en
Feedback
Cocoon Corner

Cocoon Corner

Open in Telegram

English and myanmar pdf books 📚 Great Satisfaction comes from sharing with others.

Show more
1 544
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
မေတ္တာတရားနဲ့ ခုခံပါ --------------- မေတ္တာတရားသည် လူတွေရဲ့စိတ်ကို ပြောင်းလဲစေ၏။ အားလုံးသတ္တဝါတွေအပေါ်မှာ "ကျန်းမာကြပါစေ... အဆင်ပြေကြပါစေ... " ဆိုတဲ့ #မေတ္တာဘာဝနာ ပွားပါ။ အဆင်မပြေတဲ့ ပုဂ္ဂိုလ်တွေကို ကြည့်ပြီး #ကရုဏာ ပွားပါ။ အဆင်ပြေနေတဲ့ ပုဂ္ဂိုလ်တွေကို ကြည့်ပြီး #မုဒိတာ ပွါးပါ။ အားလုံးသတ္တဝါတွေ ရံဖန်ရံခါ သူ့ကံအလိုက် ဖြစ်နေကြတာပဲလို့ ကံ,ကံ၏အကျိုးတရားကို ဆင်ခြင်ပေးပါ။ မတ်ေတာ, ကရုဏာ, မုဒိတာ, ဥပေက္ခာ, လို့ဆိုတဲ့ ဗြဟ္မဝိဟာရတရား(၄)ပါး ပွားပါ။ ဘာဖြစ်လို့တုန်းဆိုရင် မေတ္တာကမ္မဋ္ဌာန်းပွား၍ အကျိုးသက်ရောက်မှုဟာ ကျန်တဲ့ပုဂ္ဂိုလ်တွေရဲ့ ဆဲရေးတိုင်းထွာမှုကို ဒီပုဂ္ဂိုလ်ကလည်းပဲ ခံနိုင်တယ်။ တစ်ဖက်ကလည်းပဲ မေတ္တာထားတဲ့ပုဂ္ဂိုလ်ကို တုန့်ပြန်ပြီးတော့ မေတ္တာထားလာတတ်တယ်ပေါ့။ စိတ်ဓာတ်ခွန်အားတွေလည်း မြင့်တက်လာတယ်။ တစ်ဖက်သားတွေကလည်း တဖြည်းဖြည်း စိတ်ဓာတ် ပြောင်းလဲပြီးတော့ သွားနိုင်တယ်။ မေတ္တာတရားနဲ့ ခုခံခြင်းအားဖြင့် မိမိရဲ့စိတ်စွမ်းအားတွေ တက်လာတဲ့အပြင် တခြားပုဂ္ဂိုလ်ရဲ့ စိတ်ကိုလည်းပဲ ပြောင်းလဲသွားစေနိုင်တယ်။ ပြောင်းလဲသွားသည့်အတွက်ကြောင့် ရန်သူအဖြစ်ကနေ ပြောင်းလဲပြီး မိတ်ဆွေအဖြစ် ရောက်ရှိသွားနိုင်တယ်ပေါ့။ #ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

တနေ့လုံးမှာ တခုခုအဆင်မပြေတာပဲဖြစ်ဖြစ် စိတိအခန့်မသင့်တာလေးဖြစ်တာပဲဖြစ်ဖြစ် အိပ်ခါနီးလေးမှာတော့ ကောင်းတဲ့ ပျော်စရာ အတွေးလေးတခုက
တနေ့လုံးမှာ တခုခုအဆင်မပြေတာပဲဖြစ်ဖြစ် စိတိအခန့်မသင့်တာလေးဖြစ်တာပဲဖြစ်ဖြစ် အိပ်ခါနီးလေးမှာတော့ ကောင်းတဲ့ ပျော်စရာ အတွေးလေးတခုကို ပြန်တွေးကြည့်ပါ။ ပြီးတော့ အဲ့တာလေးကစပြီးကျေးဇူးတင်ကြည့်ပါနော်။ အနော်တို့ရယ် တခြား ကိစ္စမကြုံရရင်တောင် မီးတော့ပျက်တယ်ဆိုတော့ ဒါဟာလည်း ငါ ထိန်းချုပ်ရတဲ့ အရာထဲက မဟုတ်ပါလား အဲ့တာကို စိတ်တိုနေမယ့် အစား ငါထိန်းချုပ်လို့ရတယ် ဆိုတဲ့ အရာလေးတွေကို အာရုံလေးစိုက်လိုက်ရင် ဒါဟာ negative vibe ကနေ postive vibe ကို အာရုံပြောင်းလိုက်နိုင်တာမို့ ကျန်နေသေးတဲ့ နေ့တခုရဲ့အချိန်တွေမှာ အဆင်ပြေတာလေးတွေ တွေ့နိုင်ပါတယ်။ ဒါကြောင့် ပျော်စရာ အခိုက်အတန့် အတွေးလေးတွေတွေးပါနော်။ သေချာအိပ်ပါ။ ဂရုစိုက်ပါ 💛🌻💛

photo content
+1

Respect ဆိုတဲ့စကားလုံးကို လူတွေ ခဏခဏ သုံးကြတယ် တစ်ယောက်နဲ့ တစ်ယောက် လေးစားတယ်..လေးစားသမှုရှိတယ်..ဆိုတဲ့ အဓိပ္ပာယ်ပေါ့.. Respect နဲ့ Confidence ဟာ အပြန်အလှန် ဆက်စပ်နေပါတယ် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့သူဟာ ကိုယ့်ကိုကိုယ် လေးစားတဲ့သူဖြစ်ပြီး ကိုယ့်ကိုကိုယ် လေးစားတန်ဖိုးထားတဲ့ သူတွေဟာလည်း ယုံကြည်မှုရှိတဲ့သူတွေ ဖြစ်နေတတ်ကြပါတယ်.. ကိုယ့်ကို လေးလေးစားစား မပြောဘူး မဆက်ဆံဘူး.. ပတ်ဝန်းကျင်တစ်ခုမှာ ထိုက်တန်တဲ့ လေးစားမှုကို မရဘူး ဆိုရင် စိတ်ထဲမှာ ကသိကအောက်ဖြစ်တတ်ကြရတယ် Do not tolerate disrespect, even from yourself. တကယ်တော့ မလေးမစားဆက်ဆံခံရတယ်ဆိုတာ တခြားသူတွေဆီကရယ်မှ မဟုတ်ဘူး ကိုယ့် ကိုယ်တိုင်ဆီက တောင် ခွင့်မပြုသင့်တဲ့အရာတစ်ခုဖြစ်ပါတယ် လူတွေမှာ ကိုယ့်ကိုကိုယ် ယုံကြည်မှုက.. အပြည့်မဟုတ်တောင် ၇၀ရာခိုင်နှုန်းလောက် ရှိတယ်ဆိုရင်ပဲ ကိုယ်တိုင်လေးစားနိုင်လောက်တဲ့ စိတ်လည်း ဖြစ်လာတတ်ကြပါတယ် Self Respect ရှိတယ်ဆိုတာ ကောင်းတဲ့ စိတ်အရည်အသွေးတစ်ခုဖြစ်ပါတယ် ဒါပေမဲ့ တကယ် Respect ရှိနေရဲ့လားဆိုတာကိုတော့ သိဖို့ အရေးကြီးပါတယ် Pride and confidence in onself. A feeling that one is behaving with honour and dignity. ကိုယ်တိုင် ဂုဏ်သိက္ခာရှိစွာ ပြုမူနေထိုင်ပြောဆိုခြင်းကြောင့် လေးစားယုံကြည်မှု ဖြစ်ပော်လာတာကို Self Respect လို့ အဓိပ္ပါယ်ဖွင့်ကြပါတယ်.. ကိုယ့်ကိုကိုယ် Respect ရှိဖို့က ကိုယ်မကြိုက်တာတွေ မလုပ်မိဖို့.. လုပ်မိရင်လည်း ဆက်မလုပ်နေဖို့..အရေးကြီးပါတယ် ဥပမာ..တစ်ခုပြောရရင်.. ကိုယ့်ကို လုံးဝအဖက်မလုပ်တဲ့ လူနားမှာ တွယ်ငြိနေတတ်တာမျိုးပေါ့ သူပြောသမျှခံတယ် ငိုအောင်ပြောရင် ငိုလိုက်တယ် ရယ်အောင်ပြောရင် ရယ်လိုက်တယ် လုပ်လို့ရမှန်းသိနေတော့ တချိန်လုံး ကျီစားတာ လှည့်စားတာခံနေရတာပဲ.. သူပြောချင်သလိုပြောနေတာတွေရဲ့ကြားမှာ.. ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှုမရှိတော့ဘူး.. Self Respect ကအဲဒီမွာ က်လာတာပဲ Confidence မရှိတော့ဘူးဆိုရင် Self respect ပါ.. ကျလာတတ်ပါတယ် ဒါကြောင့် ကိုယ့်ကိုကိုယ် ချစ်တယ် လေးစားတယ်..ယုံကြည်မှု Self Confidence ကို ပြန်ပြီး တည်ဆောက်ချင်တယ်ဆို.. အဲဒီလူအနားက ထွက်ခွာ ခဲ့လိုက်ပါလို့ ပြောရတယ်.. Self Respect နဲ့ ပတ်သက်ပြီး ပြောရတော့ ဒီတစ်ခုပဲလားဆိုရင် မဟုတ်သေးပါဘူး အများကြီးရှိတယ် တခါတလေ ကိုယ်မကြိုက်တာတွေကို သိနေလျက်နဲ့ ကိုယ့်ဘာသာကိုယ် အားရပါးရကြီးကျူးလွန်နေတတ်ကြတယ် ညအိပ်ခါနီးမှ ထမင်းတွေ အများကြီးစားလိုက်တာမျိုး.. On line ကနေ ပစ္စည်းတွေ အများကြီးလျှောက်မှာမိလိုက်တာမျိုး အပေါင်းအသင်းတွေနဲ့တွေ့တုန်း အသားကုန် သောက်စား မူးရူးပစ်လိုက်တာမျိုး.. လူမှူရေးအရ မှားယွင်း လွန်ကျူးမိတာ.. ရည်းစားနဲ့ အကာအကွယ်မပါဘဲ နေလိုက်မိတာ.. ပါးစပ်သရမ်းမိလို့ လူတကာ ပြစ်တင်ဆဲဆိုသမျှ ခံရတာ.. စိတ်မထိန်းနိုင်ဘဲ ရမ်းမိသမျှက ကျွန်မတို့ကို ဖြေရှင်းစရာ ပြသနာ အပုံလိုက်ပဲ ပေးသွားတာ များပါတယ်.. နောင်တတွေနဲ့ ကျန်ခဲ့ရတယ် ကျန်းမာရေးထိခိုက်စေတာ... ငွေကြေးနဲ့ပတ်သက်ပြီး ဖြေရှင်းရတဲ့အခါ..... ရုံးရောက် ဂတ်ရောက် ပြသနာတွေ တက်တာ.. ဂုဏ်သိက္ခာ ညိူးနွမ်းရတဲ့အခါ.. ကိုယ့်ကိုကိုယ် ယုံကြည်မှုပျောက်ဆုံးသလို လေးစားမှုလည်း မပေါ်နိုင်တော့ပါဘူး သူများတွေ တန်းစီနေကြတဲ့ကြားထဲ ကိုယ်က လိုင်းဖြတ်ဝင်လိုက်မိတယ် ဘတ်စ်ကားပေါ်မှာ ဦးစားပေးထိုင်ခိုင်းရမဲ့သူ ကိုယ့်ရှေ့မှာ ရှိနေလျက်နဲ့ မသိချင်ယောင်ဆောင်နေလိုက်မိတယ် သူများ ပစ္စည်းကို မတရားသဖြင့် ယူလိုက်မိတယ်.. ဒီလို စိတ်မျိုးကို မလုံမလဲနဲ့ ပြန်သတိရနေတယ်ဆိုရင်လည်း ကိုယ့်ကိုကိုယ် ယုံကြည် လေးစားမှုကိုလျော့ကျစေတတ်ပါတယ်.. Self Respect ကို တစ်နည်းလှည့်ပြောလို့လည်းရပါတယ် Self Esteem ဆိုတာ ကိုယ့်ကိုကိုယ် တန်ဖိုးထားခြင်းဖြစ်ပါတယ်.. လူအတော်များများဟာ ကိုယ့်ကိုကိုယ် တန်ဖိုးထားရကောင်းမှန်း .. ကိုယ့်တန်ဖိုးကို ကိုယ်တိုင်မြှင့်ယူရမယ်မှန်း သတိမပြုမိတတ်ကြပါဘူး.. Self Esteem မြင့်မားတဲ့လူတွေဟာ.. ဘဝရဲ့ မြင့်မားတဲ့ အရည်အသွေးတစ်ခုကို ရရှိနေကြတဲ့သူတွေလို့ ပြောနိုင်ပါတယ် လူတွေမှာ.. ယုံကြည်မှု.. လေးစားမှုနဲ့ တန်ဖိုးထားမှုတွေဟာ အမြဲ တွဲနေတတ်ပါတယ် တစ်ခုမရှိရင် နောက်ထပ်တစ်ခုပေါ်လာစရာ အကြောင်းမရှိပါ.. ကိုယ့်ကိုကိုယ်မှ တန်ဖိုးမထားရင် တခြားသူကလည်း တန်ဖိုးထားမှာ မဟုတ်ပါ မွန်ဟော်စီ ၂၀၂၀ မတ်လ #SelfRespect #SelfEsteem #SelfConfidence #morningvitamins

သာမန်အရာတွေထဲမှာ လှပမှုကိုရှာပါ တဲ့ အနော်တို့ဟာ ပြည့်စုံနေမှ အရာအားလုံး perfect ဖြစ်နေမှလှတယ်လို့ မြင်တတ်ကြတယ် တကယ်ကသာမန်နေတိ
သာမန်အရာတွေထဲမှာ လှပမှုကိုရှာပါ တဲ့ အနော်တို့ဟာ ပြည့်စုံနေမှ အရာအားလုံး perfect ဖြစ်နေမှလှတယ်လို့ မြင်တတ်ကြတယ် တကယ်ကသာမန်နေတိုင်းလုပ်နေတဲ့အရာတွေထဲမှာ လှပမှုတွေရှိပါတယ်။ စိုင်းထီးဆိုင် သီချင်းလို "မင်းမကြည့်လို့မသိတာပါ အချစ်ကမင်းအနားမှာပါ" ဆိုတာလိုမျိုးပါပဲ အနော့်တို့ပတ်ဝန်းကျင်မှာ ကြည့်တတ်ရင် ချစ်စရာ အလှတရားတွေအများကြီးပါ မနက်ခင်းနေရောင်လေးခံပြီးနေကြည့် ဘုရားပန်းဝယ်ဖို့ ပန်းသွားဝယ်ရင် ကိုယ်က ပန်းတစ်မျိုးဝယ်လည်း တခြားပန်းလေးတွေသေချာအနီးကပ်ကြည့်ကြည့် သွားနေကျလမ်းလေးမှာလည်း တခါတလေ အမှတ်မထင်ကိုယ် သတိမထားမိတဲ့နေရာလေးက လှနေတတ်တာတွေ့ရတတ်တယ်။ ဟယ် ငါအရင်က သွားနေတာ မမြင်ပါလား လို့တောင်တွေးမိတာတွေရှိတယ် ပန်းကန်ဆေးရင်းနဲ့လည်း ဆပ်ပြာမြှုပ်လေးတွေနဲ့ဆော့ကြည့်လို့ရတယ်။ အနော်ကနမူနာပြောပြတာပါ။ နေ့စဉ်ပုံမှန်ထဲက အလှတရားတွေဟာ စိတ်လေးသာသေချာစူးစိုက်ကြည့်ရင် နေ့တိုင်းအလှတွေမြင်နိုင်မှာပါ။ သာမန်ထဲက အလှတရားတွေကို ပိုရှာတွေ့နိုင်ပါစေ။ဘဝရဲ့ ပျော်ရွှင်မှုတွေက်ုသာမန်တွေထဲကနေ နေ့တိုင်းရပါစေနော်။ သေချာအိပ်ပါ ဂရုစိုက်နော် 🌻💛🌻

photo content
+1

ဘာတွေပဲဖြစ်နေနေ အနော်တို့ဟာ တိုက်ခိုက်ရင်း ရင်ဆိုင်ရင်း ဘဝလမ်းကိုဆက်လျှောက်ရမှာပါပဲ ဘဝဟာ ခရီးရှည်လို့ကြောကြပေမယ့် ခရီးလမ်းမဆု
ဘာတွေပဲဖြစ်နေနေ အနော်တို့ဟာ တိုက်ခိုက်ရင်း ရင်ဆိုင်ရင်း ဘဝလမ်းကိုဆက်လျှောက်ရမှာပါပဲ ဘဝဟာ ခရီးရှည်လို့ကြောကြပေမယ့် ခရီးလမ်းမဆုံးခင် ကိုယ်က ဘာဖြစ်မယ် မသိနိုင်ဘူးလေ။ အဲ့တော့ လျှောက်လှမ်းနေရင်း ပင်ပန်းလာတဲ့ အခါ အနားယူပါ။ လက်တော့မလျှော့လိုက်ပါနဲ့။ ဘဝမှာ ရင်ဆိုင်နေရတာတွေကို ကိုယ်တယောက်တည်းလို့မတွေးပါနဲ့လို့ ပြောချင်ပါတယ်။ တခါတရံလည်း အကူအညီတောင်းပါပြောပေမယ့်တောင်းလို့မရနိုင်တဲ့ အချိန်တွေရှိတာ နားလည်ပါတယ်။ ဒါကြောင့် အဲ့ အချိန်တွေတိုင်း ကိုယ့်ကိုယ်ကိုယ် ခဏလေးပိုချစ်ကြည့်ပါ။ အားလုံးကိုစွန့်လွှတ်လိုက်ဖို့ တစ်ယောက်ချင်းစီတိုင်းက တန်ဖိုးကိုယ်စီ ရှိတယ်ဆိုတာလေး သတိရပေးပါနော်။ ဂရုစိုက်ပါ သေချာအိပ်ပါ 🌻💛🌻

photo content
+1

အနော်တို့ဟာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေ ပြိုလဲမှုတွေကြောင့်ပဲ ပိုပြီးရင့်ကျက်သန်မာတဲ့သူတွေဖြစ်ခဲ့ကြတယ်။ ထိုအရာတွေကပဲ လောကကိ
အနော်တို့ဟာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေ ပြိုလဲမှုတွေကြောင့်ပဲ ပိုပြီးရင့်ကျက်သန်မာတဲ့သူတွေဖြစ်ခဲ့ကြတယ်။ ထိုအရာတွေကပဲ လောကကိုပိုပြီးကျေးဇူးတက်တတ်လာစေတယ် ပိုပြီး ပျော်ရွှင်လာစေတယ် ဖြည့်တွေးပေးနိုင်လာတယ် တထစ်ရှိ စိတ်မဆိုးတော့ဘဲ နားလည်ပေးတတ်လာစေတယ်။ ဒါကြောင့်ရင့်ကျက်မှုဆိုတာ အသက်အရွယ်နဲ့မဆိုင်ဘဲ ဖြတ်သန်းခဲ့ရတဲ့ မှတ်တိုင်တွေဆိုင်တာမို့ တန်ဖိုးရှိတာကို မမေ့ပါနဲ့နော်။ ရင့်ကျက်တယ်ဆိုတိုင်းလည်း သူများကိုပဲ အမြဲ အလျော့ပေးဖို့ ပေးဆပ်ဖို့ပြောတာ မဟုတ်ပါဘူး။ စိတ်အဆင်မပြေရင် မပြေဘူး ပြောနိုင်သလို ယောကျာ်းဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် ငိုလို့ရသလို ကိုယ့်ကိုယ်ကိုယ်လည်း ချစ်ရပါမယ်နော်။ ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့ မမေ့ပါနဲ့နော်။ ကိုယ်ကိုယ့်ကိုယ် မခစေ်တတ်တဲ့သူဟာ တခြားသူကို unconditional love နဲ့ မချစ်နိုင်ပါဘူး။ Self love is first priority ပါနော်။ သေချာအိပ်ပါ။ အနားယူပါ 🌻💛🌻

photo content

photo content
+1

Law of attraction လူသိများလာတာနဲ့အမျှ အများဆုံးမေးကြတဲ့ မေးခွန်းက လူတစ်ယောက်ချစ်လာအောင်၊ ပြန်လာအောင် ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ မေးခွန်းပါ ဒီမေးခွန်းကို တစ်ချိန်က Anii ကိုယ်တိုင်မေးခဲ့ဖူးတဲ့ အတွက် ခံစားချကိကို ကောင်းကောင်းနားလည်ပါတယ် Law of attraction ကို လွန်ခဲ့တဲ့ ၂ နှစ်က စသိခဲ့တာလည်း ဒီ relationship ကြောင့်ပါ Love manifestation လုပ်တယ်ဆိုတာ ကိုယ့်ကိုကိုယ် ချစ်တတ်လာအောင် ကျင့်တာဖြစ်ပြီး ကိုယ့်ကိုမလိုချင်တဲ့ သူတစ်ယောက်၊ ထွက်သွားတဲ့သူ တစ်ယောက်ကို အတင်း manifest လုပ်လို့မရနိုင်ဘူး ပူလောင်ခြင်းတွေနဲ့ သာ အဆုံးသတ်မယ် ဆိုတာ သိဖို့ အချိန်အတော်ယူခဲ့ရပါတယ် ကိုယ့်ကိုကိုယ် ချစ်တတ်လာပြီး ကိုယ်တိုင်က ချစ်ခြင်းမေတ္တာအကြောင်းကိုနားလည်လာတဲ့အတွက်သာ ကိုယ်နဲ့ စစ်မှန်တဲ့သူက ကိုယ့်ဆီကို ရောက်လာတာပါ။ မလိုချင်လို့ ထွက်သွားတဲ့သူ ကိုယ်ကို နာကျင်စေခဲ့သူ ချစ်ခြင်းမေတ္တာတွေကို ပေးဖို့ အတင်းတောင်းဆိုနေရသူဟာ ကိုယ့်ရဲ့ soulmate အစစ်အမှန် ဟုတ်နိုင်ပါ့မလား ။ ဘာကြောင့်လဲဆိုရင် karmic relationship တွေဟာ ကိုယ့်ကိုထင်ယောင်မှားစေနိုင်ပါတယ် ဘဝမှာ တစ်ခါပဲ ရမယ့်ချစ်ခြင်းမေတ္တာတို့ ပေးဆပ်ခြင်း အချစ်တို့ ခေါင်းစဉ်တွေအောက်မှာ ထင်ယောင်မှားစေတတ်ပါတယ် Anii ကိုယ်တိုင် manifestation လုပ်လိုက် ပြန်လာလိုက် ထွက်သွားလိုက် relationship ကို နှစ်တွေအများကြီး ခံစားခဲ့ရသူမို့ နားလည်ပါတယ်။ ကိုယ် manifest လုပ်လို့ကိုယ့်ဆီပြန်ရောက်လာတဲ့ relationship တွေဟာ ကြာရှည်မခံပါဘူး။ နဂိုမူလ negative pattern တွေဟာ အနှေးနဲ့ အမြန် ပေါ်လာတာချည်းပါပဲ။ Relationship မှာ တစ်ခုခုမှားနေမိလို့ ခံစားမိတဲ့အချိန်ကို ယုံကြည်ပါ။ အဲ့ဒီအချိန်ဟာ relationship karmic နှောင်ကြိုးတွေကနေ ရုန်းထွက်ရမယ့် အချိန်ရောက်လာလို့ ဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာကို manifest လုပ်တဲ့အခါ ဘယ်တော့မှ သူစိမ်းတစ်ယောက်ရဲ့ အချစ်တွေကို manifest မလုပ်ပါနဲ့။ ကိုယ်ကိုကိုယ် အတွက် ချစ်ခြင်းမေတ္တာတွေကိုသာ manifest လုပ်ပါ။ Anii ရဲ့ love manifestation video တွေမှာလည်း အခြေခံဟာ ကိုယ်ကိုကိုယ် ချစ်တတ်ဖို့ သတိပေးထားတာပါ။ တစ်ယောက်တည်း အရင် တောက်ပပါ။ ကိုယ့်ဒဏ်ရာတွေကို ကိုယ်တိုင် ကုစားပါ ။ အခုချိန်မှာ ရုန်းမထွက်နိုင်လောက်ဘူး သူမရှိရင် မပျော်နိုင်လောက်ဘူး ထင်ပေမယ့် စစ်မှန်သော ထပ်တူကျတဲ့ ချစ်ခြင်းအစစ်အမှန်တွေ ပိုင်ဆိုင်ဖို့အတွက် ဒီ karmic နှောင်ကြိုးတွေဟာ ဖြတ်တောက်ပစ်မှကို ရနိုင်မှာပါ။ ချစ်ခြင်းမေတ္တာတွေကို ဖန်တီးယူပြီး အတင်းတောင်းဆိုခဲ့ရတဲ့ နှစ်တွေ လွန်ခဲ့တဲ့အခါ အခုချိန်မှာ အရမ်းကို နွေးထွေးပြီး စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတွေ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် လူတိုင်းဟာ အတင်းတောင်းဆိုဖို့ မလိုတဲ့ စိတ်ချရတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့သာ ထိုက်တန်လို့ ဖြစ်ပါတယ်။ elysian

photo content

photo content
+1

အနော်ရဲ့ ဒီစာလေးကို ခုစာဖတ်နေတဲ့ တစ်ယောက်ချင်းစီတိုင်းကို ဒီအချိန်ထိ ဘဝမှာ ဘာအခက်အခဲတွေပဲရှိရှိ တောင့်ခံလာခဲ့ပေးလို့ ကျေးဇူးတ
အနော်ရဲ့ ဒီစာလေးကို ခုစာဖတ်နေတဲ့ တစ်ယောက်ချင်းစီတိုင်းကို ဒီအချိန်ထိ ဘဝမှာ ဘာအခက်အခဲတွေပဲရှိရှိ တောင့်ခံလာခဲ့ပေးလို့ ကျေးဇူးတင်ပါတယ်။ မတူညီတဲ့ ဘဝတွေထဲမှာ မတူညီတဲ့လမ်းကြောင်းတွေနဲ့လျှောက်လှမ်းရင်း မုန်တိုင်းမိတဲ့အခါရှိသလို လေပြင်းမိတဲ့အခါရှိသလို လေပြည်လေညှင်းတိုက်ခဲ့တဲ့ ရွှေရောင် အချိန်တွေလည်းရှိခဲ့မှာပါ ဘာတွေကိုပဲဖြတ်ကျော်ခဲ့ခဲ့ ခံနိုင်ရည်ရှိရှိနဲ့ ဖြတ်ကျော်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ ဖြတ်ကျော်ခဲ့တဲ့ အချိန်တွေတိုင်း အနားမှာရှိပေးခဲ့တဲ့သူတွေကိုသတိရပါ။ ဘဝမှာ ခက်ခဲတဲ့ အခါတိုင်း မျက်လုံးလေးမှိတ်ပြီး အဲ့အားပေးခဲ့တဲ့ သူတွေရဲ့ အားပေးစကားလေးတွေပြန်ကြားယောင်ပါ "သင်လုပ်နိုင်ပါတယ် အဲ့တာကို အနော် ယုံတယ်နော်" သေချာ အိပ်ပျော်အောင်အိပ်ပါ။ 🌻💛🌻

photo content
+1

How_the_Secret_Changed_My_Life_Real_People,_Real_Stories_Rhonda.pdf1.94 MB

သင်ရှုမြင်တာကိုပဲ သင်မြင်ရမှာဖြစ်ပါတယ်။ ကောင်းတာတွေတွေးရင် ကြည့်ရင် အားလုံးဟာကောင်းတဲ့ဘက်ကို ဖြည်းဖြည်းချင်းပြောင်းလဲသွားမှာပ
သင်ရှုမြင်တာကိုပဲ သင်မြင်ရမှာဖြစ်ပါတယ်။ ကောင်းတာတွေတွေးရင် ကြည့်ရင် အားလုံးဟာကောင်းတဲ့ဘက်ကို ဖြည်းဖြည်းချင်းပြောင်းလဲသွားမှာပါ။ မကောင်းတာတွေတွေးနေကြည့်နေရင် မကောင်းတဲ့ဘက်ကို ပြောင်းလဲသွားမှာပါ။ ဒါကြောင့်ကောင်းတာလေးတွေတွေးကြည့်ပါ။ တကယ်တမ်းပြန်စဉ်းစားရင် တနေ့လုံးမှာ ကောင်းတာ တခုတော့ ရှိမှာပါ။ တကယ်လို့များတစ်ခုမှ စဉ်းစားမရရင် အခု အသက်ရှုနေတယ်မလား။ ဒါကပဲ ကျေးဇူးတင်စရာပါ။ အသက်ရှုနေနိုင်သေးတယ်လေနော်။ ဒါကြောင့်ကောင်းတာလေးတွေတွေးပြီး အိပ်ပျော်နိုင်ပါစေ။ ဂရုစိုက်ကြပါနော်။ good night💛🌻🥰

photo content
+1

photo content