en
Feedback
Chel’s Corner🌙

Chel’s Corner🌙

Open in Telegram

U..တို့အတွက် နည်းနည်းလေးတောင် အထောက်အကူဖြစ်တယ်ဆိုရင် အဲဒါက ဒီ channel ရဲ့ လေးနက်တဲ့ အဓိပ္ပါယ်ပါပဲရှင်။

Show more
Myanmar24 146The category is not specified
1 439
Subscribers
+5824 hours
+487 days
+7230 days
Posts Archive
လက်ဆောင်လေးတွေ ကံစမ်းဖို့ဆိုရင် ▪️ချယ့်ရဲ့ Tiktok Acc, Facebook Acc & Telegram Channel တို့ကို Follow & Subscribe လုပ်ထားရမယ်။ ▪️ချယ့်ရဲ့ NEXA, LUA & BUA တို့ရဲ့ သက်ဆိုင်ရာ Social Media Acc တွေကိုလဲ Subscribe လုပ်ပေးထားရမယ်။ ▪️ပြောထားတာလေးတွေ အကုန်လုပ်ထားတဲ့ Ss နဲ့တကွ ချယ့်ကို ဘယ်လိုစသိခဲ့လဲဆိုတာ အခု fb acc ရဲ့ post အသစ်လေးမှာ မန့်ပေးရပါမယ်ရှင်။ လက်ဆောင်လေးတွေက ▪️5000ks (6) ဦး ▪️ 10000 ks (2) ဦး ▪️ HSK 1 Student Book (2) ဦး ▪️ NEXA's First Item (1)ဦး ( ကြိုက်တဲ့အရောင်ရွေးခွင့်ရ )

ဟိတ် ချယ် မကြာခင်လက်ဆောင်လေးတွေ ပေးဖို့ ရှိတယ်နော်😒 ဘာလေးတွေ ဖြစ်မလဲလို့ထင်ကြလဲ🤩 တစ်ခုထဲ မဟုတ်ဘူးနော်😌 လက်ဆောင်လေးတွေကို ကံစမ်းချင်ရင် Comment ထဲမှာ Yes လို့ မန့်ခဲ့ပါရှင့်🐰

ကိုယ့်ကိုယ်ကို အသုံးမကျဘူးလို့ ခံစားနေရရင် ဒီ post လေးကို သွားဖတ်ကြည့်နော်👇

Chel ရဲ့ Small Business လေးမလို့ Subscribe လေးလုပ်ပေးထားကြပါဦးရှင့်🎀

Repost from N/a
Cotton crept ချည်သားမို့ အသားလေးအေးပြီးဝတ်ရတာလဲ သက်တောင့်သက်သာရှိ Cutie Pie Top🎀 ဒီနေ့မှာတော့ Cutie Pie Top လေးနဲ့ မိတ်ဆက်ပေ
+3
Cotton crept ချည်သားမို့ အသားလေးအေးပြီးဝတ်ရတာလဲ သက်တောင့်သက်သာရှိ Cutie Pie Top🎀 ဒီနေ့မှာတော့ Cutie Pie Top လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် 🛍️ ရင်က 32-34 ထိရပါတယ်၊အရှည်က 24-25 ပါရှင့် S-m ထိကို free size လုပ်ပေးထားတာပါရှင့်🫶🏽 Cotton crept ချည်သားမို့ အသားလေးအေးပြီးဝတ်ရတာလဲ သက်တောင့်သက်ရှိတဲ့ shoulder off ဒီဇိုင်းလေးပါရှင့် Ygn Mdy Npt ဆို COD ရပါတယ်ရှင်🛍️ Order တင်ရန် Acc👇 @NEXA_Minmin

English ကို Basic ကနေ ပြန်လေ့လာချင်သူ၊ Vocabulary မကြွယ်ဝသေးသူ၊ Verb တွေကို အသုံးပြုပုံနဲ့တကွ လေ့လာချင်သူနဲ့ Daily English Sp
+9
English ကို Basic ကနေ ပြန်လေ့လာချင်သူ၊ Vocabulary မကြွယ်ဝသေးသူ၊ Verb တွေကို အသုံးပြုပုံနဲ့တကွ လေ့လာချင်သူနဲ့ Daily English Speaking တိုးတက်ချင်သူတွေအတွက် English Digital Book လေး ရောက်လာပါပြီ 🤍📚 📖 Chapter 22 ခန်း 🔹 Vocab & Verbs - 5,500+ 🔹 Speaking Contents - 5,500+ 🎁 Bonus - Short Conversations စုစုပေါင်း 11,000+ English Learning Contents ကို Digital Book တစ်အုပ်တည်းနဲ့ လေ့လာနိုင်မှာပါ 🌷 English ကို ကိုယ်တိုင်လေ့လာပြီး နေ့စဉ်ဘဝမှာ တကယ်အသုံးချနိုင်အောင် စတင်ချင်ပြီဆိုရင် ဒီ Digital Book လေးနဲ့ စလိုက်ပါ 🫶🏻 Special Bonus အနေနဲ့ စာအကြောင်းအရာတွေကို ရှင်းပြထားတဲ့ Audio Files လေးပါ ထပ်မံလက်ဆောင်ပေးမှာပါရှင့်✨ 📌 Pre-order ကို လူဦးရေကန့်သတ်ပြီး ရောင်းချမှာမလို့ အခုပဲ စုံစမ်းလိုက်ပါနော်။ 📩 ဝယ်ယူလိုသူများ @LUAFounder မှာ “Digital Book” လို့ ပေးပို့မေးမြန်းနိုင်ပါတယ်ရှင်။

ကိုယ်က 2027 မှာ ပိုကောင်းတဲ့ Version တစ်ခုဖြစ်ဖို့ မဖြစ်မနေ ဒီအချက်တွေကို လိုက်နာပြီး လက်တွေ့လုပ်ဖို့ လိုပါမယ်👇🏼 အစအဆုံးကို အောက်က Link ထဲမှာ ဝင်ဖတ်လို့ရနေပါပြီရှင့်… https://vt.tiktok.com/ZSVu8WNqG/ နောက်ထပ် ဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတွေ sharing လုပ်ပေးဦးမလဲဆိုတာ သိချင်ရင် Acc လေးကို Follow လုပ်ခဲ့ဖို့ မမေ့နဲ့နော်🤎

လာလျှောက်ထားတဲ့သူလေးတွေ အရမ်းများလို့ စာတွေ အကုန်ပြန်ပေးထားမယ် စိတ်ချပါနော် အခုညပိုင်းက ချယ် One On One အတန်းလေး သင်ပေးနေရလို့ မအားသေးလို့ပါနော်🫶

Page Admin ကလွဲရင် တခြား အပိုင်းတွေ လျှောက်လို့ရပါသေးတယ်ရှင့်✨

Volunteer Team Member လေးတွေ ခေါ်ယူနေပါပြီရှင် ✨ ချယ်ဘက်ကနေ Organization အသစ်လေးတစ်ခု ထပ်မံစတင်ဖို့ရှိတာကြောင့် Team ထဲမှာ ပါဝင်ပြီး အတူတူလက်တွဲလုပ်ကိုင်ပေးမယ့် Volunteer လေးတွေကို ခေါ်ယူနေပါပြီရှင် 💗 စိတ်ဝင်စားတဲ့သူတွေအနေနဲ့ အောက်ပါ Position တွေကနေ မိမိနဲ့ကိုက်ညီတဲ့နေရာကို လျှောက်ထားနိုင်ပါတယ်ရှင်👇🏻 Main Teachers & Assistant Teachers ▪️English 🇬🇧 ▪️Japanese 🇯🇵 ▪️Thai 🇹🇭 ▪️Chinese 🇨🇳 ▪️Korean 🇰🇷 ▫️Page Admins ▫️Graphic Designer 🎨 💼 Volunteer Period – 6 Months Volunteer အဖြစ် ၆ လပြည့်မြောက်တဲ့အခါ Certificate (Cf) ရရှိမှာဖြစ်ပြီး ✨ ၆ လပြည့်ပြီးနောက်လည်း Team နဲ့ ဆက်လက်လက်တွဲလုပ်ကိုင်လိုသူတွေအတွက် အပိုဆောင်းအကျိုးခံစားခွင့်များ ရရှိနိုင်မှာဖြစ်ပါတယ်ရှင် 💫 ဒီအတွေ့အကြုံက ကိုယ့်ရဲ့ Teamwork, Communication, Leadership, Teaching & Creative Skills တွေ တိုးတက်လာစေဖို့အတွက်လည်း အခွင့်အရေးကောင်းတစ်ခု ဖြစ်လာမှာပါ။ 🤍 ⚠️ လူအနည်းငယ်သာ ရွေးချယ်ခေါ်ယူသွားမှာဖြစ်လို့ စိတ်ဝင်စားပြီး ပါဝင်ချင်တဲ့သူလေးတွေက အချိန်မဆွဲဘဲ အမြန်ဆုံး လာရောက်လျှောက်ထားပေးဖို့ လိုပါတယ်ရှင် 🫶🏻 “အတူတူလေ့လာ၊ အတူတူတိုးတက်ပြီး အတူတူတည်ဆောက်ကြမယ်” ✨ စိတ်ဝင်စားရင် အခုပဲ ဒီAcc လေးမှာ @myat_chelthu လာရောက်လျှောက်ထားလိုက်ပါရှင် 💌

ချယ် Org လေးတစ်ခုထပ်လုပ်ဖို့ ရှိပါတယ်ရှင် အဲ့ဒီ Volunteer လေးတွေ ခေါ်ယူနေပါတယ်ရှင် အကျိုးခံစားခွင့်လေးတွေလဲ ရမှာမလို့ လျှောက်ချင်တဲ့သူလေးတွေ လာခဲ့လို့ရပါတယ်ရှင့် Main Teachers & Assistant Teachers 🔹English 🔹Japanese 🔹Thai 🔹Chinese 🔹Korean Page Admins Graphic Designer လူအနည်းစုပဲခေါ်မှာမလို့ အမြန်လာလျှောက်ဖို့ လိုပါမယ်ရှင့် Volunteer ကာလက ၆ လပါရှင့် ၆လပြည့်တာနဲ့ Cf ရမှာဖြစ်ပြီးတော့ ဆက်ပြီးလက်ဆွဲမယ်ဆို အကျိုးခံစားခွင့်လေးတွေလဲ ရှိမှာပါရှင်✨

Content တစ်ခုရေးပြီး လူတွေ Like လေးတင်သွားတာနဲ့ မပြီးဘူးဆိုတာ သိလား❓ တချို့ Content တွေက ဖတ်ပြီး ခဏပဲ မှတ်မိတယ်…တချို့ Content တွေကတော့ ဖတ်ပြီး လူတွေကို တစ်ခုခု လုပ်ချင်စိတ် ဖြစ်စေတယ်။ ဘာကြောင့် ဒီလို ကွာခြားမှုတွေ ဖြစ်လာတာလဲ❓ အကြောင်းရင်းက ရိုးရှင်းပါတယ်..စာရေးတတ်ရုံနဲ့ မလုံလောက်ပါဘူး။ Audience တွေဘာတွေထင်နေကြလဲ… ဘာကိုလိုချင်နေကြလဲ…ဘာကြောင့် Action မလုပ်သေးတာလဲ…❓ ဒီလို Psychology တွေကို နားလည်နိုင်မှသာ Content တစ်ခုက “ဖတ်ပြီးမေ့သွားတာ” မဟုတ်ဘဲ “ဖတ်ပြီး လှုပ်ရှားမှု ဖြစ်စေတဲ့ Content” ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် Content Writer ဆိုတာ… စာရေးသူတစ်ယောက်ထက် လူတွေရဲ့စိတ်ကို ဖတ်နိုင်တဲ့ Marketer တစ်ယောက်ဖြစ်ရပါမယ်။ ✨ ကဲ နောက်ထပ်အကြောင်းအရာလေးတွေ သိချင်ရင် React လေးတွေ ပေးခဲ့ဖို့ မမေ့နဲ့နော်🫶

ဘယ်အလုပ်ဖြစ်ဖြစ် မလွယ်ကူတာထက် အရမ်းပင်ပန်းခက်ခဲတာ စိတ်ရောလူရောပေါ့❗️ NEXA အစပြု ဆုံးရှုံးမှုတွေများလိုက်တာဆိုတာ ကိုယ်တိုင် မလုပ်ရင်ဘာမှမပြေ လက်လွှဲထားလို့လုံးဝမရတာ ခုတော့ လစပေးရတာအပြင် ကိုယ်ပစ္စည်းပါဆုံးရှုံးရော🥹 တွေးမိပါရဲ့ ဒီ လုပ်ငန်းနဲ့ ငါနဲ့ မကိုက်ညီတာလားပေါ့ ခုထိ အဖျက်တွေပဲ ဝင်နေတုန်း ဘယ်လောက်ထိများ ဆုံးရှုံးရဦးမလဲ ငိုချင်နေတဲ့အချိန်မှာတောင် တင်းခံထားတဲ့ စိတ်ပဲ ကျေးဇူးတင်နေရ ။ ဆိုတော့ မတတ်နိုင်ဘူးလေ အများကြီးပေးဆပ်ထားမှတော့ ဆက်ကြိုးစားကြည့်ရမှာပါပဲ။ စီးပွားရေးပဲ အရှုံးနဲ့ အမြတ်နှစ်ခုပဲပေါ့ ဘာကိုများ ကြောက်နေရမှာလဲ ။ ဘာပဲဖြစ်ပါစေ သင်ခန်းစာနဲ့ အတွေ့အကြုံတွေရတာပေါ့✨

အလုပ်လေးလာလျှောက်လို့ရပါပြီရှင့်✨ 🔹အစမ်းခန့် ၂ လရှိမယ်နော်ရှင့်။ 🔹အစမ်းခန့် ၂ လအတွင်းမှာ မနက်သွား ညနေပြန်အရင် လုပ်ရပါမယ်ရှင်။ 🔹လစာက အစမ်းခန့်အတွင်းလဲ ရမှာပါရှင်။ 🔹ကြိုးစားပြီး ရိုးသားရပါမယ်နော်။ 🔹ကိုယ့်အလုပ်လို တန်ဖိုးထားနိုင်ရမယ်ရှင်။ 🔹Mdy မှာပါရှင့်။ 🔹အရင် Online က မေးပြီး အပြင်မှာလဲ လူတွေ့ interview လေးလဲ ရှိမယ်နော်။ အသေးစိတ်စုံစမ်းရန်👇

ကလေးတချို့ကမေးတယ်...မမချယ် အလုပ်လုပ်ရတာ မပင်ပန်းဘူးလားတဲ့ တစ်ခါတလေ လက်လျှော့ချင်စိတ်ရောမပေါက်ဘူးလား စိတ်ဓာတ်ကျတာလားမတွေ့ဘူး အမြဲ တစ်ခုပြီးတစ်ခုလုပ်နေတာတဲ့နော်...စသဖြင့်ပေါ့✨ ပိုက်ဆံရသည်ဖြစ်စေ မရသည်ဖြစ်စေ စိတ်ဒါမှမဟုတ် လူပင်ပန်းရတာချည်းပဲလေ ဘယ်အလုပ်ဖြစ်ဖြစ် မပင်ပန်းတာရှိပါ့မလဲ ပိုက်ဆံရတဲ့အလုပ်ဆို ပိုဆိုးတာပေါ့ ... စိတ်ဓာတ်လား...မမက လူငယ်ပဲလေ ကျတတ်တာပေါ့ လက်လျှော့ချင်စိတ်ရော ရှိခဲ့ဖူးပါတယ် သေလောက်အောင်ဘာမှ မလုပ်ချင်ခဲ့တဲ့နေ့တွေရော သိပ်ရှိတာပေါ့.. ဒါပေမယ့် ကိုယ်က တစ်ယောက်တည်းရပ်တည်ရတဲ့သူ၊ ကြိုးစားနေရတဲ့လူငယ်တစ်ယောက်၊ အမျိုးသမီးတစ်ယောက် ဆိုတော့ ယောက်ျားတွေနဲ့ ရင်ဘောင်တန်းပြီး ဒီလိုခေတ်ပျက်လောကအလယ်မှာ ရပ်တည်ချင်တယ်၊ လူတစ်ယောက်အသက်ရှင်သန်ဖို့က ပိုက်ဆံကလဲ သိပ်အရေးကြီးတယ်မလား

https://t.me/+3h_lhhybnUsyMzdl Hello ချယ့် Dm မှာ အကြံဉာဏ်လေးတွေ လာတောင်းကြတယ်ပေါ့နော် ​ချယ်ကတော့ ချယ်သိသလောက်အကုန်ပြန်ပြောပြပါတယ်ရှင် ဘာကိစ္စပဲဖြစ်ဖြစ်ပေါ့ ငါတောင် အပင်ပန်းခံပြီးလေ့လာထားတာ ငါဘာလို့ပြောပြရမှာလဲ ဆိုတဲ့စိတ် လုံးဝမထားခဲ့ဖူးပါရှင်💐 ဆိုတော့ အခုက ချယ် Dm က စာလေးတွေ သိပ်မပြန်နိုင်တာရော အဝင်များတော့ စာမတွေ့မိလိုက်တာလေးတွေရောကြောင့် အကုန်လုံးအတွက် ချယ် မေတ္တာဖြင့် Group လေးတစ်ခု လုပ်ပေးထားပါတယ်ရှင့် အဲ့ဒီ Group ထဲမှာ ဘာပဲဖြစ်ဖြစ်မေးမြန်းလိုါရပြီး အကြံဉာဏ်လေးတွေ တောင်းလို့ရပါတယ်ရှင့်✨ ဆိုတော့ စည်းကမ်းလိုက်နာနိုင်ပြီး သင့်သင့်မြတ်မြတ်နေ​နိုင်ရင် Group ကို Join ပြီး ဝင်ခဲ့ပါရှင့်🫶

တစ်ခါတလေ တွေးမိတယ်…စေတနာမထားဘဲ၊ မေတ္တာမထားဘဲ ကိုယ့်ကိုယ်ကိုပဲ ဦးစားပေးပြီး နေလိုက်ရင် ပိုလွယ်မလားလို့လေ... လူတွေကို စိတ်ထားကောင်းကောင်း စေတနာသန့်သန့်နဲ့ ဆက်ဆံခဲ့တာတွေ နောက်ဆုံးမှာ နာကျင်မှုဖြစ်လာတဲ့အခါ “နည်းနည်းလောက် မထိခိုက်ဘဲ နေနိုင်ရင်ကောင်းမယ်” လို့ တွေးမိတာ မဆန်းပါဘူး။ ဒါပေမယ့် စေတနာမထားဘဲ နေနိုင်တယ်ဆိုတာ တကယ်တမ်းက ကိုယ့်ကိုယ်ကို ပြောင်းလဲရတာပါ။ ကိုယ့်ရဲ့ နူးညံ့မှု၊ ကိုယ့်ရဲ့ မေတ္တာ၊ ကိုယ့်ရဲ့ စိတ်ကောင်းတစ်ခုလုံးကို ဖျောက်ပစ်ရတာပါ။ တကယ် ကိုယ့်ကို ပြန်မေးကြည့်တဲ့အခါ…နာကျင်လို့ ပြောင်းချင်တာလား ဒါမှမဟုတ် ကိုယ့်ကိုယ်ကို မကျေနပ်တော့လို့လား❓ တချို့အရာတွေက…မေတ္တာနဲ့ နာကျင်မှု တစ်ခါတည်းပါတတ်တယ်။ ဒါပေမယ့် အဲ့ဒါကြောင့်နဲ့ ကိုယ့်ရဲ့ စိတ်ကောင်းကို ပျောက်အောင် မဖျောက်သင့်ဘူးမလား။ အမှန်တကယ်က လူတွေကို မေတ္တာမထားဘဲ နေရတာ မဟုတ်ဘူး​၊ မထိုက်တန်တဲ့သူတွေကို မလိုအပ်တဲ့အခါ မေတ္တာ မပေးသင့်တော့တာပါ❗️ ကိုယ်ကောင်းနေတယ်ဆိုတာ ကိုယ်နာကျင်ရမယ်ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ဘူးလေ။ နာကျင်ရတယ်ဆိုကတည်းက ကိုယ့်စေတနာကို စော်ကားလိုက်တဲ့သူနဲ့ သံယောဇဥ်တွယ်နေလို့ ဖြစ်နိုင်တယ်မလား။ အဲ့နာကျင်မှုမှာ စိတ်ပျက်မှုလေးပါ ကပ်ပါလာရော ဘာလို့ဆို...ကိုယ့်ကို ကွယ်ရာမှာ မကောင်းပြောတာ ပြန်ကြားရတဲ့အခါပေါ့...🍃 အဲ့အခါ စိတ်ပျက်မှုနဲ့အတူ နာကျင်မှုပါ အတူပါသွားပြီး သူကို သူနဲ့ ထိုက်တန်တဲ့ အရာနဲ့ပဲ ထားပေးလိုက်ချင်တော့တာမျိုး။ ကိုယ်ကတော့ မပြောင်းလဲဘဲ ​ကိုယ့်ဖြစ်တည်မှုအတိုင်းလေးပဲ ဆက်ရှိသွားပြီး လုပ်သမျှအရာတိုင်းမှာ စိတ်ကောင်းထားပြီး စေတနာသန့်သန့်နဲ့ပဲ ဆက်လုပ်သွားပါမယ်ရှင်။ အားလုံးလဲ ဒီ Content လေးကနေ Feeling တစ်ခုခုတော့ ပြန်ရမယ်လို့ ထင်ပါတယ်နော်🤍 Gn ပါရှင့်...sweet dreams ပါနော်💞

အစတွေကို မမေ့ရဘူး​ပြောလို့ အားတိုင်းအစသွားကြည့်🤩 ပထမဆုံးအကြိမ် လက်ကလိထားခြင်း🌟 ချုပ်ရုံသွားတာတွေ တခြားအစ သွားဝယ်တာတွေ မရိုက်ထားလိုက်ရတော့ ရှိတာကလိထားတာ🥺

ဒီနေ့မှာတော့ ကျွန်မ မျှဝေချင်နေတဲ့ အရေးကြီးသတင်းလေးတစ်ခုရှိပါတယ်ရှင် ❤️ ကျွန်မအနေနဲ့ မကြာသေးခင်ကနေ စပြီး ကိုယ်တိုင် စိတ်ပါဝင်စားပြီး တန်ဖိုးထားတဲ့ Small Business လေးတစ်ခုကို စတင်အကောင်ထည်ဖော်ထားပါတယ်ရှင်။ အဲ့ဒီ Business လေးကတော့ Local Brand လေးပဲဖြစ်ပါတယ်ရှင်၊လောလောဆယ်မှာတော့ Clothing ပိုင်းကို အရင်ဦးတည်ထားပါတယ်ရှင်။ နာမည်လေးကတော့ NEXA (နက်ခ်ဆာ/ Nek-sa) လို့ခေါ်ပါတယ်ရှင် ✨ သေးသေးလေးဖြစ်ပေမယ့် ကိုယ့်စိတ်အား၊ အချိန်နဲ့ အာရုံစိုက်မှုတွေကို အပြည့်အဝ ထည့်သွင်းပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားတည်ဆောက်ထားတာလေးပါ။ ပြီးတော့… NEXA ရဲ့ First Item ကိုလည်း မကြာခင် Launch လုပ်သွားမှာပါ 🔥 တကယ်ကို စိတ်လှုပ်ရှားနေပြီး ဒီ journey လေးကို မျှဝေချင်လို့ ဒီမှာကြေညာလိုက်တာပါရှင် 🤍 နောက်ထပ် update တွေကိုလည်း ဆက်လက် မျှဝေသွားမယ်နော်၊ Support လေးတွေ ရှိပေးကြမယ်လို့ မျှော်လင့်ပါတယ်ရှင် 🫶 Tg Channel Link✨ https://t.me/NEXAOfficial1 Tiktok Acc Link✨ https://www.tiktok.com/@nexaoffcial?_r=1&_t=ZS-9771dfe12Uj Facebook Page Link✨ https://www.facebook.com/profile.php?id=61590621074729&mibextid=ZbWKwL လက်ဆောင်ပေးမယ့် အစီအစဥ်လေးတွေရော ပါတာမလို့ Follow လုပ်ထားဖို့မမေ့နဲ့နော် သဲလေးတို့❤️ #NEXA #MySmallBusiness #ComingSoon

Post လေးတွေ မတင်ဖြစ်တာ ကြာပြီနော် 🤩 DM မှာ လာမေးတဲ့ စာလေးတွေတောင် Rp နောက်ကျနေတာ ဘာလို့လဲဆိုရင် ဒီရက်ပိုင်းမှာ အလုပ်လေးတွေ ပိနေလို့ပါရှင်❤ ချယ့်ရဲ့ နောက်ထပ် လမ်းကြောင်းတစ်ခုဖြစ်တဲ့ Small Business လေးကိုပါ အစပျိုးနေဆဲကာလမို့ ပိုပြီး အလုပ်ရှုပ်နေလို့ပါရှင် 😇 တစ်ဆက်တည်း ပြောပြချင်တာကတော့ ကိုယ်လုပ်ချင်တဲ့ အရာတစ်ခုရှိရင် ရဲရဲကြီး လုပ်လိုက်ပါ။ သူတစ်ပါးကို မထိခိုက်ရင် ချသာချ ရှင်🥰 အရေးကြီးဆုံးက First Step ပါပဲ။ ပထမဆုံး ခြေလှမ်းကိုသာ လှမ်းနိုင်ပြီဆိုရင် အဲ့ဒီလမ်းကြောင်းမှာ အောင်မြင်ဖို့ 100% ထဲက 70% လောက်တော့ သေချာသွားပြီလို့ ပြောလို့ရပါတယ်ရှင့်🤩 ဒါကြောင့် တစ်ခုခုလုပ်ချင်ရင် “အောင်မြင်ပါ့မလား” “ဖြစ်ပါ့မလား” “ငါလုပ်နိုင်ပါ့မလား” ဆိုပြီး မတွေးနေပါနဲ့။ အောင်မြင်ရင် အကျိုးကျေးဇူးတွေ ရမယ်၊ ကျရှုံးရင်လည်း အတွေ့အကြုံတွေ ရလိမ့်မယ်ရှင်💗 အဲ့ဒီအတွေ့အကြုံတွေကနေ သင်ခန်းစာယူပြီး ပိုကြိုးစားနိုင်မယ်၊ အခက်အခဲတွေကိုလည်း ရင်ဆိုင်ဖြေရှင်းရင်း ပိုတော်တဲ့သူတစ်ယောက် ဖြစ်လာမှာပါရှင်❤️ ဒါကြောင့် အကုန်လုံး ဖိုက်တင်းပါရှင့်🌸 အခက်အခဲတွေကို တိုက်ထုတ်ပြီး အောင်မြင်မှုတွေဆီ အရောက်သွားကြရအောင်ရလားရှင်💖