en
Feedback
Cocoon Corner

Cocoon Corner

Open in Telegram

English and myanmar pdf books 📚 Great Satisfaction comes from sharing with others.

Show more
1 544
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
ခုတလောမှာတော့ gratitude ကိုအများကြီးအလေးထားမိတယ်။ ကိုယ့်မှာရှိနေတာလေးတွေကိုပိုမြင်တတ်လာတာကိုလည်း သတိထားမိတယ်။ အနော်တို့အရင်က
ခုတလောမှာတော့ gratitude ကိုအများကြီးအလေးထားမိတယ်။ ကိုယ့်မှာရှိနေတာလေးတွေကိုပိုမြင်တတ်လာတာကိုလည်း သတိထားမိတယ်။ အနော်တို့အရင်က သတိမထားမိတဲ့ ကောင်းမွန်ခြင်းတွေဟာ အသေးအဖွဲလေးတွေကစပြီး အနော့်တို့နေ့စဉ်ဘဝကိုထောက်ပံ့ပေးနေတယ်။ အဲ့တာလေးတွေမြင်လာတော့ ပိုပြီးကျေးဇူးတင်မိတယ်။ ကိုယ်ယုံကြည်တဲ့ဟာကိုပဲ အာရုံစိုက်ထားရင်း ကျေးဇူးတင်တတ်တဲ့စိတ်လေးနဲ့ ကြိုးစားရင်း သင်ယူရင်း ကြီးမားတဲ့ miracleတွေ ဖြစ်လာဖို့ ယုံကြည်ထားကြရအောင်နော်။ thank you so much all. I love you 😘 Have a great night and coco dreams all 💛🌻💛

photo content
+1

ကိုယ့်ကိုယ်ကိုယ် ဘာတွေပြောနေလဲ ဆ်ုတာက အရေးအကြီးဆုံးဆိုတာကို အနော်တို့က တခါတလေ မေ့နေတတ်ကြပါတယ်။ အနော်တို့က ကိုယ့်ကိုယ်ကိုယ် ကောင်းတာတွေပြောရင် ကောင်းတာတွေဖြစ်လာမယ်။ ကိုယ့်ကိုယ်ကိုယ် "ငါက အသုံးမကျလိုက်တာ" "ငါ့မှာပဲ ဖြစ်နေတာ" အဲ့လ်ုတွေတွေးရင် အဲ့လ်ုမျိုးဖြစ်ဖို့ ရာခိုင်နှုန်းပိုများပါတယ်။ ဘယ်အရာပဲဖြစ်ဖြစ် အစွန်းမရောက်တာကောင်းပါတယ်။ "ငါ" တယောက်တည်းလို့တော့ ဘယ်တော့မှ မတွေးပါနဲ့။ ကမ္ဘာပေါ်မှာရှိတဲ့သန်းပေါင်းများစွာသော လူတွေမှာရော ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ထောင်ပေါင်းများစွာသောလူတွေမှာရော ကိုယ့်နားလေးမှာရှိတဲ့ လက်ချိုးရေလို့ရတဲ့လူတွေမှာရော သူ့ကိစ္စနဲ့သူရှိပါတယ်။ ဒါကြောင့် "ငါ" တယောက်တည်း ဖြစ်နေတာ လို့မတွေးပါနဲ့။ လူရယ် ဖြစ်လာရင် အကောင်းအဆိုးတွေ ဒွန်တွဲနေတာပါပဲ။ ဒါကိုပဲ အနော်တို့က ဘယ်လိုတုံ့ပြန်လဲဆ်ုတာပေါ်မူတည်ပြီး ရလဒ်တွေကွဲပြားကြတာပါ။ ကိုယ့်ကိုယ်ကို ဘာတွေ ပြောနေလဲဆိုတာပေါ် မူတည်ပြီး လမ်းတွေ ကွဲသွားကြတာပါ။ ဒါကြောင့် အနော်ကြားဖူးတာလေးတခုက ပျော်ရွှင်မှုလမ်းကိုလိုက်ရင်း လမ်းမှာမပျော်ရရင် အဲ့ဘဝ ဘာအသုံးကျမှာလဲ"တဲ့။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ကောင်းတဲ့စကားတွေပြောပါ။ ကိုယ့်ကိုယ်ကိုယ်နဲ့ ကောင်းတာလေးတွေကို မနက်နိုးရင် နှစ်ခုလောက်ဖြစ်ဖြစ် တွေးကြည့်ပါ။ သူများကိုမေတ္တာမထားခင် ကိုယ့်ကိုယ်ကိုယ် အရင် မေတ္တာထားကြည့်ပါ။ ချစ်ကြည့်ပါ။ အဲ့တာဆ်ု သူများကို မှန်ကန်စွာဘယ်လိုချစ်ရမလဲဆိုတဲ့ လမ်းကို မြင်လာမှာပါ။ အားလုံးပဲ ကိုယ့်ရဲ့ ကောင်းကွက်လေးတွေက်ု မြင်နိုင်ပါစေ။ ခံစားနိုင်ပါစေ။ have a great night and coco dreams all 💛🌻💛

photo content

photo content
+1

photo content
+1

Three Idiots ဆိုတဲ့ အိန္ဒိယကားလေးကို လူတိုင်းလိုလိုကြည့်ဖူးမယ်ထင်ပါတယ်! အင်ဂျင်နီယာကျောင်းသားသူငယ်ချင်း သုံးယောက်ရဲ့ဇာတ်လမ်းမှာ ဇာတ်လမ်း၊ သရုပ်ဆောင်တွေအပြင် ဟာသနဲ့ရောပြီး ပေးသွားတဲ့ message တွေကကောင်းလွန်းလို့ ကြိုက်လွန်းလို့ဘယ်နှစ်ခါမှန်းမသိပြန်ပြန် ကြည့်မိတဲ့ Edutainment ရုပ်ရှင်တစ်ခုပါ။ အဲဒီကားထဲက plot လေးတစ်ခုပြောပြပါဦးမယ်! မင်းသားအမေးရ်ခန်းက စိုးရိမ်စရာ၊ ပြဿနာ တစ်ခုခုနဲ့ကြုံရတိုင်း သူကရင်ဘတ်ပေါ် လက်ကလေးတင်ပြီး ' ALL IS WELL ' ' ALL IS WELL ' ဆိုပြီးသူ့ကိုယ်သူ remind လုပ်လိမ့်ရှိတယ်! အားလုံးအဆင်ပြေသွားပါလိမ့် မယ်ပေါ့! စိတ်ပညာအရပြောရမယ်ဆိုရင် ဒါက သူ့ကိုယ်သူ Auto-Suggestion လုပ်တဲ့ စကားပါ! အဲဒီလိုပြောလို့ သူရင်ဆိုင်ကြုံတွေ့ နေရတဲ့ပြဿနာတွေ၊ စိုးရိမ်စရာတွေက အကုန်ပြေလည်သွားတာလားလို့မေးရင် မဟုတ်ပါဘူး! ဒါပေမယ့်သူ့စိတ်က calm ဖြစ်သွားတယ်၊ သူ့စိတ်ကိုကပြေလည်မယ်လို့ ယုံကြည်တဲ့အတွက် ပြဿနာတွေ၊ စိုးရိမ်စိတ် တွေကအဆိုးဆုံးထိမသွားတော့ပါဘူး။ တစ်နည်းပြောရရင် သူတော့ပြေလည်သွား တယ်ပေါ့! ဒါကတစ်ခုခုကိုရင်ဆိုင်ကြုံတွေရတဲ့ အချိန် သူ့ကိုယ်သူပေးတဲ့ Auto-suggestion ပါ! အဲဒီလိုမျိုးတကယ့်ပြဿနာအကြီးကြီးတွေ၊ တကယ့် crisis တွေမှာသူများကိုပေးတဲ့ Suggestion လည်းရှိသေးတယ်! တစ်လောကသူများ share ထားတာ ဖတ်လိုက်မိလို့ ပြန်မှတ်မိသွားတဲ့ ကိုယ်တို့ ခပ်ငယ်ငယ်ကကြည့်ဖူးတဲ့ကားလေးတစ်ကားပါ! မင်းသားကြီး Robin Williams သရုပ်ဆောင် ထားတဲ့ ' Jakob The Liar ' ဆိုတဲ့ကားပါ! ဂျာမန်နာဇီတွေက ဂျူးတွေကိုအစုလိုက် အပြုံလိုက်သတ်နေတဲ့အချိန် တကယ့်ကို လောကငရဲဖြစ်တဲ့ ဂျူးအကျဉ်းစခန်းထဲမှာ Jakob ဆိုတဲ့ဂျူးအပါအဝင် ဂျူးတွေအကုန်ဟာ တစ်ရက်တစ်ရက်နာဇီတွေရဲ့ လူမဆန်တဲ့ နည်းပေါင်းစုံနဲ့ညှမ်းပမ်းနှိပ်စက်မှုတွေကြောင့် ရောဂါကြောင့်သေတာမျိုးတွေအပြင်ကို ကိုယ့်ကိုယ်ကိုယ်သတ်သေကြတာတွေလည်း တစ်နေ့တစ်နေ့ပိုပိုများလာတယ်! သူတို့ရဲ့အကျဉ်းစခန်းထဲမှာ ဒါတွေကို နေ့စဉ်မြင်မြင်နေရတဲ့ Jakob က ဆိုဖီယက်တပ်မတော်ကြီးလာနေပြီဆိုပြီး သတင်းတစ်ခုကိုစဖြန့်တယ်! တကယ်တော့ သူ့မှာပျက်နေတဲ့ရေဒီယိုအစုတ်လေးတစ်လုံး (သိပ်မမှတ်မိ)ရှိတယ်! အဲတာကနေခိုးပြီး သတင်းရတာပါဆိုပြီးယုံအောင်အချင်းချင်းကြား ပြောတာပေါ့! တိုတိုပြောရရင် လူတွေက သူပြောတာကိုတကယ်လို့ယုံကြည်ပြီး ပြန်တက်ကြွလာကြတယ်! မျှော်လင့်ချက်၊ ယုံကြည်ချက်တွေပြန်ရလာတယ်! သတ်သေနှုန်း တွေကျသွားတယ်! ဒါပေမယ့်ဒါကိုနာဇီတွေက သိသွားတော့ Jakob ကိုဖမ်းလိုက်တယ်! ရေဒီယိုကိုရှာတာလည်းမတွေ့တော့ ဒီသတင်းက မဟုတ်ဘူးလို့ပြန်ပြောရင် မသတ်ပဲလွှတ်ပေးမယ်! မပြောရင်ချက်ချင်းသတ်မယ်လို့ခြိမ်းခြောက်တယ်! ဒါပေမယ့်သူပြောလိုက်ရင် သူ့လူတွေက အရင်လိုပဲပြန်စိတ်ဓာတ်ကျသွားမှာစိုးလို့ နောက်ဆုံးအချိန်ထိ Jakob ကမပြောသွားဘူး! သူသေသွားတယ်! သူသေပြီးတော့ ဆိုဗီယက် တပ်မတော်ကြီးကလည်းတကယ်ရောက်လာ ခဲ့တယ်! ဇာတ်သိမ်းတော့အကျဉ်းသားတွေလည်း လွတ်မြောက်ပြီး စစ်လည်းပြီးသွားတယ်ပေါ့! ဒါကတော့ သူများကိုသူကပေးတဲ့ Suggestion ပေါ့! ဒီလိုမျိုး မိမိကိုယ်ကိုဖြစ်ဖြစ်၊ သူများကိုဖြစ်ဖြစ် ပေးတဲ့ Suggestion တွေဟာ ဘဝရှင်သန်ရေးမှာ အရမ်းအရေးပါပါတယ်! အခုလိုမျိုးတစ်ကမ္ဘာလုံး ကြုံနေရတဲ့အခုလိုအချိန်ကာလမှာလည်း ကိုယ်တို့ တစ်ယောက်နဲ့တစ်ယောက်ဖြစ်စေ၊ မိမိကိုယ်ကိုပဲ ဖြစ်စေ အားလုံးအဆင်ပြေသွားမှာပါလို့ပြောကြ ရအောင်! အဆုံးမှာအရာအားလုံး လူတိုင်းလူတိုင်း အဆင်ပြေသွားကြမှာပါလို့ ယုံကြည်ကြရအောင်! ယုံကြည်မှုတွေထဲမှာ မမြင်ရတဲ့အရာတွေကို ယုံကြည်တာဟာ ' အမြင့်ဆုံးယုံကြည်မှု ' လို့ ဖတ်ဖူးတယ်! ဒါဆိုရင်အခုလိုအချိန်မျိုးမှာ မမြင်ရသေးတဲ့ အနာဂတ်ကိုယုံကြည်ကြ ရအောင်လား! သိပ်မကြာတော့တဲ့ကာလမှာ အရာအားလုံး၊ လူတွေအားလုံးဟာပုံမှန်အတိုင်း ပြန်ပြီးအစစအရာရာအဆင်ပြေသွားတော့မယ် ကမ္ဘာကြီးကလည်း ပိုပြီးလှပတဲ့နေရာတစ်ခု ဖြစ်လာမယ်! အစစအရာရာအကုန်အဆင်ပြေ သွားတော့မယ်လို့ယုံကြည်ထားကြရအောင်! ကိုယ်အမြဲ Auto-Suggestion လုပ်တတ်တဲ့ စကားလေးလိုပဲပေါ့ .... ' Everything will be okay in the end, if it's not okay, it's not the end ' ' အဆုံးသတ်မှာတော့ အရာအားလုံးဟာ အဆင်ပြေသွားပါလိမ့်မယ်! တကယ်လို့ အဆင်မပြေသေးဘူးဆိုရင် အဲတာက အဆုံးသတ်မဟုတ်သေးပါဘူး ...... ' ချစ်သော, #Emerald_Moon_Y

photo content

photo content
+1

photo content
+1

"Detox" ဆိုတဲ့စကားလုံးက ခုချိန်များတော်တော်များများသိပြီး ခေတ်စားလာကြပါတယ်။ ခန္ဓာကိုယ် detox ဖြစ်ဖို့ detox water သောက်တယ်။ န
"Detox" ဆိုတဲ့စကားလုံးက ခုချိန်များတော်တော်များများသိပြီး ခေတ်စားလာကြပါတယ်။ ခန္ဓာကိုယ် detox ဖြစ်ဖို့ detox water သောက်တယ်။ နောက်ကျ digital detox တွေလည်းလုပ်ကြတယ်။စိတ်သန့်ရှင်းစေဖို့ပေါ့။ ဒီနေ့ဒီစာလေးကိုတွေ့တော့ အနော်တို့ဟာ အရာအားလုံးကို detox လုပ်ဖို့လိုတယ်လို့ ထင်မိတယ်။ အဝတ်ဘီရိုတွေရှင်း၊ပတ်ဝန်းကျင်သန့် အောင်ထားဆိုတာတွေကတော့ detox ထက် declutter လုပ်တာပေါ့။ ကောင်းတဲ့အရာတွေဝင်လာစေဖို့လေ။ စိတ်နဲ့ကိုယ် ကိုပဲ detox လုပ်တာမဟုတ်ဘဲ ပတ်ဝန်းကျင်ကိုပါ detox လုပ်ဖို့လိုပါတယ်။ ရေချိုးပြီး အမှိုက်ပုံပေါ်ထိုင်နေလို့တော့ မရဘူးလေနော်။ ပတ်ဝန်းကျင်မှာ ကိုယ့်ကို အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေ၊ လူတွေကိုပါ detox လုပ်မှ စိတ်ရောလူရော သန့်ရှင်းလာမှာပါ။ "ဝန်းကျင်သန့်ရှင်း၊ ရောဂါကင်း"ဆိုတာလည်း ရှိတယ်မလား။ အရာအားလုံးကို balance ညီစွာ detox လုပ်နိုင်ပါစေ။ Have a great night and coco dreams all 💛🌻💛

photo content
+1

လူတစ်ယောက်ကိုကိုယ်ကပြုပြင်ပြောင်းလဲ ပေးလို့ရမယ်လို့ဘယ်တော့မှမထင်လိုက်ပါနဲ့! ဘယ်တော့မရနိုင်ပါဘူး! တကယ်လို့များ ယောင်္ကျားတစ်ယောက်က စိတ်ရောကိုယ်ပါ တကယ်ပြောင်းလဲသွားတယ်ဆိုရင် သူကိုယ်တိုင်ကတကယ်ပြောင်းလဲချင်လို့ပါပဲ! သူကကိုယ့်အပေါ်ထားတဲ့ ( သို့မဟုတ် ) ကိုယ်ကသူ့အပေါ်မှာထားတဲ့ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာကြောင့်ပါပဲ! လူတစ်ယောက်က အခြားလူတစ်ယောက်ကိုဘယ်လိုနည်းနဲ့မှ ပြောင်းလဲပေးလို့မရနိုင်ပါဘူး! Steve Harvey က Talkshow တစ်ခုမှာပြောဖူးတယ်! A woman can't change a man because she loves him, A man change himself because he loves her တဲ့! မိန်းမတစ်​ယောက်က သူမကချစ်လို့ဆိုပြီး ယောင်္ကျားတစ်ယောက်ကိုမပြောင်းလဲနိုင်ပါဘူး! ထိုယောင်္ကျားကသူမကိုချစ်လို့သာ သူ့ကိုယ်သူပြောင်းလဲပါတယ်တဲ့! ယောင်္ကျားတွေက သူတို့တကယ်ချစ်ရတဲ့ ' အမျိုးသမီးတစ်ယောက် ' အတွက်ပဲ ' ပြောင်းလဲ ' ပါတယ်! တွေ့တွေ့သမျှသော, မြင်မြင်သမျှသော အမျိုးသမီးအားလုံး အတွက်တော့သူတို့ကိုယ်သူတို့ဘယ်တော့မှ Change မလုပ်ကြပါဘူး! သေချာတာက တကယ်လို့သူကမပြောင်းလဲဘူးဆိုရင် ကိုယ်ကသူ့အတွက်တကယ့်တစ်စုံတစ်ယောက် မဟုတ်နေလို့ပါပဲ! အမျိုးသမီးတွေဆိုတာကိုယ်ချစ်တဲ့သူတွေကို ​ချစ်တဲ့စိတ်ကြောင့် သူတော့ငါပြောလို့ဆေးလိပ် ဖြတ်တော့မှာပဲ, သူတော့အရက်ဖြတ်လိမ့်မယ်, ကျန်းမာရေးလိုက်စားတော့မှပဲ, ငါ့စကားတွေ နားထောင်ပြီးငါပြောသလိုလိုက်လုပ်တော့မှာပဲ, ​သူဒေါသတွေမကြီးပဲနေတော့မှာပဲ, အရင်လိုငါပြောတာတွေကိုပေါ့ပေါ့လေးမတွေးဘဲ အလေးအနက်ထားတတ်တော့မှာပဲ စသဖြင့်ပေါ့ ထင်မှတ်ယုံကြည်တတ်ကြတယ်! ဒါပေမယ့်အဲဒီလိုကိုယ်ပြောလို့ရရင်ခဏပါပဲ! အကြောင်းတစ်စုံတစ်ရာကြောင့်ခဏလက်ခံ လိုက်ပြီးနောက်တော့လည်းမူရင်းပုံစံပြန်ဖြစ် သွားတတ်ကြတာပါပဲ! ဘာဖြစ်လို့လဲဆိုရင် သူကိုယ်တိုင်ကသူ့စိတ်ထဲကနေခိုင်ခိုင်မာမာ ပြောင်းလဲချင်သေးတာ, လုပ်ချင်သေးတာမဟုတ်လို့ပါ! ယောင်္ကျားတွေမှမဟုတ်ပါဘူး! မိန်းမဖြစ်တဲ့ ကိုယ်ဆိုရင်ရော ကိုယ်မလုပ်ချင်တဲ့ကိစ္စတစ်ခု (သို့မဟုတ်) ကိုယ်စွဲလမ်းနေတဲ့အရာတစ်ခုကို သူ့အတွက်ကြောင့်ပြောင်းလဲပေးပါလို့ ပြောရင်လွယ်လွယ်နဲ့ပြောင်းလဲနိုင်ပါ့မလား စဉ်းစားကြည့်ပါ! ဘယ်သူမဆိုက ဘယ်အရာကိုမဆိုပြောင်းလဲဖို့မလွယ်ပါဘူး! ဒါပေမယ့်ကိုယ်တိုင်ကတကယ်ပြောင်းလဲချင် သွားရင်လည်းဘယ်သူကမှတားလို့မရပါဘူး! အချစ်ကလူတစ်ယောက်ရဲ့ Personality ကို မပြောင်းလဲပေးနိုင်ဘူးလို့ပြောလို့ရသလို, အချစ်ကပဲလူတစ်ယောက်ရဲ့အပြုအမူ၊ အနေအထိုင် Manner, Behavior and Personality တွေကိုပြောင်းလဲသွားစေနိုင်ပြန်တယ်! ဒီတော့ လူတစ်ယောက်အပေါ်မှာ ကိုယ့်ရဲ့ Emotional, Psychical, Mental Energy တွေကို အရမ်းကြီးအကုန်ခံပြီးပြုပြင်ပြောင်းလဲပေးဖို့ မကြိုးစားပါနဲ့! မိန်းမတွေဆိုတာလည်း ပြုပြင်ထိန်းသိမ်းရေးစခန်းတွေမဟုတ်သလို ယောင်္ကျားတွေဆိုတာလည်း စဉ်းစားနိုင်စွမ်းတွေ, အသိဉာဏ်တွေ မရှိတဲ့လူသားတွေမဟုတ်ပါဘူး! မကောင်းတာကိုမှရွေးချယ်တဲ့သူက သူ့လမ်းကိုသူဆက်လျှောက်မှာပါပဲ! ဆက်ရွေးမှာပါပဲ! ဒီလိုပြောလို့ကိုယ်ချစ်တဲ့ လူတစ်ယောက်ကိုကောင်းရာမွန်ရာကို မပြောရဘူးလို့ပြောတာမဟုတ်ပါဘူး! ပြောပါ! ကိုယ်အပါအဝင် မိန်းမတွေဆိုတာ မပြောပါနဲ့လို့တားထားရင်တောင်မပြောပဲ နေနိုင်မယ့်သူတွေမှမဟုတ်တာ! ဒါပေမယ့် ကိုယ်ကစေတနာတွေ, မေတ္တာတွေနဲ့ပြောလို့မှ သူကဂရုမစိုက်ဘူး, မပြုပြင်မပြောင်းလဲနိုင်ဘူး ဆိုရင်စဉ်းစားသင့်ပါပြီ! မကောင်းဘူးဆိုရင် ကင်းအောင်နေသင့်ပါပြီ! သူ့ကိုကိုယ်က ဘယ်လိုမှအဆုံးရှုံးမခံနိုင်ဘူး, ကင်းအောင်လဲမနေနိုင်တဲ့သူဆိုတာသေချာရင် ကိုယ့်စိတ်ကိုပဲကိုယ်ပြင်လိုက်ပါတော့! ကိုယ့်စိတ်ကိုယ်ကိုအပူလောင်မခံပါနဲ့! တစ်နေ့တစ်ချိန်ကိုယ့်စေတနာ, မေတ္တာတွေကို သူနားလည်သွားရင် သူ့ဘာသာသူပြောင်းလဲသွား ပါလိမ့်မယ်! သို့မဟုတ် ငါတော့ငါ့ရဲ့ဒီအပြုအမူ တွေကိုပြင်မှဖြစ်တော့မယ်လို့သူ့ကိုယ်သူ Realize ဖြစ်လာတဲ့အချိန်ကြရင်ပြောင်းလဲသွားပါလိမ့်မယ်! ကိုယ်ဆိုရင်လည်း ကိုယ့်အတွက်ကြောင့် ဘယ်သူ့ကိုမှ ဘယ်အရာမှ ပြောင်းလဲခိုင်းဖို့ ဆန္ဒမရှိသလို, ဘယ်သူ့ကြောင့်မှလည်း ကိုယ့်ရဲ့ဘယ်အရာကိုမှ အလွယ်တကူ ပြောင်းလဲမပေးနိုင်မှာသေချာတယ်! တကယ်လို့များ လက်တစ်ဖက်မပြည့်သော ကိုယ်ချစ်ရတဲ့သူတွေအတွက်ဆိုရင်တော့ ပြောင်းလဲကောင်းပြောင်းလဲပေးနိုင်မယ်! ပြောင်းလဲခဲ့တာတွေလည်းရှိပါတယ်! Better change တွေပေါ့! ပြောင်းလဲခဲ့သမျှကလဲ ကိုယ်ချစ်ရတဲ့သူတွေကိုစိတ်ချမ်းသာစေချင်လို့ပဲ! တစ်စုံတစ်ယောက်ကကိုယ့်အတွက်နဲ့ တစ်ခုခုကိုပြောင်းလဲပေးခဲ့တာမျိုးရှိတယ်ဆိုရင် သေးသေးမွှားမွှားပဲဖြစ်နေပါစေဦးတော့ အဲတာကိုတန်ဖိုးထားပါ! Appreciate လုပ်ပါ! သူ့ကိုကျေးဇူးတင်ပါ! လူတစ်ယောက်က တကယ်ပြောင်းလဲသွားဖို့ဆိုတာမလွယ်ပါဘူး! တကယ်လို့ကိုယ်ကသူ့ကို တစ်ခုခုအတွက် ပြောင်းလဲစေချင်ပေမယ့် မပြောင်းလဲနိုင်သေးတဲ့ ကိုယ်ကချစ်ပြီး ကိုယ့်ကိုချစ်တဲ့သူရှိရင်လည်း လွယ်လွယ်နဲ့ Give up တော့မလုပ်ပါနဲ့! တစ်ချိန်ချိန်ကြရင်တော့ အချစ်နဲ့အရာရာက ကောင်းသွားနိုင်သေးတာပဲမဟုတ်လား! တကယ်ချစ်ကြဖို့ပဲလိုပါတယ်! .... ။ ။ ချစ်သော, #Emerald_Moon_Y

photo content
+1

photo content
+1

တစ်ချို့တစ်ချို့ကိစ္စတွေမှာ သေချာစဉ်းစားကြည့်ကြည့်ရင် တစ်ဖက်လူက မကောင်းတာထက် အခြေအနေတစ်ခုကမကောင်းတာထက် ကိုယ့်ဘက်က expectation too high ဖြစ်နေတာဆိုတာ အသက်ကြီးလာလေလေ သဘောပေါက်လာလေလေပဲ! ဥပမာ လူတစ်ယောက်ကအရမ်းညံ့တာမဟုတ်ဘူး! တကယ်ကတော့ သူအရမ်းတော်နေလိမ့်မယ်လို့ သင့်ဘက်ကမျှော်လင့်ချက်ထားနေတာ! လူတစ်ယောက်က အရမ်းဆိုးနေတာမဟုတ်ဘူး! သင့်ဘက်က သူ့ကိုအမြဲကောင်းနေလိမ့်မယ်လို့ မျှော်လင့်ချက်ကြီးထားတာ! အဲလိုကိုယ်ကမျှော်လင့်ချက်တွေကြီးထားပြီး လက်တွေ့ဖြစ်မလာတဲ့အခါ၊ ကိုယ်မျှော်လင့် ထားတာလောက်မဖြစ်လာတဲ့အခါမှာ ကျွန်မတို့က တစ်စုံတစ်ရာကိုဖြစ်ဖြစ်၊ တစ်ဖက်လူကိုဖြစ်ဖြစ် အပြစ်ပုံချတတ်ကြတယ်! တကယ်တော့အစကတည်းက ကိုယ်ကသာ expectation too high ဖြစ်နေခဲ့တာကို မေ့နေခဲ့ကြတယ်! ဘယ်အရာကိုမှ၊ ဘယ်သူ့ကိုမှ လိုတာထက်ပိုပြီး မျှော်လင့်ချက်ထားတာ ကိုယ့်အတွက်မကောင်းပါဘူး! ဒီထက်ပိုပြောရရင် ကိုယ့်ရဲ့စိတ်ကျန်းမာရေးအတွက်မကောင်းနိုင်ဘူး! ကိစ္စတိုင်းကလည်း ကိုယ်ဖြစ်ချင်တဲ့အတိုင်း ဖြစ်မလာနိုင်သလို လူတိုင်းလူတိုင်းကလည်း ကိုယ်မျှော်လင့်ထားတဲ့အတိုင်းမဖြစ်နိုင်ဘူး! ဒါကိုအမြဲသတိကပ်နိုင်မှပဲစိတ်ကျန်းမာပါလိမ့်မယ်! Always expect the unexpected ပေါ့! မမျှော်လင့်ထားတဲ့အရာကို အမြဲမျှော်လင့်ထားဖို့ ကတော့လိုကိုလိုပါတယ်! တစ်ခါတစ်လေကိစ္စတစ်ခုကို ကိုယ့်အနေနဲ့က ကြိုတင်မျှော်လင့်ထားဖူးပြီးသားဆိုရင် တကယ့်လက်တွေ့နဲ့ကြုံတွေ့ရတဲ့အခါ အေးအေးလူလူမဟုတ်တောင် ခံနိုင်ရည်က အတိုင်းအတာတစ်ခုအထိတော့ ရှိသွားတာပေါ့! အစကတည်းကလုံးဝမမျှော်လင့်ထားဖူးရင်တော့ တကယ့် reality တိုင်းဟာ ရင်ဆိုင်ရတာ မလွယ်ကူလှဘူးလေ! စိတ်ကူးယဉ်အတွေးထဲ အမြဲနေတတ်တဲ့သူတွေဟာ လက်တွေ့ဘဝကို ရုတ်တရက်ရင်ဆိုင်ရတဲ့အခါမျိုးမှာ ပြိုလဲကြေကွဲကြရတာများကြတယ်မဟုတ်လား! ကိုယ်တို့ဟာ ဘဝမှာ Unecxpected Gift တွေကိုတောင့်တောင့်တတလိုချင်ကြပေမယ့် Unexpected Error တွေ မမျှော်လင့်ထားတဲ့ ပြဿနာတွေကိုတော့ ဘယ်သူကမှမလိုချင်ကြ ပါဘူး! အခုကိုပဲ မမျှော်လင့်ထားသောအခြေအနေ တစ်ရပ်ကိုပဲ တစ်ကမ္ဘာလုံးကြုံတွေ့နေရတာ မလား? ဒါပေမယ့်လည်း ဘယ်လိုပဲဖြစ်လာ ဖြစ်လာ၊ ဘယ်လိုအခြေအနေပဲကြုံကြုံ ကိုယ်တို့ဟာ အသက်ဆက်ရှင်နေသေးသရွေ့ ဘဝခရီးကိုဆက်ဖို့နည်းလမ်းတွေရှာဖွေရင်း၊ ကြံဆရင်းရှေ့ဆက်နေရဦးမှာပါပဲ! မမျှော်လင့်ထားတာတွေကိုမျှော်လင့်ရင်း မျှော်လင့်ထားတာတွေကို မမျှော်လင့်ရင်းနဲ့ပဲ အမှောင်ညတွေကုန်ဆုံးပြီး ရောင်နီထွန်းလို့ လင်းလာမယ့်နေ့ရက်တွေကိုသာမျှော်ရင်း ..... လူသားတိုင်း ကိုယ်ကျန်းမာစိတ်ချမ်းသာကြပါစေ ... ။ ။ ချစ်သော, #Emerald_Moon_Y

photo content
+1

The most important thing in communication is hearing what isn't said. လူနှစ်ယောက်ရဲ့ စကားပြောဆိုမှု တစ်နည်းအားဖြင့် Conversation တစ်ခုမှာ တကယ်အရေးကြီးဆုံးကတော့ သူရောကိုယ်ရော လုံးဝမပြောဖြစ်လိုက်တဲ့ စကားတွေကို နှစ်ယောက်စလုံးက အပြန်အလှန်ကြားတတ်ဖို့ပါပဲတဲ့! လူတွေကစကားပြောရင် တစ်ခါတစ်လေမှာ ပရိယာယ် မာယာတွေများတတ်ကြတယ်! တစ်ခါတစ်လေမှာ ဘယ်မှမ​ရောက်တဲ့ စကားတွေကိုပြောကြတယ်! တစ်ခါတစ်လေမှာတော့ ​ ကိုယ်ပြောချင်တာကတစ်ခု ကိုယ်ပြောလိုက်တာက ဘာမှမဆိုင်တဲ့တစ်ခု ဖြစ်ချင်ဖြစ်နေတတ်ကြတယ်! တစ်ခါတစ်လေမှာ ကိုယ်တကယ်အရမ်းပြောချင်နေတဲ့စကားကို လုံးဝကိုမပြောလိုက်တာလည်းရှိတယ်! ဒီတော့မပြောလိုက်တဲ့စကားတွေက ပိုအရေးကြီးတာပေါ့! လူတွေက Conversation တစ်ခုမှာ တစ်ဖက်လူကပြောနေတာကို နားထောင်တဲ့အခါ ကိုယ်ကဘာပြန်ပြောရမလဲဆိုတာကို စဉ်းစားပြီးနားထောင်နေတတ်ကြတယ်တဲ့! ဒါကြောင့်တစ်ဖက်လူတကယ်ပြောနေတာကို မသိလိုက်ကြတာများတာပေါ့! ကိုကျားပေါက်ရဲ့ postcard တစ်ခုမှာ နားထောင်ဖူးတယ်! Interviewer ​တွေက သူ့ကိုဘာသာရေးအကြောင်းတွေမေးတဲ့အခါ သူ့ယုံကြည်ချက်ကို သေချာပြောပြမယ်ဆိုပြီး အင်တာဗျူးတဲ့သူကိုကြည့်လိုက်ရင် ကျွန်တော်ပြောပြမှာကို သူကလုံးဝစိတ်မဝင်စားပဲ နောက်ထပ်သူဘာမေးခွန်းထပ်မေးရမလဲလို့ တွေးနေတာကိုကျွန်တော်ကသူ့မျက်နှာပေါ်မှာ မြင်နေရတော့ ဘာမှပြောပြချင်တဲ့စိတ် မရှိတော့ပါဘူးတဲ့! ဒါနဲ့သူလည်းဘယ်တော့မဆို မေးလာတိုင်း လွယ်လွယ်နဲ့ အဆင်ပြေမယ့် ပုံစံမျိုးကိုပဲပြောလိုက်တာများပါတယ်တဲ့! ဘယ်အရာမဆို အလေးအနက်ထားတတ်တဲ့ သူတိုင်းကခံစားနားလည်လို့ရပါတယ်! ကိုယ်ပြောနေတာကို သူကတကယ်စိတ်ဝင်တစား နားထောင်နေတာလား! ကိုယ်ပြောနေတာမှာ သူ့စိတ်တွေ၊ အာရုံတွေကမရှိဘူးလားဆိုတာ ခံစားလို့ရပါတယ်! ကိုယ်ငယ်ငယ်က အဖေကအမြဲပြောလိမ့်ရှိတယ်! လူတစ်ယောက်စကားပြောရင် နားနဲ့လည်းနားထောင်ပါ! နှလုံးသားနဲ့လည်း နားထောင်ပါတဲ့! သူပါးစပ်ကမပြောလိုက်တဲ့စကားတွေက ကိုယ်ကရင်ဘတ်နဲ့နားထောင်မှ ကြားရမယ်တဲ့! ငယ်ငယ်ကတော့သိပ်နားမလည်ပါဘူး! ကြီးလာတော့တဖြေးဖြေးနဲ့ လူတွေကိုရော၊ လူတွေရဲ့သဘောသဘာဝတွေရော နားလည်လာတဲ့အခါ တစ်ယောက်ယောက်က စကားပြောနေရင်သေချာနားထောင်ဖြစ်လာတယ်! ဒီတော့သူပြောနေတာတွေအပြင် သူ မပြောနေတာတွေပါကြားလာတယ်! အခုလိုမျိုးကာလရောက်တော့ ပိုဆိုးတာပေါ့လေ! အရင်လိုစကားကိုပရိယာယ်တွေနဲ့ဝေ့ဝှက်ပြီး မပြောနေချင်တော့ပါဘူး! ကိုယ်ပြောချင်တာရှိရင် တစ်ဖက်လူသိအောင် ရိုးရိုးရှင်းရှင်းပဲပြောပါတယ်! တစ်ဖက်လူပြောရင်လည်း အရင်ကထက် ပိုပြီးတော့ကြားအောင်နားထောင်ပါတယ်! ကိုယ့်နားကလူတစ်ယောက်ပြောနေတာတွေကို ကိုယ်မကြားလိုက်မိပဲ ကိုယ်နားမထောင်လိုက်မိပဲ ကိုယ်ဂရုမစိုက်လိုက်မိပဲ သူတစ်ခုခုဖြစ်သွားမှာ စိုးပါတယ်! ကိုယ်ထင်ပါတယ်! ဘယ်သူပဲဖြစ်ဖြစ်ပေါ့လေ လူတွေကတစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ပေါ့! တစ်ယောက်ပြောတာကို တစ်ဖက်ကတစ်ယောက်က သေချာနားထောင်ပေးမယ်! နားလည်ခံစားပြီး သူ့ကိုကိုယ်ချင်းစာပေးတတ်မယ်ဆိုရင် ဒီနေ့ကမ္ဘာကြီးမှာ ဖြစ်နေကြတဲ့ပြဿနာတွေ တော်တော်လေးနည်းလာမှာပဲ! အနည်းဆုံးတော့လေ မိဘနဲ့ မောင်နှမ မိသားစုတွေကြား၊ သူငယ်ချင်းတွေ၊ ချစ်သူတွေကြားမှာ ဖြစ်နေကြတဲ့ ပြဿနာတွေတောင် နည်းသွားပါလိမ့်မယ်! နောင်တရစရာတွေလည်းနည်းသွားမှာပေါ့! အရမ်းလွယ်ကူပါတယ်! လူတစ်ယောက်ပြောတာကို သေချာနားထောင်ပေးလိုက်ဖို့ပါပဲ! နားထောင်တတ်သူများဖြစ်ကြပါစေ ..... ။ ။ ချစ်သော, #Emerald_Moon_Y

photo content

photo content
+1