BAM Channel
Open in Telegram
4 719
Subscribers
-1124 hours
-547 days
-27130 days
Posts Archive
4 715
Dustin Poirier ရဲ့ လေဆိပ်ပြဿနာဖြစ်တဲ့နေ့က Father's Day မှာဖြစ်ခဲ့တာကို... လမ်းဘေးရောက်နေတဲ့ သူ့အဖေအကြောင်းကို ခေါင်းထဲကနေကို ထုတ်လို့မရတာ တဲ့။
မွန်းကြပ်ပြီး အရက်သောက်ရင်း အဲလိုတွေဖြစ်ကုန်တာပါပဲ။ လုံးဝနောင်တရပြီး "တစ်သက်လုံး အရက်မသောက်တော့ဘူး" လို့လည်း ဆုံးဖြတ်လိုက်ပါတယ်။
သူမူးနေတုန်း သူ့စိန်ခေါ်မှုကို ရဲတစ်ယောက်ပီပီ အဆိုးတစ်ခုကနေ နှစ်ခုမဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ခဲ့တဲ့ ရဲကိုလည်း သူကိုယ်တိုင်တွေ့ပြီး ရင်ထဲကနေ တောင်းလည်းတောင်းပန်၊ ကျေးဇူးတင်စကားလည်းဆိုချင်ကြောင်း ပြောခဲ့ပါတယ်။ သူ့ကြောင့်သာမဟုတ်ရင် ဒီပြဿနာက အများကြီးပိုဆိုးရွားနိုင်ပါတယ် ဆိုပြီး Diary of a CEO နဲ့ အင်တာဗျူးမှာ Dustin Poirier က ပြောခဲ့တာပါ။
4 715
+1
Justin Gaethje ကို ရှုံးပြီးကတည်းက လူထုကြားထဲ ပထမဆုံး ပြန်မြင်ရတဲ့ Ilia Topuria ရဲ့ပုံပါ။ စပိန်အသင်းကိုအားပေးနေပါတာလို့ သိရပါတယ်။
ဒီည စိန်နဲ့ ပေါ်တူဂီ ပွဲရှိတယ်လေ...
4 715
ကယ်... Zhumagulov ကတော့ UFC ပြန်လာဖို့ ဆန္ဒပြင်းပြနေပါတယ်။ အသက် ၃၇ မှာ ပြန်လာနိုင်ပါ့မလား စဉ်းစားစရာပါ...
သေချာတာကတော့ UFC Flyweight က အရင်ထက်တော်တော်ကြီးကို လူကြိုက်များလာတာပါ။
4 715
Conor ပွဲကိုတော့ စပါယ်ရှယ် Promote လုပ်နေပါတယ်၊ Promo က မိုက်တယ်...
https://youtu.be/9a03Q4PT8s8?si=gPQCkflSZsV5zDzp
4 715
Erdogan ပွဲများလာတော့မလား မသိပါဘူး။ ONE က သူ့ Highlight တွေ ပြန်တင်လာတယ်.... ONE ရဲ့ MMA က အတော်လေးကို ပွဲဝေးနေကြပါတယ်။ လူနည်းတာလည်းပါမယ်ထင်တယ်။ Erdogan ဆိုတာ တကယ်ကမ္ဘာ့ထိပ်တန်းအဆင့် အရည်အချင်းရှိတဲ့သူပါ။ အခုတော့ Heavyweight တန်းတက်သွားပါပြီ။
Malykhin လက်လွှတ်လိုက်တဲ့ ခါးပါတ် ၃ ခုထဲက တစ်ုခခုကိုများ Erdogan ကို လုခိုင်းတော့မလား မသိပါဘူး....
4 715
Stamp က အရင်ပုံစံပြန်ရဖို့ဆိုရင် တစ်နှစ် ၃-၄ ပွဲထိုးဖို့လိုတယ် လို့ ချက်ထရီကပြောပါတယ်။
ဒါကတော့ ပြောစရာမလိုအောင်ကိုမှန်ပါတယ်။ သူ့နောက်ဆုံးပွဲမှာတောင် (သူ့အတွက်ကို အနိုင်ရဖို့ရည်ရွယ်ပြီးတည်ပေးတဲ့ပြိုင်ဘက်တောင်) အငြင်းပွားစရာရလဒ်နဲ့ပဲ အနိုင်ရခဲ့တာပါ။
အဲဒီပွဲမှာလည်း Cynthia Flores သာတာ အားလုံးအသိပါ။ ဒါပေမယ့် ONE ရဲ့ မင်းသမီးဖြစ်တဲ့ Stamp ကိုပဲ အနိုင်ပေးခဲ့ကြပါတယ်။ အဲတော့ သူက အသက်လည်းငယ်သေးတဲ့အတွက် ဒီထက်ပွဲများအောင်ထိုးဖို့လိုတာအမှန်ပါပဲ။
ဒဏ်ရာကနေပြန်လာကတည်းက အရင်ပုံစံအနီးအနားတောင် ပြန်မရောက်နိုင်သေးတာပါ။ ပထမ Kickboxing မှာ Kana ကို အမှတ်ပြတ်နဲ့ရှုံးတယ်။ ဟိုနေ့က Muay Thai မှာ Cynthia Flores ကို Split Decision နဲ့ ရှုံးခဲ့ပါတယ်။
Muay Thai ပြီးရင် MMA ပြန်ထိုးချင်တယ်လို့ ပြောခဲ့ဖူးပါတယ်။ လောလောဆယ်တော့ သက်လုံနှင့်ဆာလောင်မှုကိုပြန်ရဖို့ ပိုလိုအပ်နေတယ်လို့ မြင်မိပါတယ်။
4 715
ဒီ video က မနေ့တစ်နေကလို့ Ilia Topuria ရဲ့ ဆံသဆရာက ပြောပါတယ်။ ဒဏ်ရာက အကုန်ပျောက်ပြီပဲ၊ ဒီနှစ်အတွင်းတောင် ပြန်ထိုးနိုင်တယ်နော် (သူသာ တကယ်ပြန်ထိုးချင်ရင်ပေါ့)
