en
Feedback
Cocoon Corner

Cocoon Corner

Open in Telegram

English and myanmar pdf books 📚 Great Satisfaction comes from sharing with others.

Show more
1 544
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
နောက်တခုက over-thinking အနော်က အတွေးများတဲ့ အထဲ(တကယ်တော့ အတွေးလွန်တဲ့ထဲမှာပါတယ်) မကောင်းတာလေး တခုဖြစ်တာနဲ့ အဆုံးထိတွေးချပစ်တာ။ အဲ့တော့လေ အဲ့ over-thinking က good day bad day ပြောကြတဲ့ အထဲမယ် အဓိကနေရာကပါတယ်လို့ထင်တယ်။ ဘာလ်ု့ဆို အတွေးတွေကပဲ အနော်တို့ရဲ့ စိတ်မခံစားမှုတွေ လုပ်ဆောင်မှုတွေကို ထိန်းချုပ်ကန့်သတ်တာဆိုတော့ မကောင်းတာကြုံရင် over thinking ကပိုအလုပ်လုပ်တယ်။ ကောင်းတာကြုံရင် ကျေးဇူးတင်တတ်တဲ့ gratitude တော့ သိပ်ပြီး အလေ့အကျင့်မရှိတော့ ကောင်းတာလေးကို appreciate လုပ်တာထက် မကောင်းတာကို ပိုတွေးတာကများနေတတ်တယ်။ အာ့ကြောင့် တကယ်လို့ ကောင်းတာကြုံတွေ့ရင် gratitude ကျေးဇူးတင်တတ်တဲ့စိတ်လေးနဲ့ အဲ့ moment လေးကို ကျေးဇူးတင်ပါ။ ဆိုးတာတွေ့ရင် ဪ ဆိုးတာပါလားလို့ စိတ်ထဲကလေ သိလိုက်ပြီး အသက်လေးခဏရှုလိုက် "မကောင်းတာတွေက ငါတစ်ယောက်တည်းဖြစ်တာမဟုတ်ဘူး။ ဒါလောကသဘာဝပဲ" အဲ့လိုလေးတွေးကြည့်ပါ။ တစ်ယောက်တည်းလို့မတွေးပါနဲ့။ ဒါလူတိုင်းဖြစ်တတ်ပါတယ်။ ထုတ်ဖော်ပြတာ မပြတာပဲကွာပါတယ်။ ပြီးရင် အလယ် "0" point လေးကိုပြန်လာပြီး ကောင်းတာလေးကို shift လုပ်ကြည့်ရင်း good moment လေးတွေများတဲ့ good day လေးတွေပိုင်ဆိုင်နိုင်ပါစေနော်။ #အနော်

အနော်တို့တွေမှာ good day bad day ဆိုပြီး ရှိကြတယ်လေနော်။ ဒီနေ့တော့ပျော်တယ် ဒီနေတော့စိတ်သိပ်အဆင်မပြေဘူးဆိုတာမျိုးပေါ့။ အဲ့တာလေးတွေက ပုံထဲမှာပြထားသလ်ု မကောင်းတာတွေက အကြီးကြီးလို့ထင်မိတဲ့ အခါပေါ့။ မကောင်းတာများရင် bad day ကောင်းတာများရင် ပျော်တာများရင် good day ပေါ့။ အဲ့မှာ ဒုတိယပုံမှာ ပြထားသလိုပဲ တကယ်က bad moment လေးတွေစုရာကနေ bad day ဖြစ်သွားပြီး good moment လေးတွေ စုရာကနေ good day ဖြစ်တာပါပဲ။ အနော်အဲ့တာလေးကိုကြည့်ပြီးတွေးမိတာကလေ နှစ်ခုရှိတယ်။ တခုက အနော်တို့မှာ နေ့စစချင်းမှာ မကောင်းတဲ့ moment တခုကြုံရတာရှိသလ်ု ကောင်းတဲ့ moment တခုကြုံရတာလဲရှိတယ်။ အဲ့အပေါ်မှာ အနော်တို့ဘယ်လိုတုံ့ပြန်လဲ ဆ်ုတာက အနော်တို့ရဲ့ ရက်တွေ good day ဖြစ်မလား bad day ဖြစ်မလားဆိုတာကို သွားပြီးသက်ရောက်တယ်။ ​အနော်ကြားဖူးတာတခုက ပြဿနာ တခုဟာ တကယ်တော့ ပြဿနာက ၂၀ရာခိုင်နှုန်းပဲ ကျန်တဲ့ ၈၀%က ကိုယ်ဘယ်လ်ုတုံ့ပြန်သလဲပေါ်မှာမူတည်ပြီး ရလဒ်ကပြောင်းသွားတယ်တဲ့။ အဲ့လ်ုဆို မနက်မှာ အနော်တို့ bad moment ကြုံရတယ်ထားပါတော့ အဲ့တာကို အနော်တို့က ကောင်းတဲ့ vibe လေးကို ပြောင်းတွေးလိုက်ရင် အဲ့နေ့ဟာ good day ဖြစ်သွားနိုင်တာပဲလေ။ မနက်မှာ good moment ကြုံရတယ်ဆိုရင်လည်း အဲ့တာလေးကို expand လုပ်လိုက်ရင် good day ဖြစ်သွားမယ်ပေါ့။ အနော်တို့ဟာ အမြဲ good day တွေတော့ မရနိုင်ဘူးပေါ့။ဒါပေမယ့် ရက်တွေနဲ့ မတွက်ဘဲ Moment လေးတွေနဲ့ပဲ တွက်ကြည့်ကြမယ်ဆို good moment လေးတွေ အများကြီးစုမိရင် နေ့ရက်တွေဟာပိုပြီး သက်တောင့်သက်သာဖြစ်လာမှာပေါ့။

photo content

Just the way you are 💛🌻💛 Take care and good night all.
Just the way you are 💛🌻💛 Take care and good night all.

photo content
+1

photo content
+4

photo content

အနော်တို့ရဲ့ စိတ်ကို ဥယျာဉ်တစ်ခုလို့ သဘောထားကြည့်ရင် အဲ့ဥယျာဉ်လေးလှပနေဖို့ အနော်တို့ကိုယ်တိုင်ပဲ လုပ်ရမယ်လေနော်။ ဘာလို့ဆို အဲ
အနော်တို့ရဲ့ စိတ်ကို ဥယျာဉ်တစ်ခုလို့ သဘောထားကြည့်ရင် အဲ့ဥယျာဉ်လေးလှပနေဖို့ အနော်တို့ကိုယ်တိုင်ပဲ လုပ်ရမယ်လေနော်။ ဘာလို့ဆို အဲ့ဥယျာဉ်လေးကို အနော်တို့မြင်ရမှာမို့ပေါ့။ အမှိုက်တွေ အညစ်အကြေးတွေရှိနေရင် အနော်တို့ပဲ ညစ်ပတ်တာမြင်ရမယ်။ ​ပန်းလေးတွေကျေးငှက်လေးတွေ ရေတံခွန်လေးတွေရှိနေရင်လည်း အနော်တို့ပဲ စိတ်ချမ်းသာရမှာမို့ ကိုယ့်ဥယျာဉ်လေးကိုယ် ဂရုစိုက်ပါနော် 💛🌻💛

photo content
+1

လူတစ်ယောက်ကိုလွမ်းတယ်ဆိုရင် အရက်သောက် တခုခုလုပ်ပြီး စိတ်ကို အာရုံလွှဲတာမျိုးတွေ အမြဲလုပ်တတ်ကြတယ်လေ။ အိမ်မပိုင်တာရော အပြင်လည်းသိပ်မထွက်ရတဲ့အခါ အာရုံလွှဲဖို့ကခက်သွားတော့တာပေါ့။ လွမ်းတဲ့အခါတိုင်း မေတ္တာပို့ပေးပါ ဆိုတာကလည်း အချိန်တိုင်းတော့ အသုံးမဝင်ခဲ့ဘူးရယ် လူသားဆိုတော့ မေတ္တာပို့ဖို့ မျက်စိမှိတ်လိုက်ပေမယ့် memories တွေက ရုပ်ရှင်ပြသလို ပေါ်လာတော့တာလေ။ ဒါကြောင့် "memories တွေက လူကိုတော့ မသတ်နိုင်ပေမယ့် စိတ်ကိုတော့သတ်နိုင်တယ်" ဆိုတာမျိုး​ပြောခဲ့ကြတာဖြစ်မယ်။ မနက်ဖြန်တောင် မသေချာတဲ့ လူသားတိုင်းရဲ့ နေ့ရက်တွေမှာ ပစ္စုပ္ပန်ကိုပဲ တွေးဖို့ အားခဲရတာကလည်း ဘဝပါပဲ။ လူသားဆန်တဲ့ ဘဝပေါ့။ ခုနောက်ပိုင်းတော့ တစ်ယောက်ယောက်ကိုလွမ်းတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ပိုဂရုစိုက်ဖြစ်တယ်။ လွမ်းတဲ့သူကိုလည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်စေချင်တယ်။ ဘာလို့ဆို လူတွေဟာ ဘယ်သူနဲ့ပဲရှိနေနေ ကိုယ့်ကိုယ့်ကိုယ် ဂရုစိုက်ဖို့ မေ့နေတတ်သလိုပဲ။ "self-love ဟာ အတ္တမဟုတ်ကြောင်း" ဖြစ်နိုင်ရင် campaign တောင် လုပ်ချင်တယ်။ နေထိုင်လာတဲ့ အချိန်တွေထဲ ဘဝမှာ လူတစ်ယောက်ကိုတော့ လွမ်းမိ သတိရနေမိမှာပဲ။ "မင်းကို လွမ်းမိတဲ့ ခဏတာလေးတွေတိုင်း ကိုယ့်ကိုယ်ကိုယ် ပိုဂရုစိုက်တယ်" ဘာလို့ဆို ကိုယ်ပိုင်အလင်းရောင်လေးကို ကိုယ့်ဘာသာ ထွန်းညှိလိုက်တဲ့အခါ တခြားသူတွေအတွက်မဟုတ်တောင် တစ်ကိုယ်စာတော့ လင်းနေမှာပါပဲ။ ခုချိန်မှာ လူမကျန်းမာ စိတ်မချမ်းသာရတာတွေများပေမယ့် ၂၄ နာရီထဲက အချိန်ခဏလေးတော့ စိတ်ချမ်းသာအောင်နေပါကွယ်။ ခဏဖြစ်ဖြစ် စိတ်ချမ်းသာစေချင်တယ်။ နေကောင်းအောင်နေပါ။ ဂရုစိုက်ပါ။ တစ်မိနစ်လောက်တော့ပျော်ပါကွယ်။ #thankyouuniverse

photo content

photo content
+7

photo content

photo content
+1

photo content

photo content
+1

ဒီနေ့ညမှာတော့ အနော်က နောက်နေ့တွေမှာလုပ်လို့ အဆင်ပြေမယ့် နည်းလေးတခုကို ဝေမျှချင်ပါတယ်။အနော်တို့ရဲ့ ခန္ဓာကိုယ်ထဲမှာမကောင်းတဲ့ ဓာတ်တွေ တနည်းအားဖြင့်ပြောရင် negative energy တွေပေါ။ အဲ့တာတွေဟာ အနည်းနဲ့ အများဆိုသလိုရှိတတ်ကြပါတယ်။ အဲ့တာတွေကို တခါတလေ ကိုယ့်ရဲ့ ခန္ဓာထဲမှာရှိမှန်းသိသော်လည်း တချို့နည်းလမ်းတွေလုပ်ကြည့်လည်း ပျောက်မသွားတာမျိုး ကျန်နေသေးတာမျိုးရှိခဲ့ရင် ဒီနည်းလမ်းလေးကို try ကြည့်စေချင်ပါတယ်။ ရေချိုးတဲ့အခါ မချိုးခင် အသက်လေးခဏ ၁မိနစ်လောက် ဝင်လေ ထွက်လေ ရှူပါ။ ဝင်လေကို တစ်ဝကြီးပါးစပ်ကရှူပြီး ထွက်လေကို ပါးစပ်ကနေ ရှုထုတ်ပါ။ ခန္ဓာကိုယ်ထဲက စိုးရိမ်းပူပန်မှုတွေကို တခါတည်းမှုတ်ထုတ်လိုက်ပါ။ ပြီးရင် ရေကို ခေါင်းကနေလောင်းချိုးပါ။ shower နဲ့ချိုးတာဆိုလည်း ခေါင်းငနေ ရေတွေကျသွားတာကို ခံစားပါ။ အဲ့ရေတွေ ခေါင်းကနေ ခြေဖျားအထိကျဆင်းနေတဲ့ခဏမှာ စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ရေတံခွန်အောက်မှာရောက်နေတယ်လို့ တွေးပါ။ ဟိတိထဲမှာလည်း ငါ့ရဲ့ အပူတွေမကောင်းတဲ့ energy တွေ မကောင်းတဲ့စိတ်ခံစားမှုတွေဟာ ဒီရေနဲ့အတူပါသွားပြီလို့သဘောထားပါ။ အဲ့ စိတ်ကလေးနဲ့ရေကိုချိုးလိုက်ပါ။(အကြာကြီးတော့မချိုးနဲ့နော်။ အအေးမိမယ်) ရေချိုးနေစဉ်တလျှောင် သါးမိနစ် ဆယ်မိနစ်မှာတေယ့ တခြာဒဘာကိုမှစိတ်မရောင်ပါနဲ့။ လက်ရှိပစ္စုပ္ပန်အချိန် ခန္ဓာထဲက မကောင်းတာတွေထွက်သွားတယ်ဆိုတာလေးပဲ သိနေပေးပါ။ ရေချိုးပြီးပြီဆိုရင် စိတ်လေးကြည်လာတာတွေ့ရပါမယ်။ အဲ့လိုဖြစ်ပြီဆို ဒီလိုမျိုး ရေအေးအေးလေးကို စိတ်လက်ချမ်းသာစွာ ချိုးခွင့်ရတာလေးကိုကျေးဇူးတင်ပါ။ ခန္ဓာကိုယ်ထဲက negative energy တွေထွက်သွားလို့လည်း ကျေးဇူးတင်ပါ။ ပြီးလို့ အင်္ကျီ အဝတ်အစားတွေဝတ်ပြီးပြီ ဆိုရင်တော့ ခဏလေး မျက်စိမှိတ်ပြီး ခန္ဓာကိုယ်ထဲက မကောင်းတာတွေ ထွက်သွားပြီမို့ကောင်းတာတွေ ရောက်လာပြီဆိုပြီး တွေးရင်း ၃မိနစ်လောက် အသက်ရှုပါ။ စိတ်ထဲမှာလေးလံလာတိုင်း ဒါလေးကိုလုပ်ကြည့်ပါနော်။ ဒီညတော့သေချာအိပ်ပါ။ ဂရုစိုက်ပါ 💛🌻💛

photo content

photo content
+1

photo content