en
Feedback
Bioscope Vibes

Bioscope Vibes

Closed channel

Well

Show more
The country is not specifiedThe category is not specified

📈 Analytical overview of Telegram channel Bioscope Vibes

Channel Bioscope Vibes is an active participant. Currently, the community unites 15 520 subscribers, ranking in the Other category.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 15 520 subscribers.

According to the latest data from 29 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by 611 over the last 30 days and by 54 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 4.95%. Within the first 24 hours after publication, content typically collects 1.68% reactions from the total number of subscribers.
  • Post reach: On average, each post receives 769 views. Within the first day, a publication typically gains 261 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 1.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
“Well”

Thanks to the high frequency of updates (latest data received on 30 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Other category.

15 520
Subscribers
+5424 hours
+2957 days
+61130 days
Posts Archive
In the Grey (2026) ဒီကားလေးကတော့ Action/Thriller ကားကောင်းတွေကို ဖန်တီးလေ့ရှိတဲ့ နာမည်ကြီး ဒါရိုက်တာ Guy Ritchie ရဲ့ ၂၀၂၆ ထွက် အက်ရှင်ကားအသစ်လေးပါ။ သရုပ်ဆောင်တွေအနေနဲ့ ကျွန်တော်တို့ အကြိုက် Henry Cavill, Jake Gyllenhaal, Eiza Gonzálezနဲ့ Rosamund Pike တို့ အဓိက ပါဝင်အားဖြည့်ထားပါတယ်။ *ဇာတ်လမ်းအကျဉ်း* ဇာတ်လမ်းက ရေချယ် (Eiza González) ဆိုတဲ့ ရှေ့နေမလေးကနေ စထားပါတယ်။ သူက သာမန်ရှေ့နေ မဟုတ်ဘဲ နာမည်-ပျ-က်ရှိတဲ့ ဘီလီယံနာ သူဌေးတွေဆီကနေ ပိုင်ဆိုင်မှုတွေကို ပြ-န်ရယူပေးတဲ့ အလုပ်ကို လုပ်တာပါ။ ဥ-ပ-ဒေ-ဘော-င်ထဲကရော ဘော-င်အပြင်ကရော နည်းလမ်းစုံသုံးပြီး လုပ်ရတဲ့ အလုပ်မျိုးမို့လို့ "Grey Area" (အဖြူရော အမည်းရော မကျတဲ့ မီးခိုးရောင် နေရာ) မှာ အလုပ်လုပ်တယ်လို့ တင်စားထားတာပေါ့။ ရေချယ့်မှာ အရမ်းတော်တဲ့ လျှို့-ဝှ-က်အ-ဖွဲ့သာ-းတွေ ရှိပါတယ်။ အဲဒီအ-ဖွဲ့ထဲမှာ Sid (Henry Cavill) နဲ့ Bronco (Jake Gyllenhaal) တို့က အဓိက အင်အားစုတွေပေါ့။ ရေချယ်က သူတို့ကို ထော-င်ဖော-က်ပြီး ခေါ်ထုတ်လာတာဖြစ်ပြီး သူ့ဆီမှာ အလုပ်လုပ်ပေးနေကြတာပါ။ တစ်နေ့မှာတော့ ရ-က်စ-က်တဲ့ ဒု-စ-ရို-က်ဂို-ဏ်းခေါင်းဆောင် မန်နီ (Carlos Bardem) ဆီကနေ ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိတဲ့ ငွေတွေကို ပြ-န်-လု-ယူဖို့ တာဝန်ကျလာပါတယ်။ ဒီလိုနဲ့ မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ စ-စ်ဆ-င်ရေ-းကနေ စပြီး နောက်ပိုင်းမှာ ဗျူဟာတွေ၊ လှ-ည့်ကွ-က်တွေ၊ သ-စ္စာ-ဖော-က်မှုတွေနဲ့ အသ-က်-လုရတဲ့ အခြေအနေတွေအထိ ရောက်သွားပါတော့တယ်။ ဒီကားက Guy Ritchie ရဲ့ ထုံးစံအတိုင်း အ-က်ရှ-င်အခန်းတွေ၊ အမို-က်စား တ-ည်းဖြ-တ်မှု (snappy editing) တွေနဲ့ အချိန်ကုန်မှန်း မသိဘဲ ကြည့်လို့ကောင်းတဲ့ ကားတစ်ကားပါ။ ပ-စ်ခ-တ်တို-က်ခို-က်တဲ့ အခန်းတွေ၊ လွ-တ်မြောက်အောင် ပြေ-းရတဲ့ အခန်းတွေကို သေချာ အချိန်ပေးပြီး မို-က်မို-က်က-န်းက-န်း ရိုက်ကူးထားပါတယ်။ မင်းသားနှစ်လက်ရဲ့ အက်ရှင်တွေကို အဝကြည့်ရမှာပါ အချုပ်ပြောရရင်တော့ ခေါင်းစားစရာ သိပ်မလိုဘဲ ပေါ့ပေါ့ပါးပါးနဲ့ အက်ရှင်ကြ-မ်းကြ-မ်း၊ မို-က်မို-က်က-န်းက-န်း ကားမျိုး ကြည့်ချင်တယ်ဆိုရင်တော့ လက်မလွတ်သင့်တဲ့ ကားတစ်ကားပါပဲဗျာ။

I-n t-h-e G-r-e-y (2026) အက်ရှင်အကြမ်းစား ရုံတင်ကားကြီး
I-n t-h-e G-r-e-y (2026) အက်ရှင်အကြမ်းစား ရုံတင်ကားကြီး

Paradise (2025 **** IMDb Rating (6.5) The Practical Guide to Love ထဲက မင်းသား Park Jung-Pyo နဲ့ INFINITE အဖွဲ့ဝင်ဟောင်း Hoya (Lee Ho-Won) တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ အကြမ်းစား အက်ရှင်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ - ဇာတ်လမ်းအကျဉ်း - မွေးဖွားလာချိန်ကတည်းက တစ်ယောက်သေမှ တစ်ယောက်က အသက်ရှင်မဲ့ ကံကြမ္မာဆိုးကြီး ကပ်ပါလာခဲ့တဲ့ အမြွှာညီအစ်ကို ယူအီးလ်ဒို (Park Jung-Pyo) နဲ့ ယူအီဒို (Park Jung-Pyo)... ငယ်စဉ်က မိဘမဲ့ဂေဟာမှာ ကွဲကွာသွားခဲ့ကြတဲ့ သူတို့ ညီအစ်ကိုနှစ်ဦးဟာ ဆယ်စုနှစ်တစ်ခုကျော်ကြာလို့ ပြန်လည်ဆုံစည်းကြချိန်မှာတော့ အစ်ကိုဖြစ်သူ အီးလ်ဒိုက လူသတ်သမားရဲ့ လိုက်လံသတ်ဖြတ်ခြင်းကို ခံနေရပြီး ညီဖြစ်သူ အီဒိုကတော့ အူရှစ် (Lee Ho-Won) ဆိုသူနဲ့ လက်တွဲပြီး ကိုယ်တွင်းအင်္ဂါ မှောင်ခိုရောင်းဝယ်ရေးဂိုဏ်းရဲ့ ကြားပွဲစားအဖြစ် ရှင်သန်နေပြီ ဖြစ်ပါတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ ကြီးနိုင်ငယ်ညှဉ်း လောကကြီးထဲမှာ လူဆိုးလူမိုက်တွေရဲ့ လက်ကနေ အသက်ရှင်လွတ်မြောက်ဖို့ အသည်းအသန် ရုန်းကန်ကြရင်း အီးလ်ဒိုနဲ့ အီဒိုတို့ ညီအစ်ကိုနှစ်ယောက်ထဲက ဘယ်သူက နောက်ဆုံး ရှင်ကျန်ခဲ့မလဲ... မွေးလာကတည်းက လွဲမှားနေခဲ့တဲ့ သူတို့ရဲ့ကံကြမ္မာက ဘယ်လို အဆုံးသတ်သွားမှာလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ စိတ်ဝင်စားဖွယ် ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+NOBL7w1vj0M3MDdl ဇာတ်ကားလင့်ခ်👇👇👇 https://t.me/c/3774947924/148

P*a*r*a*d*i*s*e (20*25)
P*a*r*a*d*i*s*e (20*25)

H_o-k_u-m (2-0-2-6)

H_o-k_u-m (2-0-2-6) IMDB ⭐️ 7.3/10 Rotten 🍅 Tomatoes 89% "လူသူကင်းမဲ့တဲ့ နေရာတစ်ခုမှာ အတိတ်က အရိပ်မည်းတွေနဲ့ အတူရှိနေတဲ့အခါ... ကြောက်လန့်မှုဆိုတာထက် ပိုတဲ့အရာတစ်ခုကို သင်ရင်ဆိုင်ရနိုင်ပါတယ်..." Horror ကားကောင်းကောင်း ကြိုက်တဲ့ ပရိသတ်တွေအတွက် rating အမြင့်ကြီးရထားတဲ့ ၂၀၂၆ ခုနှစ်ထွက် ဇာတ်ကားသစ်လေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Rotten Tomatoes မှာ 89% နဲ့ IMDb မှာ 7.3 အထိ ရထားတာဆိုတော့ Horror ကားတွေထဲမှာ အတော်လေး ရှားရှားပါးပါး ကားကောင်းတစ်ကားလို ပြောလို့ရပါတယ်။ ဇာတ်လမ်းလေးကတော့ ဝတ္ထုရေးဆရာ အုမ်းဘော်မန်း ဆိုတဲ့ အမျိုးသားတစ်ယောက်ဟာ သူ့မိဘတွေရဲ့ အရိုးပြာကို ကြဲချဖို့အတွက် လူသူအရောက်အပေါက်နည်းတဲ့ အထီးကျန် တည်းခိုခန်းလေးတစ်ခုဆီကို အနားယူရင်း ထွက်လာခဲ့ရာကနေ စတင်ပါတယ်။ စာရေးဆရာပီပီ တိတ်ဆိတ်အေးချမ်းမှုကို ရှာဖွေချင်ပေမဲ့ သူရောက်သွားတဲ့ အဲဒီတည်းခိုခန်းလေးက သူထင်ထားသလို ရိုးရှင်းမနေခဲ့ပါဘူး။ အထီးကျန်ဆန်တဲ့ နေရာလေးမှာ သူတစ်ယောက်တည်း ရှိနေတာလား... ဒါမှမဟုတ် မမြင်ရတဲ့ အရာတစ်ခုခုကရော သူ့ကို စောင့်ကြည့်နေသလား... အိမ်ကြီးရဲ့ မှောင်မိုက်တဲ့ ထောင့်ချိုးတွေနောက်မှာ ဘာတွေ ပုန်းကွယ်နေလဲဆိုတာ… ဒါရိုက်တာ Damian Mc Carthy ကိုယ်တိုင် ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်လို့ အော်ဟစ်ပြေးလွှားရတဲ့ Jump Scare တွေထက် ကျောထဲ တစိမ့်စိမ့် ကြောက်ရတဲ့ Psychological Horror Vibe မျိုးကို အပြည့်အဝ ခံစားရမှာပါ။ အတိတ်က လျှို့ဝှက်ချက်တွေနဲ့ ဒီတည်းခိုခန်းကြီးကြားမှာ ဘာတွေ ဆက်စပ်နေလဲ... အုမ်းဘော်မန်း တစ်ယောက် ဒီအိပ်မက်ဆိုးကြီးထဲကနေ ဘယ်လို ရုန်းထွက်မလဲဆိုတာ ဇာတ်ရှိန်တက်လာတာနဲ့အမျှ ရင်ဖိုစရာဖြစ်လာမှာပါ ညဘက် တစ်ယောက်တည်း ကြည့်ရင် ကျောထဲထိ စိမ့်သွားစေမဲ့ Vibe မျိုးမို့ Horror fan စစ်စစ်တွေ လုံးဝ လက်မလွတ်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ခုဖြစ်ကြောင်း အာမခံ ညွှန်းဆိုလိုက်ပါရစေ။

H_o-k_u-m (2-0-2-6)
H_o-k_u-m (2-0-2-6)

ဉာဏ်ကြီးရှင်မလေး ဖလာဗီယာ [၂၀၂၆] ရုံတင်ကားသစ် Flavia (2026) ဒီကားက စာရေးဆရာ Alan Bradley ရဲ့ အရောင်းရဆုံး စာအုပ်စီးရီးဖြစ်တဲ့ The Sweetness at the Bottom of the Pie ကို အသက်သွင်း ရိုက်ကူးထားတာဖြစ်ပြီး၊ ဒါရိုက်တာ Bharat Nalluri က ဖန်တီးတင်ဆက်ထားတာပါ။ ဇာတ်လမ်းက ၁၉၅၁ ခုနှစ် ဗြိတိန်နိုင်ငံရဲ့ ကျေးလက်ဒေသကို နောက်ခံထားပြီး ရိုက်ကူးထားတာပါ။ အဓိက ဇာတ်ကောင်ဖြစ်တဲ့ Flavia de Luce (Molly Belle Wright) ဟာ အသက် ၁၁ နှစ်သာ ရှိသေးပေမယ့် ဓာတုဗေဒပညာမှာ အရမ်းကို ထူးချွန်တဲ့ ပါရမီရှင်လေးဖြစ်သလို၊ ဝါသနာအရ စုံထောက်အလုပ်ကိုပါ စိတ်ဝင်စားတဲ့ ကလေးမလေး တစ်ယောက်ပါ။ တစ်နေ့မှာတော့ သူတို့မိသားစုပိုင်ဆိုင်တဲ့ ဟောင်းနွမ်းနေပြီဖြစ်တဲ့ စံအိမ်ကြီးရဲ့ ခြံဝင်းထဲမှာ လူသေအလောင်း တစ်လောင်းကို ရှာဖွေတွေ့ရှိသွားပါတော့တယ်။ ပိုဆိုးတာက အဲဒီလူသတ်မှုရဲ့ တရားခံအဖြစ် Flavia ရဲ့ ဖခင်ဖြစ်သူ Colonel Havilland (Martin Freeman) က စွပ်စွဲဖမ်းဆီးခံလိုက်ရတာပါပဲ။ အပြစ်မရှိတဲ့ ဖခင်ကို ကယ်တင်ဖို့အတွက် Flavia တစ်ယောက် သူ့ရဲ့ ထူးချွန်တဲ့ ဓာတုဗေဒစွမ်းရည်တွေကို အသုံးပြုပြီး တကယ့်လူသတ်တရားခံ အစစ်ကို ရှာဖွေဖို့ ကိုယ်တိုင် စုံစမ်းစစ်ဆေးမှုတွေ စတင်ပါတော့တယ်။ ဒီလိုစုံစမ်းရင်းနဲ့ လူသတ်မှုရဲ့ နောက်ကွယ်က အမှန်တရားတွေသာမက၊ သူတို့မိသားစုရဲ့ ဖုံးကွယ်ထားတဲ့လျှို့ဝှက်ချက် အမည်းစက်တွေကိုပါ တဖြည်းဖြည်း ဖော်ထုတ်သိရှိလာရတဲ့ပုံစံမျိုး ရိုက်ကူးထားတာပါ။ သရုပ်ဆောင်သစ်လေး Molly Belle Wright က Flavia နေရာကနေ ပါဝင်ထားပြီး၊ နာမည်ကြီး ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ Martin Freeman၊ Toby Jones နဲ့ Jonathan Pryce တို့ကလည်း အားဖြည့် သရုပ်ဆောင်ထားပါတယ်။ အင်္ဂလန်နိုင်ငံ၊ Surrey မြို့က West Horsley Place ဆိုတဲ့ နေရာမှာ Buckshaw စံအိမ်ကြီးအဖြစ် အသုံးပြုပြီး သဘာဝကျကျ သွားရောက်ရိုက်ကူးထားတာပါ။ Mychael Danna နဲ့ Jeff Danna တို့က ဇာတ်ကားနဲ့ လိုက်ဖက်မယ့် တေးဂီတတွေကို ဖန်တီးပေးထားပါတယ်။ ကလေးမလေးတစ်ယောက်ရဲ့ ဉာဏ်ရည်ထက်မြက်မှုတွေနဲ့အတူ လျှို့ဝှက်ဆန်းကြယ်တဲ့ အမှုအခင်းတွေကို ဖြေရှင်းသွားတဲ့ ပုံစံမျိုးမို့လို့ စုံထောက်ကား ကြိုက်တတ်တဲ့သူတွေအတွက်ရော၊ မိသားစုလိုက် ပေါ့ပေါ့ပါးပါး ကြည့်ချင်သူတွေအတွက်ပါ အရမ်းကို သဘောကျစရာ ကောင်းမယ့် ရုပ်ရှင်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+NOBL7w1vj0M3MDdl ဇာတ်ကားလင့်ခ်👇👇👇 https://t.me/c/3774947924/143

ဉာဏ်ကြီးရှင်မလေး ဖလာဗီယာ [၂၀၂၆] ရုံတင်ကားသစ်
ဉာဏ်ကြီးရှင်မလေး ဖလာဗီယာ [၂၀၂၆] ရုံတင်ကားသစ်

ပစ္စုပ္ပန်၏ခေတ္တရပ်နားရာ Reflections in the Lake 2026 Movie ⏳🌊 အခုတင်ဆက်ပေးမှာကတော့ ၂၀၂၄ ခုနှစ်တုန်းက နာမည်ကြီး ဖျင်ယောင်အပြည်ပြည်ဆိုင်ရာရုပ်ရှင်ပွဲတော် မှာ ပြသခွင့်ရခဲ့ပြီး မေလမှ တရုတ်ပြည်တွင်းမှာ တရားဝင်ရုံတင်ပြသခဲ့တဲ့ တကယ့်ကို အနုပညာဆန်ပြီး ရင်ထဲအေးစိမ့်စိမ့်နဲ့ စဉ်းစားစရာတွေ ပေးမယ့် ရုပ်ရှင်ကားကြီး Reflections in the Lake ပဲဖြစ်ပါတယ် ဒါကတော့ အက်ရှင်တွေ လှည့်ကွက်တွေနဲ့ မဟုတ်ဘဲ အတိတ် ပစ္စုပ္ပန်နဲ့ အနာဂတ်ဆိုတဲ့ အချိန်ကာလတွေကြားထဲ စီးမျောရင်း လူသားတို့ရဲ့ အချစ်နဲ့ သံယောဇဉ်အကြောင်းကို ရေကန်မျက်နှာပြင်လို အေးအေးငြိမ်းငြိမ်း ပုံဖော်ထားတဲ့ ရုပ်ရှင်အနုပညာလက်ရာမွန်တစ်ခုပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း 📝 စာရေးဆရာတစ်ဦးဖြစ်တဲ့ Li Tang ဟာ တစ်နေ့မှာတော့ မထင်မှတ်ဘဲ သူ့ရဲ့ အတိတ်က ရည်းစားဟောင်းမလေး Gao Li ဆီကနေ ဖုန်းကောလ်တစ်ခု လက်ခံရရှိခဲ့ပါတယ် သူမက သူရှိနေတဲ့ မြို့လေးဆီကို အလုပ်ကိစ္စနဲ့ ၃ ရက်ကြာ လာရောက်မယ်လို့ ပြောခဲ့တာပါ ကွဲကွာနေတာ ကြာပြီဖြစ်တဲ့ ဒီချစ်သူဟောင်းနှစ်ယောက်ဟာ ဒီ ၃ ရက်တာ အချိန်တိုလေးအတွင်းမှာ အတူတူ ဆုံတွေ့ခွင့်ရခဲ့ကြပါတယ် သူတို့နှစ်ယောက်ဟာ အတိတ်က အမှတ်တရတွေကို အတူတူ ပြန်လည်တူးဖော်ခဲ့ကြသလို ပစ္စုပ္ပန်ရဲ့ အချိန်တွေကိုလည်း အတူတူ ဖြတ်သန်းခဲ့ကြပြီး တစ်ဖက်မှာလည်း သူတို့ရဲ့ အနာဂတ်က ဘာဖြစ်လာမလဲဆိုတာကိုပါ အတူတူ စိတ်ကူးပုံဖော်ခဲ့ကြပါတယ် ဒါပေမဲ့ ၃ ရက်ပြည့်လို့ သူတို့နှစ်ယောက် လမ်းခွဲနှုတ်ဆက်ရတော့မယ့် အချိန်မှာတော့ Gao Li က Li Tang ကို ခေါ်ပြီး လှပလှတဲ့ ရွှေဝူရေကန်ကြီးဆီကို လာခဲ့ပါတယ် အဲဒီ ရေကန်ကြီးရဲ့ ဘေးမှာ Gao Li က Li Tang ကို အတိတ်က ဖြစ်ရပ်မှန်တစ်ချို့နဲ့ ပတ်သက်ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ ဝတ္ထုတစ်ပုဒ်လို အကြောင်းအရာတစ်ခုကို ပြောပြလိုက်ပါတော့တယ် အဲဒီစကားကို ကြားလိုက်ရတဲ့အချိန်မှာတော့ စာရေးဆရာ Li Tang တစ်ယောက် လုံးဝကို ဆွံ့အအံ့ဩသွားခဲ့ရပြီး ရုတ်တရက် အသိဝင်လာတဲ့အချိန်မှာတော့ သူကိုယ်တိုင်လည်း အခုရောက်နေတဲ့ အချိန်က အတိတ်လား ပစ္စုပ္ပန်လား ဘယ်အချိန်ကာလကို ရောက်နေမှန်းတောင် မခွဲခြားနိုင်လောက်အောင် အချိန်ဝင်္ကပါထဲ ပိတ်မိသွားတဲ့အခါ ..... ကဲ အချိန်ကာလရဲ့ ဝင်္ကပါထဲက လွမ်းမောဖွယ်ရာ အချစ်ရိပ်မြုံကို SoulKingdom မှာ အခုပဲ ခံစားလိုက်ရအောင် ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+sHLyxfc2smVhYzVl ဇာတ်ကားကြည့်ရန်👇👇👇 https://t.me/c/2704450145/852

ပစ္စုပ္ပန်၏ခေတ္တရပ်နားရာ R*e*f*l*e*c*t*i*o*n*s i*n t*h*e L*a*k*e 20*26
ပစ္စုပ္ပန်၏ခေတ္တရပ်နားရာ R*e*f*l*e*c*t*i*o*n*s i*n t*h*e L*a*k*e 20*26

နာမည်ကျော်မင်းသားကြီးတွေရှယ်ဖြုတ်ထားတဲ့အက်ရှင်ကားကြီး Alarum (2025) ============= IMDb - 6.5   ရမ်ဘိုမင်းသားကြီး S.y*l*v.est.er Stallone နဲ့ မင်းသား S.co.tt Ea.stw.oo.d အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ Ac.ti.on/C.ri.m.e ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ တစ်ချိန်က စပိုင်လုပ်ခဲ့ဖူးတဲ့ ဂျိုးဟာ ဒီအလုပ်ကနေ ကင်းကင်းကွာကွာနေခဲ့တာ 5 နှစ်ရှိနေပါပြီ။ ဒါပေမဲ့ သူ့ရဲ့ ဇနီးဖြစ်သူ လော်ရာကလည်း စပိုင်တစ်ယောက် ဖြစ်တဲ့အတွက် သူတို့နှစ်‌ယောက်ဟာ လူမသိသူမသိ နေထိုင်ရပါတယ်။ တစ်နေ့ သူတို့ အပန်းဖြေခရီးထွက်တဲ့ နေရာမှာ ဟယ်လီကော်ပတာတစ်စင်း ပျက်ကျခဲ့ပါတယ်။ ဒါကို စပိုင်ဟောင်းပီပီ စူးစမ်းမိတဲ့ ဂျိုးဟာ လေယာဉ်မှူးသေဆုံးမှုက သွေးရိုးသားရိုးမဟုတ်တာကို ချက်ချင်းသိလိုက်ပါတယ်။ သို့ပေမဲ့ ပြဿနာက လေယာဉ်ပေါ်က ဆက်သွယ်ရေးကိရိယာက မပျက်စီးသေးတော့ ဂျိုးရဲ့ အသံကို တစ်ဖက်က ကြားလိုက်တာပါပဲ။ ဒီလိုနဲ့ ပျောက်သွားပြီလို့ ယူဆရတဲ့ အာချီဘောလ်အမည်ခံ ဂျိုးတစ်ယောက် အသက်ရှိနေသေးတာကို သူ့ရဲ့ အေဂျင်စီဟောင်းက သိသွားပြီး ထွက်သွားသူကို အရှင်မထားတဲ့ သူတို့ ထုံးစံအရ ဂျိုးကို လိုက်လံရှင်းထုတ်ပါတော့တယ်။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+NOBL7w1vj0M3MDdl ဇာတ်ကားလင့်ခ်👇👇👇 https://t.me/c/3774947924/138

နာမည်ကျော်မင်းသားကြီးတွေရှယ်ဖြုတ်ထားတဲ့အက်ရှင်ကားကြီး
နာမည်ကျော်မင်းသားကြီးတွေရှယ်ဖြုတ်ထားတဲ့အက်ရှင်ကားကြီး

ဂိုဏ်းစတား အက်ရှင်ဟာသ ကားသစ်ကြီး ーーーーーーーーーーーーーーーーー M_i-k_e & N_i-c_k & N_i-c_k & A_l-i_c-e (20_26) IMDB 6.5/10 လူမိုက်လုပ်ချင်တာလား... သေနတ်ကိုင်တတ်ရုံနဲ့ မရဘူး၊ ပြဿနာရှာတတ်တဲ့ ဘော်ဒါရှိမှ ပြည့်စုံတာ အက်ရှင်ကြမ်းကြမ်းတွေကြားထဲ အူတက်အောင် ခွီချင်တဲ့ ဘော်ဒါတွေအတွက် Act-ion/Com-edy ဇာတ်ကားသစ်ကြီး လာပါပြီ။ ဒီကားမှာတော့ ဟာသမင်းသားကြီး Vince Vaughn နဲ့ X-M-e-n မင်းသား James Marsden တို့က တွဲဖက်သရုပ်ဆောင်ထားပြီး၊ ပုရိသတွေအသည်းစွဲ အဆင်လေး Eiza González နဲ့ Lewis Tan တို့ပါ အားဖြည့်ထားတော့ Cast ပိုင်းကတော့ ကြမ်းလည်းကြမ်း ငမ်းလည်းငမ်းဆိုတာမျိုး ဇာတ်လမ်းကတော့ ရိုးရိုးတန်းတန်း နေနေတဲ့ မိုက်ခ်နဲ့ နစ်ခ်ဆိုတဲ့ သူငယ်ချင်းနှစ်ယောက် မထင်မှတ်ဘဲ အန္တရာယ်များတဲ့ မြေအောက်ရာဇဝတ်လောကထဲ ခြေစုံပစ် ဝင်သွားမိရာကနေ စတာပါ။ မိုက်ခ်တစ်ယောက် လူမိုက်လောကကနေ အနားယူမဲ့နေ့မှာ နစ်ခ်က အကူအညီလာတောင်းတာနဲ့ မိုက်ခ်တစ်ယောက် အီလည်လည်နဲ့ပါသွားပါတော့တယ်။ နစ်ခ်က မိုက်ခ်ကို လူမြင်တာနဲ့ မေ့ဆေးနဲ့ကောက်အုပ်ချလိုက်ဖို့ပြောထားတာပါ။ ဒါပေမဲ့ သူမေ့ဆေးနဲ့အုပ်လိုက်တာ နစ်ခ်ဖြစ်နေပြီး နောက်ထပ်နစ်ခ်တစ်ယောက်ကပါ ကားပေါ်ကဆင်းလာတဲ့အခါ... အချိန်ခရီသွားတာတွေ ဂိုဏ်းစတားတွေ၊ သွေးထွက်သံယိုမှုတွေကြားမှာ သူတို့နှစ်ယောက်ရဲ့ သံယောဇဉ်နဲ့ ယုံကြည်မှု ဘယ်လောက်တောင့်ခံနိုင်မလဲ... အသက်လုပြေးရမယ့် အခြေအနေမှာ ဘယ်လို ဗရုတ်သုတ်ခ တလွဲတွေ လုပ်ကြမလဲဆိုတာ ရယ်မောရင်း ရင်တမမ ရှုစားရမှာပါ။ Act-ion Com-edy ကားဆိုတဲ့အတိုင်း အက်ရှင်ခန်းတွေ အကြမ်းစားပါသလို၊ ဂိုဏ်းစတားလောကထဲ ရောက်သွားတဲ့ သူငယ်ချင်းနှစ်ယောက်ကြားက အလွဲလွဲအချော်ချော် ဟာသတွေနဲ့ တောက်လျှောက် ရယ်ရမယ့် ကားမျိုးပါ။ မိုက်ခ်၊ နစ်ခ် နဲ့ အဲလစ်စ် တိုရဲ့ လွဲချော်မှုတွေကြားက B-u-d-d-y C-o-m-e-d-y V-i-b-e တွေကို အပြည့်အဝ ခံစားချင်တယ်ဆိုရင်တော့ ဒီကားလေးက သင့်အတွက်ပါပဲ။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+sHLyxfc2smVhYzVl ဇာတ်ကားကြည့်ရန်👇👇👇 https://t.me/c/2704450145/847

ဂိုဏ်းစတား အက်ရှင်ဟာသ ကားသစ်ကြီး ーーーーーーーーーーーーーーーーー M_i-k_e & N_i-c_k & N_i-c_k & A_l-i_c-e (20_26) IMDB 6.5/10
ဂိုဏ်းစတား အက်ရှင်ဟာသ ကားသစ်ကြီး ーーーーーーーーーーーーーーーーー M_i-k_e & N_i-c_k & N_i-c_k & A_l-i_c-e (20_26) IMDB 6.5/10

Mile End Kicks (2026) IMDb Rating (6.3) / Rotten Tomatoes (88%) ဂီတလောကရဲ့ နောက်ကွယ်က ဖန်တီးမှုတွေ၊ ဆယ်ကျော်သက်ဘဝကနေ လူငယ်ဘဝဆီ ကူးပြောင်းစအချိန် ၂၀ ကျော်အရွယ်မှာ ရှုပ်ထွေးလှတဲ့ လူမှုဆက်ဆံရေးတွေနဲ့ အချစ်ဇာတ်လမ်းကို ပေါ့ပေါ့ပါးပါးနဲ့ အနုပညာဆန်ဆန် ရိုက်ပြထားတဲ့ Romantic Comedy / Drama ကားကောင်းတစ်ကား ဖြစ်ပါတယ်။ မွန်ထရီအောမြို့က နာမည်ကြီး အနုပညာရပ်ကွက်ဖြစ်တဲ့ "Mile End" ရဲ့ ဂီတအငွေ့အသက်တွေကို အခြေခံထားတာပါ။ ဇာတ်လမ်းကတော့ အသက် ၂၄ နှစ်အရွယ်၊ ထက်မြက်ပြီး ကိုယ်ပိုင်အရည်အချင်းရှိတဲ့ အမျိုးသမီး ဂီတဝေဖန်ရေးပညာရှင်လေးတစ်ဦးအကြောင်းပါ။ သူမဟာ မြေအောက်ဂီတလောကက တက်သစ်စ အင်ဒီတီးဝိုင်း (Indie Band) တစ်ခုကို သဘောကျသွားပြီး၊ သူတို့ကို လူသိများလာအောင် မီဒီယာတွေပေါ်မှာ ကူညီမြှင့်တင်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ ပြဿနာက အလုပ်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စတွေ ရောမိသွားတဲ့အခါမှာ စတင်ပါတော့တယ်။ သူမဟာ အဲဒီအင်ဒီတီးဝိုင်းကို ကူညီရင်းနဲ့ တီးဝိုင်းအဖွဲ့ဝင်တွေနဲ့ပါ မထင်မှတ်ဘဲ အချစ်ဇာတ်လမ်းတွေ ရှုပ်ထွေးပွေလီစွာ ပတ်သက်မိသွားပါတော့တယ်။ အလုပ်အကိုင် အောင်မြင်မှု၊ ဂီတအပေါ် ထားတဲ့ ရူးသွပ်မှုနဲ့ စိတ်ကူးယဉ် အချစ်ကမ္ဘာကြားမှာ သူမ ဘယ်လိုမျိုး ဟန်ချက်ညီအောင် ထိန်းညှိမလဲ၊ ဘယ်လို ရယ်စရာ၊ စိတ်နာစရာ အလွဲအချော်တွေ ကြုံရမလဲဆိုတာကို လူငယ်ဆန်ဆန် ရိုက်ပြထားပြီး Euphoria နဲ့ လူသိများခဲ့တဲ့ Barbie Ferreira ရဲ့ အမိုက်စား သရုပ်ဆောင်ချက်တွေကို မြင်တွေ့ရမှာပါ။ (ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။) ဇာတ်ကားလင့်ခ်👇👇👇 https://t.me/burmasubmov/3042

M-i-l-e E-n-d K-i-c-k-s (2026)
M-i-l-e E-n-d K-i-c-k-s (2026)

S-i-c-k P-u-p-p-y (2025)

Sick Puppy (2025) Dark Sky Films ကနေ ဖြန့်ချိလိုက်တဲ့ Dark Comedy Horror-Thriller (ဟာသနှောထားတဲ့ သည်းထိတ်ရင်ဖို) ဇာတ်ကားသစ်လေးဖြစ်တဲ့ "Sick Puppy" ကို ဒါရိုက်တာ Jay Reid က ရေးသားရိုက်ကူးထားပြီး၊ အိမ်ထောင်ရေးတစ်ခုရဲ့ ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ ချစ်ခြင်းမေတ္တာအကြောင်းကို ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် Charlie (Natasha Calis) ဟာ သူ့ခင်ပွန်း John (Brett Geddes) ကို အရမ်းချစ်တဲ့ ဇနီးသည်တစ်ယောက်ပါ။ ဒါပေမဲ့ သူတို့အိမ်ထောင်ရေးမှာ အကြီးမားဆုံး ပြဿနာတစ်ခု ရှိနေပါတယ်။ အဲဒါကတော့ သူ့ခင်ပွန်းဟာ ကွင်းဆက်လူသတ်သမား (Serial Killer) တစ်ယောက် ဖြစ်နေတာပါပဲ။ နှစ်ပေါင်းများစွာ ကြမ်းကြမ်းတမ်းတမ်း လူတွေသတ်လာခဲ့တဲ့ John ကို လူမသတ်တော့ဖို့နဲ့၊ အဲဒီအစား စိတ်ငြိမ်သွားအောင် မြေအိုးလုပ်တဲ့ အနုပညာဘက်မှာပဲ အာရုံစိုက်ဖို့ Charlie က နောက်ဆုံးမှာ အောင်မြင်စွာ ဖျောင်းဖျနိုင်ခဲ့ပါတယ်။ အရာအားလုံး အဆင်ပြေသွားပြီလို့ ထင်ရပေမယ့် သူတို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်ထဲက အေးချမ်းတဲ့ဘဝလေးဆီကို ရဲတွေက သံသယဝင်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်လာတဲ့အခါမှာတော့ ဇာတ်လမ်းက အလှည့်အပြောင်း ဖြစ်သွားပါတယ်။ Charlie တစ်ယောက် သူ့ခင်ပွန်းကို ကာကွယ်ဖို့နဲ့၊ ခင်ပွန်းဖြစ်သူ လမ်းမှားကို ပြန်မရောက်သွားအောင် ထိန်းသိမ်းဖို့အတွက် သူကိုယ်တိုင် ကြမ်းတမ်းတဲ့ လုပ်ရပ်တွေနဲ့ လူသတ်မှုတွေကို မလွှဲမရှောင်သာ ကျူးလွန်ရပါတော့တယ်။ ခင်ပွန်းဖြစ်သူကို အရမ်းချစ်လွန်းလို့ ကိုယ်တိုင် လူသတ်သမားအဖြစ် ပြောင်းလဲသွားတဲ့ ဇနီးသည်တစ်ယောက်ရဲ့ အိမ်ထောင်ရေးကို Dark Comedy (ရယ်ရမလို ငိုရမလို) နဲ့ သည်းထိတ်ရင်ဖိုပုံစံမျိုး ရောစပ်ပြီး ရိုက်ကူးထားတာမို့လို့ ပုံမှန်နဲ့မတူတဲ့ ဇာတ်လမ်းအဆန်းလေးတွေ ကြိုက်တတ်တဲ့သူတွေအတွက် အကြိုက်တွေ့စေမယ့် ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်နော်။

S-i-c-k P-u-p-p-y (2025)
S-i-c-k P-u-p-p-y (2025)