en
Feedback
Speaker ငဘ

Speaker ငဘ

Open in Telegram

တိကျ မြန်ဆန် သတင်းမှန်ဆီသို့

Show more
The country is not specifiedThe category is not specified
3 292
Subscribers
-724 hours
-807 days
-25130 days
Posts Archive
4926 Operation 3rd Day!! ရှေ့တန်းကစားသမားဆီ ဘောလုံးကို မျှောထိုးသလိုပဲ
ပြေးတဲ့နေရာလူအရောက် drop bomb အကျနဲ့ ကွက်တိ
သွေးချောင်းကို စီးလို့။ မီဒီညာတွေ ဘယ်လိုအူပြီး မျေက်ပြ ဆန်တောင်းမလဲ ကြည့်လိုက်ဦးမယ်။ 📣📣ငဘ

အမေရိကန်လေယာဉ်တင်သင်္ဘော ထိုင်းမှ ပြန်လည်ထွက်ခွာ အမေရိကန်ရေတပ်သား ထောင်ပေါင်းများစွာပါဝင်သော လေယာဉ်တင်သင်္ဘောကြီးသည် တနင်္ဂနွ
အမေရိကန်လေယာဉ်တင်သင်္ဘော ထိုင်းမှ ပြန်လည်ထွက်ခွာ အမေရိကန်ရေတပ်သား ထောင်ပေါင်းများစွာပါဝင်သော လေယာဉ်တင်သင်္ဘောကြီးသည် တနင်္ဂနွေနေ့တွင် ထိုင်းနိုင်ငံမှ ပြန်လည်ထွက်ခွာသွားပြီဖြစ်ကြောင်း အေအက်ဖ်ပီသတင်းထောက်များက ပြောကြားခဲ့သည်။ ပင်လယ်ပြင်တွင် ကိုးလကြာ တာဝန်ထမ်းဆောင်ခဲ့ရသည့် လေယာဉ်တင်သင်္ဘောပေါ်တွင် လူနေမှုအခြေအနေများ ယိုယွင်းလာသည်ဆိုသော သတင်းများထွက်ပေါ်လာပြီးနောက် ဆိပ်ကမ်းကပ်ခဲ့သော ၎င်း၏ခရီးစဉ်ကို အဆုံးသတ်ခဲ့သည်။

ဂရိလေကြောင်းပြပွဲအတွင်း ဂျက်လေယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လေယာဉ်မှူးနှစ်ဦး သေဆုံး ဂရိနိုင်ငံ အေသင်မြိုမြောက်ဘက်တွင် စက်တင်ဘာ ၅ ရက
ဂရိလေကြောင်းပြပွဲအတွင်း ဂျက်လေယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လေယာဉ်မှူးနှစ်ဦး သေဆုံး ဂရိနိုင်ငံ အေသင်မြိုမြောက်ဘက်တွင် စက်တင်ဘာ ၅ ရက်က ပြုလုပ်ခဲ့သည့် နှစ်စဉ်လေကြောင်းပြပွဲအတွင်း ဂရိလေတပ်မှ ဂျက်လေယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လေယာဉ်မှူးနှစ်ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ထုတ်ပြန်ခဲ့သည်။ လေကြောင်းပြပွဲ၌ လူထောင်နှင့်ချီ လာရောက်ကြည့်ရှုနေကြချိန် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လူနှစ်ဦး စီးနင်းနိုင်သည့် Phantom F4 ဂျက်လေယာဉ်သည် မြေပြင်နှင့်အနိမ့်ပျံသန်းစဉ် ပျက်ကျခဲ့ခြင်းဖြစ်သည်။ ပျက်ကျပြီးနောက် မီးလောင်ခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်၏ စစ်ဆင်ရေးအရှိန် တိုးမြှင့် ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့မှစ၍ မြန်မာ့တပ်မတော်သည် ရခိုင်ပြည်နယ်
ရခိုင်ပြည်နယ်အတွင်း တပ်မတော်၏ စစ်ဆင်ရေးအရှိန် တိုးမြှင့် ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့မှစ၍ မြန်မာ့တပ်မတော်သည် ရခိုင်ပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ မြို့နယ်များတွင် လေကြောင်း၊ ရေကြောင်းနှင့် မြေပြင်စစ်ဆင်ရေးများကို တစ်ပြိုင်နက်တည်း အရှိန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ စစ်ဆင်ရေးအတွင်း AA အဖွဲ့များ ခိုအောင်းရာနေရာများသို့ လေကြောင်းမှ ဆက်တိုက်တိုက်ခိုက်ခြင်း၊ စစ်ရေယာဉ်များဖြင့် လက်နက်ကြီး ပစ်ခတ်ခြင်းတို့ကို ပြုလုပ်လျက်ရှိသည်။ သီးခြားဒေသတစ်ခုတည်း၌ မဟုတ်ဘဲ ပြည်နယ်တစ်ဝှမ်းလုံးတွင် အဟုန်မြှင့် ပြုလုပ်လာသည့် အဆိုပါ စစ်ရေးလှုပ်ရှားမှုများကြောင့် ရှေ့လာမည့်ရက်များတွင် ရခိုင်စစ်မြေပြင်၏ အခြေအနေ အပြောင်းအလဲများ ပေါ်ပေါက်လာနိုင်ကြောင်း စောင့်ကြည့်လေ့လာသူများက သုံးသပ်နေကြသည်။

ပုဏ္ဏားကျွန်းက 4926 Operation အကျိုးအမြတ် 💚💚👏👏 📣📣ငဘ
ပုဏ္ဏားကျွန်းက 4926 Operation အကျိုးအမြတ် 💚💚👏👏 📣📣ငဘ

အာဆီယံနိုင်ငံများအတွင်း လေးနိုင်ငံမြောက် ခရီးစဉ်အဖြစ် ကမ္ဘောဒီးယားနိုင်ငံသို မကြာခင်ကာလအတွင်း သွားရောက်ရန်ရှိပြီး မိမိတိုသည်
အာဆီယံနိုင်ငံများအတွင်း လေးနိုင်ငံမြောက် ခရီးစဉ်အဖြစ် ကမ္ဘောဒီးယားနိုင်ငံသို မကြာခင်ကာလအတွင်း သွားရောက်ရန်ရှိပြီး မိမိတိုသည် အာဆီယံအဖွဲအတွင်း၌ ထိတွေ့ဆက်ဆံမှုများ တဖြည်းဖြည်း တိုးမြှင့်လာခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြောကြား အာဆီယံနိုင်ငံများအတွင်း လေးနိုင်ငံမြောက် ခရီးစဉ်အဖြစ် ကမ္ဘောဒီးယားနိုင်ငံသို မကြာခင်ကာလအတွင်း သွားရောက်ရန်ရှိပြီး မိမိတိုသည် အာဆီယံအဖွဲအတွင်း၌ ထိတွေ့ဆက်ဆံမှုများ တဖြည်းဖြည်း တိုးမြှင့်လာခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုး က ပြောကြားသည်။

လနှင့်ချီပိတ်ထားသည့် မန္တလေး -မြစ်ကြီးနား ကသာလမ်းပိုင်းကို ပြန်ဖွင့် လနှင့်ချီပိတ်ထားသည့် မန္တလေး -မြစ်ကြီးနား ကသာလမ်းပိုင်းက
လနှင့်ချီပိတ်ထားသည့် မန္တလေး -မြစ်ကြီးနား ကသာလမ်းပိုင်းကို ပြန်ဖွင့် လနှင့်ချီပိတ်ထားသည့် မန္တလေး -မြစ်ကြီးနား ကသာလမ်းပိုင်းကို အောက်တိုဘာ၅ ရက်နေ့က ပြန်ဖွင့်ခဲ့ကြောင်း သတင်းရရှိသည်။ ယင်းလမ်းပိုင်းတွင် အင်းတော်မြိုနယ်အတွင်းပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မော်လူးမြို တပ်စခန်းအား လက်နက်ကိုင်အဖွဲများက အတက်အဆင်းကားများကို မဖြတ်စေဘဲ ကွင်းလမ်းများက သွားစေရန်လနှင့်ချီပိတ်ထားခဲ့ခြင်းဖြစ်သည်။

ချင်းလူမျိုးတွေလည်း ရခိုင်ဒေသက အကြမ်းဖက် အေအေတွေနဲ့ပေါင်းရင်း ပရုတ်လုံးလို လုံးပါး ပါးလာပြီ တဖြည်းဖြည်းနဲ့ လူမျိုးရေးတွေ ပါလာ
ချင်းလူမျိုးတွေလည်း ရခိုင်ဒေသက အကြမ်းဖက် အေအေတွေနဲ့ပေါင်းရင်း ပရုတ်လုံးလို လုံးပါး ပါးလာပြီ တဖြည်းဖြည်းနဲ့ လူမျိုးရေးတွေ ပါလာပြီ 🧐🧐 📣📣ငဘ

ဒီလောက်လေး လုပ်တာနဲ့တင် အသံက ထွက်လာပြီ လှော်သာလှော် အော်ရင် ထပ်သာတီးဗျာ 😂😂 📣📣ငဘ
+2
ဒီလောက်လေး လုပ်တာနဲ့တင် အသံက ထွက်လာပြီ လှော်သာလှော် အော်ရင် ထပ်သာတီးဗျာ 😂😂 📣📣ငဘ

သူပုန်ရှိတဲ့အရပ်မှာ နေနေသရွေ့တာ့ သူတို့ပြုသမျှ နုရမှာပဲ 📣📣ငဘ
သူပုန်ရှိတဲ့အရပ်မှာ နေနေသရွေ့တာ့ သူတို့ပြုသမျှ နုရမှာပဲ 📣📣ငဘ

စင်ကာပူနိုင်ငံ မြန်မာသံရုံး၏ တရားဝင် Facebook စာမျက်နှာများ နှောက်ယှက်ခံရသဖြင့် Facebook အသုံးပြုမှုများအားလုံး ရပ်ဆိုင်းထားသ
စင်ကာပူနိုင်ငံ မြန်မာသံရုံး၏ တရားဝင် Facebook စာမျက်နှာများ နှောက်ယှက်ခံရသဖြင့် Facebook အသုံးပြုမှုများအားလုံး ရပ်ဆိုင်းထားသောကြောင့် သံရုံးအသွင် လိမ်လည်ဖွင့်ထားမှုများကို သတိပြုရန် ထုတ်ပြန် စင်ကာပူနိုင်ငံ မြန်မာသံရုံး၏ တရားဝင် Facebook စာမျက်နှာများ နှောက်ယှက်ခံရသဖြင့် Facebook အသုံးပြုမှုများအားလုံး ရပ်ဆိုင်းထားသောကြောင့် သံရုံးအသွင် လိမ်လည်ဖွင့်ထားမှုများကို သတိပြုရန် စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးက ထုတ်ပြန်သည်။ စင်ကာပူနိုင်ငံသိုရောက်ရှိနေသော မြန်မာနိုင်ငံသားများ၏အကျိုးကို ဆောင်ရွက်ပေးရန် အတွက် Embassy of the Republic of the Union of Myanmar အမည်ဖြင့် သံရုံး၏ Website ကိုအသုံးပြု၍ မြန်မာနိုင်ငံသားများအတွက် ဝန်ဆောင်မှုပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပုဇွန်တောင်မြိုနယ် အမှတ် (၅) ရပ်ကွက်၌ ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ထပ်မံကူးစက်ပြန့်ပွားမှုမရှိစေရေး ဆောင်ရွက်
ပုဇွန်တောင်မြိုနယ် အမှတ် (၅) ရပ်ကွက်၌ ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ထပ်မံကူးစက်ပြန့်ပွားမှုမရှိစေရေး ဆောင်ရွက် ပုဇွန်တောင်, စက်တင်ဘာ ၆ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြိုနယ်အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ထပ်မံကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် စက်တင်ဘာ ၄ ရက်နေ့ နံနက်ပိုင်းက အမှတ် (၅) ရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဖိလစ်ပိုင်ဒုတိယသမ္မတ ဆာရာဒူတာတေး ဖမ်းဝရမ်းထုတ်ခံရပြီးနောက် အာမခံဖြင့် ပြန်လွတ် ရိုဒရီဂို ဒူတာတေး၏သမီး ဖိလစ်ပိုင်ဒုတိယသမ္မတ ဆာ
ဖိလစ်ပိုင်ဒုတိယသမ္မတ ဆာရာဒူတာတေး ဖမ်းဝရမ်းထုတ်ခံရပြီးနောက် အာမခံဖြင့် ပြန်လွတ် ရိုဒရီဂို ဒူတာတေး၏သမီး ဖိလစ်ပိုင်ဒုတိယသမ္မတ ဆာရာဒူတာတေးသည် သမ္မတ ဖာဒီနန် မားကိုစ်ဂျူနီယာ၊ သမ္မတကတော်နှင့် အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်းတိုကို ခြိမ်းခြောက်ပြောဆိုခဲ့မှုများဖြင့် ဖမ်းဝရမ်းထုတ်ခံရပြီးနောက် စက်တင်ဘာ ၅ ရက်တွင် အာမခံဖြင့် ပြန်လွတ်မြောက်လာသည်။ ဒူတာတေးသည် တရားစွဲဆိုခံထားရမှု သုံးမှုအတွက် တစ်မှုလျှင် ပီဆို ၁၂၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁,၉၀၀ ခန့်) စီ အာမခံပေးဆောင်ခဲ့ရသည်။ ထိုအမှုများအပြင် ဆာရာဒူတာတေးသည် ဖိလစ်ပိုင်အထက်လွှတ်တော်တွင် စွပ်စွဲပြစ်တင်မှုဆိုင်ရာ စစ်ဆေးမှုနှင့်လည်း ရင်ဆိုင်နေရသည်။ ထိုစစ်ဆေးမှုတွင် အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရပါက ဒုတိယသမ္မတရာထူးမှ ဖယ်ရှားခံရနိုင်သည့်အပြင် ၂၀၂၈ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပါ ထိခိုက်စေနိုင်သည်။

မြန်အောင်မြိုနယ် မမြဆည်တာတမံ RD-9900 နှင့် RD-10000 အကြား မြေသားအလျား (၇၅) ပေခန့်၊ အကျယ် ပေ ၆၀ ခန့် နိမ့်ကျမှုဖြစ်ပေါ် မြန်အေ
မြန်အောင်မြိုနယ် မမြဆည်တာတမံ RD-9900 နှင့် RD-10000 အကြား မြေသားအလျား (၇၅) ပေခန့်၊ အကျယ် ပေ ၆၀ ခန့် နိမ့်ကျမှုဖြစ်ပေါ် မြန်အောင် ,စက်တင်ဘာ ၆ ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြိုနယ် မျှင်ဝါးတောင်ကျေးရွာအုပ်စု မမြဆည်တာတမံတွင် စက်တင်ဘာ ၄ ရက် ညနေ ၃ နာရီခွဲခန့်က တာတမံ RD-9900 နှင့် RD-10000 အကြား မြေသား အလျား(၇၅)ပေခန့်၊အနံ(အကျယ်) ပေ (၆၀) ခန့်တွင် မြေသား (၁)ပေခွဲခန့် နိမ့်ကျမှုဖြစ်ပေါ်ကြောင်းသိရသည်။

အမှတ် (၈) အစုန် နေပြည်တော်-ရန်ကုန် DEMU ရထားတွဲ ခဲဖြင့်ပေါက်ခံရ၊ ကျူးလွန်သူ ဖမ်းဆီးရမိရေး ဆောင်ရွက်နေ နေပြည်တော်၊ စက်တင်ဘာ ၅
အမှတ် (၈) အစုန် နေပြည်တော်-ရန်ကုန် DEMU ရထားတွဲ ခဲဖြင့်ပေါက်ခံရ၊ ကျူးလွန်သူ ဖမ်းဆီးရမိရေး ဆောင်ရွက်နေ နေပြည်တော်၊ စက်တင်ဘာ ၅ ရန်ကုန်-နေပြည်တော် ရထားလမ်းပိုင်းတွင် ပြေးဆွဲပေးနေသည့် အမှတ် (၈) အစုန် နေပြည်တော်-ရန်ကုန် DEMU လူစီးအမြန်ရထားတွဲအား ခဲဖြင့်ပစ်ပေါက်ခံရသဖြင့် ရထားတွဲ၏ လေကာမှန် ပျ-က်စီးသွားခဲ့ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။ အဆိုပါဖြစ်စဉ်မှာ စက်တင်ဘာ ၄ ရက် ညနေပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမှတ် (၈) အစုန် DEMU ရထားသည် ရန်ကုန်ဘူတာကြီးသို ခရီးဆုံးရောက်ရှိပြီးနောက် ရထားတွဲဆိုင်းအား သိမ်းဆည်းရန် စက်ခေါင်းစက်ရုံ (အင်းစိန်) သို ထွက်ခွာမောင်းနှင်စဉ် လမ်းညာဘက်ခြမ်းမှ ခဲဖြင့် ပစ်ပေါက်ခံခဲ့ရခြင်း ဖြစ်သည်။

အမြန်လမ်းရှိ ကလီထော်ချောင်းကူးတံတား၏ ကွန်ကရစ်ကြမ်းခင်းပြင်ဆင်နေ ယာဥ်မောင်းများအရှိန်လျော့မောင်းနှင်ကြရန်သတိပေး ရန်ကုန်-မန္တလေ
အမြန်လမ်းရှိ ကလီထော်ချောင်းကူးတံတား၏ ကွန်ကရစ်ကြမ်းခင်းပြင်ဆင်နေ ယာဥ်မောင်းများအရှိန်လျော့မောင်းနှင်ကြရန်သတိပေး ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်ရှိ ကလီထော်ချောင်းကူးတံတား၏ ကွန်ကရစ်ကြမ်းခင်းအားပြင်ဆင်မှုများပြုလုပ်နေသဖြင့် ယာဥ်မောင်းများအရှိန်လျော့မောင်းနှင်ကြရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲက သတိပေးခဲ့သည်။ ကလီထော်ချောင်းကူးတံတားသည် အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၆/၅ နှင့် ၆/၆ ကြားတွင်တည်ရှိပြီး လက်ရှိကွန်ကရစ်ကြမ်းခင်းပြင်ဆင်နေခြင်းမှာ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို(အပြန်လမ်း)တွင်ဖြစ် သည်။

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၌ မြည်းပုသားပေါက်လေး အောင်မြင်စွာ မွေးဖွား ရန်ကုန်၊ စက်တင်ဘာ ၆ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် ၂၀၂၆ ခုနှစ်၊
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၌ မြည်းပုသားပေါက်လေး အောင်မြင်စွာ မွေးဖွား ရန်ကုန်၊ စက်တင်ဘာ ၆ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၅) ရက် နံနက် (၆:၃၀) နာရီအချိန်၌ ချစ်စရာကောင်းသော မြည်းပု (Donkey) သားပေါက်လေးတစ်ကောင်ကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ မြည်းပုလေး မွေးဖွားနိုင်ရေးအတွက် တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်သူများ၏ ဂရုတစိုက် ပြုစုမှု၊ စနစ်တကျ အစာကျွေးမွေးမှု၊ တိရစ္ဆာန်ဆေးကုဆရာဝန်များ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် စနစ်တကျ မျိုးပွားစီမံခန့်ခွဲမှုတိုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်စစ်သင်္ဘောတွေကို အီရန်က ဒုံ:ကျည်တွေနဲ့ တို-က်ခိုက် အီရန်လက်နက်ကိုင်တပ်ဖွဲရဲ့ အထူးတပ်ဖွဲဖြစ်တဲ့ အစ္စလာမ္မစ်တော်လှန်ရေး
အမေရိကန်စစ်သင်္ဘောတွေကို အီရန်က ဒုံ:ကျည်တွေနဲ့ တို-က်ခိုက် အီရန်လက်နက်ကိုင်တပ်ဖွဲရဲ့ အထူးတပ်ဖွဲဖြစ်တဲ့ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) က တနင်္ဂနွေနေ့မှာ အမေရိကန်‌ရေတပ်ရဲ့ လေယာဉ်တင်သင်္ဘောတစ်စင်းနဲ့ ဖျက်သင်္ဘောတစ်စင်းကို တို-က်ချင်းပ-စ်ဒုံးကျည်တွေနဲ့ ပ-စ်ခတ်တို-က်ခိုက်ခဲ့တယ်လို သတင်းထုတ်ပြန်ပါတယ်။ IRGC ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး IRNA သတင်းဌာနက ဖော်ပြရာမှာတော့ "အီရန်သင်္ဘောတွေကို အနှောင့်အယှက်ပေးပြီး ပင်လယ်ရေကြောင်းပိတ်ဆိုမှုမှာ ပါဝင်နေတဲ့ အမေရိကန်ရေတပ်ရဲ့ လေယာဉ်တင်သင်္ဘောနဲ့ ဖျ-က်သင်္ဘောကို IRGC ရဲ့ အာကာသတပ်ဖွဲတွေက တို-က်ချင်းပ-စ်ဒုံးကျည်တွေနဲ့ ပ-စ်ခတ်တို-က်ခိုက်ခဲ့ပါတယ်" လို ဆိုထားပါတယ်။ အဲဒီလို တို-က်ခိုက်ခံရလို ထိခိုက်ပျ-က်စီးသွားတဲ့ အမေရိကန်စစ်သင်္ဘောတွေဟာ တို-က်ပွဲဖြစ်တဲ့နေရာကနေ ခဲခဲယဉ်းယဉ်းဆုတ်ခွာသွားခဲ့ရတယ်လိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လေးမျက်နှာမြိုနယ်မှ ရေဘေးသင့်သူများအတွက် ကြက်ခြေနီအသင်းက သောက်သုံးရေများစတင်ဖြန့်ဝေ ဧရာဝတီတိုင်း၊ လေးမျက်နှာမြိုနယ်မှ ရေဘေးသင
လေးမျက်နှာမြိုနယ်မှ ရေဘေးသင့်သူများအတွက် ကြက်ခြေနီအသင်းက သောက်သုံးရေများစတင်ဖြန့်ဝေ ဧရာဝတီတိုင်း၊ လေးမျက်နှာမြိုနယ်မှ ရေဘေးသင့်သူများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေးအဖွဲက ယမန်နေ့ စက်တင်ဘာ ၅ ရက်မှစတင်၍ သောက်သုံးရေများကိုဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။ ထိုသို ဖြန့်ဝေပေးလျက်ရှိရာ ယမန်နေ့ စက်တင်ဘာ ၅ ရက်တွင် သောက်သုံးရေလိုအပ်သောနေရာများသို သောက်သုံးရေလီတာ(၁,၀၀၀)ကျော်ကိုဖြန့်ဝေပေးခဲ့ပြီး မြိုနယ်အတွင်း သောက်သုံးရေလိုအပ်သော ရပ်ကွက်/ကျေး ရွာများကိုလည်း ဆက်လက်ဖြန့်ဝေပေးရန်စီစဉ်လျက်ရှိကြောင်း သိရသည်။

အီရန် ရေနံတင်သင်္ဘော ၃ စင်းကို အမေရိကန်တွေက တိုက်ခိုက်ဖျက်ဆီး စက်တင်ဘာ - ၆ ( တနင်္ဂနွေနေ့ ) အမေရိကန်စစ်ဌာချုပ် (CENTCOM) ရဲ့ စနေနေ့ ထုတ်ပြန်ချက်အရ အမေရိကန် စစ်သင်္ဘော (လေယာဉ်တင် သင်္ဘောနဲ့ ဖျက်သင်္ဘော) တွေကို အီရန်ဘက်က အကြောင်းမရှိ ရန်စ လာရောက်တိုက်ခိုက်ခဲ့တာကို လက်တုန့်ပြန်တဲ့အနေနဲ့ အီရန်ရဲ့ ရေနံစိမ်းတင် သင်္ဘော ၃ စီးကို တိုက်ခိုက်ဖျက်စီးခဲ့တယ်လို သိရပါတယ်။ ဒီတစ်ပတ်အစောပိုင်းမှာ အမေရိကန်နဲ့ အီရန်တိုကြား တိုက်ခိုက်မှုတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပြီးနောက် ဒေသတွင်း ပဋိပက္ခတွေ ပိုမိုပြင်းထန်လာခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်ကတော့ အီရန်ဘက်က ကုန်သွယ်ရေး သင်္ဘောတွေနဲ့ အမေရိကန် စစ်တပ်တွေကို ပစ်မှတ်ထားဖို ကြိုးပမ်းလာတာ ကြောင့်ဆိုပြီး အင်္ဂါနေ့မှာ တိုက်ခိုက်မှုတွေကို ပြန်စခဲ့တာပါ။ အီရန်ဘက်ကလည်း ပင်လယ်ကွေ့ဒေသမှာရှိတဲ့ အမေရိကန် စခန်းတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ဒလစပ် ပစ်ခတ် လက်တုန့်ပြန်ခဲ့ပါတယ်။