🇲🇲⚓🎖️𝐘𝐚𝐫 𝐓𝐡𝐞𝐭 𝐏𝐚𝐧️🇲🇲⚓ ရာသက်ပန်🇲🇲⚓
Open in Telegram
ပြန်ကြားပေးရန်၊ ပညာပေးရန်။ အများပြည်သူ အကျိုးရှိစေရန်ရည်ရွယ်ပါသည်။ သတင်းအဆိပ်သင့်မှုများ မဖြစ်စေရန် ကိုယ်စွမ်းရှိသလောက်ကြိုးစားကာကွယ် တင်ပေးသွားပါမည်။ YTP🇲🇲⚓ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦,𝐂𝐡𝐚𝐧𝐧𝐞𝐥,𝐋𝐢𝐧𝐤,,[ t.me/yarthetpan21 ] ▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Show more542
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
တနင်္သာရီတိုင်းဒေသကြီး လောင်းလုံမြို့နယ် ညောပြင်ရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးနေပြီး ပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် ရေးသား ဖြန့်ဝေလျက်ရှိ
မြဝတီမြို့အနီးရှိ အွန်လိုင်းလိမ်လည်မှုများနှင့်ပတ်သက်၍ KNU မှ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ဗြောင်လိမ်ဗြောင်စား ကြေညာချက် ထုတ်ပြန်မှု
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တိုင်းရင်းသားပြည်သူများ၊ မိသားစုဝင်များ လုံခြုံရေးအတွက် ဦးစားပေးဆောင် ရွက်နေမှုအခြေအနေများ
အကြမ်းဖက်သောင်းကျန်းသူများ၏ တရုတ်ဘာသာဖြင့် အသုံးပြုသည့် လူမှုကွန်ရက် စာမျက်နှာများတွင် ဒေသခံတိုင်းရင်းပြည်သူများမှ သောင်းကျန်းသူများ၏ အကြမ်းဖက် လုပ်ရပ်များအပေါ် ဝင်ရောက်ရေးသားကန့်ကွက်မှုများ နှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၄/၂၀၂၄ အား ယနေ့ရက်စွဲဖြင့် ထုတ်ပြန်သည်။(ဇန်နဝါရီလ ၈)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၃/၂၀၂၄ အား ယနေ့ရက်စွဲဖြင့် ထုတ်ပြန်သည်။(ဇန်နဝါရီလ ၈)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ
ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/အကျဉ်းသူ (၉၆၂၅)ဦး နှင့် နိုင်ငံခြားသာ အကျဉ်းသား/အကျဉ်းသူ (၁၁၄)ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပြု
ပေးအပ်ခဲ့သည်။
၎င်းအပငြ် ဝိဇ္ဇာပညာထူးချွန်တံဆိပ်(ပထမဆင့်)အတွက် (၅)ဦး၊ ဆေးပညာထူးချွန်တံဆိပ်(ဒုတိယဆင့်)နှင့် (တတိယဆင့်)အတွက် (၂)ဦး၊ နည်းပညာထူးချွန် တံဆိပ်(ပထမဆင့်)၊ (ဒုတိယဆင့်)နှင့် (တတိယဆင့်)အတွက် (၁၅)ဦး၊ အနုပညာထူးချွန်တံဆိပ် (ဒုတိယဆင့်)နှင့် (တတိယဆင့်)အတွက် (၇)ဦးနှင့် စာပေပညာ ထူးချွန်တံဆိပ်(တတိယဆင့်)အတွက်လည်း (၂)ဦးပေးအပ်ခဲ့ကြောင်း နစက၏ထုတ်ပြန်ချက်များအရသိရသည်။
UEC ဥက္ကဋ္ဌ အပါအဝင် ဟာသပညာရှင်များနှင့် လူပုဂ္ဂိုလ်ပေါင်း (၅၀၀)ကျော်ကို နစကမှ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်
04/01/2024 18:47

162

ယွန်း (NP News) - ဇန်နဝါရီ ၄
UEC ဥက္ကဋ္ဌအပါအဝင် ဟာသပညာရှင်များနှင့် ဝန်ကြီးဌာနအချို့ရှိ လူပုဂ္ဂိုလ်ပေါင်း(၅၂၅)ဦးကို နစကဥက္ကဋ္ဌက ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့(ဇန်နဝါရီ ၄ ရက်)တွင် ကျရောက်သော (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့၌ အထက်ပါဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်ပေးအပ်လိုက်ကြောင်း နစကအစိုးရက အမိန့်ကြော်ငြာစာထုတ်ပြန်ထားသည်။
နစကဥက္ကဋ္ဌက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးဝင်းရှိန်တို့ကို ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သည့် စည်သူဘွဲ့များကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးကြီးငြိမ်းချမ်းနှင့် ဗိုလ်ကြီးသက်ပိုင်ထက်တို့(၂)ဦးအား တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်ဘွဲ့ သူရဘွဲ့များပေးအပ်ခဲ့ပြီး စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့များဖြစ်သည့် သီရိပျံချိဘွဲ့များကို သံဃာတော်(၄)ပါးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ဦးအေးမြင့်တို့ကို ပေးအပ်ခဲ့သည်။
အလားတူ ဇေယျကျော်ထင်ဘွဲ့ကို ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်နှင့် ဗိုလ်ချုပ်ခင်ဇော်(ငြိမ်း)တို့ကို ပေးအပ်ခဲ့ပြီး ဝဏ္ဏကျော်ထင်ဘွဲ့ကို စုစု ပေါင်းလူပုဂ္ဂိုလ်(၉၆)ဦးအားလည်းကောင်း၊ အလင်္ကာကျော်စွာဘွဲ့ကို စုစုပေါင်း(၅)ဦးနှင့် သိပ္ပကျော်စွာ ဘွဲ့ကို ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ လူပုဂ္ဂိုလ်(၂)ဦးကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်၊ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်အတွက် (၉)ဦး၊ ရဲသူရတံဆိပ်အတွက် (၄) ဦး၊ ရဲဗလတံဆိပ်အတွက် (၁၄၀)ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းဆောင်မှုဂုဏ်ထူးဆောင်တံဆိပ်များ၊ ရဲသူရိန်တံဆိပ်အား မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ(၁)ဦးကို ပေးအပ်ခဲ့သည်။
အလားတူ ရဲကျော်သူတံဆိပ် (၂)ဦး၊ စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်တံဆိပ်များ၊ စီမံထူးချွန်တံဆိပ်(ပထမဆင့်) (၁၈)ဦး၊ စီမံထူးချွန် တံဆိပ်(ဒုတိယဆင့်) (၃၄)ဦးနှင့် စီမံထူးချွန်တံဆိပ်(တတိယဆင့်) စုစုပေါင်း(၅၃)ဦးတို့ကိုလည်း အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
လူမှုထူးချွန်တံဆိပ်(ပထမဆင့်) စုစုပေါင်း(၂၃)ဦးနှင့် ဒုတိယအဆင့် စုစုပေါင်း(၁၄)ဦးတို့ကိုလည်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထို့ပြင် လူမှုထူးချွန်တံဆိပ်(တတိယအဆင့်)များကို ဟာသပညာရှင်များဖြစ်သည့် ဦးမိုးဒီ၊ ဦးငြိမ်းချမ်း၊ ဦးနေကျော်နှင့် ဦးဥသြတို့ အပါအဝင် (၃၇)ဦးတို့ကိုလည်း နစကမှ ပေးအပ်ခဲ့သည့်အပြင် စီးပွားထူးချွန်တံဆိပ်များ၊ လယ်ယာစီးပွားရေး ထူးချွန်တံဆိပ်(ဒုတိယအဆင့်) တစ်ဦးနှင့် တတိယအဆင့် (၁၈)ဦး ပေးအပ်ခဲ့သည်။
စက်မှုစီးပွားထူးချွန်တံဆိပ်(ဒုတိယဆင့်)နှင့် (တတိယဆင့်)အတွက် စုစုပေါင်း လူပုဂ္ဂိုလ်(၉)ဦး၊ ဝန်ဆောင်မှုစီးပွားထူးချွန်တံဆိပ်(ဒုတိယဆင့်)နှင့် (တတိယဆင့်)အတွက် (၁၄)ဦး၊ ပညာရပ်ဆိုင်ရာထူးချွန်တံဆိပ်များ၊ သိပ္ပံပညာထူးချွန်တံဆိပ်(ပထမဆင့်) နှင့် (ဒုတိယဆင့်)တို့အတွက် (၂)ဦးတို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
၎င်းအပြင် ဝိဇ္ဇာပညာထူးချွန်တံဆိပ်(ပထမဆင့်)အတွက် (၅)ဦး၊ ဆေးပညာထူးချွန်တံဆိပ်(ဒုတိယဆင့်)နှင့် (တတိယဆင့်)အတွက် (၂)ဦး၊ နည်းပညာထူးချွန် တံဆိပ်(ပထမဆင့်)၊ (ဒုတိယဆင့်)နှင့် (တတိယဆင့်)အတွက် (၁၅)ဦး၊ အနုပညာထူးချွန်တံဆိပ် (ဒုတိယဆင့်)နှင့် (တတိယဆင့်)အတွက် (၇)ဦးနှင့် စာပေပညာ ထူးချွန်တံဆိပ်(တတိယဆင့်)အတွက်လည်း (၂)ဦးပေးအပ်ခဲ့ကြောင်း နစက၏ထုတ်ပြန်ချက်များအရသိရသည်။

Zawgyi Version
ယွန်း (NP News) - ဇန်နဝါရီ ၎
