en
Feedback
CRPH Myanmar

CRPH Myanmar

Open in Telegram

Committee Representing Pyidaungsu Hluttaw

Show more

📈 Analytical overview of Telegram channel CRPH Myanmar

Channel CRPH Myanmar (@crphmyanmar) in the Burmese language segment is an active participant. Currently, the community unites 14 996 subscribers, ranking 3 703 in the Politics category and 8 842 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 14 996 subscribers.

According to the latest data from 09 July, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -317 over the last 30 days and by -9 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 4.23%. Within the first 24 hours after publication, content typically collects 2.21% reactions from the total number of subscribers.
  • Post reach: On average, each post receives 634 views. Within the first day, a publication typically gains 332 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 19.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
Committee Representing Pyidaungsu Hluttaw

Thanks to the high frequency of updates (latest data received on 10 July, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Politics category.

14 996
Subscribers
-924 hours
-607 days
-31730 days
Posts Archive
photo content
+1

(၆၄) နှစ်မြောက် ဆဲဗင်းဂျူလိုင်နေ့ သဝဏ်လွှာ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၇ ရက် ၁။ ၁၉၆၂ ခုနှစ်တွင် အကြမ်းဖက် စစ်အာဏာရှင်နေဝင်း ဦးဆောင်သည့် အာဏာသိမ်းစစ်အုပ်စုက တက္ကသိုလ်ကျောင်းသားထုအပေါ် ဖိနှိပ်ချုပ်ချယ်သော ကျောင်းဆောင်စည်းကမ်း (၂၂) ချက်ကို မတရားထုတ်ပြန်ခဲ့သည့်အတွက် ကျောင်းသားထုတစ်ရပ်လုံးက ဆန့်ကျင်ဆန္ဒပြရာမှ စတင်ခဲ့သည့် သမိုင်းဝင် “ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ” သည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့တွင် (၆၄) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။ ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်ဆိုးကြောင့် ကြွေလွင့်သွားခဲ့ကြသော ကျောင်းသားလူငယ်များအား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် အောက်မေ့သတိရလျက် ဦးညွှတ်အလေးပြုအပ်ပါသည်။ ၂။ မြန်မာ့သမိုင်းတစ်လျှောက်တွင် ကျောင်းသားထုသည် လွတ်လပ်ရေးကြိုးပမ်းမှုမှစ၍ ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီရရှိရေး ကြိုးပမ်းရာတွင် အဓိက ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြပါသည်။ သမိုင်းတစ်ပတ်လည်၍ အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတော်၏အာဏာကို အဓမ္မသိမ်းယူခဲ့သော်လည်း ဆဲဗင်းဂျူလိုင် ကျောင်းသားခေါင်းဆောင်များ ချန်ထားရစ်ခဲ့သည့် သမဂ္ဂစိတ်ဓာတ်နှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးသန္နိဋ္ဌာန်ကိုမူ မည်သို့မျှ လုယူဖျက်ဆီးနိုင်ခဲ့ခြင်းမရှိဘဲ ယနေ့ နွေဦးတော်လှန်ရေး၏ မျိုးဆက်သစ်လူငယ်မောင်မယ်များနှင့် ကျောင်းသားထုက လက်ဆင့်ကမ်းသယ်ဆောင်လျက်ရှိပါသည်။ ၃။ ခေတ်အဆက်ဆက် ဖိနှိပ်မှုဟူသမျှကို မဆုတ်မနစ် တွန်းလှန်ခဲ့ကြသည့် ကျောင်းသားလူငယ်များ၏ ဇွဲ၊ သတ္တိသည် ရဲရင့်ပြတ်သားလှပါသည်။ စစ်အာဏာရှင်တို့အနေဖြင့် သမိုင်းဝင် ကျောင်းသားသမဂ္ဂအဆောက်အအုံကို ဖြိုခွင်းဖျက်ဆီးနိုင်ခဲ့သော်လည်း ကျောင်းသားထု၏ နှလုံးသားထဲမှ သမဂ္ဂစိတ်ဓာတ်နှင့် သမဂ္ဂအလံတော်ကိုမူ ဘယ်သောအခါမျှ သတ်ဖြတ်ဖြိုခွင်း၍ မရခဲ့ဘဲ ယနေ့တိုင် တော်လှန်ရေးခရီးလမ်းတွင် ရဲဝံ့စွန့်စားစွာဖြင့် ဆက်လက် လွှင့်ထူရှင်သန်နေဆဲဖြစ်ပါသည်။ ၄။ သမိုင်းအဆက်ဆက် မပြီးဆုံးသေးသော စစ်အာဏာရှင်စနစ်ဆိုးကြီး အပြီးတိုင် ချုပ်ငြိမ်းရေးအတွက် တော်လှန်ရေးအင်အားစုအားလုံးနှင့် ပြည်သူတစ်ရပ်လုံးအနေဖြင့် ညီညွတ်စွာ ပူးပေါင်းလက်တွဲကြိုးပမ်းကြရန် အထူးလိုအပ်ပါသည်။ ထို့အပြင် စစ်အာဏာရှင်ကို ဆန့်ကျင်ရင်း မတရား ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ကျောင်းသားသမဂ္ဂများနှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေးအတွက် တော်လှန်ရေးအင်အားစုအားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပါရန် လေးနက်စွာ တိုက်တွန်းအပ်ပါသည်။ ၅။ ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့တွင် ကျဆုံးခဲ့သော ကျောင်းသားအာဇာနည် သူရဲကောင်းများနှင့် ခေတ်အဆက်ဆက် ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့ကြရသော ကျောင်းသားလူငယ်များ၏ အသက်၊ သွေး၊ ချွေး ပေးဆပ်မှုများ အချည်းနှီးမဖြစ်စေရန်အတွက် မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် တော်လှန်ရေးအင်အားစုများ၊ မျိုးဆက်သစ်လူငယ်များနှင့် ပြည်သူတစ်ရပ်လုံးနှင့်အတူ တစ်သားတည်းရပ်တည်ကာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသည်အထိ နောက်မဆုတ်တမ်း ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သန္နိဋ္ဌာန်ပြုလျက် ဤသဝဏ်လွှာအား ထုတ်ပြန်အပ်ပါသည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

တော်လှန်ပြည်သူ့ စကားဝိုင်း (၂) ******************************* စကားဝိုင်းအမှတ်စဉ် (၂) တွင် NUCC ကောင်စီဝင်၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ နိုင်မွန်ဆိုင်း၊ CRPH ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(မြိတ်မဲဆန္ဒနယ်) ဦးဥက္ကာမင်း၊ NUG ဖက်ဒရယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင် တို့က မျက်မှောက်ကာလ တော်လှန်ရေးဆိုင်ရာ အကြောင်းချင်းရာများ ဆွေးနွေးထားကြသည်ကို ကြည့်ရှုနားဆင်နိုင်ကြပါပြီ။ https://www.facebook.com/share/v/1EjKTD3KLF/

တော်လှန်ပြည်သူ့ စကားဝိုင်း (၂) ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) နှင့်
တော်လှန်ပြည်သူ့ စကားဝိုင်း (၂) ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့ စီစဉ်ထုတ်လွှင့်သည့် “တော်လှန်ပြည်သူ့” စကားဝိုင်း အစီအစဉ်ကို လစဉ်ပုံမှန်ပြုလုပ်သွားမည်ဖြစ်ပြီး ယခုလ စကားဝိုင်းအမှတ်စဉ် (၂) တွင် NUCC ကောင်စီဝင်၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ နိုင်မွန်ဆိုင်း၊ CRPH ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(မြိတ်မဲဆန္ဒနယ်) ဦးဥက္ကာမင်း၊ NUG ဖက်ဒရယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင် တို့က မျက်မှောက်ကာလ တော်လှန်ရေးဆိုင်ရာ အကြောင်းချင်းရာများ ဆွေးနွေးထားကြသည်ကို ယနေ့ ည ၉ နာရီတွင် ကြည့်ရှုနားဆင်ကြရမှာဖြစ်ပါတယ်။ #NUCC #NUG #CRPH #တော်လှန်ပြည်သူ့စကားဝိုင်း

photo content
+1

တော်လှန်ရေး (၅) နှစ်တာကာလအတွင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးလုပ်ငန်းကိစ္စရပ်များအတွက် ကျပ်ငွေသန်းပေါင်း (၂၈,၂၇၀.၉၀) သန်း အသုံးပြုခဲ့ခြင်းအပါအဝင် လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြ   ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၂၈/၂၀၂၆) ကို ကျင်းပပြုလုပ်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက လုပ်ငန်းဆောင်ရွက်ချက်များအား အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။   အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အဖွဲ့ဝင် ဦးမျိုးနိုင်နှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာရွှေပုံတို့က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။   ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာခင်မောင်လွင်က  ဝန်ကြီးဌာန၏ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများတွင်  ပြည်သူများနှင့် တော်လှန်ရေးရဲဘော်များအတွက် ကျန်းမာရေးဝန်ဆောင်မှုအနေဖြင့် အရေးပေါ်ကျန်းမာရေး၊ ပဏာမကျန်းမာရေး စောင့်ရှောက်မှုနှင့် ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုများပေးခြင်း၊ ဆေးရုံ (၁၀၁) ရုံ၊ ဆေးခန်း (၆၁၄) ခန်း၊ ရွေ့လျားဆေးခန်း (၁၅၉) ခုတို့ဖြင့် ဆောင်ရွက်နေခြင်း၊ မြေပြင်ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ဝန်ဆောင်မှုပေးသည့် နေရာ (၇၁၅) နေရာအနက် (၂၁၃) နေရာမှ အချက်အလက်များအရ  ပြင်ပလူနာ (၁,၃၉၄,၇၀၈) ဦး၊ ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုအကြိမ်ရေ (၅၇,၉၄၉) ကြိမ်၊ ကလေးမွေးဖွားခြင်းအကြိမ်ရေ (၇၃,၂၀၂) ကြိမ်နှင့် ခွဲစိပ်ခြင်းအကြိမ်ရေ (၅၅,၆၃၀) ကြိမ်တို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ရှင်းလင်းတင်ပြခဲ့သည်။   ထို့အပြင် လူ့စွမ်းအားအရင်းအမြစ်အနေဖြင့် ကျန်းမာရေးတာဝန်ခံ (၁၇) ဦး၊ မြို့နယ်ကျန်းမာရေး တာဝန်ခံ (၁၃၂) ဦး၊ ကျန်းမာရေးလုပ်သားအင်အားစု (၅,၂၄၈) ဦးဖြင့် မြို့နယ်ပေါင်း (၁၉၀)တွင် ဆောင်ရွက်ပေးခြင်း၊ အမျိုးသားကာကွယ်ဆေးထိုးခြင်း အစီအစဉ်များ၊ ကျောင်းကျန်းမာရေး၊ အာဟာရဖွံ့ဖြိုးမှု၊ ကူးစက်ရောဂါကာကွယ်ခြင်းလုပ်ငန်းများ၊ သဘာဝဘေး တုန့်ပြန်မှုများ၊ ပြန်လည်သန်စွမ်းရေးနှင့် ခြေတုလက်တုတပ်ဆင်ရေး၊ စိတ်ကျန်းမာရေး ဝန်ဆောင်မှုများ၊ Online ဆေးကုသခြင်းများ၊ ကျန်းမာရေးအသိပညာမြှင့်တင်ခြင်းနှင့် သတင်းအချက်အလက် မျှဝေခြင်းဆိုင်ရာ လုပ်ငန်းများ၊ သုတေသနနှင့် ဖွံ့ဖြိုးမှု၊ သင်တန်းပို့ချခြင်းနှင့် ဆေးပညာသင်ကြားရေးလုပ်ငန်းများ၊ ဖက်ဒရယ်ကျန်းမာရေးအင်အားစုများနှင့် ချိတ်ဆက်ဆောင်ရွက်မှုလုပ်ငန်းများ၊  လေကြောင်းတိုက်ခိုက်မှုများကို ကာကွယ်ခြင်း လုပ်ငန်းများ၊ ဌာနတွင်း စာရင်းစစ်ကော်မတီလုပ်ငန်းများ၊ တော်လှန်ရေး (၅) နှစ်တာ ကာလအတွင်း ဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးလုပ်ငန်းကိစ္စရပ်များအတွက် ကျပ်ငွေသန်း ပေါင်း (၂၈,၂၇၀.၉၀) သန်း အသုံးပြုခဲ့ခြင်းအပါအဝင် ကြုံတွေ့ရသည့် စိန်ခေါ်မှုများနှင့် အကြံပြုချက်များ၊ ပေါင်းစပ်ညှိနှိုင်းရေးဆိုင်ရာ အခက်အခဲများနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။   ထို့အပြင် တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များက သိရှိလိုသည့်ကိစ္စရပ်များကို မေးမြန်းအကြံပြုခဲ့ကြပြီး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။   အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာရွှေပုံ၊ ဒုတိယဝန်ကြီး ဒေါက်တာခင်မောင်လွင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။   ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

photo content
+2

ပြည်သူတွေရဲ့ ဆန္ဒသဘောထားရပ်တည်ချက်သည်သာ နိုင်ငံ့အနာဂတ်အတွက် ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ ဒီကာလတွေမှာ မိမိတို့ တော်လှန်ရေးအင်အားစုများဟာ ကြိုးစား ရုန်းကန်မှုကိုယ်စီနဲ့ ယုံကြည်ချက်ခိုင်ခိုင် ဆက်လက် တိုက်ပွဲဝင်ဆဲဖြစ်ပါတယ်။ ဓမ္မနဲ့အဓမ္မ ယှဉ်တွဲ လာရင် အမှန်တရားဘက်တော်သား ဓမ္မတရားကသာ အနိုင်ရစမြဲဖြစ်ပါတယ်။ ယခုလို အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုအတွက် စွမ်းစွမ်းတမံဆောင်ရွက်ကြိုးစားနေကြတဲ့ စစ်ကိုင်း ဖက်ဒရယ် ယူနစ်လွှတ်တော်အပါအဝင် အစိုးရအဖွဲ့ဝင်များ၊ တရားရေးအဖွဲ့ဝင်များအနေနဲ့လည်း ယူနစ်များရဲ့ အောင်မြင်မှုမှသည် ပြည်ထောင်စုတစ်ဝှမ်းလုံးရဲ့ အောင်ပွဲအထိ ဆက်လက်ချီတက် လျှောက်လှမ်း သွားနိုင်ပါစေကြောင်း ဆန္ဒပြုပါတယ်။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌရဲ့ ပဏာမမှာ ပြောကြားသွားခဲ့တဲ့စကားရပ်တွေအတိုင်း ကျွန်တော်တို့တွေဟာ ရှေ့ဆက်သွားရဦးမယ့် အင်မတန် လေးနက်တဲ့ လုပ်ငန်းတာဝန်တွေ မြောက်မြားစွာ ရှိနေတယ်ဆိုတာ သတိပြုပြီးတော့ ဒီကနေ့ တက်ရောက်လာခဲ့ကြတဲ့ တချို့သော ကမ္ဘာ့နိုင်ငံရဲ့ သံတမန်များအနေနဲ့လည်း မြန်မာနိုင်ငံမှာ အခုရင်ဆိုင်ကြုံတွေ့နေကြတာဟာ သာမန်အားဖြင့် Conflict ဆိုတဲ့ ပြည်တွင်း ပဋိပက္ခလောက် တင်မဟုတ်ဘဲ တကယ့်မျိုးဆက်တွေနဲ့ချီပြီး ကြိုးစားဆောင်ရွက်နေကြတဲ့ တော်လှန်ရေးတစ်ရပ်၊ Revolution တစ်ရပ်ဖြစ်တယ်ဆိုတာ အသိအမှတ်ပြုနိုင်အောင်လည်းပဲ စွမ်းဆောင်နိုင်ကြပါစေလို့ ပြောကြားရင်း နိဂုံးချုပ်ပါတယ်။                အားလုံးကို ကျေးဇူးတင်ပါတယ်။

စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်၊ နဝမပုံမှန်အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်ကြည်ညွန့်ပြောကြားသည့်မိန့်ခွန်း ၃-၇-၂၀၂၆ ရက်နေ့၊ နံနက် ၁၀၀၀ နာရီ၊ သောကြာနေ့                စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် နဝမပုံမှန်အစည်းအဝေးမှာ တက်ရောက်နေကြတဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဧည့်သည်တော်အဖြစ် ကြွရောက်ချီးမြှင့်ပေးကြတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်မှု ဆောင်အဖွဲ့ဝင် ဒေါက်တာမေဝင်းမြင့်၊  အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) အဖွဲ့ဝင် ဦးတိုးကျော်လှိုင်နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်မှ တော်လှန်ရေးအင်အားစုများ၊ ပြည်သူများနဲ့ နိုင်ငံ တကာသံရုံးမှ ကိုယ်စားလှယ်များအပါအဝင် ဧည့်သည်တော်များအားလုံး မင်္ဂလာနံနက်ခင်းပါလို့ နှုတ်ခွန်းဆက်သပါရစေ။ မသူတော်များရဲ့ ဘေးက ကင်းဝေးပြီးတော့ ငြိမ်းချမ်း အေးမြတဲ့ နေ့ရက် များလည်း အမြန်ဆုံးပိုင်ဆိုင်နိုင်ကြပါစေကြောင်း မေတ္တာပို့ ဆုတောင်းရင်းနဲ့ နှုတ်ခွန်းဆက်သ အပ်ပါတယ်။                စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်က စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရ အဖွဲ့ကို ဖွဲ့စည်းပြီးတဲ့နောက်မှာ ယခုလိုလွှတ်တော်အစည်းအဝေးမှာ အစိုးရအဖွဲ့အနေနဲ့ လုပ်ငန်း ဆောင်ရွက်ချက်အစီရင်ခံစာတွေကို လွှတ်တော်ကို တင်သွင်းမှာဖြစ်တဲ့အတွက်လည်း စစ်ကိုင်း ဖက်ဒရယ်ယူနစ်အတွင်းမှာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး စွမ်းဆောင်နိုင်မှုကို ပြည်သူများနဲ့ နိုင်ငံ တကာကို သိက္ခာရှိစွာ ချပြနိုင်ခြင်းဖြစ်တယ်လို့ ရှုမြင်ပါတယ်။                မိမိတို့ရဲ့ ဖက်ဒရယ်ယူနစ်အတွက် နောက်ထပ် ပင်မမဏ္ဍိုင်ဖြစ်တဲ့ တရားရေးအတွက် လည်း ယူနစ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တရားလွှတ်တော်တရားသူကြီးတွေကို အခု အစည်းအဝေးကနေ ခန့်အပ်အတည်ပြုတာဝန်ပေးအပ်မှာဖြစ်တယ်လို့ သိရှိရတဲ့အတွက်လည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကိုယ်စား ဂုဏ်ယူဝမ်းမြောက်ပါကြောင်း အလေး ထား ပြောကြားအပ်ပါတယ်။ ဒါ့အပြင် နောက်ထပ်အရေးကြီးလှတဲ့ အာဂျင်ဒါတစ်ရပ်အနေနဲ့ ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဥပဒေကို လွှတ်တော်က အတည်ပြုပြဋ္ဌာန်းသွားမှာ ဖြစ်တယ်လို့ သိရတဲ့အတွက်လည်းပဲ ဥပဒေပြုရေး စွမ်းဆောင်ချက်လည်း ပါရှိတာကို ဂုဏ်ယူဖွယ် တွေ့ရှိရပါ တယ်။ ပြည်သူ့အကျိုးပြု ဥပဒေတစ်ရပ်အဖြစ် ယူနစ်အတွင်းမှာ မြေပြင်အခြေအနေများနဲ့ လက်တွေ့ကျကျ ဆောင်ရွက်သွားနိုင်မယ့်လုပ်ငန်းစဉ်များကို ချိတ်ဆက်လုပ်ဆောင်သွားနိုင်ဖို့လည်း တိုက်တွန်းလိုပါတယ်။                (၅) နှစ်ကျော်နွေဦးတော်လှန်ရေးခရီးလမ်းမှာ မိမိတို့မမျှော်လင့်ထားတဲ့ အခက်အခဲတွေ ရော မျှော်လင့်ထားတဲ့ အခက်အခဲတွေရော၊ ဖြေရှင်းရခက်တဲ့ပုစ္ဆာတွေ၊ စိန်ခေါ်ချက်တွေ တွေ့ကြုံ ခဲ့ကြရပြီးဖြစ်သလို နောက်ထပ်လည်း ပိုမိုပြီးတော့ ရုန်းကန်ရှေ့ဆက်ကြဖို့ လိုအပ်ဦးမှာဖြစ်ပါတယ်။ တော်လှန်ရေးတစ်ရပ်ကို ဆင်နွှဲရင်းနဲ့ တကယ့်အနာဂတ်အတွက် မျှော်လင့်တဲ့ ဖက်ဒရယ် နိုင်ငံ တော်သစ်ထူထောင်ရေးဆိုတဲ့ကိစ္စဟာ လွယ်လွယ်ကူကူ ရရှိနိုင်တဲ့ကိစ္စမဟုတ်တဲ့အတွက် ကြိုးစား အားထုတ်ရ၊ ဆောင်ရွက်ကြရတာ မဆန်းဘူးလို့ မြင်ပါတယ်။ စစ်ကိုင်းဖက်ဒရယ်ယူနစ်ဟာ ဒီကာလမှာ ထိခိုက်ဆုံးရှုံးမှုတွေရင်ဆိုင်ရင်းနဲ့ အကြမ်းဖက်စစ်အာဏာရှင် တော်လှန်ရေးခရီးကြမ်း မှာ ရပ်နားမနေဘဲ ဆောင်ရွက်သင့်ဆောင်ရွက်ထိုက်တဲ့ လုပ်ငန်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်နေတာမို့ သမိုင်းတွင်မယ့်  စံနမူနာများလည်း ဖြစ်ပါတယ်။                စစ်အုပ်စုဟာ သူတို့ စိုးမိုးချယ်လှယ်ခွင့်မရရှိလေလေ၊ စစ်မြေပြင်မှာ ရှုံးနိမ့်မှုတွေ ရင်ဆိုင်ရလေလေ အပြစ်မဲ့ပြည်သူများရဲ့ အသက်အိုးအိမ်တွေ၊ ဆေးရုံတွေ၊ ကျောင်းတွေ၊ ဘာသာရေးအဆောက်အအုံတွေပါမကျန် စစ်ရာဇဝတ်မှုတွေ၊ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်လေလေ ဖြစ်လာတာမို့ ကျွန်တော်တို့ တော်လှန်ပြည်သူများအားလုံး ကြိုတင်ပြင်ဆင် မှုတွေနဲ့ စနစ်တကျ လက်တွဲချိတ်ဆက်ထားရမှာလည်း ဖြစ်ပါတယ်။ အစီအစဉ်တကျ ဆောင် ရွက်ထားရှိမယ်လို့လည်း ယုံကြည်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ ရွေးကောက်ပွဲအတု၊ အစိုးရ အတု၊ လွှတ်တော်အတုတွေနဲ့ လှည့်ဖျားဖို့ ကြိုးစားနေချိန်မှာ ပြည်သူ့ကိုယ်စားပြုအစစ်အမှန်ဟာ ဘယ်မှာရှိနေတယ်ဆိုတာ စစ်ကိုင်းဖက်ဒရယ်ယူနစ်အနေနဲ့ ကမ္ဘာကို အထင်အရှား ပြသလိုက် တာလည်း ဖြစ်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း မဏ္ဍိုင်အသီးသီး၊ ကဏ္ဍအသီးသီးကနေ  ပြည်ထောင်စုတစ်ဝှမ်းလုံးအတွက် ဗျူဟာကျကျ ပူးပေါင်းဆောင်ရွက်နိုင်ရေးဟာ အင်မတန်မှ အရေးကြီးလှပါတယ်။

သတင်းစဉ် အမှတ် (၆၅) ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ထုတ်ပြန်ခဲ့သော သတင်းစဉ်များကို CRPH Website တွင် ရယူနိုင်ပါသည်။ h
+8
သတင်းစဉ် အမှတ် (၆၅)   ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ထုတ်ပြန်ခဲ့သော သတင်းစဉ်များကို CRPH Website တွင် ရယူနိုင်ပါသည်။   https://crphmyanmar.org/publication/newsletter/   ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ   CRPH Website : https://crphmyanmar.org CRPH Facebook : https://www.facebook.com/crph.official.mm CRPH Youtube : https://www.youtube.com/@crphmyanmar CRPH Twitter : https://x.com/CrphMyanmar CRPH Telegram : https://t.me/crphmyanmar

photo content

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြ   ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂၇/၂၀၂၆) တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။   အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က အဖွင့်အမှာစကား ပြောကြားပြီး အတွင်းရေးမှူးအဖွဲ့ဝင် ဦးထွန်းမြင့် က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။   ဆက်လက်၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဂျာထွယ်ပန် က ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် Online ကျောင်းများ၊ မြေပြင်ပြည်သူ့အခြေပြုစာသင်ကျောင်းများနှင့် NUG MoE မှ ပူးပေါင်းဆောင်ရွက်လျက်ရှိသော နယ်စပ်ဒေသရှိကျောင်းများ၏ နောက်ဆုံး ဆောင်ရွက်ထားရှိမှုများ၊ အဆင့်မြင့်ပညာဌာနတွင် တက္ကသိုလ်ဝင်ခွင့်ကိစ္စရပ်များ၊ စီမံခန့်ခွဲမှုကိစ္စရပ်များနှင့် သင်ရိုးညွှန်းတမ်းကိစ္စရပ်များ၊ ဆရာအတတ်သင်ပညာကဏ္ဍတွင် Spring Normal University (SNU) and University of Teaching (UoT) တည်ထောင်၍ ဆောင်ရွက်ထားရှိမှုများ၊ သုတေသနနှင့်ဖွံ့ဖြိုးရေးဌာနအနေဖြင့် Spring Success Conference III အတွက် ပြင်ဆင်နေမှုများ၊ ဆောင်ရွက်လျက်ရှိသည့် သုတေသန ပြန့်ပွားရေးလုပ်ငန်းများ၊ စီဒီအမ်ရေးရာဌာန (CDM Affairs) ဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသည့် စွမ်းဆောင်ရည် မြှင့်တင်ခြင်းနှင့် ထောက်ပံ့မှု ကိစ္စရပ်များ၊ ပြန်ကြားရေးဌာနအနေဖြင့် ဆောင်ရွက်နေသည့် မြန်မာ့ပညာရေးစနစ်(MES) အဆင့်မြှင့်တင်မှု၊ ပြန်ကြားရေးနှင့် သတိပေးချက်များ(PR)၊ ဘဏ္ဍာရေးဆိုင်ရာ သုံးစွဲမှုနှင့် ခွဲဝေမှုမှတ်တမ်းကိစ္စရပ်များ၊ နိုင်ငံတကာရေးရာဌာနအနေဖြင့် ရင်ဆိုင်နေရသော အခက်အခဲများ၊ နိုင်ငံတကာချိတ်ဆက်မှုများနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။   ၎င်းနောက် တက်ရောက်လာသည့် ကော်မတီဝင်များက သိရှိလိုသည်များအား ဆွေးနွေးမေးမြန်းကာ အကြံပြုခဲ့ကြပြီး ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး က ပြန်လည် ရှင်းလင်းဖြေကြားခဲ့သည်။   အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီအဖွဲ့ဝင်များနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတို့ တက်ရောက်ခဲ့ကြသည်။   ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်၊ လူထုခေါင်းဆောင်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ (၈၁) နှစ်မြောက် မွေးနေ့အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ပြောကြားသည့် အမှတ်တရစကား ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် https://crphmyanmar.org/publications/remark-by-chairman-of-crph-81st-birthday-of-dassk/

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်၊ လူထုခေါင်းဆောင်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ (၈၁) နှစ်မြောက် မွေးနေ့အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ပြောကြားသည့် အမှတ်တရစကား ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် https://youtu.be/JquHU3AIEV4