en
Feedback
Saya Sithu Htet

Saya Sithu Htet

Open in Telegram

English for Teachers and Students

Show more

📈 Analytical overview of Telegram channel Saya Sithu Htet

Channel Saya Sithu Htet (@essentialsayasithuhtet) in the Burmese language segment is an active participant. Currently, the community unites 32 876 subscribers, ranking 5 808 in the Education category and 4 258 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 32 876 subscribers.

According to the latest data from 19 May, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -183 over the last 30 days and by 0 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 0%. Within the first 24 hours after publication, content typically collects N/A% reactions from the total number of subscribers.
  • Post reach: On average, each post receives 0 views. Within the first day, a publication typically gains 0 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 0.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
English for Teachers and Students

Thanks to the high frequency of updates (latest data received on 20 May, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Education category.

32 876
Subscribers
No data24 hours
-297 days
-18330 days
Posts Archive
Unit 6 I don't (present simple negative) present simple အကြောင်း နားလည်ပြီးပြီဆိုရင် ဒါကို negative ပုံစံနဲ့ တစ်ခါ လေ့လာကြည့်
+2
Unit 6 I don't (present simple negative) present simple အကြောင်း နားလည်ပြီးပြီဆိုရင် ဒါကို negative ပုံစံနဲ့ တစ်ခါ လေ့လာကြည့်ရအောင်။ Video နဲ့ လေ့လာချင်တဲ့သူတွေက ဒီ Link ကို နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။ https://youtu.be/6p3LHZMflUk

Unit 5 I do/ work/ like etc. (present simple) ဒီတစ်ခါမှာတော့ present simple ကို လေ့လာကြည့်ရအောင်။ Video နဲ့ လေ့လာချင်တဲ့သူတွေ
+2
Unit 5 I do/ work/ like etc. (present simple) ဒီတစ်ခါမှာတော့ present simple ကို လေ့လာကြည့်ရအောင်။ Video နဲ့ လေ့လာချင်တဲ့သူတွေက ဒီ Link ကို နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။ https://youtu.be/JswN1mKlhSs

"(be) used to + noun or … -ing" ကျွန်တော်တို့ used to + infinitive ကို အတိတ်မှာ ပုံမှန်လုပ်လေ့ရှိတာတွေအကြောင်း ပြောဖို့ ဘယ်လိုသုံးရသလဲဆိုတာကို ပြောခဲ့ပြီးပြီနော်။ ဒါဆိုရင် သူနဲ့ ပုံစံချင်းဆင်တဲ့ be + used to ကရော ဘာအတွက် သုံးတာလဲ။ ဒါကိုမပြောခင်မှာ အခြေအနေလေးတစ်ခုကို ကြည့်ရအောင်။ ကျွန်တော်တို့ အရင်တုန်းက ၂၄ နာရီအပြည့် လျှပ်စစ်မီးရတယ်။ အဲဒီလိုဖြစ်နေရာကနေ ရုတ်တရက် လူရွှင်တော်တွေပြောသလို ၂ ရက်ကို ၄ နာရီလောက်ပဲ လာတော့တဲ့အခါ မနေတတ်၊ မထိုင်တတ်ဖြစ်သွားတယ်မဟုတ်လား။ အခုတော့ မီးပြတ်ရင် သိပ်မထူးတော့ဘူး။ ဒါက ဘာဖြစ်သွားတာလဲ။ အကျင့်ဖြစ်သွားတာ၊ ကျင့်သားရသွားတာပေါ့။ ဒီလိုမျိုးသဘောနဲ့ဆိုရင် be used to သုံးနိုင်ပါတယ်။ ✅ be used to ရဲ့နောက်မှာ noun သို့မဟုတ် -ing ပုံစံ လိုက်နိုင်ပါတယ်။ be used to ရဲ့ အဓိပ္ပာယ်က used to + infinitive နဲ့ တော်တော်ကွာတယ်နော်။ be used to က ကျင့်သားရတာ၊ used to + infinitive က အရင်တုန်းက ပုံမှန်လုပ်ခဲ့ပြီး ခုမလုပ်တော့တာ။ be used to ကို အင်္ဂလိပ်လို ရှင်းပြထားတာလေး ဖတ်ကြည့်ပါဦး။ ♦️ If you say that you are used to something, you mean that you know it well. You have experienced it so much that it is no longer strange to you. be used to + noun ပုံစံလေးကို အရင် ကြည့်ရအောင်။ ဥပမာ 🔹 I’m used to London traffic – I’ve lived here for six years. ကျွန်တော်က လန်ဒန်က ယာဉ်အသွားအလာနဲ့ ကျင့်သားရနေပါပြီ။ ဒီမှာနေလာတာ ခြောက်နှစ်ရှိပြီလေ။ 🔹 At the beginning, I couldn’t understand the Londoners, because I wasn’t used to their accent. အစတုန်းကတော့ လန်ဒန်သားတွေပြောတာ နားမလည်ဘူးခင်ဗျ။ ဘာလို့လဲဆိုတော့ သူတို့ရဲ့လေသံနဲ့ အကျင့်မရသေးဘူးလေ။ ♦️ be used to ရဲ့နောက်မှာ -ing ပုံစံကို သုံးနိုင်ပါတယ်။ ဒါပေမဲ့ infinitive ပုံစံကိုတော့ မသုံးနိုင်ပါဘူး။ infinitive ဆိုတာကတော့ verb တစ်ခုရဲ့အခြေခံပုံစံကို ပြောမှန်းသိတယ်နော်။ (ဥပမာ go ဆိုရင် go ပဲ။ goes, went, gone, going စတာတွေမဟုတ်ဘူး။) ဥပမာ ကြည့်ရအောင်။ 🔸 I’m used to driving in London now, but it was hard at the beginning. (NOT I’m used to drive …) ကျွန်တော်က အခု လန်ဒန်မှာ ကားမောင်းရတာကို ကျင့်သားရနေပြီ။ ဒါပေမဲ့ အစတုန်းကတော့ ခက်တာပေါ့။ 🔸 It was a long time before she was completely used to working with old people. ကြာတော့မှပဲ သူက လူကြီးတွေနဲ့ အလုပ်လုပ်ရတာကို လုံးဝကျင့်သားရသွားတော့တယ်။ 🔰 get used to က become used to လို့ အဓိပ္ပာယ်ရပါတယ်။ 🔹 You’ll soon get used to living in the country. မကြာခင်မှာ ခင်ဗျားကျေးလက်ဒေသမှာနေရတာကို ကျင့်သားရလာပါလိမ့်မယ်။ Ref: Basic English Usage

photo content
+1

"used to ကို ဘယ်လိုသုံးကြမလဲ" used to ကို သုံးစွဲတဲ့ပုံစံနှစ်မျိုးကို မြင်ရတတ်တော့ ကျွန်တော်တို့ ရောထွေးသွားတတ်တယ်။ တစ်ခုကတော့ used to ဆိုပြီး သုံးစွဲတာနဲ့ နောက်တစ်ခုကတော့ am/ is/ are တစ်ခုခုနဲ့ used to ကို ပေါင်းပြီး သုံးစွဲတာပါ။ တစ်ခုနဲ့တစ်ခု သုံးစွဲပုံလည်း မတူ၊ အဓိပ္ပာယ်လည်း မတူတော့ သေသေချာချာလေး ခွဲခြားလေ့လာကြည့်ရအောင်။ ဒီအခြေအနေလေးကို စဉ်းစားကြည့်လိုက်ပါ။ ကျွန်တော်တို့ တစ်ခုခုကို အရင်တုန်းက ပုံမှန်လုပ်တယ်။ အခုတော့ မလုပ်တော့ဘူး ဆိုပါစို့။ ဆေးလိပ်သောက်တာပဲ ဥပမာ ပေးလိုက်ရအောင်။ အရင်တုန်းက ဆေးလိပ် ပုံမှန်သောက်ဖြစ်တယ်။ အခုတော့ မသောက်တော့ဘူး။ ဒါဆို အဲဒါကို ပြောဖို့ ဘယ်လို သုံးစွဲနိုင်မလဲ။ 🔸 I used to smoke, but I’ve stopped. ကျွန်တော် ဆေးလိပ်သောက်လေ့ရှိခဲ့တယ်။ ဒါပေမဲ့ ဖြတ်လိုက်ပါပြီ။ ဒီစာကြောင်းလေးကို ကြည့်လိုက်ရင် ကျွန်တော်တို့ အတိတ်ကာလမှာ လုပ်ခဲ့တဲ့အကြောင်းကိုပဲ ပြောနေတာ တွေ့မယ်နော်။ ဒါကြောင့် used to ကို သုံးထားတယ်။ used to မှာ present ပုံစံ မရှိဘူး။ used to ကို အတိတ်ကာလအတွက်ပဲ သုံးရတယ်။ ♦️ used to ကို အခုတော့ ပြီးဆုံးသွားပြီဖြစ်တဲ့ အတိတ်က အလေ့အထတွေနဲ့ အခြေအနေတွေကို ဖော်ပြဖို့ သုံးပါတယ်။ နောက်ထပ် ဥပမာလေးတစ်ခုကို ကြည့်ရအောင်။ 🔸 She used to be very shy. သူက သိပ်ပြီး ရှက်တတ်လေ့ ရှိခဲ့တယ်။ ဒါဆိုရင် အရင်တုန်းက သူသိပ်ပြီး ရှက်တတ်တယ်။ ခုတော့ မရှက်ကြောက်တော့ဘဲ ပြောရဲဆိုရဲ၊ လုပ်ရဲကိုင်ရဲ ရှိလာပြီဆိုတဲ့ သဘောပေါ့။ အတိတ်တုန်းက အလေ့အထတွေကို ပြောတဲ့အခါ used to သုံးတယ်ဆိုတော့ အခု အလေ့အထကို ပြောတဲ့အခါမှာ use to ဆိုပြီး သုံးလိုက်ရမလား။ ဘယ်ဟုတ်ပါ့မလဲ။ ခုလို မှတ်ထားပါ။ ✅ To talk about present habits and states, we usually just use the simple present tense. ပစ္စုပ္ပန် အလေ့အထတွေနဲ့ အခြေအနေတွေကို ပြောဖို့ simple present tense ကိုပဲ သုံးလေ့ရှိတယ်။ ဥပမာတွေကို ကြည့်ရအောင်။ 🔸 He smokes. (NOT He uses to smoke.) သူက ဆေးလိပ်သောက်တတ်တယ်။ 🔸 Her sister is still very shy. သူ့ရဲ့ညီမက သိပ်ပြီး ရှက်တတ်တုန်းပဲ။ used to ကို မေးခွန်းတွေ၊ အငြင်းဝါကျတွေမှာ ပုံမှန်အားဖြင့် did နဲ့ သုံးတယ်။ • Did + Subject + use to …? • Subject + didn’t + use to … Formal style မှာတော့ used to က modal auxiliary verb ရဲ့ ပုံစံရှိနိုင်တယ်။ ဆိုလိုတာက မေးခွန်းတွေနဲ့ အငြင်းဝါကျတွေမှာ do မသုံးဘဲ used to သုံးလို့ ရတယ်။ နှိုင်းယှဉ်လေ့လာကြည့်ရအောင်။ 🔹 ကျောင်းမှာတုန်းက မင်း ဘောလုံးကစားလေ့ရှိခဲ့သလား။ Did you use to play football at school? (informal) Used you to play football at school? (formal) 🔹 ကျွန်မက အော်ပရာတွေကို မကြိုက်ခဲ့ဘူး။ ဒါပေမဲ့ ခုတော့ ကြိုက်တယ်။ I didn’t use to like opera, but now I do. (informal) I used not to like opera, but now I do. (formal) ဒီတစ်ချက်ကိုတော့ မှတ်ထားပါ။ ♦️ We do not use used to to say how long something took, or how often it happened. တစ်ခုခုက ဘယ်လောက်ကြာတယ် ဒါမှမဟုတ် ဘယ်နှစ်ကြိမ်ဖြစ်ပွားတယ်ဆိုတာကို ပြောဖို့ used to မသုံးပါဘူး။ 🔸 I lived in Chester for three years. (NOT I used to live in Chester for three years.) ကျွန်တော်က ချက်စတာမှာ သုံးနှစ်ကြာအောင် နေခဲ့တယ်။ 🔸 I went to France seven times. (NOT I used to go to France seven times.) ကျွန်တော်က ပြင်သစ်ကို ခုနစ်ကြိမ်သွားခဲ့တယ်။ used to + infinitive နဲ့ be used to … ing ပုံစံက အဓိပ္ပာယ်အတော်ကွာတဲ့အတွက် ဒီနှစ်ခု ရောလို့ မရပါဘူး။ be used to … ing အကြောင်းကိုလည်း ဆက်ကြည့်ကြမယ်နော်။ Ref: Basic English Usage

photo content
+1

Unit 4 Are you doing (present continuous questions) present continuous နဲ့ ဝါကျတွေ ရေးပုံ၊ ပြောပုံကို လေ့လာပြီးတဲ့အခါ မေးခွန်
+1
Unit 4 Are you doing (present continuous questions) present continuous နဲ့ ဝါကျတွေ ရေးပုံ၊ ပြောပုံကို လေ့လာပြီးတဲ့အခါ မေးခွန်းတွေ လုပ်နိုင်ဖို့ present continuous questions ကို လေ့လာကြည့်ရအောင်။ Video နဲ့ လေ့လာချင်တဲ့သူတွေက ဒီ Link ကို နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။ https://youtu.be/fHHBs20PiTo?si=hIH2rS-pKggBUXLg

Unit 3 I am doing (present continuous) am, is, are သုံးပြီး positive sentences, negative sentences, questions တွေ သုံးတတ်ပြီဆ
+2
Unit 3 I am doing (present continuous) am, is, are သုံးပြီး positive sentences, negative sentences, questions တွေ သုံးတတ်ပြီဆိုရင် နောက်သင်ခန်းစာအနေနဲ့ present continuous အကြောင်း လေ့လာကြည့်ရအောင်။ Video နဲ့ လေ့လာချင်တဲ့သူတွေက ဒီ Link ကို နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။ https://youtu.be/6S0KfyVs0B8

Unit 2 am, is, are (questions) am, is, are သုံးပြီး positive sentences and negative sentences တွေ သုံးတတ်ပြီဆိုရင် ကျွန်တော်တ
+2
Unit 2 am, is, are (questions) am, is, are သုံးပြီး positive sentences and negative sentences တွေ သုံးတတ်ပြီဆိုရင် ကျွန်တော်တို တဆင့်တက်ပြီး မေးခွန်းတွေ မေးပုံကို လေ့လာကြည့်ရအောင်။ Video နဲ့ လေ့လာချင်တဲ့သူတွေက ဒီ Link ကို နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။ https://youtu.be/XdH2x-obMQo

Unit 1 am, is, are အင်္ဂလိပ်စာကို အခြေခံကနေ စပြီးလေ့လာချင်တဲ့သူတွေ ပိုင်နိုင်ထားသင့်တဲ့ Grammar သင်ခန်းစာတွေကို အသေးစိတ် သင်ပ
+2
Unit 1 am, is, are အင်္ဂလိပ်စာကို အခြေခံကနေ စပြီးလေ့လာချင်တဲ့သူတွေ ပိုင်နိုင်ထားသင့်တဲ့ Grammar သင်ခန်းစာတွေကို အသေးစိတ် သင်ပြပေးပါမယ်။ ပထမဆုံးအနေနဲ့ am, is, are ကနေ စပြီး လေ့လာကြရအောင်နော်။ Video နဲ့ လေ့လာချင်တဲ့သူတွေက ဒီ Link ကို နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။ https://youtu.be/O6Qn918ia1c

photo content
+1

"blame – fault" “အပြစ်ဖို့သည်။ လွှဲချသည်” ဆိုတာကို blame လို့ ခေါ်ပါတယ်။ ♦️ If you blame someone for something bad that has happened, you think that they made it happen. ♦️ ဖြစ်သွားတဲ့ မကောင်းတဲ့ တစ်စုံတစ်ခုအတွက် တစ်ယောက်ယောက်ကို အပြစ်ဖို့တယ် ဆိုရင် သူတို့က ဒါကို ဖြစ်အောင်လုပ်တယ်လို့ သင်က ထင်တာပါတဲ့။ ဥပမာ 🔹 Police blamed the bus driver for the accident. ရဲတွေက မတော်တဆမှုအတွက် ဘတ်စကားမောင်းသူကို အပြစ်ဖို့တယ်။ 🔹 Don’t blame me! ငါ့ကို အပြစ်မတင်နဲ့။ blame something on someone လို့ သုံးလို့လည်း ရတယ်။ 🔸 Maya blames all her problems on her parents. မေယာက သူရဲ့ပြဿနာတွေအားလုံးကို သူ့မိဘတွေကြောင့်လို့ အပြစ်တင်တယ်။ မင်းရဲ့အပြစ်ပဲ၊ သူ့ရဲ့အပြစ်ပဲ။ သူ့ကို အပြစ်တင်ရမယ် စသည်ဖြင့် ပြောချင်ရင် be to blame လို့ ပြောပါတယ်။ 🔹 I knew I was partly to blame for the failure of the project. စီမံကိန်းမအောင်မြင်တာအတွက် ကျွန်တော့်မှာ တစ်စိတ်တစ်ပိုင်း အပြစ်ပါတယ်ဆိုတာ သိပါတယ်။ 🔹 The study found that schools are not to blame for the laziness of their pupils. ကျောင်းနေကလေးတွေရဲ့ အပျင်းကျမှုအတွက် ကျောင်းတွေကို အပြစ်တင်ရမှာ မဟုတ်ဘူးဆိုတာ ဒီလေ့လာမှုကနေ တွေ့ရှိခဲ့တယ်။ blame ကို သုံးစွဲပုံတွေကို ကြည့်ပြီးတော့ တစ်ခုခုက တစ်ယောက်ယောက်ရဲ့ အပြစ်လို့ ပြောချင်တဲ့အခါ something is someone’s blame လို့ ပြောလို့တော့ မရပါဘူး။ fault လို့ သုံးရပါတယ်။ fault ဆိုတာ “အပြစ်၊ အမှား” ပါပဲ။ 🔸 It was all Jack’s fault. ဒါတွေအားလုံးက ဂျက်ရဲ့ အပြစ်ပါပဲ။ 🔸 It’s not our fault if the machine beaks down. ဒီစက်ပျက်ရင် ကျွန်တော်တို့ရဲ့ အပြစ်မဟုတ်ဘူး။ တစ်ယောက်ယောက်မှာ အပြစ်ရှိတယ်လို့ ပြောချင်ရင် at fault လို့ သုံးလို့ ရပါတယ်။ 🔹 The other driver is at fault. တခြား ကားမောင်းသမားမှာ အပြစ်ရှိတယ်။ Ref: Collins Cobuild English Usage

Letters from a Father to His Daughter စာအုပ်က ဂျဝါဟလာနေရူးက သမီးဖြစ်သူ အင်ဒီရာ ဆီကို ရေးခဲ့တဲ့ ပေးစာတွေ ဖြစ်ပါတယ်။ ကမ္ဘာကျော် ပေးစာတွေထဲက တစ်ခုပါ။ ဒီစာတွေပို့တဲ့အချိန်မှာ နေရူးက အလဟာဘတ် မှာရှိပြီး သမီးဖြစ်သူကတော့ မဆူရီ မှာ ရှိနေပါတယ်။ ၁၉၂၈ ခုနှစ်၊ အင်ဒီရာ အသက် ၁၀ နှစ်အရွယ်မှာ ပို့ခဲ့တဲ့ စာတွေပါ။ စာတွေကို ပုံနှိပ်ထုတ်ဝေတာကတော့ ၁၉၂၉ ခုနှစ်မှာ ဖြစ်ပါတယ်။ မူရင်းစာတွေကို အင်္ဂလိပ်ဘာသာနဲ့ ရေးခဲ့ပြီး နောက်မှ ဟင်ဒီဘာသာနဲ့ ပြန်ဆိုခဲ့ပါတယ်။ ဒီစာတွေမှာ သဘာဝအကြောင်း၊ လူသားသမိုင်းအကြောင်းတွေ ပါပါတယ်။ သိပ္ပံနည်းကျအကြောင်းအရာတွေကို ဆယ်နှစ်အရွယ် ကလေးနားလည်နိုင်တဲ့ပုံစံနဲ့ တင်ပြထားတာ အင်မတန် စိတ်ဝင်စားစရာ ကောင်းပါတယ်။ ကလေးတွေကို အင်္ဂလိပ်စာဖတ်ကျင့်လည်း ရစေချင်၊ သိပ္ပံနည်းကျ အကြောင်းအရာတွေကိုလည်း သိစေချင်သူများအတွက် ဒီစာအုပ်ကို ကျွန်တော်က သောကြာ-တနင်္လာနှစ်ရက် အပတ်စဉ်၊ ဖတ်ပြ ရှင်းပြပေးတာ လုပ်ပေးခဲ့ပါတယ်။ (လူကြီးတွေအတွက်လည်း အသုံးတည့်ပါတယ်။) အခု တစ်အုပ်လုံး ဖတ်ပြ၊ ရှင်းပြပြီးတဲ့အတွက် သင်ခန်းစာတွေကို ထပ်မံစုစည်းပေးလိုက်ပါတယ်။ Channel ကို အရင် Subscribe လုပ်ထားပေးပါ။ https://youtube.com/@sayasithuhtetessentialenglish?si=fzE7-K49JzCt5PEP အင်္ဂလိပ်လို စာအုပ်ကို Download ယူရန် Google Drive Link https://drive.google.com/file/d/1PycjM8DxeR6gdTTogVh8bHIwmJ3L0yaa/view?usp=sharing Video သင်ခန်းစာများ 💟 Chapter 1 The Book of Nature https://youtu.be/DBdwW9yFW9M 💟 Chapter 2 How Early History was Written https://youtu.be/AIQ4oTkomlY 💟 Chapter 3 The Making of the Earth https://youtu.be/_zmJHL_X_88 💟 Chapter 4 The First Living Things https://youtu.be/yc7iL3-AGrA 💟 Chapter 5 The Animals Appear https://youtu.be/fq8H6pDWx3E 💟 Chapter 6 The Coming of Man https://youtu.be/jSDLqreuaNg 💟 Chapter 7 The Early Man https://youtu.be/jsgUPq0--Zw 💟 Chapter 8 How Difference Races were Formed https://youtu.be/lZcqPy-AwXc 💟 Chapter 9 The Races and Languages of Manking https://youtu.be/WLCHhSG0Wk0 💟 Chapter 10 The Relationships of Languages https://youtu.be/cQPh4foxzwc 💟 Chapter 11 What is Civilization https://youtu.be/wEL6ICr2JbA 💟 Chapter 12 The Formation of Tribes https://youtu.be/PKXCz6Pl_Wc 💟 Chapter 13 How Religion Began and Division of Labour https://youtu.be/rnhk8dUK-EI 💟 Chapter 14 The Changes Brought about by Agriculture https://youtu.be/xMHMhLZiA8c 💟 Chapter 15 The Patriarch - How he Began https://youtu.be/0EnJ1Zd5xlI 💟 Chapter 16 The Patriarch - How he Developed https://youtu.be/N6TTg3sivmc 💟 Chapter 17 The Patriarch Becomes the King https://youtu.be/7bWDa3_sLA0 💟 Chapter 18 The Early Civilizations https://youtu.be/7vh9KE4cY9s 💟 Chapter 19 The Great Cities of the Ancient World https://youtu.be/0gqEr-slvuA 💟 Chapter 20 Egypt and Crete https://youtu.be/1Jg9ndNiRTI 💟 Chapter 21 China and India https://youtu.be/sV-I1kRBRTo 💟 Chapter 22 Sea Voyages and Trade https://youtu.be/XpwZza6iqn4 💟 Chapter 23 Language, Writing and Numerals https://youtu.be/Zny-teF2TZU 💟 Chapter 24 Different Classes of People https://youtu.be/U-ht-eXbh9c 💟 Chapter 25 Kings and Temples and Preists https://youtu.be/6e66xFfF-to 💟 Chapter 26 A Look Back https://youtu.be/VzggeVBw33s 💟 Chapter 27 Fossils and Fuels https://youtu.be/-8cC5vso27U 💟 Chapter 28 The Aryans Come to India https://youtu.be/RiLygoVkWfo 💟 Chapter 29 What were the Aryans in India Like https://youtu.be/hXphy_YssIM 💟 Chapter 30 The Ramayana and the Mahabharata https://youtu.be/P3Oh2oaUWxA သြော် စကားမစပ် ဒီလိုမျိုး ဆယ်နှစ်အရွယ်ကတည်းက သိပ္ပံပညာ၊ လေးနက်တဲ့ အသိအမြင်တွေနဲ့ ပျိုးထောင် ခံခဲ့ရတဲ့ အင်ဒီရာ ဆိုတာ တခြားသူမဟုတ်ပါဘူး။ အိန္ဒိယနိုင်ငံရဲ့ တတိယမြောက် ဝန်ကြီးချုပ် (ပထမဆုံးနဲ့ ဒီနေ့ထိ တစ်ဦးတည်းသော အမျိုးသမီး ဝန်ကြီးချုပ်) အင်ဒီရာ ဂန္ဒီ ဖြစ်ပါတယ်။ ပညာရဲ့ အစွမ်းက ကြီးမြတ်လှပါတယ်။

photo content

အခြေခံ Reading သင်ခန်းစာတွေကို Youtube မှာ အခမဲ့ သင်ပြထားတာ ရှိပါတယ်။ လေ့လာလိုသူတွေ ဒီ Link ကို နှိပ်ပြီး အစဉ်တိုင်း ကြည့်ရှု
အခြေခံ Reading သင်ခန်းစာတွေကို Youtube မှာ အခမဲ့ သင်ပြထားတာ ရှိပါတယ်။ လေ့လာလိုသူတွေ ဒီ Link ကို နှိပ်ပြီး အစဉ်တိုင်း ကြည့်ရှုနိုင်ပါတယ်။ https://youtube.com/playlist?list=PLLutYsv1-KzYG96uznqednTLw-Sq7MNfq&si=FzPg1nXgRYsDPM4I

photo content
+6

"အင်္ဂလိပ်စာ သင်စရာမလိုတော့ဘူး၊ အင်္ဂလိပ်စာ သင်ပေးသူတွေ မလိုတော့ဘူး။" လွန်ခဲ့တဲ့ လေးရက်လောက်က (13.5.2024) တုန်းက Open AI ကုမ္ပဏီက Chat GPT 4o (o က omni ကို ပြောတာ) ကို ထုတ်ခဲ့ပါတယ်။ အရင်တုန်းက Chat GPT 3.0 ကိုပဲ အခမဲ့ သုံးလို့ရပြီး Chat GPT 4.0 ကို ဝယ်သုံးမှ ရခဲ့တာပါ။ ခုနောက်ဆုံး version Chat GPT 4o ကိုတော့ လူတိုင်းအခမဲ့ သုံးလို့ရပါတယ်။ (Android သုံးသူတွေက Playstore မှာ Chat GPT 4o လို့ ရိုက်ရှာပါ။ IOS သုံးသူတွေက App Store မှာ ရှာပါ။) Chat GPT စထွက်လာကတည်းက တစ်ကမ္ဘာလုံး လှုပ်ခတ်သွားခဲ့ပါတယ်။ ခု Chat GPT 4o မှာတော့ မြန်မာနိုင်ငံအတွက်ပါ အပြောင်းအလဲ ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ Chat GPT 4o က မြန်မာစကားကို နားလည်၊ မြန်မာလို ဖြေနိုင်၊ ဆီလျော်မှုလည်း ရှိနေလို့ ဖြစ်ပါတယ်။ နည်းပညာနားလည်ပြီး အင်္ဂလိပ်ဘာသာစကားသုံးနိုင်သူတွေက AI ကို နယ်ပယ်ပေါင်းစုံမှာ ကျကျနန ခိုင်းလို့ရတာ သိပြီးသားပါ။ ခုက မြန်မာလိုလည်း ရတော့ လူတိုင်း အဆင်ပြေသွားတယ်။ အင်္ဂလိပ်စာ လေ့လာတဲ့သူတွေအတွက်ပဲ ဆိုပါစို့။ မသိတာတစ်ခုခု ရှိရင် ဆရာ/မဆီမှာ မေးစရာ မလိုတော့ဘူး။ လူကိုမေးရင် အဆင်ပြေမပြေ အားနာနေရမယ်။ ခုကျတော့ AI ကို အားနာစရာ မလိုဘူး။ စိတ်ကြိုက်သာမေး၊ စိတ်ရှည်လက်ရှည် ဖြေပေးပါလိမ့်မယ်။ မြန်မာလိုပဲ သိတာကို အင်္ဂလိပ်လို ဘယ်လိုခေါ်သလဲ။ စာခက်ခက်တွေကို ပိုလွယ်အောင် ရေးပြပါ။ အချက်အလက်တွေ စဉ်းစားပြပါ စသည်ဖြင့် စိတ်ကြိုက်ခိုင်းလို့ ရနေတော့ အခြေအနေအများစုမှာ ဆရာတောင် လိုမှာ မဟုတ်တော့ဘူး။ ခုက အစအခြေအနေဖြစ်ပါတယ်။ AI က မြန်မာဘာသာစကားကို ခုမှ သင်ခါစဖြစ်ပါတယ်။ ကလေးတစ်ယောက်လိုပေါ့။ အရမ်းရှုပ်ထွေးတဲ့ စကားတွေ၊ အလှည့်အပြောင်းတွေကို ခုတော့ နားမလည်သေးပေမဲ့ အချိန်နဲ့အမျှ သင်ယူပြီး တတ်သွားမှာပါ။ အစတောင် ဒီလောက် တတ်နေရင် နောင်ဆယ်နှစ်ကြာရင် ဘယ်လောက် သိနေမယ်ဆိုတာ မေးစရာ မလိုပါဘူး။ နောင်ကျရင် ဘယ်ဘာသာနဲ့ ရေးထားရေးထား မြန်မာစကားနဲ့ ပြောင်းလဲနိုင်တာတို့၊ မြန်မာဘာသာနဲ့ ရေးထားတာတွေကို ဘယ်ဘာသာစကားမဆိုပြောင်းလဲနိုင်တာတို့ ဖြစ်လာတော့မယ်။ (တကယ်တော့ AI က အရေးတင်မက အပြောလည်းရတယ်။ video တွေ၊ အသံဖိုင်တွေကိုလည်း နားလည်တယ်။) အင်္ဂလိပ်စာ စိတ်ဝင်စားလို့ လေ့လာချင်ရင်လည်း AI ကို မေးခိုင်း၊ သင်ခိုင်းလို့ ရနေပြီ။ စိတ်ရှည်ရှည်နဲ့ ကိုယ့်လိုအပ်ချက်နဲ့ အညီ သင်ပေးပါလိမ့်မယ်။ ကျွန်တော်တို့ အင်္ဂလိပ်စာ ဆရာ/မတွေ ဘယ်အလုပ်ပြောင်းလုပ်ရင် ကောင်းမလဲ ကြိုစဉ်းစားကြတာပေါ့။ အောက်က ပုံတွေမှာ Chat GPT ကို မြန်မာစကားနဲ့ စမ်းပြထားပါတယ်။

ဒီ Online Speaking သင်တန်း တက်ရောက်မယ်ဆိုရင် Chat box မှာပြောထားပေးပါ။ ဒီ link ကိုနှိပ်ပြီးစာပို့လို့ ရပါတယ်။ http://t.me/SayaSithuHtetEssentialEnglish

"Speaking သင်တန်းအပ်၊ Reading နဲ့ Vocabulary သင်တန်းပါ အခမဲ့တက်" Basic speaking (Online) သင်တန်းကို 25.5.2024 (စနေနေ့) မှာ ဖွင့်ပါမယ်။ သင်ရိုးခိုင်ခိုင်မာမာနဲ့ မှတ်စုတွေပါ ပြင်ဆင်စီစဉ်ထားပါတယ်။ ဒီသင်တန်းကို စဖွင့်ကတည်းက အလုပ်များသူတွေ၊ အပြင်သင်တန်းအတွက် အချိန်မပေးနိုင်သူတွေ၊ နယ်မှာနေပေမဲ့ မြို့ကြီးနဲ့ မကွာခြားဘဲ အလွယ်တကူ ပညာသင်ယူချင်သူတွေကို အခွင့်အရေး ပေးနိုင်ဖို့ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် အင်တာနက် ဒေတာခအများကြီး မတတ်နိုင်သူတွေ၊ လိုင်းကောင်းချိန်မှ သင်ယူချင်သူတွေအတွက်ပါ ပိုအဆင်ပြေပါတယ်။ သင်တန်းကို အပိုင်းနှစ်ခု ခွဲထားပါတယ်။ Part 1 နဲ့ Part 2 ပါ။ Part 1 မှာက အခြေခံ စကားတွေ ပြောနိုင်ဖို့ လိုအပ်တဲ့ ဝါကျပုံစံတွေ၊ အသံထွက်ပုံတွေ၊ အခြေခံစကားပြောတွေကို စာ၊ video ၊ လေ့ကျင့်ခန်းတွေနဲ့ ပြည့်ပြည့်စုံစုံ သင်ကြားမှာပါ။ သတိထားစရာက Part 1 အဆင့်မှာ အခြေခံအုတ်မြစ် ခိုင်အောင်ပုံစံချပေးမှာမို့ အပြန်အလှန်စကားပြောတာတွေ၊ အုပ်စုလိုက်ပြောတာတွေ လေ့ကျင့်ဦးမှာ မဟုတ်သေးဘဲ ကိုယ်တစ်ယောက်တည်းက ဝါကျတွေ မှန်မှန်ကန်ကန် ပြောရဲ၊ ပြောနိုင်အောင် အရင်လေ့ကျင့်ပေးမှာ ဖြစ်ပါတယ်။ သင်ကြားပေးမဲ့ ပုံစံကတော့ Facebook private group မှာ သင်ခန်းစာ video တွေကို လေ့လာပြီး လေ့ကျင့်တဲ့အခါမှာ messenger ကနေ voice mail ပို့ပြီး လေ့ကျင့်ရပါတယ်။ ပြောထားတာတွေကို အချိန်ယူပြီး နားထောင်ပေး၊ စစ်ပေးပါတယ်။ အခြေခံအားနည်းလို့ ခုမှ စလေ့လာချင်သူတွေ၊ အများနဲ့လေ့ကျင့်ပြောနိုင်အောင် အဆင်မ​ပြေသေးသူတွေ၊ ရှက်တတ်သူတွေအဖို့ အထူးသင့်တော်ပါတယ်။ ဒါ့အပြင် Data ကုန်ကျတာ အင်မတန် သက်သာပြီး လိုင်းကောင်းချိန်မှ လေ့ကျင့်ထားတာတွေ ပို့လို့ရတဲ့အတွက် ခုလို Data ခ စျေးကြီး၊ အင်တာနက်လိုင်းတွေမကောင်းတဲ့အချိန်မှာ မဖြစ်မနေ တက်သင့်တဲ့ အတန်းမျိုးပါ။ Part 2 မှာတော့ Part 1 မှာ အတော်အသင့်လေ့ကျင့်ခဲ့ပြီး ယုံကြည်မှုတစ်ခု ရနိုင်ပြီမို့ အပြန်အလှန် စကားပြောလေ့ကျင့်တာတွေ၊ နေ့စဉ်သုံးပြောစကားတွေ၊ အလုပ်အင်တာဗျူးအတွက် ပြောပုံတွေ၊ အခြေအနေ အမျိုးမျိုးမှာ ပြောပုံတွေကို သင်ပါ့မယ်။ Zoom Meeting ကိုသုံးပြီး ဆရာနဲ့ ဒါမှမဟုတ် အချင်းချင်း မျက်နှာချင်းဆိုင်ပြောပြီး လေ့ကျင့်သင်ကြားပါမယ်။ Video နဲ့ လေ့လာချင်သူတွေအတွက်လည်း Zoom နဲ့ သင်ကြားတာအပြင် Video တွေပါ တင်ထားပြီး အသံဖိုင်ပို့ပြီး လေ့ကျင့်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အချိန်မအားလို့၊ အင်တာနက်အဆင်မပြေလို့ Zoom Meeting မှာ မ join နိုင်တဲ့အချိန်မှာလည်း သင်ယူမှ မပြတ်ဘဲ လေ့လာနိုင်ပါလိမ့်မယ်။ သင်တန်း Part တစ်ခုစီ အတွက် ကြာချိန်က နှစ်လပါ။ သင်တန်းကြေးက Part 1 အတွက် 45, 000 (လေးသောင်းခွဲ)၊ Part 2 အတွက် 45,000 (လေးသောင်းခွဲ) ပါ။ တစ်ပိုင်းချင်းစီ တက်လို့ရပါတယ်။ ဒါပေမဲ့ Part 1 + Part 2 နှစ်ခုစလုံးအတွက် တစ်ခါတည်း စာရင်းသွင်းထားမယ်ဆိုရင် သင်တန်းကြေး 70000 (ခုနစ်သောင်း)သာ သတ်မှတ်ပေးထားပါတယ်။ Part 1 သင်ပြီးမှ Part 2 ကို ဆက်ဖွင့်လှစ်သွားမှာပါ။ Part 1 + Part 2 နှစ်ခုလုံးပြီးတဲ့အခါမှာ သေချာလေ့ကျင့်ခဲ့တဲ့သူတွေအဖို့ မူလရှိတဲ့ အင်္ဂလိပ်စာအဆင့်ထက် သိသိသာသာ တိုးတက်ဖို့ သေချာပါတယ်။ အလုပ်၊ ကျောင်းတက်ရတဲ့သူတွေ အချိန်မရွေး လေ့လာနိုင်စေဖို့ ပုံသေသင်ယူရမယ့်အချိန် မသတ်မှတ်ထားဘဲ အဆင်ပြေတဲ့အချိန် လေ့လာလို့ရပါတယ်။ ဥပမာပြောရမယ်ဆို ည ၇ လောက် ဝင်ကြည့်ရင် အဆင်ပြေပါတယ်။ တစ်ရက်သင်​​ကြားပြီး တစ်ရက်မှာ လေ့ကျင့်ပြီး ပို့ထားတာတွေ စစ်ပေးပါမယ်။ ဒါပေမဲ့ မလေ့ကျင့်ရသေးတဲ့ သင်ခန်းစာ မှန်သမျှ ဘယ်အချိန်မဆို ပြန်လေ့ကျင့်လို့ရသလို မရှင်းလင်းတာတွေကိုလည်း အချိန်မရွေး မေးလို့ရပါတယ်။ လေ့လာ လေ့ကျင့်တဲ့သူတွေကို တစ်ဦးချင်းအာရုံစိုက်ပေး၊ လေ့ကျင့်တာတွေ နားထောင်ပေး၊ လိုအပ်ချက်တွေ ရှင်းပြပေးလုပ်ပါတယ်။ နေ့တိုင်းလုပ်ပေးတာပါ။ video ကြည့်ပြီး တစ်ဖက်သတ်လေ့လာနေရတာမဟုတ်ဘဲ ဆရာ့ဆီက feedback ပုံမှန်ရ၊ အားသာချက်ရှိတဲ့အခါ ဝမ်းသာပြီး အားနည်းချက်ရှိတဲ့အခါ ပြင်ဆင်နိုင်မယ့်ပုံစံပါ။ ♦️ Speaking သင်တန်းအပ်ထားသူတွေကို Video သင်ခန်းစာတွေနဲ့ သင်ပေးတဲ့ Reading Class နဲ့ Vocabulary Class ပါ အခမဲ့ တက်ခွင့်ပြုပါတယ်။ Speaking သင်တန်းတစ်ခုတက်တာနဲ့ နောက်ထပ်သင်တန်းနှစ်ခုကိုပါ အခမဲ့ တက်လို့ရတာဆိုတော့ သင်တန်းကြေးသက်သာတဲ့အပြင် အပိုရတဲ့ အကျိုးကျေးဇူးနဲ့တင် တန်နေပြီဆိုတာ သိသာပါတယ် ♦️ အဓိကအချက်လေး ပြန်ပြောရမယ်ဆို - Basic Speaking မှာ နှစ်ပိုင်း ပါပါမယ်။ တစ်ပိုင်းကို နှစ်လ၊ Part 1 + Part 2 နှစ်ခုစလုံးဆို လေးလကြာပါမယ်။ သင်တန်းကြေးက တစ်ပိုင်းချင်းတက်မယ်ဆို လေးသောင်းခွဲ၊ Part 1 + Part 2 နှစ်ခုစလုံးစာ တစ်ခါတည်း အပ်မယ်ဆိုရင် ခုနစ်သောင်းပါ။ နှစ်သောင်း သက်သာခွင့်ရတာပေါ့) သင်တန်းချိန်က Part 1 အတွက် ပုံသေမသတ်မှတ်ပေးထားပါဘူး။ ကိုယ့်အလုပ်၊ ကျောင်း၊ လူမှုရေးကိစ္စတွေ အားတဲ့ ဘယ်အချိန်မှာမဆို လေ့လာ၊ လေ့ကျင့်လို့ရပါတယ်။ Part 2 မှာတော့ Zoom နဲ့ သင်တာအတွက် စနေ၊ တနင်္ဂနွေ 3:30 pm ကနေ 5:00 pm အထိ ဖြစ်ပါတယ်။

photo content