Cocoon Corner
Open in Telegram
English and myanmar pdf books 📚 Great Satisfaction comes from sharing with others.
Show more1 544
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
1 544
အားလုံး မဂ်လာပါရှင်။ မနက်ဖြန်က (၂၂.၂.၂၀၂၂) နှစ် ခြောက်လုံးပါတဲ့ရက်ဖြစ်တဲ့ အတွက် အားလုံးပြောနေကြသလိုပဲ ကိုယ်လိုချင်တာတွေကို စိတ်ကူးပုံဖော်ဖို့ အကောင်းဆုံးနေ့ဖြစ်ပါတယ်။ ဒါကြောင့် မနက်ဖြန်ကိုတော့ ကိုယ်လိုချင်တာတွေကို ပုံဖော်နေတာမဟုတ်ရင်တောင် မကောင်းတာတွေကို တတ်နိုင်သမျှမတွေးဘဲ ကောင်းတာလေးတွေပဲ တွေး ပျော်စရာလေးတွေ စိတ်အေးချမ်းစရာလေးတွေလုပ်ပြီး ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းပါနော်။ ညအိပ်တဲ့ အခါကျရင်လည်း စိတ်ကို သက်သာစေမယ့် relaxing song လေးတွေနားထောင်ပြီး စိတ်ကိုလျော့ထားပါ။ အိပ်ရာပေါ်မှာ လှဲချလိုက်ပါ။ ကိုယ့်ခန္ဓာကိုယ်ထဲက မကောင်းတဲ့ negativity တွေ ထွက်သွားပြီလို့တွေးပါ။ အနော်တို့တွေ တခုခုကို ထည့်ချင်ရင် မကောင်းတာတွေကို ဖယ်မှ ကောင်းတာတွေ၀◌င်လာမှာမို့ မကောင်းတာတွေကို အရင် ထုတ်ပါ။ ခွင့်လွှတ်သင့်တာတေွ ခွင့်လွှတ်လိုက်ပါ။ ပြီးရင် ကောင်းတာတွေ ဖြစ်ပြီးနေပြီလို့တွေးပါ။ တဖြည်းဖြည်းနဲ့ သင့်စိတ်လေး အဆင်ပြေလာပါလိမ့်မယ်။ အားလုံးပဲ ပျော်ရွှင်စွာနဲ့ စိတ်လေး အေးချမ်းပါစေ။ 💛🌻💛
1 544
ဒီသီချင်းလေးသုံးပုဒ်က အနော် အခုတလောနားထောင်ဖြစ်နေတာလေးပါ။ မြူးမြူးကြွကြွလေးနဲ့ နားထောင်လိုက်ရင် စိတ်လေးလန်းဆန်းစေပါတယ်။
