en
Feedback
Saya Sithu Htet

Saya Sithu Htet

Open in Telegram

English for Teachers and Students

Show more

📈 Analytical overview of Telegram channel Saya Sithu Htet

Channel Saya Sithu Htet (@essentialsayasithuhtet) in the Burmese language segment is an active participant. Currently, the community unites 32 876 subscribers, ranking 5 808 in the Education category and 4 258 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 32 876 subscribers.

According to the latest data from 19 May, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -183 over the last 30 days and by 0 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 0%. Within the first 24 hours after publication, content typically collects N/A% reactions from the total number of subscribers.
  • Post reach: On average, each post receives 0 views. Within the first day, a publication typically gains 0 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 0.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
English for Teachers and Students

Thanks to the high frequency of updates (latest data received on 20 May, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Education category.

32 876
Subscribers
No data24 hours
-297 days
-18330 days
Posts Archive
photo content

used to / be used to / get used to က အဓိပ္ပာယ်အတူတူပဲလား။ ဘယ်အချိန်၊ ဘယ်လိုဆိုလိုရင်းနဲ့ သုံးကြသလဲ။ အသေးစိတ်တွေကို ဒီ video မှာ လေ့လာကြည့်ပါဦး။ https://youtu.be/DEniGUYwdGM

Unit 13 I was doing (past continuous) အတိတ်ကာလက အချိန်တစ်ခုမှာ လုပ်နေဆဲ၊ ဖြစ်နေဆဲ ကိစ္စတွေအတွက် past continuous သုံးစွဲပုံကို
+2
Unit 13 I was doing (past continuous) အတိတ်ကာလက အချိန်တစ်ခုမှာ လုပ်နေဆဲ၊ ဖြစ်နေဆဲ ကိစ္စတွေအတွက် past continuous သုံးစွဲပုံကို အသေးစိတ် ရှင်းပြထားပါတယ်။ လေ့လာကြည့်ပါဦး။ Video နဲ့ လေ့လာချင်တဲ့သူတွေက ဒီ Link ကို နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။ https://youtu.be/iKQsJjtO7eo

photo content
+1

-ing and -ed clauses ================ "clause ဆိုတာ ဝါကျရဲ့ အစိတ်အပိုင်းတစ်ခုပါ။ တချို့ clause တွေက -ing သို့မဟုတ် -ed နဲ့ စတယ်။" ဥပမာ- ✒ Do you know the woman TALKIMG TO TOM? တွမ့်ကို စကားပြောနေတဲ့ အမျိုးသမီးကို မင်းသိသလား။ ဒီဝါကျမှာ talking to Tom က clause တစ်ခုပေါ့။ -ing နဲ့ စတယ်နော်။ ✒ The boy INJURED IN THE ACCIDENT was taken to hospital. မတော်တဆမှုမှာ ဒဏ်ရာ ရသွားတဲ့ ကောင်လေးကို ဆေးရုံခေါ်သွားတယ်။ ဒီဝါကျမှာတော့ injured in the accident ဆိုတာက clause တစ်ခုပေါ့။ -ed နဲ့စတယ်။ ဒီနေရာမှာ လွယ်အောင်လို့သာ -ing/ed clause စသည်ဖြင့် သုံးနှုန်းနေပေမဲ့ သူတို့ကို participle clauses တွေလို့ ခေါ်တာပါပဲ။ "We use -ing clauses to say what somebody or (something) is (or was) doing at a particular time." "တစ်စုံတစ်ယောက်၊ ဒါမှမဟုတ် တစ်စုံတစ်ခုက အချိန်တစ်ခုမှာ လုပ်နေတာကို ပြောဖို့ -ing clauses တွေကို သုံးတယ်။" ✒ Do you know the woman TALKING TO TOM? တွမ့်ကို စကားပြောနေတဲ့ အမျိုးသမီးကို မင်းသိလား။ (အမျိုးသမီးက တွမ့်ကို စကားပြောနေတာကို ညွှန်ပြတယ်) ✒ Police INVESTIGATING THE CRIME are looking for three men? ရာဇဝတ်မှုကို စုံစမ်းနေတဲ့ ရဲတွေက လူသုံးယောက်ကို ရှာနေတယ်။ (ရဲတွေက ရာဇဝတ်မှု စုံစမ်းနေတာကို ညွှန်ပြ) ✒ Who were those people WAITING OUTSIDE? အပြင်မှာ စောင့်နေတဲ့ သူတွေက ဘယ်သူလဲ။ (အပြင်မှာ စောင့်နေတာကို ညွှန်ပြ) ✒ I was woken up by a bell RINGING? မြည်နေတဲ့ ခေါင်းလောင်းသံကြောင့် နိုးလာတယ်။ (ခေါင်းလောင်း မြည်နေတာကို ညွန်ပြ) "You can also use an -ing clause to say what happens all the time, not just a particular time." "အချိန်တစ်ခုမှာတင်မဟုတ်ဘဲ တချိန်လုံးဖြစ်နေတဲ့ အရာကိုပြောဖို့လည်း -ing clause ကို သုံးနိုင်တယ်။" ✒ The road connecting the two villages is very narrow. ရွာနှစ်ရွာကို ဆက်ထားတဲ့ လမ်းက အရမ်းကျဉ်းတယ်။ ✒ I have a large room overlooking the garden. ဥယျာဉ်ကို စီးမိုးထားတဲ့ အခန်းကြီးတစ်ခန်း ငါ့မှာရှိတယ်။ ✒ Can you thing of a flower beginning with T? T နဲ့စတဲ့ ပန်းကို စဉ်းစားနိုင်သလား။ " -ed clauses have a positive meaning." " -ed clauses တွေမှာ passive အဓိပ္ပာယ်ရှိတယ်။" ✒ The boy injured in the accident was taken to hospital. မတော်တဆမှုမှာ ဒဏ်ရာ ရသွားတဲ့ ကောင်လေးကို ဆေးရုံခေါ်သွားတယ်။ (The boy was injured in the accident. လို့ passive သဘောဆိုလိုတယ်။ Subject က ပြုလုပ်ခြင်းခံရတဲ့သဘောဆို passive ဆိုတာတော့ သိပြီးရောပေါ့နော်) ✒ George showed me some pictures painted by his father. ဂျော့က သူ့အဖေဆွဲထားတဲ့ ပုံတချို့ ငါ့ကိုပြတယ်။ (They had been painted by his father. လို့ passive သဘော ဆိုလို) "injured and invited are past participles. Note that many past participles are irregular and do not end in -ed (stolen/made/written, etc.)" "injured နဲ့ invited တို့က past participes တွေပါ။ past participles တွေ များစွာက ပုံမမှန်တွေဖြစ်ပြီး -ed နဲ့ မဆုံးတာ သတိပြုပါ။ (stolen/made/written စသည်ဖြင့်)" ✒ The police never found the money stolen in the robbery. ဓားပြမှုမှာ ခိုးယူသွားတဲ့ ပိုက်ဆံကို ရဲအဖွဲ့ကရှာမတွေ့ဘူး။ ✒ Most of the goods made in this factory are exported. ဒီစက်ရုံမှာလုပ်တဲ့ ကုန်စည်အများစုကို ပြည်ပတင်ပို့တယ်။ You can use left in this way, with the meaning "not used, still there " "မသုံးရသေး/ ရှိနေသေး" ဆိုတဲ့ အဓိပ္ပာယ်နဲ့ left ကို ဒီနည်းနဲ့ သုံးနိုင်ပါတယ်။ ✒ We've eaten nearly all the chocolates. There are only a few left. တို့က ချောကလက် အားလုံးနည်းပါးကို စားပြီးပြီ။ နည်းနည်းပဲ ကျန်တော့တယ်။ "We often use -ing and -ed clauses after there is/ there was, etc." "There is/there was စသည်ဖြင့် ရဲ့ နောက်မှာ -ing နဲ့ -ed clauses တွေ သုံးလေ့ရှိပါတယ်။" ✒ There were some children swimming in the river. မြစ်ထဲမှာရေကူးနေတဲ့ ကလေးတချို့ရှိတယ်။ ✒ Is there anybody waiting? စောင့်နေတဲ့သူ တစ်ယောက်ယောက် ရှိလား။ ✒ There was a big red car parked outside the house. အိမ်ပြင်မှာ ရပ်ထားတဲ့ ကားအနီကြီး တစ်စီး ရှိတယ်။ Ref: English Grammar in Use (Raymomd Murphy) ပိုကျွမ်းကျင်အောင် လေ့ကျင့်ဖြေဆိုချင်သူများအတွက် လေ့ကျင့်ခန်းနဲ့ အဖြေပေးထားပါတယ်။ စာရွက်ပေါ်မှာ ချရေးပြီး ဖြေကြည့်ပါ။

Lesson 54 Are you into + (noun) ပုံစံသုံးပြီး လူတွေမှာ ရှိနိုင်မယ့် စိတ်ဝင်စားမှု၊ ဒါမှမဟုတ် သူတို့လုပ်ရမှာ ပျော်မွေ့နိုင်တဲ့ စိတ်ဝင်စားမှုအကြောင်းကို ပြောပုံတွေ လေ့လာကြည့်ပါဦး။ https://youtu.be/y2P_akRRXDQ

Lesson 53 You'd better ပုံစံသုံးပြီးတစ်ခုခု လုပ်သင့်တာကို အကြံပြုတဲ့ပုံစံလေး လေ့လာကြည့်ရအောင်။ https://youtu.be/k2DckxIa9L4

Unit 12 I didn't ... Did you ...? (Past simple negative and questions) အတိတ်ကာလအကြောင်းတွေကို ပြောရာမှာ အငြင်းဝါကျတွေ၊ မေးခွန
+1
Unit 12 I didn't ... Did you ...? (Past simple negative and questions) အတိတ်ကာလအကြောင်းတွေကို ပြောရာမှာ အငြင်းဝါကျတွေ၊ မေးခွန်းတွေ ဘယ်လိုမျိုး ပြောရ၊ ရေးရသလဲဆိုတာ အသေးစိတ် ရှင်းပြထားပါတယ်။ လေ့လာကြည့်ပါဦး။ Video နဲ့ လေ့လာချင်တဲ့သူတွေက ဒီ Link ကို နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။ https://youtu.be/gXk_Seh6FgA

Unit 11 worked/got/went etc. (past simple) အတိတ်ကာလအကြောင်းတွေကို ပြောဖိုအတွက် past simple ကို ကြေကြေညက်ညက် နားလည်ဖို့ လိုပါတ
+2
Unit 11 worked/got/went etc. (past simple) အတိတ်ကာလအကြောင်းတွေကို ပြောဖိုအတွက် past simple ကို ကြေကြေညက်ညက် နားလည်ဖို့ လိုပါတယ်။ ဒီသင်ခန်းစာမှာ past simple နဲ့ ရေးပုံ၊ ပြောပုံတွေကို အသေးစိတ်ရှင်းပြထားပါတယ်။ လေ့လာကြည့်ပါဦး။ Video နဲ့ လေ့လာချင်တဲ့သူတွေက ဒီ Link ကို နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။ https://youtu.be/mQYjLw3a9IQ

photo content
+1

🔸 အင်္ဂလိပ်လို သွက်သွက်လက်လက် ပြောနိုင်ဖို့ ဘာလိုမလဲ။ 🔸 အင်္ဂလိပ်လို ဖတ်လိုက်တဲ့စာတွေကို နားလည်ဖို့ ဘာလိုမလဲ။ 🔸 အင်္ဂလိပ်လို ပြောတာတွေကို နားလည်ဖို့အတွက်ရော။ 🔸 အင်္ဂလိပ်လို ရေးဖို့အတွက်ဆိုရင်လည်း လိုအပ်တာ ဘာရှိမလဲ။ ✅ ဟုတ်ပါတယ်။ ဒါတွေအားလုံးအတွက် စကားလုံးတွေ သိဖို့လိုပါတယ်။ ဝေါဟာရ ကြွယ်ဝဖို့ လိုပါတယ်။ Level အားလုံးအတွက် လုံလောက်တဲ့ ဝေါဟာရတွေသာမရှိရင် အင်္ဂလိပ်လို ရေး၊ ဖတ်၊ ပြော၊ နားထောင် အားလုံးအတွက် အခက်အခဲ ရှိမှာ အမှန်ပါပဲ။ 💟 အင်္ဂလိပ်ဝေါဟာရတွေ မှတ်သားတဲ့အခါ သာမန်ကာလျှံကာ မှတ်သားသွားတာထက် အမျိုးအစားအလိုက် အုပ်စုဖွဲ့မှတ်သားတာ၊ မှားတတ်တာတွေ နှိုင်းယှဉ်ဂရုပြုလေ့လာတာ၊ လေ့ကျင့်ခန်းတွေ လုပ်တာက ပိုပြီး ဝေါဟာရတွေကို ပိုင်ပိုင်နိုင်နိုင် သုံးတတ်စေပါတယ်။ အင်္ဂလိပ်ဝေါဟာရတွ တိတိကျကျ နားလည်ပြီး ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်စေဖို့ Vocabulary သင်တန်းလေး ဖွင့်လှစ်ပေးထားလိုက်ပါတယ်။ ဒီသင်တန်းမှာ 🔹ဝေါဟာရတွေကို အကြောင်းအရာအလိုက် သင်ပြပေးထားတယ်။ 🔹 မှတ်သားရလွယ်အောင် ထပ်ခါ ထပ်ခါ ရှင်းပြပေးထားတယ်။ 🔹 မှားတတ်တာတွေကို ရှင်းပြထားတယ်။ 🔹 လေ့ကျင့်ခန်းတွေကိုလည်း ​စဉ်းစားပြ၊ ရှင်းပြ၊ ဖြေပြထားတယ်။ ♦️ အချိန်မရွေး အထပ်ထပ်လေ့လာနိုင်အောင် Telegram private group ထဲမှာ Video နဲ့ သင်ခန်းစာတွေ သင်ပြပေးမယ့် ပုံစံ ဖြစ်ပါတယ်။ video နဲ့မို့ ကိုယ်အားချိန်၊ အဆင်ပြေချိန် ဘယ်ချိန်မဆို သင်ခန်းစာတွေ စိတ်ကြိုက် အထပ်ထပ် လေ့လာလို့ ရပါတယ်။ သင်တန်းကို elementary level အတွက်ရယ်၊ pre-intermediate and intermediate level အတွက်ရယ် နှစ်ခု ခွဲပေးထားပါတယ်။ elementary level အတွက် English Vocabulary in Use (elementary) စာအုပ်ကို အသုံးပြုပြီး သင်ပေးပါမယ်။ သင်ခန်းစာ နမူနာတွေကို အောက်ပါ link တွေကို နှိပ်ပြီးကြည့်ရှုနိုင်ပါတယ်။ 💟 The family https://youtu.be/8sDglwvap8Y?si=hlZr9PJsIUW-RHtU 💟 Birth, marriage and death https://youtu.be/-mMkHuZ5vKk?si=dtgf6YFciiZ9q8Jf 💟 Parts of the body https://youtu.be/6FXYV7TNT3o?si=SOSrU5fifw0wCnE9 💟 Clothes https://youtu.be/NGaawhjgsvc?si=cl1geQ3nhDV4DjZN pre-intermediate and intermediate level အတွက် English Vocabulary in Use (pre-intermediate and intermediate) စာအုပ်အသုံးပြုပြီး သင်ကြားပေးပါမယ်။ သင်ခန်းစာ နမူနာတွေကို အောက်ပါ link တွေကို နှိပ်ပြီးကြည့်ရှုနိုင်ပါတယ်။ ✅ Learning vocabulary https://youtu.be/ma87PRHMTJ0?si=z4ZMbjO4ZUIgrWwk ✅ Keeping a vocabulary notebook https://youtu.be/f4NhWYHIeX8?si=r7H_pAz2YntvzSl4 elementary level အတွက် သင်တန်းကြေး သုံးသောင်းကျပ် (30000) သာ ဖြစ်ပါတယ်။ pre-intermediate to imtermediate level အတွက်သင်တန်းကြေး လေးသောင်းကျပ် (40000) သာ ဖြစ်ပါတယ်။ 🌠 သင်တန်းနှစ်ခုလုံးက Telegram group ထဲမှာ video သင်ခန်းစာတွေကြည့်ပြီး လေ့လာရမှာဖြစ်တဲ့အတွက် Telegram ရှိနေသရွေ့/ account မပျက်သရွေ့ ရာသက်ပန်လေ့လာနိုင်ပါတယ်။ သင်တန်းအပ်မယ်ဆိုရင် ဒီ Link ကို နှိပ်ပြီး အပ်လို့ရပါတယ်။ t.me/SayaSithuHtetEssentialEnglish

Unit 10 was/were အတိတ်ကာလအကြောင်းတွေကို ပြောဖို့အတွက် was/ were သုံးစွဲပြီး ပြောပုံ၊ ရေးပုံကို လေ့လာကြည့်ပါဦး။ Video နဲ့ လေ့လ
+2
Unit 10 was/were အတိတ်ကာလအကြောင်းတွေကို ပြောဖို့အတွက် was/ were သုံးစွဲပြီး ပြောပုံ၊ ရေးပုံကို လေ့လာကြည့်ပါဦး။ Video နဲ့ လေ့လာချင်တဲ့သူတွေက ဒီ Link ကို နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။ https://youtu.be/IcirbiQkEBc

Unit 9 I have ... and I've got have နဲ့ have got သုံးစွဲပုံတွေကို နှိုင်းယှဉ်လေ့လာကြည့်ရအောင်နော်။ Video နဲ့ လေ့လာချင်တဲ့သူတွ
+1
Unit 9 I have ... and I've got have နဲ့ have got သုံးစွဲပုံတွေကို နှိုင်းယှဉ်လေ့လာကြည့်ရအောင်နော်။ Video နဲ့ လေ့လာချင်တဲ့သူတွေက ဒီ Link ကို နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။ https://youtu.be/OzA3aJNzy1o

Lesson 51 You seem + (adj) ပုံစံသုံးပြီး တစ်ခုခု ဖြစ်ပုံပေါ်၊ ဖြစ်ဟန်ရှိတဲ့အကြောင်း ပြောပုံကို လေ့လာကြည့်ကြစို့နော်။ https://youtu.be/NBKtu0CSTLg

Unit 8 I am doing (present continuous) and I do (present simple) present continuous နဲ့ present simple အကြောင်း လေ့လာပြီးတဲ့အ
+1
Unit 8 I am doing (present continuous) and I do (present simple) present continuous နဲ့ present simple အကြောင်း လေ့လာပြီးတဲ့အခါ ဒီတစ်ခါမှာတော့ အဲဒီ tense နှစ်ခုကို နှိုင်းယှဉ်ပြီး လေ့လာကြည့်ရအောင်နော်။ Video နဲ့ လေ့လာချင်တဲ့သူတွေက ဒီ Link ကို နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။ https://youtu.be/SsXuMewYRyM

Lesson 51 You're supposed to + (verb) ပုံစံ သုံးပြီး စကားပြောတဲ့ ပုံစံလေး လေ့လာကြည့်ပါဦး။ https://youtu.be/DXyhTFfwhSU

photo content

Yellow And Blue Modern Online Course Instagram Post.png6.53 KB

Basic Writing ကို Telegram မှာ member ဝင်ပြီး လေ့လာနိုင်ပါပြီ။ Essay တွေ ရေးတာပဲ ဖြစ်ဖြစ်၊ တခြားEnglish Writing အတွက်ပဲဖြစ်ဖြစ် ဘယ်လိုတွေး၊ ဘယ်လိုရေးဆိုပြီး ပြောကြပေမဲ့ အခြေခံဝါကျတွေတောင် ဖြောင့်အောင် မရေးတတ်ရင် အဆင်မပြေဘူးလေ။ Writing က ချက်ချင်းသင်၊ ချက်ချင်းတတ်တာမဟုတ်ဘဲ အချိန်ယူရတော့ တချို့လေ့လာသူတွေက အချိန်ယူပြီး လေ့လာချင်ကြတယ်။ အချိန်မရွေး လေ့လာလို့ရတာ သဘောကျကြတယ်။ ဒါဆိုရင် Video သင်ခန်းစာတွေကို အထပ်ထပ်ကြည့်၊ ကိုယ်ရေးချင်တဲ့ပုံစံနဲ့ ချိတ်ဆက်ရေးသားလေ့ကျင့်လို့ ရရင် အဆင်အပြေဆုံးပေါ့။ ဒီ သင်တန်းမှာ video သင်ခန်းစာတွေနဲ့ စကားစု တစ်ခုချင်းစီကစပြီး ရေးတတ်အောင် စသင်ပါတယ်။ စကားစုတွေရေးတတ်ပြီဆိုရင် ဝါကျတည်ဆောက်တတ်အောင်၊ အဲဒီကနေမှ ဝါကျတွေကို ချိတ်ဆက်တတ်၊ အတွေးအစဉ်မပြတ်အောင် သုံးရတဲ့ စကားတွေသုံးတတ်အောင် သင်တာပါ။ ဒါကြောင့် အခြေခံအားနည်းတဲ့အတွက် အခြေခံကစပြီး သေချာလေ့ကျင့်ချင်သူတွေအတွက် ဒီသင်တန်းက အထူးသင့်တော်ပါတယ်။ သင်ထားသမျှ တဆင့်ချင်းစီ ကြေညက်အောင် လေ့လာ၊ လေ့ကျင့်သွားမယ်ဆိုရင် ကိုယ်ပိုင်ဝါကျတွေ သေချာရေးတတ်ပါလိမ့်မယ်။ ဒါ့အပြင် တပည့်တွေ၊ သားသမီးတွေ၊ မောင်နှမတွေကို Writing တဆင့်ပြန်သင်ပေးချင်သူတွေအတွက်လည်း အဆင်ပြေပါတယ်။ အဆင်သင့်ပြင်ဆင်ပေးထားတဲ့ မှတ်စုတွေကို Download ယူ၊ သင်ပြထားတဲ့ Video တွေကို နမူနာကြည့်ပြီး ကိုယ့်ကျောင်းသားနဲ့ ကိုက်ညီအောင် ပြင်ဆင်သင်ပြမယ်ဆိုရင် မပင်ပန်းဘဲ အဆင်သင့်သင်ပြနိုင်မှာပါ။ ဒီလို အစစအရာရာ အဆင်ပြေအောင် စီစဉ်ပေးထားတဲ့ Writing သင်တန်းမှာ member ဝင်ပြီး လေ့လာချင်ရင် သင်တန်းကြေး 60,000 (ခြောက်သောင်းကျပ်) သာ သွင်းဖို့ လိုအပ်ပါတယ်။ Telegram ရှိနေသရွေ့၊ account မပျက်သရွေ့ ရာသက်ပန်လေ့လာလို့ ရပါတယ်။ သီတင်းကျွတ်ကာလ အထူးအစီအစဉ်အနေနဲ့ 31.10.2024 နေ့အထိ သင်တန်းကြေး 40,000 (လေးသောင်းကျပ်) နဲ့ တက်ရောက်နိုင်ပါတယ်။ 31 ရက်နေ့အထိပဲဆိုတာ သတိထားပေးပါဦး။ စိတ်ဝင်စားတယ်ဆိုရင် နောက်မကျစေဘဲ အမြန်ဆုံး အပ်လိုက်နော်။ ဒီ Link ကို နှိပ်ပြီး chat box ကနေ သင်တန်းအပ်လို့ ရပါတယ်ခင်ဗျာ။ t.me/SayaSithuHtetEssentialEnglish

Unit 7 Do you (present simple questions) present simple နဲ့ ပတ်သက်ပြီး ရိုးရိုးဝါကျပုံစံတွေ၊ အငြင်းပုံစံတွေ ပြောခဲ့ပြီးပါပြီ။
+2
Unit 7 Do you (present simple questions) present simple နဲ့ ပတ်သက်ပြီး ရိုးရိုးဝါကျပုံစံတွေ၊ အငြင်းပုံစံတွေ ပြောခဲ့ပြီးပါပြီ။ ဒီတစ်ခါ မေးခွန်းပုံစံနဲ့ လေ့လာကြည့်ရအောင်နော်။ Video နဲ့ လေ့လာချင်တဲ့သူတွေက ဒီ Link ကို နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။ https://youtu.be/aTV6qkPlPME