en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

EHS Myanmar

EHS Myanmar

Open in Telegram

This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.

Show more
868
Subscribers
No data24 hours
+27 days
+230 days
Posts Archive
🦁🌍 Join EHS Myanmar as we celebrate "World Lion Day" with pride! 🌟🎉 On this special occasion, we're honoring these majest
🦁🌍 Join EHS Myanmar as we celebrate "World Lion Day" with pride! 🌟🎉 On this special occasion, we're honoring these majestic creatures and raising awareness about their conservation. 🦁❤️ Let's come together to protect and preserve these magnificent animals and their natural habitats. 🌳🐾 Join us in promoting a future where lions can roam freely, ensuring a harmonious balance in our ecosystem. 🦁🌍 #EHSMyanmar #WorldLionDay #Conservation #WildlifeProtection

photo content

ခံနိုင်ရည်စွမ်းနှင့် ယှဉ်ပြိုင်နိုင်စွမ်းများကို တိုးတက်ကောင်းမွန်စေနိုင်ပါသည်။ ထို့အပြင် ပြန်လည်အသစ်ဖြစ်တည်နိုင်သော စွမ်းအင်နှင့် ပစ္စည်းများကူးပြောင်းခြင်းကို ထောက်ပံ့ပေးသည့် Circular Economy သည် စီးပွားရေး၊ လူသားများနှင့် သဘာဝပတ်ဝန်းကျင် ၃ခုလုံးအတွက် အကျိုးရှိသော ခံနိုင်ရည်ရှိသည့် နည်းစနစ်တစ်ခုပင်ဖြစ်ပါသည်။ ရေးသားသူ - ဂီတမိုင်ချီ References: European Parliament Ellen Macarthur Foundation #EHSMyanmar #CircularEconomy #SDGs

Waste Not, Want Not: Unraveling the Power of Circular Economy Strategies —------------------------------------------------- EHS Myanmar - 8/07/2023 ♻️ စီးပွားရေးလုပ်ငန်းများအနေဖြင့် ပတ်ဝန်းကျင်အပေါ် အကျိုးသက်‌ရောက်မှု လျော့ချနိုင်စေရန်၊ ပတ်ဝန်းကျင် အပေါ်တန်ဖိုးထားမှုများကို ဖန်တီးရန်နှင့် ဆန်းသစ်တီထွင်မှုများကို မြှင့်တင်နိုင်ရန် နည်းလမ်းတစ်ခုအနေဖြင့် Circular Economy သည် အရှိန်တစ်ခုရရှိလာပါသည်။ ထုတ်ကုန်နှင့် ဝန်ဆောင်မှုပစ္စည်းများကို circular economy ၏ အခြေခံ သဘောတရားဖြစ်သော 3Rs (Reuse, Repair, Recycle or Remanufacture) နည်းစနစ်ဖြင့် ထုတ်လုပ်နိုင်ရန် ရည်ရွယ်ပြီး စွန့်ပစ်ပစ္စည်းထုတ်လုပ်မှုကို လျော့ချစေရန်အတွက် ထုတ်ကုန်တစ်ခုကို တတ်နိုင်သမျှ အချိန်ကြာကြာအသုံးပြုနိုင်ရန် ရည်ရွယ်ပါသည်။ ပုံမှန်လုပ်ရိုးလုပ်စဉ်ဖြစ်သော Linear Economy - Take, Make, Dispose ဖြင့် ထုတ်လုပ်မှုပိုင်းနှင့် သုံးစွဲမှုပိုင်းများတွင် နှိုင်းယှဉ်ကြည့်လျှင် မတူကွဲပြားခြားနားမှုများကို တွေ့နိုင်ပါသည်။ ♻️ Circular Economy သည် အခြေခံစည်းမျဉ်း ၃ခုပေါ်မူတည်၍ ဒီဇိုင်းဆွဲထားခြင်းဖြစ်ပါသည်။ 1. Eliminate Waste & Pollution (စွန့်ပစ္စည်းနှင့် ညစ်ညမ်းမှုများကို ဖြေရှင်းရန်) 2. Circulate Products & Materials at their highest value (ထုတ်ကုန်နှင့် ပစ္စည်းများကို တန်ဖိုးမြင့်မြင့် ဖြင့် လည်ပတ်နိုင်စေရန်) 3. Regenerate Nature (သဘာဝအရင်းမြစ်များကို ပြန်လည်တိုးတက်ကောင်းမွန်လာစေရန်) ♻️ Circular Economy တစ်ခုသည် စီးပွားရေးလုပ်ငန်းများအတွက် များပြားစွာသော အကျိုးကျေးဇူးများကို ပေးနိုင်ပါသည်။ 1. Cost saving(ထုတ်လုပ်မှုစရိတ် သက်သာစေခြင်း) ကုန်ကြမ်းပစ္စည်းနှင့် စွမ်းအင်အသုံးပြုကိုလျော့ချခြင်း၊ လက်ကျန်ရှိနေသော ပစ္စည်းများ၊ ကုန်ကြမ်းများဖြင့် ထုတ်လုပ်မှုနည်းလမ်းကို မြှင့်တင်ခြင်းဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ်ကို လျော့ချနိုင်ပါသည်။ 2. Revenue generation(ရောင်းရငွေအမြတ်) အရင်းမြစ်များ၏ သက်တမ်းကြာမြင့်မှုကို တိုးစေနိုင်သည့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုပစ္စည်းများ အတွက် ဈေးကွက်အသစ်နှင့် အခွင့်လမ်းများကို ဖန်တီးပေးခြင်းဖြင့် စီးပွားရေးလုပ်ငန်း၏ ရောင်းရငွေနှင့် ကုန်ပစ္စည်းအမြတ်ကို တိုးပွားစေနိုင်ပါသည်။ 3. Competitive Advantage(ယှဉ်ပြိုင်မှုအားသာချက်များ) Circular Economy သည် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များ(Sustainability goals) နှင့်ကိုက်ညီသော စီးပွားရေးနည်းလမ်းဖြစ်သည့်အတွက် အခြားနည်းလမ်းကို အသုံးပြုသော စီးပွားရေးလုပ်ငန်းများထက် Customer များအနေဖြင့် ပိုမိုရွေးချယ်မှုပြုလုပ်ကြပါသည်။ 5. Innovation Potential(ဆန်းသစ်တီထွင်နိုင်ခြင်း) သမာရိုးကျ ထုတ်လုပ်မှုနည်းလမ်းများမှ ကွဲထွက်၍ ထုတ်ကုန်ဒီဇိုင်း၊ အရည်အသွေးများကို ပိုမိုရေရှည်တည်တံ့နိုင်စေရန် နည်းလမ်းများကို စဉ်းစားဖော်ထုတ်ရခြင်းကြောင့် တီထွင်ဆန်းသစ်မှု အသစ်များစွာကို ဖန်တီးနိုင်လာစေပါသည်။ ♻️ Circular Economy ၏ မဟာဗျူဟာကို အောင်မြင်စွာ အကောင်ထည်ဖော်နိုင်ရန်အတွက် စီးပွားရေးလုပ်ငန်းများ အနေဖြင့် ရင်းနှီးမြှုပ်နှံမှုမှသည် ထုတ်ကုန်သက်တမ်းကုန်ဆုံးသည်အထိ ဆက်သွယ်မှုတစ်ခုလုံးကို သုံးသပ်သည့် စနစ်တကျ ချည်းကပ်မှုမျိုး ပြုလုပ်ရန်လိုအပ်ပါသည်။ Circular Economy တစ်ခုလည်ပတ်နိုင်စေရန် ထောက်ပံ့ပေးသော စနစ်တစ်ခုဖန်တီးနိုင်ရန်အတွက် ထောက်ပံ့ပေးသူများ၊ ဖောက်သည်များ၊ တာဝန်ရှိ အဖွဲ့အစည်းများ၊ NGOs များနှင့် အခြားသော မိတ်ဖွဲ့စီးပွားရေးလုပ်ငန်းများ စသည်ဖြင့် နယ်ပယ်အသီးသီးနှင့် ပူးပေါင်းဆောင်ရွက်မှုများလည်း လိုအပ်ပါသည်။ ♻️ Circular Economy ၏ နည်းလမ်းများတွင် ပါဝင်သော အချို့ကို ဖော်ပြပါမည်။ 1. ပြန်လည်အသစ်ပြုလုပ်နိုင်သော (သို့) ပြန်လည်အသုံးပြုနိုင်သော ကုန်ကြမ်းပစ္စည်းများကို အသုံးပြုထားသည့် ကြာရှည်ခံသော၊ စံနှုန်းများနှင့် ညီသော၊ ပြုပြင်လို့ရသော၊ ပြန်လည်အသုံးပြုနိုင်သော ထုတ်ကုန်ပစ္စည်းများကို ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ခြင်း။ 2. ထုတ်ကုန်ပစ္စည်းများနှင့် အစိတ်အပိုင်းများ၏ သက်တမ်းကို တိုးမြှင့်ပေးနိုင်သည့် သက်တမ်းတိုးခြင်း၊ ပြုပြင်ပေးခြင်းနှင့် မွမ်းမံခြင်းများ ပြုလုပ်ပေးသည့် ဝန်ဆောင်မှုများကို ထောက်ပံ့ပေးခြင်း။ 3. စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြုခြင်း၊ သစ်ရွက်ဆွေး၊ Organic ပစ္စည်းများမှရရှိသော စွမ်းအင်များကို အသုံးပြုခြင်းဖြင့် ကုန်ကြမ်းပစ္စည်းမျာကို ပြန်လည်အသုံးချခြင်း။ 4. မတူညီသော စီးပွားရေးလုပ်ငန်းများ သို့မဟုတ် ကဏ္ဍများကြားတွင် စွမ်းအင်အရင်းမြစ်များကို လဲလှယ်အသုံးပြုနိုင်သော၊ ဝေမျှနိုင်သော ကွန်ရက်ချိတ်ဆက်မှုများကို တိုးတက်စေခြင်း။ ♻️ Circular Economy သည် ပတ်ဝန်းကျင်အပေါ်သက်ရောက်မှုများကို လျော့ချနိုင်သော နည်းလမ်းတစ်ခုသာမက တန်ဖိုးဖန်တီးရန်နှင့် ဆန်းသစ်တီထွင်မှုများကို မြှင့်တင်ရန် နည်းလမ်းတစ်ခုလည်း ဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်းများအနေဖြင့် circular economy ၏ နည်းဗျူဟာများကို ကျင့်သုံးမွေးမြူခြင်းဖြင့် ရေရှည်တွင် မိမိလုပ်ငန်း၏ စွမ်းဆောင်ရည်များ၊

photo content

🌱🏢 စဉ်ဆက်မပြတ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်များ၏အရေးပါမှု 🏢🌱 👋🌍 ကျွန်ုပ်တို့၏ကမ္ဘာဂြိုဟ်သည် ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုအမျိုးမျိုးကို ရင်ဆိုင်နေရသည်မှာ မျက်မြင်ပါပဲ။ ယခုခေတ်အခါတွင် စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများသည် သဘာဝပတ်ဝန်းကျင်အပေါ် ၎င်းတို့၏အကျိုးသက်ရောက်မှုအတွက် တာဝန်ယူရန် ယခင်ကထက် ပိုမိုလုပ်ဆောင်ရမည်ဖြစ်သည်။ လုပ်ငန်းခွင်အလေ့အကျင့်များတွင် သဘာဝပတ်ဝန်းကျင်အန္တရာယ်များအကြောင်း အသိပညာများ ပေါင်းစပ်ပေးခြင်းသည် ကျွန်ုပ်တို့ကမ္ဘာမြေအတွက် ရေရှည်တည်တံ့သောအနာဂတ်ကို ဖန်တီးရန်နှင့် လူတိုင်းအတွက် ဘေးကင်းပြီး ကျန်းမာသောလုပ်ငန်းခွင်ဖြစ်လာစေရန် အရေးကြီးသောခြေလှမ်းတစ်ခုဖြစ်သည်။ 🚧 ဘာကြောင့်အရေးကြီးတာလဲ: 1️⃣ ဂေဟစနစ်များကိုကာကွယ်ရန် -သဘာဝပတ်ဝန်းကျင်ဆိုင်ရာအန္တရာယ်များ (Environmental Hazards) ကို လုပ်ငန်းခွင်များတွင် နားလည်သဘောပေါက်ပြီးဖြေရှင်းခြင်းဖြင့်၊ နူးညံ့သိမ်မွေ့ပြီးထိခိုက်လွယ်သောဂေဟစနစ်များကိုထိန်းသိမ်းစောင့်ရှောက်ရန်အထောက်အကူပြုနိုင်သည်။ သင့်လျော်သော စွန့်ပစ်ပစ္စည်းများကို စီမံခန့်ခွဲခြင်းမှသည် စွမ်းအင်သုံးစွဲမှုကို လျှော့ချခြင်းအထိ၊ သေးငယ်သော အားထုတ်မှုတိုင်းသည် ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိ ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝအလှများကို ထိန်းသိမ်းခြင်းများလဲ ပါဝင်ပါသည်။ 2️⃣ မိမိ၏ဝန်ထမ်းများ၏ကျန်းမာရေးကို မြှင့်တင်ရန်- လုပ်ငန်းခွင်ပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်များသည် ပတ်ဝန်းကျင်ဂေဟစနစ်ကိုထိခိုက်စေရုံသာမက ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် ကျန်းမာရေးကိုပါ ထိခိုက်စေပါသည်။ ဖြစ်နိုင်ချေရှိသော အန္တရာယ်များကို အသိအမှတ်ပြုပြီး လိုအပ်သော ကြိုတင်ကာကွယ်မှုများ ပြုလုပ်ခြင်းဖြင့်၊ ကျွန်ုပ်တို့သည် အန္တရာယ်များကို လျှော့ချနိုင်ပြီး အားလုံးအတွက် ပိုမိုကျန်းမာသော လုပ်ငန်းခွင်တစ်ခု ဖန်တီးနိုင်ပါသည်။ 3️⃣ ကော်ပိုရိတ်လူမှုရေးဆိုင်ရာတာဝန်ယူမှုကို အားကောင်းစေရန်- လုပ်ငန်းခွင်အတွင်း သဘာဝပတ်ဝန်းကျင်အန္တရာယ်များကို အလေးပေးခြင်းသည် ကော်ပိုရိတ်လူမှုရေးဆိုင်ရာတာဝန်ယူမှု (CSR) ဆိုင်ရာ ကတိကဝတ်ကိုပြသသည်။ စီးပွားရေးလုပ်ငန်းများသည် ရေရှည်တည်တံ့သောအလေ့အကျင့်များကို တက်ကြွစွာပါဝင်ဆောင်ရွက်သောအခါ၊ ၎င်းတို့သည် အခြားသူများကို လိုက်လျောညီထွေဖြစ်စေရန်နှင့် ပိုမိုကျယ်ပြန့်သောအသိုက်အဝန်းတွင် အပြုသဘောဆောင်သောပြောင်းလဲမှုများကို မွေးမြူရန် လှုံ့ဆော်ပေးသည်။ 4️⃣ ကုန်ကျစရိတ် သက်သာစေပြီး ထိရောက်မှုရှိစေရန်- စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အလေ့အကျင့်များသည် ကုန်ကျစရိတ် သက်သာစေပြီး ထိရောက်မှု တိုးမြင့်လာစေသည်။ စွမ်းအင်ချွေတာသောနည်းပညာများ သို့မဟုတ် အမှိုက်လျှော့ချရေး ဗျူဟာများဖြင့်ဖြစ်စေ စီးပွားရေးလုပ်ငန်းများသည် အရင်းအမြစ်များကို ချွေတာနိုင်ပြီး ပိုမိုရေရှည်တည်တံ့သော စီးပွားရေးကို အထောက်အကူပြုနိုင်သည်မှာအမှန်ပင်။ 5️⃣ ဥပဒေစည်းမျဥ်းစည်းကမ်းများကို လိုက်နာရန်- ကမ္ဘာတစ်ဝှမ်းရှိ အစိုးရများသည် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရန်အတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းများကို တင်းကျပ်လျက်ရှိသည်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်များကို သိရှိနားလည်ပြီး ကိုင်တွယ်ဖြေရှင်းခြင်းဖြင့်၊ လုပ်ငန်းခွင်များသည် လိုက်လျောညီထွေရှိနေနိုင်ပြီး ကျွန်ုပ်တို့၏ကမ္ဘာမြေတစ်ခုလုံး၏ကျန်းမာချမ်းသာရေးကို အထောက်အကူပြုနိုင်သည်။ 🌟 ရေရှည်တည်တံ့သော လုပ်ငန်းခွင်နှင့် ပိုမိုစိမ်းလန်းသောကမ္ဘာဆီသို့ ဦးတည်သော ဤပြောင်းလဲမှုခရီးလမ်း၏ တစ်စိတ်တစ်ပိုင်းနှင့် အဖွဲ့အစည်းတိုင်းအတွက် မရှိမဖြစ်လိုအပ်ပါသည်။ အပြုသဘောဆောင်သောအကျိုးသက်ရောက်မှုများဖန်တီးရန်နှင့် နောင်လာမည့်မျိုးဆက်များအတွက် ပိုမိုတောက်ပသောအနာဂတ်ကိုတည်ဆောက်ရန် အတူတကွခြေလှမ်းများလုပ်ဆောင်ကြပါစို့။ 🌏💚 ရေးသားသူ - နိုင်ကျော်လူ 🌿✨Environmental Health နှင့် Sustainable Development အကြောင်းစိတ်ဝင်စားပါက မကြာခင် ဖွင့်လှစ်တော့မည့် Environmental Sustainability Online Course (Batch 6) ကို တက်ရောက်ဖို့ဖိတ်ခေါ်လိုက်ရပါတယ်ဗျ။ အသေးစိတ်ကို ယခုလင့်တွင် လေ့လာနိုင်ပြီးစာရင်းပေးသွင်းနိုင်ပါတယ်။ https://www.facebook.com/ehsmyanmar/posts/675665511269931 #EHSMyanmar #SustainableWorkplace #EnvironmentalAwareness #GreenRevolution #TogetherForTomorrow

🐱😻 Happy International Cat Day! 🎉🐾 Join us at EHS Myanmar as we celebrate our feline friends and all their adorable quirk
🐱😻 Happy International Cat Day! 🎉🐾 Join us at EHS Myanmar as we celebrate our feline friends and all their adorable quirks. Remember, our commitment to the environment and animal welfare go hand in hand. Let's continue making conscious choices to create a better world for both humans and our beloved animal companions! 🌿💕 #EHSMyanamr InternationalCatDay #CatsOfFacebook #PurrfectCompanions

photo content

Please Check Your Inbox!!! 🔔 မနက်ဖြန် (6th August, 2023) မှာ ကျင်းပမယ့် TURNING WASTE INTO WEALTH: The Waste to Energy Journey webinar အတွက် ZOOM Link ကို registration form မှာ ဖြည့်ထားခဲ့တဲ့ Email Address များသို့ ပေးပို့ပြီးဖြစ်တာကြောင့် မိမိရဲ့ Email Inbox ကို စစ်ကြည့်ပေးပါဦးရှင့်။ အကယ်၍ Inbox ထဲ မတွေ့ခဲ့ရင် Spam Folder ထဲကိုလည်း စစ်ဖို့မမေ့နဲ့ဦးနော်။ Register လုပ်ထားပြီး ZOOM Link မရခဲ့ရင်လည်း EHS Myanmar Facebook Page သို့အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပါတယ်။ EHS Myanmar မှ ကျင်းပမယ့် TURNING WASTE INTO WEALTH: The Waste to Energy Journey အမှိုက်မှသည် စွမ်းအင်အရင်းအမြစ်များဆီသို့ ခေါင်းစဉ်ဖြင့် webinar အား စိတ်ဝင်စားစွာဖြင့် register ပြုလုပ်ခဲ့သူများအား အထူးကျေးဇူးတင်ရှိပါတယ်ရှင့်။ မနက်ဖြန် မနက် 10 နာရီ ... webinar မှာ ဆုံတွေ့ကြရအောင်။ Learn more at www.ehsmyanmar.org --------------------------------------------------------------------------- Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #TurningWasteIntoWealth #WastetoEnergy #webinar

photo content

Join Our "Environmental Sustainability" Online Course and Win a Scholarship! 🎓 သင်ဟာ သဘဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဆိုင်ရာ ပညာရပ်တွေကို စိတ်ဝင်စားပြီး သဘာ၀ပတ်၀န်းကျင်ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် စိတ်အားထက်သန်သူတစ်ယောက်လား? ဒါဆိုရင်တော့ ကျွန်တော်တို့ရဲ့ "Environmental Sustainability " online course က သင့်အတွက်ပါပဲ။ အတွေ့အကြုံရှိ ဆရာ၊ ဆရာမများဆီက လေ့လာသင်ယူခွင့်ရရှိမှာဖြစ်တဲ့အပြင် အသက် 18 နှစ်မှ 25 နှစ်ကြား လူငယ်တွေအတွက် အခမဲ့တက်ရောက်ခွင့် ပညာသင်ဆု နှစ်ဆုလည်း ပေးအပ်သွားမှာဖြစ်တဲ့အတွက် အခွင့်အရေးကို လက်လွတ်မခံနဲ့နော်။ ‼️ Scholarship အစီအစဉ်မှာ ပါဝင်ဖို့အတွက်ဆိုရင် - "Environmental Sustainability" Online Course Announcement Post အား Facebook တွင် Public ဖြင့် Share ထားသော Screenshot - အသက်အရွယ်အား အတည်ပြုနိုင်ရန်အတွက် အမျိုးသားမှတ်ပုံတင်ကဒ် (အရှေ့မျက်နှာ) - စာလုံးရေအများဆုံး ၁၅၀ ရှိသော English စာဖြင့်ရေးထားတဲ့ Motivation Letter အား edu.ehsmyanmar@gmail.com သို့ ပို့ဆောင်ပေးရန်လိုအပ်ပါတယ်။ Scholarship Application အား ဩဂုတ်လ ၁၂ ရက် ၂၀၂၃ ခုနစ် (12/08/2023) ထိပဲလက်ခံမှာဖြစ်ပြီး ရရှိသွားတဲ့ လူငယ်နှစ်ဦးကို ဩဂုတ်လ ၁၄ ရက် ၂၀၂၃ ခုနှစ် (14/08/2023) မှာ Email မှတဆင့် အကြောင်းကြားပေးသွားမှာ ဖြစ်ပါတယ်။ သင်တန်းလျှောက်လွှာကို အောက်ဖော်ပြပါ Link မှတစ်ဆင့် ဖြည့်ပြီးလျှောက်ထားနိုင်ပါပြီ။ 📌 Registration Form - https://docs.google.com/forms/d/e/1FAIpQLScgRUpOZRGKi6lv_wpXTM6b-60Xf8JWfJAHgi1_0jMBnEVqmQ/viewform?usp=sf_link 🌱 Announcement Post - https://www.facebook.com/100064794640578/posts/675665511269931/ ☎️ အသေးစိတ်သိရှိလိုပါက EHS Myanmar Facebook Page သို့အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပြီး ဖုန်းနံပါတ် (+95) 09770501186, 09780870309 သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ Learn more at www.ehsmyanmar.org --------------------------------------------------------------------------- Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #onlinecourse #environmental #Sustainability #ScholarshipOpportunity #environmentalsustainability

photo content

EHS Myanmar's Monthly Theme: What is it for August? -------------------------------------------------- 🇲🇲 EHS Myanmar မှ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် (Sustainable Development Goals) များကို အထောက်အကူပြုစေရန် ရည်ရွယ်၍ တစ်လနှင့်တစ်လ မတူညီသော ခေါင်းစဥ် (Theme)များကို အလှည့်ကျဖြင့် Knowledge Sharing များ ပြုလုပ်ပေးနေပါသည်။ ⛰ ဩဂုတ်လအတွက် theme ကတော့ စက်ဝန်းပုံဆောင်စီပွားရေး (သို့မဟုတ်) "Circular Economy August" Theme ကိုရွေးချယ်ထားပါသည်။ 🏭 တာဝန်သိ အရင်းအမြစ်များ စီမံခန့်ခွဲမှုကို မြှင့်တင်ပေးခြင်း၊ စွန့်ပစ်ပစ္စည်းများ လျှော့ချခြင်းနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု နည်းပါးစေပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကို မြှင့်တင်ပေးသောကြောင့် Circular Economy သည် နိုင်ငံတော်၏ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာ အရေးကြီးသည့်အတွက် ၎င်းတို့နှင့်သက်ဆိုင်သည့် အသိပညာများနှင့် နားလည်မှု မြှင့်တင်နိုင်ရန်ရည်ရွယ်ကာ ပညာပေးဆောင်းပါးများ နည်းပညာဆောင်းပါးများရေးသားမျှဝေခြင်း၊ သင်တန်းများမျှဝေခြင်း နှင့် စာအုပ်ကောင်းများဝေမျှခြင်းတို့ကိုလဲပြုလုပ်ပေးသွားပါမည်။ ✌️ Circular Economy August နှင့်ပတ်သတ်ပြီး စိတ်ဝင်စားလို့ လေ့လာသင်ယူချင်တယ်ဆိုရင်တော့ EHS Myanmar page ကို see first လုပ်ထားဖို့မမေ့ပါနဲ့ဦး။ ----------------------------------------------------------------------- "𝙂𝙖𝙞𝙣𝙞𝙣𝙜 𝙠𝙣𝙤𝙬𝙡𝙚𝙙𝙜𝙚 𝙞𝙨 𝙩𝙝𝙚 𝙛𝙞𝙧𝙨𝙩 𝙨𝙩𝙚𝙥 𝙩𝙤 𝙬𝙞𝙨𝙙𝙤𝙢. 𝙎𝙝𝙖𝙧𝙞𝙣𝙜 𝙞𝙩 𝙞𝙨 𝙩𝙝𝙚 𝙛𝙞𝙧𝙨𝙩 𝙨𝙩𝙚𝙥 𝙩𝙤 𝙝𝙪𝙢𝙖𝙣𝙞𝙩𝙮." Don't forget us to follow us on instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #PlasticsFree #SayNotoPlastics #EnvironmentalHealth #HumanHealth #July #SDG

photo content
+2

Environmental Sustainability Course ရဲ့လျှောက်လွှာတွေကိုတော့ ဩဂုတ်လ (၁၆) ရက်နေ့အထိ လက်ခံပေးသွားမှာ ဖြစ်ပါတယ်။ Batch 1 မှ Review များ - https://www.facebook.com/ehsmyanmar/posts/438878044313618 Batch 3 မှ Review များ - https://www.facebook.com/108833677318058/posts/521757932692295/ ☎️ အသေးစိတ်သိရှိလိုပါက EHS Myanmar Facebook Page သို့အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပြီး ဖုန်းနံပါတ် (+95) 09770501186 သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ Learn more at www.ehsmyanmar.org --------------------------------------------------------------------------- Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #onlinecourse #environmental #Sustainability

Environmental Sustainability Online Course Batch-6 --------------------------------------------------------- ဩဂုတ်လ (၁၉) ရက်နေ့တွင် အားလုံးပဲစောင့်မျှော်နေကြပြီဖြစ်တဲ့ Environmental Sustainability Course Batch 6 (Intermediate Level) ကို ဖွင့်လစ် သင်ကြားသွားမှာဖြစ်ပါတယ်။ 🌐 EHS Myanmar သည် မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်ပြီး ရပ်ရွာလူထု၏ပတ်ဝန်းကျင်အသိအမြင်ကိုမြှင့်တင်ရန် ရည်ရွယ်တည်ထောင်ခဲ့ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများနှင့် ၎င်းတို့ကို လျှော့ချခြင်းနှင့် သက်ဆိုင်သည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာမြှင့်တင်ခြင်း၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်အကဲဖြတ်ခြင်းနဲ့ Environmental Engineering နှင့် Environmental Sciences ကဲ့သို့သောနယ်ပယ်များမှ တန်ဖိုးရှိသည့် အသိပညာများကိုမျှဝေပေးလျက်ရှိသော ထိပ်တန်း NGO အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ 🌱 ဘာတွေသင်မှာလဲ? - Life Cycle Assessment (LCA), - Circular Economy, - Environmental Sustainability practices, - Environmental Hazards and Public Health, - Environmental health risk assessment (EHRA), - etc. 🌱 Life Cycle Assessment ဆိုတာဘာလဲ? https://www.instagram.com/p/Cn9c-KorrRe/?igshid=MDJmNzVkMjY= 🌱 ဘယ်သူတွေသင်မှာလဲ? နိုင်ငံတကာတက္ကသိုလ်များမှာ သဘာ၀ပတ်၀န်းကျင်ဆိုင်ရာဘာသာရပ်များကို ဘွဲ့လွန်မဟာတန်း၊ ပါရဂူတန်းအသီးသီးတို့မှာ တက်ရောက်ပြီး အထူးပြုလေ့လာနေသည့်အပြင် ပညာပေးဆောင်းပါးများရေးသားလျက်ရှိတဲ့ The Environment, Health and Safety Myanmar (EHS Myanmar) Organization မှ အတွေ့အကြုံရှိ ဆရာ၊ဆရာမများက course material (lecture notes, ebooks, quiz, etc.) ဖြင့် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ 🌱 ဘယ်သူတွေတက်သင့်သလဲ? Environmental Sustainability (သဘာ၀ပတ်၀န်းကျင်ရေရှည်တည်တံ့ခိုင်မြဲရေး) သင်တန်းကို ဘွဲ့ကြိုကျောင်းသား/ ကျောင်းသူများ၊ ဘွဲ့လွန် ကျောင်းသားကျောင်းသူများ အတွက် အထူးသင့်လျော်ပြီး လုပ်ငန်းခွင်ဝင်ရောက်နေတဲ့ လူငယ်များလည်း လက်တွေ့အသုံးချနိုင်မှာဖြစ်ပါတယ်။ 🌱 ဘယ်အချိန်တွေလဲ? ဘယ်နှပတ်လဲ? ရုံးချိန်လွတ် ၃ ပတ်တာသင်တန်းဖြစ်ပြီး ပြီးဆုံးပါက သင်တန်းချိန် နှင့် assessment ပြည့်မှီအောင်မြင် သူများကို certificate ပေးအပ်သွားမှာဖြစ်ပါတယ်။ အချိန်။ ။ ညနေ ၆:၃၀ မှ ည ၈:၃၀ နာရီ အထိ နေ့ရက်။ ။ ဩဂုတ်လ ၁၉ ရက်နေ့မှ စက်တင်ဘာလ ၃ ရက်နေ့အထိ (စနေနေ့ နှင့် တနင်္ဂနွေနေ့များ) သင်ကြားရေးစနစ်။ ။ ZOOM Video Conferencing မှတ်ချက်။ ။ ဆရာ/ဆရာမများ၏ စာသင်ကြားမှုပေါ်မူတည်၍ စာသင်ချိန် ၂နာရီမှ ၂နာရီခွဲဝန်းကျင် ကြာမြင့်နိုင်ပါသည်။ 🌱 သင်တန်းကြေး ကကော? online ကနေပေးလို့ရရဲ့လား? သင်တန်းကြေးက ၃၈ ၀၀၀/- ကျပ်သာဖြစ်ပြီး မိမိအဆင်ပြေတဲ့ online payment တွေနဲ့ပေးချေနိုင်ပါတယ်။ 🤩 EHS Myanmar ၏ Partnership Organizations များမှ Members များ နှင့် ကျောင်းသား/ ကျောင်းသူဟောင်းများကတော့ Alumni Discount ရရှိမှာဖြစ်ပါတယ်။ 📜 ဒါ့အပြင် ယခု သင်တန်းအား အမှန်တကယ် စိတ်ပါဝင်စားစွာ တက်ရောက်ချင်တဲ့ အသက် 18 နှစ်မှ 25 နှစ်အတွင်းရှိ လူငယ်နှစ်ဦးအတွက် အခမဲ့တက်ရောက်ခွင့် Scholarship အစီအစဉ်လေးလည်း စီစဉ်ထားပါတယ်။ Scholarship အစီအစဉ်မှာ ပါဝင်ရွေးချယ်ခံရဖို့အတွက် - ယခု Post အား Facebook တွင် Public ဖြင့် Share ထားသော Screenshot - အသက်အရွယ်အား အတည်ပြုနိုင်ရန်အတွက် အမျိုးသားမှတ်ပုံတင်ကဒ် (အရှေ့မျက်နှာ) - စာလုံးရေအများဆုံး ၁၅၀ ရှိသော English စာဖြင့်ရေးထားတဲ့ Motivation Letter အား edu.ehsmyanmar@gmail.com သို့ ပို့ဆောင်ပေးရန်လိုအပ်ပါတယ်။ Scholarship Application အား ဩဂုတ်လ ၁၂ ရက် ၂၀၂၃ ခုနစ် (12/08/2023) ထိပဲလက်ခံမှာဖြစ်ပြီး ရရှိသွားတဲ့ လူငယ်နှစ်ဦးကို ဩဂုတ်လ ၁၄ ရက် ၂၀၂၃ ခုနှစ် (14/08/2023) မှာ Email မှတဆင့် အကြောင်းကြားပေးသွားမှာ ဖြစ်ပါတယ်။ ‼️ သင်တန်းသားဦးရေ ကန့်သတ်ထားတဲ့အတွက်ကြောင့် ထိထိရောက်ရောက် အေးအေးဆေးဆေးလေ့လာသင်ယူနိုင်မှာဖြစ်ပြီး ဆရာ/ဆရာမ များနှင့် discussion session တွေများလဲထည့်သွင်းထားပါသေးတယ်။ ဒါကြောင့် သင်တန်းတလျှောက်လုံး တက်ကြွစွာပါဝင်ဆွေးနွေး ဖို့တော့လိုပါမယ်နော်။ သင်တန်းလျှောက်လွှာကို အောက်ဖော်ပြပါ Link မှတစ်ဆင့် ဖြည့်ပြီးလျှောက်ထားနိုင်ပါပြီ။ သင်တန်းကြေးပေးသွင်းထားသူစာရင်းနှင့်သာ သင်တန်းသားအရေအတွက်ကိုစဥ်းစားမည်ဖြစ်သောကြောင့် မကျန်ခဲ့အောင် registration ပြီးလျှင် သင်တန်းကြေးမြန်မြန်ပေးသွင်း ဖို့တော့လိုပါမယ်နော်။ မှတ်ချက်။ ။ ငွေလွှဲပြီးပါက သင်တန်းကြေးသွင်းပြီးကြောင်း EHS Myanmar ၏ Messenger Chat Box သို့ လာရောက်အကြောင်းကြားပေးရန် လိုအပ်ပါသည်။ 📌 Registration Form - https://docs.google.com/forms/d/e/1FAIpQLScgRUpOZRGKi6lv_wpXTM6b-60Xf8JWfJAHgi1_0jMBnEVqmQ/viewform?usp=sf_link

photo content

📢Webinar Alert 📢 စွန့်ပစ်အမှိုက်တွေကနေ စွမ်းအင်အဖြစ်ဘယ်လိုပြောင်းမလဲ -------------------------------------------------------- 🍀လာမယ့် October 22 ရက်နေ့မှာ ကျရောက်မည့် World Energy Day ကို ဂုဏ်ပြု‌သောအနေဖြင့် EHS Myanmar မှ TURNING WASTE INTO WEALTH:: The Waste to Energy Journey အမှိုက်မှသည် စွမ်းအင်အရင်းအမြစ်များဆီသို့ ခေါင်းစဉ်ဖြင့် webinar တစ်ခု ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ 🤒မြန်မာနိုင်ငံမှာ စွန့်ပစ်အမှိုက်တွေ တောင်လိုပုံနေတာကို အားလုံးလည်း မြင်တွေ့ကြမယ်ထင်ပါတယ်။ အဲဒီလို တန်နဲ့ချီထွက်နေတဲ့ အမှိုက်တွေကို ရတနာလိုမျိုးတန်ဖိုးရှိတဲ့ စွမ်းအင်အဖြစ်ပြောင်းလို့ရပါတယ်။ ကဲ ဒါဆိုရင် လေတိုက်တိုင်းလွင့်ပါလာတဲ့ အမှိုက်တွေကို ဘယ်လိုစီမံခန့်ခွဲပြီး ရွှေထက်တန်ဖိုးရှိတဲ့ စွမ်းအင်အဖြစ် ဘယ်လိုပြောင်းမလဲဆိုတာ သိခြင်တယ်ဆိုရင်တော့ EHS Myanmarကနေ ယူဆောင်လာပေးမယ့် Webinarလေးကို joinဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ဒီအကြောင်းအရာလေးကိုမျှဝေပေးမယ့်သူကတော့ သစ်တောနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလုပ်ငန်း ကျွမ်းကျင်သူ ဆရာဦးစည်သူလွင် ဘဲ ဖြစ်ပါတယ်။ 🗣️ဆရာဦးစည်သူလွင်၏ကိုယ်‌ ရေးအကျဉ်း ဆရာဟာဆိုရင်၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းအလွန်ကာလမှစတင်၍ ယနေ့အထိ မြန်မာနိုင်ငံအနှံ့အပြားရှိ ဒေသခံပြည်သူ များ၊အခြေခံပညာကျောင်းသူကျောင်းသား များ နှင့် ဆရာ ဆရာမများအတွက် သစ်တောနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို INGO များ၊ NGO များ၊ CBO/CDO များနှင့် ပူးပေါင်းဆောင်ရွက်နေပါတယ်။ ဆရာဟာ ၁၉၉၂တွင် ယခင် သစ်တောတက္ကသိုလ်၊ ယခု သစ်တော နှင့်ပတ်ဝန်းကျင်တက္ကသိုလ်(ရေဆင်း)မှ သစ်တောသိပ္ပံဘွဲ့ကို ရရှိခဲ့ပါတယ်။ ၁၉၉၂ မှ ၁၉၉၅ထိ သစ်တောရေးရာဝန်ကြီးဌာန၊သစ်တောဦးစီးဌာန၊ကျောက်ဖြူနှင့် အမ်းမြို့နယ်တို့တွင် တောအုပ်ကြီးရာထူးဖြင့် ကျွန်းအထူးစိုက်ခင်းထူထောင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့သူလည်းဖြစ်ပါတယ်။ ၁၉၉၅ တွင် အစိုးရဝန်ထမ်းအဖြစ်မှ နှုတ်ထွက်ပြီး UNDP နှင့် FAO တို့ ပူးတွဲဆောင်ရွက်ခဲ့သော MYA/008/Mangrove Project တွင် ဘိုကလေးမြို့နယ်၏ သစ်တောတာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၉၈ တွင် မြန်မာနိုင်ငံ၏ ပထမဆုံး ပတ်ဝန်းကျင်နှင့်သစ်တောထိန်းသိမ်းရေး NGO ဖြစ်သော FREDA တွင် သစ်တောကျွမ်းကျင်သူအဖြစ် လုပ်ကိုင်ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၈~၂၀၁၉ ပညာသင်နှစ်နှင့် ၂၀၁၉~၂၀၂၀ ပညာသင်နှစ်များတွင် ရန်ကုန်တိုင်းနှင့် အခြားတိုင်း/ပြည်နယ်များ၏ အခြေခံပညာအဆင့်စာသင်ကျောင်းများတွင် အမှိုက်ကိုစနစ်တကျစွန့်ပစ်တတ်စေရေး အသိပညာပေပေးလုပ်ငန်းများကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်။ ကျင်းပမည့် အစီအစဉ် နေ့ရက်- ၆.၈.၂၀၂၃ အချိန်-၁၀:၀၀am မှ ၁၂:၀၀ am Are you curious about why waste is like mountains in Myanmar? Don't worry!!!! EHS Myanmar brings a webinar: Turning Waste into Energy for all of you who are interested in the waste management system in Myanmar. Join us as Sayar U Si Thu Lwin will discuss these concerning matters in Myanmar. 🗣️Details 🗓️ Date- 6.8.2023 🕙 Time- 10:00am to 12:00am (Myanmar) 📌 Place- online Registration Form - https://docs.google.com/forms/d/e/1FAIpQLSeciD2RK2nsMJgKipgCJduuRo4sAYObXixX8SD1aVl4ZDdseQ/viewform?usp=sf_link #TurningWasteIntoWealth #EHSMyanmar #Wastetoenergy #Waste #Energy #Webinar

photo content

🌍💚 ကျွန်ုပ်တို့ရဲ့နေ့စဉ်ဘဝတွေမှာ ပလတ်စတစ်တွေကိုလုံးဝအသုံးမပြုလို့ဖြစ်နိုင်မလား 💚🌍 ဟေး၊ သဘာဝကိုချစ်သူအပေါင်းတို့ - အခုပြောပြပေးချင်တာကတော့ကျွန်ုပ်တို့ရဲ့နေ့စဉ်ဘဝမှာ ပလတ်စတစ်များကို လုံးဝဖယ်ရှားဖို့ဖြစ်နိုင်မလား။ 🤔 ဒီအရေးကြီးတဲ့ စိန်ခေါ်ချက်အကြောင်းအရာကို အတူတူ လေ့လာကြည့်ရအောင်။ ပလတ်စတစ်တွေင ကျွန်ုပ်တို့ရဲ့ခေတ်မီလူ့အဖွဲ့အစည်းအတွက် မရှိမဖြစ်အစိတ်အပိုင်းတစ်ခုဖြစ်လာပြီး သက်တောင့်သက်သာရှိမှု၊ တာရှည်ခံမှု၊ နှင့် ဘက်စုံအသုံးပြုနိုင်မှုတို့အတွက် အသုံးတွင်ကျယ်နေရခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်ုပ်တို့ကမ္ဘာမြေ နဲ့ သဘာဝပတ်ဝန်းကျင်ဂေဟစနစ်တို့အပေါ် ၎င်းတို့ရဲ့သက်ရောက်မှုကို လျစ်လျူရှုလို့မရပါ။ ပလတ်စတစ်ညစ်ညမ်းမှုသည် ကျွန်ုပ်တို့၏ဂေဟစနစ်များ၊ အဏ္ဏဝါသက်ရှိများနှင့် လူသားတို့၏ကျန်းမာရေးကိုပင် သိသိသာသာ ခြိမ်းခြောက်လာပါတယ်။ ကျွန်ုပ်တို့ရဲ့ နေ့စဉ်ပလတ်စတစ်သုံးစွဲမှုအလေ့အထကို ဆင်ခြင်သုံးသပ်ပြီး ရေရှည်တည်တံ့သော အခြားရွေးချယ်စရာနည်းလမ်းများကို ရှာဖွေရမည့်အချိန်ရောက်နေပြီဖြစ်ပါတယ်။ ♻️ 100% ပလတ်စတစ်ကင်းစင်သော လူနေမှုပုံစံကို ရည်မှန်းချက်ကြီးကြီးထားပြီးလုပ်ဆောင်ခြင်းက ကောင်းမွန်သောရည်မှန်းချက်ဖြစ်သော်လည်း လက်တွေ့တွေင်ခက်ခဲနေဆဲဖြစ်ပါတယ်။ ဒါကြောင့် နေ့စဉ်ဘဝတွင် ပလတ်စတစ်အသုံးပြုမှုကို လျှော့ချရန် လက်တွေ့ကျသော အကြံပြုချက်အချို့ ကိုဖော်ပြလိုက်ရပါတယ်။ 1️⃣ အသိပညာဖြင့် စတင်ပါ- ပလတ်စတစ်ညစ်ညမ်းမှု၏ ဆိုးကျိုးများနှင့် ရေရှည်အကျိုးဆက်များအကြောင်း သင့်ကိုယ်သင် အသိပညာတိုးပွားလာအောင်လုပ်ပါ။ ဤအသိပညာသည် သင့်အားလှုံ့ဆော်ပေးမည်ဖြစ်ပြီး အသိဉာဏ်ဖြင့် ရွေးချယ်မှုများ ပြုလုပ်နိုင်မည်ဖြစ်ပါတယ်။ 2️⃣ 3 R ကို လိုက်နာပါ- လျှော့ပါ၊ ပြန်သုံးပါ၊ နှင့် ပြန်လည်အသုံးပြုပါ။ ကျွန်ုပ်တို့၏ ပလပ်စတစ်သုံးစွဲမှုကို သတိရှိရှိ လျှော့ချခြင်း၊ ဖြစ်နိုင်သည့်အခါတိုင်း ပစ္စည်းများ ပြန်လည်အသုံးပြုခြင်းနှင့် မှန်ကန်စွာ ပြန်လည်အသုံးပြုခြင်းဖြင့်၊ ပလတ်စတစ်အမှိုက်များကို လျှော့ချခြင်းအပေါ် သိသာထင်ရှားသော အကျိုးသက်ရောက်မှုကို ရရှိစေနိုင်မှာဖြစ်ပါတယ်။ 3️⃣ တစ်ခါသုံး ပလတ်စတစ်များသုံးစွဲခြင်းကိုစွန့်လွှတ်ပါ - ပလတ်စတစ်ကောက်ရိုးများ၊ အိတ်များ၊ မီးဖိုချောင်သုံးပစ္စည်းများနှင့် ပုလင်းများကို နှုတ်ဆက်လိုက်ပါ။ သတ္တု သို့မဟုတ် ဝါးကောက်ရိုးများ၊ အထည်အိတ်များနှင့် သံမဏိရေသန့်ဗူးများကဲ့သို့သော ပြန်လည်အသုံးပြုနိုင်သည့် အခြားရွေးချယ်စရာများကို ရွေးချယ်ပါ။ ဤရိုးရှင်းသောလဲလှယ်မှုများသည် သင်၏ပလပ်စတစ်သုံးစွဲမှုကို သိသိသာသာလျှော့ချနိုင်ပါတယ်။ 4️⃣ ရေရှည်တည်တံ့သော ကုန်အမှတ်တံဆိပ်များကို ပံ့ပိုးပါ- သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော ထုပ်ပိုးမှုကို ဦးစားပေးပြီး ပလတ်စတစ်မပါသော အခြားရွေးချယ်စရာများကို ပေးဆောင်သည့် ကုမ္ပဏီများကို ရှာဖွေပါ။ ဤလုပ်ငန်းများကို ပံ့ပိုးခြင်းဖြင့်၊ သင်သည် စက်မှုလုပ်ငန်းတွင် ရေရှည်တည်တံ့သော အလေ့အကျင့်များဆီသို့ ကူးပြောင်းမှုကို အားပေးအားမြှောက်ပြုနေပါသည်။ 5️⃣ အသိပညာများပြန်လည်မျှဝေပါ - သင်၏ ပလတ်စတစ်ကင်းစင်သော ခရီးကို အခြားသူများနှင့် မျှဝေပါ။ လှုပ်ရှားမှုတွင် ပါဝင်ရန် သူငယ်ချင်းများ၊ မိသားစုနှင့် သင့်အသိုင်းအဝိုင်းတို့ကို အားပေးပါ။ အပြောင်းအလဲ၏ အကျိုးသက်ရောက်မှုတို့ကို အတူတကွ ဖန်တီးလိုက်ပါ။ ပြီးပြည့်စုံခြင်းထက် တိုးတက်မှုက ပိုအရေးကြီးတယ်ဆိုတာကိုလဲ သတိရဖို့လိုပါတယ်။ ပလတ်စတစ်များကို လုံးဝဖယ်ရှားပစ်ခြင်းသည် စိန်ခေါ်မှုဖြစ်နိုင်သော်လည်း သေးငယ်သောလုပ်ဆောင်ချက်တိုင်းသည် ပိုမိုသန့်ရှင်းပြီး ပိုမိုစိမ်းလန်းသောအနာဂတ်ဆီသို့ ဦးတည်နေပါတယ်။ သတိရှိရှိ ရွေးချယ်မှုများ ပြုလုပ်ပြီး အခြားသူများကို လှုံ့ဆော်ပေးခြင်းဖြင့် ကျွန်ုပ်တို့ သိသာထင်ရှားသော အကျိုးသက်ရောက်မှုများကို ဖန်တီးနိုင်ပါသည်။ 🌱💪 ပလတ်စတစ်အမှိုက် လျှော့ချရန်နှင့် အနာဂတ် မျိုးဆက်သစ်များ အတွက် လှပသော ကမ္ဘာမြေကို ကာကွယ်ရန် ကျွန်ုပ်တို့ ကြိုးပမ်းဆောင်ရွက်ရင်း အတူတူ ဤခရီးကို တစ်ဆင့်ပြီးတစ်ဆင့် လျှောက်လှမ်းကြပါစို့။ စိန်ခေါ်မှုကို လက်ခံဖို့ အဆင်သင့်ဖြစ်ပြီလား။ သင့်အတွေးအမြင်များ၊ စိတ်ကူးများနှင့် အတွေ့အကြုံများကို comment တွင်မျှဝေပေးသွားပါဦး။ 👇 ရေးသားသူ - နိုင်ကျော်လူ ----------------------------------------------------------------------- Follow us on instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #PlasticFreeLiving #SustainableChoices #PlasticWaste Reduce #TogetherForThePlanet