en
Feedback
Tarot for you's Channel🪐

Tarot for you's Channel🪐

Open in Telegram

အဆုံးသတ်တိုက်ပွဲ ငါတို့နွှဲရမည် ✊🏻

Show more
1 291
Subscribers
No data24 hours
No data7 days
+3030 days
Posts Archive
လက်ရှိအခြေအနေကို အသေးစိတ်မတင်အားသေးလို့ အကြမ်းဖျဉ်းတင်ရရင် ဒီလထဲကစပြီး နောက်လအစမှာ တိုက်ပွဲတွေပြင်းထန်လာဖို့ရှိတယ်။နောက်လဆယ်ရက်နေ့မတိုင်ခင်အထိ ဘယ်ဘက်ကမှအနိုင်မရပဲ အကျအဆုံးတွေအများကြီးတွေ့ရတယ်။စခ တွေဘက်က ဒလန်တွေ သူလျှိုတွေန‌‌ဲ့ တလရ ကိုပျက်စီးအောင်လုပ်ဖို့မျိုးစုံကြီးစားနေသလို Psywar အသစ်တွေထပ်ဖြန့်လာဖို့လည်းရှိတယ်။လက်တလောမှာအင်္ဂါသား၊သမီးတွေ ကျန်းမာရေးကိုအထူးဂရုစိုက်ကြဖို့လိုတယ်။အထူးသဖြင့် သွေးန‌ဲ့ပက်သက်တဲ့ရောဂါတွေ နှလုံးနဲ့ပက်သက်တ‌ဲ့ရောဂါတွေသတိထားသင့်တယ်။ယခင် သမိုင်းမှာ ဖြစ်ခဲ့ဖူးတဲ့ကိစ္စတွေတကျော့ပြန်လာဖို့ရှိလို့ သဏ္ဍန်တူတဲ့အမှားတွေထပ်မဖြစ်အောင်ဆင်ခြင်သင့်တယ်။(ကျနော်ထင်တာတော့ အချင်းချင်းသွေးကွဲမှုမျိုးသတိထားသင့်တယ်) ဒီရက်ပိုင်းမှာ ငွေရေးကြေးရေး လိမ်လည်မှုတွေများစွာဖြစ်ပွားတတ်လို့ ‌ေငွအပေးအယူကိစ္စတွေအထူးသတိထားဆောင်ရွက်သင့်တယ်။အိမ်ထောင်ရေးအကြမ်းဖက်မှုတေ‌ွလည်းရှိလာသတင်းထွက်လာတာများလာတတ်တယ်။ ယတြာ 🌟 အနေနဲ့ကတော့ သစ်ကိုင်းခြောက်တစ်ချောင်းရှာပြီး Dar နဲ့သုံးပိုင်းပိုင်းပြီး ပလက်စတစ်ကြိုးနဲ့ချည်ပြီး ရေထဲမျှောရင်း _"အညံ့တွေပျောက်ပြီး အနိုင်ပွဲရပါစေ"လို့ သုံးခါပြောရမယ်။ ကံကောင်းစေမယ့်အရောင်ကအဝါရောင်ဖြစ်ပြီးကံကောင်းစေမယ့် နံပါတ်က ၃ ပါ။ Tarot Ragnar Sirus #နိမိတ်ကောင်းတွေတည်ပါစေ

ဒီည လပြည့်ညမှာ မြန်မာပြည်သူပြည်သားတွေရဲ့အလိုချင်ဆုံးဆန္ဒတွေအတွက် အစီအရင်လုပ်ဖို့ရှိတယ် အစီအရင်စလုပ်တဲ့အချိန်ကျရင် ဓာတ်ပုံလေးတင်ပေးမယ် ဝိုင်းပြီးကူညီဆုတောင်းပေးကြဦးနော်။လိုအပ်တဲ့နေရာ‌ေတွအတွက်လည်း ဒါနပြုပေးဖို့ရှိလို့ နိုင်သလောက်လေးတွေဝိုင်းကူပေးကြပါဦးနော်။ 🤗💖 ၂၀၂၃ အတွက်ဟောစာတမ်းကိုလည်းဒီရက်ပိုင်းတင်ပေးမယ်နော် 🎁

✴️November လအတွက်ဟောစာတမ်း✴️ ဒီလထဲမှာတော့ စိတ်ပိုင်းဆိုင်ရာအဆင်မပြေမှုတွေအများကြီးနဲ့ရင်ဆိုင်လာရနိုင်ပါတယ်။ပစ္စုပ္ပန်ကိုပဲတည့်တည့်ရင်ဆိုင်ပြီးရှေ့ဆက်ရမှာဖြစ်လို့ အားတင်းထားဖို့တော့လိုမယ်ခင်ဗျာ။ တစ်ခုရှိတာကဒီလထဲမှာပဲ အဖမ်းအဆီးခံထားရသူတွေပြန်လည်လွတ်မြောက်လာတာအပါအဝင် အနိုင်ပွဲတွေနဲ့ အောင်ပွဲအတွက် သတင်းကောင်းတွေ၊ထုတ်ပြန်ချက်အသစ်တွေလည်းရလာဖို့ရှိပါတယ်။အမျိုးသမီးခေါင်းဆောင်ပိုင်းတွေရဲ့ ကျန်းမာရေးအခြေအနေမကောင်းတာမျိုးတွေလည်းရှိလာနိုင်ပါတယ်။ ငွေရေးကြေးရေးနဲ့စီးပွားရေးကတော့ပြည်ပကုမ္ပဏီတစ်ချို့တွေပြန်လည်ထွက်ခွာသွားဝာမျိုးလည်းရှိနိုင်ပါတယ်။သတင်းဆိုးတွေရောသတင်းကောင်းတွေရောလာမယ့်လလည်းဖြစ်သလို တရားမျှတမှုဟာပြန်လည်ဦးမော့လာဖို့အတွက် ကျနော်တို့စကားသံနဲ့ အောင်ခြင်းခရာသံကိုကမ္ဘာကြီးကကြားရမယ့်အချိန်လို့ပြောမယ်ဆိုရင်မမှားပါဘူး။တစ်ဖက်က လူယုတ်မာတွေကတော့ ဆူးလှည်းကြီးကိုတွန်းနေရင် စိတ်ရော ခန္ဓာပါနာကျင်ရမယ့်အချိန်ဖြစ်လို့ သူတို့ရဲ့ကံဇာတာကျနေချိန်ကိုဘယ်လို အစီအရင်ယတြာတွေကမှကျော်လွန်နိုင်မှာမဟုတ်တော့ပါဘူး။အကြံကောင်းရင်တစ်ချက်ဆိုသလိုမျိုး ထင်မှတ်မထားပေမယ့် အလုပ်ဖြစ်သွားနိုင်တဲ့အရာလေးတွေရှိလာနိုင်ပါတယ်။(အသေးစိတ်တော့မရေးတော့ဘူးနော်) ဒီလမှာတော့ အမျိုးသမီးတွေကျန်းမာရေးညံ့တတ်လို့အထူးဂရုစိုက်ကြဖို့မှာချင်ပါတယ်နော်။ ထင်မှတ်မထားတဲ့သတင်းကောင်းတွေကြားရဖို့လည်းရှိပါတယ်နော်။အဲ့တာကြောင့်အတူတူဆက်အားတင်းထားကြပြီး အဆုံးသတ်တိုက်ပွဲအထိသွားကြစို့လားလို့ပြောရင်း ဆောင်ရန်ရှောင်ရန်လေးတွေ လိုက်လုပ်ပေးကြဦးနော်။ (တစ်ပတ်စာဟောစာတမ်းလေးတွေလည်းပြန်တင်ပေးဖို့ရှိလို့ တစ်လစာကိုအကြမ်းဖျဉ်းပဲရေးပေးလိုက်ပါတယ်နော်) ဆောင်ရန် ☘️တနင်္ဂနွေနေ့မှာ ငှက်တောင်မွှေးလေးတွေကိုအပ်ချည်ကြိုးအနီလေးနဲ့ချီပြီး အိမ်ရှေ့တံခါးဝမှာ ချိတ်ထားပြီး မြန်မာနိုင်ငံရဲ့လွတ်လပ်မှုတွေငြိမ်းချမ်းမှုတွေကျရောက်အောင် ကူညီပေးကြဖို့တိုင်တည်ဆုတောင်းပေးရပါမယ်။(တစ်လလုံးချိတ်ထားရင်ပိုကောင်းတယ်ခင်ဗျာ) ညနေခြောက်နာရီတိုင်းလည်းဖယောင်းတိုင်သုံးတိုင်အမွှေးတိုင်သုံးတိုင်ထွန်းပြီးဖြစ်ချင်တာတွေကိုဆုတောင်းပေးလို့ရပါတယ်။ ကံကောင်းစေမယ့်အရောင်ကတော့ 🧡အဝါနဲ့ အပြာ💙ဖြစ်ပါတယ်။ကံကောင်းစေမယ့် ကိန်းဂဏန်းကတော့ 2 ပါ။ ရှောင်ရန် 🌪️စိတ်ပိုင်းဆိုင်ရာတွေအဆင်မပြေဖြစ်တတ်ကျတဲ့လမို့လို့ မိသားစုတွေသူငယ်ချင်းတွေချစ်သူတွေအပေါ်ကို နွေးထွေးပေးရပါမယ်။စကားကြမ်းကြမ်းတမ်းတမ်းပြောခြင်းများဆဲဆိုကြိမ်းမောင်းခြင်းများကိုရှောင်ကျဉ်သင့်တဲ့လဖြစ်သလို စိတ်တည်ငြိမ်အေးချမ်းအောင်တရားထိုင်သင့်ပါတယ်။ #နိမိတ်ကောင်းတွေတည်ပါစေ #tarot4u

✨အောက်တိုဘာလ အတွက်ဟောစာတမ်း✨ 🃏 ဒီလမှာတော့ ပြည့်သူ့အင်အားစု‌ေတွအနေနဲ့ လုံလောက်တဲ့ ထောက်ပို့အကူအညီ‌ေတွ၊ ပစ္စည်းအသစ်တွေရရှိလာဖို့ရှိနေပါတယ်။ 🃏တစ်ဖက်ကလည်းအင်အားစုအများအပြားကိုသုံးပြီး စစ်ကိုင်းတိုင်းလိုနေရာတွေကိုသိမ်းဖို့ကြံစည်နေသလို ထပ်မံဝင်ရောက်တိုက်ခိုက်ဖို့ပြင်ဆင်နေပြီဖြစ်လို့ နောက်လကတော့ တိုက်ပွဲပိုမိုပြင်းထန်လာဖို့ရှိပါတယ်။ 🃏အပြန်အလှန်ထိခိုက်မှု‌ေတွများတဲ့လဖြစ်ပေမယ့် ဘယ်လိုထိုးစစ်ဆင်ဆင် ခံစစ်ဘက်ကအားသာမယ့်လပါ။၀င်လာသမျှ ခွေးကျကျ မယ့်လဖြစ်လို့ မအလရဲ့ခြင်းကျားစစ်သည်တွေအတွက် စောစောစီးစီးပြေးဖို့တော့အကြံပေးချင်ပါတယ်။(အလှည့်ကျနေပြီမလို့ မ thay ရဲရင်ပြေးကြပါလို့ပြောချင်တာပါ 🤭) 🃏နောက်တစ်ခုက အောက်တိုဘာလအတွက်ဆိုပေမယ့်မကြာခင် နယ်မြေစိုးမိုးမှု‌ေတွသိသိသာသာရလာတော့မယ်ပြည်သူ့အင်အားစုတွေအတွက် ကြိုတင်ဂုဏ်ပြုထားရမလိုပါ။ 🃏အကောင်းတွေကြီးပဲပြောနေတာတော့မဟုတ်ပါဘူးသူ့ဘက်ကိုယ့်ဘက်အကျအဆုံးများမှာမို့အရာရာကိုသတိနဲ့လုပ်ရမယ့်လပါ။ စစ်အကြီးအကျယ်ဖြစ်တဲ့ဧရိယာကျယ်လာလေမအလတို့က တပ်ပျက်လေဖြစ်နေတာမို့အမှန်တရားဘက်ကိုစတင်ချိန်ခွင်လျှာပြောင်းပြီလို့ပြောလို့ရပါတယ်။ 🃏ဒီအချိန်မှာ ညှိနှိုင်းဖို့တွေ ပြန်လျှော့ပေးဖို့တွေနဲ့ ရွေးကောက်ပွဲဘာညာအသံထပ်လွှင့်လာဖို့ ဇော်မဲလုံးနဲ့ အပေါင်းအပါတွေကြံစည်နေပါပြီ။ 🃏လာမယ့်လက ကြီးမားတဲ့အပြောင်းအလဲတွေဖြစ်လာနိုင်ပါတယ်။စကစ တပ်တွင်းမှာလည်းအကြီးပိုင်းတွေ ခွေးနေရာမရတွေဖြစ်လာနိုင်တဲ့နိမိတ်ကိုမြင်ရပါတယ်။ 🃏ဒီလဟာ ပြည်တွင်းစစ်ရဲ့အချိုးအကွေ့တစ်ခုကိုဖော်ဆောင်လာမယ့်နိမိတ်စတင်တဲ့လပါ။ 🃏စကစဘက်က နိုင်ကျဉ်းတွေကိုပြန်လွှတ်ပေးဖို့ တွေလည်းရှိပါတယ်။ 🃏လေယာဉ်ပျံပျက်ကျတာ အကြီးပိုင်းစစ်ခွေး‌ေတွစမုန်တုံးတာတွေလည်းသတင်းကြားရပါမယ်။ 🃏 စကစ ဘက်တော်သားဘဏ်တစ်ချို့ကျဆုံးတာတွေဒေဝါလီခံတာတွေအပြင် စကစအဆောက်အဦ‌ေတွပြိုကျပျက်စီးတာတွေရှိနိုင်ပါတယ်။စကစဘက်က ဘောမဗေဒင်ဆရာတွေရဲ့နာရေးသတင်းတွေလည်းကြားရမယ့်လပါ။ ဆောင်ရန် 🔮 ဘုရားသောက်တော်ရေသုံးခွက်နေ့စဉ်ကပ်ပေးပါ။လမ်းခရီးသွားရင်အကြွေစေ့တစ်စေ့ဆောင်သွားပါ။စိတ်ကိုတည်ငြိမ်အေးချမ်းအောင်တရားထိုင်တာ သမထကျင့်တာလုပ်ပေးရပါမယ်။(စိတ်ဓာတ်ကျတာတွေ that they တာတွေများလာနိုင်တဲ့လမို့စိတ်ကျန်းမာရေးကိုအထူဂရုစိုက်ပါ စိတ်အဆင်မပြေရင် ပညာရှင်တွေ နဲ့တိုင်ပင်‌ေဆွးနွေးပါ) ပန်းအဝါရှစ်ပွင့်ဘုရားမှာဖြစ်ဖြစ်ပန်းအိုးဖြစ်ဖြစ်ထိုးနိုင်ပါတယ်။ကံကောင်းစေတဲ့အရောင်က အပြာရောင်နဲ့ အဝါပါ။ ရှောင်ရန် 📢အစိုးရဌာန‌တွေအနားသွားခြင်းမျိုးဆင်ခြင်ပါ။ဒလန် non cdm နဲ့ ဘောမတွေနားနေခြင်း စခ ရခ ‌ေတွနားသွားလာခြင်းသတိထားပါ။မြေပြိုနိမိတ်တွေ့လို့အမြင့်ပိုင်းနဲ့မြစ်ဝကျွန်းဆွယ်ဒေသတွေ သတိထားပေးပါ။ #အရေးတော်ပုံအောင်ရမည် #နိမိတ်ကောင်းတွေတည်ပါစေ

✨အောက်တိုဘာလ အတွက်ဟောစာတမ်း✨
✨အောက်တိုဘာလ အတွက်ဟောစာတမ်း✨

|ယနေ့အတွက် တစ်နေ့တာ ဟောစာတမ်း| - ဒီနေ့မှာ စိတ်ထဲတွေဝေနေတာတွေ ရွေးချယ်ရခက်တာတွေဖြစ်နေတတ်ပါတယ်။ကိုယ်တကယ်ဆန္ဒရှိနေတဲ့အရာကို ထုတ်ပြပြောဆိုဖို့မဝံ့မရဲဖြစ်နေတတ်ပါတယ်။ - စားနပ်ရိက္ခာနဲ့ပက်သက်တဲ့လုပ်ငန်း၊ FMCG တွေအတွက်ကတော့အရောင်းအဝယ်ကောင်းမယ့်နေ့လို့ပြောလို့ရပါတယ်။ - ရေလမ်းခရီးသွားလာတာမျိုးနဲ့ပက်သက်ပြီးအန္တရာယ်ကြုံနိုင်တဲ့နေ့မလို့ ရေလုပ်သားတွေအနေနဲ့အထူးသတိထားဖို့လိုပါတယ်။ - တိုင်းရေးပြည်ရေးမှာဆိုလည်း စခ တွေကတစ်ဖက်ကိုအယောင်ပြပြီတစ်ဖက်ကို သာလွန်အင်အားနဲ့ဖိတာမျိုးတွေကြုံတွေရတတ်လို့ ပြည်သူ့ရဲဘော်တွေအနေနဲ့သတိထားသင့်ပါတယ်။ - အမျိုးသမီးတွေ အချစ်ရေးကံကောင်းတဲ့နေ့ဖြစ်လို့ ချစ်သူရှိသူတွေကချစ်သူရဲ့ဂရုစိုက်မှုခံရတာတို့လက်ဆောင်ရတာတို့ကြုံရနိုင်သလို Single လေးတွေအတွက်တော့ စန်းပွင့်ပြီးလူချစ်လူခင်များမယ့်နေ့ဖြစ်လို့ ထင်ရှားတင့်တယ်နေမှာပါ။ - ဒီနေ့က ရောင်းဝယ်ဖောက်ကားတာတွေ ဝယ်ရောင်းလုပ်တာတွေ အတွက်လည်းကံကောင်းတဲ့နေ့ဖြစ်ပါတယ်။ ဆောင်ရန်☯ သစ်ရွက်ကလေးသုံးရွက်ကို လက်ကိုင်အိတ်ထဲထည့်ပြီး ဆောင်ထားခြင်းဖြင့်တစ်နေ့တာကံကောင်းခြင်းကိုယူဆောင်နိုင်ပါပြီ။ ဒီနေ့အတွက်ကံံကောင်းစေမယ့်အရောင်က ကြက်သွေးရောင်ပါ။ကံကောင်းစေမယ့်ဂဏန်းက ၃ပါ။ ရှောင်ရန် ❌ ရေလမ်းခရီးသွားတာမျိုးကိုရှောင်ရပါမယ့် ယနေ့မှာ ၈ ဟာကံဆိုးစေတတ်လို့ ၈ ဂဏန်းကျတာတွေကိုသတိထားပါ။

တစ်ပါတ်စာဟောစာတမ်း (နောက်တစ်ပါတ်ကျထပ်တင်ပေးဦးမှာပါ) - ပြည်သူလူထုအနေနဲ့ ကိုယ်လွတ်ရုန်းချင်စိတ်တွေများလာနိုင်တဲ့အချိန်ပါ။ကူကယ်ရာမဲ့သလိုခံစားချက်တွေလည်းဖြစ်နေပါတယ်။ဒါပေမယ့် ကောင်းမွန်တဲ့ ဦးဆောင်မှုတွေ နဲ့တော်လှန်ရေးဟာလှပစွာရှင်သန်လာနေဖို့ရှိပါတယ်။ - တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ပြည်တွင်း/ပြည်ပထောက်ပံ့မှုတွေအဆက်အသွယ်တွေလည်းရလာဖို့ရှိနေပါတယ်။ - တနင်္လာနံမြို့တွေမှာအောင်ပွဲအသစ်တွေရလာဖို့လည်းရှိပါတယ်။ - သံတမန်ရေးရာအောင်မြင်မှုတွေရှိလာဖို့လည်းနိမိတ်ရပါတယ်။ - ဦးစီးဦးဆောင်ကောင်းမွန်တဲ့ လူနဲ့အဖွဲ့အစည်းတွေရဲ့ထင်မထားတဲ့အောင်မြင်မှုတွေကိုမြင်ရမှာပါ။ - ရေကြီးတာမျိုးကထပ်မံသတိထားဖို့လိုပါသေးတယ်။ဗုဒ္ဓဟူးနံ အမျိုးသား/ အမျိုးသမီးတွေကျန်းမာရေးသတိထားဖို့လိုပါတယ်။ - တစ်ချို့သောအဖမ်းအဆီးခံရသူတွေပြန်လွတ်လာဖို့ရှိပါတယ်။ ဆောင်ရန် ☯ နှင်းဆီ ၇ ပွင့်ကို ၇ ရက်တိတိထိုးထားပေးလို့ရပါတယ်။(ဘုရားမှာကပ်လည်းရသလို ဧည့်ခန်းမှာထားလို့လည်းရပါတယ်။)ထိုကဲ့သို့ထိုးထားပြီးပါက မနက် ၆ နာရီတိုင်းထိုနှင်းဆီပန်းများကိုကြည့်ပြီး "အရေးတော်ပုံအောင်ရမည်" ၆ ကြိမ်ရွတ်ဆိုရပါမယ်။ကံကောင်းစေမယ့်အရောင်က ❤အနီရောင်ပါ ကံကောင်းစေမယ့် နံပါတ်ကတော့ ၄ ဂဏန်းပါ။ ရှောင်ရန် 🚫 အချင်းချင်းဝေဖန်ပစ်တင်ဆဲဆိုခြင်းတွေတတ်နိုင်သမျှလျှော့ပေးပါ။ #နိမိတ်ကောင်းတွေတည်ပါစေ #အရေးတော်ပုံအောင်ရမည်

✡ July လအတွက်ဟောစာတမ်း ✡ မနေ့ကတင်မယ်ဆိုပြီး မတင်ပေးဖြစ်လိုက်လို့အခုတင်ပေးလိုက်ပါတယ်။ - ဒီလကတော့ အဆက်အသွယ်ကောင်းအကူအညီကောင်းတွေရမယ့်လဖြစ်သလို ညှိနှိုင်းဆွေးနွေးမှုတွေပေါ်ပေါက်လာမယ့်အရိပ်အယောင်ကိုတွေ့နေရပါတယ်။ -ပြည်သူတွေပဲ လမ်းပျောက်သလိုခံစားချက်တွေဝင်နေတယ်ဆိုပြီးမတွေးပါနဲ့ ဟိုဘက်ကကောင်တွေကဆိုက်ကိုတွေဖောက်ပြီးအရာရာကြောက်နေမယ့်အချိန်မို့ပါ။(သူတို့ရှုံးတော့မယ်ဆိုတဲ့အတွေးမျိုးတွေစဝင်နေသလို အခြေအနေအရပ်ရပ်ကလည်း ဖိအားတွေရနေပါတယ်။) - ဂျူလိုင်လဟာ ပင်ပန်းနေပေမယ့် အားတင်းထားရမယ့်လဖြစ်ပါတယ်။အမောပြေစေမယ့်သတင်းတွေရှိလို့ အကောင်းဆုံးကိုယ်လုပ်နိုင်တာတွေကိုယ်ဆက်လုပ်ရမယ့်လပါ။ - သတင်းမရဖြစ်နေတဲ့တိမ်မြုပ်ပျောက်ကွယ်နေတဲ့ သူတွေ၊ကိစ္စရပ်တွေ ပြန်လည်အောင်မြင်စွာပေါ်ထွက်လာမယ့်အချိန်ဖြစ်သလို ထင်မထားတဲ့သတင်းကောင်းတွေစည်းလုံးညီညွတ်မှုတွေ ပူးပေါင်းတိုက်စစ်ဆင်မှုနဲ့ အကူအညီတွေရလာမယ့်လလည်းဖြစ်ပါတယ်။ -ကိုယ်ပြုခဲ့တဲ့ ကံကြမ္မာ ကိုယ့်ဆီပြန်လာမယ့်လဖြစ်လို့ အကုသိုလ်တုံးတွေအလုံးအရင်း ကြမ္မာငင်မယ့်လဖြစ်ပါတယ် (ဥပမာ Non-CDM နဲ့ဒလန်တွေရဲ့ နာရေးတွေများမဲ့လပါ။) အကုသိုလ်တုံးကြီး မအလ ရဲ့မိသားစုတွင်းပါကျန်းမာရေးထိနိုင်လို့ သတင်းကောင်းလေးမျှော်နေကြစို့လား။ -စကစ ဘက်က စကားအမှားတွေ၊လုပ်ရပ်အမှားတွေကြောင့် အကြီးအကျယ်ထိခိုက်ဖို့ရှိပါတယ်။ - ဒီလမှာ အမျိုးသမီးတွေရဲ့နူးညံ့လှပတဲ့အင်အားပြန်လည်ထွက်ပေါ်လာတဲ့ အချိန်လည်းဖြစ်သလို အကြမ်းဖက်သမားတွေရဲ့ အရှုံးတွေကိုမြင်ရမယ့်လလည်းဖြစ်ပါတယ်။မေတ္တာတရားနဲ့အမှန်တရားရဲ့အင်အားအောက်မှာ ဉာဏ်ပညာကိုအသုံးချပြီးအရာရာကိုအနိုင်ရမယ့်လဖြစ်တယ်လို့ပဲနိဂုံးချုပ်ပါရစေ။ ​ဆောင်ရန် ☯ ကံကောင်းစေမယ့်အရောင်က ရွှေရောင်၊ကြက်သွေးရောင် ဖြစ်ပြီး ကံကောင်းစေမယ့်ဂဏန်းက ၈ ပါ။တနင်္လါနံ တိရိစ္ဆာန်များကိုအစာကျွေးခြင်း၊ဘေးမဲ့လွှတ်ခြင်းဖြင့် ကုသိုလ်ပြုနိုင်ပါတယ်။ ရှောင်ရန် 🚫 နှလုံးသားနဲဉာဏ်ပညာကိုအဓိကထားပြီးအရာရာဆောင်ရွက်သင့်တဲ့လဖြစ်လို့ ဒေါသအလျောက်​ဆောင်ရွက်ခြင်း ဂမူးရှူးထိုးလုပ်ဆောင်ခြင်းကိုရှောင်ရပါမယ်။ #အရေးတော်ပုံအောင်ရမည် #နိမိတ်ကောင်းတွေတည်ပါစေ

ဒီရက်ပိုင်း ဆောင်ရန်ရှောင်ရန်တွေနဲ့ သတိထားစရာများ ‼❓ -ဒီရက်ပိုင်း ညဘက်အိပ်မရတာတွေ...အိပ်မက်ဆိုးမက်တာတွေကြုံလာရတတ်လို့အထူးသတိထားသင့်ပါတယ်။ - ငွေရေးကြေးရေးနဲ့ အလုပ်အကိုင်တွေကတော့အခွင့်အလမ်းအသစ်တွေပြန်ရလာဖို့ရှိပါတယ်။ - သဘာဝဘေးအန္တရာယ်နဲ့ပက်သက်ပြီးလည်းထပ်ကြုံရဖို့ရှိလို့ ဂရုစိုက်ကြဖို့လိုပါတယ်။ - ကျန်းမာရေးပိုင်းကတော့ ဝမ်းရောဂါနဲ့ အအေးမိနှာစေးတာလေးတွေသတိထားပေးရပါမယ်။ - သတင်းအတုအယောင်တွေနဲ့ လိမ်လည်လှည့်ဖျားမှုတွေလည်း ကြုံရမယ့် ရက်ပိုင်းဖြစ်လို့ငွေရေးကြေးရေးပိုင်းတွေမှာရယ်၊နိူင်ငံရေးပိုင်းမှာရယ် အထူးသတိထားဖို့လိုအပ်ပါတယ်။ - မသူတော်တွေမှန်သမျှ ဒုက္ခရောက်မယ့်အချိန်ဖြစ်လို့ ကိုယ်ကျင့်တရားဖောက်ပြားမှုတွေလည်းလူသိရှင်ကြားသိက္ခာချခံရခြင်းမျိုး တွေဖြစ်တတ်ပါတယ်။ - လူတော်တော်များစိတ်ထဲတစ်ခုခုက လှည့်စားထားသလိုခံစားရတာ ကိုယ်တိုင်ယခင်ကမလုပ်ဖူးတဲ့ထူးဆန်းတဲ့အပြုအမူမျိုးတွေလုပ်မိတာမျိုးတွေလည်းဖြစ်လာတတ်ပါတယ်။ - ကိုယ့်ကိုယ်ကို Thet Thay မှုတွေလည်းဒီရက်ပိုင်းအများကြီးဖြစ်နိုင်ပါတယ်။ - စိတ်ပိုင်းဆိုင်ရာ နဲ့ပက်သက်ပြီးပြင်းထန်စွာခံစားရတဲ့ရက်ပိုင်းဖြစ်လို့ ကိုယ်ဝါသနာပါရာလေးအာရုံစိုက်လုပ်ပြီး Healing လုပ်ရမယ့်ရက်ပါပဲ။ ဆောင်ရန် ☯ အိမ်ရှေ့ခြံစည်းရိုးမှာ လေရဟတ်လေးတစ်ခုထိုးထား၊ဆွဲထားပေးပါ။(တိုင်ခန်းနဲ့နေသူတွေကဝါးရံတာမှာလုပ်လို့ရပါတယ်။) ကံကောင်းစေမယ့်အရောင်က 💙 အပြာရောင်ပါ။ ကံကောင်းစေမယ့် နံပါတ်က 6, 2 နဲ့ 9 ပါ။ ရှောင်ရန် ❌ ဒီရက်ပိုင်းအတွင်း ဒေါသကိုထိန်းပြီး စကားအပြောအဆိုနဲ့ စိတ်လိုက်မာန်ပါလုပ်ခြင်း ဆင်ခြင်ပေးပါ။

June လအတွက် တော်လှန်ရေးဟောစာတမ်း‼‼ ဒီလမှာတော့ နိမိတ်ကောင်းတွေရော နိမိတ်အဆိုးတွေရော တစ်ပြိုင်နက်တည်းဖြစ်လာနိုင်ခြေရှိနေတာပါ။အလွန်ဂရုစိုက်ရမယ့်ကိစ္စတွေလည်းရှိနေလို့ ဆောင်ရန်/ ရှောင်ရန်နဲ့ ဖြစ်လာနိုင်တာတွေအဓိကထားရေးပေးလိုက်ပါတယ်။ - ပထမအချက်အနေနဲ့ပန်းပဲဖိုမှာ ဓားပြုလုပ်သလို သံပူခိုက်မှာ အားစိုက်ပြီး လုပ်ဖို့လုပ်အားအများကြီးလိုအပ်နေမှုကိုမြင်ပါတယ်။အဖက်ဖက်က အခက်အခဲတွေပိုများလာပြီး ပြည်သူတွေအတွက်ဖိအားတွေများလာပေမယ့် အရှိန်လျှော့လိုက်လို့မရတဲ့အနေအထားပါ။တစ်ဖက်ကလည်းအစွမ်းကုန်ယုတ်မာဖို့ သေချာနေတာမို့် ရန်/ငါ ပြတ်အောင်ကြိုးစားပြီး တိုက်ပွဲကိုအဆုံးထိသွားရမှာပါ။ - မကြာမီကာလမှာ တစ်ချို့သော ဆုံးနိမ့်မှုတွေနဲ့သတင်းဆိုးတွေကိုကြားရနိုင်ပါတယ်။ကိုယ့်ဘက်ကလူတွေအများကြီးကျဆုံးရဖို့လည်းရှိသလို တစ်ဖက်ကလည်း အကျအဆုံးများမဲ့အနေအထားမျိုးပါ။သူလျှိုတွေ ဒလန်တွေရဲ့ရန်ကိုလည်းသတိထားဖို့်လိုပါတယ်။ကိုယ်မထင်ထားတဲ့လူထဲကလည်း တော်လှန်ရေးကို ပုံဖျက်ဖို့အစီအစဥ်ချထားတာကိုသိလာရနိုင်ပါတယ်။ ကြာသပတေးနာမ်တွေအတွက်တော့ အထူးဂရုစိုက်ရမယ့်လဖြစ်လို့အရာရာသတိထားပေးကြပါ။ - ပြည်သူတွေခံစားနေရတာတွေရေးရရင်တော့ လက်ရှိအနေအထားမှာရှုံးနိမ့်နေသလိုခံစားနေရပြီး စိတ်ရှုပ်ထွေးမှုတွေနဲ့ရင်ဆိုင်နေရတတ်ပါတယ်။ဒါပေမယ့် အဆက်အသွယ်ကောင်းနဲ့ သတင်းကောင်းတွေလည်းကြားရဖို့ရှိသလို ပြည်သူတွေဘက်ကတရားဝင် အနိုင်ရလာနိုင်တဲ့ ကိစ္စရပ်မျိုးတွေနဲ့တစ်ဖက်က လက်နက်ချတာ အညံ့ခံရတာတွေများလာမယ့်နိမိတ်လည်းရှိလို့ အားမငယ်ဖို့အားတင်းထားဖို့လည်းမှာချင်ပါတယ်။ - နောက်ဆုံးအနှစ်ချုပ်အနေနဲ့က စကစ အတွက်အချိန်နည်းနေသလို မမြင်နိုင်တဲ့အင်အားတွေရဲ့ထိုးစစ်ကိုခံနေရမှာမို့လို့ တပ်အကြီးအကျယ်ထပ်ပျက်ဖိုရှိနေသလို လက်ရှိတပ်နဲ့ပက်သက်တဲ့မိသားစုတွေကအစ ကြမ္မာငင်ပြီးအရာရာလွဲချော်ဆုံးရှုံးရမယ့်လလို့ပြောရင်မမှားပါဘူး။အင်အားကြီးတဲ့အမှောင်ဓာတ်တစ်ခုရဲ့ ဝိညာဥ်ဆိုးတွေကိုလာခေါ်တဲ့အချိန်မို့်လို့ အကုသိုလ်တွေအလုံးနဲ့အရင်းနဲ့ဝင်မှာပါ။စကစနဲ့ပက်သက်သူမှန်သမျှအကြီးအကျယ်ရှုံးနိမ့်မယ့်လလို့်ပြောလို့ရပါတယ်။ ဆောင်ရန် ☯ ဖယောင်းတိုင် သုံးတိုင်ကို ညနေ ငါးနာရီတိုင်း ထွန်းပြီး "အရေးတော်ပုံအောင်ကိုအောင်ရမည်" ဟုကြွေးကြော်ပေးပါ။ကံကောင်းစေမယ့်အရောင်က အနီရောင်❤ နဲ့ 💛 အဝါရောင်ဖြစ်ပါတယ်။ကံကောင်းစေမယ့် ဂဏန်းအက္ခရာက ၆ ပါ။ ရှောင်ရန် 🚫 တော်လှန်ရေးနိုင်မယ့်ယုံကြည်မှုလျှော့နည်းတာမျိုးကိုရှောင်ရပါမယ်။နိူင်ကိုနိူင်ရမယ်ဆိုတဲ့စိတ်မွေးပြီးကိုယ်လုပ်နိုင်သမျှကိုယ်လုပ်ရမယ့်အချိန်ပါ။ခိုးတာ၊လုယက်တာ၊အကြမ်းဖက်တာတွေပိုများလာနိုင်တာမို့လို့် ညရေးညတာအသွားအလာဆင်ခြင်ကြပါ။ Telegram channel 👉t.me/tarot4uchannel #နိမိတ်ကောင်းတွေတည်ပါစေ #အရေးတော်ပုံအောင်ရမည်

နိူင်ငံရေးတွေ မဟောတော့ဘူးလား လာလာမေးနေကြလို့ ဟောမှာပါဗျ လက်ရှိကနေရာအရွှေ့အပြောင်းနဲ့မို်လို့ပြန်အထိုင်ကျအောင် ကြိုးစားနေရလို့ပါဗျ။အားလုံးကိုသတိရပါတယ်နော် 😘

Tarot for you မှာ အခုပဲ appointment ယူပြီးတိုင်ပင်ဆွေးနွေးလိုက်ပါ ‼ Tarot4u မှာလာရောက်ဆွေးနွေးလို့တဲ့အခါ နွေးထွေးမှု၊စိတ်လုံခ
Tarot for you မှာ အခုပဲ appointment ယူပြီးတိုင်ပင်ဆွေးနွေးလိုက်ပါ ‼ Tarot4u မှာလာရောက်ဆွေးနွေးလို့တဲ့အခါ နွေးထွေးမှု၊စိတ်လုံခြုံမှု နဲ့ အနာဂါတ်ရဲ့အဖြေတွေကို သင့်ရဲ့စိတ်ချရတဲ့ မိတ်ဆွေလိုသူငယ်ချင်းလိုမိသားစုလို ရင်းနှီးစွာဖြင့် ဆွေးနွေးတိုင်ပင်ပေးနေပါတယ်နော်။ စကြာဝဠာရဲ့ပေါများတဲ့အစွမ်းတွေက သင့်ကိုအခွင့်အလမ်းပေးရန် လက်တစ်ကမ်းတင်မို့လို့ အဲ့ဒီ့အခွင့်အလမ်းများကိုတံခါးဖွင့်ပေးရန် စိတ်ဝိညာဉ်ပိုင်းအကြံဉာဏ်များနှင့် နိမိတ်များရယူရန်အတွက် Tarot4u မှာအခုပဲ ရက်ချိန်းယူလို့ရပါပြီနော် 🙏 Tarot Ragnar Sirus

ဒီ Channel မှာလည်းကျနော်အပါအဝင်တခြားလောကီဆရာတွေရဲ့တော်လှန်ရေးဟောစာတမ်းတွေပါတင်မှာမို့လို့ Subscribe လုပ်ပေးကြဦးဗျ 🙏

RebelliousOcculists🤟 official telegram of တော်လှန်ရေးလောကီပညာရှင်များ page https://t.me/rebelliousocculists

|တော်လှန်ရေးရဲ့လက်ရှိအခြေအနေ| - ပြည်သူဘက်ကအလုံးစုံသောမမြင်နိုင်တဲ့အင်အားတွေထပ်မံပူးပေါင်းပါဝင်လာသလို ညီညွတ်မျှတတဲ့ ပူးပေါင်းဆောင်ရွက်မှုအသစ်တွေဖြစ်ပေါ်လာဖို့လည်းရှိပါတယ်။ -သွေးစည်းညီညွတ်မှုရဲ့အကျိုးရလာဒ်ကိုခံစားကြုံတွေ့ရမယ့်အချိန်ဖြစ်သလို ထူးခြားတဲ့ပြောင်းလဲခြင်းတွေ ကောင်းသောနိမိတ်တွေပေါ်ထွန်းလာဖို့လည်းရှိပါတယ်။ - စကစ ဘက်မှာဆိုရင်တော့ မအလကြင်စိုးရဲ့အုပ်ချုပ်မှုကိုမေးခွန်းထုတ်ပြီး ဖရိုဖရဲအခြေအနေတွေကိုထိန်းဖို့အချင်းချင်း ဆွဲစုတ်ပစ်ဖို့တွေရှိနေတာပါ။ |ရှေ့ဆက်ဘာတွေဖြစ်လာနိုင်လဲ?| - တစ်ခုရှိနေတာကပြည်သူတော်တော်များများတော်လှန်ရေးအပေါ်မှာအားလျော့တဲ့စိတ်တွေဝင်နေသလို လက်ရှိခက်ခဲနေတဲ့ ပညာရေး၊စီးပွားရေး၊လူမှုရေးနဲ့ ငွေရေးကြေးရေးကိစ္စရပ်တွေကြားမှာစိတ်ပျက်လက်ပျက်ဖြစ်နေကြတာပါ။အထူးသဖြင့် အမျိုးသားတွေမှာပိုပြီးငြီးငွေ့စိတ်တွေဝင်နေတာတွေ့ရပါတယ်။တောင်တွေပြိုကျတာတို့မြေပြိုတာတို့လိုနိမိတ်တွေအပြင် လမ်းခရီးသွားရင်းကားမှောက်တာ မတော်တဆကိစ္စတွေဖြစ်တာမျိုးတွေများလာနိုင်ပါတယ်။ငြီးငွေ့နေတဲ့စိတ်ကိုဖြေဖျောက်ပြီး တော်လှန်ရေးကိုအပြည့်အဝအားပြန်စိုက်ကြဖို့မှာချင်ပါတယ်။တစ်ဖက်ကထောက်တိုင်တွေယိုင်နဲ့နေပြီဖြစ်လို့ ရှိသမျှအားအကုန်စိုက်ထည့်ဖို့ပိုလိုအပ်နေတာပါ။ |မြန်မာပြည်သူတွေဘာတွေခံစားနေပြီး ဘာဆက်ဖြစ်လာနိုင်လဲ?| ရောဂါကပ်ကလည်းပြန်ဖြစ်ဦးမယ့်နိမိတ်ရှိနေသေးသလို အဲ့လိုဖြစ်ပြီးရင်လည်းရောင်နီလာတော့မယ့်အရိပ်အယောင်ဟာပိုနီးစပ်လာပြီပြောရပါမယ်။ဟိုဘက်ကကောင်တွေကတော့ မုန့်ဟင်းငါးထပ်ချက်ရဖို့ ငှက်ပျောပင်တွေများများစိုက်ရဦးမယ့်နိမိတ်ကိုလည်းထပ်ရပါတယ်။သေမင်းဟာသူ(စစ်ခွေး) တို့အိမ်တံခါးဝကိုရောက်နေပြီလို့ပြောချင်ပါတယ်။ |မအလ ကြင်စိုးနဲ့ သူ့ဘောမများ ဘယ်လိုတပ်ပျက်လဲ?| ဘယ်လိုဖြစ်ဖြစ် ကြင်စိုးကြောင့်သူတို့မုန့်ဟင်းခါးတွေဖြစ်ရတယ်ဆိုပြီး အရာရာကိုကြင်စိုးကိုပုံချနေသလို အုပ်ချုပ်ရေးယန္တရားမှာပြသနာရှိနေတယ်ဆိုတဲ့သံသယတွေအပြည့်ဝင်နေပါတယ်။တပ်နဲ့ပက်သက်သမျှအသိုင်းအဝိုင်းတွေနဲ့ Non CDM ဘောမတွေအကုန်ကံအညံ့ထဲရောက်နေပြီးသူတို့နဲ့ပက်သက်ရာပက်သက်ကြောင်းတွေကို နတ်တွေနဲ့ မမြင်နိုင်တဲ့အင်အားတွေက စတင် Boycott နေပြီဖြစ်လို့ လာဘ်လာဘရော၊ပီယအပြင် အကောင်းမှန်သမျှမရှိတော့တဲ့အချိန်ရောက်နေပြီပြောရပါမယ်။(ဥပမာပေးရရင် သာမန်ဆေးသောက်လို့ပျောက်မယ့်တုပ်ကွေးလိုရောဂါမျိုးဖြစ်ရင်တောင်အသက်သေဆုံးကြရမယ့်အနေအထားပါ။) |နောက်တစ်လအတွင်း ဘာတွေဖြစ်လာနိုင်လဲ| လာမယ့်လကတော့ ထူးခြားတဲ့လတစ်လဖြစ်သလိုနိမိတ်ကောင်းတွေအများကြီးတည်တဲ့လလို်ပြောချင်ပါတယ်။ပြည်သူ့ အင်အားစုတွေအားလုံးရဲ့လားရာဟာတူညီသွားသလို အားလုံးစုစည်းပြီး ကြီးမားတဲ့တစ်စုံတရာဖြစ်ပေါ်လာဖို့ရှိပါတယ်။ငါးလပိုင်းဟာ တော်လှန်ရေးရဲ့ တစ်ဆစ်ချိုးပြောင်းလဲခြင်းကိုဖော်ဆောင်မယ့်လဖြစ်လာလိမ့်မယ်လို့်ပဲ အကြမ်းဖျဥ်းပြောပါရစေ။ ဆောင်ရန် ☯ သော့တံ (Key) နှစ်ချောင်းကို ကြတ်ခြေခတ်သဏ္ဍန်ထားပြီး ဘေးပက်ပက်လည်မှာ ဖယောင်းတိုင်သုံးချောင်းထွန်းပြီး "ကောင်းသောပြောင်းလဲခြင်းတွေဖြစ်လာပါစေ"ဟု ညနေ ငါးနာရီမှာ ဆုတောင်းပါ။လက်ရှိအချိန်အတွက်ကံကောင်းစေသောအရောင်မှာ အနီနဲ့အဝါဖြစ်ပြီး ကံကောင်းစေသော ဂဏန်းများမှာ ၅၊၂၊၁ ဖြစ်ပါတယ်။ ရှောင်ရန် 🚫 သက်ဆိုင်ရာဒေသခံအဖွဲ့အစည်းတွေရဲ့သတင်းထုတ်ပြန်ချက်တွေကိုလိုက်နာပြီးအသွားအလာဆင်ခြင်ပါ။စခနဲ့ရခ တွေနားမှာနေခြင်းတတ်နိုင်သမျှရှောင်ပါ။ပြေးနေရှောင်နေသူများ ဒလန်အထူးသတိထားပါ။ Tarot4u telegram channel👉 t.me/tarot4uchannel #tarot4u #နိမိတ်ကောင်းတွေတည်ပါစေ #အရေးတော်ပုံအောင်ရမည်

နှစ်ဆန်းတစ်ရက်နေ့ မြန်မာနှစ်သစ် Promotion ‼ ဒီနေ့ Booking လာယူထားသူတွေ ဘယ် Serivice အတွက်မဆို 30% လျှော့ပေးပါတယ်။မေးတာတော့ဘယ်
နှစ်ဆန်းတစ်ရက်နေ့ မြန်မာနှစ်သစ် Promotion ‼ ဒီနေ့ Booking လာယူထားသူတွေ ဘယ် Serivice အတွက်မဆို 30% လျှော့ပေးပါတယ်။မေးတာတော့ဘယ်နေ့လာမေးမေးရပါတယ်။ ဥပမာ Personal tarot reading ဆို 10000MMK ကို 7000 MMK နဲ့ဟောပေးမှာပါ။ အစောဆုံး Booking လာယူတဲ့ ၇ ယောက်ပဲရမှာနော်။ (Service တွေကို Pinned post မှာကြည့်ပါ။)

မြန်မာ နှစ်သစ်မှာ Tarot for you ရဲ့ Services တွေအပြောင်းအလဲရှိလို့ပြန်တင်ပေးတာပါ။🤗 1) |Personal tarot reading & Special fortune reading| အထက်ပါနှစ်ခုမှာ Personal tarot reading အတွက်က ပုံမှန်ယူနေကျဉာဏ်ပူစော်ခ 10000 MMK ပဲကျသင့်မှာဖြစ်ပြီး Special fortune reading ကတော့ Oracle အဟောတွေ Zodiac sign တွေ Birthchart တွေအကုန်ကြည့်ဟောပေးလို့ 15000MMK ကျသင့်မှာပါ။ 2) | Soul healing & Relationship healing theraphy | အထက်ပါနှစ်ခုအတွက်ကတော့ ပုံမှန် Service fees 40000MMK ယူပေမယ့် လာမယ့်မြန်မာနှစ်သစ်အတာသင်္ကြန် အတွက်ကို 30000MMK ယူပါတယ်။(နှစ်ဆန်းတစ်ရက်နေ့အထိအကြုံးဝင်ပါမယ်) 3)|Ask a question[Tarot reading & oracle reading]| အမှတ်စဥ် 3 အတွက်ကတော့ မေးခွန်းတစ်ခုကို ယခင် fees အတိုင်း 4000MMK ပဲယူပါတယ်။ 4) |Customized Ritual, Sigils & potions making | ဒီ Service အတွက်ကတော့ လိုအပ်တဲ့ ဓာတ်တွေ၊နတ်တွေ၊ Gods တွေ energy တွေပြင်ဆင်ရလို့ 30000MMK~100000MMK အထိကျသင့်မှာဖြစ်သလို အစီအရင်လုပ်လို့ရမရ နိမိတ်စစ်ဆေးပြီးမှလက်ခံပေးမှာဖြစ်ပြီး အဆင်မပြေမချင်း ဓာတ်တိုးအစီအရင်များ ထပ်မံပြုလုပ်ပေးသွားမှာပါ။ 5) | Personal rune reading & Fortune rune telling | ဒါကတော့ Runes တွေနဲ့ အနာဂါတ်ကိုနိမိတ်ဖတ်ပေးတဲ့အစီအစဥ်ဖြစ်လို့ တိကျပြတ်သားတဲ့နိမိတ်တွေ အနာဂါတ်လမ်းကြောင်းတွေကိုအကြံပေးဆွေးနွေးပေးတာပါ။ Fees က 30000MMK ကျသင့်ပါမယ်။ 6)| ဝိညာဉ်ခေါ် ယူမေးမြန်းခြင်း| ဒါကတော့ မကျွတ်မလွတ်သေးသောဝိညာဉ်များ မိမိအနီးတဝိုက်တွင်ရှိသော မမြင်နိူင်သည့်အမှောင့်ပယောဂများ ထံမှသတင်းစကားများ နဲ့ပက်သတ်ပြီးမေးမြန်းဆွေးနွေးနိုင်ပါတယ်။(ဒီ Service အတွက် ညစဥ် ၉ နာရီနောက်ပိုင်းမှဆွေးနွေးပေးပါတယ်) Fees က 35000MMK ယူပါတယ်။ အထက်ပါ Services များအတွက်ကြိုတင် Booking ယူပေးရမှာဖြစ်ပြီး Messenger မှဖြစ်စေ 09941193718 မှဖုန်းဆက်ပြီးဖြစ်စေ Booking ယူပေးနိုင်ပါတယ်။Booking ချိန်မစခင်အနည်းဆုံး တစ်နာရီကြိုတင်ငွေလွှဲပေးရပါမယ်။(တစ်နာရီမှကြိုမလွှဲထားရင် Cancel ဖြစ်ပါမယ်) Services အသစ်များရှိခဲ့ရင် edit လုပ်ပေးပါ့မယ်။ Tarot Ragnar Sirus