en
Feedback
Dream world Movies Channel(MM Sub)

Dream world Movies Channel(MM Sub)

Open in Telegram

ကြော်ငြာကိစ္စများ/Daily Postများအပ်ရန် Admအကောင့်သို့ဆက်သွယ်ရန် @Hancock2003/ Ck Lottery/Big Win လက်မခံပါ

Show more
The country is not specifiedThe category is not specified

📈 Analytical overview of Telegram channel Dream world Movies Channel(MM Sub)

Channel Dream world Movies Channel(MM Sub) (@dreamworld2) is an active participant. Currently, the community unites 45 052 subscribers, ranking in the Other category.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 45 052 subscribers.

According to the latest data from 21 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by 7 574 over the last 30 days and by -59 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 4.63%. Within the first 24 hours after publication, content typically collects 4.01% reactions from the total number of subscribers.
  • Post reach: On average, each post receives 2 085 views. Within the first day, a publication typically gains 1 807 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 1.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
“ကြော်ငြာကိစ္စများ/Daily Postများအပ်ရန် Admအကောင့်သို့ဆက်သွယ်ရန် @Hancock2003/ Ck Lottery/Big Win လက်မခံပါ”

Thanks to the high frequency of updates (latest data received on 22 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Other category.

45 052
Subscribers
-5924 hours
+10 7447 days
+7 57430 days
Posts Archive
Repost from N/a
မင်းသားကြီး မာဒုံဆော့ရဲ့လူသတ်ကား 😀➡️➡️➡️➡️➡️➡️➡️➡️➡️➡️➡️ ⚠️ Copyright DisclaimerNo copyright infringement intended. I do not own any of the videos or music. Use only for the entertainment purpose only under the principle of Fair Use. All rights reserved goes to its rightful owner

မင်းသားကြီး မာဒုံဆော့ရဲ့လူသတ်ကား Murderer (2014) ဒီတစ်ခေါက်မှာတော့ korea movie ကားလေးဖြစ်တဲ့ The murderer ဆိုတဲ့ဇာတ်ကားလေးပဲဖ
မင်းသားကြီး မာဒုံဆော့ရဲ့လူသတ်ကား Murderer (2014) ဒီတစ်ခေါက်မှာတော့ korea movie ကားလေးဖြစ်တဲ့ The murderer ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ Mr Joo Hyub က သွေးအေးလူသတ်သမားတစ်ယောက်ဖြစ်ပြီး သူ့သားဖြစ်သူ Yong Ho နဲ့ မြို့ငယ်လေးတစ်ခုမှာ နေပါတယ် သူတို့က ခွေးမွေးတဲ့အလုပ်ကိုလုပ်ကြတော့ Yong Ho က ကျောင်းမှာဆို အစခံရပြီး အနိုင်ကျင့်ခံရတဲ့ ကျောင်းသားလေးတစ်ယောက်ပါ နောက်တော့ Ji Soo ဆိုတဲ့ ကောင်မလေးတစ်ယောက်က Yong Ho တို့ကျောင်းကို ဆိုးလ်ကနေပြောင်းလာခဲ့ပါတယ် သူတို့နှစ်ယောက်က သူငယ်ချင်းတွေဖြစ်လာပြီး နောက်တော့ Ji soo ဟာ ငယ်ငယ်ကပြန်ပေးဆွဲခံရဖူးပြီး မိဘကြောင့် စိတ်ဒုက္ခရောက်နေသူပါ အဲ့ဒီနောက် ji soo က Yong Ho အဖေက လူသတ်သမားဆိုတာကိုသိသွားတဲ့နောက်မှာ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ #Credit

K-u-n-c-e-n (2025) တောင်စောင့်ပုဂ္ဂိုလ် ============== IMDb Rating (7.9) ၂၀၂၅ ခုနှစ် နိုဝင်ဘာလကမှ ထွက်ထားတဲ့ အင်ဒိုနီးရှား သရ
K-u-n-c-e-n (2025)  တောင်စောင့်ပုဂ္ဂိုလ် ============== IMDb Rating (7.9) ၂၀၂၅ ခုနှစ် နိုဝင်ဘာလကမှ ထွက်ထားတဲ့ အင်ဒိုနီးရှား သရဲကားအသစ်စက်စက်လေး "Kuncen" တင်ထားပါတယ်။ ဒီကားက ဒါရိုက်တာ Jose Poernomo ရိုက်ကူးထားတာဖြစ်ပြီး တောင်တက်ရင်း ကြုံတွေ့ရတဲ့ ကြောက်မက်ဖွယ်ရာ အဖြစ်အပျက်တွေကို အခြေခံထားတာပါ။ "Kuncen" ဆိုတဲ့ စကားလုံးက ဂျာဗားရိုးရာအရ တောင်တွေ၊ နတ်ကွန်းတွေလို သန့်ရှင်းမြင့်မြတ်တဲ့ နေရာတွေကို စောင့်ရှောက်ရတဲ့ "ပွဲထိန်း" ဒါမှမဟုတ် "တောင်စောင့်ပုဂ္ဂိုလ်" ကို ခေါ်တာပါ။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းလေးကတော့ အာဝင်ဒယာ (Awindya) ဆိုတဲ့ အထက်တန်းကျောင်းသူလေးကနေ စထားတယ်။ သူ့ကောင်လေး ဒက်ဗလင် (Devlin) က မာဘာဘူ (Merbabu) တောင်ကို တောင်တက်သွားရာကနေ ၂၄ နာရီကြာတဲ့အထိ အဆက်အသွယ် ပြတ်သွားပါတယ်။ အဲဒါနဲ့ စိတ်ပူသွားတဲ့ အာဝင်ဒယာက သူ့သူငယ်ချင်း နှစ်ယောက်ဖြစ်တဲ့ အက်ဂ်နက်စ် (Agnes) နဲ့ မိုဂျို (Mojo) တို့ကို ခေါ်ပြီး ကောင်လေးကို လိုက်ရှာဖို့ တောင်ပေါ်ကို တက်သွားကြပါတော့တယ်။ ဒါပေမဲ့ တောင်ခြေရွာကို ရောက်တဲ့အခါမှာတော့ တောင်စောင့်ပုဂ္ဂိုလ် (Kuncen) ကြီး အ-တ်ခံလိုက်ရတယ် ဆိုတဲ့ သတင်းဆိုးကြီးကို ကြားလိုက်ရတယ်။ တောင်စောင့်ပုဂ္ဂိုလ် မရှိတော့တဲ့အတွက် လူ့လောကနဲ့ နာမ်လောကကြားက အတားအဆီးတွေ ပျက်စီးသွားပြီး မကောင်းဆိုးဝါးတွေ သောင်းကျန်းပါတော့တယ်။ အဲဒီအချိန်မှာ သူတို့လိုပဲ တောင်ပေါ်မှာ လူပျောက်ရှာနေတဲ့ ယိုဂါ (Yoga) နဲ့ ဒစ္စကာ (Diska) တို့နဲ့ သွားဆုံကြတယ်။ သူတို့သူငယ်ချင်းတွေကို ပြန်ရှာတွေ့ဖို့နဲ့ ဒီတောင်ပေါ်ကနေ အသ-က်ရှင်ရက် ပြန်ထွက်နိုင်ဖို့ဆိုရင် တစ်ခုတည်းသော နည်းလမ်းကတော့ တောင်စောင့်ပုဂ္ဂိုလ် (Kuncen) အသစ် တစ်ယောက်ကို အမြန်ဆုံး အစားထိုး ရှာဖွေပေးဖို့ပါပဲ။ သူတို့တွေ အသ-က်အန္တရာယ်ကနေ လွတ်မြောက်နိုင်ပါ့မလား၊ ပျောက်နေတဲ့ သူတွေကိုရော ပြန်ရှာတွေ့ပါ့မလား ဆိုတာကို ရင်တမမနဲ့ ကြည့်ရမယ့် ကားလေးပါ။ ဒီကားက သာမန် သရဲခြောက်တဲ့ ဇာတ်လမ်းမျိုးလောက်တင် မဟုတ်ဘဲ ဒေသခံတွေရဲ့ ရိုးရာယုံကြည်မှုတွေ၊ တောင်တက်ရင်း ကြုံရတတ်တဲ့ ကြောက်စရာ အတွေ့အကြုံတွေကိုပါ သဘာဝကျကျ ထည့်ရိုက်ထားတာမို့ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သရဲကား ကြိုက်တဲ့သူတွေ၊ အထူးသဖြင့် တောင်တက်တာ ဝါသနာပါတဲ့သူတွေဆိုရင် သဘောကျမယ့် ကားမျိုးပါ။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld6543 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld6543/275 Genre…. Horror

Repost from N/a
ကတုံးမင်းသားကြီးရဲ့ ဇာတ်ကားသစ် ⚠️Copyright Disclaimer No copyright infringement intended. I do not own any of the video or music. Use only for the entertainment purpose only under the principal of Fair Use. All rights reserved goes to its rightful owner.

ကတုံးမင်းသားကြီးရဲ့ အက်ရှင်ဇာတ်ကားသစ် (၂၀၂၆) ーーーーーーーーーーーーーーーーーーー ခိုလှုံရာဖခင်သဖွယ် (သို့မဟုတ်) ရဲတွေလက်ထဲကနေ လွတ်မြောက်အောင်
ကတုံးမင်းသားကြီးရဲ့ အက်ရှင်ဇာတ်ကားသစ် (၂၀၂၆) ーーーーーーーーーーーーーーーーーーー ခိုလှုံရာဖခင်သဖွယ် (သို့မဟုတ်) ရဲတွေလက်ထဲကနေ လွတ်မြောက်အောင် ထွက်ပြေးရတဲ့ ရာဇဝတ်သားကြီး လုံခြုံရေးစနစ်သစ်တွေပေါ်လာပြီးနောက်မှာ ဝန်ကြီးတွေက လူတွေရဲ့ ကိုယ်ပိုင် ဖုန်းတွေကိုပါ ဟက်တဲ့အထိ ရာဇဝတ်သားတွေကို ရှာလာကြပါတယ် ။ ဒီလိုနဲ့ မုန်တိုင်းကြောင့် တိမ်းမှောက်သွားတဲ့ လှေပေါ်က ကလေးမလေးကို တင်ခေါ်ထားတဲ့ ရာဇဝတ်သားဟောင်းကြီးက လူမြင်မခံချင်သော်လည်း ကူညီချင်တာကြောင့် ကူညီဖို့ မြို့ပေါ်ကိုတက်ရပါတော့တယ် ။ မြို့ပေါ်ကိုတက်လိုက်တော့မှ သူ့မျက်နှာကို ဖမ်းမိသွား မထင်မှတ်ထားတဲ့ ပြဿနာတွေက ဖြစ်လာပြီး ကလေးမလေးနဲ့ သူဟာ ရဲတွေလက်ထဲကနေ လွတ်မြောက်ဖို့ ထွက်ပြေး တိမ်းရှောင်ရပါတော့တယ် ။

Repost from N/a
Colony (2026) HDCAM 1080p [PP]

Colony (2026) * IMDb Rating (7.2) [Colony 2026 ရုံတင်ကားကြီးဟာ အခုချိန်အထိ ရုံမချသေးတဲ့အတွက် လက်ရှိမှာတော့ HDCam ဗားရှင်းပဲ ရ
Colony (2026) * IMDb Rating (7.2) [Colony 2026 ရုံတင်ကားကြီးဟာ အခုချိန်အထိ ရုံမချသေးတဲ့အတွက် လက်ရှိမှာတော့ HDCam ဗားရှင်းပဲ ရပါသေးတယ်။ အသံပိုင်း ရုပ်ပိုင်းဆိုင်ရာက hdcam version မို့ quality ကောင်းကြိုက်တဲ့သူတွေအတွက်က ဘယ်လိုမှအဆင်ပြေမည်မဟုတ်ပါ။ ဒါ့ကြောင့် စောင့်နိုင်ရင်တော့ လုံးဝ ဒေါင်းမကြည့်ကြပါနဲ့.... Quality ကောင်းတာထွက်လာတာနဲ့ အမြန်ဆုံး update ပေးပါသွားပါ့မယ်။] Train To Busan ရဲ့ ဒါရိုက်တာ Yeon Sang-Ho က ရိုက်ကူးပေးထားပြီး Main Cast အနေနဲ့ Jun Ji-Hyun, Koo Kyo-Hwan, Ji Chang-Wook, Shin Hyun-Been, Kim Shin-Rok တို့အပြင် မင်းသားကြီး Go Soo ကလည်း ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်အားဖြည့်ထားသလို လက်ရှိ ကြည့်ရှုသူ 5.9 သန်းကျော်နဲ့ 2026 ခုနှစ်ရဲ့ ရုံဝင်သူအများဆုံး နံပါတ် 2 ကိုးရီးယားရုပ်ရှင်အဖြစ်လည်း ရပ်တည်နေပါသေးတယ်။ ဒီကားကတော့ ‌ကြည့်ဖူးနေကျ ရိုးရိုးဇွန်ဘီကားတွေလို အဓိပ္ပါယ်မရှိတာတွေ လျှောက်လုပ်နေတဲ့ ဇာတ်လမ်းမျိုးမဟုတ်ဘဲ ကူးစက်ခံရတဲ့ကောင်တွေက အသိဉာဏ်ရှိပြီး ဆင့်ကဲပြောင်းလဲနိုင်တဲ့ (Evolving Zombies) ပုံစံမျိုးနဲ့ အသစ်ဖန်တီးထားတာ ဖြစ်လို့ ကြည့်ရတာ အကြိုက်တွေ့ကြပါလိမ့်မယ်။ - ဇာတ်လမ်းအကျဉ်း - ဆိုးလ်မြို့လယ်က မိုးမျှော်တိုက်ကြီးတစ်ခုမှာ ဇီဝနည်းပညာ ညီလာခံလုပ်နေတုန်း အမည်မသိ ဗိုင်းရပ်စ်တစ်ခု ရုတ်တရက် ပျံ့နှံ့သွားပါတယ်။ အဲဒီအခြေအနေကို ထိန်းချုပ်ဖို့ အာဏာပိုင်တွေက အဆောက်အအုံတစ်ခုလုံးကို အပြင်ကနေ လုံးဝပိတ်လှောင်လိုက်တဲ့အခါမှာတော့ အထဲကလူတွေ အကုန်ပိတ်မိသွားပါတော့တယ်။  အထဲမှာ ပိတ်မိတဲ့အချိန် ကြာလာလေလေ ကူးစက်ခံရသူတွေရဲ့ ဉာဏ်ရည်တွေ လှုပ်ရှားမှုတွေဟာ အလျင်မြန်ဆုံးနဲ့ ဆင့်ကဲပြောင်းလဲလာတဲ့အခါမှာတော့.... ပါ‌မောက္ခ ဂွန်ဆယ်ဂျောင်း (Jun Ji-Hyun) ဦးဆောင်တဲ့ အသက်ရှင်ကျန်ရစ်သူအဖွဲ့ဟာ အသက်ရှင်လျက်နဲ့ အဆောက်အဦထဲကနေ လွတ်မြောက်သွားနိုင်ပါ့မလားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းဖြစ်တာမို့ မျှော်‌နေတဲ့သူတွေအတွက် တင်ဆက်ပေးလိုက်ရပါတယ်။

J-a-t-a-d-h-a-r-a (2025) (တစ်ယောက်တည်းမကြည့်ရ ) လွန်လေပြီးသောအချိန်တွေတုန်းက လူချမ်းသာတွေမှာ သူတို့ရဲ့ဥစ္စာပစ္စည်းတွေကိုထားဖိ
J-a-t-a-d-h-a-r-a (2025) (တစ်ယောက်တည်းမကြည့်ရ ) လွန်လေပြီးသောအချိန်တွေတုန်းက လူချမ်းသာတွေမှာ သူတို့ရဲ့ဥစ္စာပစ္စည်းတွေကိုထားဖို့ ခုခေတ်လို ဘဏ်တွေ လော့ခ်ကာတွေ မရှိခဲ့ဘူးပေါ့ သူခိုး ဓားပြရန်ကိုကြောက်ရတော့ မြေအိုးလေးတွေနဲ့ မြေကြီးထဲ မြှုပ်ထားကြရတယ် ဒါပေမဲ့လည်း သူပုန်တွေရန်က မလွတ်ခဲ့ကြပါဘူး ရွှေတွေလု လူတွေကို ဒုက္ခပေးရုံသာမက အသက်အန္တရာယ်တွေပါထိခိုက်လာကြတော့ ရတနာတွေဖွက်ဖို့ နည်းလမ်းရှာကြရင်း မန္တန်တွေနဲ့စည်းတားဖို့ စဉ်းစားမိခဲ့ကြတယ် ပြောရရင် ကျိန်စာလိုပေါ့ဗျာ ဒီလို စည်းတားနည်းတွေထဲမှာ နတ်ဆိုးနဲ့တားနည်းကတော့ အပြင်းထန်ဆုံးပေါ့ နတ်ဆိုးလိုချင်တဲ့ ယဇ်ပူဇော်ပွဲလုပ်ပေးမှ ရတနာတွေ ပြန်ရတော့ လောလောဆယ် သူခိုးလက်ကလွတ်ရင် ရပြီဆိုပြီး လွန်လွန်ကြူးကြူးနည်းတွေ သုံးမိကြရင်း နတ်ဆိုးတစ်ပါးပိတ်မိသွားခဲ့တယ် ။ မျက်မှောက်ခေတ်... လင်မယား၂ယောက်က အိမ်ကြီးတစ်လုံးမှာ ၂ယောက်တည်းနေကြတယ် မိန်းမဖြစ်သူက ညတိုင်း အိပ်မက်တစ်ခုတည်းကို မက်လာခဲ့တယ် ရွှေပုံပေါ်မှာ ထိုင်နေတဲ့မိန်းမတစ်ယောက်က ရွှေတွေနဲ့ ဆော့ကစားနေပြီး သူ့ကိုကြောက်မက်ဖွယ်မျက်နှာနဲ့ လှည့်လှည့်ကြည့်တာမျိုးပေါ့ ညတိုင်းအိပ်ရေးပျက်လာတော့ ဘုန်းကြီးပင့်လည်း ဘုန်းကြီးပါပြေးရတဲ့အထိဖြစ်လာခဲ့တယ်။ ရှီဗာကတော့ သရဲဆိုတာတွေ အယုံအကြည်မရှိသူ ဒါပေမဲ့ မရှိကြောင်း သက်သေပြဖို့လည်း ကြမ်းပေ့ဆိုတဲ့နေရာတွေသွားသွားပြီး သရဲရှာတတ်သူ သူနဲ့ ဒီလင်မယား၂ယောက် ဆုံတွေ့ဖို့အကြောင်းဖန်လာတော့ ဘာတွေဆက်ဖြစ်သွားမလဲ သရဲမရှိဘူးဆိုတဲ့ ရှီဗာတစ်ယောက် ဘယ်လိုတွေ အလူးအလဲခံရမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦး ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld782 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld782/282

(၂၀၂၆)ရဲ့ ဝင်ငွေအကောင်းဆုံး အအောင်မြင်ဆုံး ဟော်ရာရုံတင်ကားသစ်ကြီး ーーーーーーーーーーーーーーーーーーー အဆုံးမရှိတဲ့ အဝါရောင်အခန်းတွေနဲ့ မှိတ်တ
(၂၀၂၆)ရဲ့ ဝင်ငွေအကောင်းဆုံး အအောင်မြင်ဆုံး ဟော်ရာရုံတင်ကားသစ်ကြီး ーーーーーーーーーーーーーーーーーーー အဆုံးမရှိတဲ့ အဝါရောင်အခန်းတွေနဲ့ မှိတ်တုတ်မှိတ်တုတ် မီးရောင်တွေ၊ တိတ်ဆိတ်မှုအောက်မှာ ဖုံးကွယ်နေတဲ့ ကြောက်မက်ဖွယ်အရာတွေကို အခြေခံထားတဲ့ ဇာတ်ကားကြီးပါ။ ပရိဘောဂအရောင်းဆိုင်ရဲ့ မြေအောက်ခန်းမှာ ထူးဆန်းတဲ့ တံခါးတစ်ချပ် ပေါ်လာပြီး၊ အဲဒီတံခါးကို ဖြတ်ဝင်လိုက်သူဟာ အဆုံးမရှိတဲ့ အခန်းလမ်းကြောင်းတွေထဲမှာ ပိတ်မိသွားပါတယ်။ ပျောက်ဆုံးသွားတဲ့ လူနာကို ကယ်တင်ဖို့ စိတ်ကုဆရာဝန် က အဲဒီနေရာထဲ ဝင်ရောက်ရှာဖွေရာကနေ လက်တွေ့ဘဝနဲ့ မတူတဲ့ အန္တရာယ်တွေ၊ မသိနိုင်တဲ့ သတ္တဝါတွေနဲ့ ရင်ဆိုင်ရပြီး လွတ်မြောက်နိုင်မလားဆိုတာကို စိတ်လှုပ်ရှားဖွယ် တင်ဆက်ထားပါတယ်။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld6543 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld6543/270

Repost from N/a
✅T_r_a_i_n t*o B_u-s-a-n 2

" ဘူဆန်သွားတဲ့ ရထား - ၂ " ====================== ဒီရုပ်ရှင်မှာတော့ ကိုရီးယားကို နိုင်ငံအားလုံးက ပိတ်ဆို့ထားခဲ့တာ ၄ နှစ်ကြာခဲ့
" ဘူဆန်သွားတဲ့ ရထား - ၂ " ====================== ဒီရုပ်ရှင်မှာတော့ ကိုရီးယားကို နိုင်ငံအားလုံးက ပိတ်ဆို့ထားခဲ့တာ ၄ နှစ်ကြာခဲ့ပါပြီ အထဲမှာ အသက်ရှင်ရက် ကျန်ခဲ့သူတွေက လွတ်မြောက်ဖို့ ကြိုးစားနေသလို လောဘသားတွေကလည်း ပိုင်ရှင်မဲ့နေတဲ့ ငွေတွေ ရတနာတွေကို ယူဖို့ ခိုးဝင်နေကြပါတယ် ကိုရီးယားနိုင်ငံတစ်ခုတည်း ကမ္ဘာပျက်ပြီးနောက်ပိုင်း အခြေအနေကို ပြသလို ပြထားပြီး အရင်ရုပ်ရှင်လိုပဲ စွန့်စားခန်းတွေ ဖွင့်တာကို တွေ့ရမှာပါပဲ အရင်က ပထမပိုင်းအနေနဲ့ထွက်ရှိထားပြီး လင့်ကိုတော့ အောက်မှာထည့်သွင်းဖော်ပြပေးထားပါတယ် ဒီကားကတော့ အပိုင်း ၂ အနေနဲ့ထွက်ရှိလာတာမို့ အားလုံးပဲခံစားကြည့်ရှုပေးကြပါဦး

Repost from N/a
An.. tim: The Fi.. nal Tr.. uth [20.. 21]

An.. tim: The Fi.. nal Tr.. uth [20.. 21] လယ်သမားတစ်ဦးရဲ့ ချစ်ခြင်းမေတ္တာ၊ ဘဝအဓိပ္ပာယ်နဲ့ ရှင်သန်ရပ်တည်ခြင်းက သူ့ရဲ့ လယ်မြေလေ
An.. tim: The Fi.. nal Tr.. uth [20.. 21] လယ်သမားတစ်ဦးရဲ့ ချစ်ခြင်းမေတ္တာ၊ ဘဝအဓိပ္ပာယ်နဲ့ ရှင်သန်ရပ်တည်ခြင်းက သူ့ရဲ့ လယ်မြေလေးတစ်ကွက်ရယ်ပါ။ ခြေမအထိ စီးကျနေတဲ့ ချွေးကို သုတ်ဖို့မအား၊ မြေကြီးထဲကပြူထွက်လာတဲ့ ကောက်ပဲသီးနှံလေးတွေက သူ့ခွန်အားပါ။ ဒါပေမယ့် သူဆုံးရှုံးလိုက်ရတဲ့ သူ့လယ်မြေပေါ်မှာပဲ အလုပ်ပြန်လုပ်ရတဲ့ သူ့ခံစားချက်ကို ကျွန်တော်တို့ ကိုယ်စား ဝင်ခံစားကြည့်ရအောင်လား။ ပုလ္လင်ပေါ်က မဆင်းခဲ့တဲ့ နပန်းချန်ပီယံကြီး၊ သမီးမိုက်တစ်ယောက်နဲ့ သား မလိမ္မာတစ်ယောက်ကို အရင်းတည်ပြီး အရင်းရှင်တစ်ယောက် ‌ခြေအောက်မှာ ပြားပြားဝပ်ခဲ့ရ။ ဘဝက ထိချက်နာလိုက်ပုံများ။ လူငယ်ပီပီ ခံစားချက်အတိုင်း လိုက်လုပ်တတ်တဲ့ လူငယ်လေးတစ်ယောက်။ သူ့အဖေ နပန်းသမား ဘဝဆုံးနေသူကြီးနဲ့ မိသားစုကိုကယ်တင်ဖို့၊ သူသိပ်ချစ်တဲ့ သူ့လယ်မြေကို ပြန်ယူဖို့ လက်သီးတစ်လုံး အရင်းပြုပြီး လူမိုက်လောကထဲ ဝင်လာခဲ့တယ်။ သူ့မျက်စိရှေ့က အရင်းရှင် အမြတ်ကြီးစား ခေါင်း ပုံဖြတ်သူများကို ခါးခါးသီးသီး ဆန့်ကျင်တိုက်ခိုက်လာခဲ့ရင်း လူမိုက်လောကမှာ တစ်နေရာရလာတော့ အကွက်တွေရွှေ့ ငွေပုံပေါ်မှာ ဘဝမေ့လာပြီ။ ရုတ်တရက်နိုးအထ မှန်ကိုကြည့်လိုက်မှ သူမုန်းခဲ့တဲ့ အရင်းရှင်ဘဝ သူကိုယ်တိုင်ရနေမှန်းသိလို့ အမှားကို အမှန်ပြင် နောင်တကို နောင်မှမတရအောင် ပြန်အ ဖက်ဆည်နိုင်မလား။ နှလုံးသားလှုပ်အနှိုးမှာ ရုတ်တရက်လန့်နိုးရတဲ့ အ ချစ်တွေကို သိမ်းပိုက်သွားတဲ့ ကောင်မလေးကိုလည်း အမုန်းတရားပွားအောင် မရည်ရွယ်ဘဲမှားခဲ့တာတွေ ပြန်ပြင်နိုင်မလား။ သူ့ဖခင်ရဲ့ ရန်ကြွေးကိုလည်း ကျေနပ်တဲ့အထိ ပြန်ဆပ်နိုင်ပါ့မလား။ လားပေါင်းများစွာပေါ့ဗျာ။ အိန္ဒိယနိုင်ငံရဲ့လတ် တလောကြေးမုံပြင်ကို မြင်အောင်ပြတဲ့ ဇာတ်ကားလေး မလို့ လက်လွတ်မခံသင့်ပါဘူး။

💛💛💛💛မောနီးဗျာ💛💛💛💛 Maaran 2022 ============ အခုလောလောလတ်လတ်ကမှထွက်ရှိလာတဲ့ အိန္ဒိယတောင်ပိုင်းအက်ရှင်ကားတစ်ကားကို CM ကန
💛💛💛💛မောနီးဗျာ💛💛💛💛 Maaran 2022 ============ အခုလောလောလတ်လတ်ကမှထွက်ရှိလာတဲ့ အိန္ဒိယတောင်ပိုင်းအက်ရှင်ကားတစ်ကားကို CM ကနေအမြန်ဆုံးကြိုးစားပြီးတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဥ်း – ဆက်သီမိုသီဟာရိုးသားတဲ့မှုခင်းဂျာနယ်သမား တစ်ယောက်ဖြစ်ပြီး အမှန်တရားကိုဖော်ထုတ်မိတဲ့ အတွက်လုပ်ကြံခံခဲ့ရပါတယ်။ သူလုပ်ကြံခံရတဲ့ အချိန်မှာပဲ သူ့မိန်းမကလည်းဆေးရုံမှာသူ့သမီးလေးကို မီးဖွားရင်းကွယ်လွန်သွားခဲ့ပြန်ပါတယ်။ ဒီလိုနဲ့ ဆက်သီမိုသီရဲ့သားအကြီးလေးဖြစ်တဲ့မတ်သီမာရန်ကပဲ သူ့ညီမလေးကိုအုပ်ထိန်းပျိုးထောင်ဖို့ဖြစ်လာပါတော့တယ်။ အဲဒီနောက်မှာတော့ သူကိုယ်တိုင်လည်းဂျာနယ်သမားတစ်ယောက်ဖြစ်လာခဲ့ပြီး သူ့အဖေလိုပဲ အန္တရာယ်တွေကြားကအမှန်တရားတွေကိုဖော်ထုတ်ဖို့ကြိုးစားတဲ့အခါမှာတော့…။ နှစ်နာရီကျော်လောက်နစ်မြောသွားစေမယ့် Action/drama ကားမျိုးဖြစ်တဲ့အပြင် IMDb ရိတ်တင်ကောင်းကောင်းရရှိထားတာကြောင့် သာမန်ကာလျှံကာမဟုတ်တာတော့ကျိန်းသေပါပဲ။ ယနေ့ခေတ် သတင်းမီဒီယာလောကကို သရော်ထားတဲ့အပြင် ဇာတ်ညွှန်းကောင်းကောင်းနဲ့ သေသပ်တဲ့ရိုက်ချက်တွေကြောင့် သိပ်မကြာခင်မှာ လူပြောများလာမယ့်ဇာတ်ကားမျိုးဖြစ်လာနိုင်ပါတယ်။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld782 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld782/277

Repost from N/a

ဒုစရိုက်ဂိုဏ်းကလွတ်မြောက်ဖို့ကြိုးစားရင်း လုပ်ကြံမှုတွေနဲ့ပါရင်ဆိုင်လာရသောအခါ ကိုရီးယား Ga*ng တစ်ခုအပေါ်အမှီပြုပြီးဇာတ်အိမ်ဖွ
ဒုစရိုက်ဂိုဏ်းကလွတ်မြောက်ဖို့ကြိုးစားရင်း လုပ်ကြံမှုတွေနဲ့ပါရင်ဆိုင်လာရသောအခါ ကိုရီးယား Ga*ng တစ်ခုအပေါ်အမှီပြုပြီးဇာတ်အိမ်ဖွဲ့ထားတာဖြစ်ပါတယ်။ အခက်အခဲတွေအများကြီးကြားထဲကနေ နောက်ဆုံးလူမိုက်ဂိုဏ်းတွေရဲ့ထုံးစံအတိုင်း ဂိုဏ်းကြီးမားတာနဲ့အမျှ တရားဝင်စီးပွားရေးလုပ်ငန်းလုပ်ဖို့ တာဆူလာကြတာပါပဲ။ ဒီလိုနဲ့စီမံကိန်းအကောင်အထည်ဖော်ဖို့ရန်အတွက် သေချာစီစဉ်အကွက်ချလုပ်ခဲ့ကြပေမယ့် ကံတရားကတော့မျက်နှာသာမပေးဘဲ လွဲချော်မှုတစ်ခုဖြစ်သွားခဲ့ပါတယ်။ ကိုယ်မွေးတဲ့မျောက်ကကိုယ့်ပြန်ခြောက်တဲ့အခါမှာတော့ အားလုံးခဲလေသမျှသဲရေကျဖြစ်သွားရတော့တာပါပဲ။ ဒီလိုနဲ့ ဒုစရိုက်ဂိုဏ်းနဲ့ပတ်သက်ဆက်စပ်မိပြီးနောက် ပြန်လည်ရုန်းထွက်နိုင်ပါ့မလား။ ဘယ်လိုကြောင့်ဒီလိုဖြစ်သွားရတာလဲ။ ကိုယ်ချစ်တဲ့တဲသူနဲ့အတူနေနိုင်ဖို့လူတိုင်းကြိုးစားကြပေမယ့် နှစ်ဖက်ပြိုင်ဆွဲကြတဲ့အခါ ဘယ်လိုဖြစ်ကုန်ကြမလဲ ဆိုတာတော့ ကိုရီးယားလူမိုက်ဂိုဏ်းအချင်းချင်းကြားကပက်ပက်စက်စက် တိုက်ခိုက်မှုအလန်းစားတွေနဲ့အတူ ကြည့်လိုက်ကြပါဦးဗျာ။

Race Gurram (2014) ဇာတ်လမ်းအညွှန်း ဒီဇာတ်ကားဟာ စရိုက်ချင်း လုံးဝဆန့်ကျင်ဘက်ဖြစ်တဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့ အားပြိုင်မှုကို အခြေခ
Race Gurram (2014) ဇာတ်လမ်းအညွှန်း ဒီဇာတ်ကားဟာ စရိုက်ချင်း လုံးဝဆန့်ကျင်ဘက်ဖြစ်တဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့ အားပြိုင်မှုကို အခြေခံထားတဲ့ အက်ရှင်ဟာသကားကောင်း တစ်ကားပါ။ အစ်ကိုဖြစ်သူ Ram က ဥပဒေနဲ့အညီ နေထိုင်တဲ့ စည်းကမ်းကြီးရဲအရာရှိဖြစ်ပြီး၊ ညီဖြစ်သူ Lucky (Allu Arjun) ကတော့ ဘဝကို ပေါ့ပေါ့ပါးပါးနဲ့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ ဖြတ်သန်းချင်သူပါ။ သူတို့နှစ်ယောက်ဟာ တွေ့တိုင်း ရန်ဖြစ်နေကြပေမဲ့ မိသားစုသံယောဇဉ်ကတော့ အရင်းခံမှာ ရှိနေကြပါတယ်။ ဇာတ်လမ်းရဲ့ အချိုးအကွေ့ကတော့ အာဏာမက်ပြီး ရက်စက်တဲ့ နိုင်ငံရေးသမားလူမိုက် Shiva Reddy နဲ့ သူတို့ညီအစ်ကို ထိပ်တိုက်တွေ့ရာကနေ စတင်ခဲ့ပါတယ်။ အစ်ကိုဖြစ်သူရဲ့ တရားဥပဒေစိုးမိုးရေး လုပ်ဆောင်ချက်တွေကြောင့် မိသားစုတစ်ခုလုံး ဘေးဒုက္ခရောက်နိုင်တဲ့ အခြေအနေမျိုး ကြုံလာရတဲ့အခါမှာတော့ အပျော်အပါးမက်တဲ့ Lucky တစ်ယောက် သူ့အစ်ကိုနဲ့ မိသားစုအတွက် "ပြိုင်မြင်း" တစ်ကောင်လို ဘယ်လိုမျိုး ရှေ့ထွက်ကာကွယ်မလဲဆိုတာ ရင်ခုန်စရာ ရိုက်ကူးထားပါတယ်။ လူမိုက်ကို အားနဲ့မတိုက်ဘဲ ဉာဏ်နဲ့ ဘယ်လိုပညာပေးမလဲဆိုတာကို ဟာသနှောပြီး ရိုက်ကူးထားတာကြောင့် ကြည့်နေရင်း လုံးဝပျင်းရိရမှာမဟုတ်ပါဘူး။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld782 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld782/274

Repost from N/a
ဂိုးလ်ဒန်ခါမူရ် - အာဘာရှီရီ အကျဉ်းထောင် အလုအယက်တိုက်ပွဲ [၂၀၂၆] ရုံတင်ကားသစ်

ဂိုးလ်ဒန်ခါမူရ် - အာဘာရှီရီ အကျဉ်းထောင် အလုအယက်တိုက်ပွဲ [၂၀၂၆] ရုံတင်ကားသစ် Golden Kamuy -The Abashiri Prison Raid (2026) ဒီက
ဂိုးလ်ဒန်ခါမူရ် - အာဘာရှီရီ အကျဉ်းထောင် အလုအယက်တိုက်ပွဲ [၂၀၂၆] ရုံတင်ကားသစ် Golden Kamuy -The Abashiri Prison Raid (2026) ဒီကားက ၂၀၂၄ တုန်းက ထွက်ခဲ့တဲ့ Golden Kamuy Live-action ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲတွေရဲ့ အဆက်၊ တတိယမြောက် Live-action ဇာတ်ကားကြီးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ++++++++++++++ ဒီကားမှာတော့ အိုင်နူ (Ainu) လူမျိုးတွေရဲ့ ရွှေတွေအကြောင်းကို သိထားတဲ့ တစ်ဦးတည်းသောလူ Noppera-bo ရှိနေတဲ့ Abashiri အကျဉ်းထောင်ကြီးဆီကို အဓိကဇာတ်ကောင် ဆူဂီမိုတို (Sugimoto) နဲ့ အာရှိရ်ပါ (Asirpa) တို့ ရောက်သွားကြတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ ဒီအကျဉ်းထောင်ကြီးက သာမန်ထောင်မဟုတ်ဘဲ အလွန်အန္တရာယ်များတဲ့ ရာဇဝတ်ကောင် ၇၀၀ လောက်ကို လုံခြုံရေးအထပ်ထပ်နဲ့ ဖမ်းဆီးထားတဲ့ နေရာကြီးတစ်ခုပါ။ ရွှေကိုလိုချင်နေကြတဲ့ အုပ်စု ၃ စုဖြစ်တဲ့ ဆူဂီမိုတိုတို့အဖွဲ့၊ ဗိုလ်ကြီး ဆူရူမီ (Tsurumi) ဦးဆောင်တဲ့ တပ်မ (၇) နဲ့ ဟီဂျီကာတာ (Hijikata) ရဲ့အဖွဲ့တို့ဟာ ဒီအကျဉ်းထောင်ကြီးထဲမှာ ထိပ်တိုက်တွေ့ကြပြီး အကြိတ်အနယ် တိုက်ခိုက်ကြမယ့် အပိုင်းဖြစ်ပါတယ်။ အာရှိရ်ပါ ရဲ့ အဖေအကြောင်း ဖုံးကွယ်ထားတဲ့ အမှန်တရားတွေကရော ဘာတွေဖြစ်မလဲဆိုတာကိုပါ စိတ်ဝင်စားစရာ ကြည့်ရမှာပါ။ ရှေ့ကားတွေလိုပဲ နှင်းတောထဲက အက်ရှင်အခန်းတွေ၊ ရှင်သန်ရေးအတွက် ရုန်းကန်ရတာတွေက ပိုပြီးကြမ်းလာ၊ ပိုပြီးမိုက်လာပါတယ်။ အကျဉ်းထောင်ဖောက်တဲ့ အခန်းတွေက တော်တော်လေး ရင်ခုန်စရာကောင်းပါတယ်။ Sugimoto အဖြစ် Kento Yamazaki နဲ့ Asirpa အဖြစ် Anna Yamada တို့က ဆက်လက်ပါဝင်ထားပြီး သူတို့နှစ်ယောက်လည်း ရှေ့ကားတွေထက် အတွဲအဖက် ပိုမိလာပါတယ်။ တခြား ဇာတ်ပို့ဇာတ်ရံတွေကလည်း မန်ဂါ (Manga) ထဲကအတိုင်း အသက်ဝင်အောင် သရုပ်ဆောင်ထားကြပါတယ်။ Golden Kamuy ပရိသတ်တွေအနေနဲ့ လုံးဝလက်မလွှတ်သင့်တဲ့ အက်ရှင်ကားကောင်း တစ်ကားပါပဲ။

Repost from N/a
ကိုရီးယား နဲ့ ဂျပန်ပူးပေါင်းရိုက်ကူးထားတဲ့ သရဲအပနှင် ရုံတင်ဇာတ်ကားသစ် 😀➡️➡️➡️➡️➡️➡️➡️➡️➡️➡️➡️ ⚠️ Copyright DisclaimerNo copyright infringement intended. I do not own any of the videos or music. Use only for the entertainment purpose only under the principle of Fair Use. All rights reserved goes to its rightful owner