en
Feedback
EHS Myanmar

EHS Myanmar

Open in Telegram

This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.

Show more
934
Subscribers
No data24 hours
+47 days
+730 days
Posts Archive
Arbor Day, April 10 ==================================================== Arbor Day (or Arbour Day in some countries) is a sec
Arbor Day, April 10 ==================================================== Arbor Day (or Arbour Day in some countries) is a secular day of observance in which individuals and groups are encouraged to plant trees.[1] Today, many countries observe such a holiday. Though usually observed in the spring, the date varies, depending on climate and suitable planting season. #EHSMyanmar #ArborDay #internationaldays

photo content

💦“သင်္ကြန် ရုံးပိတ်ရက်ကြော်ငြာခြင်း”💦 🙏 EHS Myanmar ၏ ရုံးလုပ်ငန်းများအား ၂၀၂၃ ခုနှစ် ဧပြီလ ၁၀ ရက်နေ့ မှ ၁၇ ရက်နေ့အထိ ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း လူကြီးမင်းများကို အသိပေးကြော်ငြာလိုပါတယ်။ 💦We, at EHS Myanmar, wish you all a very happy Thingyan Festival and a happy Myanmar New Year💦 ✅ If you have any urgent matters, please contact us via email at myanmarehs@gmail.com. #EHSMyanmar #Thingyan #Festival #2K23

photo content

🎤 Hello လူငယ်တို့ရေ….. 🎤 တို့တွေ ကမ္ဘာကြီးက ပလတ်စတစ်ကြောင့် အရမ်းနေမကောင်းဖြစ်နေတာကိုတော့ သိကြပြီးပြီနော်…. 🎤 အခုနောက်ပိုင်း ပလတ်စတစ်နဲ့ပတ်သတ်လို့ အသိပညာပေးတာတွေ campaign တွေလည်း ‌အများကြီးလုပ်ဆောင်နေကြတယ်…. 🎤 ဒါဆို တို့တွေလူငယ်တွေကကော ကမ္ဘာကြီးပြန်လည်ကျန်းမာလာဖို့ ပလတ်စတစ်ကို လျှော့ချဖို့ရာ ဘယ်လိုအခန်းကဏ္ဍတွေကကော ပါဝင်နေကြပြီလဲ? 🎤 တို့တွေ ပတ်ဝန်းကျင်မှာ ပလတ်စတစ်ကြောင့် ဘယ်လောက်တောင် ညစ်ညမ်းမှုဖြစ်နေပြီကိုကော သတိထားမိကြရဲ့လား? 🎤 တို့လူငယ်တွေအနေနဲ့ ဘယ်လိုမျိုးတူတူပူးပေါင်းလုပ်ဆောင်ကြမလဲ? 🎤 ဒါတွေအတွက် EHS Myanmar က လူငယ်တွေကို ဦးတည်ပြီးတော့ " ပလတ်စတစ်‌ေလျှာ့ချရေးနှင့် လူငယ်များအခန်းကဏ္ဍ" ဆိုတဲ့ခေါင်းစဉ်လေးနဲ့ Podcast လေးလုပ်ဖို့ရှိတယ်နော်… 🎤 ဒီ Podcast လေးကိုတော့ EHS Myanmar ကဦးဆောင်ပြီးတော့ ပလတ်စတစ်ညစ်ညမ်းမှုလျှော့ချရေးအတွက် အတက်ကြွဆုံးလုပ်‌ေဆာင်နေတဲ့ Thant Myanmar နဲ့အတူတူ အမေးအဖြေလေးတွေ လုပ်သွားမှာပဲဖြစ်ပါတယ်. 🎤 ပလတ်စတစ်လျှော့ချအသုံးပြုရေးနဲ့ပတ်သတ်ပြီး သိချင်တာဖြစ်ဖြစ် မေးချင်တာဖြစ်ဖြစ် အောက်က Google Form လေးမှာ ဖြည့်သွားပေးပါအုံးနော်။ Google Form - https://docs.google.com/forms/d/1zVLJQFm178gR06Alorgm7URSwfi-HvHPWWHgabrlQ_c/edit?usp=drivesdk 🎤 If you have any questions, please feel free to contact us at myanmarehs@gmail.com. #Plastics #Youth #Podcast #EHSMyanmar #ThantMyanmar

photo content

International Beaver Day, April 7 ==================================================== International Beaver Day is a relatively recent celebration, with its origins dating back to 2008, when the organization Beavers: Wetlands & Wildlife determined that a day dedicated to raising public awareness of the beaver would be beneficial. As a shy species, many individuals are unaware of its significance and contribution to the overall health of the ecosystems in which it resides. Some individuals even call beavers "flat-tailed heroes" Source - Days of the Year #EHSMyanmar #Beaver #internationaldays

photo content

သမုဒ္ဒရာ ပလတ်စတစ် စွန့်ပစ်ပစ္စည်းစွန့်ထုတ်မှုအများဆုံးနိုင်ငံများ ထိပ်ဆုံး (၁၀) နိုင်ငံစာရင်းတွင် မြန်မာပါဝင် ____________________ EHS Myanmar | 28.3.2023 ကမ္ဘာတစ်ဝှမ်းတွင် နှစ်စဉ် ပလတ်စတစ် မက်ထရစ်တန်ချိန် သန်းပေါင်းများစွာ ထုတ်လုပ်လျက်ရှိသည်။ ဤပလတ်စတစ်အမှိုက်များ၏ တစ်ဝက်ကို ပြန်လည်အသုံးပြုခြင်း၊ မီးရှို့ဖျက်ဆီးခြင်း သို့မဟုတ် အမှိုက်ပုံများအတွင်းသို့ စွန့်ပစ်သော်လည်း၊ နောက်ဆုံးတွင် ကျန်ရှိနေသော အရာများ၏ သိသာထင်ရှားသော အစိတ်အပိုင်းသည် ကျွန်ုပ်တို့၏ သမုဒ္ဒရာများတွင် နောက်ဆုံးတွင်ဂိတ်ဆုံးသွားပါသည်။ အရင်ဆုံး ဒီပလတ်စတစ်အမှိုက်တွေက သမုဒ္ဒရာထဲကို ဘယ်လိုရောက်သွားလဲ ဆိုတာ အရင်ပြောကြည့်ရအောင်။ နက်ပြာရောင်ရေပြင်တွင် တွေ့ရှိရသည့် ပလတ်စတစ်အမှိုက်အများစုသည် ပန်းခြံများ၊ ကမ်းခြေများ၊ သို့မဟုတ် ကျွန်ုပ်တို့၏လမ်းများပေါ်ရှိ ရေမြောင်းများမှတဆင့်မြောပါလာသည်။ ဤပလတ်စတစ်အမှိုက်အညစ်အကြေးများကို ကျွန်ုပ်တို့၏မြောင်းများ၊ ချောင်းများနှင့် မြစ်များအတွင်းသို့ လေနှင့် မိုးရေများဖြင့် စီးဆင်းစေသည်။ ထို့နောက် မြစ်ချောင်းများသည် ပလတ်စတစ်စူပါလမ်းမကြီးများအဖြစ်သို့ ပြောင်းလဲကာ ပလတ်စတစ်များကို သမုဒ္ဒရာများဆီသို့ ပို့ဆောင်ပေးသည်။ ထို့အပြင် ပင်လယ်ပြင်တွင် တိုက်ရိုက်စွန့်ပစ်ထားသော ပျက်စီးနေသော ငါးဖမ်းပိုက်များ သို့မဟုတ် တစ္ဆေပိုက်များမှ ကြီးမားသော နောက်ထပ် ပလတ်စတစ်အတုံးများကို ပင်လယ်ပြင်သို့ တိုက်ရိုက်စွန့်ပစ်ခြင်းများလဲရှိနေသည်။ ပလတ်စတစ် အများဆုံး ထုတ်လုပ်သော သို့မဟုတ် စားသုံးသည့် နိုင်ငံများသည် သမုဒ္ဒရာများကို အညစ်ညမ်းဆုံးဟု အချို့က ထင်ကောင်းထင်နိုင်သည်။ ဒါပေမယ့် ဒီဟာက မမှန်ပါဘူး။ Lourens J.J. Meijer ၏ သုတေသနစာတမ်း အရ သေးငယ်သော ပထဝီဝင် ဧရိယာ၊ ရှည်လျားသော ကမ်းရိုးတန်းများ၊ မိုးရွာသွန်းမှု မြင့်မားခြင်းနှင့် ညံ့ဖျင်းသော စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲရေး စနစ်ရှိသော နိုင်ငံများသည် ပင်လယ်ထဲသို့ ပလတ်စတစ်များကို ဆေးကြောရန် အလားအလာ ပိုများပါသည်။ နှစ်စဉ် ပလတ်စတစ်စွန့်ပစ်အမှိုက်ကို Metrics Tons ဖြင့်တွက်ချက်ထားသည့် နိုင်ငံအနည်းအများစာရင်းကို အောက်တွင်ဖော်ပြထားပါသည်။ #1 🇵🇭 Philippines 356,371 metric tons #2 🇮🇳 India 126,513 #3 🇲🇾 Malaysia 73,098 #4 🇨🇳 China 70,707 #5 🇮🇩 Indonesia 56,333 #6 🇲🇲 Myanmar 40,000 #7 🇧🇷 Brazil 37,799 #8 🇻🇳 Vietnam 28,221 #9 🇧🇩 Bangladesh 24,640 #10 🇹🇭 Thailand 22,806 🌐 Rest of the World 176,012 Total 1,012,500 နိုင်ကျော်လူ မှရေးသားပြုစုသည်။ Source: Louis Lugas Wicaksono, February 2023 ----------------------------------------------------------------------------------------- Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #Ocean #PlasticsWaste #myanmar #marinepollution

May the spirit of Thingyan fill our hearts with kindness, compassion, and generosity, and inspire us to spread love and joy t
May the spirit of Thingyan fill our hearts with kindness, compassion, and generosity, and inspire us to spread love and joy to those around us. #EHSMyanmar #2023

photo content
+3

“Advancing cooperation between Lower Mekong Countries to support governance, transparency and local voices, concerning with water and water related ecosystem ”Project နှင့် ပတ်သက်သည့် အစည်းအဝေး နှင့် အကြံပြုဆွေးနွေးပွဲကို မတ်လ (၂၉) ရက်နေ့တွင် Forest Resource Environment Development and Conservation Association (FREDA) မှ ဦးဆောင်ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုဆွေးနွေးပွဲသို့ EHS Myanmar မှ Ko Kaung Htet Swan (President) နှင့် Ma May Tharaphu Thein Win (Project Coordinator) တို့နှင့်အတူဖိတ်ကြားထားသည့် INGO များ၊ NGO များ နှင့် CSO များမှ တက်ရောက်ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ #EHSMyanmar #FREDA #EnvironemntalSolutions #SustianbaleNation #Myanmar #INGO #NGO #CSO

photo content

EHS Myanmar's Monthly Theme: What is it for April? -------------------------------------------------- 🇲🇲 EHS Myanmar မှ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် (Sustainable Development Goals) များကို အထောက်အကူပြုစေရန် ရည်ရွယ်၍ တစ်လနှင့်တစ်လ မတူညီသော ခေါင်းစဥ် (Theme)များကို အလှည့်ကျဖြင့် Knowledge Sharing များ ပြုလုပ်ပေးနေပါသည်။ ⛰ ဧပြီလ (၃) ရက်နေ့တွင်ကျရောက်သည့် "World Aquatic Animal Day" ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့် ယခု မတ်လအတွက် theme ကိုတော့ "Aquatic Ecosystem" Theme ကိုရွေးချယ်ထားပါသည်။ 🏭 ကမ္ဘာ့ရေချိုရေငံရှိ ရေပေါ်ရေအောင် အဏ္ဏဝါသတ္တဝါများ နှင့် ရေပေါ်ရေအောက်ဂေဟစနစ်တို့နှင့် သက်ဆိုင်သည့်အကြောင်းအရာများ၊ ထိန်းသိမ်းစောင့်ရှောက်သင့်ပုံတို့ သိရှိစေရန် ပညာပေးဆောင်းပါးများရေးသားတင်ဆက်ခြင်း၊ free online course များလမ်းညွှန်ပေးခြင်း၊ Podcast အစီအစဉ်များထုတ်လွှင့်ခြင်း၊ နှင့် စာအုပ်ကောင်းများ မျှဝေခြင်းတို့ကို ပြုလုပ်ပေးသွားပါမည်။ ✌️ World Aquatic Animal Day နှင့်ပတ်သတ်ပြီး စိတ်ဝင်စားလို့ လေ့လာသင်ယူချင်တယ်ဆိုရင်တော့ EHS Myanmar page ကို see first လုပ်ထားဖို့မမေ့ပါနဲ့ဦး။ ----------------------------------------------------------------------- "𝙂𝙖𝙞𝙣𝙞𝙣𝙜 𝙠𝙣𝙤𝙬𝙡𝙚𝙙𝙜𝙚 𝙞𝙨 𝙩𝙝𝙚 𝙛𝙞𝙧𝙨𝙩 𝙨𝙩𝙚𝙥 𝙩𝙤 𝙬𝙞𝙨𝙙𝙤𝙢. 𝙎𝙝𝙖𝙧𝙞𝙣𝙜 𝙞𝙩 𝙞𝙨 𝙩𝙝𝙚 𝙛𝙞𝙧𝙨𝙩 𝙨𝙩𝙚𝙥 𝙩𝙤 𝙝𝙪𝙢𝙖𝙣𝙞𝙩𝙮." #EHSMyanmar #AquaticAnimal #AquaticEcosystem #April #SDG

photo content

Water Quality Index ဆိုသည်မှာ။ =========================================== EHS Myanmar | 30.3.23 ရေအရည်အသွေးညွှန်းကိန်း (WQI) သည် ရေကန် သို့မဟုတ် မြစ်ကဲ့သို့သော ရေထု၏ သုံးစွဲဖို့သင့်မသင့် နှင့် သန့်ရှင်းမှုတို့ကို တိုင်းတာခြင်းဖြစ်သည်။ ရေ၏အရည်အသွေးကို ထိခိုက်စေသည့် အမျိုးမျိုးသော အကြောင်းအချက်များဖြစ်သည့် ရေညစ်ညမ်းမှုအခြေအနေများဖြစ်နိုင်သောကြောင့် Pollutants များ၊ DO ညွှန်ကိန်း၊ အောက်ဆီဂျင်ပါဝင်မှု နှင့် pH စသည်တို့ကို ထည့်သွင်းစဉ်းစားလေ့ရှိသည်။ WQI ညွှန်ကိန်းကိုအမှတ်ပေးရာတွင် ရမှတ်ကို ပုံမှန်အားဖြင့် 0 မှ 100 ဖြင့်တိုင်းတာကြသည်။ ပိုမိုကောင်းမွန်သော ရေအရည်အသွေးကို ရမှတ်အနည်းဆုံးဖြင့် ညွှန်ပြကာ ရမှတ် ၁၀၀ သည်အမှတ်အမြင့်ဆုံးဖြစ်ပါသည်။ WQI ညွှန်ကိန်းများ နှင့် Grade တို့ကိုအရောင်နှင့်တကွ ပုံတွင်ဖော်ပြထားသည်။ ထိုညွှန်ကိန်းကို (၂၀၂၁) ခုနှစ် ထုတ် American Journal of Water Resources မှမှီငြမ်းဖော်ပြသည်။ ထိုအညွှန်းကိန်းများကို အေဂျင်စီများ၊ Organization များ နှင့် သုတေသီများက အချိန်နှင့်အမျှ ရေထုအရည်အသွေးများ၏ အခြေအနေကို စောင့်ကြည့်အကဲဖြတ်ရန်နှင့် ရေအရည်အသွေး မြှင့်တင်ရန် လိုအပ်သည့်နေရာများကို ဖော်ထုတ်ရန် ၎င်းညွှန်းကိန်းတို့ကို အသုံးပြုကြသည်။ သို့ပေမယ့် သိထားရလိုအပ်သည်မှာ အထက်ဖော်ပြပါ ညွှန်ကိန်းအမှတ်များသည် အသုံးပြုသူ၏ လူ နှင့် အဖွဲ့အစည်းပေါ်တွင် မှီခိုနေသည်။ ထို့အပြင် ၎င်းတို့ကို ရေကူးခြင်း နှင့် ငါးမျှားခြင်းတို့အတွက် လူထုအပေါ်ရေအရည်အသွေးအချက်အလတ်များသိရှိနိုင်ရန်ဖော်ပြ သည့်အခါတွင်အသုံးပြုလျက်ရှိသည်။ ဘာသာပြန်ရေးသားသူ - နိုင်ကျော်လူ --------------------------------------------------------------------------- Don't forget to follow us on Instagram - https://www.instagram.com/ehsmyanmar/ #EHSMyanmar #WQI #waterquality #index

photo content

အချုပ်အားဖြင့်ဆိုရသော် ရေအရင်းအမြစ်လျော့နည်းလာရခြင်း အကြောင်းရင်းမှာ နှစ်ရပ်ရှိပါသည်။ ပထမအကြောင်းရင်းမှာ ရာသီဥတုပြောင်းလဲခြင်း၏ အကျိုးဆက် နှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများ၏ ဘေးဒဏ်ကြောင့် ဖြစ်ပြီး ဒုတိယအကြောင်းရင်းကမှာ နေ့စဉ် တိုးပွားနေသည့် လူဦးရေ၏ ဘဝရပ်တည်မှု လိုအပ်ချက်နှင့် လူ့ပယောဂများကြောင့် ညစ်ညမ်းရေများလာပြီး ရေအရင်းအမြစ်လျော့နည်းခြင်း ဖြစ်ပါသည်။ အထက်တ္ငင်ဖော်ပြခဲ့သည့် အကြောင်းအရင်းများမှာ ရေ သည်လူ့အရင်းအမြစ် အတွက် မည့်သည့်အတိုင်းအတာထိ အက္ခရာ ကျသည်ကို ဖော်ကျုးထားခြင်းဖြစ်ပါသည်။ ထို့ကြောင့် လက်ရှိဘဝ တွင် ရေ ကို စနစ်တကျ အသုံးပြုပြီး ရေရှားပါးမှု ဘေးအန္တရာယ်များ ဒဏ်မှ လွတ်မြောက် ရန် သဘာဝ အရင်းအမြစ်ဖြစ်သော ရေ ကို ထိန်းသိမ်းတတ်ရန်လည်း အထူးလိုအပ်ပေသည်။ ကိုးကား ။ ။ Eleven Media Group။ Report Analytical Brief Drinking Water MIMU။ Sustainable Development Goal 6 ။ ရေသားသူ - မောင်ဆား #EHSMyanmar #waterconservation #Humanresource #waterimportance #waterforhumanresource

Water for Human resource (လူ့အရင်းအမြစ်အတွက် ရေ) ---------------------------------------------------------------------- EHS Myanmar| 25.3.2023 ရေ ဟာလူတွေအတွက် မရှိမဖြစ်သော အရာ…. 💦 လူအများသုံးစွဲနေသော ရေ ကို Potable water (သောက်ရေ)ဟုခေါ်သည်။ သောက်သုံးရန်အတွက် မဟုတ်ဘဲ လူများအတွက် အန္တရာယ်မရှိသည့် ရေတွေကို နေစဉ်ဘဝတွင် အသုံးပြုပြီး ချိုးရေ၊ သုံးရေ စသည်ဖြင့် အမျိုးမျိုး ခေါ်ဝေါ်ကြသည်။ လူ့ခန္ဓာကိုယ်အရွယ်အစားပေါ်မူတည်၍ ရေဓာတ်ပမာဏမှာ ၅၅ ရာခိုင်နှုန်း မှ ၇၈ ရာခိုင်နှုန်း ထိပါဝင်ပါသည်။ လူ့ခန္ဓာကိုယ်၌ လှုပ်ရှားမှုတာဝန်များကို ပုံမှန်လုပ်ဆောင်နိုင်ရန် (သို့မဟုတ်) ရေဓာတ် ခန်းခြောက်ခြင်းများမှ ကာကွယ်နိုင်ရန် အတွက် ရေကို နေ့စဉ် ၃လီတာမှ ၄ လီတာခန့် သောက်သုံးရန် လိုအပ်ပါသည်။ သို့သော် တစ်ဦးချင်းစီတိုင်း၏ ခန္ဓာကိုယ်လှုပ်ရှားမှု၊ ကိုယ်အပူချိန် နှင့် အခြားသော အရာများအပေါ်မူတည်၍ ရေ သောက်သုံးမည့် ပမာဏများ ကွဲပြားသွားနိုင်သည်။ ပုံမှန်ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်သည့် အားကစားသမားသည် ရေကို ပိုမိုသောက်သုံးရန် လိုအပ်သည်။ ဆိုးကျိုးများအနေဖြင့် ရေဓာတ်လွန်ကဲခြင်း (Hyperhydration) ၏အကျိုးဆက်များကို သိရှိသင့်သည်။ အထူးသဖြင့် ရေဆိပ်သင့်ခြင်း (water intoxication) သည် လူများ၏အသက်အန္တရာယ်ကိုပါ ထိပါးလာနိုင်သည်။ ကိုယ်ဝန်ဆောင်သည်များ နှင့် နို့တိုက်မိခင်များမှာ ခန္ဓာကိုယ်အတွင်းရေဓာတ်များရရှိနေနိုင်ရန်အတွက် ရေ ကိုပိုမိုသောက်သုံးရန် လိုအပ်ပါသည်။ ထို့ပြင် ရေသည် တစ်ကိုယ်ရေ သန့်ရှင်းမှုနှင့် ရောဂါပိုးများ အလွယ် တကူ မဝင်ရောက်ဖို့အတွက်လည်း အရေးကြီးသည့်အရာ ဖြစ်သည်။ ထို့ကြောင့် ရေသည် ကျွန်ုပ်တို့၏ နေ့စဉ်ဘဝအတွက် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ . ရေကောင်းရေသန့် ရှားပါးလာခြင်း၊ ထိန်းသိမ်းခြင်း နှင့် လူ့အရင်းအမြစ်အတွက် ရေ 💦 သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းလေ့လာသည့် ပညာရှင်များ နှင့် သိပ္ပံပညာရှင်များ၏ လေ့လာချက်များအရ ရေရှားပါးမှုကြောင့် ကမ္ဘာ့လူဦးရေ၏ ၄၀ ရာနှုန်းကျော် ထိခိုက်စေပြီး စိုးရိမ်ဖွယ်ရာအချက်မှာ အပူချိန်များမြင့်တက်လာသည်နှင့်အမျှ ရေရှားပါးမှုနှုန်းမြင့်တက်လာနိုင်သည် ဟူ၍လည်း ခန့်မှန်းလျက် ရှိသည်။ လူဦးရေ ၂.၁ ဘီလီယံသည် ၁၉၉၀ ခုနှစ်မှစ၍ ရေသန့်ရရှိမှု တိုးတက်လာသော်လည်း သောက်သုံးရေရရှိမှု လျော့ကျလာခြင်း ပြဿနာမှာ ကမ္ဘာနှင့်တဝှမ်း၌ ကြုံတွေ့နေလျက်ရှိသည်။ . မြန်မာနိုင်ငံနှင့် အခြားနိုင်ငံအများစုတွင်လည်း ရေရှားပါးမှုဒဏ်ကို နှစ်စဉ်တွေ့ကြုံခံစားနေရသည်။ မိုးခေါင်ခြင်းနှင့် သဲကန္တာရများ တိုးများလာခြင်းကြောင့် ရေရှားပါးမှုကို ပိုမိုဆိုးရွားစေပါသည်။ သုတေသနစစ်တမ်းများအရ လာမည့် ၂၀၅၀ တွင် လူလေးဦးလျှင် တစ်ဦးသည် ရေပြတ်လပ်မှုကို ဒဏ်ကို ကြုံတွေ့နိုင်သည်ဟူ၍လည်း ပညာရှင်များ ခန့်မှန်းပြောဆို ကောက်ချက်ချ ခဲ့သည်။ လာမည့် ၂၀၃၀ တွင်လည်း လူတိုင်းအတွက် လုံခြုံစိတ်ချနိုင်ပြီး ဈေးအားဖြင့်လည်းသက်သာသော သောက်သုံးရေများ ပိုမိုရရှိလာနိုင်လာရန် အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံခြင်း၊ မိလ္လာစနစ်များ ထောက်ပံပေးခြင်း နှင့် တစ်ကိုယ်ရေသန့်ရှင်းမှုတို့၌ ရင်းနှီးမြှုပ်နှံချဲ့ထွင်သင့်သည်။ ရေနှင့်ဆိုင်သော ဂေဟစနစ်များကို ကာကွယ်ခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်းများမှာလည်း အလွန်အရေးကြီးလှပါသည်။ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လုံခြုံပြီးစျေးနှုန်းချိုသာသော သောက်သုံးရေကို ရရှိရန်ပြုလုပ်ရာတွင် လည်း အခြေခံဝန်ဆောင်မှုများ မရရှိသောလူပေါင်းသန်း ၈၀၀ ကျော်ထံ ရောက်ရှိစေခြင်းနှင့် လူပေါင်း ဘီလီယံနှစ်ထောင်ကျော်အတွက် ဝန်ဆောင်မှုများအား လက်လှမ်းမီရေး၊ ဘေးကင်းလုံခြုံရေးတို့၌ တိုးမြှင့်ခြင်းပါဝင်နိုင်ခဲ့သည်။ အထက်ပါအကြောင်းအရင်းများမှာ ရေကောင်း ရေသန့်များ နည်းပါးသွားရခြင်း၏ အဓိက အကြောင်းအရင်း နှင့် ထိန်းသိမ်းရမည့်နည်းလမ်းများ ဖြစ်ပါသည်။ . ရေမရှိရင် ဘဝမရှိဟု လူအများက ဆိုစမှတ်ပြုကြသည်။ လူသားအပါအဝင် သက်ရှိသတ္တဝါများ အတွက်ရေသည် လေ နည်းတူ မရှိမဖြစ် လိုအပ်သော သဘာဝမှပေးသော ဆုလာဘ် တစ်ခုပင် ဖြစ်သည်။ ကမ္ဘာ့လူဦးရေ သန်း ၁၀၀၀ မျှမက မသန့်ရှင်းသည့် သောက်သုံးရေကို သုံးစွဲနေခြင်းကြောင့် ၂၀၀၀ ပြည့်နှစ်များမှ စ၍ လူဦးရေ ၂၂ သန်းကျော် မှာ သေဆုံးခဲ့ရပါသည်။ သန့်ရှင်းကောင်းမွန်သောရေ ကြောင့် နှစ်စဉ်ဖြစ်ပွားနေသည့် ဝမ်းပျက်ဝမ်းလျှောရောဂါမှ ကလေးသူငယ် ၁ ဒသမ ၄ သန်း (၁.၄သန်း) ကို ကယ်တင်နိုင်ခဲ့သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ထားပါသည်။ . မြန်မာနိုင်ငံအနေနှင့် အရှေ့တောင်အာရှတွင် ရေအရင်းအမြစ် ပေါကြွယ်ဝသည့် နိုင်ငံဖြစ်သော်လည်း ရာသီဥတုဖောက်ပြန်မှုမှာ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေကြောင့် ရေအရင်းအမြစ်များ ပြောင်းလဲခြင်း၊ ပျက်စီးခြင်း၊ လျော့နည်းခြင်းတို့ ဖြစ်ပေါ်လျက်ရှိသည်။