en
Feedback
CMGW Dhamma Channel

CMGW Dhamma Channel

Open in Telegram

🌿 Learning Dhamma, Living Wisdom🌿 သုတဓမ္မဒီပလိုမာနှင့်ပတ်သက်သောမှတ်စုများ ၊အသံဖိုင်များ၊video file များ ဝင်ရောက်လေ့လာနိုင်ပါရန် စုစည်းပူဇော်ပေးထားပါသည်။

Show more
3 478
Subscribers
-324 hours
-167 days
-7230 days
Posts Archive
photo content
+3

+2
DawKhinHlaTin-AbhidhaLevel1Note-1.pdf8.86 MB

‎📚 အဘိဓမ္မာ ရိုးရိုး 📚 ‎ပထမဆင့် (မှတ်စု).pdf ‎ဒုတိယဆင့်(မှတ်စု).pdf ‎တတိယဆင့်(မှတ်စု).pdf ‎(ဓမ္မဗျူဟာ - ဆရာမကြီးဒေါ်ခင်လှတင် ‎ပူဇော်ထားပါသည်) 💙 Download ယူရန် Telegram channel link 👇 ‎https://t.me/CMGWdhammalibrary/619?single ‎🌿 ဓမ္မစာပေများ ကိုးကားစုစည်းနိုင်ရန် မျှဝေပေးထားပါသည် ‎🌿 Learning Dhamma, Living Wisdom🌿 ‎ ‎CMGW_DhammaLibrary

ပညာဘူမိတက္ကသိုလ်က ကျင်းပပြုလုပ်မည့် ၂၀၂၆ ခုနှစ် ဒုတိယ (၆)လပတ် သုတဓမ္မစာမေးပွဲများအတွက် သုတဓမ္မ ဒီပလိုမာအတန်း Level-1, Level-2, Level-3 လျှောက်လွှာများနှင့် သုတဓမ္မဂဝေသီ BA တန်း Part 1, Part 2, Part 3 Online လျှောက်လွှာများကို အောက်ပါ ဗီဒီယိုအတိုင်း တင်သွင်းနိုင်ပါသည်။ 🔹Online မှလျှောက်လွှာတင်သွင်းရန် Link: https://admission.universitywisdomland.edu.mm/ Youtube Link: https://www.youtube.com/shorts/xEoIfRjEvK0 Online မှ လျှောက်ထားသူများအနေဖြင့်လည်း Website Link တွင် လိုအပ်သော အချက်အလက်များကို တိကျမှန်ကန်စွာ ဖြည့်သွင်း၍ လျှောက်ထားနိုင်သည်။ Online လျှောက်လွှာတင်သွင်းရာတွင် လိုင်စင်ပုံမဟုတ်သော အလှဓာတ်ပုံများကို ခွင့်မပြုပါ။ နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်) ရှေ့နောက်နှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်တို့ကို ပူးတွဲတင်ပြရမည်ဖြစ်သည်။ Credit from (စာမေးပွဲစီစဉ်ကြီးကြပ်ရေးအဖွဲ့) ပညာဘူမိတက္ကသိုလ်

photo content

ပညာဘူမိတက္ကသိုလ်က ကျင်းပပြုလုပ်မည့် ၂၀၂၆ ခုနှစ် ဒုတိယ (၆)လပတ် သုတဓမ္မစာမေးပွဲများအတွက် သုတဓမ္မ ဒီပလိုမာအတန်း Level-1, Level-2, Level-3 လျှောက်လွှာများနှင့် သုတဓမ္မဂဝေသီ BA တန်း Part 1, Part 2, Part 3 Online မှလျှောက်လွှာ များ တင်သွင်းရာတွင် (၆) လအတွင်းရိုက်ကူးထားသော လိုင်စင် ဓာတ်ပုံကို တင်သွင်းရန် လိုအပ်ကြောင်းထပ်မံကြေညာအပ်ပါသည်။ ဓာတ်ပုံတောင်းခံရသည့် ရည်ရွယ်ချက်မှာ သင်တန်းသား (ID) နှင့် စာမေးပွဲ ကဒ် ထုတ်ပေးနိုင်ရန် ဖြစ်သည့်အတွက် ရှင်းလင်းပြတ်သားသော လိုင်စင် ဓာတ်ပုံအရွယ်အစား ဖြစ်ရန် လိုအပ်သည်။ ရှင်းလင်းသည့် နောက်ခံ ရှိသည့်နေရာတွင် ကင်မရာနှင့်သော်လည်းကောင်း လက်ကိုင်ဖုန်းရှိ ကင်မရာနှင့်သော်လည်းကောင်း လျှောက်လွှာတင်သူ၏ ဓာတ်ပုံရိုက်ကူးလျှင်သင့်တော်သည်။ Remark: ဓာတ်ပုံတွင် အဖြူနောက်ခံဖြစ်စေ၊ အပြာနောက်ခံ ဖြစ်စေ၊ မျက်နှာပုံ ရှင်းလင်း ပြတ်သားရန်သာလိုအပ်ပါသည်။ Online လျှေက်လွှာ တင်သွင်းပြီးသူများအနက် အောက်ဖေါ် ပြပါအတိုင်း ဓာတ်ပုံများတင်သွင်းမိပါက Online မှသော်လည်းကောင်း လျှောက်လွှာလက်ခံသော ရန်ကုန် ရုံး နေပြည်တော်ရုံး ပြင်ဦးလွင် ရုံး ခန်းတို့တွင် လျှောက်လွှာပြန်လည်လျှောက်ထား တင်သွင်းရန်လိုအပ်သည်။ ၁။ မိမိဓာတ်ပုံကို ဓာတ်ပုံ ထပ်မံရိုက်ကူးပြီးတင်သွင်းမိသူများ ၂။ နောက်ခံ ရှူခင်းများ၊ အရာဝတ္ထုများ ပါဝင်နေသောပုံများ ၃။ အလှပုံများ ၄။ ကိုယ်တစ်စောင်းပုံများ ၅။ သေသေချာချာ မျက်နှာ မမြင်ရသောပုံများ (စာမေးပွဲစီစဉ်ကြီးကြပ်ရေးအဖွဲ့) ပညာဘူမိတက္ကသိုလ််

photo content
+2

ပညာဘူမိတက္ကသိုလ်က ကျင်းပပြုလုပ်မည့် ၂၀၂၆ ခုနှစ် ဒုတိယ (၆)လပတ် သုတဓမ္မစာမေးပွဲများအတွက် သုတဓမ္မ ဒီပလိုမာအတန်း Level-1, Level-2, Level-3 လျှောက်လွှာများနှင့် သုတဓမ္မဂဝေသီ BA တန်း Part 1, Part 2, Part 3 လျှောက်လွှာများကို အောက်ဖော်ပြပါ ရုံးခန်းနေရာများတွင် ၈/၈/၂၀၂၆ ရက်နေ့မှ ၁၈/၈/၂၀၂၆ ရက်နေ့ နေ့လယ် ၂:၀၀ နာရီအထိ လျှောက်လွှာများတင်သွင်းနိုင်ပါကြောင်း ကြေညာအပ်ပါသည်။ Registration Fees မှာ ၇၀၀၀ ကျပ် ကျသင့်ပါမည်။ MMQR ဖြင့်လည်း Form ကြေး ပေးသွင်းနိုင်ပါသည်။ KPay No. 09788955566 Daw Khin Aye Myint KPay / AYA Pay No. 095082915 Daw Gin Suu 🔹🔹🔹🔹🔹🔹 Online မှလျှောက်လွှာတင်သွင်းရန် Link: https://admission.universitywisdomland.edu.mm/ 🔹🔹🔹🔹🔹🔹 ၈/၈/၂၀၂၆ ရက်နေ့ မှစ၍ လျှောက်လွှာတင်ရန် ရုံးလိပ်စာများမှာ (၁) အမှတ် (၁၀/ဃ)၊ အင်းလျားရိပ်သာလမ်း၊ (၁၀)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ ၁၁၀၆၁၊ ရုံးခန်းဖွင့်ချိန်။ တနင်္လာနေ့ မှ စနေနေ့အထိ (10:00 AM to 02:00PM) Tel: +959788955566, 09885445533 Email:enquiries@universitywisdomland.edu.mm www.universitywisdomland.edu.mm (၂) ဓမ္မသဟာယသာသနစင်တာရုံးခန်း နံနက် (၈:၀၀) နာရီမှ (၁၀:၀၀)နာရီအတွင်း၊ နေ့လယ်(၁:၀၀) နာရီမှ (၃:၀၀) နာရီအတွင်း၊ (အနီးစခန်းလေယာဉ်ကွင်းအနီး၊ အောင်ချမ်းသာရွာ၊ ပြင်ဦးလွင်မြို့နယ်၊ မန္တလေး။) ပိတ်ရက်မရှိပါ။ (၃) ဝဇိရာနန္ဒသုဗောဓာရုံကျောင်းတိုက် ရုံးခန်း နံနက်(၁၀:၀၀) နာရီမှ (၂:၀၀)နာရီအတွင်း၊ (ခွါညိုပန်းဝိုင်း၊ ဇဝနသိဒ္ဓိရပ်ကွက်၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်။) တနင်္လာနေ့ တစ်ရက်သာ ရုံးခန်းပိတ်၍ ကျန်ရက်များအားလုံးရုံးခန်းဖွင့်သည်။ (၄) စစ်ကိုင်း မဟာသုဗောဓာရုံကျောင်းတိုက် ရုံးခန်း နံနက်(၁၀:၀၀) နာရီမှ (၂:၀၀)နာရီအတွင်း၊ စစ်ကိုင်းမြို့။ ပိတ်ရက်မရှိပါ။ အထက်ဖော်ပြပါ ရုံးခန်းနေရာများတွင် လျှောက်ထားသူများအနေဖြင့် လျှောက်လွှာကို စနစ်တကျ ပြည့်စုံစွာ ဖြည့်သွင်းပြီး (၆) လအတွင်း ရိုက်ကူးထားသည့် 1” x 1.25” အရွယ် ဓာတ်ပုံ (၂) ပုံ၊ နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်) မိတ္တူ (၁)စောင်နှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်တို့ကို ပူးတွဲတင်ပြရမည်ဖြစ်သည်။ Online မှ လျှောက်ထားသူများအနေဖြင့်လည်း Website Link တွင် လိုအပ်သော အချက်အလက်များကို တိကျမှန်ကန်စွာ ဖြည့်သွင်း၍ လျှောက်ထားနိုင်သည်။ Online လျှောက်လွှာတင်သွင်းရာတွင် လိုင်စင်ပုံမဟုတ်သော အလှဓာတ်ပုံများကို ခွင့်မပြုပါ။ Credit from University of wisdomland page (စာမေးပွဲစီစဉ်ကြီးကြပ်ရေးအဖွဲ့) ပညာဘူမိတက္ကသိုလ်

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)           ယနေ့သည်  မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ် ဖြစ်ပါသည်။           ဝါဆိုလပြည့်နေ့၏ ထူးခြားချက်များမှာ မယ်တော်မာယာ၏ ဝမ်းကြာတိုက်တွင် ဘုရားအလောင်း သိဒ္ဓတ္ထမင်းသား ပဋိသန္ဓေယူသောနေ့၊ သိဒ္ဓတ္ထမင်းသား တောထွက်တော်မူသောနေ့၊ ဘုရားဖြစ်တော်မူပြီးနောက် ဓမ္မစကြာတရားဦး ဟောတော်မူသောနေ့၊ ဘုရားဖြစ်ပြီဟု ရဲဝံ့စွာကြေညာတော်မူသောနေ့၊ တရားရတနာ စတင်ပေါ်ထွန်းသောနေ့၊ သံဃာရတနာ စတင်ပေါ်ထွန်းသောနေ့၊ ဧဟိဘိက္ခုဟူသော မြတ်ဗုဒ္ဓ၏ ဗျာဒိတ်တော်ရ ရဟန်း စတင်ပေါ်ထွန်းသောနေ့၊ ခုနစ်ဝါမြောက် ဝါဆိုတော်မူရင်း အဘိဓမ္မာတရား ဟောကြားရန်အတွက် တာဝတိံသာနတ်ပြည်သို့ ကြွတော်မူစဉ် ရေမီးအစုံဖြင့် တန်ခိုးပြာဋိဟာ ပြတော်မူသောနေ့ဟူသည့် ထူးခြားလေးနက်သော နေ့ထူးနေ့မြတ်များ အစုံပါဝင်သည့်နေ့ဖြစ်သည်။          သူတော်ကောင်းအပေါင်းတို့အနေဖြင့် ယခုလို ဝါဆိုလပြည့်နေ့ရောက်တိုင်း သဒ္ဓါတရားပေါက်ရာ အခါတော်တစ်မျိုးမျိုးဖြစ်စေ၊ အားလုံးကိုဖြစ်စေ နှလုံးသွင်းဆင်ခြင်ပြီး မြတ်ဗုဒ္ဓကို အာရုံပြု၍ ကြည်ညိုသဒ္ဓါပွားနိုင်ကြပါသည်။ ဝါဆိုလပြည့်နေ့

photo content

📙ခေတ်မီ အသုံးချအခြေခံပါဠိသဒ္ဒါ 📙 🙏 မြရိပ်ဆရာတော် အရှင်ခေမာစာရာဘိဝံသ 🙏 "ပိဋကတ်ပါဠိစာပေ တတ်မြောက်လိုသူ ရဟန်းရှင်လူများအတွက်'' Download ယူရန် Telegram link https://t.me/CMGWdhammalibrary/609 🌿 ဓမ္မစာပေများ ကိုးကားစုစည်းနိုင်ရန် မျှဝေပေးထားပါသည် 🌿 Learning Dhamma, Living Wisdom🌿

photo content

🔶   " အခြေခံပါဠိသဒ္ဒါ " ▪ ဒေါ်ခင်သိန်း ၊ ဦးကျော်ရှိန် ▪ တက္ကသိုလ် ပထမနှစ်သင်ရိုး မှ Telegram download ယူရန် Channel link https://t.me/CMGWdhammalibrary/606 ဓမ္မစာပေများ သင်ယူလေ့လာနိုင်ရန် ကိုးကားစုစည်းနိုင်ရန် မျှဝေပေးထားပါသည် 🌿 Learning Dhamma, Living Wisdom🌿

photo content
+2

သုတဓမ္မဒီပလိုမာအဆင့် (၁ /၂ / ၃) နှင့် BA. Part (1) B.A Part (2) ၊ ဆရာမကြီးဒေါ်ခင်လှတင် ၏ Video File များ အစဉ်လိုက် စုစည်းထားသ
သုတဓမ္မဒီပလိုမာအဆင့် (၁ /၂ / ၃) နှင့် BA. Part (1) B.A Part (2) ၊ ဆရာမကြီးဒေါ်ခင်လှတင် ၏ Video File များ အစဉ်လိုက် စုစည်းထားသော Telegram များ။ Telegram များကို Join ရန် ဆိုင်ရာအဆင့် ၏ လင့်ကို နှိပ်၍ Join နိုင်ပါသည် Video File များ အားလုံး အစဉ်လိုက် ပါရှိ ပါသည် ။ Diploma Level (1) https://t.me/DMBHsutalevel1 Diploma Level (2) https://t.me/dmbhsutaL2 Diploma Level (3) https://t.me/Ttdm3 B.A Part (1) https://t.me/Ttdmgvt969BA B.A Part (2) https://t.me/DMBH_BA_Part2 B.A Part (3) https://t.me/DMBH_BA_Part3 Credit 🙏 #Admin_team #CMGW_Sutadhamma

photo content

photo content

photo content

ပညာဘူမိတက္ကသိုလ် ၂၀၂၆ ခုနှစ်၊ ဇွန်လ သုတဓမ္မစာမေးပွဲ သုတဓမ္မ ဒီပလိုမာတန်း (Level1,2,3), သုတဓမ္မ B.A တန်း (Part 1, 2, 3) သုတဓမ္မ ဒီပလိုမာတန်း (Level1,2,3) နှင့် သုတဓမ္မဂဝေသီ B.A တန်း (Part 1, 2, 3) စာမေးပွဲ အောင်စာရင်းများကို ၁၃၈၈ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း (၁) ရက်၊ (၁၅/၀၇/၂၀၂၆) ဗုဒ္ဓဟူးနေ့ နံနက် ၆:၀၀ နာရီ အချိန်တွင် အုပ်ချုပ်ရေးနှင့် ပညာရေးအဖွဲ့ (ဗဟို) က ဂုဏ်ထူးအောင် ရိုးရိုးအောင် ပုဂ္ဂိုလ်များအဖြစ် ထုတ်ပြန်ကြေညာမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ တက္ကသိုလ် website တွင် တိုက်ရိုက် ဝင်ရောက်ကြည့်ရှု နိုင်ရန် https://admission.universitywisdomland.edu.mm/result ကို နှိပ်၍ မိမိ၏ခုံနံပါတ် (သို့) နိုင်ငံသားစိစစ်ရေး အမှတ် ရိုက်နှိပ်၍ ကြည့်ရှုနိုင်ပါသည်။ အုပ်ချုပ်ရေးနှင့် ပညာရေးအဖွဲ့ ပညာဘူမိတက္ကသိုလ် ငါးဆူတောင်ဒေသ လှည်းကူးမြို့နယ် ရန်ကုန်တိုင်းဒေသကြီး။