en
Feedback
Kapable English Self-Study

Kapable English Self-Study

Open in Telegram

IELTS , General 4 skills ဖြစ်ဖြစ်၊ 21 ရာစုမှာ လူငယ်တိုင်း သိထားသင့် ဖတ်ထားသင့်တဲ့ စာအုပ်​တွေ down ချင်ရင်ပဲဖြစ်ဖြစ် ဒီ channel ကို join ထားလို့ရပါတယ်​ခင်ဗျ။ 😀

Show more
3 476
Subscribers
No data24 hours
+107 days
+3130 days
Posts Archive
# နဲ့ ရှာဖတ်လို့လွယ်​အောင် စုစည်းထားပါတယ်။ #Grammar #Writing #IELTS #Punctuation #Linguistics #Etymology #Answers #Vocabulary #Morphology #Translation #Where #Poem #Haiku #Literature #Bibliophiles #accent

Every Last Word (Tamara Ireland Stone).zip8.98 KB

Repost from N/a
နံနံပင်စားရင် ပန်းပွင့်​လေး​တွေ ​တွေ့ဖူးကြလား? စားရင် အန္တရာယ်ဖြစ်လား? အကျိုးရနိုင်လား? အ​ဖြေက​တော့ သာမန်​လောက်စားရင် အန္တရာယ်မရှိပါဘူး၊ ​ကောင်းကျိုးလည်းရှိပါတယ်။ နံနံပင်အရွက်က Vitamins A,C, K နဲ့ Calcium, Potassium, Iron အစသဖြင့် ကြွယ်ဝပြီးသားပါ။ ပန်းပွင့်လာရင်​တော့ ဒီဓါတ်​တွေ အ​ပြောင်းအလဲဖြစ်ကုန်ပါတယ်။ Vitamins ​တွေ ​လျော့နည်းလာတာပါ။ အဲ့ဒီအစား ပန်းပွင့်မှာ Essential Oils လို့​ခေါ်တဲ့ အဆီဓါတ်​တွေများလာပါတယ်။ နံနံပင်အပွင့်မှာ အဓိက linalool, pinene နဲ့ terpinene စတဲ့ အဆီဓါတ်​တွေပါတယ်။ Essential Oils ​တွေဟာ Antioxidant (ဓါတ်တိုးဆန့်ကျင်) အာနိသင်ရှိလို့ ​ရောင်ရမ်းခြင်းကို သက်သာ​စေတယ် ။ ပိုးသတ်နိုင်တဲ့အာနိသင်လည်း ရှိသလို အစာ​မ​ကြေ၊ ရင့်ပြည့်ရင်ကယ် လည်း သက်သာ​စေတယ်။ ဝက်ခြံ​ပြောက်​အောင် အချို့က အ​ရေပြားမှာ လိမ်းကြပါတယ်။ ( ကိုယ့်သ​ဘောနဲ့ ကိုယ်မလိမ်းပါနဲ့) ဒီအဆီဓါတ်​တွေ​ကြောင့် နံနံပင်ရဲ့ အနံ့အရသာ ​ပြောင်းသွားပါတယ်။ နံနံပင်နဲ့ ဓါတ်မတည့်သူ​တွေလည်းရှိပါတယ်။ သာမန်လူ​တွေက​တော့ ​ရေ​ပြောင်​အောင်​ ​ဆေးပြီး ပုံမှန်စားလို့ရပါတယ်။ အများကြီးစားရင်​​တော့ အန္တရာယ်ရှိနိုင်ပါတယ်။ Essential Oils ဆိုပြီး ​ဆေးသီးသန့်ထုတ်ထားတာ​တွေကို သုံး​တော့မယ်ဆိုရင် မည်သူမဆို ကျွမ်းကျင်တဲ့ ဆရာဝန်၊ အာဟာရပညာရှင်​တွေနဲ့ တိုင်ပင်သင့်ပါတယ်။ Dr. Kaung Pyae Sone #food #nutrition #health

က​နေ့ My Notes က Youtuber ဆရာ တင်ထားတဲ့ videoထဲ က စာအုပ်ပါ။

+1
Paradise lost a poem in twelve books... (Z-Library).epub2.94 KB

Repost from N/a
လက်ဖက်ထမင်း၊ ​ပြောင်းဖူးထမင်းဆီ​ဆမ်း၊ ပဲပြုတ်ထမင်းဆီဆမ်း နဲ့ ​မြေပဲထမင်းဆီဆမ်း ဘယ်အတွဲမှာ အမိုင်နိုအက်စစ် အပြည့်စုံဆုံးလဲ? အ​ဖြေမှန်က ပဲပြုတ်ထမင်းဆီဆမ်းပါ။ ထမင်းမှာ လိုင်စင်း နည်းပြီး မီသီရိုနင်း များပါတယ်။ ပဲပြုတ်မှာ လိုင်စင်း များပြီး မီသီရိုနင်း နည်းပါတယ်။ လိုင်စင်း နဲ့ မီသီရိုနင်းက မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်စစ်​တွေ ဖြစ်ပါတယ်။ ​ပြောင်းဖူးမှာ လိုင်စင်းနည်းလို့ ထမင်းနဲ့​ရောစားရင်လည်း ကျွန်​တော်တို့ လုံ​လောက်တဲ့ လိုင်စင်း ဓါတ်မရပါဘူး။ ​မြေပဲလည်းအလားတူပါပဲ။ ထမင်းနဲ့ တွဲစားသင့်တာက ​မြေပဲက လွဲလို့ အခြားပဲအမျိုးမျိုး ပါပဲ။ တိုဟူး နဲ့တွဲစားလည်းရတယ်။ ပဲ နံပြား၊ ပဲထပ်တရာ ၊ ပလာတာတို့ ကလည်း လိုက်ဖက်တဲ့အတွဲဖြစ်တယ်။ တွဲစားရင် အမိုင်နိုအက်စစ် အစုံရမယ်။ ၁ခုပဲ​ပြောစရာရှိတာ ဆီ​ကြော်​တွေ​တော့​ရှောင်ပါ။ ​မြေပဲကို မစားရ​တော့ဘူးလား? မဟုတ်ပါဘူး၊ ​ပေါင်မုန့်ကြမ်းကို မြေပဲ​ထောပတ်ယို နဲ့ သုပ်စားရင် လိုက်ဖက်တဲ့ အမိုင်နိုအက်စစ်ကို ရမှာပါ။ ​ပေါင်မုန့်က အကြမ်းဖြစ်ရပါမယ်။ ပုံမှန်ဆို အသားစားမှ အမိုင်နိုအက်စစ်က တစ်ပါထဲ ပြည့်စုံတာပါ၊ အသားမစားရင် အ​ပေါ်ကအစားအစာ​တွေကို တွဲဖက်စားရပါတယ်။ ထူးခြားချက်က ခမ်းဝါ (Quinoa) ပါ၊ သူက ထမင်းလို ​ပေါင်မုန့်ဖြူလို ​ပြောင်းဖူးလို မဟုတ်ပဲ အမိုင်နိုအက်စစ် အပြည့်အဝပါတဲ့ တစ်ခုထဲ​​သော သားသတ်လွတ်အစားအစာပါ။ Dr. Kaung Pyae Sone #nutrition #food #health

Deepseek ရဲ့ မြန်မာဘာသာပြန်အစွမ်းကို ​လေ့လာကြည့်ရ​​အောင် With a soft click, she eases open the left front car door, emerging from it elegantly. Her descent upon the lane is so graceful, as if a butterfly rests its legs on a petal, leaving an aura of tranquility in her wake.  There she comes. A young lady in her late teens. Her skin is creamy; her hair silky and long, fluttering in the gentle wind. ပျော့ပျောင်းတဲ့ ကလစ်သံနဲ့အတူ သူမဟာ ကားရဲ့ ဘယ်ဘက်ရှေ့တံခါးကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး ကျက်သရေနဲ့ ထွက်လာတယ်။ သူမရဲ့ လမ်းပေါ်ကို ခြေချပုံက လှပလွန်းလို့ လိပ်ပြာတစ်ကောင်က ပန်းပွင့်တစ်ခုပေါ်မှာ ခြေထောက်တင်နေသလိုပဲ။ သူမရဲ့ နောက်ခံမှာ ငြိမ်းချမ်းမှုရဲ့ လှိုင်းတွေ ကျန်ရစ်နေတယ်။  သူမလာပြီ။ ဆယ်ကျော်သက်နှောင်းပိုင်း အရွယ် လူပျိုလေးတစ်ယောက်။ သူမရဲ့ အသားအရေက နုပျိုပြီး သူမရဲ့ ဆံပင်က ပျော့ပျောင်းလျှား ရှည်လျားနေကာ လေညင်းတွေနဲ့ ပါးပါးလွှင့်နေတယ်။  The orange tinge from her eyes sparkles in the winter morning light, like two front lights from a car breaking through the mist.  Even without the orange magic, her almond eyes are expressive enough to captivate a thousand hearts.  Her well-arched dark eyebrows add a touch of divine ratio to her symmetrical eyes.  ဆောင်းမနက်ခင်းရဲ့ အလင်းထဲမှာ သူမရဲ့ မျက်လုံးတွေက လိမ္မော်ရောင်တောက်ပမှုတွေ ထွက်နေတယ်။ ကားရဲ့ ရှေ့မီးတွေက မြူထုကို ဖြတ်ကျော်နေသလိုပဲ။  လိမ္မော်ရောင်မှော်ဆန်မှု မပါရင်တောင် သူမရဲ့ ဗာဒံစေ့ပုံစံ မျက်လုံးတွေက စိတ်ခံစားမှုတွေကို ပြည့်နှက်နေပြီး လူတစ်ထောင်ရဲ့ နှလုံးသားတွေကို ဖမ်းစားနိုင်တယ်။  သူမရဲ့ ကောင်းမွန်စွာ ကွေးညွှတ်ထားတဲ့ မည်းနက်တဲ့ မျက်ခုံးမွှေးတွေက သူမရဲ့ ညီညာတဲ့ မျက်လုံးတွေမှာ နတ်ဘုရားတွေရဲ့ အချိုးအစားလေးကို ပေါင်းထည့်ပေးထားတယ်။  Something subtle about her nose is its slender bridge leading to a small, straight profile.  Not only does her bow-shaped contour stand out, but the plumpness of her lips is also luscious and inviting.  သူမရဲ့ နှာခေါင်းရဲ့ သိမ်မွေ့တဲ့ အချက်က သေးငယ်ပြီး ဖြောင့်တန်းတဲ့ ပုံသဏ္ဍာန်ဆီကို ဦးတည်နေတဲ့ သွယ်လျတဲ့ တံတားပါ။  သူမရဲ့ လှပတဲ့ ကွေးညွှတ်မှုသာမက နှုတ်ခမ်းတွေရဲ့ ဖောင်းကြွနေတဲ့ ပုံစံကလည်း စွဲမက်ဖွယ်နဲ့ ဖိတ်ခေါ်နေသလိုပဲ။  🖊🖊🖊 Jack The Sleeper by KPS မှ ​ကောက်နုတ်ချက် #Deepseek #translation #english #language

DeepSeek ဆိုတဲ့ AI ကို သုံးကြည့်ပြီးပြီလား? ChatGPT ထက်ပိုမိုက်တာက DeepThink ဆိုတဲ့ function ​လေးပါတယ်။ သူက​ လူ​တွေကို သိချင်တဲ့ အ​ဖြေတိုက်ရိုက်ချ​ပေးတာ မဟုတ်ပဲနဲ့ တစ်ဆင့်ချင်း ​တွေးတတ်​အောင် သင်​ပေးတာမျိုး။ https://www.deepseek.com/

Repost from N/a
ဟင်းနုနယ်၊ ကန်စွန်းဥ၊ ဘယ်ရီသီးစမူသီ Smoothies၊ ​ချောကလက်၊ ပဲ​တောင့်အမျိုးမျိုး၊ လက်ဖက်ရည်ကြမ်းနဲ့ အ​စေ့အဆံ ​တွေ ကြိုက်တဲ့လူရှိလား။ အများကြီးစားမိရင် ခန္ဓါကိုယ်မှာ Oxalate ဓါတ်​တွေစုလာပါလိမ့်မယ်၊ ​ရေရှည်မှာ ​ကျောက်ကပ် ​ကျောက်တည်နိုင်တယ်။ ​ကျောက်ကပ် ​ကျောက်တည်ပြီးသားလူ​တွေဆို  သတိနဲ့ သုံး​ဆောင်ရပါလိမ့်မယ်။ ဒါ​ပေမယ့်လည်း အထက်ပါအစားအစာ​တွေကို လုံးဝ ​ရှောင်စရာမလိုပါဘူး။ oxalate ဓါတ်ကို ​​လျှော့ချ​စေတဲ့ နည်း​တွေရှိတယ်။ ၁။ ရေ​နွေးနဲ့ ၃ မိနစ် ခန့် ပြုတ်ပါ။ ပြီးရင် ​ရေသွန်ပြီး အရွက်နဲ့အသီး​တွေ ကို စားလို့ရပြီ။ အကြာကြီးပြုတ်ရင် အခြား ဗီတာမင်ဓါတ်​တွေ ဆုံးရှုံးပါမယ်။ လက်ဖက်ရည်ကြမ်းဆိုရင် အကြာကြီးစိမ်ပြီး ​သောက်တာမျိုးမလုပ်သင့်ဘူး၊ ဒါမှမဟုတ် တစ်​ရေသွန်လိုက်တာလည်း oxalate ဓါတ်ကို ​လျှော့ချရာ​ရောက်တယ်။ ကန်စွန်းဥပြုတ်လိုက်ရင်လည်း oxalate ဓါတ်​တွေ ​ရေထဲပါသွားမှာဆို​တော့ အထူးတလည်​ပြောစရာ​တော့မရှိဘူး၊ မြန်မာ​တွေ စား​နေကြဖြစ်တယ်။ ကန်စွန်းဥမီးဖုတ် ဆိုရင်​တော့ oxalate ပါမယ်၊ ဒါ​ပေမယ့် သာမန်လူ၁​ယောက်က စားလို့ရတယ်၊ အလွန်အကျွံမစားမိဖို့ပါပဲ။ ၂၊ calcium ပါတဲ့ နို့နဲ့ နို့ထွက် ပစ္စည်း ​တွေ နဲ့တွဲစားပါ၊ Green/black tea ကို နွားနို့နဲ့​ရော​သောက်လို့ရတယ်၊ ဟင်းနုနယ်ရွက်ကို cheese နဲ့ သုပ်စားလို့ရတယ် (မြန်မာ​တွေ စား​​နေကျ​တော့မဟုတ်ဘူး)၊ ငါးသ​လောက်​ပေါင်းနဲ့ ဟင်းနုနယ်ရွက်​ကြော်/အသုပ် ဆို မြန်မာ​တွေအတွက် အဆင်​ပြေတယ်။ ဒိန်ချဥ်ကို ဘယ်ရီသီး​ ၊ အ​စေ့အဆံ​တွေ ထည့်စားလို့ရတယ်။ ကန်စွန်းဥမီးဖုတ်စားပြီးရင် နွားနို့​သောက်လို့ရတယ်။ အ​ပေါ်ကနည်းလမ်းအတိုင်း သတိပြုစားရင်​တော့ ​ကျောက်ကပ်​ကျောက်တည် တဲ့ လူ​တွေအတွက် ပိုပြီးအဆင်​ပြေပါလိမ့်မယ်။ သာမန်လူ​တွေမှာ​တော့ အရမ်းကြီးလည်း ​ရှောင်စရာမလိုပါဘူး၊ မြန်မာ​တွေက အရွက်​တွေကို မစားခင်ရေ​​ပြောင်​အောင်​​ဆေးတယ် ပြုတ်တယ် ဆို​တော့လည်း oxalateက  ပြသနာ ၁ခုရယ်​တော့ မဖြစ်နိုင်ပါဘူး။ Dr. Kaung Pyae Sone 2nd yr, M.Sc. Nutrition & Dietetics #nutrition

Repost from N/a
အား​ဆေးတွေမှာ Vitamin A ပါဝင်မှုတွက်နည်း Vitamin A ကို preformed ( တိုက်ရိုက်) အ​နေနဲ့ အား​ဆေး​တွေမှာ ​တွေ့ရနိုင်သလို Beta-carotene (အကြို Vitamin A) အ​နေနဲ့လည်း မျက်စိအား​ဆေး​တွေမှာ ပါ​လေ့ရှိတယ်။ Vitamin ​A က အမြင်အာရုံကို ​ကောင်း​စေတယ်ဆိုတာ သိပြီးသူ​တွေ များပါလိမ့်မယ်။ အချို့က မျက်စိအားတိုး​ဆေး အ​နေနဲ့ ACE အတွဲ သီးသန့် ​သောက်တယ်၊ အချို့က​တော့ အနုမြူအာဟာရအစုံပါတဲ့ Multivitamins ​ဆေး​တောင့်ကို မီဝှဲကြတယ်။ အချို့ကျပြန်​တော့ မျက်စိအား​ဆေးချည်း​သောက်ရင်လည်း အခြား ဗီတာမင်နဲ့သတ္ထုဓါတ်​တွေ မရ​တော့ဘူး၊ Multivitamin အစုံ ချည်းပဲ ​သောက်ရင်လည်း ဗီတာမင်​အေ ပါဝင်မှု နည်း​​နေတယ်လို့ စိတ်က ထင်တယ်။ (သူတို့အထင်ပါ) အဲ့​တော့ ဖြည့်စွက်​ဆေး ၂ လုံး တွဲ ​သောက်လို့ရလား ဆိုတဲ့ ​မေးခွန်း ဖြစ်လာတယ်။ အဲဒီ​တော့ ဗီတာမင် A ကို ၁​နေ့ ဘယ်​လောက်လိုအပ်သလဲ၊ ဘယ်​လောက်ပမာဏအထိ တိုး​သောက်ရင် အန္တရာယ် ရှိနိုင်သလဲ ဆိုတာ သိဖို့လိုလာပြီ။ အသက်အရွယ်လိုက်ပြီး​တော့ လိုအပ်တဲ့ ပမာဏ မတူနိုင်ဘူး။ မျက်စိ​ဆေး ​သောက်သူ အများစုက အသက် ၁၈ နှစ်အထက်​တွေ ဖြစ်တယ်။ ဘယ်​လောက် ပမာဏ မ​ပြောခင် တိုင်းတာတဲ့ ယူနစ်​တွေအ​ကြောင်း သိဖို့လိုတယ်။ ဒီကိစ္စ အနည်းငယ်ရှုပ်ပါတယ်။ ဗီတာမင် A ကို mcg RAE (Retinol Activity Equivalents) နဲ့ ပြသလို IU (International Units) နဲ့လည်း သုံးတယ်။ အသက် ၁၈ အထက် အမျိုးသားဆိုရင် ဆိုရင် 900 mcg RAE ( 3000 IU) , အမျိုးသမီးဆို 700 mcg RAE (2333 IU) ​အနည်းဆုံး ရရှိသင့်တယ်။ ဒါ​ပေမယ့် ၁​နေ့တာ စားသုံးမှု 10000 IU ​ကျော်လာတာနဲ့ အဆိပ်အ​တောက် ဖြစ်လာပါပြီ။ ( ၁၈ နှစ်အထက် လူကြီး​တွေ အတွက်ပါ၊ အသက်ငယ်သူ​တွေအတွက် သပ်သပ် သတ်မှတ်ချက်ရှိပါတယ်။) ကျွန်​တော်ကြုံရတဲ့ case မှာ ဆိုရင် ​မေးခွန်း​​မေးလာသူ​သောက်တဲ့ Multivitamins ​ဆေး၁​တောင့်မှာ ဗီတာမင် A ( retinol) 2500 IU ပါပါတယ်။ မျက်စိအား​ဆေးမှာ Beta-carotene 3 mg ပါတယ်။ ​​​ဆေး ၂​တောင့် လုံး​သောက်ချင်တယ်၊ ​ဘေးကင်း နိုင်လား​ပေါ့။ မျက်စိအား​ဆေးမှာပါတဲ့ Beta-carotene ကို ပုံ​သေနည်းနဲ့ Vitamin A ​ပြောင်းလိုက်ရုံပဲ။ 1mg Beta-carotene က 1667 IU Vitamin A နဲ့ ညီမျှတယ်။ 3 mg ဆို​တော့ 5001 IU ​ Multivitamins ​ဆေး​တောင့်က 2500 IU နဲ့ ​ပေါင်းရင် 7501 IU ရတယ်။ 10000 IU မ​ကျော်တဲ့အတွက် အန္တရာယ်မဖြစ်နိုင်ဘူး။ ဒါက သီအိုရီအရပါ။ ​နောက်၁ချက် စဥ်းစားရမှာက Beta-carotene ကို ကျွန်​တော်တို့ ခန္ဓါကိုယ်က မလိုအပ်ရင် Vitamin A အဖြစ် မ​​ပြောင်းဘူး၊ အဲ့​တော့ Beta-carotene ကို 6 mg ​သောက်လည်း ​ဘေးကင်းတယ်၊ ပို​နေရင် ဆီးထဲက စွန့်လိမ့်မယ်။ ဒါ​ပေမယ့် Vitamin A ကို တိုက်ရိုက် အများကြီး မ​သောက်ရဘူး၊ အန္တရာယ်ရှိတယ်၊ အဆိပ်အ​တောက်ဖြစ်မယ်။ ​သောက်မယ့်အား​ဆေးမှာ Vitamin A လို့ တိုက်ရိုက်​ရေးထားရင် ဘယ်​လောက် ပမာဏ ပါသလဲ ​သေချာဖတ်ပါ။ ​ဆေးတစ်​တောင့်မှာ 5000 IU ပါတာမျိုးရှိတယ်၊ အားရှိ​အောင် မနက် ည ၂​တောင့်​သောက်မိရင် အဆိပ်တက်နိုင်တဲ့ ပမာဏ ​ရောက်သွားပြီ။ ၁၈ နှစ်​အောက် က​လေးငယ်​တွေ နဲ့ ကိုယ်ဝန်​ဆောင်အမျိုးသမီး​တွေ အ​နေနဲ့ Vitamin A အား​ဆေး ​သောက်မယ်ဆိုရင် အာဟာရကျွမ်းကျင်တဲ့ ဆရာဝန်​တွေ ပညာရှင်​တွေနဲ့ တိုင်ပင်​ဆွေး​နွေးပါ။ Dr. Kaung Pyae Sone 2nd yr, M.Sc. Nutrition & Dietetics #nutrition #vitaminA

စည်း The line အတောင်ကျိုးတဲ့ငှက်မို့ ကောင်းကင်နဲ့ မသက်ဆိုင်‌တော့ပါ ခြားလိုက်တဲ့စည်းက ဘယ်တော့မှ မပျော်ရတော့ရုံ No more bonds with the sky For a bird with broken wings. No more happiness for the bird, For the divide the line brings. လှမ်းမြင်ရသလောက် နာကျင်တယ်ဆိုပါစေ ကြည့်နေချင်သေးတယ် ရှိနေစေချင်တယ် Despite having my feelings hurt, I still want to look at the sky, Still wish the blue be there, So long as it's nearby. ရင်ခွင်မှာ ထင်ကျန်ရစ် အချစ်အစအနများ မှတ်မိပါဦးမလား လွှတ်ချလိုက်ပြီလား There, pieces of love Engraved in my heart, Do you still remember all of it, Or have you dropped all of it? အတောင်ကျိုးတဲ့ ငှက်လေး မေးခွင့်မရှိတော့ပါ No more chances for questioning For the bird with broken wings. မွန်လွှာ Translated by KPS 16/2/2020 #poem #translation

တမူထူးခြားတဲ့ Taschenထုတ် စာအုပ်ပုံစံပါ၊ Edge paper ​တွေကို wrap ပြန်လုပ်တဲ့ paper ထည့်ထားတယ်၊ Hard Cover က​တော့ အရမ်းကြီး st
+3
တမူထူးခြားတဲ့ Taschenထုတ် စာအုပ်ပုံစံပါ၊ Edge paper ​တွေကို wrap ပြန်လုပ်တဲ့ paper ထည့်ထားတယ်၊ Hard Cover က​တော့ အရမ်းကြီး strong မဖြစ်ဘူး၊ binding ကလည်း နည်းနည်း လှုပ်တဲ့ ဘက်သွားတယ်။ မြန်မာပြည်က အလွယ်တကူဝယ်လို့ရတဲ့ DK စာအုပ်​တွေနဲ့ Quality မကွာပါဘူး၊ ဒါ​ပေမယ့် Brand ရှိလို့ ​စျေးကျ ပို​မြောက်တယ်။ #books

My Canterbury Classics Leather bound Collection #books
+2
My Canterbury Classics Leather bound Collection #books

https://www.facebook.com/share/1C7GkLXFAd/ Facebook ပြန်သုံး​နေပြီမို့ လာအပ်လို့ရ စာ​ပေ မိတ်​ဆွေတို့၊ ထုံးစံအတိုင်း literature နဲ့ nutrition အ​ကြောင်းပဲ post မှာပါ၊ Personal ​တွေ သိပ်မတင်ဘူး၊ ကိုယ်လည်းဝါသနာမပါဘူး၊ မိတ်​ဆွေ​တွေအတွက်လည်း အကျိုးမရှိဘူး။

၆လ ​လောက် hunt လုပ်ခဲ့တဲ့ စာအုပ်ကို Dec က collect လုပ်နိုင်ခဲ့ပါပြီ၊ Charles Dickens ရဲ့ ဝတ္ထု၅အုပ်ပါ ​ပေါင်းချုပ်စာအုပ်ပါ။ B
+2
၆လ ​လောက် hunt လုပ်ခဲ့တဲ့ စာအုပ်ကို Dec က collect လုပ်နိုင်ခဲ့ပါပြီ၊ Charles Dickens ရဲ့ ဝတ္ထု၅အုပ်ပါ ​ပေါင်းချုပ်စာအုပ်ပါ။ Barnes & Noble က Leatherbound Collectible အ​နေနဲ့ ၂၀၁၀ မတိုင်​လောက်ကထုတ်ထားတာပါ။ Canterbury က ထုတ်တဲ့ version လည်း မိုက်​ပေမယ့် သူက ဝတ္ထု၄ အုပ်ပဲ​ပေါင်းချုပ်လုပ်ထားပြီး​တော့ collect လုပ်ဖို့လွယ်တယ် ၊ ​စျေးက ၂ဆ​လောက် သက်သာတယ်။ အခုစာအုပ်က​တော့ အသစ် print မလုပ်​တော့တာ ကြာပါပြီ။ အ​ဟောင်း​ပြန်ရောင်းတဲ့ လူရှိတဲ့အချိန် နဲ့ ကိုယ်​ငွေရှိတဲ့ တိုက်ဆိုင်လို့ ဝယ်နိုင်ခဲ့တာပါ။ ​ဒေါ်လာ ၅၀ နီးပါး​တော့ သုံးလိုက်ရတယ်၊ မြန်မာပြည်မှာ ကျွန်​​တော်တို့လို သာမန်အလုပ်လုပ်​နေသူ​တွေအတွက် ဒီ​ငွေက မ​သေးပါဘူး။ collector ၁​ယောက်အတွက်​တော့ ပိုက်ဆံ​​ပေါလို့ ဝယ်တာထက် ကိုယ်လိုချင်တာအတွက် အလုပ်လုပ်ပိုက်ဆံရှာ အချိန်၁ခုရင်းပြီးမှ ရလာတဲ့ feeling က အများကြီး စိတ်​ကျေနပ်စရာပါ။ ကျွန်​တော်တို့ book collector ​တွေက လူနည်းစုဖြစ်ပြီး အခြား အရုပ်​တွေ ဖိနပ်​တွေ collect သူ​တွေထက်စာရင် စာအများကြီးဖတ်ဖြစ်ပြီး knowledge ပို များပါတယ်။ စာအုပ်​တွေက အလှကြည့်တင်မဟုတ်ပါဘူး၊ ဖတ်လို့ share လို့ရပါတယ်၊ ဒီအချက်က ဂုဏ်ယူစရာပါ။

Repost from N/a
ကျွန်​တော်တို့ အူ​လမ်း​ကြောင်းမှာ အကျိုးပြုဘတ်တီးရီးယား​တွေ ရှိတယ်ဆိုတာ အများက သိပြီးဖြစ်ပါတယ်။ Probiotics လို့ခေါ်တဲ့ ဒီ အ​ကောင်​လေးတွေအ​ကြောင်း သု​တေသန​တွေလည်း အရှိန်အဟုန်ပြင်းပြင်း လုပ်လာခဲ့တာ ဆယ်စုနှစ်၁ခု ​​​ကျော်ခဲ့ပါပြီ။ ဒီလထဲမှာပဲ အသစ်​ထပ်မံ ​တွေ့ရှိမှုအရ Probiotics ​တွေဟာ အစာ​ခြေရာမှာသုံးတဲ့ သည်း​ခြေရည်ကို ထိန်းညှိ​ပေးနိုင်ပါတယ်တဲ့။ သည်း​ခြေရည်က ကိုလက်စ​ရောအတက်အကျနဲ့ အဆီဓါတ် ဇီဝကမ္မဖြစ်စဥ် ​တွေအ​ပေါ်လည်း လွှမ်းမိုး​နေပါ​သေးတယ်။ သူ့ကို အသည်းက ထုတ်ပြီး​တော့ အဆီ​တွေ ကို ​ချေဖျက်​ပေးတယ်။ လိုတာထက် ပိုထွက်မလာ​အောင်လည်း Probiotics ​တွေက ထိန်းညှိ​ပေးတယ်။ သည်း​ခြေရည်များပြီး စုပုံလာရင် အသည်းထိခိုက်ပျက်စီးပြီး အသားဝါလို လက္ခဏာ ​တွေ ​ဖြစ်ပါမယ်။ နည်းသွားရင်လည်း အဆီ​တွေကို မ​ချေဖျက်နိုင်​တော့ပဲ အသည်းအဆီဖုံးတာမျိုး ဖြစ်ပြန်ပါတယ်။ တခြား ​နောက်ဆက်တွဲ ဆိုးကျိုး​တွေလည်း ဖြစ်ပါတယ်။ အကယ်၍ Probiotics ​တွေ​ကြောင့် သည်း​ခြေရည် အထွက်နည်းသွားခဲ့​သော် ကျွန်​တော်တို့ခန္ဓါကိုယ်က ပြန်ထိန်းညှိ​ပေးပြီး လိုသ​လောက်ပြန်ထုတ်​ပေးပါတယ်။ ဒီလို ခန္ဓါကိုယ်က ပြန်ထုတ်နိုင်ဖို့ အမျှင်ဓါတ် ပြည့်ပြည့်ဝဝ စားထားဖို့လိုပါတယ်။ ဆို​တော့ Probiotics နဲ့ ကျွန်တော်တို့ ခန္ဓါကိုယ်ဇီဝကမ္မဖြစ်စဥ်နဲ့ ​ပေါင်းပြီး သည်း​ခြေရည်ကို လိုတိုးပို​လျော့ ထိန်းညှိ​ပေးတာမျိုးပါ။ မျှ​ချေမှာပဲ ရှိ​နေရပါမယ်။ နိဂုံးချုပ်​ပြောရရင်​တော့ Probiotics အ​ရေးကြီးသလို အမျှင်ဓါတ် Fiber ကို လုံလုံ​လောက်​လောက် စား​ပေးဖို့လိုပါတယ်။ အကြမ်းအားဖြင့် အမျိုးသား က ၃၀ ဂရမ် နဲ့ အမျိုးသမီးများက ၂၅ ဂရမ် ရှိတဲ့ အမျှင်ဓါတ်ကို ​နေ့စဥ်စားသုံးသင့်​ကြောင်းပါ။ Ref Won, T.H., Arifuzzaman, M., Parkhurst, C.N. et al. Host metabolism balances microbial regulation of bile acid signalling. Nature (2025). Dr. Kaung Pyae Sone 2nd year, M.Sc. Nutrition & Dietetics

IELTS Writing Task 1 ထဲမှာမှ Redevelopment Maps/layouts အမျိုးအစားကို ​ရေးတဲ့အခါ သီးခြား ​နေရာပြတဲ့ expression ​တွေ သုံးရပါတယ်ခင်ဗျ။ ​နေရာပြပြီဆိုကတည်းက in, at, on, along, among အစသဖြင့် Preposition ​တွေကို သုံးရပါတယ်။ In , on ၁လုံးထဲမလာပဲ "In the heart of the city (မြို့လယ်​ခေါင်)" လိုစကားစုအ​နေနဲ့ လာရင်​တော့ Prepositional Phrases ​တွေ ဖြစ်သွားပါတယ်။ ဒီ​နေရာပြစကားစု​တွေကို အ​သေးစိတ် ​အ​ကြောင်းအရာ အနက်​ကောက်ပုံအလိုက် ( contextual meaning) ၁၁ ခု​လောက် ထပ်ခွဲလို့ရပါတယ်။ ဒီထက်လည်း ပိုခွဲလို့ရ​ပေမယ့် ၁၁ ခု ဆိုရင် IELTS အတွက် ​တော်​တော်​လေးလုံ​လောက်ပါပြီ။ 1.Location ဘယ်​နေရာမှာရှိသလဲဆိုတာ အတိအကျပြတာ The park is located in the heart of the residential area. The shopping center is at the intersection of Main Street and Elm Avenue. intersection = လမ်းဆုံ _ 2. Directions သူ့မှာ ​နေရာ၂ခုပါတယ်။ ဘယ်​နေရာမှ ဘယ်​နေရာသို့  ဆိုတဲ့ (from...to...) လမ်းပြသ​ဘောပါ။ Lead,run, span, wind အစသဖြင့် လမ်း​တွေနဲ့ဆက်နွယ်တဲ့ verb ​တွေနဲ့ တွဲသုံးပါတယ်။ The footpath runs from east to west, connecting the park to the recreation area. Recreation area = အပန်း​ဖြေ​နေရာ _ 3. Distance သူက ​တော့ အကွာအ​ဝေးကို အသား​ပေးတာပါ။ အကွာအ​ဝေးကို ဂဏန်းနဲ့​ဖော်ပြလို့ရသလို The supermarket is approximately 200 meters north of the residential complex. စာနဲ့လည်း​ဖော်ပြနိုင်တယ် The new parking lot is located just a short walk away from the office building. __ 4. Surroundings ဝန်းကျင်ပတ်ပတ်လည် ကို အကိုးအကားယူပြီး ​ဖော်ပြတာပါ ။ Be surrounded/encircled/enclosed by ဆိုပြီး verb ​တွေရဲ့ အားကို ယူသုံးနိုင်သလို ( "by" က သူ၁လုံးထဲ အဓိပ္ပါယ်မ​ပေါ်ဘူး၊ verb အကူ​ခေါ်ရတယ်။) The shopping center is surrounded by a parking lot and green spaces. Among/admist အစသဖြင့် "ကြားမှာ" ဆိုတဲ့ အဓိပ္ပါယ်အပြည့်အဝပါတဲ့ preposition သီးသန့်နဲ့လည်းသုံးပါတယ်။ Among ကို nestle ဆိုတဲ့ verb နဲ့လည်းတွဲသုံးပါတယ်။ The park is nestled among a cluster of residential buildings. ပန်းခြံက လူ​နေအိမ်​တွေကြားထဲ ​ရောက်​​နေတယ်။ Nestle က ဒီ​နေရာမှာ surround နဲ့အတူတူပါပဲ။ ဒီ​နေရာမှာ Nestle မပါလည်း among ၁လုံးထဲလည်းဖြစ်ပါတယ်။ ____ 5. Proximity အနီးအနားမှာ သူက Distance ကိုမှ ထပ်ခွဲထားသလို​ပေါ့၊ Near, nearby, proximity to, close စတဲ့ ​ဝေါဟာရ​တွေ သုံးရတယ်။ The hospital is in close proximity to both the train station and the bus stop. The school is conveniently located near several local businesses. Conveniently ဆိုတဲ့ အသုံး​လေးလှပါတယ်။ _ 6. Topography ​နေရာပြတဲ့အခါ ပထဝီအ​နေအထားကို အသားအ​ပေး​ရေးတာပါ The playground is situated on a gentle slope overlooking the river. A gentle slope = ​တောင်​စောင်း​ပြေ​ပြေ​လေး The recreation area is positioned on a plateau with scenic views. Plateau = ကုန်းပြင်မြင့် Scenic = ဗျူး​​ကောင်း​သော, သာယာလှ​ပသော _ 7. Overlap ဒီ အမျိုးအစားက​တော့ IELTS မှာ သိပ်​တွေ့ရ​လေ့မရှိပါဘူး။ Overlap with ထပ်​နေတယ်၊ ​ရော​နေတယ်။ 1. The park partially overlaps with the greenbelt area. Greenbelt ဆိုတာ စိုက်ပျိုး​မြေ၊ ဥယျာဥ်၊ သစ်​တော အစသဖြင့် အနားယူရာ​နေရာ​၊ သဘာဝဝန်းကျင် ထန်းသိမ်းရာ​နေရာတွေပါ ____ 8. Connection ဆက်သွယ်​ပေးတယ် Connect, span across,link စတဲ့ စကားလုံး ​တွေ သုံးပါတယ်။ The pedestrian bridge spans across the river, linking the two neighborhoods. Span =​ပေါင်းကူးသည် Pedestrian bridge = လူသွားတံတား _ 9. Orientation မျက်နှာမူခြင်း ဒီ​နေရာမှာ Direction နဲ့ နဲနဲ​တော့ အယူအစ ကွဲမယ် Face/be oriented towards The main entrance of the museum faces towards the east. ပြတိုက်ရဲ့ မိန်းအဝင်​ပေါက်က အ​ရှေ့ဘက်ကို မျက်နှာမူထားတယ်။ The front of the community center is oriented towards the town square. town square = မြို့လည်မှာရှိတဲ့ လူ​ထုတွေစု​ဝေးရာ ဟင်းလင်းပြင် (မန်း​လေး​မှာတော့ မရှိဘူး၊ ကျွန်​တော်တို့ဆီမှာ မြို့လယ်မှာ နာရီစင်​ဆောက်တဲ့အစဥ်အလာပဲရှိတယ်၊ Town square ​တော့ မ​တွေ့ဖူးဘူး၊ ရန်ကုန်​တော့ ရှိမလားမသိ။) _ 10. Use ​နေရာ၁ခုကို ရည်ရွယ်ချက်ရှိရှိ အသုံးချခြင်း serve as, be used for, be designated for The community center serves as a hub for social events and gatherings. Hub = ဆုံစည်းရာ The sports stadium is primarily used for hosting local and national sporting events. The greenbelt area is designated for ecological preservation and nature walks. designated = ​ဆောက်လုပ်ထားရှိရန် ​နေရာလျာထား​သည်

IELTS writing မှာ အများစုပြသနာက အချိန်မ​လောက်တာပါ။ Writing skill အားနည်းလို့ ဆိုတာထက် Grammar နဲ့ Vocab ကို စဥ်းစားပြီး ​​ရေး​နေလို့ ဖြစ်ပါတယ်။ ကိုယ်​ရေးမယ့် အ​ကြောင်းအရာ ကိုစဥ်းစားချိန် မိနစ်အနည်းငယ် ရနိုင်​ပေမယ့် ဘယ် Vocab သုံးရမလဲဆိုတာ စဥ်းစားချိန် မ​လောက်ပါခင်ဗျ။ IELTS Task 1 Writing မှာ မှန်မှန်နဲ့မြန်မြန် ​ရေးနိုင်ဖို့  common ဖြစ်တဲ့ adverb-verb combinations ​တွေ အလွတ်ကျက်သွား သင့်တာပါ။ ဒီ တွဲလုံး​တွေဟာ ​ပြောင်းလဲမှု၊ ဦးတည်မှု ​နဲ့ အချက်အလက်​တွေကို တိတိကျကျ ရှင်းရှင်းလင်းလင်း ပြနိုင်ပါတယ်။ IELTS Task 1 က အဲ့လို ​ရေးနိုင်တာကို အမှတ်​ပေးမှာပါ။ ​အောက်ပါ တွဲလုံး​​တွေကို အလွတ်ကျက်သွားပါ၊ အများနဲ့ မစိမ်းတာ​တွေပါပဲ။ 1. တိုးတက်မှုပြ Significantly increase Rapidly rise Gradually grow Steadily climb Sharply surge Dramatically escalate Example: The population significantly increased between 2000 and 2010. ၂၀၀၀ နဲ့ ၂၀၁၀ ကြားမှာ လူဦး​ရေ သိသိသာသာ တိုးလာခဲ့တယ်။ 2. ဆုတ်​လျော့မှုပြ Significantly decrease Gradually decline Sharply drop Dramatically fall Steadily reduce Example: The birth rate sharply dropped in the final quarter of the year. မွေးဖွားနှုန်းဟာ တစ်နှစ်၏ နောက်ဆုံးသုံးလမှာ သိသိတာတာ ကျဆင်းသွားခဲ့တယ်။ 3. မ​​ပြောင်းလဲမှုပြ Remain relatively stable Remain almost unchanged Remain steadily constant Example: The sales figures remained relatively stable throughout the period. အ​ရောင်း​စျေး​ဂဏန်းများ အဲ့ဒီကာလအတွင်းမှာ အခြားထက်စာရင် တည်ငြိမ်​နေခဲ့တယ်။ 4. အတက်အကျ၂မျိုးပြ Slightly fluctuate Wildly vary Significantly oscillate Moderately fluctuate Example: The price of oil significantly fluctuated over the five-year period. ငါးနှစ်တာ ကာလမှာ စက်သုံးဆီ​စျေး သိသိသာသာ အလှုပ်အခတ် ဖြစ်ခဲ့တယ်။ 5. နှိုင်းယှဥ်မှုပြ Considerably higher/lower Slightly greater/smaller Much more/less Dramatically different Example: The revenue was considerably higher in 2020 compared to 2019. ၂၀၁၉    ဝင်​ငွေထက်.  ၂၀၂၀ ဝင်​ငွေက သိသိသာသာ ပိုများခဲ့တယ်။ Exam မှာ တွဲလုံး၁ခုကို ထပ်တလဲလဲ မသုံးပါနဲ့။ #IELTS #writing

Repost from N/a
လိုင်း​​ပေါ်မှာ ​​ပြော​နေကြတဲ့ ​ဆောင်းတွင်းမှာ ​ရေခဲ​​ရေ​သောက်ရင် ​လေဖြတ်သလား? ကြက်သွန်ဖြူစားရင် အ​နွေးဓါတ် ရနိုင်သလား? ✅​ရေခဲ​ရေ​သောက်လို့ ​အချို့သွေး​ကြော​တွေ ခဏ ကျဥ်းသွားနိုင်ပါတယ်၊ ​လေဖြတ်သွားနိုင်တယ်လို့ တိတိကျကျ ဆက်နွယ်မှုမျိုး သိပ္ပံနည်းကျ မ​တွေ့ထား​သေးပါဘူး။ နဂို ​သွေးတိုးနဲ့ နလုံး​သွေး​ကြောကျဥ်း​ရောဂါရှိသူ​တွေအ​ပေါ်​တော့ သက်​ရောက်မှု ရှိနိုင်​ပေမယ့် ကျန်းမာသူ​တွေမှာ ပြသနာမရှိနိုင်ပါဘူး။ ​ရေခဲ​ရေ​ သောက်ခြင်း မ​သောက်ခြင်းထက် ​လေမဖြတ်​အောင်​ ကျန်းမာတဲ့ဘဝနေထိုင်မှုကို အကျင့်ပြုလုပ်သင့်ပါတယ်။ ✅ပွင့်လင်းရာသီဥတုမှာ ​နေတဲ့ မြန်မာ​တွေအတွက် ဆောင်းတွင်းမှာ ထူးခြားပြီး ​ပြောင်းလဲ စား​သောက်ဖို့ အများကြီးမလိုပါဘူးခင်ဗျ။ ​နေ​ရောင်သိပ်မရတဲ့ ​နေရာမှာ ​နေသူ​တွေပဲ ဗီတာမင် ဒီ ပိုပြီး လိုအပ်ပါမယ်ခင်ဗျ။ (* မြန်မာအများစု ဗီတာမင် ဒီ ချို့တဲ့ကြပါတယ်၊ ​ကိုယ့်မှာ ချို့တဲ့မှု ရှိမရှိ ဆေးရုံ​တွေ မှာ အလွယ်တကူ သွားစစ်နိုင်ပါတယ်) ဒီလို ကာလမျိုးမှာ တုပ်​ကွေးဖြစ်တတ်​​တော့ ကိုယ်ခံအား​ကောင်း​အောင် ဗီတာမင် စီ ဓါတ် ကြွယ်ဝတဲ့အစားအစာ​တွေ စားတာ လုပ်သင့်တဲ့အရာပါ။ ကြက်သွန်ဖြူက ကိုယ်ခံအားကို ​ကောင်း​စေတာမှန်သလို သူ့မှာပါတဲ့ allicin ဓါတ်ဟာ ​သွေးလည်ပတ်မှုကို ​ကောင်း​စေပါတယ်။ ဒါ​​ကြောင့်မို့လို့ လိုင်း​ပေါ်မှာ ​ဆောင်းတွင်းမှာ ကြက်သွန်ဖြူ စားသင့်​ကြောင်း ကိစ္စ ​ပေါ်လာခြင်းပဲ ဖြစ်တယ်လို့ ယူဆရပါတယ်။ အမှန်​တော့ အချို့လူ​တွေရဲ့အမြင်မှာ ကြက်သွန်ဖြူစားလိုက်ရင် ​နွေး​ထွေးမှုကို ခံစားမိတာမျိုးပါ။ ဒါဟာ မှားယွင်းတဲ့ အမြင်လို့ မ​ပြောလို​ပေမယ့် လမ်း​ကြောင်းမှန် မဟုတ်ဘူးလို့ ​ပြောရမယ်။ လူ၁​ယောက်က မျှတတဲ့ အာဟာရလိုတာ ဖြစ်တဲ့အတွက် စုံလင်တဲ့ အာဟာရကို အစားအ​သောက်အမျိုးမျိုးက ရယူရမှာပါ။ ကြက်သွန်ဖြူ ၁ခုထဲကမှ မဟုတ်ပါဘူး။ ​ဆောင်းရာသီမှာ အရည်​သောက်ဟင်းချက်ရင် ကြက်သွန်ဖြူထည့်လို့ ရသလို ​Herbal Tea (ဆေးမြစ်လက်ဖက်ရည်) အ​နေ ​သောက်တာ ၊ စွန်တန်ဟင်းရည်​ထဲ ထည့်သောက်တာ အစသဖြင့် ပူပူ​နွေး​နွေး​လေး စားတာမျိုးကသာ ခန္ဓါကိုယ်ကို လက်​တွေ့ကျကျ အ​နွေးဓါတ် ​ပေးနိုင်တာဖြစ်ပါတယ်။ Dr. Kaung Pyae Sone M.Sc, 2nd Yr, Nutrition & Dietetics