en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

Millimetre - Structural Consultants

Millimetre - Structural Consultants

Open in Telegram

Engr Aung Myat Thu

Show more
5 724
Subscribers
-324 hours
-37 days
+830 days
Posts Archive
🎁 ဗဟုသုတဒါန 🎁 ဆရာကြီးဦးညီလှငယ်ရဲ့ Refresher Course and Field Reference Manual for Inspectors & Site Engineers စာအုပ်လေးဟာ.. ကျောင်းဆင်းခါစ Fresh Graduate လေးတွေကနေစပြီး လုပ်ငန်းခွင်ထဲရောက်ခါစ Civil Engineer လေးတွေအထိ မဖြစ်မနေ ဖတ်ကြဖို့ စီနီယာတွေ ညွှန်းကြတဲ့ စာအုပ်ကောင်းတွေထဲက တစ်အုပ်ဖြစ်ပါတယ်။ တကယ်ဖတ်ရတဲ့ ... Chapter က A to F ထိပါပဲ။ စာမျက်နှာ ၁၀၀ ကျော်ပဲရှိတော့ စာဖတ်ပျင်းတဲ့ကလေးတွေအတွက်၊ လိုရင်းတိုရှင်းသိချင်သူတွေ အတွက် .. အဓိကအချက်တွေကိုပဲ Simplified လုပ်ပြီး Note ထုတ်ပေးထားတဲ့ .. စာအုပ်ကောင်းလေးပါပဲ။ 📝 ဒီအခန်းတွေ အားလုံးကို ကျနော်နားလည်သလောက် ပြန်ရှင်းပြထားပါတယ်။ #ChapterA Structural Specifications for RC structures (pg.1-16) Chapter A က Chapter B, C, D ကိုလေ့လာဖို့ intro ၀င်ထားတာပါ။ သူ့ရဲ့နောက်ဆက်တွဲ Deeply ဆက်လေ့လာရမှာက Arthur H.Nilson ရဲ့ Bond, Anchorage and Development Length အခန်းရှိမယ်။ #ChapterB Ordinary & Seismic Detailings of RC structures (pg. 17-32) Chapter B ကတော့ စာအုပ်ရဲ့ ဦးတည်သူတွေဖြစ်တဲ့ Site Engineer တွေရော Inspectors တွေရော မဖြစ်မနေ နားလည်အောင် ဖတ်ရမယ့်အခန်းပါ။ နောက်ဆက်တွဲလေ့လာရမှာက ACI-318-14 (Chapter 18- Earthquake Resistant Structures) ပါ။ #ChapterC Inspection (pg. 33-70) Chapter C ရဲ့ နောက်ဆက်တွဲလေ့လာသင့်တာကတော့ CQHP guidelines တွေပါ။ #ChapterD Concrete Quality Control (pg.71-76) Chapter D ရဲ့ မူရင်းဇစ်မြစ်ကတော့ PCA ကထုတ်တဲ့ Design & Control of Concrete Mixtures ရဲ့ CHAPTER 9- အခန်းပါ။ ဒါက YTU မှာ သင်ကြားတဲ့စာအုပ်လဲဖြစ်ပါတယ်။ #ChapterF Soils & Foundations (pg.97-112) Chapter F - ကတော့ ဖတ်ပေမယ့်လည်း နားလည်ရခက်တဲ့ အခန်းထင်ပါတယ်။ ဒီအခန်းကိုတော့ နားလည်လွယ်အောင် အခြေခံကစပြီး ရှင်းပြထားပါတယ်။ Soils & Foundation စိတ်၀င်စားတဲ့သူတွေ Deeply ဆက်လေ့လာချင်ရင်တော့ Braja M.Das ရဲ့ Principles of Foundation Engineering စာအုပ်ရှိပါတယ်။ #ChapterE – Steel Construction ကိုတော့ သီတင်းကျွတ်ပိတ်ရက်ပြီးရင် page မှာထပ်တင်ပေးသွားပါမယ်။ 🔎 မှတ်မှတ်ရရ ပထမဆုံးလစာရတဲ့ ရက်မှာ MES(Taunggyi) ကိုရောက်သွားတော့ ဆရာဦးရဲခေါင်က ကိုယ့်၀င်ငွေရဲ့ 10 % ကိုပညာရပ်မှာ ပြန်ပြီး ရင်းနှီးမြုပ်နှံဖို့ guideline ပေးခဲ့တယ်။ အဲ့ဒီနေ့မှာပဲ ကျနော်အင်ဂျင်နီယာအဖြစ် ပထမဆုံးရတဲ့ လစာနဲ့ ၀ယ်ဖြစ်ခဲ့တာ ဒီ Refresher Course စာအုပ်လေးပါပဲ။ 🔎 ဒီစာအုပ်ရဲ့ Preface မှာ ဆရာဦးညီလှငယ် က ဒီစာအုပ်ဖြစ်လာဖို့ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းထည့်ရေးထားတဲ့ Ma Nan Kay Zar Wint ဆိုတဲ့နာမည်လေးတွေ့ပါမယ်။ ၂၀၁၄ တုန်းက မနန်းကေဇာ၀င့် ကိုယ်တိုင် ကျနော်တို့ တောင်ကြီးမှာ အမြင့်ဆုံးဖြစ်တဲ့ ၁၈ ထပ် project ရဲ့ Bored Pile Foundation ကို Structural Inspection လာရင်းနဲ့ တောင်ကြီး (MES) က young engineer တွေကို ဒီစာအုပ်လေးရဲ့ Chapter A နဲ့ B အပိုင်း လာသင်ပေးခဲ့ဖူးပါတယ်။ ဂုဏ်ယူစွာနဲ့ အမျိုးစပ်ရရင် Pioneer - Structural Design Group က ‘မနန်း’ ဆိုတာ ကျနော်တို့ရဲ့ TU တောင်ကြီး + မိတ္ထီလာ ကျောင်းဆင်းတစ်ယောက်ပါ။ 😊 📚 အေးသာယာ/တောင်ကြီး (GIT/GTC/ TU) ကျောင်းဆင်း ကျောင်းသားဟောင်းတွေ စုစည်းပြီး TU-Taunggyi က 2016-2017 (4BE, 5BE) ကျောင်းသားကျောင်းသူတွေကို တစ်ယောက်တစ်အုပ်စီ ၁၈ သိန်းဖိုးတိတိ လှူဒါန်းဖြစ်ခဲ့ကြတာလဲ ဒီစာအုပ်နဲ့ပတ်သက်တဲ့အမှတ်တရတစ်ခုပါပဲ။ အဲ့ဒီလို စာအုပ်တွေ လှူတဲ့နေ့က စီနီယာတစ်ယောက်က ပြောခဲ့ပါတယ်။ “စာအုပ်တွေတော့ လက်ထဲရောက်အောင် လှူပြီးပြီ .. ကလေးတွေနားလည်ဖို့လဲ ကိုအောင်မြတ်သူကပဲ တာ၀န်ယူပြီး ဆက်ရှင်းပြပေးပါအုံး” တဲ့။ အဲ့ဒီကတည်းက ကျနော့်စိတ်ထဲမှာ စီနီယာကပေးတဲ့ တာ၀န်ရှိနေခဲ့တယ်။ ကျောင်းပြီး ၄ နှစ်လောက်နေမှ ဒီစာအုပ်ထဲက အကြောင်းအရာ အကုန်လုံးကို ဥာဏ်မှီလာတာပါ။ Covid 19 ကာလအတွင်း အိမ်တွင်းပုန်း လေ့လာလိုသူများ Facebook playlist ရှာရမလွယ်ရင် Youtube မှာ အသစ်ပြန်တင်ထားပါတယ် 📹 Playlist Link : You-Tube millimetretaunggyi@gmail.com https://www.youtube.com/channel/UCIo8QplZ6mSZBykErkmhw7g မျှဝေတယ်ဆိုတာ မင်္ဂလာတစ်ပါးပါ။ Aung Myat Thu (SYE) Millimetre - Training & Design Group

Junior Designer များအတွက် (၂) ကျနော်ကတော့ ETABS ကို Analysis အတွက်ကူဖို့ပဲသုံးပါတယ် ... Design ပိုင်းကိုတော့ မိမိဘာသာလုပ်ပါတယ် .. ဥပမာ - အလွယ်ဆုံးကိစ္စလေးဖြစ်တဲ့ First stirrup (or) First tie ကွင်းတွေဟာ s/2 spacing မှာ ရှိသင့်တယ်ဆိုတာမျိုးကို ETABS က Detailing မလုပ်ပေးနိုင်ပါဘူး ... (Engineer ကမိမိဘာသာမိမိသိထားရပါမယ်) Grid line တစ်ခုထဲမှာ ဆုံနေတဲ့ Beam ၂ ခုရဲ့ steel တွေဟာ .. 16mm ဖြစ်လိုက်၊ 20mm ဖြစ်လိုက် Top bar ချင်းအတူတူ တဖက်က 3-16mm တဖက်က 4-18mm ပေးရင် Construction မှာ ခက်ခဲတယ်ဆိုတာမျိုးကို ETABS က လူလိုနားမလည်နိုင်ပါဘူး ... (Engineer ကမိမိဘာသာမိမိသိထားရပါမယ်) Building မှာ Steel Main Beam တွေကို 100mmx75 mm လောက်ထိသေးသုံးရင် Connection design မှာ bolt တွေအရမ်း too close ဖြစ်ပြီး pass မဖြစ်နိုင်ဘူးဆိုတာ ETABS က ကြိုတင်နားမလည်နိုင်ပါဘူး ... (Engineer ကမိမိဘာသာမိမိသိထားရပါမယ်) Model မှာ Pin support တပ်ထားပေးမယ့် အပြင်မှာ Soil Test စမ်းလား/ မစမ်းလား .. မြေကြီးက ကောင်းလား/ ဆိုးနေလားဆိုတာ Settlement ကထင်တာထက်ပိုဖြစ်နိုင်လားဆိုတာ .. ETABS က ကြိုတင်နားမလည်နိုင်ပါဘူး ... (Engineer ကမိမိဘာသာမိမိသိထားရပါမယ်) Level down တာတွေက စပြီးတော့ Sunshade လေးတွေထွက်တာမျိုး ... Composite Cladding တွေလုပ်မှာမျိုး ... Eave Projection တွေ ထွက်တာမျိုး .. Stair riser ဝေရာမှာ တထစ်လောက်လိုရင် Plain concrete နဲ့လောင်းပြီးဖန်တီးယူတာမျိုး .. အစရှိတဲ့ Architectural Requirement တွေကို ETABS ထဲမှာ လက်တွေ့နဲ့ အသေးစိတ်တူအောင် လုပ်လို့မရပါဘူး၊ သူက Drawing software မဟုတ်ဘူး (Engineer ကမိမိဘာသာမိမိသိထားရပါမယ်) ETABS နဲ့အစအဆုံးအကုန်ရမယ်ထင်နေရင် အတွေးမှားနေပြီလို့သာပြောပါရစေ .. Aung Myat Thu Millimetre-Training & Design Group With good engineering judgment, you can produce on the back of an envelope that which otherwise cannot produce with a ton of computer output. Anonymous Circa, 1974

Company Name: Hillman Land Company Position: Junior Structure Designer Location: Head Office, Yangon Key Responsibilities • S
Company Name: Hillman Land Company Position: Junior Structure Designer Location: Head Office, Yangon Key Responsibilities • Structural Analysis & Design: • Foundation & Geotechnical Integration:

သူများနိုင်ငံတွေက Code တွေ Update လုပ်ပုံကိုသိဖို့ပါ .. လက်တစ်ဝါးစာ လူ ၁၀ ယောက်/၂၅ ယောက်လောက်နဲ့လုပ်တာမဟုတ်ပါဘူး .
သူများနိုင်ငံတွေက Code တွေ Update လုပ်ပုံကိုသိဖို့ပါ .. လက်တစ်ဝါးစာ လူ ၁၀ ယောက်/၂၅ ယောက်လောက်နဲ့လုပ်တာမဟုတ်ပါဘူး .

ပညာရဲ့တန်ဖိုးကိုသိစေချင်ရုံပါပဲ … စာမျက်နှာ ၁၀ မျက်နှာလောက်ပဲပါတဲ့ ဒီလို Paper တစ်စောင်ဟာ .. USD – 60 လက်ရှိမြန်မာငွေနဲ့ဆိုရင
ပညာရဲ့တန်ဖိုးကိုသိစေချင်ရုံပါပဲ … စာမျက်နှာ ၁၀ မျက်နှာလောက်ပဲပါတဲ့ ဒီလို Paper တစ်စောင်ဟာ .. USD – 60 လက်ရှိမြန်မာငွေနဲ့ဆိုရင် ၂ သိန်းခွဲလောက် ပေးဝယ်ပြီးမှ ဖတ်လို့ရပါတယ် … ဒါပေမယ့် နိုင်ငံတကာမှာတော့ Institutional / University Access ရှိရင် ကျောင်းသားဆိုရင် Free Access ရပါတယ် .. ဒီ Paper လေးကတော့ ကျွန်တော်တို့ Free Access မရှိတဲ့အတွက် .. ဂျပန်က အသိအင်ဂျင်နီယာကျောင်းသူလေးတစ်ယောက်ကို အကူအညီတောင်းပြီးမှ ဖတ်ခွင့်ရပါတယ် ….. ဒါပါပဲ .. ပညာဆိုတာ … အခမဲ့ မဟုတ်ဘူး (or) ဈေးမပေါဘူး ဆိုတာလေး သတိကပ်မိစေချင်ရုံပါပဲ … Engr. Millimetre

Partial Isolation တော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ် … Seismic Isolation ကို အဆောက်အဦတစ်လုံးလုပ်တာမျိုး မဟုတ်ပဲ၊ အခန်းတစ်ခန်းစ
+3
Partial Isolation တော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ် … Seismic Isolation ကို အဆောက်အဦတစ်လုံးလုပ်တာမျိုး မဟုတ်ပဲ၊ အခန်းတစ်ခန်းစာပဲ လုပ်တဲ့ Case Study ပါ … အဆောက်အဦတစ်ခုလုံးကို လုပ်ရင်စျေးကြီးမယ် …. အခန်းတစ်ခန်းစာပဲ လုပ်ရင် သက်သာမယ်ပေါ့ … Research Idea လေးကမိုက်တယ် … ဒါပေမယ့် .. ဘယ်လို Modeling လုပ်မလဲ? Building တစ်ခုလုံးထဲမှာ Room တစ်ခုထဲကိုပဲ ဘယ်လိုကွက်ပြီး Isolation လုပ်မလဲ ? သိချင်ရင်တော့ စာဖတ်ပါ … မဝယ်ရပါဘူး .. open source ဖြစ်ပါတယ် … Isolation System တွေအတွက် အရေးကြီးတဲ့ Pulse-like Ground Motion တွေနဲ့ လုပ်ပြထားတယ် .. 12.10.2026 Seismic Isolation Notes Telegram Channel: https://t.me/millimetretraining Millimetre - Training & Design Group

Contact Us:
Contact Us:

🚨Japan ကို BIM ပိုင်းနဲ့သွားဖို့ ပြင်ဆင်နေတဲ့သူတွေအတွက်ပါ … BIM オペレーター (BIM Operator) Project Based Learning Course လေး Batch 04 Training တန်းလေးဖွင့်ပါမည်။ #Batch_04 #Revit #project_base_training 🧑‍💻 BIM オペレーターOperator ရာထူးနဲ့ Engineer တစ်ယောက်အနေနဲ့ ပုံဆွဲတတ်ရုံ အပြင်…. Project တစ်ခုကို Management လုပ်နိုင်ချင်သူတွေ 🧑‍💻 siteက လာတဲ့ Problems တွေ Request တွေကို BIM နဲ့ဖြေရှင်းပြီး Site ကိုsupport လုပ်ပေးနိုင်ချင်သူတွေ 🧑‍💻ဂျပန်မှာ #BIM_オペレーター နဲ့အလုပ်ရှာနေသူတွေ၊ 🧑‍💻 self study လုပ်ပြီး ဆွဲကျင့်သော်လည်း လမ်းပျောက်နေသူတွေ၊ အလုပ်ထဲ ဘယ်လိုအသုံးပြုရလည်း မသိသေးသူတွေ 🧑‍💻ကျောင်းပြီးခါစ စာတွေ့ တွေကို software သုံးတက်ရုံမဟုတ်ဘဲ အလုပ်နဲ့စာချိတ်ဆက်ချင်သူတွေ (ကျွန်တော် နားညည်းအောင် တောက်လျောက်လွတ်တဲ့ဒဏ်တော့ ခံရနိုင်ပါသည်) 🧑‍💻 မြန်မာကနေ ဂျပန်လာဖို့ကြိုးစားနေပြီး ဂျပန်ရောက်ရင် BIM လုပ်ဖို့ Planထားတဲ့ မြန်မာက အင်ယာညီကိုမောင်နှမတွေအတွက်…English version နဲ့သင် မှာမို့ ဂျပန်စာမရလည်း အဆင်ပြေပါသည်။ အထက်ပါလူတွေအတွက် သင့်လျော်ပါမည်။ *** အခုအတန်းကတော့ Revit အခြေခံလေးရှိထားဖို့တော့လိုအပ်ပါမည်၊ Modeling သီးသန့် အတန်းမဟုတ်ပဲ Project တစ်ခုကို တာဝန်ယူနိုင်ဖို့ရည်ရွယ်တာပါ … **** 🚨ဘယ်လိုသင်မလည်းဆိုတော့ … စီနီယာတစ်ယောက်နဲ့အတူတူ Work from Home အလုပ်လုပ်နေသလိုမျိုး တက်ရမှာပါ။ ကျွန်တော်နဲ့အတူ လိုက်ဆွဲရပါမည်။ 🚨 သင်တန်းချိန် camera ဖွင့်ထားရပါမည်- လိုက်ဆွဲဖို့ အချိန် ပေးပါမည်- သင်ပြီးသလောက်ဆွဲထားတာကို ပြန်စစ်ပါမည်(သဘောကောင်းရင်စာလိုက်မလုပ်ကြလို့ပါ) Google Driveမှာ Homework Folder နဲ့ထပ်ရပါမည်၊ 🚨သင်ထားတာတွေပြန်နွေးပြန်ကြည့်ဖို့၊ Zoom meeting video recording (၃) လပေးမည်။ **** Course Outline ကို first comment မှာကြည့်ပါ … ***ကျနော်၏ Course outline နှင့် မိမိတို့၏ လိုအပ်ချက်ကိုက်ညီမှသာတက်စေလိုပါသည် *** *** 🚨သင်တန်း ကာလ (၂လ) အပတ်စဉ် Saturday & Sunday 9:30pm ~ 11:00pm (Japan Standard Time) 7:00 pm ~8:30 (Myanmar Standard Time) ***သင်တန်းကာလက ၂လ ကျော်သွားနိုင်ပါသည်၊ ကျနော် က သင်နေရင်း အားပါပြီး လွန်သွားတတ်လို့ပါ၊ 📅သင်တန်းစဖွင့်မည့် ရက် - 11月7 日(土) 11လပိုင်း 07 ရက် *** 💰သင်တန်းကြေး -Japan နှင့် အခြားပြည်ပ ကတက်သူများ- ဂျပန်ယန်း 3သောင်း ¥ (or) USD 200 -မြန်မာမှ တက်သူများ- (၅) သိန်း ကျပ် (မြန်မာပြည်တွင်းမှာ လက်ရှိနေထိုင်သူများသီးသန့်ပါ) အစောဆုံးအပ်နှံသူ (၁၀) ဦးကို Early Bird အနေနဲ့ Discount မြန်မာငွေ (၁) သိန်းသက်သာခွင့် ရယူနိုင်ရန် Comment မှာ Early Bird လို့ရေးခဲ့ပြီး (၇၂) နာရီအတွင်း Page Chatbox မှာ Registration လာလုပ်ထားရပါမယ် … မီလီမီတာမှာ မည်သည့်သင်တန်းတက်ဖူးသည်ဖြစ်စေ သင်တန်းသားဟောင်းများအခွင့်အရေးအနေနဲ့လည်း Early Bird ရေးစရာမလိုပဲ Old Student လို့ရေးခဲ့ပါ Discount မြန်မာငွေ (၁) သိန်းသက်သာခွင့်ရှိပါတယ်။ *** 👨‍💻Software Revit -2024 version နှင့်သင်မှာပါ။ သင်တန်းသားများက မိမိ အဆင်ပြေရာနှင့်တက်ပါ။ English version နဲ့ဘဲ သင်မှာပါ။ *** သင်ကြားမည့်ဆရာ ကိုသောင်းဟန်စီ (BE-Civil, WYTU) BIM-Coordinator (Japan) Millimetre - Training & Design Group #Project_Base_Class #BIM #revit

ဆရာဦးအောင်မြတ်သူ .. သင်ကြားမယ့် "SSD-Structural Steel Designer" အတန်း စောင့်နေသူများအတွက် 9.10.2026 စပါမယ် .. October + November = ၂ လ တက်ရပါမယ် 2026 ခုနှစ်အတွက် နောက်ဆုံးသင်တန်းဖြစ်ပါတယ် Theory + Practice + Software (၃)ခုလုံးအခြေခံပိုင်အောင်သင်ရမယ့် On-job-training ပုံစံသင်တန်းတစ်ခုဖြစ်ပါတယ် .. Software ကတော့ (၂) ခုသင်ရပါမယ် .. • ETABS • RAM-Connection ကျောင်းမှာသင်ပြီးသားစာတွေဖြစ်တဲ့ ... Steel Design Basic Theory .. ကိုစသိထားမှ Software က ဘယ်လိုတွက်သလဲသိနိုင်မှာဖြစ်လို့ .. - Compression Member - Tension Member - Base Plate Design .. အပါအ၀င် - လက်တွက်အခြေခံ ၇ ရက် စာပြန်နွှေးပြီးစသင်ပါမယ် .. Steel Structure တစ်ခုလုပ်နိုင်ဖို့က ETABS လို cracked version software ထဲ Run ပြီး နီသလား .. စိမ်းသလား ကြည့်တတ်ရုံနဲ့ လက်တွေ့တည်ဆောက်နိုင်တဲ့ Structure မရပါဘူး .. လက်တွေ့ local market မှာ လိုချင်တဲ့ size/ thickness အထူ Cross-section တွေ ဝယ်မရတာတွေရှိတယ် ... Stability ရအောင် Column အလှည့်တွေမမှားဖို့နဲ့ Frame Type တွေ Connection တွေစဉ်းစားပေးရတယ် Plastic Moment ရနိုင်သမျှရအောင် Beam ရဲ့ Lb နည်းအောင်ချုပ်ပေးတာမျိုး ... Connection လုပ်လို့ခက်ခဲတတ်တာမျိုး ... bolt အပေါက်တွေ ဖောက်လို့ Gross Area (Ag) လျော့သွားတာမျိုးကို ETABS လို Frame Design Software က Structure Designer လိုမစဉ်းစားမိ (လူလိုမသိ)ပါဘူး ... သူက Software သာဖြစ်တယ် ... Construction stage မှာ shoring မထောက်မိရင် Excessive Deflection မဖြစ်လာဖို့ .. Stability မပျက်ဖို့ အဲ့ဒါတွေ သိအောင် Structural Element Design + Connection Design မှ Framing System အထိ အခြေခံ တွေပိုင်ပိုင်နိုင်နိုင်သိအောင် project based သင်ပါမယ် .. အချိန် (၂) လကြာ online ကနေ မပျက်မကွက် သင်ရမယ့်အတန်းဖြစ်လို့ သင်တန်း time table အတိုင်းတက်နိုင်သူများသာ Zoom meeting တက်သင့်ပါတယ် ... အချိန်မပေးနိုင်ရင် video class ပဲ တက်ပါ .. #Week 1 + 2 Steel Design after College(Basic Theory) #Week 3 + 4 Project Based by Store Warehouse Steel Framing Design by ETABS #Week 5 Seismic Loading by MNBC 2025 (or) ASCE 7 AISC-LRFD (360-05) guidelines #Week 6 Steel Connection Design by RamConnection Steel Connection Design by Idea Statica ဘယ်လို Project တွေသင်ရမှာလဲ ? ( Structural Steel Design .. ဆိုတာ တစ်ခုထဲကို ပုံသေမမှတ်သင့်တာကြောင့် Structure Form မတူညီတဲ့ Project ၃ ခုသင်ရပါမယ်) Time and Duration Friday + Saturday + Sunday (7:00 – 9:00 pm) … 8 weeks (24 days) Fees – Video Class Fees = 200000 mmk Zoom Meeting Fees = 150000 mmk Early Birds (Discount) = (-) 50000 mmk Early Bird discount (-50000 mmk) အခွင့်အရေးရယူရန် comment မှာ Early Bird လို့ ရေးခဲ့ရပါမယ် … အစောဆုံးရေးသူ / ငွေပေးချေသူ (၁၀) ဦးသာ Early Bird အခွင့်အရေးရမှာဖြစ်ပါတယ် Registeration Viber - +95 977953507 Viber +66 992781605 နာမည်နှင့် တက်မည့်အတန်းရေးပို့ပေးထားပါ ... Structural Design သင်တန်းဖြစ်တဲ့အတွက် Civil Engineering Background/ major မဟုတ်ရင် … သင်တန်းမှာ လက်မခံပါဘူး ... engineer ဖြစ်ကြောင်း သက်သေပြနိုင်တဲ့ ဘွဲ့လက်မှတ်၊ ကျောင်းသားကဒ်၊ အထောက်အထား identity တစ်ခုခုပြပေးနိုင်ရပါမယ် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ သံဖရိန်ကန်ထရိုက်တာများအတွက် … Steel Structure နဲ့ပတ်သက်ပြီး ဗဟုသုတပေးနိုင်တဲ့ Steelworks Supervision Guidebook စာအုပ်ကို အောက်ပါ link မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ... Steelworks Supervision Guidebook https://drive.google.com/.../17cmyj3CeHj6oyfdZiedO_Rm...

Indonesia မှာ တက်နေတဲ့ ကျောင်းသားတစ်ယောက်ကို Final Year Thesis အနေနဲ့ Shear Wall Arrangement ပိုင်းမှာ Private Supervisor အဖြ
Indonesia မှာ တက်နေတဲ့ ကျောင်းသားတစ်ယောက်ကို Final Year Thesis အနေနဲ့ Shear Wall Arrangement ပိုင်းမှာ Private Supervisor အဖြစ် ဆွေးနွေးပေးတာ ပြီးသွားပါပြီ။ သူ့ညွှန်းလို့ ထပ်ရောက်လာတဲ့ နောက်ထပ်ကျောင်းသူတစ်ယောက်ကိုလည်း Supervisor အနေနဲ့ ဆွေးနွေးပေးရင်း၊ ကျွန်တော်ကိုယ်တိုင်လည်း စိတ်ဝင်စားလာတဲ့ Research Question တစ်ခုရှိလာပါတယ်။ “Site Class မြေသားပျော့လာတိုင်း Seismic Demand က အမြဲတမ်း ပိုနည်းသွားသလား?” Seismic Design Code တွေမှာ Site Class ပြောင်းလဲလာတာနဲ့အမျှ Fa, Fv နဲ့ Design Response Spectrum တွေလည်း ပြောင်းလဲပါတယ်။ ဒါပေမယ့် Site Class E လို Very Soft Soil Condition တွေမှာ Code ရဲ့ Site Coefficients နဲ့ resulting Design Spectrum အပေါ်မူတည်ပြီး တချို့ Structure တွေအတွက် Code-Based Base Shear က Site Class D ထက်တောင် လျော့နည်းလာနိုင်ပါတယ်။ ဒီနေရာမှာ စိတ်ဝင်စားစရာ Research Question တစ်ခု ထပ်ပေါ်လာပါတယ်— Base Shear လျော့သွားတာဟာ Earthquake Demand တကယ်လျော့သွားတာလား? အထူးသဖြင့် 20–30–40 ထပ်လို relatively long-period structures တွေအတွက် ဒီမေးခွန်းက ပိုစိတ်ဝင်စားစရာကောင်းပါတယ်။ မြေသားပျော့လာတဲ့အခါ Short-Period D

Seismic isolation for developing countries 2020

minimum column = C12x12 နဲ့လုံလောက်ပြီလား ?

Structural Design by Millimetre Team …
+3
Structural Design by Millimetre Team …

China က ကူမင်းလေဆိပ်ကလည်း Seismic Isolation System … နဲ့ပါပဲ … Vibration ဒဏ်ကိုလည်း မူလထက် 50% .. Seismic ဒဏ်ကိုလည်း 50% လျှေ
China က ကူမင်းလေဆိပ်ကလည်း Seismic Isolation System … နဲ့ပါပဲ … Vibration ဒဏ်ကိုလည်း မူလထက် 50% .. Seismic ဒဏ်ကိုလည်း 50% လျှော့ချပေးတယ် … ဒါမျိုး Design လက်ရာကို လွန်ခဲ့တဲ့ .. ၁၄ နှစ်၊ 2008 ကတည်းက လုပ်ခဲ့ကြတာဖြစ်ပါတယ် … Structural Design ကိုတော့ … နာမည်ကြီး Design Firm - Arup ကလုပ်တာပါ Architect Firm - Skidmore, Owings & Merrill (SOM). ထူးခြားချက်က .. ပြတ်ရွေ့ (၂) ခုနဲ့ ကပ်နေတာပါ Xiaojiandng Fault နဲ့ 12 km ပဲဝေးပါတယ် … Magnitude 7 to 8 အထိ လှုပ်နိုင်တဲ့နေရာမျိုးမှာ ဒီလောက်ကြီးတဲ့ Airport Project ကိုလုပ်ထားတာပါ … 2012 ခုနှစ်အထိတော့ သူက one of the world's largest single-story base-isolated buildings ပါပဲ .. Facebook မှာ စာရှည်ရင်းမဖတ်ကြလို့ … အသေးစိတ်ကိုတော့ မူရင်းမှာပဲ ဆက်ဖတ်ပါ … https://wcee.nicee.org/wcee/article/14_05-01-0558.PDF Posted on 25.9.2026 Engr. Aung Myat Thu

15th WCEE, 2012
15th WCEE, 2012