cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

🎥 G. S. H Group 🎥

Show more
Myanmar11 184The language is not specifiedMovies57 728
Advertising posts
2 407
Subscribers
+624 hours
+97 days
+3130 days

Data loading in progress...

Subscriber growth rate

Data loading in progress...

Show all...
G.S.H Main Channel

The Player 2: Master of Swindlers (2024) ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့ သည်းထိတ်ရင်ဖိုအက်ရှင်ဟာသ စုံထောက်ကားလေးဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးထဲမှာတော့ ဖြောင့်မတ်မှန်ကန်တဲ့ အစိုး‌ရရှေ့နေတစ်ဦးနဲ့ သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာ အရည်အချင်းရှိပြီး ထူးချွန်ကြသူလေးဦးတို့က ပြစ်မှုကျူးလွန်တဲ့တရားခံတွေကို ဖမ်းဆီးဖို့အတွက် ပြစ်မှုတွေကိုဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်ရှုရမယ့်ဇာတ်လမ်းလေးဖြစ်ပါတယ်။ ငွေမည်းတွေကိုဖမ်းဆီးရရှိပြီးတော့ ဒီငွေမည်းတွေက ဘယ်လိုပြစ်မှုတွေကနေ ရရှိလာတာလဲ ဘယ်သူတွေရရှိသွားတာလဲဆိုတာကို စုံစမ်းဖော်ထုတ်ပြီး တရားခံကိုဘယ်လိုတွေဖမ်းဆီးကြမလဲဆိုတာကို ဒီအက်ရှင်ဒရာမာစုံထောက်ကားလေးမှာ ကြည့်ရှုခံစားဖို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။

4
The Player 2: Master of Swindlers (2024)
Show all...
The Player 2: Master of Swindlers (2024)
Show all...
Show all...
G.S.H Channel

The Impossible Heir (2024) မဖြစ်ထိုက်သော ဆက်ခံသူ လောလောလတ်လတ် Singleဘဝမှ ကျွတ်သွားတဲ့ အစ်ကိုကြီး Lee Jaewookနဲ့ Brave Citizen ထဲက လူဆိုးလေးLee Jun-Youngတို့ရဲ့ကားလေး လာပါပြီနော် .. ငယ်စဥ်က ငွေကြေးချို့တဲ့စွာ ကြီးပြင်းလာရပြီး ဖခင်က နာမည်ကြီး ဂန်အိုလုပ်ငန်းစုရဲ့ ဥက္ကဌဆိုပေမဲ့လည်း မိသားစုတွေအကြား မျက်နှာသာ အပေးမခံရတဲ့ တရားမဝင်သား ဂန်အင်ဟာ... ဖခင်ဖြစ်သူက မိခင်ကို သတ်ခဲ့တယ်ဆိုတဲ့ အတိတ်ဆိုးကြောင့် လူတွေရဲ့ လှောင်ပြောင် ဖယ်ကျဉ်ထားတာကို ခံခဲ့ရတဲ့ ဟန်ထယ်အို.... သူတို့က ခြားနားတဲ့ နောက်ခံတွေကနေ လာခဲ့ကြပေမဲ့ တူညီတဲ့ခံယူချက်တွေကြောင့်ပဲ သူငယ်ချင်းဖြစ်လာကြပြီးတော့... ဘဝမှာအောင်မြင်ချင်တဲ့ ထယ်အို ၊ ဂန်အိုလုပ်ငန်းစုကို အရလိုချင်တဲ့ အင်ဟာ သူတို့နှစ်ယောက်လုံးက မိမိတို့ရဲ့ရည်ရွယ်ချက်ကို အရယူဖို့အတွက်အတူကြိုးစားနေကြပေမဲ့ ဖခင်ဖြစ်သူရဲ့အကြွေးတွေကြောင့် ခက်ခဲစွာရုန်းကန်နေရတဲ့ နာဟယ်ဝန်ကြောင့် သူတို့ရဲ့ အစီအစဉ်တွေ ပျက်စီးလုနီးပါးဖြစ်လာတဲ့အခါ သူတို့ ဘယ်လိုဆက်ပြီး ကိုင်တွယ်ဖြေရှင်းကြမလဲဆိုတာကို စောင့်ကြည့်ပေးကြပါဦးနော်...

Show all...
G.S.H Channel

Chief Detective 1958(2024) ဒီ Drama ဟာ 1971ကနေ 1989 အထိ ကိုရီးယားနိုင်ငံအတွင်းမှာ အောင်မြင်မှုတွေများစွာရရှိခဲ့တဲ့ Chief Inspector ဆိုတဲ့ Series ရဲ့ Prequelဇာတ်လမ်းဖြစ်ပါတယ်။ Park Young-Han (Lee Je Hoon) ဟာ ငယ်ရွယ်ထက်မြက်တဲ့ စုံထောက်တစ်ယောက်ဖြစ်ပြီး သူခိုးကြမ်းပိုး ဒုစရိုက်သမားတွေကို နှိမ်နင်းတဲ့နေရာမှာ တော်လွန်းတဲ့စုံထောက်တစ်ယောက်ပါ။ ဒါပေမဲ့ လူ့အဖွဲ့အစည်းအတွင်းက ပိုကြီးမားတဲ့ပြဿနာတွေဖြစ်တဲ့ အကျင့်ပျက်ခြစားမှုတွေ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ ရင်ဆိုင်ရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ဒီဒရာမာဟာ ပုံမှန်တွေ့ဖူးနေကျ စုံထောက်ကားတွေလိုမဟုတ်ဘဲ 1958ခုနှစ်ကို အခြေတည်ရိုက်ကူးထားတာဖြစ်တာကြောင့် အခုခေတ်မှာလို ခေတ်မီဆန်းသစ်တဲ့ စစ်ဆေးရေး နည်းပညာတွေ CCTV တွေမရှိတဲ့ ကာလမှာ စုံစမ်းထောက်လှမ်းကြပုံတွေ ၊တွေးတော ကောက်ချက်ချကြပုံတွေကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

Show all...
G.S.H Channel

Lovely Runner (2024) Idol တွေဆိုတာ Fan တွေအတွက်တော့ အားအင်ပဲတဲ့။ မျှော်လင့်ချက်မဲ့ချိန်ရဲ့ အလင်းတန်း၊ အမှောင်မိုက်ဆုံးအချိန်မှာ ကမ်းလင့်ပေးတဲ့လက်တစ်စုံ၊ တစ်နေ့တာရဲ့ပင်ပန်းမှုတွေကို အကောင်းဆုံးဖြေလျော့ပေးတဲ့ဆေးကောင်းတစ်လက်။ ဒီလို ပရိသတ်တွေရဲ့ မျှော်ငေးခြင်းကို ခံရတဲ့ Idol တွေအတွက် ဘယ်သူက ပြန်ပြီး အင်အားဖြစ်ပေးနိုင်မှာလဲ။ Im Sol (Kim Hye-Yoon) ကတော့ Ryu Sun-Jae ရဲ့ အမာခံပရိသတ်ပါ။ မတော်တဆမှုကြောင့် အိပ်မက်ကိုလက်လျော့လုဆဲဆဲ Sol အတွက် Sun-Jae က နှောင်ကြိုးတမျှင်ဖြစ်ပေးခဲ့တာပါ။ ဒီလို Fan အတွက် Idol ဖြစ်သူရဲ့သေဆုံးမှုက မျှော်လင့်ချက်အားလုံးကို ရိုက်ချိုးလိုက်သလိုပါပဲ။ ဒါပေမဲ့ ဆန်းကြယ်စွာနဲ့ပဲ Sol တစ်ယောက် လွန်ခဲ့တဲ့ ၁၅ နှစ်အချိန်ကို ပြန်ရောက်လာပြီး Sun-Jae နဲ့ ပြန်လည်တွေ့ဆုံခွင့်ရခဲ့ပါတယ်။ ဒီလိုနဲ့ မြတ်နိုးရတဲ့လူသားကို Sol တစ်ယောက် ကာကွယ်ဖို့ကြိုးစားပါတော့တယ်။ Idol ကို ကာကွယ်ပေးချင်တဲ့ Fanရဲ့ ကြိုးစားမှု အောင်မြင်မလား။ Fan တွေက ပေးတဲ့ခွန်အားနဲ့ Idol တစ်ယောက် ရှေ့ဆက်နိုင်မလားဆိုတာကို အားပေးလိုက်ရအောင်။

Show all...
G.S.H Main Channel

The Midnight Studio (2024) အခု တစ်ခါ မိတ်ဆက်ပေးချင်တဲ့ ကားလေးကတော့ Good Doctor ၊Yong Pal အစရှိတဲ့ ဇာတ်ကားတို့နဲ့ နာမည်ရလာတဲ့ မင်းသား Joo Won နဲ့အတူ Suspicious Partner ၊Itaewon Class ဇာတ်ကားတို့မှ မင်းသမီး Kwon Na Ra တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ စိတ်ကူးယဉ်ဒရမ်မာ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဆောဂီဂျူဟာ အသေးဆိုင် ဓာတ်ပုံဆိုင်လေး ဖွင့်ထားတဲ့ ဓာတ်ပုံဆရာလေးပေါ့နော်၊ ဒါပေမဲ့ သူဆိုင်ရဲ့ ထူးခြားချက်ကတော့ ဓာတ်ပုံလာရိုက်တဲ့သူတွေဟာ အသက်ရှိနေတဲ့ လူတွေ မဟုတ်ဘဲ သေဆုံးပြီးသား ဝိညာဉ်တွေ ဖြစ်နေတယ်ဆိုတာပါပဲ။ ဟန်ဘွန်းကတော့ မတရားမှုကို မျက်ကွယ်မပြုနိုင်တဲ့ ရှေ့နေမလေးပေါ့နော်၊ မတရားမှုကို ငြိမ်မခံ‌တတ်တဲ့ ရှေ့နေမလေးနဲ့ ဝိညာဉ်တွေရဲ့ ဓာတ်ပုံဆရာလေးတို့ ပူးပေါင်းမိသွားတဲ့အခါ ဘယ်လိုဇာတ်လမ်းလေး ပေါ်ပေါက်လာမလဲဆိုတာကို ပိတ်ကား‌ပေါ်မှ စီးမျော ခံစားနိုင်ဖို့ရာ တင်ဆက်ပေးလိုက်ပါတယ်ရှင့်။

👍 1
Show all...
G.S.H Main Channel

Nothing Uncovered (2024) “18 again” , “Kill heel” တို့နဲ့နာမည်ကြီးခဲ့တဲ့ Kim Ha Neul “Nothing Uncovered” ရှိုးနဲ့ နာမည်ကြီး သတင်းထောက် Seo Jung Won လူတွေကိုလှည့်စားပြီး ပြစ်မှုကြီးတွေကျူးလွန်နေတဲ့ ဆိုးရွားတဲ့လူတွေအကြောင်း ဖော်ထုတ်ပြီး ပြတ်ပြတ်သားသား တုန့်ပြန်မှုတွေကြောင့် ထိပ်ဆုံးနာမည်ကြီးသတင်းထောက်တစ်ယောက်အဖြစ်ရပ်တည်ရင်း တစ်နေ့မှာတော့ မမျှော်လင့်ထားပဲ လူသတ်မှုတစ်ခုမှာ ပါဝင်ပတ်သတ်မိပြီး သူမရဲ့ဂုဏ်သတင်းကို အောက်ဆုံးထိရောက်အောင် ဆွဲချခံခဲ့ရပါတယ် ဒီအတွက် အစကိုဆွဲထုတ်ပြီး ဖြေရှင်းနိုင်ဖို့ ကြိုးစားတဲ့အခါ အမှုအတွက်တာဝန်ရှိသူစုံထောက်ဖြစ်သူက သူမရဲ့ရည်းစားဟောင်းဖြစ်နေခဲ့ပါတယ် Gangha ရဲစခန်းရဲ့ခပ်မိုက်မိုက်အမှန်တရားဘက်က စုံထောက်တစ်ယောက်ဖြစ်သူ Kim Tae Heon (Yeon Woo Jin) နဲ့ Jung Won တစ်ယောက် ဘယ်လိုပူးပေါင်းပြီးဖော်ထုတ်ဖို့ကြိုးစားမလဲဆိုတာတွေအပြင် စာရေးဆရာတစ်ယောက်ဖြစ်ပြီး မိန်းမဖြစ်သူအတွက်ဆို ဘာမဆိုလုပ်ပေးနိုင်တဲ့ အချစ်ကြီးသူခင်ပွန်းတစ်ယောက်၊ ဒါပေမယ့်လို့ လျှို့ဝှက်ချက်တွေရှိနေတယ်ဆိုတာ သိလိုက်ရတဲ့အခါမှာရော သူတို့သုံးဦးရဲ့ သုံးပွင့်ဆိုင်တွေ့ဆုံမှုက ရှုပ်ထွေးမှုတွေကို ဖြေရှင်းနိုင်မလားဘာတွေများပေါ်ပေါက်လာမလဲဆိုတာ

Show all...
G.S.H Channel

The Escape of the Seven: 7 (S-2) 2024 Season.1 ပြန်ကြည့်ရန် Link👇

https://t.me/gsh_main_channel/1033

S 1 က ကာရိုက်တာတွေဟာ S2 မှာ ဘယ်လိုဂယက်ထကြမလဲ။ဘယ်လိုမပြီးနိုင်တဲ့သပွတ်အူပြဿနာတွေကို ဆဲဆိုရင်းကြည့်ရမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားနေပါပြီ တောင်ကိုရီးယားနိုင်ငံမှာ အကြီးဆုံးမိုဘိုင်း ကုမ္ပဏီတစ်ခု တည်ထောင်ထားပြီးလူသိနည်းတဲ့ မက်သရူးအီ ရုပ်ရှင်ကုမ္ပဏီ တစ်ခုတည်ထောင်ထားပြီး ရည်မှန်းချက်ကြီးကာ ငွေနဲ့ မိမိအတ္တအတွက်ဆိုရင် ဘာမဆိုလုပ်မယ့် ဂွန်းရာဟီ သူမက ငွေရဖို့အတွက် လွန်ခဲ့တဲ့ 15 နှစ်က စွန့်ပစ်ခဲ့တဲ့ သမီးကို ပြန်ခေါ်ခဲ့တယ် သစ္စာခဏခဏ ဖောက်ခံရတဲ့ မင်ဒိုဟျော့ လူငယ်တိုင်းရဲ့ အိပ်မက်ဖြစ်တဲ့ အိုင်ဒေါလ်တစ်ယောက် ဖြစ်ဖို့ ရည်မှန်းနေတဲ့ ဟန်မိုနယ် ကျိကျိတက် ချမ်းသာသူ သူဌေးကြီးရဲ့ ကလေးမွေးပေးချင်နေသူ ချာဂျူရန် အင်တာတိန်းမန့် ကုမ္ပဏီတစ်ခု တည်ထောင်ထားပြီး လောဘကြီး ဒေါသကြီးသူ ယန်းဂျင်မို ကျောင်းတွင် အနုပညာဘာသာရပ် သင်ကြားပေးပြီး မိမိရဲ့ အားနည်းချက်ကို ဖုံးကွယ်ထားဖို့ ထူးဆန်းတဲ့ သတင်းလွှင့်ထားတဲ့ ဂိုမြောင်ဂျင် အဆိုပါ 7 ဦးရဲ့ သပွတ်အူ အရှုပ်တော်ပုံ‌တွေ S1 မှာ မပြီးဆုံးခဲ့ပြဿနာတွေကို S2 မှာ အကောင်းဆုံးတင်ဆက်နိုင်မလားဆိုတာကိုတော့

Show all...
G.S.H Main Channel

Hide / 하이드 (2024) မမ Lee Bo-Young ပရိသတ်ကြီးတို့ အားလုံး‌စောင့်မျှော်နေကြတဲ့ Hide ဆိုတဲ့ ဇာတ်ကားကောင်းလေး ထွက်ရှိလို့လာပါပြီ။ ဒီကားလေးမှာတော့ မမက ခင်ပွန်းသည် ပျောက်ဆုံးသွားတာကို လိုက်လံရှာဖွေမယ့် ဇနီးသည်တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ Na Moon-Young (Lee Bo-Young) ဟာ Cha Sung-Jae (Lee Mu-Saeng) နဲ့ လက်ထပ်ပြီး အိမ်ထောင်တစ်ခု တည်ဆောက်နေသူပါ။ သို့ပေမဲ့ တစ်ရက်မှာတော့ သူမရဲ့ ခင်ပွန်းဖြစ်သူ Cha Sung-Jae တစ်ယောက် ရုတ်ချည်းဆန်စွာ ပျောက်ဆုံးသွားခဲ့ပါတော့တယ်။ ရုတ်တရက်ပျောက်ဆုံးသွားသူ ခင်ပွန်းသည်ကိုလိုက်လံရှာဖွေရင်း အိမ်နီးနားချင်း Ha Yeon-Joo (Lee Chung-Ah) နဲ့ ဆုံခဲ့ရုံမက ခင်ပွန်းသည် ပျောက်ဆုံးသွားတဲ့ ဆန်းကြယ်မှုရဲ့ အဓိကလျှို့ဝှက်ချက်ကို သိနေတဲ့ Do Jin-Woo (Lee Min-Jae) နဲ့ဆုံတွေ့ခဲ့တဲ့ အခါမှာတော့ Na Moon-Young တစ်ယောက် ခင်ပွန်းသည် ပျောက်ဆုံးသွားရတဲ့ ဆန်းကြယ်မှုရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်ကို ရှာတွေ့သွားမှာလား။ သူမ‌ရဲ့ ခင်ပွန်းသည်နဲ့ရော ပြန်ဆုံနိုင်ပါဦးမလားဆိုတာတွေကို သည်းထိတ်ရင်ဖိုဆန်စွာ ကြည်ရှုခံစားရမှာပါရှင်။

Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.