Speaker ငဘ
Open in Telegram
တိကျ မြန်ဆန် သတင်းမှန်ဆီသို့
Show moreThe country is not specifiedThe category is not specified
3 298
Subscribers
-324 hours
-927 days
-24430 days
Posts Archive
3 298
စင်ကာပူနိုင်ငံ မြန်မာသံရုံး၏ တရားဝင် Facebook စာမျက်နှာများ နှောက်ယှက်ခံရသဖြင့် Facebook အသုံးပြုမှုများအားလုံး ရပ်ဆိုင်းထားသောကြောင့် သံရုံးအသွင် လိမ်လည်ဖွင့်ထားမှုများကို သတိပြုရန် ထုတ်ပြန်
စင်ကာပူနိုင်ငံ မြန်မာသံရုံး၏ တရားဝင် Facebook စာမျက်နှာများ နှောက်ယှက်ခံရသဖြင့် Facebook အသုံးပြုမှုများအားလုံး ရပ်ဆိုင်းထားသောကြောင့် သံရုံးအသွင် လိမ်လည်ဖွင့်ထားမှုများကို သတိပြုရန် စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးက ထုတ်ပြန်သည်။
စင်ကာပူနိုင်ငံသိုရောက်ရှိနေသော မြန်မာနိုင်ငံသားများ၏အကျိုးကို ဆောင်ရွက်ပေးရန် အတွက် Embassy of the Republic of the Union of Myanmar အမည်ဖြင့် သံရုံး၏ Website ကိုအသုံးပြု၍ မြန်မာနိုင်ငံသားများအတွက် ဝန်ဆောင်မှုပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
3 298
ပုဇွန်တောင်မြိုနယ် အမှတ် (၅) ရပ်ကွက်၌ ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ထပ်မံကူးစက်ပြန့်ပွားမှုမရှိစေရေး ဆောင်ရွက်
ပုဇွန်တောင်, စက်တင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြိုနယ်အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ထပ်မံကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် စက်တင်ဘာ ၄ ရက်နေ့ နံနက်ပိုင်းက အမှတ် (၅) ရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
3 298
ဖိလစ်ပိုင်ဒုတိယသမ္မတ ဆာရာဒူတာတေး ဖမ်းဝရမ်းထုတ်ခံရပြီးနောက် အာမခံဖြင့် ပြန်လွတ်
ရိုဒရီဂို ဒူတာတေး၏သမီး ဖိလစ်ပိုင်ဒုတိယသမ္မတ ဆာရာဒူတာတေးသည် သမ္မတ ဖာဒီနန် မားကိုစ်ဂျူနီယာ၊ သမ္မတကတော်နှင့် အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်းတိုကို ခြိမ်းခြောက်ပြောဆိုခဲ့မှုများဖြင့် ဖမ်းဝရမ်းထုတ်ခံရပြီးနောက် စက်တင်ဘာ ၅ ရက်တွင် အာမခံဖြင့် ပြန်လွတ်မြောက်လာသည်။
ဒူတာတေးသည် တရားစွဲဆိုခံထားရမှု သုံးမှုအတွက် တစ်မှုလျှင် ပီဆို ၁၂၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁,၉၀၀ ခန့်) စီ အာမခံပေးဆောင်ခဲ့ရသည်။ ထိုအမှုများအပြင် ဆာရာဒူတာတေးသည် ဖိလစ်ပိုင်အထက်လွှတ်တော်တွင် စွပ်စွဲပြစ်တင်မှုဆိုင်ရာ စစ်ဆေးမှုနှင့်လည်း ရင်ဆိုင်နေရသည်။ ထိုစစ်ဆေးမှုတွင် အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရပါက ဒုတိယသမ္မတရာထူးမှ ဖယ်ရှားခံရနိုင်သည့်အပြင် ၂၀၂၈ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပါ ထိခိုက်စေနိုင်သည်။
3 298
မြန်အောင်မြိုနယ် မမြဆည်တာတမံ RD-9900 နှင့် RD-10000 အကြား မြေသားအလျား (၇၅) ပေခန့်၊ အကျယ် ပေ ၆၀ ခန့် နိမ့်ကျမှုဖြစ်ပေါ်
မြန်အောင် ,စက်တင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြိုနယ် မျှင်ဝါးတောင်ကျေးရွာအုပ်စု မမြဆည်တာတမံတွင် စက်တင်ဘာ ၄ ရက် ညနေ ၃ နာရီခွဲခန့်က တာတမံ RD-9900 နှင့် RD-10000 အကြား မြေသား အလျား(၇၅)ပေခန့်၊အနံ(အကျယ်) ပေ (၆၀) ခန့်တွင် မြေသား (၁)ပေခွဲခန့် နိမ့်ကျမှုဖြစ်ပေါ်ကြောင်းသိရသည်။
3 298
အမှတ် (၈) အစုန် နေပြည်တော်-ရန်ကုန် DEMU ရထားတွဲ ခဲဖြင့်ပေါက်ခံရ၊ ကျူးလွန်သူ ဖမ်းဆီးရမိရေး ဆောင်ရွက်နေ
နေပြည်တော်၊ စက်တင်ဘာ ၅
ရန်ကုန်-နေပြည်တော် ရထားလမ်းပိုင်းတွင် ပြေးဆွဲပေးနေသည့် အမှတ် (၈) အစုန် နေပြည်တော်-ရန်ကုန် DEMU လူစီးအမြန်ရထားတွဲအား ခဲဖြင့်ပစ်ပေါက်ခံရသဖြင့် ရထားတွဲ၏ လေကာမှန် ပျ-က်စီးသွားခဲ့ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။
အဆိုပါဖြစ်စဉ်မှာ စက်တင်ဘာ ၄ ရက် ညနေပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမှတ် (၈) အစုန် DEMU ရထားသည် ရန်ကုန်ဘူတာကြီးသို ခရီးဆုံးရောက်ရှိပြီးနောက် ရထားတွဲဆိုင်းအား သိမ်းဆည်းရန် စက်ခေါင်းစက်ရုံ (အင်းစိန်) သို ထွက်ခွာမောင်းနှင်စဉ် လမ်းညာဘက်ခြမ်းမှ ခဲဖြင့် ပစ်ပေါက်ခံခဲ့ရခြင်း ဖြစ်သည်။
3 298
အမြန်လမ်းရှိ ကလီထော်ချောင်းကူးတံတား၏ ကွန်ကရစ်ကြမ်းခင်းပြင်ဆင်နေ ယာဥ်မောင်းများအရှိန်လျော့မောင်းနှင်ကြရန်သတိပေး
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်ရှိ ကလီထော်ချောင်းကူးတံတား၏ ကွန်ကရစ်ကြမ်းခင်းအားပြင်ဆင်မှုများပြုလုပ်နေသဖြင့် ယာဥ်မောင်းများအရှိန်လျော့မောင်းနှင်ကြရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲက သတိပေးခဲ့သည်။
ကလီထော်ချောင်းကူးတံတားသည် အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၆/၅ နှင့် ၆/၆ ကြားတွင်တည်ရှိပြီး လက်ရှိကွန်ကရစ်ကြမ်းခင်းပြင်ဆင်နေခြင်းမှာ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို(အပြန်လမ်း)တွင်ဖြစ် သည်။
3 298
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၌ မြည်းပုသားပေါက်လေး အောင်မြင်စွာ မွေးဖွား
ရန်ကုန်၊ စက်တင်ဘာ ၆
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၅) ရက် နံနက် (၆:၃၀) နာရီအချိန်၌ ချစ်စရာကောင်းသော မြည်းပု (Donkey) သားပေါက်လေးတစ်ကောင်ကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြည်းပုလေး မွေးဖွားနိုင်ရေးအတွက် တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်သူများ၏ ဂရုတစိုက် ပြုစုမှု၊ စနစ်တကျ အစာကျွေးမွေးမှု၊ တိရစ္ဆာန်ဆေးကုဆရာဝန်များ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် စနစ်တကျ မျိုးပွားစီမံခန့်ခွဲမှုတိုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
3 298
အမေရိကန်စစ်သင်္ဘောတွေကို အီရန်က ဒုံ:ကျည်တွေနဲ့ တို-က်ခိုက်
အီရန်လက်နက်ကိုင်တပ်ဖွဲရဲ့ အထူးတပ်ဖွဲဖြစ်တဲ့ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) က တနင်္ဂနွေနေ့မှာ အမေရိကန်ရေတပ်ရဲ့ လေယာဉ်တင်သင်္ဘောတစ်စင်းနဲ့ ဖျက်သင်္ဘောတစ်စင်းကို တို-က်ချင်းပ-စ်ဒုံးကျည်တွေနဲ့ ပ-စ်ခတ်တို-က်ခိုက်ခဲ့တယ်လို သတင်းထုတ်ပြန်ပါတယ်။
IRGC ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး IRNA သတင်းဌာနက ဖော်ပြရာမှာတော့ "အီရန်သင်္ဘောတွေကို အနှောင့်အယှက်ပေးပြီး ပင်လယ်ရေကြောင်းပိတ်ဆိုမှုမှာ ပါဝင်နေတဲ့ အမေရိကန်ရေတပ်ရဲ့ လေယာဉ်တင်သင်္ဘောနဲ့ ဖျ-က်သင်္ဘောကို IRGC ရဲ့ အာကာသတပ်ဖွဲတွေက တို-က်ချင်းပ-စ်ဒုံးကျည်တွေနဲ့ ပ-စ်ခတ်တို-က်ခိုက်ခဲ့ပါတယ်" လို ဆိုထားပါတယ်။
အဲဒီလို တို-က်ခိုက်ခံရလို ထိခိုက်ပျ-က်စီးသွားတဲ့ အမေရိကန်စစ်သင်္ဘောတွေဟာ တို-က်ပွဲဖြစ်တဲ့နေရာကနေ ခဲခဲယဉ်းယဉ်းဆုတ်ခွာသွားခဲ့ရတယ်လိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
3 298
လေးမျက်နှာမြိုနယ်မှ ရေဘေးသင့်သူများအတွက် ကြက်ခြေနီအသင်းက သောက်သုံးရေများစတင်ဖြန့်ဝေ
ဧရာဝတီတိုင်း၊ လေးမျက်နှာမြိုနယ်မှ ရေဘေးသင့်သူများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေးအဖွဲက ယမန်နေ့ စက်တင်ဘာ ၅ ရက်မှစတင်၍ သောက်သုံးရေများကိုဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ထိုသို ဖြန့်ဝေပေးလျက်ရှိရာ ယမန်နေ့ စက်တင်ဘာ ၅ ရက်တွင် သောက်သုံးရေလိုအပ်သောနေရာများသို သောက်သုံးရေလီတာ(၁,၀၀၀)ကျော်ကိုဖြန့်ဝေပေးခဲ့ပြီး မြိုနယ်အတွင်း သောက်သုံးရေလိုအပ်သော ရပ်ကွက်/ကျေး ရွာများကိုလည်း ဆက်လက်ဖြန့်ဝေပေးရန်စီစဉ်လျက်ရှိကြောင်း သိရသည်။
3 298
အီရန် ရေနံတင်သင်္ဘော ၃ စင်းကို အမေရိကန်တွေက တိုက်ခိုက်ဖျက်ဆီး
စက်တင်ဘာ - ၆ ( တနင်္ဂနွေနေ့ )
အမေရိကန်စစ်ဌာချုပ် (CENTCOM) ရဲ့ စနေနေ့ ထုတ်ပြန်ချက်အရ အမေရိကန် စစ်သင်္ဘော (လေယာဉ်တင် သင်္ဘောနဲ့ ဖျက်သင်္ဘော) တွေကို အီရန်ဘက်က အကြောင်းမရှိ ရန်စ လာရောက်တိုက်ခိုက်ခဲ့တာကို လက်တုန့်ပြန်တဲ့အနေနဲ့ အီရန်ရဲ့ ရေနံစိမ်းတင် သင်္ဘော ၃ စီးကို တိုက်ခိုက်ဖျက်စီးခဲ့တယ်လို သိရပါတယ်။
ဒီတစ်ပတ်အစောပိုင်းမှာ အမေရိကန်နဲ့ အီရန်တိုကြား တိုက်ခိုက်မှုတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပြီးနောက် ဒေသတွင်း ပဋိပက္ခတွေ ပိုမိုပြင်းထန်လာခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်ကတော့ အီရန်ဘက်က ကုန်သွယ်ရေး သင်္ဘောတွေနဲ့ အမေရိကန် စစ်တပ်တွေကို ပစ်မှတ်ထားဖို ကြိုးပမ်းလာတာ ကြောင့်ဆိုပြီး အင်္ဂါနေ့မှာ တိုက်ခိုက်မှုတွေကို ပြန်စခဲ့တာပါ။ အီရန်ဘက်ကလည်း ပင်လယ်ကွေ့ဒေသမှာရှိတဲ့ အမေရိကန် စခန်းတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ဒလစပ် ပစ်ခတ် လက်တုန့်ပြန်ခဲ့ပါတယ်။
3 298
စက်သုံးဆီသယ်ယူပိုဆောင်သည့် မော်တော်ယာဉ်များအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ သယ်ယူပိုဆောင်ခြင်း ရှိ/မရှိ ကြီးကြပ်စစ်ဆေး
နေပြည်တော်၊ စက်တင်ဘာ ၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဖြတ်သန်းသွားလာ၍ စက်သုံးဆီသယ်ယူပိုဆောင်ကြသည့် မော်တော်ယာဉ်များအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ သယ်ယူပိုဆောင်ခြင်း ရှိ/မရှိ ကြီးကြပ်စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြိုနယ်၊ သစ်လေးလုံးကျေးရွာအုပ်စု၊ ပုရွက်ဆိတ်ကုန်းကျေးရွာ၊ အောင်ငြိမ်းစေ စက်သုံးဆီအရောင်းဆိုင်ရှေ့၊ ရန်ကုန်-မန္တလေး (မြိုရှောင်လမ်း)၊ မိုင်တိုင်အမှတ် ၂၁၇/၇ တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
3 298
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ ရေးရာကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့်တွေ့ဆုံ
မန္တလေး၊ စက်တင်ဘာ ၆
ဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြည်ထောင်စုအဆင့် လွှတ်တော်များနှင့် တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်များသည် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကဏ္ဍအသီးသီးကို သီးခြားစီ အကောင်အထည်ဖော်ဆောင်ရွက်ရသည့် လွှတ်တော်များပင်ဖြစ်ပါကြောင်း၊ ဥပဒေပြုရေးမဏ္ဍိုင် စနစ်တကျ ခိုင်မာအားကောင်းစေရေးနှင့် လွှတ်တော်ကဏ္ဍဖွံဖြိုး တိုးတက်စေရေးတိုကို လွှတ်တော်များအချင်းချင်း ပေါင်းစပ်ညှိနှိင်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ လွှတ်တော်ကဏ္ဍ မြင့်မားတိုးတက်စေရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဥပဒေများကို ကျကျနနသိရှိအောင် လေ့လာဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ တိုက်တွန်းပြောကြားခဲ့သည်။
3 298
ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း ပြင်ဦးလွင်မြိုနယ်အတွင်းရှိ သမဝါယမစနစ် မွေးမြူရေးလုပ်ငန်းများနှင့် ကျေးလက်ဒေသဖွံဖြိုးရေး လုပ်ငန်းများဆောင်ရွက်နေမှုများ ကွင်းဆင်းကြည့်ရှု
နေပြည်တော်၊ စက်တင်ဘာ ၅
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲသည် ပြင်ဦးလွင်မြိုနယ်၊ နောင်ဝယ်ကျေးရွာတွင် ကောင်းမြန်မာနိုစားနွားမွေးမြူရေးသမဝါယမလီမိတက်၏ နိုစားနွား မွေးမြူရေးလုပ်ငန်း ဆောင်ရွက် နေမှုအား ကွင်းဆင်းကြည့်ရှုရာ အသင်းတာဝန်ရှိသူများ၏ လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်း တင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက မိမိတိုဝန်ကြီးဌာနအနေဖြင့် သမဝါယမစနစ်ဖြင့် စနစ်ကျသော မွေးမြူရေးလုပ်ငန်းများ ဖြစ်ပေါ်လာစေရေး အစုအဖွဲ သမဝါယမ စနစ်ဆောင်ရွက်နေသော လုပ်ငန်း များကို အားပေးဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လိုအပ်သည်များ ညှိနှိင်းပေါင်းစပ်ဖြည့်ဆည်းဆောင် ရွက်ပေးပါသည်။
3 298
ကုလသမဂ္ဂက အာဖရိက၏အရွယ်အစား အစစ်ကို ထင်ဟပ်စေရန် ကမ္ဘာ့မြေပုံသစ် အသုံးပြုရေးကို မဲခွဲအတည်ပြု
ကုလသမဂ္ဂအထွေထွေညီလာခံက အာဖရိက၏ အရွယ်အစားကို ပိုမိုတိကျစွာ ထင်ဟပ်သော မြေပုံဖြင့် အစဉ်အလာ ကမ္ဘာ့မြေပုံကို အစားထိုးရန် မဲခွဲခဲ့သည်။
တိုဂို နိုင်ငံက ကမကထပြုပြီး အာဖရိကသမဂ္ဂ(AU)က ထောက်ခံသော "မြေပုံကို အမှန်ပြင်ရေး"ဟူသောဆုံးဖြတ်ချက်သည် ပြင်သစ်၊ယူကေတိုအပါအဝင် ၁၆၄ နိုင်ငံ၏ ထောက်ခံမှုဖြင့်အတည်ဖြစ်ခဲ့သည်။ အမေရိကန်ကယင်းဆုံးဖြတ်ချက်ကိုကန့်ကွက်သည့် တစ်ခုတည်းသောနိုင်ငံဖြစ်ခဲ့ပြီး ခြောက်နိုင်ငံက မဲမပေးခဲ့ပေ။
3 298
စစ်ကိုင်းပြတ်ရွေ့ကြော၏ တောင်ဘက်အပိုင်းတွင် လှုပ်ခတ်လာနိုင်ခြေရှိသည့် မြေငလျင်အန္တရာယ်က ထိုင်းနိုင်ငံ ဘန်ကောက်မြိုတော်ကို ခြိမ်းခြောက်နေကြောင်း ကျွမ်းကျင်သူများ သတိပေး
မြန်မာနိုင်ငံရှိ စစ်ကိုင်းပြတ်ရွေ့ကြော၏ တောင်ဘက်အပိုင်းတစ်လျှောက် ဖြစ်လာနိုင်ခြေရှိသည့် အကြီးစား ငလျင်လှုပ်ခတ်မှုတစ်ခုသည် ထိုင်းနိုင်ငံ ဘန်ကောက်မြိုတော်ကို ခြိမ်းခြောက်လာနိုင်ကြောင်း ထိုင်းနိုင်ငံ၏ အင်ဂျင်နီယာနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကျွမ်းကျင်သူများက သတိပေးခဲ့သည်။စစ်ကိုင်းပြတ်ရွေ့ကြော၏ တောင်ဘက်အပိုင်းသည် နှစ် ၁၀၀ လျှင် အလွန်အင်အားပြင်းထန်သည့် ငလျင်တစ်ကြိမ် လှုပ်ခတ်လေ့ရှိသည်ဟု ခန့်မှန်းထားသဖြင့် လက်ရှိတွင် စစ်ကိုင်းပြတ်ရွေ့ကြော၏ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုမှာ နှစ်ပေါင်း ၁၀၀ ပြည့်ရန် နီးကပ်လာချိန်တွင် အဆိုပါ သတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
3 298
ငမိုးရိပ်ရေလှောင်တမံနှင့် ရေထိန်းတံခါးတိုကိုအမြဲမ ပြတ်စောင့်ကြည့်စစ်ဆေးရန် ရန်ကုန်တိုင်းအစိုးရအဖွဲ လယ်ဆည်ဝန်ကြီးမှာကြား
မိုးရာသီ၌ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် ငမိုးရိပ်ရေလှောင်တမံနှင့် ရေထိန်းတံခါးတိုကိုအမြဲမ ပြတ်စောင့်ကြည့်စစ်ဆေးရန် ရန်ကုန်တိုင်းအစိုးရအဖွဲ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဒေါက်တာထူးမောင် ကမှာကြားသည်။
စက်တင်ဘာ ၄ ရက်က လှည်းကူးမြိုနယ်၊ ဖောင်ကြီးကျေးရွာအနီးရှိ မူလငမိုးရိပ်ရေလှောင်တမံနှင့် ဒဂုံမြိုသစ်(အရှေ့ပိုင်း)မြိုနယ်၊ အမှတ်(၇)လမ်းမကြီးရှိ ငမိုးရိပ်ရေထိန်းတံခါးတိုကိုကြည့်ရှုစစ်ဆေးစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။
3 298
တရုတ်-ရုရှား စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုက ကမ္ဘာ့ဈေးကွက်တည်ငြိမ်မှုအတွက် အထောက်အကူပြုကြောင်း တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ပြောကြား
ဗလာဒီဗော့စတော့၊ စက်တင်ဘာ ၅
ပြောင်းလဲနေသော နိုင်ငံတကာအခင်းအကျင်းနှင့် မကြာခဏဖြစ်ပွားနေသော ပထဝီနိုင်ငံရေးပဋိပက္ခများကြားတွင် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတိုသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ပူးပေါင်းဆောင်ရွက်မှုကို စဉ်ဆက်မပြတ်တိုးချဲ့ခြင်းဖြင့် ကမ္ဘာ့စွမ်းအင်ဈေးကွက်တည်ငြိမ်မှုကို မြှင့်တင်ရေးအတွက် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်လာခဲ့ကြောင်း တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် တင်းရွှရှန်က စက်တင်ဘာ ၄ ရက်၌ ပြောကြားခဲ့သည်။
3 298
သမ္မတကို ခြိမ်းခြောက်မှုဖြင့် ဒုတိယသမ္မတ ဆာရာဒူတာတေးကို ဖိလစ်ပိုင်တရားရုံး ဖမ်းဝရမ်းထုတ်
မနီလာ၊ စက်တင်ဘာ ၅
ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကိုစ် ဂျူနီယာ၊ သမ္မတကတော်နှင့် လွှတ်တော်ဥက္ကဋ္ဌဟောင်းတိုကို ခြိမ်းခြောက်ခဲ့သည်ဆိုသည့် ရာဇဝတ်မှုဆိုင်ရာ စွဲချက်များဖြင့် ဒုတိယသမ္မတ ဆာရာဒူတာတေးကို ဖမ်းဆီးရန် ဖိလစ်ပိုင်တရားရုံးတစ်ရုံးက စက်တင်ဘာ ၄ ရက်တွင် ဖမ်းဝရမ်းထုတ်ခဲ့သည်။
ပြင်းထန်သော ခြိမ်းခြောက်မှုများနှင့်ပတ်သက်သည့် အမှုများအတွက် ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်ပြီး အမှုတစ်မှုလျှင် အာမခံကြေး ပီဆို ၁၂၀,၀၀၀ (စင်ကာပူဒေါ်လာ ၂,၄၀၀ ခန့်) သတ်မှတ်ထားကြောင်း တရားရုံးအမိန့်တွင် ဖော်ပြထားသည်။
ဒူတာတေးအနေဖြင့် ဥပဒေကို ရှောင်လွှရန် ရည်ရွယ်ချက်မရှိဘဲ ဥပဒေအရ ရရှိနိုင်သည့် ကုစားခွင့်အားလုံးကို ဆက်လက်အသုံးပြုသွားမည်ဖြစ်ကြောင်း ၎င်း၏ရှေ့နေက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
3 298
နမ့်လတ်ချောင်းရေမြင့်တက်၍ နမ်းစန်မြိုတွင် ရေကြီးရေလျှံ ချောင်းဘေးနေထိုင်သည့် ရေဘေးသင့်သူများကိုဘေးလွတ်ရာရွှေ့ပြောင်းပေး
ရှမ်းပြည်နယ်၊ နမ့်စန်မြိုတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့ စက်တင်ဘာ ၅ ရက်နံနက် ၈ နာရီခန့်မှစ တင်ကာ နမ့်လတ်ချောင်းရေမြင့်တက်ခဲ့ကြောင်း သိရသည်။
ထိုသို နမ့်လတ်ချောင်းရေမြင့်တက်မှုကြောင့် ချောင်းဘေးရှိ အမှတ်(၁)၊ (၃)၊ (၄)ရပ်ကွက်တိုရှိနေအိမ်များအတွင်းသို ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သဖြင့် ရေဘေးသင့်သူများအား မီးသတ်တပ်ဖွဲဝင်များနှင့် သက်ဆိုင်ရာအဖွဲအစည်းများက ရေဘေးလွတ်ကင်းရာသိုကူညီရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။
3 298
နီပေါသဘာဝဘေးဖြစ်ပွားပြီး ၁၀ ရက်အကြာ ဥမင်လိုဏ်ခေါင်းအတွင်းမှ တရုတ်နိုင်ငံသားတစ်ဦးကို အသက်ရှင်လျက် ထပ်မံကယ်ထုတ်
ခတ္တမန္ဒူ၊ စက်တင်ဘာ ၅
နီပေါနိုင်ငံ၌ ပြင်းထန်သည့် သဘာဝဘေးအန္တရာယ် ဖြစ်ပွားပြီး ၁၀ ရက်အကြာတွင် ထရီရှူလီ (Trishuli) မြစ်ကြောင်းပေါ်ရှိ ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ ဥမင်လိုဏ်ခေါင်းတစ်ခုအတွင်း ပိတ်မိနေသည့် တရုတ်နိုင်ငံသားတစ်ဦးကို စက်တင်ဘာ ၅ ရက်တွင် အသက်ရှင်လျက် ထပ်မံကယ်ထုတ်နိုင်ခဲ့ကြောင်း နီပေါစစ်တပ်က ပြောကြားသည်။
