en
Feedback
Cocoon Corner

Cocoon Corner

Open in Telegram

English and myanmar pdf books 📚 Great Satisfaction comes from sharing with others.

Show more
1 544
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
photo content
+1

photo content

photo content
+1

တခါတလေမှာ အနော်တို့ဟာ ဘာလုပ်လို့လုပ်ရမှန်းမသိဘဲ ဖြစ်လာတဲ့ အခါ အလျင်စလိုဆုံးဖြတ်တတ်ကြပါတယ်။ အဲ့လိုအခါမျိုးမှာ အလျင်စလိုမလုပ်ဘဲ အရင်ဆုံးအသက်လေး အရင်ရှုကြည့်ပါ တစ်မိနစ်လောက် ပြီး မှ လုပ်စရာရှိတာလေးလုပ်ကြည့်ပါ။ တစ်မိနစ် အသက်ရှုပြီးမှ ဆက်လုပ်တာနဲ့ မလုပ်ဘဲ ဆက်လူပ်တာမှာ အများကြီးခြားနားမှုတွေရှိနိုင်ပါတယ်။ မအိပ်သေးဘူးဆိုရင် ဒီသီချင်းလေးနားထောင်ကြည့်ပါ။ နာမည်က " breathe" တဲ့။ အားလုံးပဲ ပျော်ရွှင်စရာ ညချမ်းလေးဖြစ်ပါစေ။ 🌻💛🌻

photo content
+1

photo content

photo content
+1

စိတ်ရှည်ခြင်းနဲ့ တိတ်ဆိတ်ခြင်း အနော်တို့ စိတ်ရှည်ခြင်းနဲ့ တိတ်ဆိတ်ခြင်းဆိုတဲ့ စကားလုံးတွေကို ကြားဖူးနေကျပါနော်။ စိတ်ရှည်ခြင်းနဲ့ တိတ်ဆိတ်ခြင်းဟာ အရမ်းကိုစွမ်းအားကြီးမားတဲ့ စွမ်းအင်တွေဖြစ်ပါတယ်။ တခါတလေမှာ အနော်တို့ဟာစိတ်မရှည်တတ်ပါဘူး။ တခုခုကို မစဥ◌်းစားဘဲနဲ့လည်း အလျင်စလို ဖြေရှင်းတတ်ကြပါတယ်။ တချို့အရာတွေက စိတ်ရှည်တတ်မှသာ တကယ်စစ်မှန်တာကို နောက်ဆုံးမှာ ရတတ်ပါတယ်။ “လက်ဖက်ကောင်းစားချင် ပလောင်တောင်တက်နှေး” ဆိုသလိုပဲ ကောင်းတာတွေက တစ်ရက် တစ်မနက်နဲ့တော့ ဖြစ်မလာနိုင်ပါဘူး။ အနော်တို့ manifest လုပ်တဲ့ အခါမှာလည်း အဲ့လိုပါပဲ။ သုံးရက် တစ်ပတ်လောက်လုပ်ကြည့်ပြီး အလုပ်မဖြစ်ပါဘူးဆိုပြီး ဆက်မလုပ်တတ်ကြပါဘူး။ တကယ်တော့ မှန်မှန်နဲ့ စိတ်ရှည်ရှည်လေးသာလုပ်မယ်ဆိုရင် ကိုယ်လိုချင်တာတွေတကယ်ဖြစ်လာမှာပါ။ ကျေးဇူးတင်တတ်တဲ့စိတ်လေးနဲ့ တနေ့တာဖြစ်ပျက်သမျှကို အရင် ကျေးဇူးတင်ပါ။ ပြီးရင် relax and soothing music လေးဖွင့်ပြီးပထမတော့ ၅ မိနစ်လောက် အရင် manifest လုပ်ကြည့်ပါ။ ကိုယ်က ဘာလိုချင်တာလဲဆိုတာကို အရင် စဥ◌်းစားပါ။ အနော်တို့ ဈေးသွားတဲ့ အခါဘာသွားဝယ်မယ်သေချာသိသလိုမျိုးပေါ့။ ဆပ်ပြာဆို ဆပ်ပြာ၊ ခေါင်းလျှော်ရည်ဆို ခေါင်းလျှော်ရည်ပေါ့။ လိုချင်တာကို အတိအကျ အရင်သိရပါမယ်။ ပိုက်ဆံဆိုရင် ကိုယ်က ဘယ်လောက်လိုချင်တာလဲ အတိအကျသိရပါမယ်။ တစ်သိန်းလား၊ နှစ်သိန်းလား။ အဲ့လို အတိအကျသိမှ manifest လုပ်ရင် ပိုမြန်ပါတယ်။ ဘာသာစကားလေ့လာရင်လည်း တစ်လလောက်နဲ့တော့ intermediate level တန်းမရောက်နိုင်ပါဘူး။ ဖြေးဖြေးမှန်မှန်လေး လုပ်ရင် မှန်ကန်တဲ့ကြိုးစားမှုရှိရင် ရလာမှာပါ။ ဥ◌ီးတည်ချက်တွေတော့ မများစေနဲ့ပေါ့။ တခါတလေ အလုပ်တွေများ၊ ဥ◌ီးတည်ချက်တွေများပြီး အလုပ်မတွင်တာလည်းဖြစ်တတ်ပါတယ်။ စိတ်ရှည်ခြင်းက သင့်ကို စိတ်ပိုင်းဆိုင်ရာအရ သန်မာစေပါတယ်။ စိတ်ရှည်တတ်တဲ့သူတွေဟာ တခြားသူတွေကို နားလည်ပေးနိုင်တဲ့သူတွေဖြစ်တတ်ပါတယ်။ တိတ်ဆိတ်လိုက်တဲ့အခါ မှန်ကန်မှုတွေ စစ်မှန်မှုတွေကို မြင်ရတတ်ပါတယ်။ တိတ်ဆိတ်ခြင်းက အကျယ်လောင်ဆုံးအသံလို့လည်း ပြောကြတယ်မလား။ တိတ်ဆိတ်စွာနဲ့လည်း ဘ၀ကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ပါတယ်။ ဘယ်သူမှမသိတဲ့ပျော်ရွှင်မှုတွေဟာ တိတ်ဆိတ်မှုတွေထဲမှာရှိနေနိုင်ပါတယ်။ တိတ်ဆိတ်စွာနဲ့ ကိုယ်လုပ်ချင်တာတွေကို အကောင်အထည်ဖော်နိုင်ပါတယ်။တိတ်ဆိတ်ခြင်းက သင့်ကို ခံစားချက်ပိုင်းဆိုင်ရာမှာ ပိုပြီး သန်မာရင့်ကျက်တဲ့သူဖြစ်လာစေပါတယ်။ တိတ်ဆိတ်စွာနဲ့ ခဏလေးထိုင်ပြီး ကိုယ့်ရဲ့ စိတ်အတွင်းထဲကို ခဏကြည့်ပြီး အတွင်းထဲကအသံတွေကို နားထောင်ကြည့်ပါ။ စစချင်းမှာတော့ အကျင့်မရနိုင်ပါဘူး။ စိတ်ရှည်ရှည်လေးနဲ့ ကြိုးစားကြည့်ပါ။ ဆူညံမှုတွေနဲ့ အသားကျနေတာမို့ တိတ်ဆိတ်ခြင်းဟာ ဆူညံခြင်းထက် အဆပေါင်းများစွာ ကျယ်လောင်တတ်ပါတယ်။ တိတ်ဆိတ်ခြင်းထဲက music ကို သင်ခံစားလို့ရနိုင်တဲ့ တနေ့မှာတော့ သင့်ရဲ့ ကမ္ဘာဟာ သာယာလှပနေမှာပါ…. #bepatient #silence #anaw

photo content

ဒီနေ့ဟာ 2.2.2022 ဆိုတဲ့ 2 ဂဏန်းတွေကြီးစိုးတဲ့ spiritually စွမ်းအားမြင့်တဲ့ နေ့ဖြစ်ပါတယ်... 2 ဂဏန်းဟာ တနင်္လာဂြိုဟ် ငွေနံဖြစ်ပြီး နက္ခတ်အရလည်း ဓနသိဒ္ဓိနက္ခတ်ကျရောက်တဲ့နေ့ဖြစ်တယ်လို့ သက်ဆိုင်ရာ ပညာရှင်တွေကဆိုထားပါတယ်... ဒေါ်လာ million ချီတဲ့ project ကနေ ငွေဝင်ဖို့ စိမ်းဆီ သီးသန့်အဲ့ကိစ္စအတွက် energy run ပေးဖို့ energy work အလုပ်အပ်ထားတဲ့ VIP client ကိုတောင်မှ ဒီနေ့မှ energy run ဖို့ ချိန်းထားတာပါ... ဒီနေ့ဟာ ငွေနဲ့ ပတ်သက်တဲ့ money energy အားကောင်းတဲ့နေ့ပါ.. ဒီလိုနေ့မှာ အဖက်ဖက်ကငွေဝင်လမ်းကြောင်းတွေပွင့်လာစေဖို့ abundance နဲ့ပတ်သက်တဲ့ energy channeling ဖြစ်စေဖို့အတွက် ဒီနေ့လုပ်လို့ရတဲ့ activity လေးတွေကို စိမ်း ဒီမနက်ရတဲ့ intuition (အလိုလိုသိတဲ့အာရုံ) အရ sharing လုပ်ပေးလိုက်ပါတယ်... ✨🍀 ငွေကို ကျေးဇူးတင်တဲ့အကြောင်း စိတ်ထဲက နှစ်နှစ်ကာကာ ခံစားချက်ကို စီးမြောပြီး စာတစ်စောင်ရေးပါ.. Gratitude Letter to money / Thank you Letter to money လို့ခေါ်လို့ရပါတယ်.. အရေးကြီးတာ စီးမြောသက်ဝင်မှုပါ.. ကိုယ်ချစ်တဲ့ ချစ်သူတစ်ယောက်စီ ခံစားချက်အပြည့်နဲ့ စာပို့သလို ငွေကို သက်ရှိလူသားတစ်ဦးလိုသဘောထားပြီး သူ့ကို သုံးခဲ့တဲ့ ကိစ္စတွေ ၊ သူရှိလို့အဆင်ပြေနေတဲ့ ကိစ္စတွေ ၊ သူကူညီခဲ့တဲ့ ကိစ္စတွေ၊ သူ့ကြောင့် ဘဝနေထိုင်မှုတွေပြောင်းလဲလာတာ၊ သူ့ကြောင့်အခက်အခဲတွေဖြေရှင်းနိုင်တာ၊ သူ့ကြောင့်ကိုယ်လုပ်ချင်တာလေးတွေလုပ်နိုင်တာ စသည်ဖြင့် ကိုယ့်ဘဝမှာ ငွေကိုသုံးတဲ့သမျှအပေါ်ကို စဉ်းစားပြီး ချစ်ခင်စွာကျေးဇူးတင်စွာ စာ တစ်မျက်နှာလောက် journaling လုပ်ပါ (ရေးချပါ)... ကိုယ်စိတ်ပါရင် ပါသလို စာရှည်ရှည်တွေရေးချင်လည်းရပါတယ်.. အရေးကြီးတာ ကိုယ့်ရဲ့ တကယ် ကျေးဇူးတင်ချစ်ခင်တဲ့ vibrationပါ ... ✨🍀Money mindset နဲ့ပတ်သက်ရင် ကမ္ဘာကျော် ဆရာတဆူ ဖြစ်တဲ့ Ken Honda နည်းအတိုင်း ကိုယ့်မှာရှိတဲ့ ပိုက်ဆံလေးတစ်ရွက်ကို ကိုင်ပြီး သုံးလိုက်ရတဲ့ငွေတွေကိုကျေးဇူးတင်ကြောင်း၊ အဖော်တွေအမျိုးတွေအများကြီးခေါ်ပြီး ငါ့ဆီပြန်လာခဲ့နော် ဆိုပြီး လှိုက်လှိုက်လှဲလှဲပြောပါ ... (စိမ်း ငွေသုံးတိုင်း စိတ်ကနေအမြဲလုပ်တဲ့နည်းပါ ) ✨🍀ဒီနှစ်ကုန်ရင် ကိုယ့်လက်ထဲရချင်တဲ့ ငွေပမာဏတစ်ခုကို တိတိကျကျ ချရေးပြီး manifest လုပ်ပါ... ✨🍀ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ လာဘ်လာဘအကျိုးများစေတဲ့ ဒိဝါတိပတိ အစချီတဲ့ သဗ္ဗဇယမင်္ဂလာဂါထာတော်ကို ၂၂ ခေါက် ရွတ်ဖတ်တာမျိုး ၊ ရသေ့ကြီး ဦခန္တီဂါထာတော်ကို ၂၂ ခေါက်ရွတ်ဖတ်တာမျိုး ဒီနေ့လုပ်လို့ရပါတယ်... စိမ်းတို့ဟာ အကြောင်းတရားတွေပဲဖြည့်လို့ရပါတယ်... အနတ္တသဘောအရ အကြောင်းတရားတွေပြည့်စုံသွားရင် သူ့သဘောသူဆောင်တဲ့ အကျိုးတစ်ခုဟာပေါ်လာမှာပါပဲ... ဒီနေ့ 2.2.2022 ဟာ ငွေနဲ့ပတ်သက်ပြီး ကြီးမားတဲ့ အကြောင်းအထောက်အပံ့အနေနဲ့ ပံ့ပိုးနေတဲ့အတွက် ဒီနေ့လုပ်လိုရတဲ့ အကြောင်းတရားတွေကို ဖြည့်ဆည်းလို့ရအောင် sharing လုပ်ပေးလိူက်ရပါတယ်... ဒီအကြောင်းတရားတွေကိုပြုလုပ်ပြီး အားလုံး money energy တွေ abundance energy တွေနဲ့ channeling ဖြစ်ကြပါစေ... အဖက်ဖက်မှ ငွေဝင်ပြီး စီးပွါးလာဘ်လာဘများတိုးတက်ကြပါစေ ... 🍀 With All my Love & Energy 🍀 Dr Seinn Life Coach & Trainer

photo content

photo content
+1

photo content

photo content
+1

photo content

photo content
+1

photo content

photo content
+1

photo content