en
Feedback
BAM Channel

BAM Channel

Open in Telegram

တိုက်ခိုက်ရေးအားကစားများသတင်းများ တင်ဆက်ပါသည်။

Show more
4 713
Subscribers
-724 hours
-567 days
-26830 days
Posts Archive
နက်ဖြန် Argentina vs. Cape Verde ပွဲ လွှင့်ပေးရမလား? (ဒါက မြန်မာအချိန်ပါ။ ထိုင်းမှာတော့ မနက်ပိုင်း ၅ နာရီစမှာပါ)။ Yes, - Like
နက်ဖြန် Argentina vs. Cape Verde ပွဲ လွှင့်ပေးရမလား? (ဒါက မြန်မာအချိန်ပါ။ ထိုင်းမှာတော့ မနက်ပိုင်း ၅ နာရီစမှာပါ)။ Yes, - Like 👍 No - Dislike 👎

ငြင်းနေကြတဲ့ Conor နဲ့ Crawford 😂😂 Conor က MMA တစ်ပွဲ Boxing တစ်ပွဲ သူနဲ့ထိုးဖို့ Crawford ကို ၂ ပွဲစာ ကမ်းလှမ်းခဲ့ပေမယ့် C
+1
ငြင်းနေကြတဲ့ Conor နဲ့ Crawford 😂😂 Conor က MMA တစ်ပွဲ Boxing တစ်ပွဲ သူနဲ့ထိုးဖို့ Crawford ကို ၂ ပွဲစာ ကမ်းလှမ်းခဲ့ပေမယ့် Crawford က ငြင်းခဲ့တယ်လို့ ပြောခဲ့ပါတယ်။ သိပ်မကြာဘူး၊ တစ်နေ့ကပဲ Crawford က Conor ပြောတာမှားကြောင်း နှင့် သူ့ကို ဘယ်တုန်းကမှ အဲလိုတရားဝင်ကမ်းလှမ်းတာမရှိကြောင်း ပြောခဲ့ပါတယ်။ ဒါပေမယ့် Conor ရဲ့အဆိုက အနည်းငယ်ပိုပြီး ယုံကြည်ဖို့ကောင်းသလိုပဲ။ ဘာလို့ဆိုတော့ Crawford ကိုယ်တိုင်က အခြား Interview တစ်ခုမှာ သူ့ကိုအဲလိုမျိုးကမ်းလှမ်းမှုရှိပေမယ့် "ခြေထောက်အကန်မခံချင်လို့" ငြင်းခဲ့တယ်ုလိ့ ပြောခဲ့တာပါ။ အခု‌တော့ Crawford က အနားယူသွားပါပြီ။ Conor ကတော့ မကြာခင်ထိုးတော့မှာပါ....

၁၂ ရက်မှာလာတော့မယ့် UFC 329 မှာ ကစားမယ့် Ethyn Ewing ကတော့ ဒဏ်ရာကြောင့်ပွဲကနေ နှုတ်ထွက်လိုက်ပါပြီ (သူကိုယ်တိုင် ထုတ်ပြောလာတာပ
၁၂ ရက်မှာလာတော့မယ့် UFC 329 မှာ ကစားမယ့် Ethyn Ewing ကတော့ ဒဏ်ရာကြောင့်ပွဲကနေ နှုတ်ထွက်လိုက်ပါပြီ (သူကိုယ်တိုင် ထုတ်ပြောလာတာပါ)။ UFC ဘက်က တရားဝင်မကြေငြာတာ မတွေ့ရသေးပါဘူး။ Prelims ရဲ့ ၃ ပွဲမြောက်မှာထိုးဖို့ဖြစ်ခဲ့တာပါ။ ဝိတ်တန်းကကတော့ ၁၃၅ ဖြစ်ပါတယ်။ ပြိုင်ဘက်က ရှုံးပွဲမရှိ Afghanistan ဖွား England သား Farid Basharat ဖြစ်ပါတယ်။ ၁၅ ပွဲထိုးပြီး အားလုံးနိုင်ထားတာပါ။ ပွဲနေ့ရောက်ဖို့ ၉ ရက်ပဲ ကျန်တာမို့ လူစားထိုးဖို့ရှာမလား၊ ပွဲကိုပဲ ဖြုတ်မလား မသိရသေးပါ။

Mike Musumeci vs. Bryce Mitchell တို့ Grappling (BJJ အပြည့်မဟုတ်) ကစားကြတော့မှာပါ။ Bryce က "Mikey ရဲ့ ကစားပုံက "အခြောက်" ဆန်လ
+1
Mike Musumeci vs. Bryce Mitchell တို့ Grappling (BJJ အပြည့်မဟုတ်) ကစားကြတော့မှာပါ။ Bryce က "Mikey ရဲ့ ကစားပုံက "အခြောက်" ဆန်လွန်းတယ်၊ ငါက အခြောက်နဲ့ပါတ်သက်တာလုံးဝမလုပ်ဘူး။🤣 အဲတော့ Grappling ဆိုရင် ငါက သူ့ကိုအနိုင်ရနိုင်တဲ့တစ်ဦးတည်းသောကစားသမားပဲ" ဆိုပြီး စိန်ခေါ်ထားတာပါ။ အဲဒါနဲ့ Mikey ကလည်း "မင်းက အခြောက်ဆန်တယ်လို့ပြောတဲ့ ခြေချုပ်ကွက်နဲ့ ကြမ်းပြင်ကိုဖင်ပွတ်သွားတာကို ငါမလုပ်ဘူး။ အဲတော့ Grappling ူသီးသန့်ပဲ ငါတို့ကစားမယ်" ဆိုပြီး လက်ခံလိုက်တာပါ။ Bryce Mitchell ကလည်း Mikey ရဲ့ လက်ခံမှုကိုလေးစားကြောင်း ပြန်ပြောခဲ့ပါတယ်။ ဘယ်နေ့ ဘယ်မှာဖြစ်မလဲတော့ မသိရသေးပါဘူး။ *တကယ်တော့ အားလုံးသိတဲ့အတိုင်း Mikey Musumeci က BJJ သမားပါ။ ခြေချုပ်၊ ကြမ်းပြင်မှာဖင်ပွတ်သွားတာအကုန်လုပ်လို့ရပါတယ်။ ဒါပေမယ့် Bryce က အဲတာတွေကို အခြောက်ဆန်တယ် ပြောလို့၊ အခုတော့ BJJ အစစ်မဟုတ်ဘဲ Grappling သာသာပဲ ကစားကြမယ်ထင်ပါတယ်*

Alex Pareira ခံရတဲ့ ထိုးချက်တွေထဲမှာ တရားမဝင်တာ တစ်ခုမှ မပါပါဘူး တဲ့... ဒိုင်လူကြီး John Macarthy
+1
Alex Pareira ခံရတဲ့ ထိုးချက်တွေထဲမှာ တရားမဝင်တာ တစ်ခုမှ မပါပါဘူး တဲ့... ဒိုင်လူကြီး John Macarthy

England vs. Congo ကြည့်နေကြလား? ကောင်းလိုက်တာကွာ 😅😅

Kai Kara France လည်း ပြန်လေ့ကျင့်နေပါပြီ။ UFC 317 (June 29, 2025) မှာ Pantoja ကို တတိယချီမှာ ချုပ်ကွက်နဲ့ရှုံးကတည်းက ပျောက်သွ
Kai Kara France လည်း ပြန်လေ့ကျင့်နေပါပြီ။ UFC 317 (June 29, 2025) မှာ Pantoja ကို တတိယချီမှာ ချုပ်ကွက်နဲ့ရှုံးကတည်းက ပျောက်သွားတာပါ။ အဲတုန်းကတော့အဆင့် ၄ မှာရှိနေခဲ့တာ၊ အခုတော့ အဆင့် ၁၅ မှာကို မပါတော့ပါဘူး။ ဒီတစ်ယောက်ကလည်း အတော်လေး ပွဲနည်းနဲ့သူပါ။ လွန်ခဲ့တဲ့ ၃ နှစ်မှာ ၃ ပွဲပဲထိုးခဲ့ပါတယ်။ ဒီနှစ်လည်း ကံကောင်းရင် ၁ ပွဲလောက်ပဲထိုးနိုင်မှာပါ။

ထိုင်းမှာ Boxing ပွဲ လာထိုးမယ့် Tyson Fury... WBC Heavyweight Boxing Champion ဟောင်း Tyson Fury ကတော့ ထိုင်းနိုင်ငံ (Pattaya)
ထိုင်းမှာ Boxing ပွဲ လာထိုးမယ့် Tyson Fury... WBC Heavyweight Boxing Champion ဟောင်း Tyson Fury ကတော့ ထိုင်းနိုင်ငံ (Pattaya) မှာ Charity Boxing ပွဲ လာထိုးမယ်လို့ သိရပါတယ်။ Max Muay Thai Stadium မှာ ထိုးမှာပါ။ ပွဲကနေရတဲ့အကျိုးအမြတ်အားလုံးကို Pattaya ဝန်းကျင်က အိမ်ယာမဲ့တွေအတွက် လှူသွားမယ်လို့ သိရပါတယ်။ ပြိုင်ဘက်ကတော့ အနားယူပြီးဖြစ်တဲ့ အသက် ၄၆ နှစ်အရွယ်၊ ပိုလန်နိုင်ငံသား Mariusz Wach ဖြစ်ပါတယ်။ ၁၂ ချီ ထိုးကြမှာပါ။

ကယ်... ONE ကိုယ်တိုင်က ဒီလိုတွေတင်လာတယ်ဆိုတော့ မကျေပွဲက ပိုသေချာသွားပြီ ပြောရမယ်။
ကယ်... ONE ကိုယ်တိုင်က ဒီလိုတွေတင်လာတယ်ဆိုတော့ မကျေပွဲက ပိုသေချာသွားပြီ ပြောရမယ်။

လက်ရှိ UFC welterweight (170) တန်းမှာ အကောင်းဆုံးပွဲဆိုရင် ဒီပွဲပဲဖြစ်မယ်ထင်တယ်။ Islam အတွက် အတော်လေးကြီးမားတဲ့ စိန်ခေါ်မှုပါ
လက်ရှိ UFC welterweight (170) တန်းမှာ အကောင်းဆုံးပွဲဆိုရင် ဒီပွဲပဲဖြစ်မယ်ထင်တယ်။ Islam အတွက် အတော်လေးကြီးမားတဲ့ စိန်ခေါ်မှုပါပဲ။ Ian G‌arry က Carlos Prates, Belal Muhammad, Michael venom Page တို့ကို အနိုင်ထားတဲ့သူပါ။ အသက်က ၂၈, ၆ ပေ ၃ လက်မရှိတယ်။ ခါးပါတ်အပြောင်းအလဲတောင် ရှိနိုင်တဲ့ပွဲပါ။ Garry က သူ့နောက်ဆုံး ၃ ပွဲမှာ ၂ ပွဲက ၅ ချီပွဲဖြစ်ပြီး၊ ၅ ချီစလုံးရောက်ခဲ့ပါတယ်။ အဲတော့ သက်လုံတော့ ကောင်းတယ်လို့ပြောရမယ်။ Islam ဆိုတာကလည်း မပိုင်ရင်မကိုင်တဲ့သူမျိုးပါ။ အရာရာအတွက် ပြင်ဆင်လာမှာပါ။ Striking vs. Grappling ပွဲမျိုးပဲ ဖြစ်ဦးမှာပါပဲ။

ဘာပါလိမ့်...
ဘာပါလိမ့်...

Asadula Imangazaliev vs. Aslamjon Ortikov မကျေပွဲ ချက်ချင်းတည်မယ်ုလို့ Chatri ပြောလာပါတယ်။ "ကျတော့်အမြင်တော့ Asadula က ကပ်သီလ
Asadula Imangazaliev vs. Aslamjon Ortikov မကျေပွဲ ချက်ချင်းတည်မယ်ုလို့ Chatri ပြောလာပါတယ်။ "ကျတော့်အမြင်တော့ Asadula က ကပ်သီလေးနိုင်တယ်လို့ မြင်ပါတယ်၊ ကမ္ဘာ့အမြင့်ဆုံး တိုက်ခိုက်ရေးပါပဲ" ဆိုပြီး ပြောခဲ့ပါတယ်။ Asadula က Rodtang နဲ့ ထိုးချင်ပေမယ့် လောလောဆယ်တော့ မကျေပွဲထိုးရဦးမယ်။ ပြီးတော့ Rodtang နှင့် ONE ရဲ့ တရားရေးကိစ္စလည်း အခုထိသွားနေတုန်းဖြစ်ပါတယ်။ အဲတော့ Rodtang နဲ့ထိုးဖို့တော့ မဖြစ်နိုင်သေးဘူး လို့ ယူဆလို့ရပါတယ်။ ဒီ မကျေပွဲက ဘယ်တော့ဖြစ်မလဲတော့ မသိရသေးပါဘူး။ ဒီနှစ်အတွင်းတော့ဖြစ်မယ်လို့ ယူဆရပါတယ်။

Oiiiii!!! Boxing ရဲ့ GOAT တစ်ယောက်ဖြစ်တဲ့ Olexandr Usyk က Jon Jones နဲ့ Boxing ထိုးဖို့ စိတ်ဝင်စားနေပါတယ် တဲ့ဗျာ်။ MMA ကစားသမ
Oiiiii!!! Boxing ရဲ့ GOAT တစ်ယောက်ဖြစ်တဲ့ Olexandr Usyk က Jon Jones နဲ့ Boxing ထိုးဖို့ စိတ်ဝင်စားနေပါတယ် တဲ့ဗျာ်။ MMA ကစားသမားတွေက Boxing ပြောင်းထိုးတာတော့ အထူးအဆန်းတော့ မဟုတ်တော့ပါဘူး။ Cono McGregor, Francis Ngannou, Nate Diaz, Mike Perry, Anderson Silva စတဲ့ နာမည်ကြီးတွေက ထိုးကြပါတယ်။ (ပြီးတော့ ငွေကလည်း MMA ထက် ၁၀ ဆ ဝန်းကျင်တွေရနေကြတာကို...) Jon Jones ကလည်း $30-50 Million ဆိုရင် ငြင်းမယ်မထင်ဘူး။ Usyk ကတော့ $50-100 Million ဝန်းကျင် ရနေတာ အတော်လေးကြာပါပြီ။ မကြာခင်တော့ အကြောင်းစုံသိရမယ်ထင်ပါတယ်။

July 10 ONE Friday Fights 161 မှာပါမယ့်တွဲဆိုင်းတွေဖြစ်ပါတယ်။ လက်ရှိ ONE Flyweight Champion, Imangazaliev ကိုတောင် အကြိမ်ကြိမ
July 10 ONE Friday Fights 161 မှာပါမယ့်တွဲဆိုင်းတွေဖြစ်ပါတယ်။ လက်ရှိ ONE Flyweight Champion, Imangazaliev ကိုတောင် အကြိမ်ကြိမ် စိန်ခေါ်ထားတဲ့... ပြီးတော့ Thant Zin ရဲ့ ပြိုင်ဘက်ဟောင်းလည်းဖြစ်တဲ့ Jaradchai ရဲ့ ခေါင်ပွဲလည်း ပါပါတယ်။ ဒီပွဲမှာသာထပ်နိုင်ခဲ့ရင် Jaradchai ကတော့ Asadula ကို ထပ် စိန်ခေါ်ဦးမယ်ထင်ပါတယ်။ 😅

July 10 ရက် ONE Inner Circle ပွဲမှာတော့ Philippines သား Joshua Pacio ရဲ့ ခါးပါတ်ကာကွယ်ပွဲပါပါတယ်။ ဖိလိပိုင် MMA Legend ဖြစ်တဲ
July 10 ရက် ONE Inner Circle ပွဲမှာတော့ Philippines သား Joshua Pacio ရဲ့ ခါးပါတ်ကာကွယ်ပွဲပါပါတယ်။ ဖိလိပိုင် MMA Legend ဖြစ်တဲ့ Eduard Folayang ပွဲလည်းပါပါတယ်။ ပြီးတော့ Saw Min Min ကို အမှောက်သိပ်သွားတဲ့ တက်လူငယ်လေး Detchawalit နဲ့ Tun Min Aung ကိုအလဲထိုးသွားတဲ့ Elies Abdelali ပွဲတွေပါပါတယ်။

UFC မှာ Van ကိုအနိုင်ရတဲ့ တစ်ဦးတည်းသောကစားသမားဖြစ်တဲ့ Charles Johnson ကတော့ MMA သမိုင်းမှာ အထူးဆန်းဆုံး ချုပ်ကွက်တွေထဲကတစ်ခုဖ
UFC မှာ Van ကိုအနိုင်ရတဲ့ တစ်ဦးတည်းသောကစားသမားဖြစ်တဲ့ Charles Johnson ကတော့ MMA သမိုင်းမှာ အထူးဆန်းဆုံး ချုပ်ကွက်တွေထဲကတစ်ခုဖြစ်တဲ့ Suloev Stretch နဲ့ ရှုံးခဲ့တာပါ။ အစကတော့ လက်ရှိချန်ပီယံကို အနိုင်ရတဲ့တစ်ဦးတည်းသောကစားသမားအဖြစ်နာမည်ရခဲ့တာပါ။ အခု‌တော့ MMA သမိုင်းမှာ အထူးဆန်းဆုံးချုပ်ကွက်တစ်ခုဖြစ်တဲ့ Suloev Stretch နဲ့ ရှုံးလို့ တစ်ဖန်လူပြောများနေတာပါ။ Suloev Stretch ကတော့ Grappling မှာတောင် နာမည်ရှိခဲ့တဲ့ ချုပ်ကွက်မဟုတ်ပါဘူး။ ၂၀၀၂ ခုနှစ်မှာ Armenia ကစားသမား Amar Suloev က ပြိုင်ဘက် Paul Cahoon ကို ချုပ်လိုက်ရာကနေ သူ့နာမည်ကိုအစွဲပြုပြီးပေးလိုက်တဲ့ နာမည်ဖြစ်ပါတယ်။

UFC White House ပွဲကြီးကတော့ MMA သမိုင်းမှာ ကြည့်ရှုသူအများဆုံးပွဲဖြစ်လာပါတယ်။ US နှင့် Latin America နိုင်ငံတွေတည်းမှာတင် ကြ
UFC White House ပွဲကြီးကတော့ MMA သမိုင်းမှာ ကြည့်ရှုသူအများဆုံးပွဲဖြစ်လာပါတယ်။ US နှင့် Latin America နိုင်ငံတွေတည်းမှာတင် ကြည့်ရှုသူ 17 သန်း နှင့် အခြားနိုင်ငံတွေမှာ နောက်ထပ် 17 သန်းရှိခဲ့ပြီး... စုစုပေါင်း ကြည့်ရှုသူဦးရေ 34 သန်းရှိခဲ့ပါတယ်။ Paramount သမိုင်းမှာတော့ ပြောစရာမလိုအောင်ကို စံချိန်တင်ခဲ့ပါတယ်။ ဒုတိယကတော့ Ronda Rousey vs. Gina Carano ပွဲက 17 သန်းနဲ့ ရပ်တည်နေပါတယ်။

Refael Fiziev vs. Manuel Torres - မိုက်လိုက်တဲ့ Back Kick KO👏 (UFC Baku Main Event)

Asu Almabayev vs. Charles Johnson (UFC Flyweight fight)

Charles Johnson ရဲ့ ပွဲကိုတင်ပေးပါမယ်နော်။