en
Feedback
K Movies by Vin

K Movies by Vin

Open in Telegram

Show more
The country is not specifiedThe category is not specified

📈 Analytical overview of Telegram channel K Movies by Vin

Channel K Movies by Vin (@kmoviebyvin) is an active participant. Currently, the community unites 67 467 subscribers, ranking in the Other category.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 67 467 subscribers.

According to the latest data from 04 October, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -880 over the last 30 days and by -80 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 6.57%. Within the first 24 hours after publication, content typically collects 2.36% reactions from the total number of subscribers.
  • Post reach: On average, each post receives 4 435 views. Within the first day, a publication typically gains 1 591 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 4.

📝 Description and content policy

Channel description not provided.

Thanks to the high frequency of updates (latest data received on 05 October, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Other category.

67 467
Subscribers
-8024 hours
-4347 days
-88030 days
Posts Archive
Empire of Lust (2015)စ/ဆုံး 🔞18+ အချိုပါဝင်သောကြောင့် မိသားစုနှင့်အတူတူမကြည့်သင့်ပါ ၁၃၉၈ ခုနှစ် ဂျိုဆွန်းခေတ်က နိုင်ငံရေးပဋိ
Empire of Lust (2015)စ/ဆုံး
🔞18+ အချိုပါဝင်သောကြောင့် မိသားစုနှင့်အတူတူမကြည့်သင့်ပါ
၁၃၉၈ ခုနှစ် ဂျိုဆွန်းခေတ်က နိုင်ငံရေးပဋိပက္ခတွေကြားက ချစ်ခြင်းမေတ္တာအကြောင်းရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးထဲမှာတော့ ဂင်မင်ဂျယ်၊ အီဘန်ဝန်၊ ဂျင်နဲ့ ဂါဟီးဆိုတဲ့ အဓိကဇာတ်ကောင်၄ယောက် ပါဝင်ပါတယ်။ ဂင်မင်ဂျယ်က ဂျိုဆွန်းတိုင်းပြည်ကိုကာကွယ်နေတဲ့ ထူးချွန်ထက် မြက်တဲ့ စစ်သူကြီးဖြစ်တဲ့အပြင် ဘုရင့်ရဲ့ယုံကြည်မှုကို ရထားသူလည်းဖြစ်ပါတယ်။ အီဘန်ဝန်ကတော့ ထယ်ဂျိုဘုရင်ရဲ့ ၅ယောက်မြောက်သားတော်ဖြစ်ပြီး ဂျိုဆွန်းတိုင်းပြည်ကို တည်ထောင်ဖို ခမည်းတော်ကိုကူညီပေးခဲ့ပေမဲ့ အိမ်ရှေ့စံအဖြစ် တင်မြှောက်ခြင်းမခံခဲ့ရပါဘူး။ ဒါပေမဲ့လည်း တစ်နေ့မှာ ဘုရင်ဖြစ်လာဖို ကြံစည်နေတဲ့သူလည်း ဖြစ်ပါတယ်။ ဂျင်ကတော့ ဂင်မင်ဂျယ်ရဲ့သားဖြစ်ပြီး ဘုရင့်သမက်တော်လည်းဖြစ်ပါတယ်။ ဘုရင့်သမက်တော်ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံရေးကိစ္စတွေကို ဝင်မပါပဲ ပျော်ရွှင်မှုကိုသာ ရှာဖွေနေတဲ့သူဖြစ်ပါတယ်။ ဂါဟီးကတော့ အပျော်မယ် ဖြစ် ပါတယ်။ နောက်ပိုင်းမှာ တော့ စစ်သူကြီးဂင်မင်ဂျယ်နဲ့ ချစ်ကျွမ်းဝင်ခဲ့ပြီး ကိုယ်လုပ်တော်ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ဂါဟီးက ဂင်မင်ဂျယ်ရဲ့သားဖြစ်တဲ့ ဂျင်နဲ့ဘယ်လိုပတ်သက်နေမလဲ

Love, Again (2019) WEB-DL 1080p

Love, Again (2019) ဟျွန်းအူ နဲ့ ဆွန်းယောင်း တို့ဟာ ကွာရှင်းပြတ်ဆဲပွဲကိုတောင် အကျအနကျင်းပပြီး တရားဝင် လမ်းခွဲခဲ့ကြတဲ့ လင်မယားဟ
+3
Love, Again (2019)
ဟျွန်းအူ နဲ့ ဆွန်းယောင်း တို့ဟာ ကွာရှင်းပြတ်ဆဲပွဲကိုတောင် အကျအနကျင်းပပြီး တရားဝင် လမ်းခွဲခဲ့ကြတဲ့ လင်မယားဟောင်းတွေပါ။ ဟျွန်းအူတစ်ယောက် လူလွတ်ဘဝနဲ့ လွတ်လပ်မှုကို အားရပါးရ ခံစားနေရင်း ..   ဇနီးဟောင်းနဲ့ ပြန်တွေ့ရင် အိမ်ထောင်ရေး အိပ်မက်ဆိုးကြီး ပြန်စမှာစိုးလို့ အတတ်နိုင်ဆုံး ရှောင်ဖယ်နေပေမယ့်... သူ့ဇနီးဟောင်းမှာ ရည်းစားသစ် ရနေပြီဆိုတဲ့ သတင်းက သူ့ကို မနေနိုင်မထိုင်နိုင် ဖြစ်စေခဲ့ပါတယ်။ပိုဆိုးတာက ဇနီးဟောင်းရဲ့ ရည်းစားသစ်ဟာ ဟျွန်းအူ အထက်တန်းကျောင်းကတည်းက အမြဲရှုံးနိမ့်ခဲ့ရတဲ့ ပြိုင်ဘက်ဟောင်းကြီး ဆန်းချော ဖြစ်နေတာပါပဲ။ဆန်းချောက ဟျွန်းအူနဲ့ ဆွန်းယောင်းကို ကွာရှင်းထားတဲ့ လင်မယားတွေဆိုတာ မသိခဲ့ပါဘူး။ ဘယ်လိုပဲ ကွာရှင်းထားပါစေ အရမ်းချစ်ခဲ့ကြတဲ့ ချစ်သူတွေဖြစ်တာကြောင့်တခြားယောကျ်ားလက်ထဲ ရောက်တော့မယ့် ဇနီးဟောင်းကို ဟျွန်းအူတစ်ယောက် ပြန်ပိုင်ဆိုင်ခွင့်ရအောင် ကြိုးစားမှာလား .. ဘယ်လိုတွေ  အလွဲလွဲအချော်ချော်ဖြစ်ဦးမလဲ ..
ဒီကားလေးက Relationship ရှိဖူးသူတိုင်း ကြုံလေ့ရှိတဲ့ ခံစားချက်လေးတွေကို ဟာသအမြင်နဲ့ ရိုက်ပြထားလို့ တကယ့်ကို အပန်းပြေစေတာမို့လို့ ရှုစားလိုက်ပါဦးနော် ..

Ordinary people-The Villagers(2018)

Ordinary people-The Villagers(2018) ကွယ်လွန်သွားပြီဖြစ်တဲ့မင်းသမီးချောလေး Kim Sae-ron နဲ့ ဗလတောင့်တောင့်နဲ့ တိုက်ခိုက်ရေးကျွမ
Ordinary people-The Villagers(2018) ကွယ်လွန်သွားပြီဖြစ်တဲ့မင်းသမီးချောလေး Kim Sae-ron နဲ့ ဗလတောင့်တောင့်နဲ့ တိုက်ခိုက်ရေးကျွမ်းကျင်တဲ့ဇာတ်ကောင်တွေမှာ ပါဝင်လေ့ရှိတဲ့ မင်းသားကြီး Ma Dong-seok တို့ရဲ့ ၂၀၁၈ ခုနှစ်ထွက် ဇာတ်ကားကောင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်။
ဇာတ်လမ်းအညွှန်း လက်ဝှေ့ချန်ပီယံဟောင်းတစ်ဦးဖြစ်တဲ့ ရော့ဂီချော (Ma Dong-seok) ဟာ မဟုတ်မခံ ဖြောင့်မတ်တဲ့ စိတ်ဓာတ်ကြောင့် နည်းပြအဖြစ် လုပ်ကိုင်နေရာကနေ ပြဿနာတွေတက်ပြီး နယ်မြို့လေးဘက်ကို အားကစားဆရာအဖြစ် လုပ်ကိုင်ရန် ပြောင်းရွှေ့လာခဲ့ပါတယ်။ သူလုပ်ကိုင်ဖို့ ဖြစ်လာတဲ့ ကျောင်းမှာ ထူးဆန်းစွာပဲ ပျောက်ဆုံးသွားတဲ့ ဆူယွန်းဆိုတဲ့ ကျောင်းသူလေးတစ်ဦးရှိနေပါတယ်။ အဲဒီကျောင်းသူလေးကို လိုက်ရှာဖို့ အသည်းအသန် ကြိုးစားနေတဲ့ ဂန်ယူဂျင်း (Kim Sae-ron) နဲ့ တွေ့ရှိပြီး နှစ်ယောက်သား ဆူယွန်းကို အတူရှာရာကနေ နောက်ကွယ်မှာ ဘယ်လိုအကြောင်းအရာတွေ ရှိနေသလဲဆိုတာကို ဖော်ထုတ်သွားကြမဲ့ ကားကောင်းလေးဖြစ်တဲ့အပြင် Kim Sae-ron လေးကို အလွမ်းပြေ ပြန်လည်ကြည့်ရှုကြည့်ကြပါဦးနော်။

Voice of a Murderer (2007) စ/ဆုံး

Voice of a Murderer (2007) ဖြစ်ရပ်မှန်ဇာတ်လမ်း 🥺 ကလေးငယ်တွေကို ပြန်ပေးဆွဲတယ်ဆိုတဲ့ ကိစ္စဟာ တကယ်ကို စက်ဆုပ်ရွံရှာစရာလုပ်ရပ်ပါ
Voice of a Murderer (2007)
ဖြစ်ရပ်မှန်ဇာတ်လမ်း 🥺
  ကလေးငယ်တွေကို ပြန်ပေးဆွဲတယ်ဆိုတဲ့ ကိစ္စဟာ တကယ်ကို စက်ဆုပ်ရွံရှာစရာလုပ်ရပ်ပါပဲ။ နိူင်ငံရဲ့ အကောင်း အဆိုးသတင်းတွေကိုနေ့စဉ်တင်ဆက်နေတဲ့ အစီအစဉ် တင်ဆက်သူတစ်ယောက်ဟာ သူ့ရဲ့ သားလေးပြန်ပေးဆွဲခံရတဲ့ သတင်းကိုသူကိုယ်တိုင် ပြန်ပြီးတင်ဆက်နေရလိမ့်မယ်လို့ တွေးခဲ့မိပါ့မလား? ဟန်ယောင်းဘေဟာ ကျော်ကြားတဲ့သတင်းတင်ဆက်သူတစ်ယောက်ပါ။ သူ့မှာ ဇနီးချောချောလေးတစ်ယောက်နဲ့ဟန်ဆန်ဝူးလို့ ခေါ်တဲ့ ဝဝတုတ်တုတ် ချစ်စရာကောင်းတဲ့သားလေးတစ်ယောက်ရှိပြီး စံပြနိူင်ငံသားအဖြစ် ဘဝကိုအေးအေးချမ်းချမ်း ဖြတ်သန်းနေသူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ လောဘသာကောင်း မကောင်းဆိုးဝါးတွေကတော့ လူမရွေးပါဘူး။ ဆန်ဝူးတစ်ယောက် ညနေခင်းတစ်ခုမှာတိုက်အောက်မှာရှိတဲ့ ကစားကွင်းလေးမှာကစားနေရင်း ပျောက်ချင်းမလှပျောက်သွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ပြန်ပေးသမားက ဆက်သွယ်လာပြီး ဒေါ်လာတစ်သိန်းနဲ့အပေးအယူလုပ်ခဲ့ပါတယ်။ ရဲတိုင်ရင်သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပေမယ့်ဆန်ဝူးအမေက တိုင်ချက်ဖွင့်ခဲ့တဲ့အတွက်ပထမဆုံးအပေးအယူမဖြစ်ခဲ့ပါဘူး။ ပြန်ပေးသမားရဲ့ ပညာရှိရှိကလိမ်ကကျစ်ဗျူဟာတွေကြောင့် ရဲတပ်ဖွဲ့ပါအကျပ်ရိုက်ခဲ့ရတာပါ။ ဟန်ယောင်းဘေ ကတော့ သူ့သားလေးကိုပြန်ရဖို့အတွက် အရာရာအားလုံးပေးဖို့အသင့်ဖြစ်နေခဲ့ပေမဲ့ ပြန်ပေးသမားကတော့ ငွေဆက်ညစ်နေဆဲပါပဲ။ သဲလွန်စတောင်ရှာမရတဲ့ တရားခံကိုရဲတပ်ဖွဲ့အနေနဲ့ ဘယ်လိုများကိုင်တွယ်မလဲ။ ရှင်လျက်သေနေရတဲ့ မိဘနှစ်ယောက်ရဲ့ပူဆွေးမှုတွေကလည်း အတိုင်းမသိပါပဲ။ ဒီလို အခက်အခဲတွေနဲ့လေးဆယ့်လေးရက်တာခရီးမှာဆန်ဝူးတစ်ယောက်အိမ်ပြန်လာနိုင်ပါ့မလား။ သူတို့ မိသားစုလေးပြန်ဆုံစည်းနိူင်ပါ့မလား။ ရင်တမမ နဲ့ ကြည့်ရမယ့် ဇာတ်ကားလေးကို ပိုပြီးအသက်ဝင်စေတာကတော့ဒီဇာတ်ကားဟာ ၁၉၉၁ ခုနှစ်က á€–ဟစ်ရပ်မသန်တစ်ခု ရိုက်ကူးပုံဖော်ထားတာကြောင့်ပဲဖြစ်ပါတယ်

Holy Night : Demon Hunter စ/ဆုံး movie ✨

Holy Night : Demon Hunter စ/ဆုံး movie ✨ ဘာအူ, ရှာရွန်နဲ့ ဂင်ဂွန်းဆိုတဲ့သူ ၃ယောက်နဲ့ ဖွဲ့စည်းထားတဲ့ Holy Night အဖွဲ့ဟာ နတ်ဆို
+2
Holy Night : Demon Hunter စ/ဆုံး movie ✨ ဘာအူ, ရှာရွန်နဲ့ ဂင်ဂွန်းဆိုတဲ့သူ ၃ယောက်နဲ့ ဖွဲ့စည်းထားတဲ့ Holy Night အဖွဲ့ဟာ နတ်ဆိုးကိုးကွယ်တဲ့ ဂိုဏ်းတွေကို တိုက်ခိုက်နှိမ်နင်းကြတဲ့ အဖွဲ့ဖြစ်တယ်။ဘာအူရဲ့ ထူးခြားတဲ့ စွမ်းရည်ကတော့ အားကောင်းတဲ့ ကာယခွန်အားပဲဖြစ်ပြီး ရှာရွန်ကတော့ နတ်ဆိုးတွေကို ခွဲခြားသိမြင်ကာ အပနှင်နိုင်စွမ်းရှိပြီး ဂင်ဂွန်းကတော့ ဘာအူနဲ့ ရှာရွန်တို့ကို နောက်ကနေ လိုက်လံကူညီပေးတဲ့သူပေါ့။တစ်နေ့ စိတ်ရောဂါကုဆရာဝန် ဂျောင်ဝန်းဟာ Holy Night အဖွဲ့ဆီ ရောက်လာပြီး သူ့ရဲ့ ညီမဖြစ်သူ အွန်ဆောရဲ့ ခန္ဓာကိုယ်ထဲမှာ နတ်ဆိုးတစ်ကောင်ဝင်ပူး‌နေတဲ့အတွက် ညီမဖြစ်သူကို ကယ်တင်ပေးဖို့ Holy Night အဖွဲ့ကို လာ‌ရောက် အကူအညီ တောင်းခံတဲ့အခါမှာတော့...

The Concubine (2012)

(18+) The Concubine (2012) ငယ်စဉ်က အတူကြီးပြင်းလာခဲ့တဲ့ချစ်သူနဲ့ ကိုယ်ဝန်ရခဲ့သော်လည်း ဖခင်အမတ်ကြီး အသတ်ခံရမှာစိုးတဲ့အတွက် မိဖ
+2
(18+) The Concubine (2012) ငယ်စဉ်က အတူကြီးပြင်းလာခဲ့တဲ့ချစ်သူနဲ့ ကိုယ်ဝန်ရခဲ့သော်လည်း ဖခင်အမတ်ကြီး အသတ်ခံရမှာစိုးတဲ့အတွက် မိဖုရားဖြစ်လာခဲ့သူ ဟွယွန်ဟွယွန်ကို ငယ်စဉ်ကတည်းက စိတ်ဝင်စားသော်လည်း လက်လွတ်ခဲ့ရပြီး ဘုရင်ဖြစ်လာမှ မရမကယူချင်နေတဲ့ ဆောင်ဝမ်အမတ်ကြီးသမီးနဲ့ချစ်မိလို့ ယောက်ကျားစစ်စစ်ဘဝဆုံးရှုံးလိုက်ရပြီး လက်စားချေဖို့အတွက် နန်းတွင်းထဲကို ကုန်းကုန်းအဖြစ် ဝင်ရောက်လာသူ ကွမ်ယိုအာဏာမက်မောလွန်းတဲ့အတွက် လက်ရှိဘုရင်ကိုသတ်ပြီး သားဖြစ်သူ ဆောင်ဝမ်ကို ရုပ်သေးဘုရင်အဖြစ် အသုံချပြီး နန်းတော်ကိုချယ်ခြယ်နေတဲ့ မယ်တော်ကြီး အဲဒီ ဇာတ်ကောင်တွေဦးဆောင်တဲ့ ဒီဇာတ်ကားဟာ အာဏာ၊ တဏှာ၊ အချစ်၊ မိခင်မေတ္တာနဲ့ လက်စားချေမှုတို့ကို ပြသထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ အာဏာဟာ လူတွေကို ဘယ်လောက်စေစားနိုင်လဲ၊ လူတွေကို ဘယ်လိုရူးသွပ်သွားစေနိုင်လဲဆိုတာ တွေ့ရမှာပါ..ဒါ့အပြင် မိန်းမတွေရဲ့စိတ်ဓါတ်ဟာ ဘယ်လိုရှိတယ်ဆိုတာကို ပြသခဲ့ပါတယ်

The King's Warden (2026) WEB-DL 1080p

The King's Warden (2026) စ/ဆုံး
ဂျိုဆွန်းခေတ်ရဲ့ ဝမ်းနည်းကြေကွဲဖွယ်အကောင်းဆုံး သမိုင်းဝင်ဖြစ်ရပ်တစ်ခုဖြစ်တဲ့ အသက်ငယ်ငယ် ဘုရင်လေး ဒန်ဂျုံး နန်းချခံရပြီးနောက် နယ်နှင်ဒဏ်ပေးခံရတဲ့အကြောင်းကို အခြေခံ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ 💔
လက်ရှိ ကြည့်ရှုသူ 16.7 သန်းကျော် ရုံဝင်ထားပြီး ကိုးရီးယားရုပ်ရှင်သမိုင်းကြောင်းတစ်လျှောက်မှာ ရုံဝင်သူအများဆုံး နံပါတ် ၂ နဲ့ ဝင်ငွေအများဆုံး နံပါတ် ၁ အဖြစ် စာရင်းချိတ်ထားတဲ့ ရုံတင် နန်းတွင်းရုပ်ရှင်ကားသစ်ကြီး ထွက်ရှိလာပြီဖြစ်ပါတယ်။
❤️‍🔥
- ဇာတ်လမ်းအကျဉ်း - ယောင်ဝေါဒေသက ဂွမ်ချွန်းတောင်ကြားဆိုတဲ့ တောင်ပေါ်ရွာလေးရဲ့ ရွာသူကြီး အောမ်ဟွန်းဒို (Yoo Hae-Jin) ကတော့ သူ့ရဲ့ ရွာသူရွာသားတွေ စားဝတ်နေရေးပြေလည်စေဖို့အတွက် နယ်နှင်ဒဏ်ပေးခံရတဲ့ မျိုးရိုးမြင့်လူကြီးမင်းတစ်ဦးကို လက်ခံခေါ်ဆောင်လာနိုင်ဖို့ ကြိုးစားနေသူပါ။ တစ်နေ့မှာ ဦးရီးတော် ဆူယန်းမင်းသားကြီးရဲ့ ထီးနန်းလုယူခြင်းကို ခံလိုက်ရတဲ့ ဘုရင်ငယ်လေး အီဟုန်းဝီ (Park Ji-Hoon) က နယ်နှင်ဒဏ်ပေးခံရပြီး ဟွန်းဒိုတို့ရဲ့ ရွာ‌လေးဆီ ရောက်ရှိလာတဲ့အခါမှာတော့... ဘဝကို လက်လျှော့ထားတဲ့ နန်းကျဘုရင်ငယ်လေးနဲ့ သူ့ကို စောင့်ကြပ်ကြည့်ရှုရတဲ့ ကွပ်ကဲရေးမှူးတို့ကြားက နက်ရှိုင်းတဲ့ သံယောဇဉ်နဲ့ သစ္စာတရားတို့ကို ရင်နင့်ဖွယ်ကောင်းအောင် ပုံဖော်ရိုက်ကူးပြထားတာဖြစ်လို့ တစ်ရှူးလေးတော့ ကြိုတင်ဆောင်ပြီးမှ ကြည့်ရှုဖို့ မမေ့ကြပါနဲ့နော်။

photo content
+7

The Exclusive Beat the Devil's Tattoo (2015) WEB-DL 720p

The Exclusive: Beat the Devil's Tattoo (2015) အခုတစ်ခါ တင်ဆက်ပေးချင်တာလေးကတော့ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး အားလုံးနဲ့ ရင်းန
+2
The Exclusive: Beat the Devil's Tattoo (2015) အခုတစ်ခါ တင်ဆက်ပေးချင်တာလေးကတော့ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ မင်းသား Jo Jung Suk နဲ့အတူ မင်းသမီး Lee  Ha Na၊ သရုပ်ဆောင် Kim Dae Myung တို့အပြင် အခြားသရုပ်ဆောင်များစွာ ပါဝင်ထားတဲ့ Thriller, Mystery  ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်း ဇနီးသည်နဲ့ ကွာရှင်းခဲ့ရပြီး အလုပ်ပြုတ်တော့မဲ့ အခြေအနေနဲ့ပါ ရင်ဆိုင်နေရတဲ့ သတင်းထောက် ဟောမူဟျော့ဟာ သတင်းပေးသူတစ်ယောက်ရဲ့ သတင်းပေးမှုကြောင့် မထင်မှတ်ဘဲနဲ့ ကွင်းဆက်လူသတ်မှုကို သတင်းယူဖို့ ဖြစ်လာပါတော့တယ်။ ဒီသတင်းကို သူတို့သတင်းဌာန တစ်ခုတည်းကသာ ပထမဆုံး ထုတ်ပြန်နိုင်ခဲ့ပေမဲ့လည်း တကယ်တမ်းမှာတော့ သူ ရခဲ့တဲ့ အချက်အလက်တွေက မှားယွင်းနေပါတော့တယ်။ အဲဒီလိုနဲ့ မူဟျော့လည်း ကြံရာမရတဲ့မဆုံး သူ့အမှားကို ဖုံးကွယ်ဖို့အတွက် အတုအယောင် ဇာတ်လမ်းကို ဖန်တီးရင်းနဲ့ ကိစ္စတွေက တဖြည်းဖြည်း ကြီးထွားလာတဲ့အခါမှာတော့ …

The Chronicles of Evil [2015]

The Chronicles of Evil [2015] Choi Chang-Sik ဟာ သမ္မတကိုယ်တိုင် ချီးမြှင့်တဲ့ ထူးချွန်ဆုကိုရရှိထားပြီးဌာနမှာ ရာထူးတိုးဖို့ အလ
The Chronicles of Evil [2015] Choi Chang-Sik ဟာ သမ္မတကိုယ်တိုင် ချီးမြှင့်တဲ့ ထူးချွန်ဆုကိုရရှိထားပြီးဌာနမှာ ရာထူးတိုးဖို့ အလားအလာရှိ‌နေသူတစ်ယောက်ပါ။ဆုချီးမြှင့်ခံရသည့်ည ဂုဏ်ပြုညစာစားပွဲမှအပြန်လမ်းမှာကားမောင်းသမားယောင်ဆောင်ထားတဲ့ လုပ်ကြံသူ၏တိုက်ခိုက်မှုကို ခံခဲ့ရပါတယ်။ နှစ်ယောက်သား ရုန်းရင်းဆန်ခတ်နဲ့ တိုက်ခိုက်နေကြရင်းChoi Chang- Sik မှ မတော်တဆ လက်လွန်သွားခဲ့ပါတယ်။ရာထူးတိုးဖို့အကြောင်းရှိနေတာကြောင့် အမှုကို ဖုံးကွယ်ဖို့ကြိုးစားခဲ့ပေမယ့်နောက်နေ့မနက်မှာ တစ်စုံတစ်ယောက်က ဂန်းနမ်ရဲစခန်းရှေ့မှာအလောင်းကို လာချိတ်ထားခဲ့ပါတယ်။ထောင်ချောက်မိသွားမှန်း သိလိုက်ရတဲ့ Choi Chang-Sik တစ်ယောက်မိမိကို ဦးတည်တိုက်ခိုက်ရခြင်းရဲ့ နောက်ကွယ်က အဖြစ်မှန်ကိုတိတ်တဆိတ် စုံစမ်းဖို့ဖြစ်လာခဲ့ပါတယ်။လူသတ်မှုကိုပဲ ဆက်လက်ဖုံးဖိထားနိုင်မလား?????လွန်ခဲ့တဲ့၁၅နှစ်က အဖြစ်မှန်တွေပဲ ပြန်ရှာတွေ့သွားမလားဆိုတာကတော့The Chronicles Of Evil မှာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။ မင်းသားPark Seo Joon ပါဝင်တဲ့အပြင်စုံထောက်အက်ရှင်မင်းသားကြီး Ma Dong Seok ကပါ ပါဝင်အားဖြည့်ထားပြီးRatingကောင်းခဲ့တဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။

Method Acting (2026) WEB-DL 720p

Method Acting (2026) - ဇာတ်လမ်းအကျဉ်း - အီဒုံဟွီ (Lee Dong-Hwi) ကတော့ "အရက်စွဲဂြိုဟ်သား"ဆိုတဲ့ ဟာသဇာတ်ကားနဲ့ နာမည်ကြီးလာတဲ့ မင်းသားတစ်လက်ပါ။အဲဒီနောက်ပိုင်း သူ့ဆီ ရောက်လာသမျှ ဇာတ်ညွှန်းတိုင်းကလည်း ဟာသဇာတ်ရုပ်တွေချည်းပဲ ဖြစ်နေတာကြောင့်ဒုံဟွီက အနုပညာလှုပ်ရှားမှုတွေကို ခေတ္တရပ်နားပြီးတည်ကြည်လေးနက်တဲ့ သရုပ်ဆောင်ချက်တွေကို ပြောင်းလဲပြသနိုင်မဲ့ အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့ပါတယ်။အဲဒီလိုနဲ့ ၂ နှစ်အကြာမှာ ထိပ်တန်းမင်းသား ဂျောင်ထယ်မင်း (Chani) ရဲ့ ကမ်းလှမ်းမှုနဲ့အတူ"မှန်ထဲက ပန်း၊ ရေပြင်ထက်က လမင်း" ဆိုတဲ့ နန်းတွင်းဇာတ်ကားမှာ တိုင်းသူပြည်သားတွေအတွက် အစာငတ်မွတ်ခံတဲ့ ဘုရင်အဖြစ် သရုပ်ဆောင်ဖို့ အခွင့်အရေးရလာပါတော့တယ်။ ဒုံဟွီဟာ Method Acting လို့ ခေါ်တဲ့ ဇာတ်ကောင်ထဲ အပြည့်အဝ လိုက်ပါစီးမျောပြီး သရုပ်ဆောင်တဲ့ နည်းစနစ်နဲ့အတူ သူ့ရဲ့အရည်အချင်းကို သက်သေပြနိုင်ဖို့အတွက် လူသိရှင်ကြား အစာငတ်ခံတာမျိုးတောင် လုပ်ပြခဲ့ပေမဲ့ လက်တွေ့ရိုက်ကူးရေးမှာတော့ ထင်သလို ဖြစ်မလာဘဲ အလွဲအချော်တွေနဲ့ ကြုံတွေ့ရတဲ့အခါ... တကယ်ပဲ အီဒုံဟွီက Method Acting ကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဖော်ပြပြီး ဟာသမင်းသားဆိုတဲ့ ပုံရိပ်ကို ဖျောက်ပစ်နိုင်ပါ့မလားဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာ ဆက်လက် ကြည့်ရှုပေးကြပါနော်။