en
Feedback
Born to Shine "Wang Yibo"

Born to Shine "Wang Yibo"

Open in Telegram

MTJJ (motor jiejie) Myanmar

Show more
796
Subscribers
+124 hours
+37 days
+630 days
Posts Archive
မားဇုန်မှ သူများ 0 : Yibo 1 မားဇုန်က သူတွေ ထွက်ခဲ့ဟု တိုက်ရိုက်မပြောဘဲ ဤသို့ အမူအရာ လုပ်ပြသဖြင့် ဝင်္ကဝုတ္တိ အင်္လကာမြောက်ပါသည်။😁 “Adam's apple” ကို ကပ်တိုးကြွား ပြနေသလို။ သမာဓိ စမ်းနေတာလိုလို ။ #왕이보 #หวังอี้ป๋อ #borntoshine #nsw #SD6

သံစဥ်တွေ နဲ့ အတူ လိုက်ပါစီးမြော နေတဲ့ CAPTAIN YIBO ခေါင်းလေးတငြိမ့်ငြိမ့် ခြေထောက်ဘေးတလှုပ်လှုပ် နဲ့ ပကတိ ရိုးရှင်း လွတ်လပ်စွာ ရှိနေတဲ့ အချိန်လေး။ #NSW #borntoshine #WangYibo #王一博 #왕이보 #หวังอี้ป๋อ

လက်မှတ်ထိုးဖို့နေရာရွေးပြီး နေရာမလပ်တော့ အမြင့်ဆုံး မှာ ထိုးသွားတဲ့ ယနေ့ည ရဲ့ Wang Yibo #borntoshine #WangYibo #王一博 #왕이보 #หวังอี้ป๋อ

Wang Yibo New EP - 旁观者(Onlooker) rehearsal behind the scenes

MC : Red carpet မှာ ရွေးစရာ 2 ဘက်ရှိပါတယ်။ I = Introvert နဲ့ E = Extrovert Yibo : အလယ်မှာ လမ်းလျှောက်ခဲ့ပါတယ်။😁🤣 Yibo ကို ကော်ဇောနီမှာ လမ်းလျှောက်ရာမှာ introvert/extrovert လမ်းတခု ရွေးခိုင်းပြီး လျှောက်ခိုင်းခဲ့ပေမဲ့ Yibo က လမ်းလျှောက်တာကို ဘယ်ဘက်မှ မရွေးသွားခဲ့ပါဘူး ။ ပေါ့ပေါ့ပါးပါး အလယ်ကနေ လျှောက်သွားခဲ့တာပါ။ 231217/ Tencent All Star Night 2023 Wang Yibo Red Carpet #borntoshine #MTJJ #nsw #WangYibo王一博 #왕이보

Red Carpet လျှောက်ခဲ့တယ်။ ဆန်ကာတင် ဆုရှင်အနေနဲ့ ပြီးတော့ ပွဲဦးထွက်ကားနဲ့ပေါ့။ ဒါတင်ဘဲလား Starry Oceans Project ရဲ့ အဖွဲ့ဝင်အဖြစ်လည်း ကိုယ်စားပြုသေးတာပေါ့။

လူကြီးယောင်ဆောင်ထားပေမဲ့လည်း တခါတလေ ကလေးလေးလို။ ဒီနေ့ပွဲက ချစ်စရာ ပုံရိပ်လေးပါ။ #NSW #borntoshine #WangYibo #王一博 #왕이보 #หวังอี้ป๋อ

Wang Yibo at 36th Golden Rooster Awards Red Carpet!! ကံကောင်းပါစေလို့ ဆုတောင်းပါတယ်။ အနိုင်ရသည်ဖြစ်စေ မရသည်ဖြစ်စေ ကျွန်တော်တို့ကတော့ မင်းအတွက် ဂုဏ်ယူနေမှာပါ။

မင်္ဂလာပါ ။ ကျွန်တော်ကတော့ သရုပ်ဆောင် YiBo ပါ။ China Federation of Literary and Art Circles, Chinese Film Association and the Golden Rooster Award မှ အကဲဖြတ်ဒိုင်တွေကို အခုလို ကျွန်တော့်ကို အသိအမှတ်ပြု ဂုဏ်ပြုပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။ Hidden Blade ရဲ့ ဝန်ထမ်းတွေ၊ သရုပ်ဆောင်တွေနဲ့ စီနီယာတွေ အားလုံးကိုလည်း ကျေးဇူးတင်ချင်ပါတယ်။ နောက်ဆုံးအနေနဲ့က ဒါရိုက်တာ Cheng Er နဲ့ အစ်မကြီး Na တို့ကိုလည်း ရုပ်ရှင်မှာသာမက ပြင်ပ အဘက်ဘက်မှာလည်း ကူညီပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။ နောက်လည်း ဆက်ပြီး ကြိုးစားပါ့မယ်။ ကျေးဇူးတင်ပါတယ် ။ 36 ကြိမ်မြောက် Golden Rooster Awards မှာ Mr. Ye အဖြစ် Hidden Blade မှာ သူ့ရဲ့ အကောင်းဆုံး ဇာတ်ပို့ ဆန်ကာတင် ဇာတ်ပို့ဆုအတွက် Actor Wang Yibo ရဲ့ ကျေးဇူးတင်စကားလေးပါ။ အသက်ငယ်ငယ်လေးနဲ့ စီနီယာကြီးတွေနဲ့ အပြိုင် ဆန်ကာတင်ဆု အတွက် စင်ပေါ်မှာ အတူတူ ယှဥ်တွဲ ရှိ နေတာ ဘယ်လောက်ဂုဏ်ယူစရာကောင်းလိုက်လဲ။ Video ကိုတော့ telegram or မန့် မှာ ကြည့်လိုက်ပါ #왕이보 #WangYibo #王一博 #borntoshine #nsw

အရှိန်အဝါ က ပိုလို့ ထင်းထွက်နေတာ။ အရင်ကနဲ့ မတူပေါ့။ ပင်ကိုယ် အရှိန်အွဝါ က ပို ထင်းထွက်လာခဲ့သလား​။ ဒါမှမဟုတ် သူ့အနုပညာ အရှိန်ကြောင့် ထပ်ပေါင်းဖြည့်လို့လား။ သေချာ ပြောနိုင်တာတခုကတော့ အရင်ကနဲ့ မတူ GRA ကြောင့် အနုပညာအရှိန်အဝါကြီးလာတဲ့ အရင်ထက် ပိုသာ Level မြင့်တဲ့ Actor Wang Yibo ဖြစ်သွားတာကတော့ သေချာသွားပြီ။ #왕이보 #王一博 #WangYibo #borntoshine #nsw

A citywalk in Paris.

မင်းလက်လေးတချက်အဝှေ့ ကျွန်တော့် ကမ္ဘာဟာ ပြီးပြည့်စုံခဲ့တယ်လို့တွေးမိစေတာ ကျွန်တော် ခံယူထားတဲ့ ချစ်ခြင်းမေတ္တာကြောင့်ပါ။ အဲ့လိုဘဲ မင်း လက်လေးတချက်အဝှေ့ ထိတွေ့သွားတဲ့ လေပြေလေးကို အစ သဝန်တိုမိတာဟာလည်း ချစ်ခြင်းမေတ္တာ​ကို ကျွန်တော် ဖော်ပြတဲ့နည်းတမျိုးပါ ။ #WangYibo #Borntoshine #nsw

+1
ခန့်ငြားလှတဲ့အရောင်အဝါက ထူးကဲ လုပ်ယူစရာ မလို သူ့ဆီမှာ အလိုလို ဖြစ်တည်တယ်။ မိမိုက်နေတဲ့ ကျွန်တော်တို့ ချစ်သူ

Wang Yibo X Hangzhou Asian Games Break dance promotion video - 正当燃 ( Just Burning) Hangzhou Asian Games အတွက် Break dance ပရိုမိုးရှင်းဗီဒီယို "Just Burning" ကို တရားဝင်ထွက်ရှိလာပါပြီ။ #break dance ဟာ အာရှသို့ ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်လာခဲ့ပါပြီ။ @UNIQ-王一博 နှင့်အတူ Breaking dance ပြိုင်ပွဲရဲ့ "အံ့သြဖွယ်ကောင်းသော ပွဲဦးထွက်" ကို စောင့်မျှော်နေပါတယ်။ ကန့်သတ်ထားတဲ့ မူဘောင်တွေကို ဖြတ်ကျော်ပြီး မင်းကိုယ်တိုင်လည်း ကခုန်ကာ အတူတူ ထွန်းလင်းကြပါစို့။ ~China News Network’s Weibo video ​​​ China's Top Dancer ambassador အနေနဲ့ Theme song ကို ဆိုကာ အာရှ အကြီးဆုံး ပြိုင်ပွဲမှာ နိုင်ငံကိုယ်စားပြု အနုပညာရှင်အနေနဲ့ ပူးပေါင်းပါဝင်ခွင့်ရတာ ဘယ်လောက်ဂုဏ်ယူစရာကောင်းလိုက်လဲ။

Chen Shuo လေး ရိုးလှ ဆိုပြီး အားမရဖြစ်နေတာ .....ခုတော့ ဟို စကားပုံအတိုင်းဘဲ...... #wangyibo #borntoshine #nsw

မားဇုန်မှ ထုတ်ချင်သူ နှင့် မားဇုန်မှာ ပျော်မွေ့ကြသူများ တွေ့ကြရာဝယ် 😅🤣 ibos : မားမား မင်းကို ချစ်တယ် မားမား မင်းကို ချစ်တယ် MC: မားမား မင်းကို ချစ်တယ်လို့သူတို့ပြောနေကြတယ်။ ( မားမား မင်းကို ချစ်တယ်။ မားမား မင်းကို ချစ်တယ်။ မားမား မင်းကို ချစ်တယ်။ ​ပြောနေသံကြားဖြင့်ဆူညံ) Yibo : မင်းတို့တွေ အမေဖြစ်ဖို့ထိ အသက်မကြီး ကြသေးဘူး။ Admin: မသိဘူး။မားဇုန် မှ မားဇုန်ဘဲ။ မားဇုန် က အေးချမ်းတယ်လို့။ #WangYibo王一博 #WangYibo #왕이보 #borntoshine #nsw

MC: မင်းရဲ့ အရယ်အပြုံးကို မြင်ရတာ သဘောကျပြီး မြင်တွေ့ရခက်တယ်လို့ ပြောနေကြတယ် ။ သူတို့အတွက် မင်း ရယ်ပြုံးပေးနိုင်မလား ? Yibo: No (ရုပ်တည်ကြီးနဲ့ ရယ်ဖြေပြီး ပြီးတော့ ရုပ်တည်ကြီးနဲ့ ပြုံးနေသည်။)😂 မပြုံးဘူးလည်းပြောသေး။ ဒါဆို မေးခွန်းမေးနေချိန်နဲ့ အဖြေဖြေပြီးချိန် ဘာတွေကို ပြုံးနေတာလဲ 😂🤣 အလိုမလိုက်ဘူး။ ဒါပေမဲ့ အလိုလိုက်ခဲ့တယ်။😁😂 ဒီနေ့ သူ တော်တော် ပလေး နေတယ်။ 😄😂 #WangYibo王一博 #WangYibo #왕이보 #borntoshine #nsw

နားနားနေနေ အနားယူလို့ရတယ်။သက်တောင့်သက်သာ ထိုင်နေလို့ရတယ်။ဒါပေမဲ့ သူ အဲ့လို မလုပ်ခဲ့ဘူး။ ဒီ videoလေးကြည့် ခံစားမိတယ်။ဘာပဲဖြစ်ဖြစ် ပရိသတ်ကို သူတတ်နိုင်သလောက် အကောင်းဆုံးပေးဆပ် ချပြ သလို အနုပညာ နဲ့ ပရိသတ် အပေါ် လေးစားမှုရှိကြောင်း သက်သေပြခဲ့တာ။ ခဏတာဖျော်ဖြေမှုလေးမှာတောင် ပေါ့ပေါ့တန်တန် ပြီးစလွယ် သူ မလုပ်ခဲ့ဘူး။ ရတဲ့ အချိန်လေးမှာ ရသလို သူ မခိုမကပ် ကြိုးစားနေခဲ့တာ။ ပြီးတော့ လောကမှာ အောင်မြင်နေ ကြတဲ့သူတွေကို ကြိုးစားလို့ လို့ အမည် တပ်ပြောလို့ ရသလို နောက်ထပ် ပြောလို့ရတာရှိသေးတယ်။ အချိန်တွေကို စက္ကန့်၊ မိနစ်များပင် အလေအလွင့်မခံ အချိန်အားမထား ကြသူတွေလို့။ သူတို့တွေက အချိန်တိုင်းမှာ ဘဝအတွက် အထောက်အကူဖြစ်မဲ့ အရာတွေ ကို တစ်ခုမဟုတ်တစ်ခုကြိုးစား လုပ်နေတတ်ကြသလို ဝါသနာတွေ အိပ်မက်တွေ အလုပ်တွေကို ကြိုးစားလေ့လာသင်ယူနေတဲ့သူတွေဖြစ်ကြတယ်။ လူတစ်ယောက်က ဘယ်လိုလူ ဆိုတာ ကို သူ့ရဲ့ အချိန်တွေကို ဘယ်လို အသုံးချသလဲ ဆိုတာ ကြည့်ခြင်းဖြင့် သိနိုင်တယ်လို့ ဖတ်ခဲ့ရဖူးတယ်။ရိပေါ်က အချိန်တွေကို အကျိုးရှိရှိအသုံးချတတ်ကာ အလေအလွင့်မခံအချိန်အားမထားဘဲ အမြဲ ကြိုးစားနေတဲ့သူ။ ဒါကြောင့်လည်း ခုလိုယနေ့ Wang Yiboလို့ ရပ်တည်နေနိုင်တာလို့ ထင်မိတယ်။

STAGE KING WANG YIBO ဆိုတာ သက်သေပြသွားပြန်တာ😭 Nian သီချင်းတပုဒ်တည်းဆိုပေမဲ့ တင်ဆက်ဖျော်ဖြေသွားတာက ရသအသစ်နဲ့ အရင်နဲ့ ကွဲထွက်ကာ မိမိုက်နေပြန်တာ။ STAGE ပေါ်မှာဆိုဘယ်တော့မှ ပရိသတ်တွေကို စိတ်မပျက်စေဘူး။ #왕이보 #WangYibo #王一博 #borntoshine #nsw

ရေလာမြောင်းပေးသော်လည်း မသိတဲ့ Chen Shuo or Chen Shuo ဘာလို့ Single ဖြစ်နေရတာလဲ " Li Mingzhu သူမဟာ Chen Shuo ရဲ့ wechat id ကို ရယူဖို့အတွက် Street Dance အကြောင်းကို လှည့်ကွက်တစ်ခုအနေနဲ့ မေးခဲ့ပေမယ့် အတွေ့အကြုံမရှိသော Chen Shuo ကတော့ သူမရဲ့ ဗဟုသုတတိုးဖို့ တခြား Wechat Public Number တွေ ပေးနိုင်တယ်လို့ အကြံပြုခဲ့ပါတယ် ။ 🤣 👧🏻 LM : အကအကြောင်းပြောဖို့ WeChat မှာ ထည့်လို့ရမလား။ CS : အိုး street dance ကောင်းကောင်းလေ့လာလို့ရတာတွေနဲ့ မိတ်ဆက်ပေးမယ်။ အဲ့မှာ အကုန် အားလုံးရှိတယ်။ LM 👧🏻 ….( မျက်တောင်ခတ် ဆွံ့အ) Chen Shuo နဲ့ Song Zuer တို့ ဇာတ်ကောင်တွေ အနေနဲ့ ချစ်စရာကောင်းဖွယ် ပြန်တွေ့ကြပြန်ပြီ ။ #WangYibo #WangYibo_OneAndOnly #borntoshine #NSW