cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

CNAFZ News TV

Only True News In Myanmar

Show more
Myanmar9 784Burmese7 307The category is not specified
Advertising posts
599
Subscribers
No data24 hours
-27 days
-1330 days

Data loading in progress...

Subscriber growth rate

Data loading in progress...

Photo unavailableShow in Telegram
လွတ်ငြိမ်းခွင့်ပြုကြောင်းစစ်ကောင်စီရဲ့ထုတ်ပြန်ချက်
Show all...
Founder Admin ကျန်းမာရေးအခြေအနေဆိုးရွားလွန်းနေတာကြောင့်သတင်းတင်ပေးမဲ့အပိုင်းကိုနောက်ထပ် ရက်ပိုင်းထပ်ရွေ့လိုက်ပါတယ်.။
Show all...
သစွာကုန်မာဆိုင် ကိုလုယက်ခဲ့သူတွေကို ဖမ်းဆီးရမိပီလို့ စစ်တပ်ပြန်ကြားရေးကဒီနေ့ညပိုင်းမှာကြေငြာလိုက်ပါတယ်။
Show all...
ကိုယ့်စိတ်ချမ်းသာမှုရယ်၊ ရင့်ကျက်မှုရယ်၊ ကိုယ့်အရည်အချင်းရယ်က တိုးတက်မှုမြန်သွားကြတာပဲ။ ကျွန်တော်ရရှိခဲ့တာရဲ့ တဝက်လောက်ကပဲ ကျောင်းဆီက၊ ကျန်တဲ့တဝက်က စာသင်ခန်းပြင်ပမှာ နေ့စဉ်ရုန်းကန်လှုပ်ရှားရင်းနဲ့ တတ်မြောက်ခဲ့တာတွေ....။ ကျောင်းရွေးတဲ့နေရာမှာ ကမ္ဘာ့အဆင့်တွေကောင်းဖို့ထက် ကိုယ်ကြိုက်တဲ့ ပတ်ဝန်းကျင်ကိုရွေးခဲ့တယ်။ ကျွန်တော်ကြိုက်တဲ့ ပတ်ဝန်းကျင်မှာ၊ ကြိုက်တဲ့ မေဂျာကို တတ်နိုင်တဲ့စျေးနဲ့ ရမယ်ဆိုရင်၊ ranking မကောင်းရင်တောင် စိတ်ချလက်ချရွေးမှာပဲ။ တခြားသူတွေလဲ ranking ထက် ဒါတွေကို ပိုကြည့်သင့်တာပဲ။ ပတ်ဝန်းကျင်ကောင်းလို့ရှိရင် လူတွေကောင်းမှာ သေချာပြီး၊ လူတွေကောင်းရင် အဲ့လူတွေ runနေတဲ့ ကျောင်းလဲကောင်းမှာ အသေအချာပဲလေ။ ဟိုးအရင်ထဲက ဥရောပက ဂျာမနီ၊ပြင်သစ်၊နယ်သာလန်၊စပိန်၊ပေါ်တူဂီ၊ဒိန်းမတ်၊ဆွီဒင်၊အီတလီ၊ဆွစ်ဇာလန်၊ခရိုအေးရှား... ဒီနိုင်ငံတွေကို ကြားဖူးထဲက သူတို့ရဲ့ အေးချမ်းပြီးတိုးတက်တဲ့ လူနေမှုပုံစံရယ်၊ စိတ်ချမ်းသာစရာကောင်းတဲ့ ပတ်ဝန်းကျင်ရယ်ကို ကြိုက်ခဲ့တာကြာပြီ။ ဟိုပေါ်ပြူလာနိုင်ငံတွေက ဒီဥရောပကျောင်းတွေနဲ့ ကျောင်းလခ သက်သာတာခြင်းလာတူရင်တောင် နောက်တစ်ခေါက်ထပ်ရွေးခိုင်းမယ်ဆိုရင် ကျွန်တော်ကြိုက်တဲ့ ပတ်ဝန်းကျင်၊အသိုင်းအဝိုင်း၊သမိုင်းကြောင်း၊အနုပညာတွေ ရင့်ကျက်ခိုင်မာတဲ့ ဥရောပကိုပဲ ထပ်ရွေးမိဦးမှာပဲ။ ဥရောပက တကဲ့ကို အေးချမ်းပါတယ်။ နေရာတိုင်းမှာတော့ မကောင်းတဲ့လူတွေလည်း အနည်းနဲ့အများတော့ရှိကြသလို ဥရောပမှာ အကုန်လုံးက အေးချမ်းတဲ့ လူကောင်းသူကောင်းတွေနဲ့ပဲ ပြည့်နေတယ်လို့ ပြောတာတော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ အများအားဖြင့် အေးချမ်းကြတာများပါတယ်။ မေတ္တာတရားထွန်းကားပြီး၊ ကိုယ်ချင်းစာစိတ်နဲ့ ကြင်နာသနားစိတ်ရှိကြတယ်။ ကိုယ့်ဘဝနဲ့ကိုယ် အေးအေးဆေးဆေးနေကြပြီး သူများကို ကူညီဖို့အဆင်သင့်ရှိကြတယ်။ အထူးသဖြင့် အာရှနဲ့ အသိသာဆုံးကွာခြားတဲ့အချက်ကတော့ သူများတွေကို လိုက်ကြည့်ပြီး ဝေဖန်မနေဘူး၊ judge လုပ်မနေဘူး။ သူများတကာကို ရှုံ့ချဝေဖန်ခြင်း၊ အပြစ်လိုက်တင်နေခြင်း၊ အတင်းပြောခြင်း မရှိဘူး။ တနည်းအားဖြင့်ဆို စဆရက မဖြစ်ချင်ကြဘူး။ လူရာဝင်ချင်တဲ့ စိတ်တွေနဲ့ သူများတကာကို ပြူးပြဲစိတ်ဝင်စားပြီး၊ ကိုယ်ဘယ်လိုသာကြောင်းတော်ကြောင်းပြဖို့ ခေါင်းမရှုပ်နေကြဘူး... ပူလောင်မနေကြဘူး။ self-esteem မြင့်ကြပြီး.... ရောင့်ရဲစွာ ကိုယ့်ဘဝကိုယ်ပဲ စိတ်ဝင်စားကြတာများတယ်၊ သူများကိုလဲ ကူညီဖို့လိုအပ်တဲ့အခါတွေလောက်ပဲ စိတ်ဝင်စားတယ်။ ဥရောပ လော်ဘီလုပ်တယ်ထင်ရင် တကယ်တမ်းလဲ လော်ဘီလုပ်နေတာပါပဲ။ ကိုယ်တိုင်ကြုံတွေ့ခဲ့ရပြီး ကြိုက်လို့... လက်လမ်းမီတဲ့သူတွေအတွက် ရွေးချယ်စရာတွေရှိပြီး... ဘယ်လိုကောင်းကြောင်းဆိုတာကို မျှဝေတဲ့ စေတနာနဲ့ လော်ဘီလုပ်ပါတယ်။ ဘဝမှာ ကိုယ်ရည်ကိုယ်သွေး မြင့်ဖို့နဲ့? ကိုယ့်အစွမ်းအစကို ကိုယ့်ဘာသာ ဘာတွေလဲဆိုပြီး သဘောပေါက်နိုင်တဲ့ အချက်တွေကို ပိုပြီးအရေးကြီးတယ်လို့ ခံယူတော့ ဥရောပကို ပိုပြီးတောင် အထင်ကြီးမိပါသေးတယ်။ လိုအပ်ချက်တွေတော့ရှိတာပေါ့... ကိုယ့်အရည်အချင်းတို့၊ ကြိုးစားလိုစိတ်တို့၊ အင်္ဂလိပ်စကေးတို့ စတာမျိုးတွေ...။ ကျောင်းဝင်ခွင့်ရတိုင်း ဘွဲ့ရဖို့ မသေချာဘူး။ ပညာရေးကို ရောင်းမစားပဲ ငွေစိုက်ပေးပြီး အမှန်အကန်သင်ပေးတာဆိုတော့ သူတို့ကလဲ အမှန်အကန်အရည်အချင်းရှိမှ အအောင်ပေးမှာပဲ။ ကျွန်တော် ကျောင်းစစရောက်ခြင်း မိတ်ဆက်ပွဲမှာပြောတာ အခုထိမှတ်မိသေးတယ် - ကျောင်းဝင်ခွင့်ရတိုင်း ဘွဲ့ရပြီဆိုပြီး သေချာပေါက်မတွက်နဲ့တဲ့။ တချို့နေရာတွေမှာ ကျောင်းဝင်တာနဲ့ ဘွဲ့ရဖို့သေချာရင်သေချာမယ်၊ ဒါပေမဲ့ ဒီမှာတော့ မရဘူးတဲ့။ ဒါပေမဲ့ စာကို စိတ်ဝင်တစားလုပ်တဲ့သူဆိုရင် ကိုယ်ကဉာဏ်သိပ်မကောင်းရင်တောင် နည်းမှန်လမ်းမှန်ကြိုးစားတတ်ရင် ဂုဏ်ထူးတန်းဝင်ဖို့တောင် အခွင့်အရေးရှိပါတယ်။ ဖရော်ဖက်ဆာတွေကလဲ စာကြိုးစားတဲ့သူဆို လိုအပ်တဲ့အကူအညီပေးပါတယ်၊ တောင်းတတ်ဖို့တော့လိုတာပေါ့။ ဥရောပသွားပြီးတော့ ကျောင်းလဲတက်ချင်တယ်၊ ကိုယ့်ဖာသာကိုယ်လဲ စပြီးရှာဖွေ လေ့လာနေပြီ ဆိုရင် ပြင်ဆင်ရမှာတွေနဲ့ ပတ်သက်ပြီး မေးမြန်းလို့ရပါတယ်။ ပြင်ဆင်လုပ်ကိုင်နေတုန်း အခက်အခဲတစုံတရာကြုံတာတွေ.... မေဂျာရွေးချယ်တာတွေ၊ တခြား ကျောင်းသွားတက်ဖို့အတွက် အကြံဉာဏ်တွေ ဆွေးနွေးလိုတာတွေအတွက် educational consultation လုပ်ပေးနေပါတယ်။ ကျောင်းသားတစ်ယောက်ချင်းစီရဲ့ ပညာရေးအရည်အချင်း၊ ငွေကြေးအခြေအနေ၊ ၀ါသနာ၊ စိတ်ဝင်စားမှုတွေ၊ အနာဂတ်မှာလုပ်ချင်တဲ့ စိတ်ကူးအိပ်မက်တွေ အပေါ်မှာမူတည်ပြီး မေဂျာရွေးရာမှာ၊ ကျောင်းရွေးရာမှာ၊ ကိုယ်တိုင်ကျောင်းလျှောက်ရာမှာ အထောက်အကူဖြစ်အောင် အကြံဉာဏ်ပေးဆွေးနွေးပေးပါတယ်။ https://www.facebook.com/StudyinEurope.Myanmar ဒါ့အပြင်ကိုမှ ဥရောပကျောင်းကိစ္စတစ်ခုတည်းအတွက် မဟုတ်ဘဲ... အနာဂတ် ပညာရေးနဲ့ ပတ်သက်ပြီး ဘာတွေလုပ်ချင်တယ်၊ ဘာတွေလုပ်သင့်တယ်ဆိုတာကို အတိုင်ပင်ခံဆွေးနွေးအကြုံပြုပေးပါတယ်။
Show all...
Study in Europe - Myanmar

Study in Europe - Myanmar. 25,378 likes · 2,497 talking about this. For Myanmar students striving to pursue quality European education

ကမ္ဘာ့ထိပ်တန်း ပညာရေးအဆင့်အတန်းရှိပြီး ကျောင်းလခလဲ အင်္ဂလန် အမေရိကန် အော်ဇီတို့ထက် တစ်ဝက်မကသက်သာတဲ့ ranking ကောင်းကောင်း ကျောင်းတွေတက်ချင်လား၊ အနုပညာအဆင့်အတန်းမြင့်တဲ့ဒေသတွေနဲ့... သမိုင်းမှာထင်ရှားတဲ့ ကမ္ဘာကျော်အမွေအနှစ်တွေကို လေ့လာပြီးကျောင်းတက်ချင်တာလား၊ ချစ်စရာကောင်းပြီးပေါ့ပါးတဲ့ လက်တင်စရိုက်ဆန်ဆန်နေတတ်တဲ့ စပိန်နဲ့ အီတလီတို့လို မြေထဲပင်လယ်နိုင်ငံတွေမှာ စရိတ်အရမ်းသက်သက်သာသာနဲ့ ကျောင်းသွားတက်ဖို့ဆိုတာ မဖြစ်နိုင်လောက်ဘူးလို့ထင်ခဲ့ဖူးလား၊ နူးကမ့်... ဘာနေဗျူး.... ဆန်ဆီရိုတို့လို ဘောလုံးကွင်းကြီးတွေဆီအရောက်သွားဖူးချင်လား... travel blogger တွေကိုအားကျပြီး ဥရောပတစ်တိုက်လုံး ဗီဇာမလိုပဲခရီးသွားဖို့ စိတ်ကူးတွေရှိဖူးလား... အေးချမ်းပြီး စိတ်ချမ်းသာဖို့ကောင်းတဲ့ပတ်ဝန်းကျင်မှာ ကိုယ်ဝါသနာပါတဲ့ပညာရပ်တွေ လိုက်စားချင်တာလား... အဲ့ဒီအဖြေတွေအတွက်... ဥရောပမှာကျောင်းတွေရှာကြပါ။ ကျောင်းတွေမှ အများကြီးပဲ။ နိုင်ငံတွေကလဲ အများကြီးပဲ။ စျေးတွေကလဲ သက်သာလွန်းလို့။ အနုပညာလက်ရာ၊ သမိုင်းဝင်လက်ရာ၊ ပညာရပ်ပိုင်းဆိုင်ရာ ပေါင်းစုံကိုလည်းကြည့်ရမယ်။ ယဉ်ကျေးမှုပေါင်းစုံကနေ လူမျိုးအသီးသီးဆီကနေ လေ့လာခွင့်သင့်ယူခွင့်ရမယ်။ ခရီးလဲ သွားလို့ရတယ်။ အေးချမ်းမှုနဲ့ ရင့်ကျက်မှုကိုလဲ အတုခိုးလို့ရမယ်။ PSR
Show all...
အစိုးရက စိုက်ပေးတယ်။ တချို့အရမ်းချမ်းသာတဲ့ နိုင်ငံတွေဆို အစိုးရက ၉၀% ကျော် စိုက်ပေးတော့ ကျောင်းလခက တစ်နှစ်ကို သိန်း၂၀ လောက်ပဲ သွင်းရတာမျိုးဖြစ်သွားတယ်။ ကိုယ့်နိုင်ငံသားတွေတင်မဟုတ်ပဲ တခြားနိုင်ငံက ကျောင်းသားတွေကိုပါ သဘောကောင်းကောင်းနဲ့လက်ခံပြီး ပညာရေးကို မျှဝေပေးပါတယ်။ အဓိကကတော့ ပညာရေးကို ရောင်းစားဖို့အတွက်မဟုတ်ပဲ လူ့အခွင့်အရေးတစ်ခုလို့ သဘောထားလို့ပါပဲ။ တချို့ကျောင်းလခ နည်းနည်းများတဲ့ကျောင်းတွေတောင် မြန်မာနိုင်ငံသားဆိုရင် ဆင်းရဲတဲ့နို်င်ငံကဖြစ်လို့ စျေးလျော့ပေးတာလဲရှိတယ်။ မြန်မာတွေကြားထဲမှာ ပေါ်ပြူလာဖြစ်တဲ့ အင်္ဂလန်အမေရိကန်နဲ့တခြားနိုင်ငံတွေက ကျောင်းတွေက စီးပွားရေးတအားဆန်ပါတယ်။ စီးပွားရေးဆန်တာ နေရာတိုင်းမကောင်းပါဘူး၊ အထူးသဖြင့် ပညာရေး၊ ကျန်းမာရေးတို့ ဆိုတာ ရောင်းကုန်တစ်ခု မဟုတ်ပါဘူး။ ဒါပေမဲ့ စလုံး၊ ယူကေ၊ အမေရိကန်၊ သြစတေးလျနိုင်ငံတွေက ကျောင်းတွေကတော့ စီးပွားရေးလုပ်စားနေကြတာပဲ…. ကျောင်းဖွင့်စားပြီး အကြီးအကျယ် ဝင်ငွေရှာနေကြတာ။ စီးပွားရေးလုပ်စားကြတဲ့ ကျောင်းတွေမို့လို့လဲ အေးဂျင့်အများစုနဲ့ ချိတ်ထားကြတာ။ အေးဂျင့်တွေကလဲ ဒီလိုချိတ်ထားတဲ့ ကျောင်းတွေက ကော်မရှင်ကောင်းကောင်းပေးလို့ ဒီကျောင်းတွေကိုပဲ မားကတ်တင်းဆင်းကြတာ။ အဲ့ဒါနဲ့ပဲ ဒီကျောင်းတွေကိုပဲသွားတဲ့သူတွေများ၊ သွားတာများတော့ လူတွေက ဒါတွေကိုပဲသိ၊ သိတော့ ဒီအေးဂျင့်တွေဆီကိုပဲလာ.... ဒီလိုနဲ့ ဂျာအေးသူ့အမေရိုက် မုန့်လုံးစက္ကူကပ်ပြီး တခြားကောင်းပြီး စျေးသက်သာတဲ့ကျောင်းတွေကို မြန်မာပြည်မှာ မသိကြတော့ဘူး။ တချို့တွေဆို... ဒီဥရောပကျောင်းတွေကိုရှာပေးတဲ့ service ကိုမြန်မာပြည်မှာ စပြီး ကြားဖူးတုန်းကဆို၊ မသိရင်လိုက်လိမ်ညာနေသလိုမျိုးပြောပြီး လိုက်ပြီးအပုပ်ချကြတာတွေတောင်ရှိတယ်။ ဒီလိုမျိုး စျေးသက်သာတဲ့ ဥရောပကျောင်းတွေကလဲ ပညာရေးကိုပဲအာရုံစိုက်ပြီး စီးပွားရေး မလုပ်စားတော့ သူတို့ဆီကနေကိုယ်တွေဆီကို ကော်မရှင်လဲမပေးနိုင်ဘူး၊ မားကတ်တင်းလဲ ရောက်မလာဘူးလေ။ ဒါပေမဲ့ အခုအင်တာနက်ခေတ်မှာ မယုံရင် ကိုယ့်ဘာသာကိုယ် google ခေါက်ကြည့်၊ ကျောင်း website ထဲ ဝင်ကြည့်လို့ရနေပြီလေ။ QS နဲ့ Times Higher Education website တွေမှာလဲ ranking တွေ စစ်လို့ရနေပြီ (ဝင်ကြည့်လို့ရအောင် တခါတည်းလင့်ခ် ပါတွဲပေးထားတယ်)။ ပြီးတော့ ကျွန်တော့်လိုမျိုး ကိုယ်တိုင် လက်တွေ့သွားပြီး ကျောင်းတက်ခဲ့တဲ့ လူကလဲ ပြန်ပြောပြနေပြီ။ ဒီဥရောပနို်င်ငံတွေမှာ နေထိုင်စရိတ်ကလဲ အင်္ဂလန်ထက် အများကြီးသက်သာတယ်။ စကင်ဒီနေးဗီးယားနဲ့ ဆွစ်ဇာလန်လိုမျိုး အဆမတန်စျေးကြီးတဲ့ နိုင်ငံတွေမှာတောင် အင်္ဂလန်ကစရိတ်နဲ့အတူတူလောက်ပဲ။ သူ့ထက်တစ်ထစ်လျော့တဲ့ နယ်သာလန်၊ ဘယ်ဂျီယံ၊ ပြင်သစ်၊ ဂျာမနီနိုင်ငံတွေဆို တစ်လကို ၉သိန်းကနေ ၁၅သိန်း လောက်နဲ့ဖြစ်အောင်နေလို့ရတယ်။ လန်ဒန်မှာ ဒီစားရိတ်နဲ့ အခန်းခတစ်ခုတည်းတောင် မလွယ်ဘူး၊ စုံစမ်ဘူးတဲ့သူတွေ သိပါတယ်။ ၉သိန်းဆိုပေမဲ့ အရမ်းကြီးသုံးဖြုန်းလို့တော့မရဘူးပေါ့၊ ဟင်းချက်စားရတာမျိုး၊ ကျောင်းသားအခန်း ခပ်ကျဉ်းကျဉ်းထဲမှာနေရတာမျိုးလောက်တော့ သည်းခံရပါတယ်။ တခြား ဥရောပတောင်ဖက်နဲ့ အနောက်ဖက်က နိုင်ငံတွေဆို ပိုသက်သာပါတယ်၊ မြို့အခြေအနေပေါ်မူတည်ပြီး တစ်လကို ရသိန်း ၈သိန်း တောင်မကုန်တဲ့ နေရာတွေရှိတယ်။ မေဂျာ၊ ကျောင်းနဲ့ မြို့ အပေါ်မူတည်သွားတာပေါ့။ အချိန်ပိုင်းအလုပ်ရရင်တော့ ပိုပြီးခုသာခံသာရှိတာပေါ့၊ စရိတ်ရဲ့ တစ်ဝက်လောက်ရှာလို့ရတယ်။ ဒါပေမဲ့ စာရွက်စာတမ်းကိစ္စ၊ ဘာသာစကား၊ ကျောင်းစာ၊ နေရာဒေသပေါ်မူတည်ပြီး အလုပ်ကတော့ စိတ်ရှည်ရတယ်၊ အချိန်အတော်ကြာအောင် စောင့်ရတတ်တယ်၊ ကြိုးစားပြီးရှာရတယ်။ ဒါပေမဲ့ အလုပ်လုပ်ဖို့ကို အာရုံမစိုက်စေချင်ဘူး။ အချိန်ပိုင်းအလုပ်မရရင်တောင်မှ ကျောင်းလခ + နေစရိတ်စားစရိတ်က အင်္ဂလန်ထက်အများကြီး ပိုသက်သာသေးတာပဲ။ ကျွန်တော်တို့တွေက ဘာလို့ ဥရောပကျောင်းတွေဒီလောက် စျေးသက်သာရတာလဲလို့ မေးနေတဲ့အချိန်မှာ... ဥရောပကကျောင်းသားတွေကလဲ ယူကေနဲ့ အမေရိကန်မှာပေးရတဲ့ ကျောင်းလခတွေကိုကြည့်ပြီး ဘာလို့ဒီလောက်တောင် အဆမတန်စျေးကြီးရတာလဲလို့ အံ့သြတကြီး မေးခွန်းထုတ်တတ်ကြတယ်။ ဟုတ်တယ်... မြန်မာတွေ၊အာရှတွေကသာ တစ်နှစ်ကို သိန်းနှစ်ရာသိန်းသုံးရာ ပေးပေးပြီး တက်ကြတာ၊ တကယ်တမ်းက ဥရောပကကျောင်းသားတွေအတွက် ဒါတွေက လူချမ်းသာလူထူးလူဆန်းတွေပဲ လုပ်ကြတဲ့ကိစ္စ။ ပိုက်ဆံတတ်နိုင်ရင်တောင် သွားမတက်ဘူး... သူတို့ဆီက တက္ကသိုလ်တွေရဲ့ အဆင့်အတန်းကိုလည်း ယုံကြည်ကြတယ်။ သူတို့အဖေအမေတွေ အဖိုးအဖွားတွေလဲ ဒီကျောင်းတွေမှာပဲတက်ပြီး ဒီလိုမျိုးတိုးတက်တဲ့ နိုင်ငံကို တည်ဆောက်ခဲ့တာပဲ။ အခုလောလောဆယ်လဲ ကမ္ဘာကြီးကို အကျိုးပြုတဲ့ သုတေသနရလာဒ်တွေ ကမ္ဘာကျော်အောင်မြင်တဲ့သူတွေလည်း ထွက်နေဆဲပဲလေ။ Ranking တွေကလဲ ကောင်းနေဆဲပဲလေ။ နိုင်ငံတွေကလဲ အေးချမ်းပြီး တိုးတက်လို့ migrate လာလုပ်ချင်တဲ့သူတွေလဲ များနေဆဲပဲလေ။ ပြီးတော့ ဥရောပမှာကျောင်းလာတက်တဲ့ အမေရိကန်တွေလဲ အများကြီးပဲလေ။
Show all...
ဒီဥရောပတိုက်က ကျောင်းတွေ ပညာရေးအဆင့်အတန်း မြင့်လားမမြင့်လားဆိုတာ သူတို့ရဲ့ လူနေမှုအဆင့်အတန်းကို ကြည့်ရင် သိနိုင်ပါတယ်။ ဥရောပတိုက်ကနိုင်ငံတွေက ကမ္ဘာ့အငြိမ်းချမ်းဆုံးနဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ ထိပ်ပိုင်းပဲ။ နယ်ပယ်အသီးသီးက နိုဘယ်ဆုရှင်တွေထွက်ခဲ့တဲ့ ကျောင်းတွေရှိသလို၊ ကမ္ဘာ့သမိုင်းမှာ ကျော်ကြားတဲ့ ပညာတတ်ပုဂ္ဂိုလ်တွေ တက်ခဲ့တဲ့ကျောင်းတွေ အများကြီးပါပဲ။ အိုင်းစတိုင်း၊ ကားမာ့တ်စ်၊ Nikola Tesla၊ ယန်းပေါဆတ်၊ နစ်ရှေး၊ ဖူကိုး၊ ဆစ်ဂမန်ဖရိုက်၊ ဆီမွန်ဒီဗူးဗွား၊ ဟေဂယ်၊ ကန့် စတဲ့ ပညာတတ်အကျော်အမော်တွေတက်ခဲ့တဲ့တက္ကသိုလ်တွေအများကြီးပဲ။ ယုတ်စွအဆုံး နိုဘယ်ဆု ကိုတောင် ဥရောပနို်င်ငံတစ်ခုဖြစ်တဲ့ ဆွီဒင်က ပေးတာပဲလေ။ ကျွန်တော်ပေးခဲ့တဲ့ ကျောင်းလခဆို တစ်နှစ်ကို ၁၅ သိန်းလောက်ပဲ ရှိပေမဲ့၊ KU Leuven ဆို ဘယ်ဂျီယံမှာ နာမည်အကြီးဆုံးနဲ့ ranking အမြင့်ဆုံးကျောင်းဖြစ်တဲ့အပြင်ကို ဥရောပတစ်တိုက်လုံးမှာ နာမည်အကြီးဆုံး နဲ့ သက်တမ်းအကြာဆုံး ကျောင်းတွေထဲကတစ်ကျောင်းပဲ။ ၁၅ရာစုထဲက စတည်ထောင်ခဲ့တာမို့လို့ အခုဆို နှစ် ၆၀၀ နီးပါးရှိပြီ။ ဥရောပက ကျောင်းသားတော်တော်များများသိတယ်၊ အထူးသဖြင့် research and innovation မှာ နာမည်ကြီးပဲ။ အင်္ဂလန်နဲ့ ဥရောပတစ်ခုလုံးက တက္ကသိုလ်တွေအားလုံးမှာ innovative အဖြစ်ဆုံး၊ သုတေသနနဲ့ နည်းပညာ အားအကောင်းဆုံးစာရင်းမှာ နံပါတ်တစ်ရတာ အနည်းဆုံး ၂နှစ်ဆက်တိုက်ရှိပြီ။ ပြီးတော့ ရူပဗေဒရဲ့ အထင်ရှားဆုံး သီအိုရီတွေထဲက တစ်ခုဖြစ်တဲ့ Big Bang Theory ကိုစပြီး ဖော်ထုတ်သွားတဲ့ ပရော်ဖက်ဆာ Lemaitre ဆိုတာ ဒီကျောင်းထွက်ပဲ၊ သူက အိုင်းစတိုင်းနဲ့ ခေတ်ပြိုင်... ဒီကျောင်းမှာတောင် ဆရာပြန်လုပ်သွားသေးတယ်။ ဒါကိုဂုဏ်ပြုတဲ့သဘောနဲ့ ၂၀၁၄ တုန်းကလဲ စတီဖင်ဟော့ကင်း ကျောင်းကိုလာပြီး public lecture တစ်ခုဟောပြောသွားသေးတယ်။ သွားတက်ခဲ့တဲ့သူတွေပြန်ပြောပြတာ အဲ့နေ့ကဆို မနက်၆နာရီလောက်ထဲက လက်ချာခန်းမ ပြည့်သွားလို့ အပြင်မြက်ခင်းပြင်မှာ ပရိုဂျက်တာထိုးပြီး ပြန်ပြရတဲ့အထိပဲ၊ လက်ချာက ညနေမှစတာ။ ဒီကျောင်းရဲ့ အမွှာတက္ကသိုလ် UCL (Université catholique de Louvain) မှာဆိုရင်လဲ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၃ တုန်းက မိန့်ခွန်းတစ်ခု လာပြောသွားသေးတယ်။ ကျွန်တော်တက်ခဲ့တဲ့ ဖီလိုဆိုဖီဋ္ဌာနဆို တစ်ကမ္ဘာလုံး philosophy ranking 1-30 ဝင်တယ်။ အဲ့ဒီမှာ အသွင်လောကစိတ်ပညာ(Phenomenology) ရဲ့ ရှေ့ဆောင်လမ်းပြကြီး Husserl ရဲ့ ရုံးခန်း နဲ့ သူရေးသွားတဲ့ လက်ရေးမူရင်းကျမ်းဟောင်းတွေ အခုထိရှိသေးတယ်။ ဒီလောက်ကောင်းပြီး ဒီလောက်စျေးပေါနေတာ ယုံချင်စရာမရှိဘူးဆို၊ အပေါ်ကပြောခဲ့သလိုပဲ သူတို့က ပညာရေးကို ရောင်းမစားလို့။ ဥရောပမှာ တက္ကသိုလ်တစ်ခုမှာ တက်နေရင်း ဥရောပထဲက တခြားတက္ကသိုလ်တစ်ခုကို exchange student အဖြစ် နှစ်ဝက်သွားတက်လို့လဲ ရသေးတယ်။ Erasmus+ EU student exchange programme လို့ခေါ်တယ်၊ တက္ကသိုလ်တိုင်းမှာ ရှိတယ်။ ဥရောပတိုက်ထဲက ကျောင်းသားတွေ မတူတဲ့နိုင်ငံကမတူတဲ့ယဉ်ကျေးမှုတွေသိအောင်၊ အချင်းချင်းအပြန်အလှန်နားလည်မှုတိုးပွားအောင် ကျောင်းသားတွေကို ပိုက်ဆံပေးပြီး exchange သွားတက်ခိုင်းတာ။ ဒီလိုမျိုး exchange သွားတက်မယ်ဆို လစဉ် စကောလားရှစ်လဲပေးတယ်၊ ကိုယ်သွားမဲ့ကျောင်းအပေါ်မူတည်ပြီး တစ်လကို ယူရို ၃၀၀ ကနေ ၅ဝဝလောက် အထိရတယ်။ ပိုက်ဆံလဲရ၊ တခြားတစ်နိုင်ငံမှာလဲ နေဖူး... ဘယ်လောက်ကောင်းလဲ။ ကျွန်တော် exchange သွားခဲ့တာက အီတလီ၊ ရောမမြို့က University of Rome ကို။ အဲ့ဒီကျောင်းက ranking ၂၀၀ ကျော်ပေမဲ့ တော်တော်ကောင်းတယ်။ စာသင်တာလဲကောင်းပြီး ဒီတက္ကသိုလ်ကနေ ရူပဗေဒနဲ့ စီးပွားရေး နယ်ပယ်မှာ နိုဘယ်ဆုရှင် ၅ယောက် အပါအဝင် ကမ္ဘာကျော်ပညာရှင် ၃၀ ကျော်ထွက်ထားပြီးသား။ နှစ်ပေါင်း ရဝဝကျော် သမိုင်းရှိပြီး၊ လက်ရှိမှာလဲ ကျောင်းသား ၁သိန်း၂သောင်းကျော်ရှိတဲ့ ဥရောပက အကြီးဆုံးတက္ကသိုလ်ကြီးဆိုလဲဟုတ်တယ်။ ကျောင်းလခကလဲ ပေါ်ပြူလာနိုင်ငံတွေက ranking အတူတူကျောင်းတွေရဲ့ တစ်ဝက်တောင်မရှိဘူး။ ပြီးတော့ အီတလီက အရမ်းလှပြီး အရမ်းသာယာတယ်။ Rome ကလဲ သွားလေရာမှာ ကမ္ဘာကျော် colosseum ကြီးလို၊ ဗာတီကန်တို့လို သမိုင်းဝင်လက်ရာတွေနဲ့… တစ်မြို့လုံးက အမိုးဖွင့်ပြတိုက်ကြီးထဲမှာ လျှောက်သွားပြီး ကျောင်းတက်နေရသလိုပဲ။ အီတလီမှာ အစားသောက်ကလဲ ကောင်း၊ ကော်ဖီကလဲကောင်း၊ အနုပညာလက်ရာတွေကလဲအပြည့်၊ အီတာလျံတွေကလဲ တအားဖော်ရွေတယ်...။ အပေါ်ကအချက်တွေအပြင် ဥရောပကိုရွေးချယ်ဖြစ်တဲ့ နောက်ထပ် အဓိကအကြောင်းရင်းကတော့... လူတွေကြောင့်ပဲ။ တချို့နိုင်ငံတွေက ကိန်းဂဏန်းတွေကောင်းရင်ကောင်းမယ်၊ ရုပ်ပိုင်းဆိုင်ရာ အဆောက်အအုံကြီးတွေ ကောင်းရင်ကောင်းမယ်၊ ဒါပေမဲ့ တကယ်တမ်း ပိုပြီး အဆင်ပြေတာက လူတွေကောင်းတဲ့အခါပဲ...။ Mature society ကိုကြိုက်လို့ကို တမင်ရွေးချယ်ပြီး သွားနေခဲ့တာ။ Mature society ရင့်ကျက်တဲ့လူ့အသိုင်းအဝိုင်းဆိုတာ ဆင်ခြင်ခြင်းတရား အရမ်းပျံ့နှံ့ပြီး၊ လူတွေက ရုပ်ဝတ္ထုတွေထက်စာရင် တကဲ့စိတ်ချမ်းသာမှုကို ပိုအလေးပေးတဲ့ အသိုင်းအဝိုင်းမျိုးပေါ့။ ပတ်ဝန်းကျင်ဆိုတာ အရေးအရမ်းကြီးတယ်၊ ကျောင်းတက်သလောက်နဲ့တန်းတူ အရေးကြီးပါတယ်။ ကိုယ့်ပတ်ဝန်းကျင်က လူတွေအပေါ်မူတည်ပြီး
Show all...
ဥရောပမှာကျောင်းတက်ပါ ---------------------- ကမ္ဘာ့ထိပ်တန်း ပညာရေးအဆင့်အတန်းရှိပြီး ကျောင်းလခလဲ အင်္ဂလန် အမေရိကန် အော်ဇီတို့ထက် တစ်ဝက်ကျော်ကျော်သက်သာတဲ့ တက္ကသိုလ်တွေ တက်ချင်တာလား၊ ဒါ့အပြင်မှ ranking ကောင်းကောင်း ကျောင်းတွေတက်ချင်လား၊ မာစတာတွေ ပါရဂူဘွဲ့တွေကို ကျမ်းပြုအကျော်အမော်ကြီးတွေအောက်မှာ သုတေသနလုပ်ချင်တာလား၊ အင်္ဂလိပ်လိုပဲ သင်ချင်တာလား၊ နိုဘယ်ဆုရှင်တွေ အဆက်ဆက်တက်ခဲ့တဲ့ စာသင်ခန်းတွေထဲမှာ သူတို့ခြေရာတွေနင်းချင်တာလား၊ အနုပညာအဆင့်အတန်းမြင့်တဲ့ဒေသတွေ… ချစ်စရာကောင်းတဲ့ အိမ်လေးတွေနဲ့ မြို့လေးတွေမှာ ကျောင်းတက်ချင်တာလား၊ ငယ်ငယ်တုန်းကကျောင်းမှာသင်ခဲ့ရတဲ့ ယဉ်ကျေးမှုတွေသမိုင်းကြောင်းတွေ အထိမ်းအမှတ်တွေ လေ့လာပြီးကျောင်းတက်ချင်တာလား၊ အေးချမ်းပြီး မေတ္တာတရားလွှမ်းခြုံတဲ့ပတ်ဝန်းကျင်မှာ ကိုယ်ဝါသနာပါတဲ့ပညာရပ်တွေ လိုက်စားချင်တာလား၊ ချစ်စရာကောင်းပြီးပေါ့ပါးတဲ့ လက်တင်စရိုက်ဆန်ဆန်နေတတ်တဲ့ စပိန်နဲ့ အီတလီတို့လို မြေထဲပင်လယ်နိုင်ငံတွေမှာ စရိတ်အရမ်းသက်သက်သာသာနဲ့ ကျောင်းသွားတက်ဖို့ဆိုတာ မဖြစ်နိုင်လောက်ဘူးလို့ထင်ခဲ့ဖူးလား၊ travel blogger တွေကိုအားကျပြီး ဥရောပတစ်တိုက်လုံး ဗီဇာမလိုပဲခရီးသွားဖို့ စိတ်ကူးတွေရှိဖူးလား၊ ရုပ်ရှင်တွေ ဇာတ်လမ်းတွေထဲမှာ တွေ့ရဖတ်ရ စိတ်ကူးယဉ်ခဲ့ရတဲ့ ဥရောပကရဲတိုက်ကြီးတွေလိုအဆောက်အဦးတွေနဲ့ သမိုင်းဝင်တက္ကသိုလ်ကြီးတွေမှာ ကျောင်းသွားတက်ချင်လား.... ဥရောပက ကျောင်းတွေကို တွေ့လာရတဲ့အခါ မြန်မာတွေသွားတာ များလွန်းတဲ့ US,UK,SG, Australia ဆိုတဲ့ trend ကြီးအပြင်မှာ တခြား offer ကောင်းကောင်းတွေ အများကြီးရှိတယ်ဆိုတာ သိလာရတယ်။ ပညာရေးအဆင့်အတန်းကောင်းပြီး ပတ်ဝန်းကျင်လဲငြိမ်းချမ်း၊ သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှု အဆင့်မြင့်မားတဲ့နိုင်ငံတွေ ဖြစ်တဲ့အပြင် ကျောင်းလခကလဲ ကြားဖူးနေကြ အင်္ဂလန်၊အမေရိကန်ထက် အဆများစွာသက်သာေနေတော့ စစချင်းမှာ ယုံတောင်မယုံနိုင်ဘူး။ မြန်မာတွေက ranking 300-400 ကျော် (တချို့ကျောင်းတွေဆို ranking 600 ကျော်) အင်္ဂလန်ကကျောင်းတွေကို တစ်နှစ်တစ်နှစ် ကျောင်းလခကြီးပဲ အောက်ထစ် သိန်း၂၀၀ လောက်ပေးတက်နေရတဲ့ အချိန်မှာ..... ဘယ်ဂျီယံက ranking 100 အောက်ကျောင်းကို တစ်နှစ်ကို ၁၅ သိန်းပဲပေးရတယ်။ လက်တွေ့ကတော့ ကျွန်တော်ကိုယ်တိုင်သွားတက်ပြီးလို့ အခုကျောင်းတောင်ပြီးသွားပါပြီ။ အခုကျောင်းလခတွေ နည်းနည်းတက်တယ်ကြားပေမဲ့ သိန်း ၄၀-၅၀ ကနေ ရှားရှားပါးပါး တချို့မေဂျာ သိန်း၁၀၀ ပတ်ဝန်းကျင်ပါပဲ။ ပြီးတော့… မြန်မာဆိုရင် စျေးလျော့ပေးပြီး သိန်း၂၀ လောက်ပဲ ပေးရတာရှိတယ်... မေဂျာပေါ်မူတည်ပြီး စျေးအနည်းအများကွာသွားတယ်။ အင်ဂျင်နီယာ၊ နည်းပညာ၊ စီးပွားရေး၊ ဝိဇ္ဇာသိပ္ပံစတဲ့ မြန်မာတွေကြိုက်တဲ့ တက်လေ့ရှိတဲ့ မေဂျာတွေအစုံကို... အင်္ဂလိပ်လိုလည်းသင်ပေးပြီး မယုံနိုင်လောက်အောင် စျေးသက်သာတဲ့ ကျောင်းတွေ ဥရောပ ၂၆နို်င်ငံ အနှံ့မှာ အစုံရှိပါတယ်။ ဒါပေမဲ့ ဘာဖြစ်လို့ ဒီလောက်ကောင်းပြီး စျေးသက်သာရတာလဲ...၊ လူတွေသိပ်မသွားကြတာလဲ...၊ ဘာလို့လူတွေက မသိကြတာလဲ....။ ဆယ်တန်းအောင်ပြီးလို့ပဲဖြစ်ဖြစ် ဘွဲ့ရပြီးမှပဲဖြစ်ဖြစ် နိုင်ငံခြားမှာ ကျောင်းသွားတက်ကြဖို့ ဆိုရင် နီးနီးနားနားက စင်ကာပူ၊ ဒါမှမဟုတ် အင်္ဂလန်၊ အော်စတြေးလျ နဲ့ အမေရိကန် ဆိုပြီးတော့ စဉ်းစားကြတာတွေ များတယ်။ အေးဂျင့်တွေကလဲ ဒီနိုင်ငံတွေပဲ ညွှန်းကြသလို၊ ကျောင်းသားတွေကလဲ ဒီကိုပဲ အများဆုံးသွားကြတယ်။ အဲဒီနိုင်ငံတွေက လူသိကလဲများ၊ ကျောင်းတွေကလဲ အင်္ဂလိပ်စာနဲ့သင်ကြတာဆိုတော့ ရွေးကြတာများပါတယ်။ မြန်မာပြည်က အေးဂျင့်အများစုနဲ့ ချိတ်ထားတာကြောင့်ပါတယ်။ ပြောရမယ်ဆိုရင် ဒါကြောင့် အဓိက လို့တောင်ပြောလို့ရတယ်။ အေးဂျင့်တွေကလဲ မပို့၊ မပို့တော့ လူတွေကလဲ မသိ၊ မသိတော့ သိပ်မသွားကြ... ဖြစ်ကုန်တယ်။ အမှန်တော့ သိတဲ့သူတွေက သွားနေတာ ကြာလှပြီ၊ မသိတဲ့ သူတွေသာနောက်ကျကျန်နေခဲ့ပြီး ပိုက်ဆံတွေ မတန်တဆပေးပြီး တက်ခဲ့ရတာ။ မြန်မာကျောင်းသားတွေ တစ်ယောက်စနှစ်ယောက်စပဲတွေ့ရပေမဲ့ ရောက်တဲ့နေရာက တက္ကသိုလ်တိုင်းမှာ တရုတ်၊အိန္ဒိယတို့ကအပြင် ထိုင်း၊ဗီယက်နမ်၊ဘင်္ဂလားဒေရှ့်၊ စင်ကာပူ၊ ကိုရီးယား၊ ဂျပန် စတဲ့နိုင်ငံကကျောင်းသားတွေ အစုံရှိတယ်.... သိသူဖော်စားနေကြတာ။ မြန်မာတွေလောက်ပဲ မသိကြလို့ ခေတ်နောက်ကျကျန်နေခဲ့တာ။ ပိုဆိုးတာက တတ်နိုင်တဲ့သူတွေအတွက် သိပ်ပြဿနာမရှိပေမဲ့.... အိမ်ရောင်း ခြံရောင်းပြီး သွားတက်ခဲ့ရတဲ့သူတွေက ပိုနှမျောဖို့ကောင်းတယ်။ အဆိုးဆုံးကတော့ တစ်နှစ်ကို သိန်းလေးငါးရာလောက်တတ်နိုင်မှ ကျောင်းသွားတက်လို့ရမယ်ထင်လို့ အရည်အချင်းရှိရဲ့သားနဲ့ မသွားခဲ့ရတဲ့သူတွေရှိတယ်။ သူတို့တွေအတွက် ဒီလိုမျိုး နည်းလမ်းတွေရှိတယ်ဆိုတာ သိစေချင်ပါတယ်။ ဘာလို့အဲ့လောက်သက်သာနေလဲ ဆိုတာအကြောင်းရှိတယ်။ သူတို့တွေရဲ့ ပညာရေးအပေါ်တန်ဖိုးထားပုံ၊ ပညာရေးပေါ်မြင်တဲ့အမြင်တွေက တခြားအင်္ဂလန်(ယူကေ)၊ အမေရိကန်စတဲ့နိုင်ငံတွေနဲ့ ကွာလို့ပါ။ ဥရောပက ပညာရေးကိုတန်ဖိုးထားပုံကွာပါတယ်… ပညာတတ်တွေနေကြတဲ့ နိုင်ငံနဲ့ ကမ္ဘာဟာ ပိုပြီးကောင်းမွန်တယ်ဆိုတဲ့ ထုံးစံကို သဘောပေါက်တာကြောင့် ပညာရေးကို လူတိုင်းလက်လှမ်းမီအောင် စီစဉ်ပေးကြတယ်။ ကျောင်းသားတွေရဲ့ ကျောင်းစားရိတ်ကို
Show all...
နောက် ၂ နှစ်လောက်မှ ဂျပန်သွားရမှာအမှန်က အဲ့ချိန်ဆို ဟိုမှာ မြန်မာတွေချည်းပဲ နိုင်ငံတစ်ဝက်လောက်ဖြစ်နေလောက်ပြီ ဂျပန်စာလည်း သင်စရာမလိုတော့ဘူး မြန်မာစကားပြောယုံပဲ 😎ငိငိ
Show all...
မိတ်ဆွေ တရုတ်တယောက် ဆေးရုံတက်လို့ သတင်းသွားမေးတာ ... ကိုယ်ရောက်တော့ အခြေနေ မကောင်းတော့ဘူး ... အသက်ရှူ ကလဲ တော်တော် ကြပ်နေတယ် ထင်တယ် ကိုယ့်ကို မျက်လုံးပြူး နဲ့ မော့ကြည့်ပြီး လက်ဟန်ခြေဟန်နဲ့ ဘောပင် စာရွက်တောင်းတယ် သူ့ နောက်ဆုံးစကားတွေ တရုတ်လို စာရွက်ပေါ်ချရေးပြီး ကျနော့် လက်ထဲ ထည့်ရင်း ဆုံးသွားရှာတယ် ကျနော် အရမ်း စိတ် မကောင်းဖြစ်သွားတယ် သူက နှစ်ကိုယ်ကြားပဲသိစေချင်ပုံရတဲ့ စာကို ဘယ်သူ့ကိုမှပြမနေတော့ပဲ တရုတ်စာသင်တန်း သွားတက်တယ် ကျနော် ကြိုးစားတယ် ခြောက်လလောက်ကြာတဲ့အချိန်မှာ သင်တန်း နှစ်ခုတောင်ဆင်းပြီးသွားပြီ ။ ကျ​နော် တရုတ်စာကို နားလည် သွားတဲ့အခါမှာ အခန်းတံခါးကိုပိတ် ပြီး ... လူခြေတိတ် တဲ့အချိန်လောက်ရောက်မှ သူရေးခဲ့တဲ့စာကို ဖွင့်ဖတ်လိုက်တယ် သူရေးထားတာက ... "နင် ငါ့ အောက်ဆီဂျင် ပိုက်ကို တက်နင်း ထားတယ် ပေလိုးမ " တဲ့ ... 🙄🙄🙄
Show all...