သူတို့သည် ကုရ်အာန်ကျမ်းအား ကျက်မှတ်၊ လက်ဆင့်ကမ်းရာတွင် အဓိက အခန်း ကဏ္ဍမှ ပါဝင်ခဲ့ကြသည်။ တမန်တော်မြတ် (ဆွ) ၏ သင်ကြားမှုတွင် "အိက်ရာအ်" (ဆရာက ရွတ်ပြပြီး တပည့်က ပြန်ရွတ်ခြင်း) နှင့် "အရ်ဒ်ွ" (တပည့်က သင်ယူထားသည်ကို ဆရာ့အား ပြန်ရွတ်ပြခြင်း) တို့ ပါဝင်သည်။ "အရ်ဒ်ွ" နည်းလမ်းသည် စံသတ်မှတ်ထားသော လက်ဆင့်ကမ်းနည်း ဖြစ်လာခဲ့ပြီး တိကျသော စည်းမျဉ်းများဖြင့် ထိန်းသိမ်းထားသည်။ ကုရ်အာန်ရွတ်ဆိုခြင်းနှင့် အလွတ်ကျက်မှတ်ခြင်း၏ အရေးပါမှုကို အလေးထားခြင်းဖြင့် တမန်တော်မြတ် (ဆွ) နှင့် နောက်လာမည့်မျိုးဆက်များက ကျယ်ပြန့်သော ရွတ်ဆိုမှုနှင့် လူထုလက်ဆင့်ကမ်းမှုကို သေချာ လုပ်ဆောင်စေခဲ့သည်။ ဤသည်မှာ ကုရ်အာန်၏ စစ်မှန်မှုနှင့် ထိန်းသိမ်းမှုအတွက် အရေးကြီးသော အချက်ဖြစ်သည်။ 📌စာဖြင့် မှတ်တမ်းတင်မှု ကုရ်အာန်အား ကျမ်းစာ ကျရောက်သည်နှင့် တစ်ပြိုင်နက် ရေးသားမှတ်တမ်းတင်ခဲ့ပြီး၊ တမန်တော်မြတ် (ဆွ) က စာရေးဆရာများအား တိကျစွာ ရေးသားရန် တာဝန်ပေးခဲ့သည်။ အစောပိုင်းကာလတွင် ကုရ်အာန်မှလွဲ၍ အခြားအရာများ ရေးသားခြင်းကို တားမြစ်ထားသော်လည်း၊ နောက်ပိုင်းတွင် ဤတားမြစ်ချက်ကို ရုပ်သိမ်းခဲ့ပြီး၊ စာဖြင့်မှတ်တမ်းတင်ခြင်းသည် တမန်တော်မြတ် (ဆွ) ၏ သင်ကြားရေး မစ်ရှင်ကို တိုးချဲ့သည့် အလုပ်ဖြစ်ကြောင်း နားလည်ထားကြသည်။ မဒီနာခေတ်တွင် ဇိုက်ဒ် အိဗ်နု စာဗိဒ် ကဲ့သို့သော တမန်တော်၏ အထင်ကရ သာဝကများသည် ရေးသားမှုများကို အတည်ပြုခြင်း၊ စနစ်တကျ ထိန်းသိမ်းခြင်းတို့တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ကုရ်အာန်၏ အခန်းများအတွင်း စာပိုဒ်တော်များ၏ အစီအစဉ်သည် အလ္လာဟ်အရှင်မြတ်၏ လမ်းညွှန်မှုဖြင့် သတ်မှတ်ပြီး တမန်တော် (ဆွ) က အကောင်အထည်ဖော်ခဲ့သည်။ 📌နိဂုံး တမန်တော် (ဆွ) ဦးဆောင်သော နှုတ်တိုက်နှင့် စာဖြင့် လက်ဆင့်ကမ်း မှုနည်းလမ်းများကြောင့် ကုရ်အာန်အား အမှားအယွင်းမရှိ ထိန်းသိမ်းနိုင်ခဲ့သည်။ သာဝကများ၏ အနစ်နာခံမှု၊ နောက်လာမည့်မျိုးဆက်များ၏ တိကျသော သင်ကြားမှုများသည် ကုရ်အာန်၏ စစ်မှန်သော လက်ဆင့်ကမ်းမှုကို ဖြစ်ပေါ်စေခဲ့သည်။ ယနေ့ခေတ်တွင် သန်းနှင့်ချီသော မွတ်စ်လင်မ်များက ကုရ်အာန်အား အလွတ်ကျက်မှတ်ထားပြီး၊ ၎င်းအား နည်းလမ်းပေါင်းစုံဖြင့်
307
4
No text...
172
5
✨🤲 အိမာမ် ဂဇ္ဇာလီနှင့် ကာဖိရ် ဖဿဝါ 🤲✨ (အီမာန်) “သက်ဝင်ယုံကြည်မှု”နှင့် (ကုဖ်ရ်) “သွေဖည်ငြင်းပယ်”တို့၏ ဓမ္မစစ် အနက် သဘော၊ အမှန်တရားနှင့် လမ်းမှားတို့၏ အတိမ်အနက် လျှို့ဝှက်ချက် စသည်တို့အား ဂုဏ်သိက္ခာ၊ ရတနာဥစ္စာကို မက်မောတွယ်တာ ချစ်ခင်တတ်သော အညစ်အထေးစွန်း နှလုံးသားတို့က သိမြင်နိုင်စွမ်း မရှိ။ သို့သာမက ထိုသို့ သိမြင်နိုင်ရန် နှလုံးသားသည် လောကီ အညစ်အထေးများမှ ကနဦး သန့်စင်နေပြီး ဖြစ်ရမည်။ ဒုတိယ ထိုသို့ သန့်စင်ရေးလုပ်ငန်းဖြင့် အပြည့်အဝ လေ့ကျင့်ကာ အရောင်တင်ပြီး ဖြစ်ရမည်။ တတိယ (ဇိက်ရ်) “မြတ်အရှင်အား စင်ကြယ်စွာ သတိရတသမှု”ဖြင့် အလင်းတင်ပြီး ဖြစ်ရမည်။ စတုတ္ထ မှန်ကန်မျှတစွာ တွေးခေါ်မြော်မြင်မှုဖြင့် ‌လေ့ကျင့်ပြီး ဖြစ်ရမည်။ ပဉ္စမ တရားတော်လာ စည်းဘောင် ကနားများကို တစ်သဝေမတိမ်း လိုက်နာကာ ချယ်သပြီး ဖြစ်ရမည်။ သို့နှင့် နှလုံးသားသည် တမန်တော့် လမ်းပြမှု မီးရှုးတန်ဆာဖြင့် လင်းဝင်းမှု အတိပြီးနေမည်။ ကြေးမုံပြင် တစ်ချပ် အလား ကြည်လင်ပြတ်သားနေမည်။ နှလုံးရင်ပြင်ထက် (အီမာန်) “ယုံကြည်မှု”သည် မီးအိမ် အလား တောက်ပလင်းဝင်းနေမည်။ ထိုအီမာန်၏ အဆီသည် မီးနှင့် လုံးဝ မထိသေးဘဲနှင့်ပင် ထတောက်လုနီးပါး (ကြည်လင် တောက်ပမှု) ဖြစ်နေမည်။ ထိုသို့သော နှလုံးများကသာ (အီမာန်)နှင့် (ကုဖ်ရ်)၏ ဓမ္မစစ်ကို ထိုးထွင်းသိမြင်နိုင်ပေမည်။ ထိုသို့မဟုတ်ဘဲ မိမိတို့၏ စိတ်အလိုရမ္မက်ကို ဘုရားအဖြစ် ခံယူမည်။ အာဏာပိုင်များကို ကိုးကွယ်ရာအရှင်အဖြစ် သတ်မှတ်မည်။ ၎င်းတို့၏ (ကစ်ဗ်လဟ်) မျက်နှာမူရာ အရပ်သည် ငွေအသပြာ သာ ဖြစ်မည်။ တရားတော်သည် စိတ်ညွှတ်တိမ်းမှု၏ လှုံ့ဆော်ရာသာ ဖြစ်မည်။ လိုအင်ဆန္ဒသည် ဂုဏ်ဒြပ် ရမက်များသာ ဖြစ်မည်။ သူဌေးသူကြွယ်များအား အလုပ် အကျွေးပြုမှုကို မိမိတို့၏ ခဝပ်မှုအဖြစ် မှတ်ယူမည်။ ၎င်းတို့၏ (ဇိက်ရ်) ဘာဝနာစီးဖြန်းမှုသည် ထင်ယောင်ထင်မှားအတွေး လှုံ့ဆော်မှုသာ ဖြစ်မည်။ တွေးခေါ်မြော်မြင်ဟူသည် အရှက်တရား သိက္ခာ မကျဆင်းစေဖို့အရေး ပရိယာယ်များ ကြံဆခြင်းသာ ဖြစ်မည်။ သို့ဆိုလျှင် ထိုသူတို့သည် (အီမာန်) ယုံကြည်မှုအလင်းနှင့် (ကုဖ်ရ်) ငြင်းပယ်မှုအမှောင်ကို အဘယ်သို့ ခွဲခြားသိမြင်နိုင်မည်နည်း။ ဖန်ဆင်းရှင် ထံတော်ပါးမှ အသိ ထည့်သွင်းပေးခံရသောကြောင့် သိသည်ဟု ပြောဆိုရန်မှာလည်း ၎င်းတို့၏ နှလုံးသားများသည် လောကီအညီအ‌ဟောက်များနှင့် ကင်းစင်မနေပါ။ ပညာရည်ပြည့်ဝသောကြောင့် သိသည်ဟု ဆိုပါကလည်း ၎င်းတို့၏ ပညာရေးဟူသည် “အညစ်အကြေး ပေကြံပါက ကုံကမံ ရည်ဖြင့် သန့်စင်မှုရယူခွင့် ရှိ၊ မရှိ” ဟူသော ပညတ်ချက်များကဲ့သို့ အသေးအဖွဲအချက်အလက်များဖြင့် လုံးပန်းနေသော ပညာရေးသာ ဖြစ်သည်။ မဖြစ်နိုင်ပါ။ ၎င်းတို့အနေဖြင့် ထိုသို့ ခွဲခြားသိမြင်နိုင်ရန်မှာ အလျင်းမဖြစ်နိုင်ပါ။ ဤ (အီမာန်) ယုံကြည်မှုနှင့် (ကုဖ်ရ်) သွေဖည်ငြင်းပယ်မှုကြားရှိ နယ်နိမိတ်ကို ခွဲခြား သိမြင်မှုကဏ္ဍသည် စိတ်ကူးစိတ်သန်းဖြင့် ရယူနိုင်သော အပေါ့တစား အရာမဟုတ်။ ထိုထက်များစွာ မြင့်မြတ်တန်ဖိုးကြီးသော ကဏ္ဍဖြစ်သည်။ 📖 Translated by Abu Tamim ✍️
218
6
No text...
198
7
💭 အလ္လာဟ်အရှင်မြတ်၏ အမိန့်ထဲတွင် မိဘကို “အို” လိုတောင် မပြောဖို့ မိန့်ဆိုထားကြောင်းကို သင်သိပါသလား? فَلَا تَقُلْ لَهُمَا أُفٍّ وَلَا تَنْهَرْهُمَا وَقُلْ لَهُمَا قَوْلًا كَرِيمًا “မိဘနှစ်ပါးကို ကောင်းမွန်စွာ ပြုစုကြရမည်။ အကယ်၍ ထိုမိဘနှစ်ပါးထဲမှ တစ်ပါးဖြစ်စေ၊ နှစ်ပါးစလုံးဖြစ်စေ အသင့်ရှေ့၌ အိုမင်းရင့်ရော်သောအရွယ်သို့ရောက်ခဲ့လျှင် အသင်သည် ထိုမိဘနှစ်ပါးအား “အို“ ဟုပင် မပြောနှင့်။ ၎င်းနောက် အသင်သည် မိဘနှစ်ပါးအား ငေါက်ငမ်းခြင်းလည်း မပြုနှင့်။ အသင်သည် ထိုမိဘနှစ်ပါးနှင့် ယဉ်ကျေးသိမ်မွေ့ချိုသာသောစကားကိုသာ ပြောဆိုပါ။” ကုရ်အာန် (၁၇:၂၃) 📖 အလ္လာဟ်အရှင်မြတ်က မိဘကို ဂုဏ်ပေးလေးစားဖို့အရေးကြီးအကြောင်းကို အသေးစိတ် ညွှန်ကြားပေးထားတာကြောင့်… မိဘအပေါ် သားသမီးတွေရဲ့ ပြောဆိုဆက်ဆံပုံဟာ ဘယ်လောက်အရေးကြီးလဲဆိုတာ အသေအချာထင်ဟပ်ပြသထားတာကို ဒီ (အာယဟ်) ကျမ်းစာပိုဒ် မြင်နိုင်ပါတယ်နော် 🌿 ဒီအကြောင်းအရာတွေကို ပိုမိုသိချင်၊ လေ့လာချင်သူတွေ အတွက် 📚 Islamic Ethics of Honoring Parents MasterClass* မှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်ရှင့် 🧑‍🧑‍🧒 မိဘအပေါ် ပြောဆိုဆက်ဆံရာမှာ အစ္စလာမ်က ဘယ်လိုသင်ကြားထားလဲ၊ ဘယ်လိုတွေးရမလဲ၊ ဘယ်လိုပြုမူရမလဲ ဆိုတာ ပိုနက်နက်ရှိုင်းရှိုင်း သိချင်ရင် တက်ရောက်ဖို့ဖိတ်ခေါ်ပါတယ်နော်💁🏻‍♀️ 📌 သင်တန်းအကြောင်းကို ပိုမိုသိလိုသူများအတွက် အောက်ပါ link တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်ရှင့်👇🏼 Link: https://www.facebook.com/share/p/17HfbA12wB/?mibextid=wwXIfr 📌 သင်တန်းအချက်အလက်များ ⏳အချိန်အတိုင်းအတာ – ၆ ပတ် (Weekend Only) 📆သင်တန်းကာလ – ၄ အောက်တိုဘာ မှ ၉ နိုဝင်ဘာ ၂၀၂၅ သင်တန်းအချိန် – မနက် ၉ နာရီ မှ ၁၁ နာရီ (၂ နာရီ) 🧾သင်တန်းကြေး – ၅၀,၀၀၀ ကျပ် 📋လျှောက်ထားလိုပါက အောက်ပါ Form မှ တဆင့် လျှောက်ထားနိုင်ပါတယ်နော်🤍 Application Form: https://docs.google.com/forms/d/10N8PhoGYVQbuRrhdTZDuw-r8B-3Uxg9JNXgPCe0QfKo/edit ❗️Form ဖြည့်ပြီးပါက IIB ရဲ့ FB Messenger မှာ ဖောင်ပြည့်ပြီးကြောင်းလေးကို “Applied” ဆိုပြီ message လေးပို့ထားပေးခဲ့ပါဦးနော် 📥 💲သင်တန်းကြေးအတွက် အခက်အခဲရှိသူများအတွက် Scholarship များလည်း စီစဉ်ပေးထားပါတယ်ရှင့်💁🏻‍♀️ “ဖတ်မှတ်လေ့လာ သုံးသပ်ပါ၊ အစ္စလာမ့်အသိပညာ” ~ ISLAMIC INSTITUTE OF BURMA 🌙
331
8
No text...
268
9
🕌 တမန်တော်မုဟမ္မဒ် (ဆွ) မွေးနေ့ပွဲ ကျင်းပခြင်းရိုးရာရဲ့ မူလအစ (အကျဉ်းချုပ်) 📌ဤMawlidရိုးရာနဲ့ ပတ်သက်ပြီး အစောဆုံးတွေ့ရှိထားတဲ့ ရေးသားချက်က ဂျမာလ် အလ်ဒင်န် အိဗ်နုအလ်မအ်မူးန် ဆိုတဲ့လူထံမှ ရရှိတာဖြစ်တယ်။ သူ့ဖခင်က ၁၂ရာစုခေတ် ရှီအဟ် အစ္စမာအီးလ် Fatimidခလီဖွာ အလ်အမိရ် လက်အောက်မှာ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူပါ။ သူရဲ့ရေးသားချက် မူရင်းကတော့ ပျောက်ဆုံးနေပေမဲ့ နောက်ပိုင်းခေတ်မှာ ပညာရှင်အသီးသီးက သူ့ရေးသားချက်ကို ကိုးကားကြပါတယ်။ 📌အိဗ်နုလ်မအ်မူးန်ရဲ့ ရေးသားချက်ကို နာမည်ကျော် အလယ်ခေတ် အီဂျစ်ဖွားသမိုင်းပညာရှင် မတ်က်ရီဇိယ် က الخططKhitat (အလ်-ခိတွတ်ွ)ကျမ်းထဲမှာ ထည့်သွင်းမှတ်တမ်းတင်ထားပါတယ်။ သူ့ကျမ်းက Fatimid မင်းဆက်နှင့် အစောပိုင်းမာမ်လုခ်ခေတ် အီဂျစ်တို့နှင့် ပတ်သက်ပြီး အရေးပါတဲ့ အရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ 📌အဲဒီKhitatالخطط(အလ်-ခိတွတ်ွ)ကျမ်းထဲမှာ ကျမ်းရှင်က အိဗ်နုအလ်မအ်မူးန်ရဲ့ ဖော်ပြချက်တစ်ခုကို အောက်ပါအတိုင်းရေးသားထားပါတယ်။ ဒါက ဟိဂ်ျရီ၅၁၇(အေဒီ ၁၁၂၃)‌တုန်းက ဖြစ်ပါတယ်။ "သူ(Fatimidခလီဖွာ)က သကြား၊ ဗာဒံစေ့များ၊ ပျားရည်နှင့် နှမ်းဆီတို့ကို လက်ဆောင်အဖြစ် ဂူဗိမာန်တခုချင်းဆီကို ပေးပို့ခဲ့ပါတယ်။ ထိုနောက် သူ့ဝန်ကြီးက ပေါင်ချိန်၄၀၀ရှိတဲ့ မုန့်အချိုတွေနှင့် ပေါင်ချိန် ၁၀၀၀ရှိတဲ့ ပေါင်မုန့်များကို ဝေငှခဲ့ပါတယ်။" 📌တမန်တော်မွေးနေ့ပွဲ - Mawlidကို ကျင်းပတဲ့ရိုးရာကို စတင်ခဲ့တဲ့ အုပ်စုက Fatimidမင်းဆက်ဖြစ်ပါတယ်။ Fatimidတွေသည် စွန္နီ Abbasid(အဘ္ဘာစီယာ) ခိလာဖစ်ရဲ့ ပြိုင်ဘက်တွေဖြစ်ပြီး ၁၀ရာစုမှ ၁၂ရာစုအထိ ရှင်သန်ခဲ့ကြတယ်။ ဒီမင်းဆက်က တမန်တော်မုဟမ္မဒ်(ဆွ)ရဲ့သမီး Fatimah(ရသွေ့)ရဲ့မျိုးရိုးမှ ဆင်းသက်တယ်လို့ သူတို့ကိုယ်တိုင် ခံယူထားတယ်။ သူတို့က အဘ္ဘာစီယာတွေနှင့် အပြိုင် ခိလာဖသ် တည်ထောင်ခဲ့ကြပါတယ်။ 📌အီဂျစ်နှင့် တခြား မြောက်အာဖရိကနယ်မြေ‌တွေမှာ အင်ပါယာ တည်ထောင်ခဲ့ကြတဲ့ မင်းဆက်ဖြစ်ပါတယ်။ လက်ရှိ အီဂျစ်ရဲ့ ကိုင်ရိုမြို့ကို သူတို့က အစပျိုးခဲ့တာပါ။ 📌Fatimid‌‌တွေက အစ္စမာအိလီ ဘာသာရေးအယူအဆကို လက်ခံထားသူတွေ ဖြစ်ပါတယ်။ အစ္စမာအီးလ်တွေကို ရှီအဟ်အများအပြားနှင့် စွန္နီတို့က မွတ်စလင်မ်အဖြစ် မသတ်မှတ်ကြတာကို တွေ့ရပေမဲ့ သမိုင်းအရ သူတို့ကို ရှီအဟ်အုပ်စုထဲက တစ်အုပ်စုအဖြစ် ယေဘုယအားဖြင့် ရှုမြင်ကြပါတယ်။ (❗️မှတ်ချက် - Khitatသည် ကျမ်းရဲ့နာမည်အတိုကောက် ဖြစ်သည်။) 📷 - Aljazeera 📙Reference(ကိုးကား) 1) ဒေါက်တာရှိုက်ခ်Yasir Qadhiပြုစုတဲ့ "The Birth-Date of the Prophet and the History of the Mawlid – Part II of III" ဆောင်းပါး 2) Encyclopedia Britannica(Online) 🖋Contributed by Sitt Hmu Naing
384
10
No text...
299
11
No text...
391
12
“အလ်အတ်က်စွာ” ဝတ်ကျောင်းတော်ဟာ မွတ်စ်လင်မ်တို့ရဲ့ ပထမ “ကစ်ဗ်လဟ်” မျက်နှာမူရာ အရပ်ပါ။ အထွတ်အမြတ်ဆုံး ဝတ်ကျောင်းတော်သုံးခုအနက် တတိယမြောက် ဝတ်ကျောင်းတော်ပါ။ “ကအ်ဗဟ်” အရေး၊ တမန်တော့် ဝတ်ကျောင်းတော် အရေးတွေမှာ အားမာန်တက်ကြွ မခံချင်စိတ် ပြင်းပြသလို “အတ်က်စွာ” အရေးမှာလည်း သွေးဆူနေရပါလိမ့်မယ်။ မွေးဖွားလာချိန်ကတည်းက “အတ်က်စွာ”ကို ရန်သူရဲ့ သွေးစွန်းလက်အတွင်းမှာ တွေ့နေရတာဟာ “အတ်က်စွာ” ရဲ့ မူလအခြေအနေ မဟုတ်ပါဘူး။ ဒါက အရှင်မြတ်ရဲ့ မွတ်စ်လင်မ်ထုအပေါ် စမ်းသပ်စစ်ဆေးခြင်းပါ။ အလ္လာဟ်အရှင်မြတ်ဟာ မွတ်စ်လင်မ်လူထုရဲ့ မြေနေရာ တစ်တောင် တစ်ထွာကိုမှ ရန်သူ လက်ထဲ ရောက်သွားတာကို ခွင့်မပြုထားဘူး။ မွတ်စ်လင်မ် တစ်ဦးတစ်ယောက်ကိုမှ ရန်သူရဲ့ ထောင်တွင်း အကျဉ်းကျနေတာကို ခွင့်မပြုထားဘူး။ ပထမ ကစ်ဗ်လဟ် ဖြစ်တဲ့ တတိယ အထွတ်အမြတ်ဆုံး ဖြစ်တဲ့ အတ်က်စွာ ဟာ ရန်သူရဲ့ လက်ထဲ မရောက်ဖို့ ပိုလို့တောင် ထိုက်သက်ပါတယ်။ လွတ်မြောက်ရေး တော်လှန်ရေးတွေ လုပ်ဖို့ ပိုလို့တောင် အရေးကြီးပါတယ်။ “ခရူးဆိတ်တို့ရဲ့ အထိမ်းအမှတ်တွေကို ဦးကျိုးစေခဲ့တဲ့ ဘုရင်မင်းမြတ်ကြီး ခင်ဗျာ၊ “အခြား ဗလီဝတ်‌ကျောင်းတော်တွေ အကုန် လွတ်မြောက်သန့်စင်မှု ရခဲ့ကြပြီ၊ ကျွန်ုပ်မှာတော့ ညစ်ထေးညိုးနွမ်းစေတဲ့ မိစ္ဆာခံတွင်းဝမှာပဲ ရှိနေပါသေးတယ်” ဆိုပြီး အတ်က်စွာ ဟာ အမှုဖွင့် တိုင်တန်းနေပါတယ်” ဆိုတဲ့ ပေးစာတစ်စောင် “ဆွလာဟွဒ္ဒီးန် အိုင်ယူဗီ” ဆီ ရောက်လာတဲ့အခါ “အိုင်ယူဗီ” ဟာ မတုံ့မဆိုင်း ရေးကြီးသုတ်ပျာ အပြေးအလွားသွားပြီး “အတ်က်စွာ” ကို လွတ်မြောက်စေခဲ့တယ်။ ဒါကြောင့် စွမ်းနိုင်သမျှ နည်လမ်းနဲ့ “အတ်က်စွာ” လွတ်မြောက်ရေး တိုက်ပွဲ ဆင်နွဲရေးဟာ ယနေ့ မွတ်စ်လင်မ်ထု တစ်ရပ်လုံးရဲ့ တာဝန်ပါ။ တာဝန်မဲ့မှုနဲ့အတူ ပြစ်ဒဏ်ဟာလည်း ဒွန်တွဲလျက်ပါ။ “အတ်က်စွာ” လွတ်မြောက်မှသာ တာဝန်ရော ပြစ်ဒဏ်ပါ လွတ်ကင်းမှာ ဖြစ်တယ်။ အလ္လာဟ်ရှင် ကျွန်ုပ်တို့ အားလုံးကို အတ်က်စွာ လွတ်မြောက်ရေးအတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်ခွင့် ပြုပါစေ။ ‎المرجع ‎العلاقة الوطيدة بين المسجد الحرام والمسجد الأقصى ‎د. حسين عبدالعال Contributed by Abu Tamim
359
13
🕋“ကအ်ဗဟ်” ဝတ်ကျောင်းတော်နှင့် “အတ်က်စွာ” ဝတ်ကျောင်းတော်တို့ကြားက ဆက်နွယ်မှု နှောင်ကြိုး🕌 မြင့်မြတ်လှတဲ့ “ကအ်ဗဟ်” ဝတ်ကျောင်းတော်ဟာ ဖန်ဆင်းရှင်ရဲ့ အိမ်တော်မြတ် ဖြစ်သလို မင်္ဂလာရှိလှတဲ့ “အတ်က်စွာ” ဝတ်ကျောင်းတော်ဟာလည်း အရှင်မြတ်ရဲ့ အိမ်တော် ဖြစ်တယ်။ ဒီဝတ်ကျောင်းတော်မြတ် နှစ်ခုကြားမှာ ဆက်နွယ်မှုတွေ ရှိနေတယ်။ ဒီဆက်နွယ်မှုဟာ ခိုင်မာလှတယ်။ ဂုဏ်ကျက်သရေရှိမှုအရ မင်္ဂလာရှိမှုအရ မြင့်မြတ်မှုအရ နွယ်နေတဲ့ ဆက်နွယ်မှု ဖြစ်တယ်။ “အကောင်းဆုံး နေရာ‌ဒေသတွေဟာ ဗလီဝတ်ကျောင်းတော်တွေပါပဲ” ဆိုတဲ့ တမန်တော့် ဩဝါဒအရ ဗလီခပ်သိမ်းဟာ ယေဘုယျ မြင့်မြတ်ပြီးသား ဖြစ်တယ်။ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး ဖြစ်တယ်။ သို့သော် “ကအ်ဗဟ်”နဲ့ “အတ်က်စွာ”ကတော့ သူမတူ ပိုမို ထူးခြားတဲ့ မြင့်မြတ်မှုဂုဏ်ကို ဆင်မြန်းခြုံရုံထားကြတယ်။ ဒီဝတ်ကျောင်းတော် နှစ်ခုဟာ ကမ္ဘာ့အကြီးမြတ်ဆုံး ဝတ်ကျောင်းတော် သုံးခုအနက် နှစ်ခု ဖြစ်တယ်။ ကုရ်အာန် ကျမ်းချက်အရ ဆက်နွယ်မှု [[ထိုအရှင်မြတ်သည် ညတစ်ည၌ အရှင်မြတ်၏ ကျွန် (ဖြစ်သူ တမန်တော် မုဟမ္မဒ်) အား “အလ်မတ်စ်ဂျေဒွလ် ဟရာမ်” ထွတ်မြတ်သော ဗလီဝတ်ကျောင်းတော်မှ ဝေးလံသော ဗလီဝတ်ကျောင်းတော် “အလ်မတ်စ်ဂျေဒွလ် အတ်က်စွာ” သို့ ခေါ်ဆောင် သွားတော်မူခဲ့သည်]] (၁၇/၁) မင်္ဂလာရှိလှတဲ့ ကောင်းကင်ဘုံနန်း ခရီးစဉ် ညချမ်းမှာ တမန်တော်ချုပ်မုဟမ္မဒ် (စွ) ဟာ ခရီးစဉ်အတွက် “ကအ်ဗဟ်” ဝတ်ကျောင်းတော်ကနေ ကနဦး ပြင်ဆင်ပြီး “အတ်က်စွာ” ဝတ်ကျောင်းတော်ဆီ ရောက်တယ်။ ‘အတ်က်စွာ” ကတဆင့် ကောင်းကင်ဘုံ ခုနှစ်ဆင့်ထက် အရှင်မြတ်နဲ့ တွေ့ဆုံဖူးမျှော်ဖို့ ခရီးဆက်ခဲ့တယ်။ ဒါကြောင့် ဒီဝတ်ကျောင်းတော် နှစ်ခုဟာ ကောင်းကင်ဘုံခရီးစဉ် မကြွမြန်းမီ မြတ်တမန်တော် နောက်ဆုံး ခြေတော်ချခဲ့တဲ့ နေရာနှစ်ခု ဖြစ်နေခြင်းအရ ဆက်နွယ်မှုနှောင်ကြိုး အခိုင်အမာ ရှိခဲ့ပါတယ်။ အုတ်မြစ်ချ တည်ဆောက်မှုအရ ဆက်နွယ်မှု ဝတ်ကျောင်းတော် နှစ်ခုဟာ အုတ်မြစ်ချ တည်ဆောက်ရာမှာလည်း ဆက်နွယ်မှု ရှိနေပါတယ်။ “ကအ်ဗဟ်” နဲ့ “အတ်က်စွာ”ဟာ ကမ္ဘာမြေထဝီမှာ လူသားထုအတွက် ပထမဦးဆုံး တည်‌ဆောက်ခံခဲ့ရတဲ့ ဝတ်ကျောင်းတော် နှစ်ခု ဖြစ်တယ်။ အဗူ ဇရ် (ရဒွေ့)က ဆင့်ပြန်ပြောပြတယ်။ (( “ကိုယ်တော်... ဘယ်ဗလီဝတ်ကျောင်းတော်က ပထမဆုံး အုတ်မြစ်ချ တည်ဆောက်ခြင်း ခံခဲ့ရတာလဲ” ဆိုပြီး ကျွန်တော် ကိုယ်တော့်ကို မေးတယ်၊ ကိုယ်တော်က “အလ်မတ်စ်‌ဂျေ့ဒလ် ဟရာမ်” လို့ ဖြေတယ်၊ “ပြီးတော့ ဘယ်ဗလီလဲ” လို့ မေးတော့ ကိုယ်တော်က “အလ်မတ်စ်ဂျေ့ဒွလ် အတ်က်စွာ” လို့ ဖြေတယ်၊ “တည်ဆောက်ချိန် ကာလ ဘယ်လောက် ကွာဟလဲ” လို့ မေးတော့ ကိုယ်တော်က “နှစ်လေးဆယ်” ဆိုပြီး ဖြေခဲ့တယ် )) ဝတ်ကျောင်းတော် နှစ်ခုကို ကောင်းကင်တမန်တွေက တည်ဆောက်ခဲ့တယ်။ ပညာရှင်တချို့က အာဒမ် (အ)၊ တချို့က အစ်ဗ်ရာဟီးမ် (အ) တည်ဆောက်ခဲ့တယ် ဆိုပြီးတော့လည်း အဆိုပြုကြပါတယ်။ သေချာတဲ့အချက်က ဝတ်ကျောင်းနှစ်ခုဟာ မဝေးကွာလှတဲ့ အချိန်အပိုင်းအခြားမှာ တည်ဆောက်ခြင်း ခံခဲ့ရပြီး “ကအ်ဗဟ်” ကို တည်ဆောက်ခဲ့တဲ့ သူတွေကပဲ “အတ်က်စွာ” ကိုလည်း တည်ဆောက်ခဲ့တယ် ဆိုတဲ့ အချက်ပါ။ ဒါကြောင့် ဝတ်ကျောင်းတော် နှစ်ခုဟာ အုတ်မြစ်ချ တည်ဆောက်မှုအရလည်း ဆက်နွယ်မှု အခိုင်အမာ ရှိနေပါတယ်။ ဝတ်ပြုဆုတောင်းရာ၌ ဦးလှည့်တူရှုရာအရပ် ဖြစ်ခဲ့မှု ကိုယ်တော်မြတ် (စွ) ဟာ ဆွလားဟ် ဝတ်ပြုဆုတောင်းရာမှာ “အတ်က်စွာ” ကိုရော “ကအ်ဗဟ်” ကိုပါ ဦးလှည့်မျက်နှာမူပြီး ဝတ်ပြုခဲ့တယ်။ မက္ကဟ်မှာ ရှိနေချိန် “အတ်က်စွာ” ဆီ မျက်နှာမူ ဝတ်ပြုခဲ့တယ်။ မဒီနဟ် ရောက်ပြီး ၁၆ (သို့) ၁၇ လ အကြာမှာ “ကအ်ဗဟ်” ကို ဦးလှည့်ဝတ်ပြုခဲ့တယ်။ သည့်နောက် ကအ်ဗဟ် ဘက်ကိုသာ ဦးလှည့် ဝတ်ပြုဖို့ အမိန့်တော် အတည်ဖြစ်ခဲ့တယ်။ ဒါကြောင့် “အတ်က်စွာ” နဲ့ “ကအ်ဗဟ်” ဟာ ဝတ်ပြုဆုတောင်းရာမှာ ဦးလှည့်မျက်နှာမူရာအရပ် ဖြစ်မှုအရလည်း ဆက်နွယ်မှု အခိုင်အမာ ရှိပါတယ်။ အစ်ဗ်ရာဟီးမ် (အ) နှင့် မုဟမ္မဒ် (စွ) အစ်ဗ်ရာဟီးမ် (အ) နဲ့ မုဟမ္မဒ် (စွ) တို့ကြားက ဆက်နွယ်မှုနှောင်ကြိုးကတော့ အထင်အရှားပါ။ ဖခင်နဲ့ သားရဲ့ နှောင်ကြိုးပါ။ ဒီနှောင်ကြိုးရဲ့ ရောင်ပြန်ဟာ ဝတ်ကျောင်းတော် နှစ်ခုအပေါ်မှာလည်း ထင်ဟပ်ခဲ့ပါတယ်။ အစ်ဗ်ရာဟီးမ် (အ) က မိမိရဲ့ သားတော်ကို “ဟရာမ်” ဝတ်ကျောင်းတော်ရဲ့ အနီးအပါးမှာ ထားဖို့ “အတ်က်စွာ” ကနေ “ဟရာမ်” ဆီ စွန့်ခွာ ရွေ့ပြောင်းခဲ့တယ်။ တစ်ဖန် ဒုတိယအကြိမ် “ဟရာမ်” ဝတ်ကျောင်းတော်ရဲ့ အုတ်မြစ်နံရံကို မြှင့်တင်ဖို့အတွက် သွားရောက်ခဲ့တယ်။ အဲသည့် “ဟရာမ်” ရဲ့ အနီးအပါးမှာပဲ မုဟမ္မဒ် (စွ) ဖွားမြင်သန့်စင်ခဲ့တယ်။ ဒီထက်ပိုပြီး ထူးခြားတာက ကိုယ်တော်မြတ် (စွ) ဟာ မိမိ အရှင်နဲ့ ဆုံတွေ့ဖို့ ကောင်းကင်ဘုံကို သွားရောက်ရမှာ ဟရာမ် ကနေ တိုက်ရိုက် တက်ရောက်ခဲ့ခြင်း မရှိတာပါ။ ဒီထက်မက “အတ်က်စွာ” မှာ တစ်ထောက်နားခဲ့တယ်။ အစ်ဗ်ရာဟီးမ် (အ) နဲ့လည်း တွေ့ဆုံခဲ့တယ်။ တမန်တော်အပေါင်းကို ဦးဆောင်ပြီး ဆွလားဟ် ဝတ်ပြုဆုတောင်းခဲ့တယ်။ “အတ်က်စွာ” ဝတ်ကျောင်းတော်နှင့် မွတ်စ်လင်မ်တို့၏ တာဝန်
337
14
👶ကလေးက သိပ်ဆိုး သတဲ့လား 🤔လူကြီးတချို့ဆီက "ဒီကလေးက သိပ်ဆိုးတယ်" ဆိုတဲ့ စကားများ မကြာခဏကြားရပါတယ်။ တကယ်တော့ အစ္စလာမ်အရ ဆိုးတဲ့ကလေးမရှိပါ။ မပျိုးထောင်တတ်တဲ့ လူကြီးပဲ ရှိပါတယ်။ ‎ “وَاللَّهُ أَخْرَجَكُمْ مِنْ بُطُونِ أُمَّهَاتِكُمْ لَا تَعْلَمُونَ شَيْئًا وَجَعَلَ لَكُمُ السَّمْعَ وَالْأَبْصَارَ وَالْأَفْئِدَةَ لَعَلَّكُمْ تَشْكُرُونَ” "ထို့ပြင် အလ္လာဟ်အသျှင်မြတ်သည်ပင် အသင်တိုအား အသင်တို့ မည်သည့်တစ်စုံတစ်ရာကိုမျှ မသိကြသည့် အခြေအနေတွင် အသင်တို၏ မိခင်များ၏ ဝမ်းတွင်းမှ ထွက်စေတော်မူခဲ့လေသည်။ ၄င်းပြင် ထိုအသျှင်မြတ်သည် အသင်တို ကျေးဇူးတော်ကို သိတတ်ကြရန်အလိုငှာ အသင်တိုအဖို့ ကြားနိုင်စွမ်းကိုလည်းကောင်း၊ မြင်နိုင်စွမ်းကိုလည်းကောင်း၊ စိတ်နှလုံးကိုလည်းကောင်း ထည့်သွင်းပေးတော်မူခဲ့လေသည်။ (ကုရ်အာန်-16:78) ဒီ (အာယဟ်) ကျမ်းစာပိုဒ်တော်မြတ်က ကလေးတိုင်းဟာ အပြစ်မဲ့၊ သန့်စင်စွာ မွေးဖွားလာပြီး သိချင်စိတ်၊ လေ့လာချင်စိတ်တွေ အလ္လာဟ်အရှင်သခင်က ပေးထားတာပဲဆိုတာကို သက်သေပြနေပါတယ်။ တမန်တော်မြတ်(ဆွ) မိန့်ကြားတော်မူတယ်။ ‎“مَا مِنْ مَوْلُودٍ إِلَّا يُولَدُ عَلَى الْفِطْرَةِ، فَأَبَوَاهُ يُهَوِّدَانِهِ أَوْ يُنَصِّرَانِهِ أَوْ يُمَجِّسَانِهِ” “မည်သည့်ကလေးငယ်ပင်ဖြစ်စေ ကလေးတိုင်းသည် (ဖိသ်ရာ) အလ္လာဟ်အရှင်ချီးမြှင့်ထားသည့် ပင်ကိုယ် သဘာဝအတိုင်းသာ မွေးလာခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင်မှ ကလေးငယ်၏ မိဘနှစ်ပါးက ကလေးကို ယဟူဒီ အဖြစ် ပြုလုပ်လိုက်ကြသည်။ သိုမဟုတ် အီဆာအီအဖြစ် ပြုလုပ်လိုက်ကြသည်။ သိုမဟုတ် (မဂျူစီ) မီးကိုးကွယ်သူအဖြစ် ပြုလုပ်လိုက်ကြသည်။ (ဗုခါရီကျမ်း– ဟဒီးဆ်နံပါတ် ၁၃၅၈) ဒီဟဒီးစ်တော်မြတ်ဟာ ကလေးက ဆိုးတာမဟုတ်ဘဲ မိဘ/ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှုကြောင့် ဆိုးတယ်လို့ သတ်မှတ်ခံရတာဆိုတဲ့ အချက်ပါ။ ကလေးက သိပ်ဆိုးတာပဲ ပြောလာရင် ကျွန်တော်ပြောချင်တာကတော့ “ဆိုးတဲ့ကလေးရယ် မရှိပါဘူး၊ မပျိုးထောင်တတ်တဲ့ လူကြီးပဲရှိပါတယ်” ကလေးတွေကို ဆိုးတယ်လို့၊ ဂျစ်ကန်ကန်ကောင်လို့ ပြောသံကြားလိုက်ရင် ဘယ်အရာတွေ၊ ဘယ်လိုအပြုအမူမျိုးတွေကို ဆိုးတယ်လို့များ သတ်မှတ်ပါသလဲလို့ မေးလိုက်ချင်ပါတယ်။ တကယ်တော့ ဆိုးတယ်လို့ အပြောခံရတဲ့ ကလေးအများစုဟာ ဉာဏ်ကောင်းလွန်းနေကြတာ တွေ့ရပါတယ်။ အများအမြင်မှာ လူ (၂) ယောက်လောက် မနားရအောင် တကောက်ကောက် လိုက်ထိန်းနေရတဲ့ ဒီကလေးလေးကို ကြည့်ပြီး “သိပ်ဆော့တာပဲ၊ မျောက်ရှုံးတယ်လို့” ဒီလိုမှတ်ချက်ကို လက်ခံပါတယ်။ တကယ်တော့ မဆိုးပါဘူး။ သိပ်ဉာဏ်ကောင်းတဲ့ ကလေးလေးမို့ သူနဲ့ရွယ်တူ ကလေးတွေထက် ပိုရှေ့ရောက်နေတာပါ။ အဲ့လို ကလေးတွေက စကားလည်း သိပ်တတ်ပါတယ်။ သင်ယူနိုင်စွမ်းကလည်း မြင့်လို့ တကူးတက မသင်ရဘဲ သူတို့ သိနေတတ်လေ့ရှိကြတယ်။ လူကြီးမိဘတို့ရဲ့တာဝန်ကတော့... တမန်တော်မြတ်(ဆွ) မိန့်ကြားတော်မူတယ်။ ‎ “كلكم راعٍ وكلكم مسؤول عن رعيته” "(သင်တို့အားလုံးသည် တာဝန်ခံများဖြစ်ကြပြီး၊ တစ်ဦးချင်းစီသည် မိမိတာဝန်ခံရသူများအပေါ် တာဝန်ရှိသည်။" (ဗုခါရီကျမ်း– ဟဒီးဆ်နံပါတ် ၂၅၅၄) ✅ကလေးကို အပြစ်တင်မနေဘဲ သူ့စွမ်းရည်အတိုင်း လမ်းညွှန်ပေးခြင်း၊ သင်ကြားပေးခြင်းက မိဘတွေရဲ့ အဓိကတာဝန်ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။ (🖋️Contributed by Wunna Tin Soe)
439
15
No text...
370
16
🌟တမန်တော် မုဟမ္မဒ် (ဆွ) ကို ချီးကျူးထားသည့် ကမ္ဘာကျော် ကဗျာ "‏بلغ العُلا بكمالهِ كشف الدُّجى بجمالهِ حَسُنت جميعُ خصالهِ صلُّوا عليه وآلهِ." ဤကဗျာလေးဟာ မုဟမ္မဒ် (ဆွ)ရဲ့ (မေ့အ်ရာဂ်ျ) ခရီးစဉ်၊ အကျင့်သန့်ရှင်း ချီးကျူးဖော်ပြတဲ့ ကဗျာအနက် တစ်ပိုင်းဖြစ်ပါတယ်။ ကဗျာစာသားတွေဟာ ဟဒီးစ် စာအုပ်တွေထဲမှာ မပါဝင်ပေမဲ့၊ (အီမာမ်ဘူဆီရီ-၁၃ရာစု)က ရေးသားခဲ့တဲ့ Qasidat al-Burda ဆိုတဲ့ ကဗျာထဲက အပိုဒ် တစ်ခုအနက် လူသိအများဆုံးဖြစ်ပြီး လူမူဘဝအတွက် စံပြဖြစ်တဲ့ စာသားတစ်ခု ဖြစ်ပါတယ်။ အိမာမ် ဘူဆီရီဟာ ဗဟို အာဖရိက (အီဂျစ်) က စာရေးဆရာဖြစ်ပြီး၊ မုဟမ္မဒ် (ဆွ) အတွက် အချစ်ကြောင့် အဖျားနဲ့ အရိုးအဆစ် အာရုံမသန်မှု ကြုံတွေ့စဉ် ကဗျာကို ရေးခဲ့ပြီး၊ နောက်ပိုင်း ဒရူးဒ် တော်ကြောင့် ပျောက်ကင်းသွားတယ်လို့ သမိုင်းမှတ်တမ်းများတွင် တင်ပြထားပါတယ်။ ဒီအကြောင်းကြောင့် Qasidat al-Burda ကို သမိုင်းတစ်လျှောက် အမြဲရွတ်ဆိုကြပြီး၊ အာရှ၊ အာဖရိက၊ တောင်အာရှနှင့် အာရှတောင်အရှေ့ပိုင်းထိ အလွန်လူကြိုက်များခဲ့ပါတယ်။ ကဗျာ၏ အဓိပ္ပာယ် ‌‏بلغَ العلَا بكمَالهِ "ထိုမြင့်မြတ်သူသည် မိမိ၏ စုံလင်ခြင်းအားဖြင့် မြင့်မြတ်ခြင်းသို့ ရောက်တော်မူ၏" - တမန်တော်မြတ်၏ စရိုက်လက္ခဏာနှင့် အရည်အသွေးများသည် စုံလင်ပြည့်စုံမှုရှိကြောင်း ‎كشفَ الدُجى بجمَالهِ "ထိုမြင့်မြတ်သူသည် မိမိ၏ အလှတရားအားဖြင့် အမှောင်ထုကို ဖယ်ရှားတော်မူ၏" - တမန်တော်၏ သွန်သင်ချက်များသည် ဝိရောဓိနှင့် မသိနားမလည်မှု အမှောင်ထုကို ဖယ်ရှားပေးကြောင်း ‎حسنت جميعُ خِصالهِ "ထိုမြင့်မြတ်သူ၏ စရိုက် လက္ခဏာအားလုံးသည် ကြီးမြတ်လှပါပေ၏" - တမန်တော်၏ ဂုဏ်သိက္ခာများ အားလုံးသည် အလွန်မြင့်မြတ်ကြောင်း ‎صلُّوا عليهِ وألهِ "ထိုမြင့်မြတ်သူနှင့် ထိုမြင့်မြတ်သူ၏ မိသားစုဝင်များအပေါ်၌ အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်နှင့် စိတ်ချမ်းသာခြင်း ကျရောက်ပါစေ" - တမန်တော်နှင့် သူ၏အိမ်သူအိမ်သားများအတွက် ဆုတောင်းခြင်း ဤကဗျာလေးဟာ မွတ်စ်လင်မ်တို့ရဲ့ နှလုံးသားထဲမှာ အမြဲတမ်းနေရာယူထားတဲ့ ဒရူးဒ် တစ်ခုဖြစ်ပါတယ်။ ကဗျာပါ စကားလုံးများဟာ တမန်တော်မြတ် မုဟမ္မဒ် (ဆွ)ရဲ့ မြင့်မြတ်တဲ့ ဂုဏ်ဒြပ်တွေ၊ စုံလင်ပြည့်စုံမှုနဲ့ လောကကြီးအား အလင်းပေးတော်မူခဲ့တဲ့ သွန်သင်ချက်တွေကို ဂုဏ်ပြုရေးသားထားခြင်း ဖြစ်ပါတယ်။ တမန်တော်မြတ် (ဆွ) ဟာ လူသားအားလုံးအတွက် ကရုဏာတော်နှင့် လမ်းညွှန်မှုအဖြစ် စေလွှတ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။ သူ၏စရိုက်လက္ခဏာဟာ ကုရ်အာန်ကျမ်းမြတ်ရဲ့ လက်တွေ့ပုံရိပ်ဖြစ်ခဲ့ပြီး၊ ကရုဏာတော်၊ သည်းခံမှု၊ ရိုးသားမှု၊ သနားကြင်နာမှုနဲ့ အသိဉာဏ်ပညာတို့နဲ့ ပြည့်နှက်နေခဲ့ပါတယ်။ သမိုင်းတစ်လျှောက် မွတ်စ်လင်မ်တို့ဟာ မိမိတို့ရဲ့ စာပေများနဲ့ ဟောပြောချက်များမှာ ဤကဲ့သို့သော ဒရူးဒ်ကို မကြာခဏ ဖတ်ရွတ်လေ့ရှိပြီး၊ မိမိတို့ရဲ့ နှလုံးသားတွေကို သန့်စင်စေကာ တမန်တော်မြတ်နဲ့ တမန်တော်မြတ်ရဲ့သွန်သင်ချက်တွေကို ကျေးဇူးတင်ရှိကြောင်း ပြသဖို့ ရည်ရွယ်ခဲ့ကြပါတယ်။ ထို့ကြောင့် ကျွန်ုပ်တို့အားလုံးဟာ ဤကဗျာလေးရဲ့ အနက်အဓိပ္ပာယ်ကို သိရှိနားလည်ပြီး၊ ငြိမ်းချမ်းမှုတံတိုင်းကြီးကို တည်ဆောက်ရာမှာ တမန်တော်မြတ်ရဲ့ သွန်သင် ချက်တွေကို လက်တွေ့ဘဝမှာ အသုံးချနိုင်ဖို့ ကြိုးစားသင့်ပါတယ်။ 📖 References(ကိုးကား) 1. “Qasidat al-Burda” – အီမာမ်ဘူစီရီ, မြောက်အာဖရိက၊ အီဂျစ် – ၁၃ရာစု ‎2. (المكتبة الشاملة) အွန်လိုင်းကျမ်းတိုက်ထဲရှိ قصيدة البردة 📝Contributed By အိုဗိုင်ဒွလ္လာဟ်(လှိုင်သာယာ)
473
17
[[ထို့ပြင် အကယ်၍ အမှန်ပင် သူတို့သည် သူတို့အား အလ္လာဟ် အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်က ပေးတော်မူခဲ့သည်များ အပေါ်တွင် ကျေနပ်ပြီး “ကျွန်ုပ်တို့ အတွက် အလ္လာဟ် အရှင်မြတ်သည် လုံလောက်တော်မူပါသည်။ အလ္လာဟ် အရှင်မြတ်သည် မကြာမီ ကျွန်ုပ်တို့အား အရှင်မြတ်၏ ကျေးဇူးတော်ထဲမှ ပေးသနားတော်မူမည်။ ၎င်းပြင် အရှင်မြတ်၏ တမန်တော်သည်လည်း (ထပ်ပေးဦးမည်)၊ အမှန်စင်စစ် ကျွန်ုပ်တို့သည် အလ္လာဟ် အရှင်မြတ်ဘက်ကိုသာ ယိမ်းညွတ်သူများ ဖြစ်ကြပါသည်”ဟု ပြောဆိုခဲ့ကြလျှင် ကောင်းလေစွပင် ဖြစ်သည်]] (၉/၅၉) အရှင်မြတ်သည် ပေးကမ်းချီးမြှင့်မှုကို မိမိနှင့်ရော မိမိ၏တမန်တော်နှင့်ပါ ဆက်နွယ်ထားသည်။ ယုံပုံအားကိုးမှုမှာတော့ အလ္လာဟ်အရှင် တစ်ပါးတည်း အပေါ်တွင်သာ ဖြစ်ရသည်။ ထို့အတူ အရှင့် အပါးတော်သို့သာ မျှော်လင့် မက်ဆန္ဒထား စိတ်ယိမ်းညွတ်ရပေမည်။ 📕Source(ကျမ်းညွှန်း) "မဂ်ျမူးအု ဖသာဝါ အစ်ဗ်နေ့ သိုင်မိယဟ်" ကျမ်း၊ (ဓမ္မသတ် ပေါင်းချုပ်ကျမ်း)၊ အစ်ဗ်နု သိုင်မိယဟ်၊ စာ ၉၄ မှ ၉၇၊ တွဲ ၁၁၊ ဖဟ်ဒ် ဘုရင် ပုံနှိပ်တိုက်၊ ၂၀၀၄ ခုနှစ်ထုတ်။ 🖋️Translated by Abu Tamim
389
18
လူသားသည် အဖန်ဆင်းခံအပေါင်း၏ အနှစ်ချုပ် ဖြစ်သည်။ အဆုံးသတ်ဖြစ်သည်။ အဖန်ဆင်းခံတို့၏ ဝိသေသ အရည်အသွေးများကို စုစည်းပိုင်ဆိုင်ထားသူ ဖြစ်သည်။ သို့ပါ၍ လူသားတို့အနက် မြင့်မြတ်သူသည် အဖန်ဆင်းခံ ခပ်သိမ်းထက်လည်း အကြွင်းမဲ့ မြင့်မြတ်ပေသည်။ မုဟမ္မဒ် (ဆွ) သည် ထိုအဖန်ဆင်းခံ ခပ်သိမ်းထက် မြင့်မြတ်သော လူသားထု၏ မျက်ဝတ် ဖြစ်သည်။ အခရာ ဖြစ်သည်။ ဗဟိုချက် ဖြစ်သည်။ ဤသို့ မြင့်မြတ်မှု အစုစု ပေါင်းစပ်တည်ရှိနေသူ ကိုယ်တော်သည် အဖန်ဆင်းခံအပေါင်းကို ဖန်ဆင်းရခြင်းရ၏ အဓိက အဆုံးစွန် ရည်မှန်းချက်သဖွယ် ဖြစ်နေတော့သည်။ သို့ပါ၍ “အရာခပ်သိမ်းသည် ကိုယ်တော့်အတွက်ကြောင့်သာလျှင် ဖန်းဆင်းခြင်း ခံရပြီး၊ ကိုယ်တော် မရှိလျှင် ဖန်ဆင်းခြင်း ခံကြရမည် မဟုတ်” ဟူသော စကားရပ်ကို ငြင်းဆိုကန့်ကွက်ရန် မလိုအပ်ပါ။ ထိုစကားရပ်နှင့် ထိုနည်းတူစကားရပ်များကို ကုရ်အာန်၊ စွန္နဟ် အထောက်အထားဖြင့် မှန်မှန်ကန်ကန် ဖွင့်ဆိုပါက လက်ခံရပေမည်။ သို့သော် ခရစ်ယာန်များ ယူဆသကဲ့သို့ “အလ္လာဟ်အရှင်မြတ်၏ အဆင့်ဆင့် ပျိုးထောင် ဖန်ဆင်း ခြယ်လှယ်မှုတွင် အဖန်ဆင်းခံ တစ်ဦးဦး စပ်တူ ပါဝင်သည်”ဟူသော ယူဆမှုကဲ့သို့ အလွန်အမင်း အစွန်းရောက်မှု အမျိုးအစား ရောယှက်ပါဝင်လာပါက ထိုအယူအဆမျိုးကို ငြင်းဆန်ပယ်ချရပေမည်။ ကိုယ်တော် မိန့်သည်။ ကိုယ်တော်မြတ်၏ ထိုမိန့်ကြားချက်သည် မှန်ကန်ခိုင်လုံသော ဆင့်ပြန်ချက်လည်း ဖြစ်သည်။ “ခရစ်ယာန်တို့က အီစာ အစ်ဗ်နု မရ်ယမ် အား အလွန်အကျူး အမွှမ်းတင်သကဲ့သို့ သင်တို့သည် ငါကိုယ်တော့်အား အတိုင်းထက်အလွန် အမွှမ်းတင်မှု မပြုကြလေနှင့်၊ ငါကိုယ်တော်သည် ကျေးကျွန်တစ်ဦးသာ ဖြစ်သည်၊ အလ္လာဟ်အရှင်မြတ်၏ ကျေးကျွန်၊ အလ္လာဟ်အရှင်မြတ်၏ တမန်တော် ဟုသာ ပြောဆိုကြပါလေ” အလ္လာဟ်အရှင် မိန့်သည်။ [[အို- ကျမ်းရသူ အပေါင်းတို့၊ အသင်တို့သည် အသင်တို့၏ သာသနာ ထဲတွင် အစွန်းရောက် လွန်ကဲမှု မပြုကြလေနှင့်။ ထို့ပြင် အသင်တို့သည် အလ္လာဟ် အရှင်မြတ်နှင့် စပ်လျဉ်းပြီး အမှန်ပြောသည် မှလွဲ၍ အခြားပြောဆိုမှု မပြုကြနှင့်။ မရ်ယမ်၏သား မစီဟ်အီစာသည် အလ္လာဟ် အရှင်မြတ်၏ တမန်တော်နှင့် အရှင်မြတ်၏ (တတ်စွမ်းနိုင်မှုကို ထင်ပေါ်စေသော) စကားတော်ပင် ဖြစ်သည်။ အရှင်မြတ်သည် ထိုစကားတော်ကို မရ်ယမ်ထဲသို့ ထည့်ပေးတော်မူခဲ့သည်။ ၎င်းပြင် (ထိုစကားတော်သည်) အရှင်မြတ်ထံမှ (ချီးမြှင့်တော်မူသော) ဝိညာဉ်လည်း ဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် အလ္လာဟ် အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်များ (အားလုံး)ကို ယုံကြည်ကြပါ။ ထို့ပြင် အသင်တို့သည် (ကိုးကွယ်ထိုက်သောအရှင်) သုံးပါးရှိသည်ဟု မပြောကြနှင့်။ အသင်တို့သည် (ထိုကဲ့သို့ ပြောခြင်းများကို) ရပ်စဲကြပါ။ (၎င်းသည်) အသင်တို့အတွက် အကောင်းဆုံးပင် ဖြစ်သည်။ အလ္လာဟ် အရှင်မြတ်သည် တစ်ပါးတည်းသော ကိုးကွယ်ခံထိုက်တော်မူသည့် အရှင်ပင် ဖြစ်တော်မူသည်]] (၄/၁၇၁) အလ္လာဟ်အရှင်မြတ်သည် ထိုအချက်ကို မိမိ၏ ရပိုင်ခွင့် (အဖန်ဆင်းခံတို့၏ တာဝန်) အဖြစ် ပြဋ္ဌာန်းထားပြီး မည်သည့် အဖန်ဆင်းခံကမျှ ထိုအချက်တွင် စပ်တူပါဝင်ခွင့် အလျင်းမရှိပါ။ အလ္လာဟ်အရှင် တစ်ပါးတည်းကိုသာလျှင် ခဝပ်ကိုးကွယ်ရမည်။ အရှင်မြတ်ထံတော်ပါးတွင်သာ ဆုတောင်းရမည်။ အရှင်မြတ်ကိုသာ ယုံပုံအားကိုးရမည်။ အရှင်မြတ်ထံတော်ပါးမှသာလျှင် မက်ဆန္ဒထားရမည်။ အရှင့်ကိုသာ ကြောက်ရွံ့ရိုသေရမည်။ ခိုလှုံရာသည် အရှင့်ဆီသို့သာ ဖြစ်ပြီး လွတ်မြောက်ရာသည် အရှင့်ထံတော်ပါးတွင်သာ ရှိသည်။ အရှင်မြတ်သည်သာလျှင် ကောင်းခြင်းများ ဆောင်ကြဉ်းပေးမည် ဖြစ်ပြီး ထိုအရှင်သာလျှင် မကောင်းမှုများကို ပပျောက်စေမည် ဖြစ်သည်။ စွမ်းနိုင်မှု၊ အားအင်သည် အလ္လာဟ်အရှင်မြတ်၏ အကူအညီဖြင့်သာလျှင် ရရှိမည်။ [[ထို့ပြင် အရှင်မြတ် ထံတော်တွင် အရှင်မြတ် ခွင့်ပြုတော်မူသောသူ မှလွဲ၍ အခြား မည်သူ၏ ကြားဝင် အသနားခံပေးမှုမျှ အကျိုးရှိမည် မဟုတ်ပေ]] (၃၄/၂၃) [[အရှင်မြတ်၏ ခွင့်ပြုချက်မရှိဘဲ အရှင်မြတ်ထံတွင် (သူတစ်ပါးအတွက်) ကြားဝင် အသနားခံ လိုက်ပြောပေးမည့်သူသည် မည်သူရှိသနည်း]] (၂/၂၅၅) [[မိုးကောင်းကင်များနှင့် မြေပထဝီတွင် ရှိသမျှသူများသည် ရဟ်မာန် အနန္တ ကရုဏာတော်ရှင်၏ ရှေ့၌ ကျွန်အဖြစ်နှင့် လာရောက်ရမည့် သူချည်းသာ ဖြစ်သည်]] (၁၉/၉၃) [[အမှန်စင်စစ် အရှင်မြတ်သည် သူတို့အား လွှမ်းခြုံသိတော်မူသည့် အပြင် သူတို့အား ရေတွက်၍လည်း ထားတော်မူသည်]] (၁၉/၉၄) [[ထို့ပြင် သူတို့ထဲမှ လူတိုင်းသည် အရှင်မြတ် ထံတော်သို့ ကိယာမသ် နေ့တွင် တစ်ဦးချင်း လာရောက်ရမည့် သူများပင် ဖြစ်ကြသည်]] (၁၉/၉၅) အလ္လာဟ်အရှင်မြတ် မိန့်သည်။ [[ထို့ပြင် မည်သူမဆို အလ္လာဟ် အရှင်မြတ်နှင့် အရှင့် တမန်တော်ကို အမိန့်နာခံလျှင်၊ ထို့ပြင် ထိုသူသည် အလ္လာဟ် အရှင်မြတ်ကိုလည်း ကြောက်ရွံ့ပြီး အရှင်မြတ်(၏ အမိန့်ဖီဆန်ခြင်း)မှ ရှောင်ကြဉ်လျှင် ထိုသူများပင် အောင်မြင်သည့် သူများ ဖြစ်ကြသည်]] (၂၄/၅၂) အလ္လာဟ်အရှင်မြတ်သည် မိမိကိုရော မိမိ၏ တမန်တော်ကိုပါ အမိန့်နာခံရန် သတ်မှတ်ပြဋ္ဌာန်းထားသည်။ သို့ရာတွင် သက်(က်)ဝါ အကြောက်တရားကိုတော့ မိမိတစ်ပါးတည်းအတွက်သာလျှင် သတ်မှတ်ထားသည်။ ထို့အတူ အရှင်မြတ် မိန့်သည်။
296
19
အလ္လာဟ်အရှင်မြတ်သည် လူသား၏ ခန္ဓာကို မြေကြီးဖြင့် ဖန်ဆင်းခဲ့သည်။ ၎င်း၏ ဝိညာဉ်ကို အထက်ကောင်းကင်ဘုံမှ ဖန်ဆင်းခဲ့သည်။ ထိုကြောင့် “လူသားသည် စကြာဝဠာငယ်လေး ဖြစ်သည်၊ စကြာဝဠာကြီး၏ ပုံတူဖြစ်သည်” ဟု ဆိုကြသည်။ မုဟမ္မဒ် (ဆွ) သည် ထိုအာဒမ် ၏ သားစဉ်မြေးဆက်ဖြစ်သော လူသားတို့၏ ဦးသျှောင် ဖြစ်သည်။ အဖန်ဆင်းခံ ခပ်သိမ်းအနက် အထွတ်မြတ်ဆုံး ဖြစ်သည်။ အမွန်မြတ်ဆုံး ဖြစ်သည်။ ထိုအချက်ကြောင့်ပင် “အလ္လာဟ်အရှင်မြတ်‌သည် မုဟမ္မဒ် (ဆွ) ကြောင့်သာလျှင် စကြဝဠာကြီးကို ဖန်ဆင်းခဲ့ခြင်း ဖြစ်သည်။ (သို့) မုဟမ္မဒ် (ဆွ) သာ မရှိပါက အရ်ရှ်တော်၊ (ကုရ်စီ) ဉာဏ်တော်၊ မိုး၊ မြေ၊ နေ၊ လ မည်သည့်အရာကိုမျှ ဖန်ဆင်းမည် မဟုတ်ပါ” ဟု ဆိုကြခြင်း ဖြစ်သည်။ သို့ရာတွင် ထိုအဆိုသည် တမန်တော့်ထံမှ ဆင့်ပြန်ရောက်ရှိလာသော ဟဒီးဆ် မဟုတ်ပါ။ မှန်ကန်ခိုင်လုံသော ဟဒီးဆ် မဟုတ်သကဲ့သို့ ခိုင်လုံမှုအားနည်းသော ဟဒီးဆ်လည်း မဟုတ်ပါ။ မည်သည့် ဟဒီးဆ်ပညာရှင် တစ်ဦးတစ်ယောက်မျှလည်း ဆင့်ပြန်ထားခြင်း မရှိပါ။ တမန်တော့်ထံ‌ပါးမှ မဟုတ်သကဲ့သို့ ဆွဟာ‌ဗဟ်တို့ထံမှလည်း မကြားသိရပါ။ သို့သာမက အမည်မသိ စာတစ်ခုသာ ဖြစ်သည်။ သို့သော် အထက်ပါအချက်အား အောက်ပါကုရ်အာန်ကျမ်းလာ ပါဒတော်ကဲ့သို့ မှန်မှန်ကန်ကန် ဖွင့်ဆိုနိုင်ပါသည်။ [[ထို့ပြင် အရှင်မြတ်သည် မိုးကောင်းကင်များတွင် ရှိသမျှနှင့်၊ မြေပထဝီတွင် ရှိသမျှ အားလုံးကို အရှင်မြတ် ဘက်မှ အသင်တို့၏ လက်အောက်ခံ ဖြစ်စေတော်မူခဲ့သည်။]] (၄၅/၁၃) [[ထို့ပြင် အရှင်မြတ်၏ အမိန့်တော်ဖြင့် ရွက်သင်္ဘောများသည် ပင်လယ်ထဲ၌ သွားလာရန် အတွက် အရှင်မြတ်သည် ထို(ရွက်သင်္ဘော)များအား အသင်တို့၏ ညွှန်ကြားချက်ကို လိုက်နာအောင် လုပ်ပေးတော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့ အကျိုးအတွက် မြစ်ချောင်းများကိုလည်း နာခံစေတော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် အမြဲ သွားလာလျက်ရှိသော နေနှင့်လကို အသင်တို့(၏ အကျိုး)အတွက် လိုက်နာစေတော်မူခဲ့သည်။ ၎င်းနောက် အရှင်မြတ်သည် ညနှင့် နေ့ကို အသင်တို့ (အကျိုး)အတွက် အမိန့် နာခံစေတော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် အရှင်မြတ် ထံတော်၌ အသင်တို့ တောင်းခံခဲ့သော အရာအားလုံးထဲမှ အသင်တို့အား ပေးသနားတော်မူခဲ့သည်။ ထို့ပြင် အကယ်၍ အသင်တို့သည် အလ္လာဟ် အရှင်မြတ်၏ ကျေးဇူးတော်များကို ရေတွက်ကြမည် ဆိုလျှင် အသင်တို့သည် ထိုကျေးဇူးတော်များကို ရေတွက်နိုင်ကြမည် မဟုတ်ပေ။]] (၁၄/၃၂) အထက်ပါ ကျမ်းလာ ပါဒတော်များတွင် စကြာဝဠာကြီးကို လူသားအတွက် ဖန်ဆင်းထားသည်ဟု ရှင်းလင်းတင်ပြထားသော်လည်း အလ္လာဟ် အရှင်မြတ် ထံတော်ပါးတွင် အဖန်ဆင်းခံများကို ဖန်ဆင်းရာ၌ အခြားသော အမြော် အမြင်များလည်း ရှိနေဦးမည်မှာ မလွဲမသွေပါ။ ထို ”လူသားအတွက်” ဟူ‌သောအချက်ထက် ပို၍ ကြီးမားသော အကြောင်းတရား အမြော်အမြင်လည်း ရှိနိုင်သည်။ သို့သော် စကြဝဠာကြီးတွင် ထိုလူးသားအဖို့ အကျိုးမည်မျှ ရှိနေကြောင်း၊ အရှင်မြတ်သည် ၎င်းအား မိမိ၏ ချီးမြင့်မှု ကျေးဇူးတော်ကို မည်မျှ ကျယ်ဝန်းစေထားကြောင်းကို မီးမောင်းထိုးပြခြင်း ဖြစ်သည်။ “ဤအကြောင်းကြောင့် ဤသို့ ပြုလုပ်သည်” ဟူသော စကားရပ်သည် အခြားသော အကြောင်းတရား ရည်ရွယ်ချက် အမြော်အမြင်များ မပါဝင်ဟု မဆိုလိုပါ။ ထို့အတူ “ဤအရာ မရှိလျှင် ဤအရာကိုလည်း ဖန်ဆင်းမည် မဟုတ်” ဟူသော စကားရပ်သည်လည်း အခြား ပိုမို ကြီးမားသော ရည်ရွယ်ချက် အမြော်အမြင်များ ရှိနေကြောင်းကို ငြင်းဆိုမနေပါ။ သို့သော် အကယ်၍ လူကောင်းသူမွန်တို့အနက် အမြင့်မြတ်ဆုံးသော သူသည် မုဟမ္မဒ် (ဆွ) ဖြစ်ပြီး၊ ၎င်းကို ဖန်ဆင်းခြင်းသည် အရေးအပါဆုံး အခရာအကျဆုံး ရည်မှန်းချက် ဖြစ်၍၊ ထို ဖန်ဆင်းမှုသည် အခြားသော အကြောင်းတရား ရည်ရွယ်ချက်များထက် ပိုမို နက်နဲသော အကြောင်းတရား အမြော်အမြင် ဖြစ်နေလျှင်တော့ ဖန်ဆင်းမှု ပြီးပြည့်စုံခြင်း၏ အဆုံးသတ် ပန်းတိုင်သည် ကိုယ်တော်အား ဖန်ဆင်းခြင်းဖြင့်သာ ရရှိပါလိမ့်မည်။ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်၊ မြေပထဝီနှင့် ထိုနှစ်ခုကြားရှိ အရာခပ်သိမ်းကို (၆) ရက်အတွင်း ဖန်ဆင်းခဲ့သည်။ ဖန်ဆင်းခြင်း၏ အဆုံးသတ်သည် သောကြာနေ့တွင် ဖြစ်သည်။ ထိုနေ့တွင် တမန်တော် အာဒမ် (အ) ဖန်ဆင်းခံရပြီး သူသည် နောက်ဆုံး ဖန်ဆင်းခံရသူ ဖြစ်သည်။ သောကြာနေ့၏ နောက်ဆုံးအခိုက်အတန့် ဖြစ်သော (အဆ်ွရ်) ပြီးသည့် အချိန်တွင် ဖန်ဆင်းခံရသည်။ မုဟမ္မဒ် (ဆွ) သည် အာဒမ် (အ) ၏ သားစဉ်မြေးဆက်တို့၏ ဦးသျှောင် ဖြစ်သည်။ အာဒမ် (အ) နှင့် ၎င်း၏ သားမြေးမြစ် အစဉ်အဆက်သည် မုဟမ္မဒ် ၏ အလံတော်အရိပ်အောက်၌သာ ရှိမည်။ ကိုယ်တော်မိန့်သည်။ “အာဒမ် သည် ရွံစေး အဆင့်တွင် ရှိနေစဉ်မှာပင် ငါကိုယ်တော်သည် အလ္လာဟ်အရှင်မြတ်၏ ထံတော်ပါးတွင် အန္တိမတမန်တော်အဖြစ် သတ်မှတ်ခံရပြီး ဖြစ်သည်”။ ဆိုလိုသည်မှာ “အာဒမ် (အ) ကို ဖန်ဆင်းပြီး အသက်ဇီဝိန် မမှုတ်သွင်းမီ အလျင်၌ပင် ငါကိုယ်တော်၏ တမန်တော်ဖြစ်မှုသည် ထုတ်ဖော်သတ်မှတ်ပြီး ဖြစ်သည်” ဟူ၏။ လူသားသည် သန္ဓေသားအဖြစ် ဖန်ဆင်းခံရပြီး အသက်ဇီဝိန် မထည့်သွင်းပေးခံရမီ အလျင်၌ပင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ ချီးမြှင့်ခံရမည့်အရာ၊ သူ၏ သက်တမ်း၊ သူ့ လုပ်ဆောင်ချက်၊ သူ၏ ကံကောင်းခြင်း ကံဆိုးခြင်း အလုံးစုံကို သတ်မှတ်ထားသကဲ့သို့ ဖြစ်သည်။
158
20
✨တမန်တော်မြတ် (ဆွ) ၏ဖြစ်တည်မှုနှင့် အိဗ်နု သိုင်ယ်မီယာ၏အမြင် မေး။ ။ တမန်တော် မုဟမ္မဒ် (ဆွ) သည် အလင်းရောင်ခြည်ဖြင့် ဖန်ဆင်းခြင်း ခံရပါသလား။ (သို့မဟုတ်) ဓာတ် ကြီး (၄) ပါးဖြင့် ဖန်ဆင်းခြင်း ခံရပါသလား။ (သို့မဟုတ်) တခြားအရာတစ်ခုခုဖြင့်လား။ “ကိုယ်တော်မြတ်သာ မရှိလျှင် အလ္လာဟ်အရှင်မြတ်သည် အရ်ရှ်တော်၊ ကုရ်စီတော်၊ မိုး၊ မြေ၊ နေ၊ လ မည်သည့်အရာကိုမျှ ဖန်ဆင်းလိမ့်မည် မဟုတ်ပါ” ဟူ၍ အချို့ တင်ပြပြောဆိုနေသည့် ဟဒီးဆ်သည် မှန်ကန်ခိုင်လုံသော ဟဒီးဆ် ဖြစ်ပါသလား။ ဖြေ။ ။ မုဟမ္မဒ် (ဆွ) သည် လူသားတို့အား ဖန်ဆင်းခဲ့သည့်အရာဖြင့်ပင် ဖန်ဆင်းခြင်း ခံခဲ့ရပါသည်။ အလင်းရောင်ခြည်ဖြင့် ဖန်ဆင်းခံခဲ့ရသည့် လူသားဟူ၍ မည်သူတစ်ဦးတစ်ယောက်မျှ မရှိပါ။ သို့သာမက “အလ္လာဟ်အရှင်မြတ်သည် ကောင်းကင်တမန်တို့ကို အလင်းရောင်ခြည်ဖြင့် ဖန်ဆင်းခဲ့တော်မူပြီး၊ (အစ်ဗ်လီးစ်) မိစ္ဆာကို မီးတောက်ဖြင့် ဖန်ဆင်းခဲ့သည်။ အာဒမ်(အ) ကိုမူ သင်တို့အား မိန့်ကြားဖော်ပြထားသည့်အရာ (ရွံ့စေး) ဖြင့် ဖန်ဆင်းခဲ့တော်မူသည်” ဟူ၍ ကိုယ်တော်မြတ် (ဆွ) မိန့်ခဲ့သည်။ ဤမိန့်ခြွေချက်သည် မှန်ကန်ခိုင်လုံသော ဆင့်ပြန်ချက်ဖြစ်ကြောင်း စိစစ်အတည်ပြုထားပြီး ဖြစ်သည်။ ၎င်းနောက် အဖန်ဆင်းခံတို့အနက် အချို့က အချို့ထက် သာလွန်ထူးကဲ ထွတ်မြတ်မှုသည် ၎င်းတို့ ဖန်ဆင်းခံခဲ့ရသည့်အရာ သီးသန့်ကြောင့် မဟုတ်၊ သို့သာမက ရံဖန် (မို့အ်မင်န်) ယုံကြည်သူသည် (ကာဖစ်ရ်) ငြင်းပယ်သူ မှတဆင့် ဖန်ဆင်းခံရနိုင်ပြီး၊ ကာဖစ်ရ် သည်လည်း မို့အ်မင်န် မှတဆင့် ဖန်ဆင်းခံရနိုင်သည်။ ဥပမာ တမန်တော် နူးဟ် (အ) မှ ၎င်း၏ သား ဖန်ဆင်းခြင်း ခံရသည်။ အာဇရ် မှ တမန်တော် အစ်ဗ်ရာဟီးမ် (အ) ဖန်ဆင်းခြင်း ခံရသည်။ အလ္လာဟ်အရှင်မြတ်သည် အာဒမ် (အ)ကို ရွံ့ညွန်ဖြင့် ဖန်ဆင်းခဲ့သည်။ ထို့နောက် ၎င်းအား အနေအထား ကျန ပြီးပြည့်စုံစွာ ဖွဲ့စည်းပြီးသည့်အခါ ၎င်း၏ (ခန္ဓာ) အတွင်း မိမိ၏ (ထံတော်ပါးမှ) အသက်ဇီဝိန်ကို မှုတ်သွင်းပေးတော်မူခဲ့သည်။ ၎င်းနောက် ကောင်းကင်တမန်တို့ကို အာဒမ် (အ) အား (စဂ်ျဒဟ်) ဦးချရန် အမိန့်ပေးခဲ့သည်။ ထိုနောက် ၎င်း‌အား အရာခပ်သိမ်း၏ အမည်နာမကို သင်ကြားပေးခြင်း၊ မိမိ၏ လက်တော်ဖြင့် ဖန်ဆင်းခြင်း စသည့်အချက်များဖြင့် ၎င်းအား ကောင်းကင်တမန်တို့ထက် သာလွန်ထူးမြတ်မှုဂုဏ်ကို ချီးမြှင့်တော်မူခဲ့သည်။ သို့ပါ၍ အာဒမ် (အ) နှင့် ၎င်း၏ သားစဉ်မြေးဆက်တို့အနက် ဖြောင့်မတ်မှန်ကန်သော ပုဂ္ဂိုလ်မွန်တို့သည် ရွံ့ညွန်ဖြင့် ဖန်ဆင်းခြင်း ခံရလင့်ကစား အလင်းရောင်ခြည်ဖြင့် ဖန်ဆင်းခြင်း ခံရသော ကောင်းကင်တမန်တို့ထက် သာပိုထူးကဲမြင့်မြတ်သည်။ ဤပုစ္ဆာသည် ကြီးမားကျယ်ပြန့်လှသည်။ ဤနေရာ၌ အပြည့်အစုံ ဖြေကြားရန်မှာ မဖြစ်နိုင်။ လူသား၏ ထွတ်မြတ်ခြင်း အကြောင်းတရားများသည် များစွာရှိပြီး ဤနေရာတွင် ရှင်းလင်းဖော်ပြရပါက လွန်စွာရှည်လျားသွားချေမည်။ စင်စစ် လူသားတို့၏ ထွတ်မြတ်မှုဂုဏ်သည် “ထာဝစဉ်ဘုံနန်း” အတွင်း ဝင်ရောက်ရသည့် အခါမှသာ ပေါ်လွင်ထင်ရှားပါလိမ့်မည်။ [[၎င်းနောက် ကောင်းကင် တမန်များသည် သူတို့ထံသို့ တံခါးပေါက်တိုင်းမှ ဝင်ရောက်ကြမည်။ အသင်တို့သည် သည်းခံ ကြံ့ခိုင်ခဲ့ကြသည့် အတွက် ငြိမ်းချမ်း သာယာမှုသည် အသင်တို့ အပေါ်တွင် ကျရောက်ပါစေ။ တမလွန်ဘဝ၏ ကောင်းကျိုးသည် အဘယ်မျှ ကောင်းလိုက်သနည်း (ဟူ၍ နှုတ်ခွန်းဆက်သကြပေမည်)]] (၁၃/၂၃) လူသားသည် သုက်ရည်မှ တဆင့် သွေးခဲ၊ တစ်ဖန် ဝါးဖတ်ကဲ့သို့ အသားတုံး စသဖြင့် အဆင့်ဆင့် ဖန်ဆင်းခြင်း ခံခဲ့ရသည်။ ထို့နောက် ငယ်ရာမှ ကြီးရာသို့ ရွေ့လျားကူးပြောင်းရသည်။ တစ်ဖန် ဘုံဌာနေတစ်ခုမှ အခြားတစ်ခုဆီ ရွေ့ပြောင်းရသည်။ ကနဦးအခြေအနေများတွင် ၎င်း၏ ထွတ်မြတ်မှုဂုဏ်သည် ပေါ်လွင်ထင်ရှားမှုမရှိပေ။ စင်စစ် ထိုထွတ်မြတ်မှုသည် အခြေအနေများ ပြီးပြည့်စုံ၍ နောက်ဆုံးအဆင့် ရောက်မှသာလျှင် ပေါ်လွင်ပါမည်။ ဤသည် ကောင်းကင်တမန်တို့နှင့် ဆန့်ကျင်ဘက် ဖြစ်သည်။ ၎င်းတို့၏ ကနဦးအခြေအနေနှင့် နောက်ဆုံးအခြေနေသည် တစ်တမတ်တည်းသာ ဖြစ်သည်။ ထိုကြောင့် (နဗီ) တမန်တော်တို့၏ တမလွန်၌ ချီးမြှင့်ခံမည်ဟု ကတိ‌ပေးခံထားရသည့် ပြီးပြည့်စုံသော နောက်ဆုံးအဆင့် အခြေအနေများဆီ မရောက်သေးမီကာလ ကြားအဆင့် အခြေအနေများကို ကြည့်ရှု၍ ၎င်းတို့ထက် ကောင်းကင်တမန်တို့သည် သာလွန်ထူးမြတ်ပေသည် ဟု ပြောဆိုခဲ့ကြသူတို့သည် အထင်မှားခဲ့ကြခြင်းသာ ဖြစ်သည်။ ကျွန်ုပ်တို့၏ တမန်တော် မုဟမ္မဒ် (ဆွ) သည် ကောင်းကင်တမန်တို့ထက် သာပိုထွတ်မြတ်ကြောင်းမှာမူ “ကောင်းကင် ဘုံနန်း ခရီးစဉ် ညချမ်း” တွင် ပေါ်လွင်ထင်ရှားခဲ့ပေသည်။ ကိုယ်တော်သည် ကလောင်တံများ ရေးမှတ်နေသံကို ကြားနေရ‌သည့် ဌာနေဘုံ အဆင့်ဆီသို့ ရောက်ခဲ့သည်။ ကောင်းကင်တမန်တို့၏ အဆင့်အတန်းများထက် မြင့်မားခဲ့သည်။ ၎င်းနောက် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ကြီးမြတ်ထည်ဝါလှသော တန်ခိုးတော်၊ အံ့ဖွယ် ဉာဏ်တော်အမြော်အမြင်ဖြင့် ကောင်းကင်တမန်များ၌ပင် မတွေ့ရသော အရာများကို လူသားများအနက် တမန်တော်များ၊ သူတော်မွန်များထံ၌ ထုတ်ဖော်ပြသ ထင်ရှားစေခဲ့သည်။ အဖန်ဆင်းခံ အသီးသီးတို့တွင် ပြန့်ကျဲနေသော ဝိသေသ အရည်အသွေးများကို ၎င်းတို့အတွင်း စုစည်းတည်ရှိစေခဲ့သည်။
235